Saturday, January 30, 2010

ပေါချောင်ကောင်းနဲ့ ခေတ်ကို အမီလိုက်ကြစို့ရဲ့

ဝေလင်း
၂၉ ဇန်န၀ါရီ ၂၀၁၀


နအဖ တပ်မတော် (လေ)

စကတည်းက တော်တော်ကြီးလွဲသွားခဲ့တဲ့ မြန်မာ့တပ်မတော်တွင်း ကိစ္စလေးတခုအကြောင်းပါ။ သူများကို မခံချင်လို့ ထသတ်ပါတယ်၊ ဒါပေမယ့် ကိုယ်ကအောက်ကပဲဆိုတဲ့ အဖြစ်မျိုးနဲ့ကြုံပြီး နအဖတို့ နှစ်ထပ်ကွမ်း အရှက်ရသွားခဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်ပြဿနာမှာ ထိုင်းဘက်က အမေရိကန်လုပ် F 16 တိုက်လေယာဉ်တွေနဲ့ မြန်မာ့နယ်နိမိတ်ကို ဖြတ်ကျော်ပျံသန်းခြိမ်းခြောက်တာကို နအဖတို့ ခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း အင်အားတောင့်တင်းတဲ့ ခေတ်မီတပ်မတော်ကြီး တည်ဆောက်ရေးဆိုပြီး စစ်တပ်တွေထဲမှာ နအဖတို့ အရှက်ပြေလေသံတွေ ပစ်ခဲ့ကြပြန်ပါတယ်။ F 16 လေယာဉ်တွေတင် မဟုတ်ပါဘူး၊ ထိုင်းတပ်တွေဘက်ကနေ GPS စနစ်ကိုသုံးပြီး ပစ်ခတ်လိုက်တဲ့ အမြောက်ဆန်တွေကြောင့် နအဖတို့တင်မက တာချီလိတ်မြို့ခံတွေတောင် ထိတ်လန့်သွား ပါသတဲ့။ ဒီကစလို့ ခေတ်မီတပ်မတော်ဆိုတဲ့ စကားလုံးတွေပဲ နအဖဗိုလ်ချုပ်တွေ နေ့စဉ်နဲ့အမျှ တောက်လျှောက် ရွတ်ဖတ်နေ ကြပါတော့တယ်။ စစ်လက်နက်ခေတ်မီရေးကိစ္စမှာ နအဖတို့အနေနဲ့ ဘယ်လိုများ ဆက်စွမ်းဆောင်နိုင်ခဲ့ကြသလဲဆိုတဲ့ အကြောင်းတွေကို ထပ်မိတ်ဆက်ပေးချင်ပါသေးတယ်။

မူးတင်းပဲတင်း ငြင်းမနေနဲ့ အလကားရ မြန်မာ့လေတပ်မတော်

မြန်မာ့လေတပ်မတော်ကို ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ (၁၆) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နောက်ထပ် (၁) နှစ်နီးပါး အင်္ဂလိပ်တို့ပဲ မြန်မာ့လေတပ်မတော်ကို ဆက်ပြီး ကွပ်ကဲ၊ ထောက်ပံ့၊ လေ့ကျင့်ပေးခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂလိပ်၊ အမေရိကန်လုပ် လေယာဉ်တွေနဲ့ အခြားနိုင်ငံတချို့က ၀ယ်ယူထားတဲ့ လေယာဉ်အချို့ပဲ လေတပ်မှာ ရှိခဲ့ပါတယ်။ တိုက်ဂါးမောက် (tiger moths)၊ စပစ်ဖိုင်းယား (spit fires) နဲ့ အော်တာ (otter)၊ ဒါကိုတာ (dakota) စတဲ့ ကမ္ဘာစစ်သုံးလေယာဉ်ပေါင်း (၆၃) စီးနဲ့ ဗမာ့လေတပ်မတော်ကို စဖွင့်ခဲ့တာပါ။ စွမ်းရည်ကျနေတဲ့ လေယာဉ်တွေဖြစ်တာမို့လည်း ၁၉၄၉ ခုနှစ် တနှစ်ထဲမှာ လေယာဉ်ပျက်ကျမှု (၂၄) ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်ရောက်တော့ မြန်မာလေတပ်မှာ အရာရှိ (၂၃၂) ဦး၊ အခြားအဆင့် (၅,၆၇၇) ဦးအထိ အင်အားတိုးလာခဲ့ပါတယ်။

မူလ မင်္ဂလာဒုံ (ပင်မတိုက်ခိုက်ရေး) လေတပ်စခန်းနဲ့ မိတ္ထီလာ (ထောက်ပို့) လေတပ်စခန်းတို့အပြင် နောက်ထပ် လေယာဉ်အုပ်၊ ရေဒါအုပ်တွေကို ဆက်တိုးချဲ့ခဲ့သလို အရာရှိ (၂၆) ဦးနဲ့ စစ်သည် (၇၅၀) ဦးပါ လေထီးတပ်လို့ခေါ်တဲ့ လေကြောင်းချီတပ် တခုကိုလည်း မဆလတို့ခေတ်မှာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါသေးတယ်။ ၁၉၈၄ နဲ့ ၁၉၈၆ ခုနှစ်တွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိစ္စအတွက် ဗီယက်နမ်စစ်ပွဲကျ ရဟတ်ယာဉ် စုစုပေါင်း (၂၁) စီးကို အမေရိကန်ဆီက အလကားရပြီး တပ်မတော်လေရဲ့ ပြည်တွင်းသောင်းကျန်းသူ စစ်ဆင်ရေးကိစ္စတွေမှာ အသုံးပြုခဲ့ပါတယ်။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးရပြီးနောက် တလျှောက်လုံး အလကားရတဲ့ စစ်လက်နက်တွေနဲ့ ခေတ်မီအောင် မြန်မာ့လေတပ်မတော်ကို မဆလအစိုးရတို့ တည်ဆောက်ခဲ့ပါတယ်လို့ ပြောရမှာပါ။


ဗရုတ်သုတ်ခထဲ တရုတ်ပဲ ကယ်ပေလို့

၁၉၈၈ ခုနှစ်နောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက ၀ိုင်းဝန်းပိတ်ဆို့ခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ဝယ်ယူခွင့်တွေအပြင် လေယာဉ်နဲ့ ရဟတ်ယာဉ် အင်ဂျင်ပစ္စတင်တွေမှာသုံးတဲ့ အေဗီဂက် (avgas) တွေပါ ၀ယ်မရတာကြောင့် အရင်မဆလခေတ်က တစီးစ နှစ်စီးစ ဟန်ပြအဖြစ် ၀ယ်ထားတဲ့ အနောက်နိုင်ငံလုပ် လေယာဉ်တွေ ပျံတက်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘဲလ် (bells)၊ အော်တာ (otters)၊ ချက်မောက် အမျိုးစားလေယာဉ်တွေကို ကနေဒါ၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံသား ပုဂ္ဂလိကလေယာဉ်မောင်းသမားတွေဆီကို လျှော့ဈေးနဲ့ ပြန်ရောင်းပစ်ခဲ့ရပါတယ်။ ၁၉၇၅ ကနေ ၁၉၈၈ ခုနှစ်အထိ အီတလီ၊ ဆွစ်ဇာလန်၊ ယူဂိုစလပ်လုပ် လေယာဉ် (၅၇) စီးဟာ ဆက်အလုပ်မဖြစ်နိုင်တဲ့အခြေကို ဆိုက်သွားပါတယ်။ မပျံနိုင်တဲ့ အနောက်အုပ်စု လေယာဉ်တွေနေရာမှာ တရုတ်၊ ရုရှနိုင်ငံလုပ် လေယာဉ်တွေနဲ့ အစားထိုးဖို့ နအဖတို့ထပ်ပြီး စဉ်းစားလာရပါတော့တယ်။

အာရှဒေသတွင်း ဒုတိယစစ်အင်အားအကြီးဆုံး တပ်မတော်တခုဖြစ်အောင် တည်ဆောက်ရာမှာ ကြည်းတပ်၊ ရေတပ်တို့လို ခေတ်မီလေတပ်ကြီးဖြစ်လာအောင် နောက်ဆုံးပေါ်လေယာဉ်တွေ အများကြီးလိုပါတယ်။ အရင် မဆလခေတ်တုန်းက လေတပ်မှာ လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်း (၁၃၁) စီး ရှိရာကနေ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နောက်ထပ် အစီး (၁၀၀) တိုးပြီး စုစုပေါင်း အစီး (၂၃၁) ရှိလာပါပြီ။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံက လေယာဉ်ပေါင်း (၃၁၅) စီး၊ ဘင်္ဂလားဒေ့ရှ်က (၂၀၀) စီးစီ အသီးသီးရှိကြပေမယ့် အဆင့်မြင့်လေယာဉ်တွေ အများစုဖြစ်ပါတယ်။

နိုင်ငံတကာရဲ့ ပိတ်ဆို့ခံထားရတာကြောင့် စစ်လက်နက်ဝယ်ယူရေးမှာ ‘တရားအားထုတ် တရုတ်အားထား’ ဆိုသလို နအဖအစိုးရအဖို့ တရုတ်ကလွဲရင် ဘယ်ကမှ အားကိုးရာ မရခဲ့ပါဘူး။ ၁၉၉၀ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ (၂) ဘီလီယံဖိုး တရုတ်လုပ် လေယာဉ်တွေ နအဖတို့ ၀ယ်ယူခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် တရုတ်ဘက်က မှာယူတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့အတူ ရုရှလုပ် MiG 21 လေယာဉ်ကိုတုပြီး တည်ထွင်ထားတဲ့ တရုတ်လုပ် J အမျိုးစား တိုက်လေယာဉ် (၁၂) စီးကို ၀ယ်ယူခဲ့ကြောင်း သိရပါတယ်။ နိုင်ငံစုံကနေ ၀ယ်ထားတဲ့ စုစုပေါင်းလေယာဉ် (၂၃၁) စီးအနက် ထက်ဝက်နီးပါးပမာဏရှိတဲ့ တရုတ်လေယာဉ် (၁၂၀) စီး ယနေ့မြန်မာ့လေတပ်မှာ ရှိနေပါပြီ။

အမျိုးအစားအားဖြင့် ...

ချင်ဒူး (Chengdu) F 7 (၆၀) စီး
ရှင်ယန်း (Shenyang) J (၆) စီး
နန်ချန် (Nanchang) Q 5 (၃၆) စီး
ရှန်စီ (Shaanxi) Y 8 D 2 (၆) စီး
ဟုန်ဒူး (Hongdu) K 8 (၁၂) စီး

… ပေါင်း (၁၂၀) စီး ဖြစ်ပါတယ်။

မြန်မာအစိုးရ၀ယ်ယူခဲ့သမျှ စစ်လက်နက်ပစ္စည်းအားလုံးရဲ့ (၉၀) ရာခိုင်နှုန်းဟာ တရုတ်ဆီကပါပဲ။ ၁၉၈၉ ခုနှစ် နအဖ တက်လာကတည်းက အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံဖိုး လက်နက်တွေကို တရုတ်က ထောက်ပံ့ပေးခဲ့ပြီး ၁၉၉၀ နောက်ပိုင်း အလတ်စားနဲ့ အပေါ့စားတင့်ကား အစီး (၂၀၀)၊ သံချပ်ကာယာဉ် (၂၅၀)၊ ဒုံးပစ်စနစ်များနဲ့ အမြောက်ကြီး၊ လေယာဉ်ပစ် အမြောက်တွေ၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ဒုံးကျည်တပ် အမြန်တိုက်ရေယာဉ်တွေ၊ ကင်းလှည့်တိုက်ရေယာဉ် … စတာတွေအပြင် တရုတ်ဘက်က သင်တန်းဆရာတွေပါ ကူညီပေးခဲ့ပါတယ်။

ဒုတိယအသုတ် ဒေါ်လာသန်း (၄၀၀) ဖိုးရှိ လက်နက်တွေကို ရောင်းချပေးရာမှာ ရေတပ်ကင်းလှည့်သင်္ဘောတွေ၊ အမြောက်တင်သင်္ဘောနဲ့ ရဟတ်ယာဉ်များစွာ ပါဝင်ခဲ့ပါတယ်။ အင်အား (၄) သိန်းကနေ (၅) သိန်းရှိတဲ့ ဒီကနေ့အခြေအနေထိ အင်အားတောင့်တင်းလာအောင် မြန်မာ့တပ်မတော်ကို အဓိက ကူညီပံ့ပိုးပေးခဲ့တာ တရုတ်ပါပဲ။ ဒါကြောင့် မြန်မာပြည်နေရာအနှံ့မှာ လူသုံးတရုတ်ကုန်ပစ္စည်းတွေတင်သာမက မြန်မာစစ်တပ်ထဲ ရှိရှိသမျှ စစ်လက်နက်ပစ္စည်းတိုင်းဟာ တရုတ်ဖြစ်တွေ အများစုပါ။ ၀ယ်ယူပြီး တရက်အတွင်းမှာ ကံမကောင်းရင် အစုတ်ဖြစ်သွားတတ်တဲ့ တရုတ်စက်တွေရဲ့ သဘောအတိုင်း နအဖတပ်ထဲက စစ်လက်နက်ပစ္စည်းတွေအားလုံး ဘာတခုမှ ရေရှည်အာမခံချက်မရှိကြပါဘူး။ အခုရောင်းထားတဲ့ တရုတ်လုပ်လေယာဉ်တွေအားလုံး ရုရှလေယာဉ်ဒီဇိုင်းကို တုပထားပြီး ၁၉၉၀ ခုနှစ်ထုတ် မော်ဒယ်တွေသာ အများစုပါ။

ဒါကြောင့် ၂၀၀၇ ဒီဇင်ဘာ (၁၈) ရက်နေ့က ပျက်ကျခဲ့တဲ့ တရုတ်လုပ် နန်ချန် Q 5 တစီးဟာ ၁၉၉၄ ခုနှစ်မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဲဒီဝယ်ခဲ့တဲ့ လေယာဉ်အားလုံးကို (၅) နှစ်သက်တမ်း အာမခံချက်ပဲ တရုတ်ကုမ္ပဏီတွေက ပေးထားပါတယ်။ ဒါကြောင့် တရုတ်လုပ်လေယာဉ်တွေ စီးဖို့ကို လေသူရဲတိုင်း ထိတ်လန့်နေကြတဲ့အဖြစ် ရောက်နေရပါပြီ။ လေတပ်ထဲက သက်သာဆိုင်တွေမှာ စစ်ဆင်ရေးရှိရင် ဖယောင်းတိုင်တွေ သိပ်ပြီးရောင်းကောင်းကြပါတယ်။ လေယာဉ်ပျက်မကျအောင် လေယာဉ်မှူးတွေ ဆုတောင်းဖို့ပါတဲ့။

