Saturday, October 16, 2010

အမှတ်တရ

သေခြင်းဟာ သေမင်းအလုပ်
ကိုယ့်အလုပ် မဟုတ်ဖူး...၊
ရှင်တာကိုပါ ခေါင်းထဲကထုတ်
ကိုယ့်အလုပ်က ကိုယ်လုပ်စရာရှိတာ
လုပ်နေဖို့...။

မင်းကိုနိုင်

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ သပိတ်ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်


အပြည့်အစုံ ဖတ်ရန် ...

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၏ ယခင် နှင့် ယခု စင်္ကာပူအတွေ့အကြုံများ (၁)

VOA| စင်္ကာပူနိုင်ငံမှာ အောင်မြင်စွာ မျက်စေ့ခွဲစိပ်ကုသမှုခံယူခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးဟာ အောက်တိုဘာလ(၁၂)ရက်နေ့က ရန်ကုန်မြို့ကို ပြန်ပြီး ရောက်ရှိလာခဲ့ပါတယ်။ စစ်မှု ထမ်းဘ၀မှာ စစ်ရေးတာဝန်တွေနဲ့ စင်္ကာပူကို ရောက်ရှိခဲ့စဉ်က စစ်ရေးလေ့ကျင့်မှုနဲ့ဆက်စပ်နေတဲ့ စစ်ရေးနိုင်ငံရေး အတွေ့အကြုံ တွေကို ဦးတင်ဦးက ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ အန်ကယ်ဦးတင်ဦး ခင်ဗျာ၊ ကျနော်တို့ ၀မ်းသာပါတယ်။ သတင်းတွေမှာ အန်ကယ်ရဲ့ မျက်စေ့ ဆေးကုသမှုဟာ အပြည့်အ၀ အောင်မြင်ပြီးတော့၊ အန်ကယ်ဟာ အခုဆိုရင် မိတ်ဟောင်း၊ ဆွေဟောင်းတွေက အစ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ပြန်မြင်ရတယ်။ နောက် စင်္ကာပူမှာလည်း ၀ိုင်းဝန်းပြီးတော့ အန်ကယ့်အပေါ်မှာ မေတ္တာ စေတနာနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ထားရှိတဲ့ ဂါရ၀ ကိုလည်း ၀မ်းသာပါတယ် အန်ကယ်။ အခု အန်ကယ်နဲ့ မေးရင်းပြောရင်းနဲ့ပဲ ကျနော် ပြောသွားလိုက်တော့မယ် နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။

