Showing posts with label ကြေညာချက်. Show all posts
Showing posts with label ကြေညာချက်. Show all posts

Sunday, January 22, 2012

အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်း

(AAPP) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာ)က ထုတ်ပြန်လိုက်တဲ့ လက်ရှိ အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့
နိုင်ငံရေး အကျဉ်းသား ၄၁၁ ဦး စာရင်း။


source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

Saturday, January 14, 2012

အေအေပီပီ မှ စုဆောင်း ရရှိသမျှ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ စာရင်း

လွတ်မြောက် လာသော နိုင်ငံရေး အကျဉ်းသားများ စာရင်း

(ဇန္န၀ါရီ ၁၄ နံနက် အထိ စုဆောင်း ရရှိသမျှ)

Open publication - Free publishing

source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 12, 2012

ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်ပြိုင်မည့်​ ကိုယ်စား​လှယ်​လောင်း​များ​စာရင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ​ကြေညာ


source by :http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

Friday, November 18, 2011

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှတ်ပုံတင်ရန် နှင့် ရွေးကောက်ပွဲဝင်ရောက်ရန် ဆုံးဖြတ်ချက် ချမှတ်ခြင်း အပေါ် ကျောင်းသားတပ်မတော်၏ အမြင်သဘောထား

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဌာနချုပ်) အထူးကြေညာချက် အမှတ် - ၁/၁၁/ ၁၁

အပြည့်အစုံ ဖတ်ရန် ...

Saturday, June 18, 2011

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ သဘောထားထုတ်ပြန်ချက်




source by : http://jinghpawkasa.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, June 16, 2011

မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်များထံသို့ KIA တပ်မတော်မှ အသိပေး ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 17, 2011

နအဖ ဆိုက်ဘာဟက်ကာတွေရဲ့ ကောက်ကျစ်ယုတ်မာမှုကို အထူးသတိထားကြပါရန်... အသိပေးကြေငြာခြင်း.... (ဗိုလ်မှုးစိုင်းသိန်းဝင်း)

Online မိတ်ဆွေများခင်ဗျာ..

ကျနော့် facebook account နှင့် gmail account များကို password ခိုးယူခြင်း၊ အချက်အလက်များကို ခိုးယူခြင်းခံနေရပါသည်။ ထိုသို့ ခိုးယူသွားသော သူတို့က ရရှိသွားသော အချက်အလက်များကို အသုံးချ၍ ကျနော့်ကို သတင်းပေးအဖြစ် အကြပ်ကိုင်စေခိုင်းရန်ပင် ကြိုးစားလာပါသည်။ အလိုက်အထိုက်ပြောဆို၍ သိလာရသောအချက်မှာ ထိုသူတို့သည် Blink Hacker Group အဖွဲ့ဝင်တစ်ဦး ရောက်ရှိနေထိုင်နေသော တိုင်းပြည်နှင့် သူ၏ အလုပ်အကိုင်ကို သိလိုသည်ဟု ဆိုပါသည်။ ရန်သူနှင့် အပေးအယူလုပ်ရန် အစီအစဉ်မရှိသောကြောင့် ထိုအကြောင်းကို သိရလျှင်သိရခြင်း Blink Hacker Group အား ကျနော်ဆက်သွယ်သတိပေးခဲ့ပါသည်။ BHG မှ ညီငယ်နှင့် တိုင်ပင်ဆွေးနွေးရာ ကျနော့်အား တိုက်ခိုက်နေသူသည် ပြည်တွင်းမှ IT သမားတစ်ဦးဖြစ်ကြောင်း သိရသည်။ ၄င်းအပြင် ထိုသူသည် ကိုယ့်ကိုယ်ကို ရုရှားရောက် အရာရှိ တစ်ဦးသဖွယ် ပြောဆို သုံးနှူန်းခဲ့သော်လည်း mpt serverမှ online တက် နေခြင်းသာ ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိရပါသည်။