တပ်မတော်တရပ်ကို အခြေခံကစပြီး ခေတ်မီအောင် မတည်ဆောက်ဘဲ ပေါချောင်ကောင်း ဟန်ရေးပြကောင်းလောက်ရုံ အဆင့်သာရှိတဲ့ တပတ်ရစ် စစ်လက်နက်တွေကို ၀ယ်ယူတပ်ဆင်ခဲ့တာကြောင့် အလွဲလွဲအမှားမှားတွေဖြစ်ပြီး နအဖတို့ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပုံကို ၂၀၀၁ ခုနှစ် ထိုင်းနယ်စပ်ဖြစ်ရပ်တွေက မီးမောင်းထိုးပြခဲ့ပြီးပါပြီ။ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာနယ်စပ်အရေးပြီးတဲ့နောက် အရေးပေါ်အဖြစ် ရုရှလုပ် MIG 29 လေယာဉ် (၁၂) စီးနဲ့အတူ အမေရိကန် F 16 တိုက်လေယာဉ်ကို တုပထားတဲ့ တရုတ်လုပ်လေယာဉ်တွေကို နအဖတို့ ၀ယ်ယူခဲ့ပါတယ်။

အခုလည်း မြန်မာ့တပ်မတော် (လေ) က တရုတ်ပြည်လုပ် J အမျိုးစား ရှင်ယန်း တိုက်လေယာဉ်တစင်း ၂၀၀၉ ခုနှစ် ဒီဇင်ဘာ (၃) ရက်နေ့မှာ မှော်ဘီလေတပ်စခန်းကနေ ပျံသန်းလေ့ကျင့်စဉ် ကြံခင်းမြို့အနီး ပျက်ကျသွားပြန်ပါတယ်။ ၀ နယ်စပ်မှာ စစ်ပွဲတွေဖြစ်လာခဲ့ရင် အသင့်ရှိနေအောင် အမှတ်စဉ် (၁၃) ဦးမြောက် လေချုပ်ကြီး ဗိုလ်ချုပ်မြတ်ဟိန်း အမိန့်အရ အခုလို ပျံသန်းခဲ့ခြင်းဖြစ်ပါတယ်တဲ့။ ၁၉၈၈ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ လေယာဉ်ပျက်ကျမှု ပေါင်း (၉) ကြိမ်ဖြစ်ခဲ့ပြီး ပျမ်းမျှ တနှစ်ကို တစင်းလောက် ပျက်ကျနေတယ်လို့ ဆိုရမှာပါ။ လေယာဉ်တွေက အဆင့်နိမ့်သလို လေသူရဲတွေခမျာလည်း ကျွမ်းကျင်မှု နည်းကြပါတယ်။ လိုအပ်သလို အမြဲတမ်း လေ့ကျင့်ပျံသန်းနိုင်ခွင့်လည်း လေယာဉ်မှူးတွေ မရကြပါဘူး။

သင်တန်းဆင်း ရဟတ်ယာဉ်မှူးကောင်းတယောက်အဆင့်ရောက်အောင် ပျံသန်းလေ့ကျင့်ချိန် နာရီ (၅၀) လောက်သာ ခွင့်ပြုပေးထားပါတယ်။ ကျန်အချိန်တွေမှာလည်း နေပြည်တော်က အမိန့်ပေးလာမှ လေယာဉ်ပေါ်တက် လေ့ကျင့်ပျံသန်းခွင့် ရှိကြပါတယ်။ လေ့ကျင့်ပျံသန်းစဉ် စစ်လက်နက်၊ ဗုံးသီး၊ မြေပြင်ဝေဟင်ပစ်ဒုံးတွေကို တပ်ဆင်မောင်းနှင်ခွင့် လုံးဝမရှိဘူးလို့ သိရပါတယ်။ တဘက်ကလည်း လေယာဉ်တခါပျံတက်ရင် တနာရီမှာ လေယာဉ်ဆီ PC 7 အတွက် (၃၄) ဂါလန်၊ Mi2 ရဟတ်ယာဉ်အတွက်ဆို (၆၈) ဂါလန်၊ A 5 လေယာဉ်များအတွက် (၆၂) ဂါလန်လောက်စီ ကုန်ပါတယ်။ လေယာဉ်ဆီ အလွန်ကုန်ကျတာကြောင့်မို့လည်း လေယာဉ်တွေကို အမြဲတမ်း ပျံတက်လေ့ကျင့်ပေးမနေနိုင်ပါဘူး။ မြေပြင်မှာ စက်နှိုးစမ်းသပ်ရုံလေးနဲ့ကို တစီးကို လေယာဉ်ဆီ နေ့စဉ် (၁၀) ဂါလန်ကျော် ကုန်ကျပါတယ်။ ဒါကြောင့် မြေပေါ်မှာပဲ (၁၀) မိနစ်လောက် စက်ကိုပူအောင် စက်နှိုးပြီး မြေပြင်စမ်းသပ်ပျံသန်းခြင်းတွေကိုသာ နေ့တိုင်းနေ့တိုင်း လုပ်နေကြရပါတယ်။

မပျံဘဲ အပျံစာရင်းပြပြီး လေယာဉ်ဆီထုတ်ရောင်းစားတဲ့ ဖြစ်ရပ်မျိုးတွေကလည်း လေတပ်စခန်းတိုင်းမှာ တပုံကြီးပါ။ ပစ္စည်းတွေက ခေတ်မမီ၊ စစ်သည်တွေက စားဝတ်နေရေးမပြေလည်တော့ ဆီခိုးရောင်းစား အကျင့်ပျက်ကြ၊ ပြုပြင်ထိန်းသိမ်း လေ့ကျင့်ဖို့ နေနေသာသာ လေယာဉ်ဆီဖိုးနဲ့ လေ့ကျင့်ပျံသန်းစရိတ်ကိုတောင် တပ်မတော်လေမှာ လုံလောက်အောင် ချထားမပေးပါဘူး။ မြန်မာ့ဝေဟင်ကို စိုးမိုးမယ့် တပ်မတော်လေ လေယာဉ်တွေ မြေပေါ်မှာ နေ့တိုင်း အပျံကျင့်ပေးနေရတယ်လို့ လေတပ်ပြုပြင်ထိန်းသိမ်းရေးအုပ်က စစ်သည်တွေကိုယ်တိုင် ပြောစမှတ်တွင်နေလေတော့ မခက်ပါလား၊၊

လွဲတာကတော့ အတော့်ကို လွဲနေကြတာပါ။ လေယာဉ်ကို စက်နှိုးပြီး နွားလှည်းလို မြေပြင်မှာ ပျံခိုင်းနေတဲ့ တပ်မတော်ကို ဒါမှ မြန်မာ့ခေတ်မီတပ်မတော် စစ်စစ်ပါလို့ ပြန်ပြင်ပြီး ခေါ်ရတော့မလိုပါပဲ။ စစ်ဆင်ရေးရှိလို့ ပျံကြရပြီဆိုရင်လည်း ဘုရားတပြီး လေယာဉ်တွေ မောင်းနေကြရတဲ့အဖြစ်မျိုး။ တနှစ်တယောက် ကံဆိုးသူမောင်ရှင်စာရင်းထဲ ပါသွားတဲ့ အဖြစ်ဆိုးနဲ့ တပ်မတော်လေက အရာရှိတွေ ရင်ဆိုင်နေရပါတယ်။ ။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ တိုက်တွန်း

2010-01-29 ( RFA )

အခုနှစ်အတွင်း ကျင်းပမဲ့ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်နိုင်မှု ရှိရေးအတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား တွေ့ဆုံညှိနှိုင်းမှုတွေ မရှိမဖြစ် လိုအပ်ကြောင်း တိုက်တွန်းထားတဲ့ ကြေညာချက် တရပ်ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေထဲမှာ သက်ဆိုင်သူ အားလုံးကို ပါဝင်ခွင့်ပေးဖို့ အခုလို တိုက်တွန်းရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဝင် ကိုစိုးထွန်းက RFA ကို ပြောပါတယ်။

စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲမှာ သက်ဆိုင်သူ အားလုံးပါဝင်နိုင်ရေးဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက တိုက်တွန်းထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးရေးဟာ အဓိကကျတဲ့ ခြေလှမ်းဖြစ်ကြောင်း၊ စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ရွေးကောက်ပွဲ မတိုင်ခင် တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်ရေးဟာ မလွဲမသွေ ဆောင်ရွက်ရမဲ့ တာဝန်ဝတ္တရား တခုဖြစ်ကြောင်း မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသား လက်နက်ကိုင်တွေ အရေးကိုလည်း တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းတဲ့နည်းတဲ့ ဖြေရှင်း ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဒီကြေညာချက်မှာ အလေးပေး ဖော်ပြထားပါတယ်။

'တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်လည်း အပြန်အလှန် ညှိနှိုင်းအဖြေရှာခြင်းသာ အကောင်းဆုံး ဖြစ်ပြီး တိုင်းရင်းသား လူမျိုးစုများ၏ သဘောထားဖြစ်သည့် တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိမှုတို့အပေါ် နားလည် လက်ခံပေးခြင်းသည် တိုင်းပြည်အေးချမ်းသာယာ ဝပြောရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း အဖြေရှာမှုကို အလေးအနက်ထား ဆောင်ရွက်စေလိုပါသည်။'

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့အကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိပေမဲ့ အမှန်တကယ် အဆုံးအဖြတ်ပေးနိုင်တဲ့ စစ်အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံနိုင်ဖို့က မလွဲမသွေ လိုအပ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ က ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုစိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

နားဆင်ရန်



source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Friday, January 29, 2010

ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ဖြစ်ပွား

2010-01-29 ( RFA )

ရန်ကုန် လှော်ကား ကွန်ပျူတာ တက္ကသိုလ် ကျောင်းအာဏာပိုင်တွေက ကျောင်းသားတွေအပေါ် ပြုမူဆက်ဆံတာတွေကို သဘောမကျတဲ့အတွက် ကန့်ကွက်ကြောင်း ကျောင်းတွင်း စာကပ်တဲ့ လှုပ်ရှားမှုတခု ဖြစ်ပွားခဲ့တဲ့အတွက် ဇန်နဝါရီ ၂၈ ရက် မနေ့က ကြာသပတေးနေ့မှာ ကျောင်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်လို့ မျက်မြင် ကျောင်းသားတွေက ပြောဆိုကြပါတယ်။


ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝတွင် ဝတ်စုံပြာ လုံခြုံရေး ဝန်ထမ်းများ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မနက်ပိုင်း ၁ဝ နာရီလောက် ကျောင်းခေတ္တနားချိန်မှာ စာကပ်သွားတာ ဖြစ်တယ်လို့ ကျောင်းသားတဦးက RFA ကို အခုလို ပြောပြပါတယ်။

ကျောင်းသားတဦး။ ။ 'ကျောင်းသားသမဂ္ဂကနေပြီးတော့မှ ကြေညာချက်တစောင် ကပ်သွားတယ်ဗျ။ ဘာတွေပါလဲဆိုတော့ ဟိုဟာပေါ့၊ ကျောင်းမှာက ဟို ကျောင်းပတ်လည်လေ၊ ကော်ရစ်ဒါပတ်လည်မှာ သံပန်းတံခါးတွေ ကပ်တယ်၊ အဲဒါကို ကျောင်းသားတွေ မကျေနပ်တဲ့ကိစ္စ၊ အဲဒီအချက်လည်းပါတယ်၊ နောက်ပြီးတော့ ကျောင်းအားကစားကြေး ဆိုပြီးတော့ ကောက်သေးတယ်၊ ချလံမှာ တရားဝင်ကို ကောက်ထားတာ၊ ကျောင်းသားတွေ ပါဝင်ဆင်နွှဲရမဲ့ အားကစားပွဲလည်း မလုပ်ပေးဘူး။ ကျောင်းသားတွေပေါ့နော်၊ ကန်တဲ့ ဘောလုံးကွင်းကိုလည်း အခု ပိတ်ပစ်လိုက်ပြီ။ အဲဒါကို မကျေနပ်တဲ့အတွက် မကျေနပ်ဖူးပေါ့။ ကန့်ကွက်တဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းဆိုတဲ့ ဥစ္စာလေး ကပ်ထားတယ်ခင်ဗျ။'

၂ဝ၁ဝ ခုနှစ်အတွင်း ရွေးကောက်ပွဲလည်း ကျင်းပဖို့ ရှိနေပြီး၊ ကျောင်းသားတွေပေါ်မှာ မယုံသင်္ကာစိတ်နဲ့ ထိန်းချုပ်လို့ လွယ်ကူအောင်၊ ဝင်ပေါက်တပေါက်လောက်ပဲ ထားပြီး၊ အားလုံးကို သံပန်တံခါးတွေနဲ့ ပိတ်ဆိုကာရံလိုက်တဲ့အပေါ် ကျောင်းသားတွေက မကျေနပ်ကြကြောင်းနဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေအဖြစ်၊ fresher welcome လို ကျောင်းသားပွဲတွေက စလို့၊ လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေလည်း မရှိတဲ့အတွက် ကျောင်းသားတွေက မကျေနပ်ကြကြောင်း နောက်ထပ်မျက်မြင် ကျောင်းသားတဦးက ပြောဆိုပါတယ်။