ဦးရော်နီညိမ်း ။ ။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမှာ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးရဲ့ (၄၁) မျက်နှာစာတမ်းမှာ သူ ရေးသားခဲ့တယ်။ သူလည်း ဂျပန်စစ်လျှော်ကြေး စစ်မစ်ရှင် အဖွဲ့တွေနဲ့ နိုင်ငံခြားခရီး သွားဖူးတာပဲ။ သို့သော်လည်း သူ အကြာကြီး နိုင်ငံခြား မသွားဖြစ်ဘဲနဲ့ မသွားနိုင်ဘဲနဲ့၊ ၁၉၈၈ နီးတော့မှ သူ သွားခွင့်ရလို့ သွားတဲ့အခါမှာ သြစတြေလျကို သွားတာ။ သွားတဲ့အခါမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဒွန်မောင်းလေဆိပ်ကို ရောက်ရုံနဲ့တင် မျက်ရည်ဝဲခဲ့ရတယ်ပေါ့။ သူများ တိုင်းပြည် တိုးတက်ကြီးပွားနေတာကြည့်ပြီးတော့ သူက အဲဒီလို ခံစားခဲ့ရဖူးပါတယ် ဆိုပြီးတော့ သူ ရေးသွားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှ သူ့ရဲ့နိုင်ငံရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ဖြစ်တာက တပိုင်းပေါ့ နော်။ တလောလေးကပဲ “နိုင်ငံတော် ငြိမ်ဝတ်ပိပြားမှုတည်ဆောက်ရေး ကော်မတီ” အဖွဲ့ဝင် အဖြစ်ကနေ အနားယူသွားတဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးထွန်းကြည်ကလည်း သူရေးခဲ့တဲ့ စာအုပ်ထွက်လာတဲ့ အခါမှာ၊ သူလည်း တပ်မှူးငယ်ဘ၀မှာ အမေရိကားကို သွားပြီး သင်တန်းတက်တဲ့အခါကျတော့ သူ့စိတ်ထဲမှာ ဒွန်မောင်းလေဆိပ် ကိုရောက်တဲ့အခါ မှာ ထိုင်းနိုင်ငံက ဒွန်မောင်း လေဆိပ်ဟာ ငါတို့ ရန်ကုန်က မင်္ဂလာဒုံလေဆိပ်လောက်တောင် မသားနားဘူး၊ ဒို့က သာတယ် ဆိုတာမျိုး သူခံစားမိတဲ့ အကြောင်း သူရေးခဲ့တယ်ပေါ့။ ဒီလိုဆိုတော့ အန်ကယ်ရော စင်္ကာပူလေဆိပ်ကို စရောက်ပြီး စင်္ကာပူနိုင်ငံကို မြင်လိုက်တဲ့အခါမှာ အန်ကယ် စတင်ပြီး ဘယ်လိုခံစားရပါသလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ ဘယ်လိုခံစားရသလဲဆိုတော့ MRTV တို့ ဘာတို့မှာ တလောတုန်းက လေယဉ်ကွင်းကြီး ပြီးသွားတာကို ခမ်းနားကြီးကျယ်ပုံတွေ၊ လုပ်ငန်းတွေ ဘယ်လို အထွေ ထွေ များပုံတွေ၊ ဆန်းကျယ်ပုံတွေ စသည်ဖြင့် သီချင်းဆိုပြီး ပြတော၊့ ကျနော်တို့ကလည်း ဒီမှာ အပြင်လည်း မရောက်တော့ကာ၊ ဒီမှာ ရှိနေတဲ့ ထပ်မံပြီး မွမ်းမံချယ်သထားတဲ့ မင်္ဂလာ ဒုံလေဆိပ်ကြီးဟာ တော်တော်ပဲ ကြီးကျယ်ခမ်းနားပြီးတော့ ဖြစ်နေပါပြီလား ဆိုပြီးတော့၊ ဪ ဒါ ပြည်သူပြည်သားတွေအတွက် သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကိုင်ပေးလိုက် တာပဲ၊ တောတော်ကြီးက်ျပါလားလို့ ထင်လိုက်တာပေါ့ ဗျာ။ ကိုယ်ကလည်း မတွေ့ဖူးပဲကိုး။ ဒါနဲ့ သွားရင်းနဲ့ပဲ ချန်ဂိ (Changi) လေဆိပ်ကို ဆင်းလိုက်တာနဲ့ တပြိုင်တည်းပဲ၊ ချန်ဂိလေ ဆိပ်ဟာ ကျနော်တို့ မင်္ဂလာဒုံမှာရှိတဲ့လေဆိပ်နဲ့က အပြတ်ကွာသွားတာပေါ့ဗျာ။ ကျနော် ဟိုး စစ်အတွင်းတုန်းက တပ်မှူးငယ်ဘ၀နဲ့ ဒီ ချန်ဂိလေဆိပ်ကို ဆင်းဖူးတယ် ခင်ဗျ။ ချန်ဂိလေ ဆိပ်ဟာ အဲဒီတုန်းကတော့ တောလေဆိပ်လို ပါပဲ။ ဒီလောက် မကြီးဘူး မကျယ်ဘူး ခင်ဗျ။ နောက်တခေါက် ဆင်းတုန်းကလည်း၊ အဲဒီအခါ ကျနော် တပ်ရင်းမှူးအနေနဲ့ သွားတဲ့အခါကျ တော့ ချန်ဂိလေဆိပ်ဟ အလတ်တန်းစားလောက်ပဲ။ နောက်ဆုံးတခါ ဆင်းတော့ ကျနော် ဒုကာကွယ်ရေးဦးစီးချုပ်ဘ၀နဲ့ ဒုဝန်ကြီးပေါ့ ဗျာ။