ပြည်ပအတိုက်အခံ အဖွဲ့အစည်းများသို့ အတင်းအဖျင်း email များပေးပို့ခြင်း၊ အထူးသဖြင့် ကျနော့် Email မှ ရရှိသွားသော ဗိုလ်ရဲထက်၏ ဖုန်းနံပါတ်ကို အသုံးချ၍ Patriotic War Veterans of Burma (PWVB) အဖွဲ့သို့ ဗိုလ်ရဲထက် အယောင်ဆောင် ဝါဒဖြန့် သွေးခွဲစာ ပေးပို့ခြင်းများကိုလည်း ပြည်တွင်းမှပင် စနစ်တကျ စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျနော်သည် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတွက် နအဖနှင့် နအဖအလိုတော်ရိများကို မပြေသည့် ရန်ငြိုးဖွဲ့ခဲ့ပါသည်။ ကျနော်ပြည်ပသို့ တိမ်းရှောင်လာကာစတွင် ထိုင်းနိုင်ငံအထိ နအဖသူလျှိုတို့ လိုက်လံ ထောက်လှမ်းခဲ့ကြောင်း မိတ်ဆွေအဖွဲ့အစည်း၏ တန်ပြန်ထောက်လှမ်းချက်အရ သိရသည်။

ထိုနအဖသူလျှိုတို့၏ အစီရင်ခံစာပင် ကျနော့်လက်ဝယ်ရှိနေသေးသည်။ ကံကောင်းထောက်မသဖြင့် နအဖသူလျှိုတို့လက်မှ ကျနော် လူပုဂ္ဂိုလ်အားဖြင့် လွတ်မြောက်ခဲ့သော်လည်း အတိုက်အခံပုဂ္ဂိုလ်များ၏ ထောက်ခံအားပေးမှု၊ ပြည်ပမီဒီယာများမှ မကြာခဏ တွေ့ဆုံမေးမြန်းမှုတို့ကြောင့် တီဗီ၊ ရေဒီယိုနှင့် အင်တာနက် စာမျက်နှာများ၌ မကြာမကြာ ဖော်ပြခြင်းခံရသည့် ကျနော့်အမည်သည် နအဖအလိုတော်ရိတို့အတွက် မျက်စိစပါးမွှေးစူးစရာ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပြန်ပါသည်။ ယခုကျနော့် facebook account နှင့် gmail ထံမှ ခိုးယူရရှိသွားသော (မိတ်ဆွေ အပေါင်းအသင်းများစွာနှင့် တစ်နှစ်တာ ကာလပတ်လုံး ခင်မင်ရင်းနှီးစွာ ပြောဆိုခဲ့သောစကားများ) အချက်အလက်များသည် နအဖ အလိုတော်ရိတို့ ရည်မှန်းချက် အောင်မြင်ရန်အတွက် တစိတ်တပိုင်း အထောက်အကူဖြစ်စေမည်မှာ သံသယ ရှိစရာမလိုသော်လည်း ထို့အတွက် ကျနော့်အနေဖြင့် စိုးစဉ်းမျှ ပူပန်ခြင်း မဖြစ်ပါ။ လူပဲသေသေ၊ နာမည်ပဲသေသေ သမိုင်းမှာ ကျနော် နှစ်ဖက်ချွန်သူလျှိုတစ်ဦး အဖြစ်မခံခဲ့ကြောင်း သက်သေပြဖို့သာ လိုရင်းဖြစ်သည်။