'ရုတ်ရုတ်ရက်ရက်တော့ ဖြစ်တာပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ တော်တော်များများကတော့ အဲဒီမှာ ကျောင်းက နံရံ၊ တံခါးဘောင်တွေပေါ့ အစ်ကိုရာ အဲလိုမျိုးတွေမှာလည်း တွေ့ကြတယ်၊ နောက် အိမ်သာထဲတွေမှာလည်း တွေ့ကြတယ်ပေါ့၊ အဲဒီတော့ အကုန်လုံးကတော့ ဝိုင်းပြီးတော့ ဖတ်ကြတာပေါ့ဗျာ၊ ကျောင်းသားတွေကတော့။ အဓိက ရေးထားတာကတော့ဗျာ၊ ဒီကွန်ပျူတာကျောင်းမှာပေါ့ဗျာ၊ သံပန်းတံခါးတွေ တပ်ထားတယ်ဗျာ၊ ကျောင်းရှေ့ ကော်ရစ်ဒါပေါ့လေ၊ ကော်ရစ်ဒါတွေကို သံပန်းတွေ အကုန်ပိတ်လိုက်တယ်ဗျ။ ကင်တင်းကို သွားတဲ့ဟာတွေကအစ အကုန်လုံး ပိတ်လိုက်တယ်ဗျာ။ အဓိကကတော့ အပေါက်တပေါက်တည်း ထားလိုက်တယ်၊ ထောင်သဘောမျိုး ဖြစ်သွားတာပေါ့ဗျာ။'

စကပ်လို့ ကျောင်းသားတွေ ဖတ်တာကို တွေ့တဲ့အခါ ကျောင်းအာဏာပိုင်တွေက၊ စာရွက်တွေကို ချက်ချင်း ပြန်ခွာသွားကြတယ်လို့ ကျောင်းသားတွေက ပြောပြပါတယ်။ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်ဟာ လှော်ကားမှာ ရှိပြီး ကျောင်းသား တထောင်ကျော်လောက်၊ တက်ရောက် သင်ကြားနေတာ ဖြစ်တယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနဲ့ မြောက်ကိုရီးယား အထူးသတိထား စောင့်ကြည့်ဖို့လို

2010-01-29 ( RFA )

ဝါရှင်တန်ဒီစီအခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ကနေ အနုမြူစွမ်းအင် လိုချင်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား သံသယဖြစ်ဖွယ် အဆက်အသွယ်တွေ ရှိနေတာကို အထူးသတိထား စောင့်ကြည့်ဖို့ လိုကြောင်း အစီရင်ခံစာတစောင် ဇန်နဝါရီ ၂၈ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစစ်တပ်၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ဝဲ) နှင့် မြောက်ကိုရီးယား စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကင်မ်ဂျုပ်စစ် (ယာ)တို့ ပြုံယမ်းမြို့တော်၊ ကာကွယ်ရေး ဝန်ကြီးဌာနတွင် ၂ဝဝ၈၊ နိုဝင်ဘာ ၂၂ရက်က တွေ့ဆုံနေပုံ ဖြစ်ပါသည်။
(Photo: RFA)

အဲဒီအစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ အနုမြူစွမ်းအင်ဆိုင်ရာ၊ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိနေပြီး၊ ခေတ်မီပစ္စည်းတွေကို နိုင်ငံခြားကနေ ဝယ်ယူနေကြောင်း၊ တချို့ပစ္စည်းတွေဟာ အနုမြူအစီအစဉ် ဒါမှမဟုတ်၊ ဒုံးပျံလက်နက် အစီအစဉ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း လက်ရှိမှာ မြန်မာနိုင်ငံအတွင်း လျှို့ဝှက်အနုမြူဓာတ်ပေါင်းဖိုတွေ အနုမြူစွမ်းအင် ထုတ်လုပ်ရေး အဆောက်အဦးတွေ ရှိနေပြီလို့ အထောက်အထား အခိုင်အမာ မတွေ့ ရသေးပေမဲ့လည်း၊ ရရှိထားတဲ့သတင်းတွေအရ၊ မြန်မာစစ်အစိုးရကို အနီးကပ် သတိထား စောင့်ကြည့်ဖို့ လိုနေပြီ ဖြစ်ကြောင်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံတကာ အနုမြူစွမ်းအား အေဂျင်စီ (IAEA) ကို သုတေသန ပြုလုပ်ဖို့အတွက် အနုမြူဓာတ်ပေါင်းဖိုတခု တည်ဆောက်ရေးမှာ အကူအညီပေးဖို့ သက္ကရာဇ် ၂ဝဝဝ ခုနှစ်က၊ တောင်းခံခဲ့ပါတယ်၊ ဒါပေမဲ့ IAEA ကို အသိမပေးပဲ ရုရှားနိုင်ငံကနေ ၁ဝ မီဂါဝပ် ရှိတဲ့ အနုမြူဓာတ်ပေါင်းဖို တခု တည်ဆောက်ရေးအတွက် လျှို့ဝှက် ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၇ နှစ်မေလမှာ အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် နှစ်နိုင်ငံသဘောတူ လက်မှတ် ရေးထိုးခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလအထိတော့၊ စတင် ဆောက်လုပ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာအစိုးရကြား ထူးခြားတဲ့ ဆက်ဆံရေး ရှိနေတာကို၊ နိုင်ငံတကာ အနေနဲ့ ဥပက္ခာပြုလို့ မဖြစ်နိုင်ပါဘူး၊ ဘာကြောင့်လည်းဆိုတော့မြောက်ကိုရီးယားနိုင်ငံဟာ ဆီးရီးယားနိုင်ငံကို အနုမြူဓာတ်ပေါင်းဖို့တခု လျှို့ဝှက်ရောင်းချခဲ့တာကို၊ ကမ္ဘာကျော် ထောက်လှမ်းရေးအဖွဲ့တွေဟာ အတော်အချိန်နှောင်းမှ သိခဲ့ရပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အနုမြူစွမ်းအင် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရာမှာ မြန်မာနိုင်ငံကတဆင့် တင်သွင်းနေတာလည်း ဖြစ်နိုင်ပါသေးတယ်လို့ ISIS ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေးလုပ်ငန်းတွေ လျှို့ဝှက်လုပ်ကိုင်နေပြီ၊ ယူရေနီယံသတ္တုတွေ တူးနေပြီ စသည်ဖြင့် အဖွဲ့အစည်းအတော်များများက၊ ပြောနေကြတာဟာ၊ စစ်အစိုးရ အရာရှိဘဝကနေ ဘက်ပြောင်းလာသူတွေ ကောင်းကင်ဂြိုဟ်တုကရတဲ့ ဓာတ်ပုံတွေနဲ့ သံသယဖြစ်စရာ မြေအောက်လိုင်ခေါင်း ဓာတ်ပုံတွေကို အခြေခံပြီး ပြောနေကြတာ ဖြစ်ပေမယ့်လည်း၊ မြန်မာစစ် အစိုးရ လုပ်ရပ်တွေဟာ သတိထား စောင့်ကြည့်ဖို့ လိုနေပြီဖြစ်ကြောင်း စသည်ဖြင့် ISIS သိပ္ပံပညာ နဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၂၈ ရက် မနေ့က အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းရာမှာ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ခရိုလီက ဒီအစီရင်ခံစာကို လေ့လာရဦးမှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ နိုင်ငံတကာ အနုမြူလက်နက် မပြန့်ပွားရေးနဲ့ ပတ်သက်ပြီး၊ မိမိတို့ စိုးရိမ်ပူပန်မှုကို ထုတ်ဖော် ပြောဆိုခဲ့တာတွေတော့ ရှိပါကြောင်း၊ ဖြေကြားသွားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဒုရဲအုပ်တဦး ထိုင်း-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာ

Friday, 29 January 2010 18:14 ဘစောတင်

ကရင်ပြည်နယ် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ် စိုးမင်းသည် မကြာသေးခင် ရက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင် လာခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူလူထု နည်းတူ စစ်အစိုးရ၏ ဖိနှိပ်မှုကို ခံနေကြရပြီး စားဝတ်နေရေးအပါအ၀င် တခြားသော အခက် အခဲများကြောင့် ယခုကဲ့သို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်ဟု ဒု ရဲအုပ် စိုးမင်းက ဧရာဝတီသို့ ပြောသည်။

“ရဲတပ်ဖွဲ့ထဲမှာ ကျနော်လုပ်သက် (၁၄) နှစ်လောက် လုပ်ခဲ့ပေမယ့် မိသားစု စားဝတ် နေရေးတောင် အဆင် မပြေဘူးဗျ၊ ကျနော့်လိုပဲ ရဲထဲမှာ ထွက်ပြေးလို့ ထောင်မကျရင် ပြေးမယ့်လူတွေ အများကြီးရှိတယ်၊ ပိုဆိုးတာ ကတော့ တပ်ဘက်က ကျနော်တို့ကို အခိုင်းအစေလောက် သဘောထားတယ်၊ လူမုန်းခံစရာရှိရင် ရဲတွေက ရှေ့ကခံ၊ ၀ါးစရာရှိရင်တော့ သူတို့ပဲ၊ ကြာလာတော့ မခံနိုင်တော့ဘူး၊ ဒါကြောင့်တိမ်းရှောင်လာတာ”ဟု သူက ဆိုသည်။

ဒုရဲအုပ် စိုးမင်းသည် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သို့ ၀င်ရောက်ခဲ့ပြီး၂၀၀၂ ခုနှစ်တွင် ဒု ရဲအုပ် ဖြစ်ခဲ့ပြီး ကိုယ်ပိုင်နံပါတ်မှာ လ/၁၇၆ ၉၆၈ ဖြစ်ကြောင်း သိရသည်။ ၎င်းသည် အသက်(၃၃)နှစ် အရွယ်ရှိပြီး ပဲခူးတက္ကသိုလ်မှ မြန်မာစာဘွဲ့ ကို ၂၀၀၀ ပြည့် နှစ်တွင် ရရှိခဲ့သည်ဟု ဆိုသည်။

၎င်းသည် ရဲအရာရှိ ဖြစ်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့ရုံး၊ ပိုက်ကျုံးမြို့နယ်ခွဲ ရဲစခန်း နှင့် ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တို့တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသည်ဟု သိရသည်။

တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကြုံရဖူးသော အခက်အခဲများနှင့် ပတ်သက်ပြီး“ကျနော်တို့ ပြည်နယ်မှာက အဖွဲ့အစည်းက မျိုးစုံရှိတယ်လေ၊ ငြိမ်းအဖွဲ့တွေက မြို့ထဲမှာ သူတို့ ထင်သလို နေတာ၊ ကျနော်တို့ ရဲ ဆို တာကလည်း အထက်အမိန့် အရ သတ်မှတ်ထားတဲ့ ဥပဒေ ကို ဖောက်ဖျက်ရင် ဒါမှ မဟုတ် ဖောက်ဖျက်တယ်လို့ ယုံကြည်ရရင် ဖမ်းရတာပဲ၊ ဒီအခါ ပြဿနာက ပြည်သူကိုဆိုရင် အပြစ်ပေးရ တယ်၊ ငြိမ်းချမ်းရေးက လူတွေကို အပြစ်ပေးလို့ မရဘူးဗျ။ အဲဒီ တော့ ပြည်သူက ကျနော်တို့ကို မကြည်မလင် ဖြစ်ပြန်ရော”ဟု ဒုရဲအုပ် စိုးမင်းက ပြောပြသည်။

ဒုရဲအုပ် စိုးမင်း “ကျနော့်အနေနဲ့ ပြည်သူတရပ်လုံး တောင်းဆိုနေတဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး တိုက်ပွဲများမှာ အုပ်တချပ် သဲတပွင့် ပေးဆပ်လို့ ရသရွေ့ ပါဝင် လုပ်ဆောင်သွားပါမယ်”ဟုလည်း ဆက်ပြောသည်။

ယခုအခါ ၎င်းသည် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် Free Burma Project ၏ အကူအညီဖြင့် နေထိုင် လျက် ရှိကြောင်း သိရသည်။

Free Burma Project အဖွဲ့သည် မြန်မာအစိုးရ လက်နက်ကိုင် အဖွဲ့အစည်းများမှ ထွက်ပြေးတိမ်းရှောင် လာသူများ၊ နိုင်ငံရေးအရတိမ်းရှောင်လာပြီး စိုးရိမ်ရသူများကို ကူညီပေးသော အဖွဲ့ ဖြစ်သည်ဟု ဆိုသည်။

Free Burma Project ဥက္ကဌ ကိုမိုးဇက်က“နိုင်ငံတွင်းမှာ ဘယ်လိုမှ နေမဖြစ်တဲ့အဆုံး ထွက်ပြေးလာကြတဲ့ သူတွေထဲမှာ အရမ်းကိုစိုးရိမ်ရတဲ့ အနေအထားမှာရှိတဲ့သူတွေ ပါဝင်နေတယ်။ လက်နက်ကိုင် အဖွဲ့အစည်း က လူတွေ။ နိုင်ငံရေးသမားတွေ သူတို့မှာ ထောင်ထဲဝင်မလား။ ပြေးမလားလို့ ရွေးစရာလမ်း နှစ်လမ်းပဲ ရှိတဲ့ သူတွေပါတယ်၊ ဒီလိုလူမျိုးတွေကို ကျနော်တို့ ကူညီတယ်”ဟု ပြောသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 28, 2010

နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်အောင်ဆန်းစုကြည် ဆို

Thursday, 28 January 2010 18:45 ကိုထွေး

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာမည့် နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟု ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်သည် တရားဥပဒေနှင့် ညီညွတ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။


“အမှုနဲ့ ပတ်သက်ပြီးတော့ တရားရုံးချုပ်မှာ တင်ထားတာ အဆုံးအဖြတ် မပြုရသေးဘူး၊ ဒီလို ပြောခြင်းအားဖြင့် တရားရုံး အဆုံးအဖြတ်ကို အနှောင့်အယှက်ပြုသလို ဖြစ်နေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ကျောက်ပန်းတောင်းမြို့၊ မြို့တော် ခန်းမတွင် ကျင်းပသည့် ၀န်ထမ်းများ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များနှင့် တွေ့ဆုံခဲ့စဉ် ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အိမ်ပြင်ဆင်ရေး အတွက် ကိုယ်စားလှယ် လွှဲအပ်ထားခြင်း ခံရသူ ဦးထင်ကျော်နှင့် ဦးဉာဏ်ဝင်း တို့သည် ယနေ့ နေ့လယ် ၁ နာရီမှ ၃ နာရီ ၃၀ ခန့် အထိ ၂း၃၀ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မောင်ဦး၏ ပြောကြားချက်အပေါ် ပြန်လည် ပြောဆိုခြင်း ဖြစ်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်အားတောင့်တင်းရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အသေးစိတ် ပြောကြား၍ မရနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မောင်ဦးသည် ပြည်ထဲရေးဝန်ကြီးဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုတွင် ဗိုလ်ချုပ်မှူးကြီး၏ ပြစ်ဒဏ် လျှော့ပေါ့ပေးသည့် အမိန့်ကို တရားခွင်၌ လာရောက် ဖတ်ကြားသွားသူလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့သည် နေအိမ် ပြင်ဆင်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