ဦးရော်နီညိမ်း ။ ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး အနေနဲ့ သွားတာပေါ့ နော်။

ဦးတင်ဦး ။ ။ ဟုတ်ကဲ့ ဒုဝန်ကြီး ဘ၀နဲ့ on transit ပေါ့ဗျာ၊ ကျနော်က ပထမဦးဆုံး ကွာလာလမ်ပူ (Kuala Lumpur) ကနေ ဆာရာဝက် (Sarawak) သွားတယ်။ ဆာရာဝက်က အပြန်မှာ ချန်ဂိမှာ ဆင်းတာပေါ့။

ဦးရော်နီညိမ်း ။ ။ သြော် မလေးရှားက အပြန်ပေါ့။

ဦးတင်ဦး ။ ။ ကျနော် ကျောင်းတက်ခဲ့တဲ့နေရာ Bokujima ကျောင်းတောင်မှ မရှိတော့ဘူး။ အဲဒီနေရာမှာ တိုက်တွေ ဘာတွေ ဖြစ်နေပြီ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ အန်ကယ် ဘယ်လိုခံစားရပါသလဲ ခင်ဗျ။ အရင်တုန်းက ကိုယ်ကသာ နေရာ ကနေ အခု သူများက ကိုယ့်ထက် အပြတ်သာသွားတာကို။

ဦးတင်ဦး ။ ။ အရင်တုန်းက ကျနော်တို့က သာနေတယ် ခံစားရတာကိုး။ အခုတော့ …….။ ပြောနေရင်း ဗျာ၊ ဦးရော်နီညိမ်း ရေ။ အခု ခင်ဗျားနဲ့ ကျနော် ပြောနေရင်း မီးပြတ်သွားလို့ မီးငြိမ်းသွားပြီး ဗျ။ မှောင်သွားပြီ။ အဲဒီတော့ ကိစ္စ မရှိဘူး၊ အမှောင်ထဲမှာ ပဲ။ အမှောင်ထဲမှာ စမ်းပြီး ပြောကြတာပေါ့။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်အောင်ကြီးကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ ကိုယ့်တိုင်းပြည်ဟာ အရမ်းကို ခေတ်နောက်ကျသွားတယ်လို့ သူ့ စိတ်ထဲမှာ ခံစားရတဲ့သဘောမျိုး ရေးထားပါတယ်။ အန်ကယ်ကော နိုင်ငံရေးအရ အခု ဘယ်လိုခံစားရပါသလဲ။

ဦးတင်ဦး ။ ။ အဲဒီလိုပဲ ခံစားရတာပေါ့။ တော်တော့်ကို နောက်ကျသွားတယ်လို့ ခံစားရတာပေါ့။ နောက်ကျတယ် ဆိုတာက ဒီလိုလေ။ ကျနော့်တို့ မြန်မာနိုင်ငံမှာ တချိန်တုန်းက ပညာရေးဌာနနဲ့ပတ်သက်ပြီးတော့ အကြီးအကဲလုပ်သွားခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တယောက်က ကုလသမဂ္ဂကိုသွားပြီး ပညာရေးဌာနမှာ ၀န်ထမ်းကောင်းတစ်ယောက်အဖြစ်နဲ့ တာဝန် ထမ်း ဆောင်ခဲ့ပြီး အခုတော့ အငြိမ်းစား ယူသွားပြီ။ နံမည်တော့ မပြောတော့ပါဘူး။ သူက ကျနော်နဲ့ အင်မတန် ခင်မင်ပါတယ်။ အခု ဒီရောက်တော့ သူ့ကို ကျနော်လှမ်းပြီး ဆက်သွယ်လိုက် တော့ ကျနော်တို့ စကားပြောဖြစ်တဲ့အခါ၊ ကျနော်က စင်္ကာပူနဲ့ ကျနော်တို့ နိုင်ငံနဲ့ဟာ တော်တော်လေးကို ကွာခြားသွားပြီ နှစ်(၅၀)လောက် နောက်ကျသွားပြီလို့ ပြောတော့ အဲဒီ ပညာရှင်ကြီးက ပြန်ပြောပါတယ်။ သူက မဟုတ်ဘူးတဲ့။ နှစ်(၁၀၀) လောက်တောင် နောက်ကျ သွားပြီ တဲ့။ သေချာကြည့်ပါ တဲ့။ အားလုံး နှစ်(၁၀၀)လောက် နောက်ကျသွားတယ်တဲ့။ အစစအရာရာပေါ့ လေ။ သူက အဲဒီ လို နောက်ကျသွားပြီလို့ ပြောတာပါပဲ။