ကျနော်သည် ကိုယ့်ယုံကြည်ချက်၊ ခံယူချက်အတွက် ကိုယ်ပိုင်အရာအားလုံးအား ရင်းနှီးရဲပေမယ့် ငဲ့ညှာ ထောက်ထားရမည့် သူများလည်း ရှိနေပြန်သည်။ အားလုံးသိကြသည့်အတိုင်း မြန်မာပြည်တွင်းမှ အင်တာနက် အသုံးပြုသူများမှာ အီလက်ထရောနစ်အက်ဥပဒေ၏ ခြိမ်းခြောက်မှုကိုလည်း တချိန်တည်းလိုလို ရင်ဆိုင်နေရပါသည်။ သာဓကမှာ ကျနော့် gmail account ကို မတ်လ ၃၁ ရက်နေ့တွင် ခိုးယူခြင်းခံခဲ့ရပြီးနောက် ဧပြီလ ၂ ရက်နေ့မှာပင် ပြည်တွင်းမှ မိတ်ဆွေသူငယ်ချင်းတစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရပါသည်။ ထို့နည်းတူပင် ကျနော့် gmail account ထဲရှိ contact မိတ်ဆွေများကိုလည်း လိုက်လံတိုက်ခိုက်နေပါသည်။ ကျနော့်အမှတ်ဖြင့်လက်ခံစကားပြောလျှင်ပင် ထိုလူမှ valid code ရရှိသွားပြီး မိတ်ဆွေတို့၏ gmail ကို ခိုးယူရရှိသွားနိုင်သည်ဟု သိရပါသည်။ မိတ်ဆွေ သုံးဦးထက်မနည်း password ပြောင်းလိုက်ရသည်ဟု သိရှိရပြီး တချို့မှာ ၄င်းတို့၏ gmail account များပင် ဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။ ကျနော့်ထံသို့ အနယ်နယ်အရပ်ရပ်မှ ဆက်သွယ်လာသူများ များပြားလာသည်နှင့်အမျှ ကျနော့် facebook account မှာလည်း ရန်သူ့ ထောက်လှမ်းရေးသမားများအတွက် သတင်းအချက်အလက်စုဝေးရာ ဘဏ်တိုက်တစ်ခုဖြစ်လာပါသည်။ ယခု ထိုဘဏ်တိုက်ကြီး၏ လုံခြုံရေးကို ကျနော့်ညံ့ဖျင်းမှုကြောင့် မထိန်းသိမ်းနိုင်တော့ပါ။ ကိုယ်ကိုယ်တိုင်က ရန်သူ့ သတင်းပေးအဖြစ်မခံခဲ့သော်လည်း လုံခြုံမှုမရှိသော ကျနော့်၏ facebook account မှာ အလိုလိုနေရင်း ရန်သူ့ သတင်းပေးဖြစ်နေပါပြီ။ ထို့ကြောင့် ကျနော်ယခု အသုံးပြုနေသော facebook account အား terminate လုပ်ရတော့မည်ဖြစ်ကြောင်း မိတ်ဆွေအပေါင်းအား အသိပေးကြေငြာအပ်ပါသည်။

နအဖလောက်ကောင် သူလျှိုတွေရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို အားလုံးသတိရှိကြစေလိုပါတယ်..။ ကျွန်တော့် အီးမေးလ်ထဲလည်း (PWVB)အကြောင်း ဆိုပြီး ထိုင်းနိုင်ငံက ဖုန်းနံပါတ်နဲ့ သတင်းမှားတွေ ရေးပြီး ပို့လာပါတယ်။

ပြည်တွင်း ပြည်ပ အတိုက်အခံ မိတ်ဆွေများ အားလုံး တော်လှန်ရေးသတိရှိကြဖို့နဲ့ Password တွေကို အမြဲ ပြောင်းလဲ သုံးစွဲကြဖို့ သတိပေးအပ်ပါတယ်...။


ခင်မင်လေးစားစွာဖြင့်…

စိုင်းသိန်းဝင်း (၁၇.၅.၂၀၁၁)

source by : http://www.facebook.com/notes/စိုင်း-သိန်းဝင်း/အသိပေးကြေငြာခြင်း

အပြည့်အစုံ ဖတ်ရန် ...

Sunday, March 13, 2011

၂၃ နှစ်မြောက် ဘုန်းမော်နေ့ ကျောင်းသားတပ်မတော်၏ ကြေညာချက်




source by : http://www.absdf8888.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 9, 2011

NLD Statement

ကလစ်နှိပ်၍ အကြီးကြည့်ပါ။


copy @ http://www.deyea.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 7, 2010

မသမာသော ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်တင်ပြချက် (ပြည်တွင်းမှ ကြေငြာချက်)

အပြည့်အစုံ ဖတ်ရန် ...

Tuesday, November 30, 2010

ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု (ဗဒတ) ကြေငြာချက် ၄/၂၀၁၀



အင်တာဗျူး အတွက် ဆက်သွယ်ရန် ဖုန်းနံပါတ်

ကိုရန်နိုင်
အတွင်းရေးမှူး
ဗမာနိုင်ငံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများ တပ်ပေါင်းစု(ဗဒတ)
+95948836757

မင်းသွေးသစ်
၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ
+95948836


အပြည့်အစုံ ဖတ်ရန် ...