“လုပ်ငန်းသဘောကို အရင်ဆွေးနွေးဖြစ်တယ်၊ ဒီအပေါ်မှာ ဒေါ်စုရဲ့မှတ်ချက်က ဒီကိစ္စက သွေးရိုး သားရိုးဟုတ်ရဲ့လားလို့ သူ စိုးရိမ်နေတယ်၊ တခြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုများ ရှိနေသလားလို့ ခံစားရတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယခင်က အိမ်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်တွင် ကန့်ကွက်စာမိတ္ထူ တောင်းခံထားသည်မှာ ယခုချိန်အထိ မရရှိသေးကြောင်း၊ သို့သော်လည်း အိမ်နှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည်များကို ဆက်လက် လုပ်ဆောင်ရန် ညှိနှိုင်းခဲ့ကြောင်း၊ အိမ်၏ လက်ရှိအနေအထားမှာ အမိုးများ ပြင်ဆင်ရန်အတွက် တချို့သော အစိတ်အပိုင်းများမှာ ဖြုတ်ထားရသည့် အတွက် မိုးရွာပါက တအိမ်လုံးရေများစိုရွှဲနိုင်ပြီး မလုံခြုံသည့် အနေအထားတွင်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ပြီးခဲ့သည့် ကြာသပတေးနေ့က ပထမဆုံးအကြိမ် တားဝရမ်းဖြင့် ကန့်ကွက်ခဲ့သည်။

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တခဏ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ကရင်စစ်ပြေးဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဟု ထိုင်းပြောကြား

ရဲရင့်/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ကန့်ကွက်နေသည့်ကြားမှ ထိုင်း-မြန်မာ နယ်စပ် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၁,၆၃၃) ဦးကို ယခုရက်ပိုင်းအတွင်း အမြန်ဆုံး နေရပ်ပြန်ပို့မည်ဟု ထိုင်းအမှတ် (၃) စစ်တိုင်းမှူးက ပြောကြား လိုက်သည်။

စစ်ပြေး ဒုက္ခသည်အချို့ ခိုလှုံနေသည့် နောင်ဘိုး ယာယီဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာသည့် ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ်ထနွန်စာ အဖိရတ်ယိုထင်က ဒေသခံ သတင်းထောက်များကို ပြောကြားခြင်းဖြစ်သည်။

တိုင်းမှူးက “ဒီလူတွေ ထိုင်းဘက်မှာနေတာ (၈) လနီးပါးရှိပြီ၊ မြန်မာဘက်မှာ တိုက်ပွဲတွေလည်း မရှိတော့ဘူး အေးချမ်းသွားပါပြီ၊ ဒီအချိန်မှာသူတို့ပြန်ဖို့လည်း သင့်တော်ပါပြီ။ တိုက်ပွဲရှိတဲ့အခါ ပြေးလာ မရှိတဲ့အခါတော့ ကိုယ့်နေရာကိုယ် ပြန်နေကြရမှာ ဖြစ်တယ်။ ဒီမှာနေရင် ဒီကပေးတဲ့ ရိက္ခာတမျိုးပဲရမယ်၊ ကိုယ့်မြေ ကိုယ့်ရေမှာဆိုရင် လုပ်စားကိုင်စားဖို့ ပိုပြီးအဆင်ပြေမယ်” ဟု ပြောသည်။

ထိုင်းဘက်မှ စစ်ပြေးဒုက္ခသည်များကို ပြန်ပို့မည့် အစီအစဉ်နှင့် ပတ်သက်၍ ထိုင်းအထက်လွှတ်တော် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်က ကန့်ကွက်လိုက်ပြီး လုံခြုံရေး အာမခံချက် အနေအထား မည်မျှရှိသည်ကို မသိရသည့် ဒေသသို့ ပြန်ပို့မည့်အစား နီးစပ်ရာ တရားဝင်ဒုက္ခသည်စခန်းများတွင် ပြောင်းရွှေ့ပေးသင့်သည်ဟု ပြောသည်။

အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြန်မာဘက်ခြမ်းရှိ ၎င်းတို့နေအိမ်များအား ယနေ့နံနက် သွားရောက်ကြည့်ရှုခဲ့သည့် ကရင်စစ်ပြေးဒုက္ခသည်များတွင် ပါဝင်သူတဦးက “ဒီကေဘီအေ တပ်ဖွဲ့က မင်းတို့ အိမ်မှာပဲ နေရမယ်၊ အိမ်ပြင်ထွက်ရင် မိုင်းကိစ္စ ငါတို့တာဝန်မယူဘူးဆိုတော့ အကျယ်ချုပ်လိုပဲ နေရမယ့် သဘောဖြစ်နေတယ်။ ရိက္ခာလည်း မပေးဘူး၊ အရင်ပြန်တဲ့ လူတွေလည်း တလတခါ ထိုင်းဘက်ခြမ်းမှာပဲ ရိက္ခာ လာထုတ်ကြတယ်။ ဒီပုံနဲ့ ပြန်လို့တော့ မဖြစ်ဘူး၊ သူတို့ အတင်းဖမ်းပြီး ပြန်ပို့ရင်တော့ ပြန်ရမယ်၊ မပြန်လို့ ဘယ်လိုလုပ်မှာလဲ” ဟု ပြောသည်။

နေရပ်ပြန်မည့် ကရင်စစ်ပြေးဒုက္ခသည်များအတွက် လုံခြုံရေးကို တာဝန်ယူသော်လည်း မြေမြုပ်မိုင်း ကိစ္စနှင့်ပတ်သက်၍ တာဝန်မယူနိုင်ကြောင်း ဒေသအခြေစိုက် ဒီကေဘီအေ (၉၉၉) အခြေချစစ်ဗျူဟာ တပ်ရင်း (၇) ၏ ဒုရင်းမှူး ဗိုလ်ကြည်လင်က ထိုင်းအခြေစိုက် သတင်းထောက်များကို အင်္ဂါနေ့က ပြောကြားခဲ့သည်။

၎င်းက “ရွာသားတွေပြန်ရင် လုံခြုံရေးအတွက် အာမခံပေမယ့် မြေမြုပ်မိုင်းကိုတော့ အာမ မခံနိုင်ဘူး။ ကျနော်တို့နယ်မှာရှိတဲ့ မိုင်းတွေဟာ ကေအန်ယူက ထောင်ထားတာတွေ ဖြစ်တယ်” ဟု ပြောသည်။

စစ်ပြေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒုက္ခသည်အားလုံးရဲ့ ဆန္ဒကတော့ လက်ရှိ အနေအထားမျိုးနဲ့ ဘယ်သူမှ မပြန်ချင်ကြဘူး။ ဒါပေမယ့် သူတို့ရဲ့ ကံကြမ္မာကတော့ ထိုင်း အာဏာပိုင်တွေအပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါဒုက္ခသည်များသည် ယမန်နှစ် ဇွန်လ ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်ဖွဲ့နှင့် ကေအန်ယူတပ်ဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည် တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရမ်းမြို့နယ်ဘက်သို့ ထွက်ပြေးလာသူများ ဖြစ်သည်။

မကြာမီပြန်ပို့ခံရမည့် ဒုက္ခသည်အများစုမှာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှဖြစ်ပြီး ထိုင်းဘက်မှ ယာယီဖွင့်ထားပေးသည့် နောင်ဘိုးစခန်း အနီးပတ်ဝန်းကျင်တွင် ခိုလှုံနေသူများဖြစ်သည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့လေတပ်၏ ၂၀၁၀ ကို ကြိုဆိုခြင်း သင်္ကေတများ


လေတပ်ထဲက အက်ကွဲသံများဟာ “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုက်ဒ် အင်တာနက် စာမျက်နှာများမှတဆင့် ပိုမို သိသာစွာ ပေါ်ထွက်လာမှုကြောင့် စစ်အာဏာရှင် စီနီယာ ဒုဗိုလ်ချုပ်ကြီးများထဲမှ D.S.A (၁၇) ကျောင်းဆင်း ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းခမျာ First Year ဗိုလ်လောင်းပမာ ကလေးသဖွယ် မျက်နှာငယ်ကလေးနဲ့ မျက်နှာမပြ၀ံ့ ဖြစ်နေခဲ့ရပါတယ်။ အက်ကွဲနေမှုများကို ဖာထေးဖို့ လစာ ၂၀၀၀၀ ကျပ် တိုးပေးရုံမျှနှင့် မရနိုင်ကြောင်း သိလာချိန်တွင် ကပစ များမှ စစ်သည်များရဲ့ ဟိုပုန်းဆင်း ဒီပလိုမာ တပ်ကြပ်ကြီးများအား ဒုအရာခံဗိုလ် အဆင့်သို့ အဆင့်တိုးပေးမြန်မှုအပေါ် မကျေနပ်မှု သတင်းများလည်း ထပ်မံ ထွက်ပေါ်လာကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်မှ သတင်း ရရှိခဲ့ပါတယ်။ ဒါကြောင့် လေတပ်အတွင်းက စစ်သည်များရဲ့ အလားတူ မကျေနပ်မှုများကို ကုစားတဲ့အနေနဲ့ ယခုလေးလပတ်မှာ လေတပ်မှ စစ်သည် ၆၀% အား တဆင့်တိုး ပေးလိုက်ကြောင်း သိရှိရပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်နှင့် လေချုပ် ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း

(သူ့ကို သူငယ်ချင်းများက မျက်ခုံးမွှေး ထူလွန်းလို့ စိန်မျက်ခုံးလို့ ခေါ်ကြပြီး သူ့ရဲ့ မျက်ခုံးမွှေးတွေဟာ အမဲကနေ အဖြူကို ပြောင်းကုန်ရတဲ့အထိ ဘာ့ကြောင့်များ ပါလိမ့်)

ယခုအခါ ယာယီအားဖြင့် စစ်သည်များရဲ့ အဆင့်တိုး ကိစ္စနဲ့ ပတ်သက်သော မကျေနပ်မှုများ ငြိမ်သက်သွားသော်လည်း အရာရှိများအတွင်း ပြစ်မှု ကင်းရှင်းပါလျက် OTS ဆင်း အင်ဂျင်နီယာ မဟုတ်သူများအား ဗိုလ်ကြီး အဆင့်ထက် တိုးမပေးခြင်း၊ ခရစ်ယာန်ဘာသာဝင်နှင့် ပတ်သက်မိသူ အရာရှိများအား အဆင့်တိုး မပေးခြင်း၊ ယခင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၏ အမျိုးတော်စပ်သူများအား အဆင့်တိုးမပေးခြင်း၊ လေကြောင်း လမ်းပြ/အချက်ပြ အရာရှိများအား ချောင်ထိုးထားခြင်း စသော “မူ” မရှိသည့် တရားမ၀င် ဖိနှိပ်မှုများရှိနေသည့် အပြင် စစ်သည်များ စားဝတ်နေရေးမှာလည်း လစာတိုးမှုကို မခံစားရသေး မီမှာပင် ကုန်ဈေးနှုန်းက အပြိုင်တက်နေပေရာ ထူးမခြားနား ဘ၀သာ ဖြစ်နေပါတယ်။

ဒါ့အပြင် အရာရှိစစ်သည်အားလုံးကို လစာထဲက တစ်လ ၅၀၀၀ ကျပ်အား မြန်မာ့စီးပွါးရေးဘဏ်တွင် ငွေစုဖို့ အတင်းအကြပ် ခိုင်းစေမှုများ၊ လေတပ်တွင်း သင်တန်းများအပြင် ကကကြည်းမှ ဖွင့်လှစ်တဲ့ သင်တန်းများကိုပါ တက်ရောက်ရသဖြင့် ရိက္ခာကတ် ပေါင်နှံကာ သင်တန်းစရိတ် ရှာနေရသော အခြေအနေမှလည်း ထူးခြားမလာသေးပါ။ အရပ်ဘက် ဌာနများတွင် လာဘ်ပေးရသကဲ့သို့ ခွင့်သွားလိုသော စစ်သည်များရဲ့ ခရီးသွားလာခွင့် အမိန့်ကို လေတပ်အတွင်းမှာပင် တပ်ရေးဗိုလ်ကြီးမှ ရှောရှောရှူရှူ လက်မှတ်ထိုးပေးဖို့ လာဘ်ထိုးရတာတွေ ရှိနေပါသေးတယ်။ ဒါ့အပြင် လေတပ်စခန်းဌာနချုပ်ရုံးမှ စာရေးစစ်သည်များ အင်အားမလုံလောက်သဖြင့် တံမျက်လှဲ၊ အခန်းစောင့် စသော စစ်ရေးချုပ်ရုံး ငွေစာရင်းခေါင်းစဉ်ဖြင့် ခန့်ထားသော စာရေးမများရဲ့ လက်ဘက်ရည်ဖိုးတောင်း ပညာပြမှုကိုလည်း လေတပ်သားတို့ ခံနေရဆဲ ဖြစ်ကြောင်း ခိုင်လုံတဲ့ လေတပ် သတင်းရပ်ကွက်မှ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

ပျံသန်းရေးအုပ်များဟာ ၄၀% / ၆၀% ခွဲတမ်းဖြင့် တန်ဖိုးကြီး လေယာဉ်ဆီတို့နဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီးများကိုပါ လောင်စာဆီ ဈေးနှုန်း ကြီးမြင့်လာမှုနှင့်အတူ ဟန်ချက်ညီ ဆောင်ရွက်နေရသကဲ့သို့ စက်မှုလက်မှုနှင့် အုပ်ချုပ်ရေးမှ အရာရှိ စစ်သည်များဟာလည်း အမှုမျိုးစုံ၊ အဆင်မပြေမှု မျိုးစုံတို့ဖြင့် ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ လေယာဉ်ထုတ်လုပ် ပြင်ဆင်ရေး ဌာနချုပ်ကြီးအား ရှမ်းတဲနားမှာ ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည့်တိုင် သက်တမ်းကုန် လေယာဉ်ဟောင်းများအား သက်တမ်း အကြိမ်ကြိမ်ကုန်နေသော အသက်ကယ်ထိုင်ခုံ Ejection Seat များထက်မှ ဘုရားတကာ မောင်းနေကြရဆဲပါ။ မောင်းရတာနဲ့ တန်အောင် ယာယီကာလ (Officiating) မရှိဘဲ အပွင့်တင်ခွင့် ပေးထားသော်လည်း ကျန် Pilot များရဲ့ မျက်စောင်းဒဏ်ကြောင့် အက်ကြောင်း ထင်နေဆဲပါ။

ဒါ့ပြင် Avionic ပစ္စည်းမစုံလင်ပါပဲ အသက်ပေး မောင်းနေရပေရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာပင် ၂၂-၁-၂၀၁၀ ရက်နေ့က ကွင်းပျောက်ကာ ပျက်ကျခဲ့ရတဲ့ F-7 လေယာဉ် ၁၆၃၃ လို အဖြစ်များစွာကလည်း ရင်ထိတ်စရာပါ။ သုတေသနလို့ ခေတ်မီအောင် ကြံဖန် အော်နေသည့်တိုင် သုတေသန လုပ်နေသူများအား လိုအပ်တဲ့ ပစ္စည်းများ မပေးသည့် အပြင် မှားယွင်းမှုဖြစ်တာနဲ့ ရာထူးမှ ဖယ်ခိုင်းကာ ချောင်ထိုးတတ် ပါသေးတယ်။

သို့ဆိုပါလျှင် ၂၀၁၀ နဲ့ ၄င်း၏အလွန် လေတပ် အနာဂတ်သည် မည်သို့ ရှိပါမည်လဲ … ဆိုပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) နှင့် တပ်မတော် (လေ) မိသားစုများက စည်းရုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်သို့ သတင်းပေးပို့ မေးမြန်း လာပါတယ်။ စာဖတ်ပရိသတ်များ စဉ်းစားကြပါကုန်...