ဦးရော်နီညိမ်း ။ ။ သူတို့က ၁၉၆၅ ခုနှစ်ကမှ လွတ်လပ်ရေးရတာ။ ကျနော်တို့ထက် အများကြီး နောက်ကျတယ်။ (၁၇)နှစ်လောက် နောက်ကျတယ်။ နောက် သူတို့ စင်္ကာပူမြို့ကြီး ရဲ့ စည်ပင်သာယာရေး ဆိုရင်၊ ဒါကို ဘယ်လိုလုပ်ရမလဲ ဆိုပြီးတော့ ရန်ကုန်မြို့မှာ လာပြီး လေ့လာခဲ့ရတဲ့ ဘ၀။ အဲဒီလိုမျိုးကနေမှ အခု ဒီလောက် အနေအထား ဖြစ်သွားတဲ့အပေါ်မှာ အန်ကယ် ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုမျိုး ပြန်ဖြစ်စေချင်သလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီလိုမေးတော့ ကျနော်ပြောရဦးမယ်။ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းကို အများကြီး ကျေးဇူးတင်တယ်။ ကျနော်တို့ရဲ့ လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်း ဆောင်ကြီး၊ တပ်မတော်ဖခင်ကြီးပေါ့ဗျာ။ အင်မတန်မှကို သူ့ ဂုဏ်ကျေးဇူးက ကြီးမားပါတယ် ခင်ဗျ။ ကျနော်တို့ commission (စစ်အရာရှိအဖြစ် စတင် ခန့်အပ်ခံရခြင်း) ရတော့၊ ကျနော်တို့ဟာ British Subject Commission (ဗြိတိသျှစစ်အရာရှိ အဖြစ် စတင်ခန့်အပ်ခံရခြင်း) သဘောမျိုးပေါ့ လေ။ ဗြိတိသျှတပ်မတော်မှာရှိတဲ့ အရာရှိဆိုတော့၊ အရာရှိငယ်တွေ အနေနဲ့ ကျနော်တို့ အဲဒီမှာ ကျောင်းသွား တက်ရတာပေါ့။ အဲဒါက ၁၉၄၇ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့နှစ် နောက်ပိုင်းမှာ ကျနော်တို့ ကျောင်းတက်ရတာပေါ့ နော်။

ဦးရော်နီညိမ်း ။ ။ အန်ကယ် ဘယ်နိုင်ငံမှာ သွားတက်တာလဲ ခင်ဗျ။

ဦးတင်ဦး ။ ။ အဲဒီမှာ ပေါ့။ စင်္ကာပူပေါ့ ဗျ။ ၁၉၄၇ ခုနှစ်မှာ သွားတက်ရတာ။

ဦးရော်နီညိမ်း ။ ။ အန်ကယ် သွားတဲ့အချိန်တုန်းက မလေးနဲ့ စင်္ကာပူနဲ့က မခွဲရသေးဘူး ပေါ့။