Monday, November 8, 2010

မြ၀တီ က ဒုက္ခ တော

Photobucket











ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း ( PVA ) သည် မနက် ၈ နာရီ မှ စတင်ပြီး မြန်မာပြည်ဘက်ခြမ်းမှ ထွက်ပြေးရောက်ရှိလာသော စစ်ပြေးပြည်သူလူထုများ
ကို ထိုင်းအာဏာပိုင်များနှင့်ညှိနှိုင်းပြီး ကူညီမှုများ ပြုလုပ်ပေးနေပါသည်။

စစ်ပြေး ပြည်သူလူထုထံ တိုက်ရိုက် လှူဒါဏ်းမှုများ ဆောင်ရွက်ပေးနေပါသည်။
ရေ၊ ထမင်း၊ မားမားထုတ်များ အလွန်လိုအပ်လျှက် ရှိနေပါသည်။ ပြည်တွင်း ပြည်ပမှ ပြည်သူ့အရေးကို တကယ် ထိရောက်စွာ လုပ်လိုသူများ ဆက်သွယ် လှူဒါဏ်းနိုင်ပါသည်။

ဆက်သွယ်လှူဒါဏ်းရန်- ကိုသိမ်းဆန်း

ဘဏ် အကောင့် - KYAW TAYZA


အကောင့်နံပါတ်
- 6040 2062 33


ဘဏ်
- KRUNG THAI BANK

MAE SOT BRANCH
THAILAND


MONEY GEM


အကောင့်နာမည်- KYAW THIHA (ဖုန်းနံပါတ်- 0875716209)

ကျော်ကျော် (ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း)


KYAW TAYZA (ဖုန်းနံပါတ် - 0872027932)

ကိုသိမ်းဆန်း (ပြည်သူ့စေတနာ့ဝန်ထမ်းအသင်း)


ဘဏ်တူဘဏ်နှင့်လွှဲလျှင် ၃ ရက်ခန့်ကြာပါသည်။


ထို့ကြောင့် မန်နီဂရမ်၊ ဝဲစတမ်းယူနီယမ်နှင့်လွှဲအပ်ပြီး အထပ်ပါ ဖုန်းနံပါတ်များနှင့်
မလေးရှားမှ ကျနော့် မိတ်ဆွေများ နှင့် အခြားသော Co2zenith ရဲ့ OnLine ရောင်းရင်းများ လှူဒါဏ်းလိုပါက

ဖုန်း + 60162914482
(May Bank 1070 1413 8682) သို့ ဆက်သွယ်ပေးပါရန် အကူညီ တောင်းခံအပ်ပါသည်။

www.pvamas.blogspot.com

http://co2zenith.blogspot.com/

အပြည့်အစုံ ဖတ်ရန် ...

တပ်လှန့် နှိုးဆော်ချက်

အပြည့်အစုံ ဖတ်ရန် ...

မြဝတီမြို့တွင်း တိုက်ပွဲ နဲ့ ပက်သက်ပြီး အရေးပေါ်ကူညီပေးရန် နှိုးဆော်ချက်

အပြည့်အစုံ ဖတ်ရန် ...

Saturday, November 6, 2010

၈၈ မျိုးဆက် ကျောင်းသားများ (ပြည်ပ) ၏ ပြည်သူသို့ ပန်ကြားလွှာ

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 31, 2010

မကဒတ(ကျောင်းသားတပ်မတော်) တည်ထောင်ခြင်း ၂၂ နှစ်မြောက်နေ့ ထုတ်ပြန်ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 27, 2010

နိုင်ငံတကာမြန်မာအမျိုးသားကွန်ဂရက်ဖောင်ဒေးရှင်း(IFB NC)၏ ထုတ်ပြန်ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 26, 2010

အမေရိကန်နိုင်ငံတဝှမ်း နိုးဆော်ချက်

အပြည့်အစုံ ဖတ်ရန် ...

Monday, October 25, 2010

ဒီနေရာတွေမှာ လှူဒါန်းပါ



source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...