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 27, 2010

သားကို တပ်ထဲကနေ အိမ်ပြန်ခေါ်ချင်တယ်

ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ၁၄ နှစ်သားအရွယ် သားဖြစ်သူကို ကလေးစစ်သားအဖြစ် ဖျားယောင်း ခေါ်ဆောင်ခံရကြောင်း မကွေးတိုင်း တောင်တွင်းကြီးမြို့တွင် အမေတခု သားတခုအဖြစ် ရုန်းကန်နေကြသည်ဆိုသော မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းက မဇ္ဈိမကို ယနေ့ ပြောဆိုသည်။

မောင်ကျော်မင်းထွန်း (ခေါ်) ကျားမင်းသည် ယခုလ ၁၉ ရက်နေ့တွင် ခေါ်ဆောင်ခံရကာ ယခုအခါ မကွေးမြို့နှင့် တောင်တွင်းကြီး အကြားရှိ တပ်မ ၈၃ မိချောင်းရဲ စစ်တပ်တွင် သွပ်သွင်း ခံထားရကြောင်း သိရှိရသည်ဟု သားပျောက်မိခင်က ဆိုသည်။

သားဖြစ်သူကို တွေ့ဆုံခွင့်ရရှိရေးနှင့် နေအိမ်သို့ ပြန်ခေါ်နိုင်ရေးအတွက် ထိုတပ်သို့ သွားရောက်ခဲ့သော်လည်း ဂိတ်မှူးက တွေ့ခွင့်မပေးကြောင်းနှင့် သားဖြစ်သူ အိမ်ပြန်ရောက်လျှင် ကျေနပ်ပြီဖြစ်ကြောင်း သူက ပြောဆိုသည်။

ဤဖြစ်ရပ်မှာ အဓမ္မအလုပ်ခိုင်းစေခြင်းနှင့် အသက် ၁၈ နှစ် မပြည့်သေးသူများကို စစ်သားအဖြစ် သွပ်သွင်းခြင်း ရပ်တန့်စေရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် - ILO ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းစဉ်သက်တမ်းကို မကြာသေးမီက သက်တမ်း တနှစ် တိုးမြှင့်အပြီး မကြာခင်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။

မိခင်ဖြစ်သူ ဒေါ်စန္ဒာဝင်းကို မဇ္ဈိမသတင်းထောက်ကျော်ခက မေးမြန်းတင်ပြထားသည်။

ကလေးရဲ့ ကိုယ်ရေး၊ ပြီးတော့ မိသားစုရေး အကျဉ်းချုံး ပြောပြပေးပါလားဗျာ။

ကျမသားလေး နာမည်က ကျော်မင်းထွန်း (ခေါ်) ကျားမင်းပါ။ မွေးသက္ကရာဇ်က ၁၉၉၅-၁၂-၂ဝ ရက်နေ့ကပါ။ အသက်က ၁၄ နှစ်ပါ။ မြို့ဦးမူလတန်းကျောင်းမှာ တတန်းပါ။ ကျောင်းက မထုတ်သေးဘူးဆိုပေမယ့်လည်း ကျောင်းဆက်မထားနိုင်ဘဲ ဖြစ်နေတာပေါ့။ ကျမတို့နေတာက တောင်တွင်းကြီး အောင်ဇေယျာ ကွက်သစ်ထဲမှာပါ။

ကျမနာမည်က မစန္ဒာဝင်းပါ။ ကျမခင်ပွန်းကတော့ ကျမသားလေး ၅ နှစ်သားကတည်းက ဆုံးသွားတာပါ။ ကျမက ဖရဲသီးစိပ်တွေ လိုက်ရောင်းပြီး အသက်မွေးဝမ်းကြောင်းနေတာပါ။ ကင်ဆာရောဂါလည်း ရှိတယ်။ အဆင်မပြေတဲ့အခါကျတော့ (ကလေးက) ကျောင်းမတက်တော့ဘဲနဲ့ ကျမကို ငုံးဥပြုတ် ရောင်းကျွေးတယ်။ သားက သွေးအန်တဲ့ ရောဂါလည်းရှိတယ်။ နောက်ပြီး လက်ကလည်း ကျိုးထားတယ်။

ဘယ်အချိန်တုန်းက ဘယ်လို ပျောက်သွားတာလဲ။ ပျောက်သွားတယ်ဆိုတာကရော ဘယ်လိုသိရလဲ။

ပျောက်သွားတာက ဒီလ ၁၉ ရက်နေ့၊ ညနေ ၄ နာရီလောက်က။ ကျမဈေးရောင်းက ပြန်လာတော့ အိမ်နီးချင်းတွေက ပြောတာပေါ့။ ကျော်မင်းထွန်းလေးကတဲ့ အဲဒီအချိန်လောက်က ကျမတို့အိမ် နောက်ကျောဘက်က အသိအိမ်ကို အလည်သွားတာ။

နိုင်ဝင်းက အဲနေ့က ကျမသားလေးကို ကောင်လေးတယောက်နဲ့ လွှတ်ပြီး လက်ဖက်ရည်ဆိုင်ဆိုပြီး ခေါ်ခိုင်းတယ်။ အဲဒီတပ်ကြပ်နိုင်ဝင်းက ရပ်ကွက်ထဲမှာ အိမ်လာလာလည်တယ်။ သူ့မိန်းမနာမည်က မသီတာထွန်းလို့ ခေါ်ပါတယ်ရှင့်။ သူတို့က တရပ်ကွက်ထဲမှာ နေပါတယ်။ အဲဒါနဲ့ ကျမသားလေးကို အရက်တွေတိုက်ပြီး သူ့စစ်ယူနီဖောင်းတွေ ဝတ်ပေးပြီးတော့ ဆိုင်ကယ်နဲ့ ခေါ်သွားတယ်လို့ ကျမတို့ရပ်ကွက်ထဲက တွေ့ခဲ့တဲ့ လူတွေက ပြန်ပြောပါတယ်။ သူတို့က ကျော်မင်းထွန်း ဘယ်လိုက်သွားမလို့လဲ မေးတော့ နိုင်ဝင်းက ခဏခေါ်သွားမလို့လို့ ပြောတယ်တဲ့။ အဲဒီနေ့ကတည်းက ကျမသားလေးက ပျောက်သွားတာ။

ကလေးက အခု ဘယ်တပ်ထဲမှာ ရောက်နေလဲ။ အာဏာပိုင်တွေကို တိုင်တာတို့ဘာတို့ လုပ်သေးလား။

သားလေးကို လိမ်ပြီးခေါ်သွားတဲ့ နိုင်ဝင်းဆိုတာက မကွေးနဲ့ တောင်တွင်းကြားထဲက တပ်မ ၈၃ မိချောင်းရဲ စစ်တပ်က ဒုတပ်ကြပ်ပါ။ သူ့ကိုယ်ပိုင်နံပါတ်က။ တ/၂၃၁၄၇၈ ပါ။ သူက ကျမသားလေးကို လိမ်ခေါ်သွားပြီးတော့ အဲဒီတပ်ထဲကပဲ ဗိုလ်ကြီးဇော်လင်းထွန်း ဆိုတဲ့လူကို လွှဲပေးလိုက်တယ်လို့ သိရပါတယ်။ ဘယ်မှတော့ မတိုင်ပါဘူး။ အဲဒီမှာရှိမယ်ဆိုတော့ အဲဒီကိုပဲ လိုက်သွားပါတယ်။

ကလေးရှိတဲ့နေရာကိုရော ဘယ်လိုလုပ်သိရတာလဲ။

ပြန်လွတ်လာတဲ့ သူနဲ့အတူတူ ပါသွားတဲ့ကောင်လေးက ပြောတာပါရှင့်။ သူ့နာမည်က ကိုဖြိုးတဲ့။ အသက်က ၁၉ နှစ် ဝန်းကျင်လောက်တော့ရှိပြီ။ သူက ၉ တန်း ကျောင်းသားပါ။ ကျမတို့နဲ့ တရပ်ကွက်ထဲ နေတာပါ။ သူ့ကိုလည်း အဲဒီနေ့ကပဲ အရက်တိုက်ပြီး ခေါ်သွားတာလို့ ပြောတယ်။ ကိုဖြိုးကိုမေးတော့ ကျနော်က ဒီဆေးရုံက လက်မှတ်ရယ်။ ဥက္ကဋ္ဌဆီက လက်မှတ်ရယ် ၄ သောင်းလောက် ကုန်ခဲ့တယ်တဲ့။ အဲဒါ ကြောင့် ကျနော်ပြန်လွတ်လာတာတဲ့။

တပ်ထဲကို လိုက်သွားသေးလား။ သားနဲ့တွေ့ရလား။

သွားတွေ့တော့ ဂိတ်မှူးတွေက သင်တန်းက ဆင်းတော့မှ တွေ့ခွင့်ပေးနိုင်မယ်လို့ ပြောတယ်။ အခု ဒီရက်ပိုင်းကတော့ ခင်ဗျား ဘယ်လိုပဲလာလာ တွေ့ခွင့်မပေးနိုင်ဘူးလို့ ပြောလွှတ်လိုက်ပါတယ်။ အဲဒီ ဂိတ်ပေါက်ဝမှာ ဝမ်းနည်းလွန်းလို့ ငိုယိုတောင်းပန်းတာကို မရပါဘူးရှင်။ အထဲမှာ ကျမသားလေးရော၊ ခေါ်သွားတဲ့ ဒုတပ်ကြပ် နိုင်ဝင်းရောရှိတယ်။ ခေါ်မပေးဘူး။ နိုင်ဝင်းနဲ့လည်း တွေ့ခွင့်မပေးဘူး ကျမကို။

အန်တီ့သားနဲ့ပါတ်သက်ပြီး ပြန်လွတ်လာတဲ့ ကိုဖြိုးကရော ဘာတွေများ ပြန်ပြောပြသေးလဲ ခင်ဗျာ။

အခုလွတ်လာတဲ့ ကိုဖြိုးက ပြောတယ်။ လိုက်ရင်တော့ မြန်မြန်လိုက်တဲ့ သူတို့ ဒီလထဲမှ မကွေးက ၈၈ ကို ဆေးစစ်ပို့တော့မှာတဲ့။ သေနတ်နဲ့ ထမင်းစားလည်း ခြိမ်းခြောက်၊ အိမ်သာတက်လည်း ခြိမ်းခြောက် လုပ်နေတယ်။ ကလေးကလည်း တော်တော်ကြိးကို ငိုနေတယ်တဲ့။ ကလေးက ထမင်းလည်းမစားနိုင် ဘာမှကို မလုပ်နိုင်ဘူး။ ကြောင်တောင်တောင်ကြီး ဖြစ်နေတယ်တဲ့။

အန်တီ့သား အခုလိုအဖမ်းခံရတာကိုသိတော့ အန်တီရဲ့စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ အန်တီ့အနေနဲ့ရော ဘယ်လိုလုပ်မယ်လို့ စိတ်ကူးလဲ။

ကျမ မတရားကြီးကို ခံစားနေရပါတယ်ရှင်။ ကျမမှာ ဒီသားလေးတယောက်ထဲ ရှိတာပါ။ ကျမတို့မှာ အမေတခု သားတခုဘဝနဲ့ ရုန်းကန်နေကြရတာပါရှင်။ ကူညီကြပါဦး။ ကျမသားလေး အိမ်ပြန်ရောက်ရင် ကျမ ကျေနပ်ပါပြီ။ ကျမသားလေးက ၁၄ နှစ်ကျော်ပဲ ရှိသေးတယ်။

(ကိုဝိုင်း တည်းဖြတ်သည်။)

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

လားရှိုးတွင် စစ်တပ်ကို စည်းရုံးသည့် စာများကပ်

စိုင်းဇွမ်ဆိုင်း | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၂၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လူထုစားဝတ်နေရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲတွင် စစ်တပ်ပါ ပူးတွဲဖြေရှင်းစေလိုသည့် စည်းရုံးရေး စာများအား မကြာသေးခင်က ဓာတ်တိုင်နှင့် သစ်ပင်များတွင်ကပ်၍ လှုံ့ဆော်ခဲ့ကြောင်း နယ်မြေခံ ရဲစခန်းနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၂၄ ရက်ညနှင့် ၂၅ ရက်နံနက်တွင် လားရှိုးမြို့ တိုင်းရုံးလမ်း၊ ဗျူဟာလမ်းနှင့် ဘူတာလမ်းတို့တွင် ကပ်သွားကြောင်း ရပ်ကွက် ၂ ရှိ အမှတ် (၁) ရဲစခန်းက မဇ္ဈိမကို ပြောသည်။