ဦးတင်ဦး ။ ။ မခွဲရသေးဘူး။ လွတ်လပ်ရေး မရသေးဘူး။ ဘာမှ မရသေးဘူး။ ဒီ State Settlement (ဗြိတိသျှ အစိုးရလက်အောက်ခံ) ပဲ။ မလေးယား (Malaya) ပဲ။ British Settlement Malaya (ဗြိတိသျှအစိုးရ လက်အောက်ခံ မလေးယား)ပဲ။ မလေးရှား (Malaysia) တွေ ဘာတွေ မဟုတ်သေးဘူး။ အဲဒီမှာ ဘယ်မှာ တက်ရသလဲဆိုတော့ Royal Army Service Corps (ဗြိတိသျှ ဘုရင့်တပ်မတော် စစ်ဝန်ထမ်းကျောင်း)၊ RASC ဆိုတာက ကျနော်တို့ အရာရှိငယ်တွေကို Regimental Duty (တပ်ရင်းအဆင့် တာဝန်များ) သင် ပေးတဲ့ ကျောင်းပေါ့ဗျာ။ အဲဒီမှာ ကျောင်းတက်တုန်းက ကျနော်တို့ကို သိပ်ပြီးတော့ လေးစားကြတယ်ခင်ဗျ။ ဟိုတုန်းကတော့ သိတဲ့အတိုင်းပဲ၊ တနိုင်ငံနဲ့တနိုင်ငံ သွားကြလာကြ ဆို တော့၊ မြန်မာဆိုတာကို တော်တော်ကို ရိုသေတယ် လေးစားတယ်၊ မြန်မာ commissioned officer တယောက်အနေနဲ့ သူတို့က တော်တော်လေးစားကြတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကို ကျနော်က အများကြီး ကျေးဇူးတင်တယ် ဆိုတာက အဲဒါကြောင့်။ အဲဒီအချိန်တုန်းက မြန်မာပြည်မှာ အုပ်ချုပ်ရေးပညာနဲ့ ပတ်သက်လို့ သိပ်ပြီးတာ့ မြင့်မားနေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒီမှာ ICS (Indian Commissioned Service) (အိန္ဒိယပဋိဥာဉ်ခံဝန်ထမ်း) လို တော်တော်များများ trained လုပ်ထားတဲ့ အဖွဲ့တွေရှိတော့ သူတို့လာပြီး အုပ်ချုပ်ရေး ပညာသင်ရတဲ့ အကြောင်းတွေလည်း ပြောတယ်ခင်ဗျ။ အထူးသဖြင့် နောက်တခုက CID (Criminal Investigation Department) (မှုခင်းစုံ စမ်းစစ်ဆေးရေးဌာန) ပေါ့။ မှုခင်းစစ် ဆေးတာနဲ့ ပတ်သက်တဲ့ ပညာရပ်ကို သူတို့ ဒီမှာ (မြန်မာနိုင်ငံမှာ) လာပြီး သင်တယ်။ နောက်ပြီးတော့ ရဲအရာရှိသင်တန်းတက်ဖို့ ဆိုပြီးတော့လည်း မန္တလေးက ဆပ်ကျောင်း (ရဲသိပ္ပံ) ၊ ရဲအုပ် ဖြစ်အောင် သင်ပေးတဲ့ကျောင်းမှာ သူတို့တွေ လာပြီး တက်နေကြရတဲ့အချိန်မျိုးမှာ၊ ကျနော်တို့က ဒီက (မြန်မာနိုင်ငံက) လာတာဆိုတော့ သူတို့ တော်တော်လေးစားကြတယ်။ ဒါ တကြိမ်ပေါ့။ နောက်တခါ တပ်ရင်းမှူးဘ၀နဲ့ ကျနော်သွားတဲ့ အချိန်ကျတော့ ဥပမာ မြူနီစီပယ်(စည်ပင်သာယာ) ဌာနပိုင်းက ပုဂ္ဂိုလ်တွေဆိုလည်း အရင်က ဒီဘက်မှာ(မြန်မာနိုင်ငံ မှာ) ပညာလာသင်ပြီး ဟိုမှာ (စင်္ကာပူမှာ) ပြန်ပြီး ဖြန့်ဖြူးသင်ကြားပို့ချပေးတဲ့ သဘောမျိုးလေးတွေ ရှိတယ်။ နောက်ပြီးတော့ ရေနံကိစ္စနဲ့ပတ်သက်လို့လည်း သူတို့ ပြောတာတွေ ရှိ တယ်။ ရေနံကတော့ ဒီမှာ သိပ်အများကြီး ရှိပုံတော့ မပေါ်ဘူး။ သို့သော်လည်း ပညာရပ်နဲ့ပတ်သက်လို့ ချောက်မှာလည်း သင်ဖူးတယ် တဲ့။ ဓနိတောက ဘီအိုစီမှာလည်း သင်ဖူး တယ်တဲ့။ အဲဒီတော့ ဟိုတုန်းက ပညာက ဟိုက ဒီကို လာသင်ကြတာ၊ အခုကျတော့ ဒီလို မဟုတ်တော့ဘူး။ ကျနော်တို့က အကုန် ကျကျန်ရစ်ခဲ့ပြီး၊ အဲဒီလို ဖြစ်ကုန်တာပဲ။