“စာတွေကို လိုက်ဖြန့်တဲ့ လူတွေကိုမှ ကျနော်တို့ မတွေ့လိုက်ရဘူး။ ကျနော်တို့အနေနဲ့ကတော့ အဲဒီစာတွေကို ပြန်သွားခွာကြတာမျိုးလောက်ပဲ လုပ်ခဲ့ရပါတယ်” ဟု ရဲစခန်းတာဝန်မှူးက ပြောသည်။

“တပ်နဲ့ပြည်သူ ဘဝတူ၊ အတူလက်တွဲ ဒို့အောင်ပွဲ” ၊ “စားဝတ်နေရေး ဖူလုံရေး၊ ချက်ချင်း ဖြေရှင်းပေး” “တွေ့ဆုံဆွေးနွေးအဖြေရှာရေး၊ လက်တွေ့ဦးစားပေး” စသည့် လှုံ့ဆော်စာများ ဖြစ်ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံရှိ တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးကလည်း လားရှိုးရှိ အဆက်အသွယ်များမှ တဆင့် လှုံ့ဆော်စာများ ဖြန့်သွားသည်ကို ကြားသိရကြောင်းနှင့် မည်သူကပ်သွားသည်ကို မသိရသော်လည်း လားရှိုးမြို့မှ စစ်တပ်အသိုင်းအဝိုင်းကို အဓိကထား အသိပေးလိုခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“အဲဒီလိုမျိုးနေရာတွေက တပ်ကမိသားစုတွေပဲ အနေများတယ်လေ။ နောက်တခု ထူးခြားတာက ဒီစစ်သားတွေရဲ့ မိသားစုတွေက သူတို့ရတဲ့ လစာတို့၊ ရိက္ခာတို့ မလုံလောက်ဘူးလို့လည်း ခဏခဏ ပြောတယ်လေ” ဟု အစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။

ဒယ်အိုးပုံစံရှိ လားရှိုးမြို့ပတ်လည်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် - ရမခ အပါအဝင် လက်အောက်ခံ ခလရ ၄၁၊ ၆၈၊ ၅ဝ၇ နှင့် အမှတ် ၁ဝ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၆၂၆ ထောက်ပို့၊ အမြောက်တပ်ရင်း၊ သံချပ်ကာတပ်ရင်း၊ မော်တော်ယာဉ် သိုလှောင်ရေး တပ်ရင်း၊ ဝန်တင်တပ်ရင်း စသည့် တပ်များတည်ရှိကြောင်း မြိုခံများထံမှ သိရသည်။

ယင်းစာများ ကပ်ပြီးနောက်ပိုင်း အမှုဖွင့်အရေးယူနိုင်ခြင်း မရှိခဲ့သော်လည်း နယ်မြေခံရဲများနှင့် စစ်သားများ ပူးပေါင်းသည့် “လှည့်ကင်း” အကြိမ် အရေအတွက်မှာမူ ပိုမိုများပြားလာကြောင်း အမှတ် (၁) ရဲစခန်းက ဆိုသည်။

ယခင်က လားရှိုးတွင် ရဲတပ်ဖွဲ့တခုတည်းသာ ကင်းလှည့်လေ့ရှိကြောင်း ရဲ တာဝန်မှူးက ပြောသည်။

ထို့ပြင် ယခင်က ရမခ စစ်ဌာနချုပ် ဝင်းအတွင်းသို့ အရပ်သားများ ဝင်ထွက် သွားလာနိုင်သော်လည်း ယခုမူ ရမခ ဝင်းအတွင်းနေ မိသားစုများမှလွဲ၍ အပြင်လူများ ဝင်ခွင့် မရတော့ကြောင်း တိုင်းရုံးအတွင်း နေထိုင်သူတဦးထံမှ သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဘာဖြစ်သလဲ နာဂစ် (ဇာဂနာ)

ဇာဂနာ
ဇွန် ၂၄၊ ၂၀၀၉

ဆန်တွေ ရဟတ်ယာဉ်စီးတယ်

4.W.D စီးတာ

ဌားခ သိန်း ၇၀။

ဘိုကလေးက

အင်းလျားလမ်းထက် ဈေးကြီးတယ်။

ဘာဖြစ်သလဲ နာဂစ် …

ဟော်လံဘီယာတွေ

လခစားတယ်။

ကမ်းရိုးတန်းဖုန်း

နှစ်ဆယ့်သုံးသိန်းပေါက်တယ်။

ဘာဖြစ်သလဲ နာဂစ် …

ဆားချက်တဲ့ ကန်ထဲ

ရေငန်ဝင်တယ်။

လူတ ထောင် အလုပ်ရဖို့

လူတ သိန်း ရင်းရတယ်။

နဂါး ဖြစ်ဖြစ်

ပန်း ဖြစ်ဖြစ်

ဘာဖြစ်လဲ နာဂစ် …

ဘာမှ မဖြစ်ဘူး

ဘာမှမလုပ်သေးလို့။ ။

(၂၀၀၈)
(ကောင်းကင် အင်တာနက်မဂ္ဂဇင်းက ကူးယူပါတယ်)

source by : http://zarganar-windoor.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

စွယ်စုံအနုပညာရှင် ကိုဇာဂနာမွေးနေ့

DVB television

ဇန်န၀ါရီလ ၂၇ ရက် မွေးနေ့ရှင် နိုင်ငံကျော် စွယ်စုံအနုပညာရှင် ကိုဇာဂနာ့အတွက် မွေးနေ့ တေးသီချင်းတွေပါ...။ ကိုမင်းသစ်နဲ့ အမြင့်ပျံငှက်များ တေးဂီတအဖွဲ့က တီးခတ်သီဆို ပေးထားပါတယ်...။



source by : http://www.youtube.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 26, 2010

နိုင်ငံရေးလှုပ်ရှားမှုကို ခြေမှုန်းဖို့အတွက် ပြင်ဆင်ထားပြီ


ဗထူး


ရန်ကုန်တိုင်းစစ်ဌာနချုပ် ညွှန်ကြားချက်အရ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါက မည်သို့ခြေမှုန်းမည်ကို တပ်နယ်အသီးသီးကို ညွှန်ကြားထားသည်။

“ပြည်သူ့စစ်၊ အရံမီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယနေ့မှစ၍ အသင့်အနေအထားနေရန် ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ ပြည်ခိုင်ဖြိုး စသည့် အင်အားများ တပ်နယ်အသီးသီးသို့ ပေးပို့ရန် ပြောထားပြီးပြီ” ဟု ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်တွေမှာ အပြောင်းအလဲရှိလိမ့်မည်လို့ မြင်တယ်။ တပ်ရင်းတွေအားလုံး လုံခြုံရေး အသေအချာ ဂရုစိုက်ဖို့ ညွှန်ကြားထားသည်။

လာမည့် လှုပ်ရှားမှုတွေအားလုံး ဒီပုံစံအတိုင်းပဲလုပ်ဖို့ စီစဉ်ထားတယ်။


ဇယားကို ပုံကြီးချဲ့ကြည့်ရန် ဤနေရာ တွင် နှိပ်ပါ၊၊


source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

သေဒဏ်အပြစ်ပေးခံရသူ ဗိုလ်မှူးဝင်းနိုင်ကျော်ကို နယ်ထောင်ပြောင်း

2010-01-25 (RFA )

နိုင်ငံတော် ထိပ်တန်း လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ သေဒဏ်အမိန့် ချမှတ်ခံထားရတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်ကနေ ပဲခူးတိုင်း အနောက်ပိုင်း သာယာဝတီထောင်ကို အာဏာပိုင်တွေက ရွှေ့ပြောင်းခဲ့တယ်လို့ ထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ RFA က သိရပါတယ်။

မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များ တည်ရှိရာပြ မြေပုံတွင် အင်းစိန်ထောင်ကို အနီရောင် အမှတ်အသား ပြထားပါသည်။ (Map: AAPP)

သေဒဏ်အမိန့် စီရင်မှုနဲ့ ပတ်သက်ပြီး အယူခံဝင်ဖို့ မိသားစုက ကြိုးစားနေတဲ့အချိန်မှာ အခုလို ထောင်ပြောင်းခံရတာ ဖြစ်ပါတယ်။

ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် နဲ့ ပတ်သက်တဲ့သတင်း အဆက်အသွယ် အားလုံးဖြတ်ချင်တဲ့ အတွက် အာဏာပိုင်တွေဖက်က ထောင်ပြောင်းရွှေ့ခိုင်းတဲ့ သဘောမျိုး ယူဆရတယ်လို့လည်း မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီကနေ့ အင်းစိန်အကျဉ်းထောင်က လာတဲ့ သတင်းတွေအရ ထောင်တွင်း အထူးတရားရုံးမှာ ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ မဲဆန္ဒ ခံယူတဲ့အချိန်က မဲရုံတွေကို မှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတဲ့ မှော်ဘီမြို့နယ်က ကိုငွေစိုးလင်းနဲ့ အမှုကို ကြားနာစစ်ဆေးခဲ့ပြီး လာမဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

အလားတူပဲ အင်္ဂါ ဝတ်ပြုဆုတောင်းအဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်နော်အုန်းလှနဲ့ အမှုတွဲတွေကို ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ ဒေါ်နော်အုန်းလှတို့ဖက်က သက်သေနှစ်ဦး ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

နိုဝင်ဘာ လွှတ်ပေးမယ်ဆိုတာ မထူးဆန်းကြောင်း အန်အယ်လ်ဒီ ပြောကြား

2010-01-25 ( RFA )

ဒေါ်အောင်ဆန်းစုကြည်ကို လာမဲ့ နိုဝင်ဘာလထဲမှာ ပြန်လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီသတင်းဟာ ထူးခြားမှု မရှိပဲ နေအိမ် အကျယ်ချုပ် ကန့်သတ်မိန့် ကုန်ဆုံးတဲ့ အချိန်ကိုသာ ပြောဆိုခြင်း ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။


အာဆီယံ အဖွဲ့ဝင် ဖိလိပိုင်နိုင်ငံ၊ မနီလာမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ၂ဝဝ၉ မေလ ၁၉ရက်နေ့က ဖိလိပိုင်လူမျိုးများ တောင်းဆိုဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ပါတီပြောခွင့်ရပုဂ္ဂိုလ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ပြောဆိုခဲ့တဲ့ လွှတ်ရက် ကာလဟာ အသစ်အဆန်း မဟုတ်သလို ထူးခြားမှု မရှိပါဘူးလို့ ပြောပါတယ်။

ဦးဉာဏ်ဝင်း။ ။ '၁၈ လပဲဗျ။ အဲဒါ ၁၈ လ ပြည့်တာပဲ။ ၁၈ လ မပြည့်ခင် မလွှတ်ဖူး ဆိုတဲ့ဟာတောင် ပြောင်းပြန်တွေးရင် ရတာပဲ။'

ဒါ့အပြင် ဒီသတင်းသာ မှန်ကန်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို စောစော ပြန်လွှတ် လေမလား ဆိုတဲ့ အများပြည်သူ မျှော်လင့်ချက် တွေကိုပါ နည်းပါးသွားစေပါတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ နိုဝင်ဘာလထဲမှာ ပြန်လွှတ်မယ်လို့ ကျောက်ပန်းတောင်းမြို့ခံ ပြည်သူတွေကို ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့တာကို RFA က မနေ့ညပိုင်းနဲ့ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက် အသံလွှင့်အစီစဉ်တွေကနေ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီလိုထုတ်လွှင့်ခဲ့အပြီး တခြား သတင်းမီဒီယာတွေမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဗိုလ်ချုပ်မောင်ဦး ပြောဆိုချက်နဲ့ ပတ်သက်လို့ ရန်ကုန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးလောက ဝေဖန်တုံ့ပြန်ချက်နဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက စုစည်းတင်ပြထားပါတယ်။


နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဝီဂါမူစလင် ၁၈ ဦးကို UWSAက တရုတ်လက်ထဲ ပြန်အပ်

2010-01-25 ( RFA )

တရုတ်မြန်မာ နယ်စပ်အခြေစိုက် UWSA ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ရဲ့ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသထဲ ရောက်လာကြတဲ့ ဝီဂါလူမျိုး ၁၈ ဦးကို ဇန်နဝါရီ ၁၈ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေ လက်ထဲ UWSA က ပြန်လည်အပ်နှံခဲ့ကြောင်း တရုတ်အင်တာနက် ဘလော့ဂါသတင်းတွေမှာ ဇန်နဝါရီ ၂၅ ရက် ဒီကနေ့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ၊ စင်ကျန် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ မြို့တော် အူရွန်ချီတွင် မူစလင် ဘာသာဝင် ဝီဂါလူမျိုးစု ဒေသခံများနှင့် တရုတ် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂ဝဝ၉ ဇူလိုင် ၅ ရက်နေ့က အဓိကရုဏ်း ဖြစ်ပွားနေပုံ ဖြစ်ပါသည်။ ၎င်းအဓိကရုဏ်းတွင် လူ ၁၄ဝ သေဆုံးခဲ့ရကြောင်း တရုတ်အစိုးရက ကြေညာသည်။ (Photo: AFP)

တရုတ်နိုင်ငံသား ဝီဂါမူစလင် ၁၈ ဦးကို တန်းစီပြီး လက်ထိပ်ခတ် ခေါ်ဆောင်လာပုံနဲ့ တရုတ်မြန်မာ နယ်စပ်တံတားတခုပေါ်မှာ UWSA ဝတ်စုံနဲ့ တပ်သားတွေက တရုတ်အရာရှိတွေ လက်ထဲ အပ်နှံနေတဲ့ ဓာတ်ပုံတွေကို အဲဒီ တရုတ်အင်တာနက်သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို တရုတ်အာဏာပိုင်တွေလက်ထဲ အပ်နှံခံရတဲ့ ဝီဂါမူစလင် ၁၈ ဦးဟာ နိုင်ငံရေးနဲ့ ပတ်သက်ခြင်း ရှိ မရှိကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး ၊

ဒီသတင်းနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိကြောင်း တရုတ်မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလိုမှတ်ချက်ပေး ပြောဆိုပါတယ်။

ဦးအောင်ကျော်ဇော။ ။ 'ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ယနေ့ တရုတ်ပြည်က တောင်းဆိုမှုတွေ ရှိတဲ့အခါမှာ တရုတ်ပြည်ရဲ့တောင်းဆိုမှုကို လိုက်လျောရမဲ့ ကိစ္စတွေ အများကြီး ရှိနေတယ်လေ၊ အခြေအနေက။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်နဲ့ ဆက်ဆံရေးကလည်း ကောင်းဖို့လိုတယ်၊ ဒီလိုအခြေအနေမျိုးမှာ။ နယ်စပ်ဒေသမှာ လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများက ဒီလို ကိစ္စမျိုးတွေမှာ သူတို့ ပတ်သက်မှု သိပ်မရှိတဲ့ လူတွေဆိုရင် ပြန်အပ်တာ များတာပါပဲ။'

'ဝီဂါတွေ ဝ နယ်သွားမယ်ဆိုတာ သိပ်အခက်ကြီးတော့ မဟုတ်ဖူး၊ ရောက်နိုင်တယ်။ အထူးသဖြင့် ၂ဝဝ၆ လောက်က စပြီး၊ တရုတ် မြန်မာ နယ်စပ်တလျှောက်မှာ တဖြည်းဖြည်း အောက်ရောက်လာတယ်။ ဒါပေမဲ့၊ တရုတ်အစိုးရက အထူးသဖြင့် အဲဒီ ဝီဂါကိစ္စ မဖြစ်ခင်ပေါ့၊ ၂ဝဝ၇ လောက်မှာ အဲဒီအုပ်တွေကို သူတို့ ပြန်ပြီးတော့ တရုတ်ပြည်ထဲ ပြန်သွင်းတယ်လေ။ ကျွန်တော်တို့ သိသလောက်ပေါ့ဗျာ၊ လက်နက်ကိုင် တော်လှန်ရေးသမား ဖြစ်မှာထက်ပေါ့နော်၊ ကျွန်တော်တို့ ဝီဂါတော်တော်များများကို ဒီဖက်နယ်စပ်တွေမှာ ကျွန်တော်တို့ တွေ့ရတာတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လူက များတယ်။ '

ဝီဂါမူစလင်တွေဟာ ၂ဝဝ၉ ခုနှစ် ဇူလိုင်လတုန်းက တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ်မှာ ဆန္ဒပြလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပြီး တရုတ်အစိုးရက အဆိုပါ မငြိမ်မသက်မှုကို အကြမ်းဖက် ဖြေရှင်းခဲ့ပါတယ် ။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Monday, January 25, 2010

ဒေါ်စုကို လွှတ်မည်ဆိုခြင်းမှာ တရားမဝင်ဟု အန်အယ်ဒီ ပြော

ဖနိဒါ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဟု ပြောဆိုခြင်းမှာ တရားမဝင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ယခုနှစ် နိုဝင်ဘာတွင် ပြန်လွှတ်ပေးမည်ဟု မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ ပြီးခဲ့သည့် ကြာသပတေးနေ့တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့မှုအပေါ် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။

“ပါးစပ်နဲ့ ဒီလိုပြောတာက တရားဝင်လို့ ယူဆလို့တော့ မရဘူးပေါ့။ ဥပဒေအရ အထမမြောက်ဘူးလေ။ တရားဝင် သတင်းစာ ရှင်းလင်းပွဲတို့၊ သတင်းထုတ်ပြန်ချက်တို့၊ အမိန့်တို့ ထွက်မှသာ ခိုင်မာတဲ့ အချက်လို့ ခံယူရမှာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။

ယခုလ ၂၁ ရက်နေ့၌ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ မြို့မိမြို့ဖများ၊ ကြံ့ဖွံ့များ၊ ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့တော်ခန်းမ (အားကစားခန်းမ) ၌ တွေ့ဆုံစဉ် ယင်းသို့ပြောကြောင်း ကျောက်ပန်းတောင်းမြို့ အန်အယ်ဒီ အဖွဲ့ဝင်တဦးက ပြောသည်။

အန်အယ်ဒီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလနှင့် ဒုဥက္ကဋ္ဌ ဦးတင်ဦးအား လာမည့်လတွင် လွှတ်ပေးမည်ဟု ပြောခဲ့ကြောင်း အန်အယ်ဒီ အဖွဲ့ဝင်ထံမှ သိရသည်။

“တပ်မတော်ဟာ ညစ်ပတ်တဲ့ အစိုးရ မဟုတ်ဘူး။ အာဏာမမက်ဘူး။ ဦးတင်ဦးကို အရင်လွှတ်ပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ မြို့နယ်ခန်းမမှာ ပြောတာ။ ကျနော့်ကို ဝန်ထမ်းတွေထဲက ပြောပြတာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယနေ့ထုတ် ရိုက်တာသတင်း တပုဒ်တွင်လည်း အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦးကို လာမည့်လ ၁၃ ရက်နေ့တွင် လွှတ်ပေးမည်ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်ဟု မျက်မြင်များကို ကိုးကားဖော်ပြထားသည်။

လာမည့်လ ၁၃ ရက်နေ့တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ် ပြည့်တော့မည်ဖြစ်ပြီး လွတ်မြောက်ရန် မျှော်လင့်ကြောင်း သားဖြစ်သူ ဦးသန့်ဇင်ဦး (ဥက္ကဌ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ - ဂျပန်ဌာနခွဲ) က မဇ္ဈိမကို ပြောသည်။

အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စည်းရုံးရေးခရီး လှည့်လည်စဉ် အထက်မြန်မာပြည် ဒီပဲယင်းမြို့၌ စစ်အစိုးရ လက်သပ်မွေး လူအုပ်စုကြီး၏ ရိုက်နှက်ခြင်း ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။

ဖမ်းဆီးခံရပြီးနောက် စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရကာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် ယနေ့ထိတိုင် အကျယ်ချုပ် ချခံနေရသည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ အတွင်းက အကျယ်ချုပ် ကျခံနေရသည့် ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၁ ဦးနှင့် တွေ့ဆုံခွင့်ပြုရန် စာရေးသား တောင်းဆိုခဲ့သော်လည်း ယခုထိ တွေ့ခွင့် မရသေးပေ။


(ကိုဝိုင်း တည်းဖြတ်သည်။)


source by : http://mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို သုံးခွင့်မပေးတော့


NEJ/ ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ


ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများကို ဂျာနယ်တိုက်များတွင် အသုံးပြုရန် သတင်းနှင့် ပြန်ကြားရေးဌာနက ပေးလေ့ရှိ သော်လည်း ယခုနောက်ဆုံး ဦးအောင်ကြည်နှင့် တွေ့ဆုံသည့်ပုံမှစ၍ မပေးတော့ကြောင်း ဂျာနယ်တိုက်များထံမှ စုံစမ်းသိရသည်။

ဂျာနယ် အယ်ဒီတာတဦးက “ခါတိုင်းဆို အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးတဲ့ ဓာတ်ပုံဖြစ်စေ၊ အစိုးရက တာဝန်ယူပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အန်အယ်လ်ဒီ ပါတီခေါင်းဆောင်တွေ ဆွေးနွေးပွဲ ဓာတ်ပုံမျိုးတွေကို ဖြစ်စေ၊ သတင်းနဲ့ ပြန်ကြားရေးဌာနကနေ ကျနော်တို့ ဂျာနယ်တိုက်တွေက တောင်းယူ အသုံးပြုလေ့ရှိတယ်။ ငွေတော့ နည်းနည်းပါးပါး ပေးရတာပေါ့။ ကျနော်တို့က အဲဒီပုံတွေကို သုံးရတယ်။ အခု နောက်ဆုံး ဦးအောင်ကြည်နဲ့ ဆွေးနွေးပွဲ ဓာတ်ပုံကိုကျတော့ ဘယ်တိုက်ကိုမှ မပေးတော့ဘူး။ ဘာအကြောင်းပြချက်မှတော့ မပေးဘူး။ ခါတိုင်းဆို ဒီလို သတင်းဓာတ်ပုံမျိုးကို ကျနော်တို့ ရောင်စုံပုံနဲ့ ကောင်းကောင်းမွန်မွန် ဖော်ပြခွင့်ရတယ်။ ခုတော့ ပုံနှိပ်အရည်အသွေး အရမ်းနိမ့်တဲ့ သတင်းစာထဲက ဓာတ်ပုံကို စကင်လုပ်ပြီး ဖော်ပြရတော့ ပုံတွေက မဲနေတယ်။ မကောင်းဘူး။ ဂျာနယ်တိုင်း ဒီလိုပဲ သုံးကြရတယ်။ တချို့ ဂျာနယ်တွေကတော့ ဓာတ်ပုံတောင် မထည့်တော့ဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီပါတီနှင့် အစိုးရ ထိပ်တန်းခေါင်းဆောင်တို့၏ သတင်းဓာတ်ပုံများနှင့် ပတ်သက်၍ ပြည်တွင်း ပုဂ္ဂလိက ဂျာနယ် သတင်းထောက်များ သတင်းတက်ယူခွင့် မရှိသကဲ့သို့ သတင်းဓာတ်ပုံလည်း မရကြဘဲ စစ်အစိုးရ သတင်းနှင့် ပြန်ကြားရေးဌာန ကသာ ရိုက်ကူးပြီး ဂျာနယ်များက ၎င်းတို့ထံမှ ဓာတ်ပုံအသုံးပြုခွင့် တောင်းခံကြရသည်။

သတင်းစာသားကိုမူ ဝေဖန်ချက်၊ ဖြည့်စွက်ချက် မပါစေရဘဲ သတင်းစာတို့တွင် ဖော်ပြသည့်အတိုင်းသာ ရေးသားခွင့်ရကြသည်။

ထိုမျှသာ ဖော်ပြခွင့်ရသော်လည်း ပုဂ္ဂလိက ဂျာနယ်များက ပြည်သူတို့ တွေ့မြင်ချင်သည့် အဆိုပါ သတင်း ဓာတ်ပုံမျိုးကို ဂျာနယ် မျက်နှာဖုံးတို့တွင် ပုံကြီးနှင့်ဖော်ပြခဲ့ကြသည်။

နောက်ပိုင်း စစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် အန်အယ်လ်ဒီ ပါတီ ခေါင်းဆောင်ပုံများကို မျက်နှာဖုံးတွင် ဖော်ပြခွင့်မရဘဲ အတွင်းစာမျက်နှာများ၌သာ ဖော်ပြခွင့်ရသည်။

ယခုတဖန် အတွင်းစာမျက်နှာတို့တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ရောင်စုံဓာတ်ပုံများ ဖော်ပြနေခြင်းကို စာပေစိစစ်ရေးက မနှစ်မြို့သည့်အတွက် ယခုကဲ့သို ဓာတ်ပုံသုံးခွင့် မပေးတော့ခြင်း ဖြစ်နိုင်ကြောင်း ပုဂ္ဂလိက ဂျာနယ်အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ပြောဆိုနေကြသည်။

အန်အယ်လ်ဒီပါတီ ခေါင်းဆောင်များ၏ ပုံကို မျက်နှာဖုံး၌ ဖော်ပြခဲ့၍ ပြည်တွင်းထုတ် ဂျာနယ်တစောင် ပြင်းထန်စွာ သတိပေးခံခဲ့ရဖူးသည်။


source by : http://www.khitpyaingnews.org

အပြည့်အစုံ ဖတ်ရန် ...

ရှေ့တန်းစခန်းမှ ထွက်ပြေးသူ တပ်ပြေးများအား ပစ်သတ်မှုရှိ


ပေါက်ပေါက်/ ၂၅ ဇန်န၀ါရီ ၂ဝ၁ဝ


ရှမ်းပြည်မြောက်ပိုင်း၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့ထိန်းချုပ်ရာ နယ်မြေအနီး တပ်စွဲထားသည့် နအဖ စစ်တပ်ရှေ့တန်းစခန်းများမှ စစ်သည်များ ထွက်ပြေးမှု များပြားလာနေပြီး တပ်ပြေးများအား ပစ်သတ်သည်အထိ ရှိလာနေသည်။

ယမန်နှစ် သြဂုတ်လကုန်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသ အရေးအခင်း ကာလကတည်းက ဝမြောက်ဒေသအနီး ဟိုပန်မြို့နယ်အတွင်း လာရောက်တပ်စွဲနေသည့် မိတ္တီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံတပ်များမှ စစ်သည်များ ထွက်ပြေးနေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူ တရုတ်-မြန်မာနယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “ချူးရွှေ၊ ပန်ကောက်၊ ပန်လုံ အဲဒီဘက်မှာ (၉၉) က ထိုင်နေတာ အခုထိ ပြန်မဆုတ်သေးဘူး။ (၄) လကျော် (၅) လ ပြည့်တော့မယ်။ ကိုးကန့်ထဲက တပ်မ (၃၃) လည်း အဲလောက်ရှိနေပြီ။ အမှန်ဆို စစ်ဆင်ရေး (၃) လ၊ (၄) လဆို နောက်တန်း ပြန်ရပြီ။ အခု လဲဖို့အစီစဉ် မရှိသေးဘူး။ အဲဒီကနေ အရာရှိတွေရောပါ ပြေးနေတာ။ တပ်သားတွေက (၂) ရက်ခြား၊ (၃) ရက်ခြား အဲလို ခွင့်မဲ့တပ်ပြေးဖြစ်စဉ် ဖြစ်နေတာ” ဟု ပြောသည်။

ယခုလ (၁၅) ရက်နေ့က တပ်မ (၉၉) လက်အောက်ခံ၊ ခမရ (၃၁၅) မှ တပ်သား အောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင်တို့ (၂) ဦး လက်နက်နှင့်အတူ ထွက်ပြေးခဲ့ရာတွင် ၎င်းတို့ (၂) ဦးအား နမ့်ကျွမ်းပြည်သူ့စစ်အဖွဲ့မှ ပြန်လည်ဖမ်းဆီးရမိပြီး ခမရ (၃၁၅) ထံ ပြန်လည်အပ်နှံခဲ့ပြီးနောက် ပစ်သတ်ခဲ့သည်ဟု အဆိုပါစစ်တပ်နှင့် နီးစပ်သူက ပြောသည်။

စစ်တပ်အတွင်း တပ်ပြေးမှု များပြားလာနေ၍ စစ်ကြောင်းရှိ ကျန်စစ်သည်များ အလားတူ ထွက်မပြေးရဲအောင် ရှေ့တန်း စစ်မျက်နှာများတွင် ပစ်သတ်ပြနေခြင်းဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တပ်ပြေးများလာရင် အထက်ကလည်း တပ်ရင်းမှူးတွေကို ဆူတာဆဲတာတွေ ဖြစ်မယ်။ ကျန်တဲ့ကောင်တွေ မပြေးရဲအောင် ပစ်သတ်ပြလိုက်တာဖြစ်တယ်။ တပ်ထဲမှာ ဆက်မနေချင်တော့လို့၊ တိုင်ချင်ခိုက်ချင်စိတ်မရှိတော့လို့ ကိုယ့်အိမ်ကိုယ် ပြန်ကြတာပဲ၊ ရာဇဝတ်မှု ကျူးလွန်ပြီး ထွက်ပြေးရင်တော့ တမျိုးပေါ့ဗျာ။ အခုလို ကိုယ့်ရဲ့ရဲဘော်ကို ပစ်သတ်တာကျတော့ ကြေးစားစစ်တပ်တွေ ရဲ့ မကောင်းတဲ့ အလေ့အကျင့် ဖြစ်တယ်” ဟု ပြောသည်။

၂ဝဝ၈ ခုနှစ် ဒုတိယ လေးလပတ်အတွင်း မြန်မာတနိုင်ငံလုံးရှိ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်းများမှ စစ်သည်အင်အား (၃,ဝဝဝ) ကျော် ထွက်ပြေးသကဲ့သို့ ဆက်သွယ်ရေးတပ်ရင်း၊ အမြောက်တပ်ရင်းစသည့် အကူလက်ရုံး တပ်ရင်းများမှ (၂,ဝဝဝ) ကျော် ထွက်ပြေးခဲ့သည်ဟု နအဖ၏ (၄) လပတ်အစည်းဝေး လျှို့ဝှက်မှတ်တမ်းများအရ သိရသည်။

တပ်ပြေး များပြားရခြင်းမှာ အထက်နှင့်အောက် ကွာခြားမှုကြီးမားခြင်း၊ အောက်ခြေရဲဘော်များမှာ ဆင်းရဲကျပ်တည်းခြင်းနှင့် တိုက်ချင်ခိုက်ချင်စိတ် နည်းပါးလာမှုကြောင့် အဓိကဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “စစ်တိုက်ချင်လို့ စစ်ထဲဝင်လာတာမှ မဟုတ်ဘဲ။ ဆင်းရဲကျပ်တည်းလို့၊ ရောင်းစားလို့ ရောက်လာတဲ့သူလည်း ရှိတယ်။ လမ်းဘေးကနေ ဆွဲလို့ ပါလာတဲ့သူလည်း ရှိတယ်။ တိုက်ချင်ခိုက်ချင်စိတ်က ဘယ်ခေတ်ကနဲ့ မတူအောင် အရမ်းနည်းလာတယ်။ ကိုးကန့်အရေးခင်း ကာလ တုန်းကပဲကြည့်၊ ရဲတွေ သေနေတဲ့ပုံတွေ အစိုးရက ထုတ်ပြတော့ အတော်ရှောခ့်ဖြစ်သွားတယ်။ ကိုးကန့်ရှေ့တန်းမှာပဲ လူ (၃ဝ) လောက် သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ ကေအိုင်အေ စခန်းနဲ့ ရင်ဆိုင်ထားတဲ့ ခလရ (၃၇) ရှေ့တန်းစခန်းက တပ်စိတ် (၂) စိတ်လည်း သေနတ်တွေထားပြီး ထွက်ပြေးခဲ့တယ်။ တိုက်ချင်ခိုက်ချင်စိတ် မရှိရတဲ့အထဲ အဲလို သေတာကျေတာတွေ့ရတော့ ကြောက်လန့် ထွက်ပြေးကုန်တယ်” ဟု ပြောသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 24, 2010

တပ်တွင်း ပြောင်းလဲလာတော့မည်ဟု ပြော

Monday, 25 January 2010 10:03 ဗထူး

စစ်အစိုးရအနေဖြင့် တပ်တွင်းပြောင်းလဲမှု အကြီးမားဆုံး လုပ်ရတော့မည်ဟု စစ်အရာရှိတဦးက ပြောသည်။

“၂၀၀၈ ပြီးပြီ၊ ကျနော်တို့အနေနဲ့ လေးလပတ်မှာ ဘာဖြစ်လာမလဲတော့ ကြည့်နေတာပါ။ အပြောင်းအလဲ ကြီးမယ်။ နားမှာလား ဆိုတဲ့ ကိစ္စတွေပါ၊ ပုံမှန်အားဖြင့် လေးလပတ်မှာ အဖြေထွက်ရမယ်၊ အလယ်အလတ်တွေဆိုတော့ ပြောရတာ ခက်တယ်၊ အရပ်ဖက် ရောက်မလားတော့ မသိသေးဘူး” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်ချိန် တပ်တွင်း ပြင်ဆင်မှုများကို တပ်တွင်းအရာရှိများလည်း စိတ်ဝင်စားလျှက်ရှိသည်။

“အပေါ်က အဘတို့တောင် သိဖို့ခက်တာနဲ့ ကျနော်တို့လို အဆင့်တွေ သိဖို့ခက်ခဲ့တယ်၊ ဒါပေမဲ့ တခုတော့ ပြောနိုင်တယ်၊ တပ်ပြောင်းလဲ ရတော့မယ်၊ တပ်ချုပ်ကအစ သူတို့ဂတိအတိုင်း နားပေါ့ဗျာ” ဟု ဆက်လက်ပြောသည်။

စစ်အစိုးရအနေဖြင့် အတည်ပြုခဲ့သည့် ၂၀၀၈ ဥပဒေအရ အသက်ပြည့်ပြီးသူအားလုံး နားရမည်ဟု သတ်မှတ်ထားသည့်အတွက် နားမလား စောင့်ကြည့်နေကြောင်း ပြောသွားခဲ့သည်။

လာမည့် ရွေးကောက်ပွဲကို ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် တပ်မတော် စည်းရုံးရေးကော်မတီက ဦးစီးကျင်းပသွားမည် ဖြစ်ကြောင်း တပ်မတော်အရာရှိ တဦးက ပြောသည်။


source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလမှာ လွှတ်ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ပြောကြား

2010-01-24 ( RFA )


ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ် နိုဝင်ဘာလအတွင်း နေအိမ်အကျယ်ချုပ်က လွှတ်ပေးမယ်လို့ မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ အာအက်အေက စုံစမ်းသိရပါတယ်။


မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၂ဝဝ၈ ခုနှစ် ဇွန်လက နေပြည်တော်တွင် ပြုလုပ်သည့် အခမ်းအနားတခု၌ မိန့်ခွန်းပြောနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မကြာသေးခင် ရက်ပိုင်းက ဗိုလ်ချုပ်မောင်ဦး မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ခံတွေနဲ့ တွေ့ဆုံစကားပြောရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချူပ်ကြီးဟောင်း ဦးတင်ဦးတို့ကို အခုနှစ်ထဲမှာ ပြန်လည် လွှတ်ပေးမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ကြောင်း မြို့ခံတဦးက အာအက်ဖ်အေကို ပြောပါတယ်၊၊

ကျောက်ပန်းတောင်းမြို့ခံ။ ။'အဲဒီမှာ တွေ့ဆုံပွဲ လုပ်သွားတယ်။ လုပ်သွားတော့ သူက ကျနော်တို့ တပ်မတော်အစိုးရ ဟာတဲ့ ညစ်ပတ်တဲ့အစိုးရ မဟုတ်ဘူး၊ အာဏာကို မက်တဲ့ အစိုးရ မဟုတ်ပါဘူးပေါ့။ အဲဒီလိုမျိုး သူက သြဝါဒ ပေးသွားတယ်။ ဗိုလ်ချုပ်မောင်ဦးကိုယ်တိုင်။ အခုတဲ့ ဒီထဲမှာ အဲင်အယ်လ်ဒီက လူတွေလည်း ပါကောင်းပါမယ်၊ အဲင်အယ်လ်ဒီ ထောက်ခံတဲ့လူလည်း ပါကောင်းပါမယ်၊ နားထောင်သွားကြပါတဲ့။ အဲဒီတော့တဲ့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို၊ ဦးတင်ဦးကို အရင် လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်းပဲ ကျနော်တို့ လွှတ်ပါမယ်ပေါ့။ သူပြောတဲ့ စကားလုံးထဲမှာ နိုဝင်ဘာလ လောက်မှာ လွှတ်လိမ့်မယ်ဆိုတဲ့ ပုံစံမျိုး သူက ပြောသွားတယ်'

ဗိုလ်ချုပ်မောင်ဦးဟာ ကျောက်ပန်းတောင်းမြို့ကို ဇန်နဝါရီလ ၂ဝ-၂၁ ရက်နေ့က လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ကျောက်ပန်းတောင်းမြို့က မြို့မိမြို့ဖတွေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်းဝင်တွေ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်၊၊

နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဦးတင်ဦးကို ဒေါ်အောင်ဆန်းစုကြည် မတိုင်ခင် အရင်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် လွှတ်ပေးမယ့် လပိုင်း အတိအကျကိုတော့ ထုတ်ဖော် ပြောဆိုခဲ့တာ မရှိဘူးလို့ သိရပါတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမယ်လို့ ဝန်ကြီးကိုယ်တိုင် ပြောဆိုသွားတဲ့ သတင်းကို ကျောက်ပန်းတောင်းမြို့မှာ စိတ်ဝင်တစား ပြောဆိုမှုတွေ အတော်များတယ်လို့ စောစောက မြို့ခံက ပြောပါတယ်၊၊

ကျောက်ပန်းတောင်းမြို့ခံ။ ။'ဝန်ကြီးကိုယ်တိုင် ပြောသွားတယ်ဆိုတော့ အားလုံးက ဝမ်းသာအားရပေါ့။ ‘ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်လို့ ပြောတယ်၊ ဦးတင်ဦးလည်း ပါတယ်လို့ပြောတယ်’။ အဲလိုမျိုးနဲ့ မြို့ကို ပြန့်သွားတာပေါ့လေ'

ဗိုလ်ချုပ်မောင်ဦးဟာ ပြီးခဲ့တဲ့ သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်အမှု စီရင်ရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ကန့်သတ်မိန့်တွေကို တရားရုံးမှာ ကိုယ်တိုင် လာရောက် ဖတ်ကြားခဲ့တဲ့ စစ်အစိုးရ အဆင့်မြင့်အရာရှိတဦး ဖြစ်ပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဖာပွန်ဗုံးဖောက်မှုကို နအဖ၏ လက်ချက်ဟု နအဖစစ်ပြေးမှ ထုတ်ဖော်ပြောဆို


ဒီဇင်ဘာလ ၁၆ရက်နေ့က ဖြစ်ပွားခဲ့သည့် ဖာပွန် ကရင့်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်မှုကို နယ်မြေခံ နအဖစစ်တပ်၏ လက်ချက်ဖြစ်သည်ဟု မကြာသေးမှီက ထွက်ပြေးရောက်ရှိလာသည့် နအဖစစ်ပြေးများက ပြောဆိုသည်။

၎င်းတို့ပြောဆိုချက်အရ အဆိုပါ ဗုံးခွဲရန်အတွက် နေပြည်တော်မှ စေခိုင်းခြင်း ဖြစ်ပြီး ဖာပွန်အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးကိုင်တိုင် ကြီးကြပ်ကာ နယ်မြေခံ နအဖစစ်ထောက်လှန်းရေးနှင့် စစ်ဗျူဟာ လက်အောက်ခံ တပ်ရင်းများမှ ဖောက်ခွဲရေး ကျွမ်းကျင်သူများက အကောင်အထည်ဆောင်ရွက်ခြင်း ဖြစ်သည်။

မကြာသေးမှီက ထွက်ပြေးရောက်ရှိလာသည့် ဖာပွန်အခြေစိုက် အမှတ်၁စစ်ဗျူဟာ လက်အောက်ခံတပ်ရင်း၊ တပ်ခွဲ ၂မှ တပ်သားမောင်စိုး(အမည်ရင်းမဟုတ်)၏ ပြောဆိုချက်အရ ကေအဲန်ယူအပေါ် အများပြည်သူများ အထင်အမြင် လွဲလာစေရန်အတွက် အထက်မှ ညွန်ကြားထားခြင်းဖြစ်ကြောင်း၊ ၄င်း၏ တပ်ခွဲမှူးလည်း အသေးစိတ် လုပ်ငန်းစဉ်တွင် ပါဝင်လုပ်ကိုင်ရသဖြင့် ထိုကဲ့သို့ အသေးစိတ်ကို သိရှိရခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်ပွားသည့် ညတွင် မိမိတို့ တပ်ခွဲအပါအ၀င် အခြားတပ်ခွဲများနှင့်အတူ လုံခြုံရေး ထူထပ်စွာ ချထားကြောင်း ပြောဆိုသည်။

ထို့သို့ လုံခြုံရေး ထူထူထပ်ထပ် ချထားမှုများကြောင့် ကေအဲန်ယူ ဘယ်လိုမှ ၀င်ရောက်နိုင်သည့် နေရာမဟုတ်ကြောင်း၊ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း၊ ပေါက်ကွဲသည့် ဗုံးအစအနကို ပြန်စစ်ပါက ၄င်းတို့စစ်တပ်၏ ဗုံးဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အဖြေထွက်နိုင်ကြောင်း ပြောဆိုသွားသည်။

အဆိုပါ ထွက်ပြေးရောက်ရှိလာသည့် နအဖစစ်ပြေးသည် စစ်သက်တမ်း ၂နှစ်ရှိပြီး ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် အဆိုပါဗုံးဖောက်မှု အသေးစိတ် လုပ်ငန်းစဉ်အတွက် ၄င်းတို့၏ မဟာမိတ်ဖြစ်သည့် ဖာပွန်အခြေစိုက် ဒီကေဘီအေ ၃၃၃တပ်မဟာ ကဆောဝါးတပ်ရင်းထံ သတင်းမပေါက်ကြားစေရန် လျှို့ဝှက်စွာ ကိုင်တွယ် လုပ်ဆောင်ထားကြောင်း၊ ဒီကေဘီအေကို နယ်မြေခံ နအဖတပ်ဗိုလ်တွေက ယုံကြည်မှုနည်း ကြောင်းကိုလည်း ထပ်မံ ပြောဆိုသွားပါသည်။


သတင်း-ဖာပွန်သား
ကရင်ယူနိုက်တက်မှ

အပြည့်အစုံ ဖတ်ရန် ...