ဦးတင်ဦး ။ ။ တနည်းအားဖြင့် ပြောရရင်တော့လည်း ဗျာ၊ လွတ်လပ်ရေးရပြီးစ အချိန်မှာ ဒီမှာက insurrection (ပုန်ကန်ထကြွမှု) ဖြစ်တာကိုး။ သူတို့ဆီမှာလည်း insurrection ဖြစ်တာပဲဗျ၊ ဒါပေမယ့် သူတို့ဆီမှာ ဖြစ်တဲ့ insurrection ကို သူတို့ စီမံခန့်ခွဲပြီးတော့ အုပ်ချုပ်ပုံနည်းလမ်းက စနစ် သိပ်ကျသွားတယ်။ ဘယ်လိုလဲဆိုတော့ အဲဒီ ကျနော်တို့ သွားတက် တုန်းက ကျနော်က Tangalli မှာလေ၊ ကျနော်တို့ Far Eastern Land Forces Headquarter (အရှေ့ဖျားဒေသ ဗြိတိသျှမြေပြင်တပ်ဖွဲ့များ ဌာနချုပ်) ခေါ်တာပေါ့လေ။ အဲဒီမှာ ကျနော်တို့က တက်ရတာ၊ Advance Senior Officer Course (အဆင့်မြင့် အရာရှိကြီးများ သင်တန်း) တက်ရတာကိုး၊ တပ်ရင်းမှူးတွေ ဆိုတော့ အဲဒီမှာ တက်ကြရတယ်။ အဲဒီမှာ တက်တုန်းက၊ သူတို့မှာက သောင်းကျန်းမှုရှိပေမယ်လိှု့Singapore itself (စင်္ကာပူ တခုထဲ အနေနဲ့) ကတော့ အေးချမ်းတယ်။ လုံခြုံရေးကတော့ တော်တော်ယူထားတယ်။ ဒါပေမယ့် ဒီ Main Malaya (မလေး ကျွန်းဆွယ်ဒေသ) ပေါ့နော်၊ အဲဒီမှာ သောင်းကျန်းမှုက တော်တော်လေး ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ သင်တန်းသွား တက်တဲ့ အခါကျတော့ သူတို့ Briggs’s Plan ဆိုတာရှိတယ်။ Strategic Hamlet Policy (ဗျူဟာမြောက်စုစည်းခြင်း) ပေါ့။ Brigadier General Briggs (ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးချုပ် ဘရစ်ဂ်စ်) ဗျ။ General Tembla (ဗိုလ်ချုပ်ကြီး တယ်မ်ဘလာ)က General Brigg ကို တာဝန်ပေးတာက strategic hamlet တွေလုပ်တာပေါ့ဗျာ။ အဓိပ္ပါယ်ကတော့ဗျာ၊ အေးဆေးတဲ့မြို့တွေ မှာ ဘေးနားမှာရှိတဲ့ ရွာတွေကို စုပြီးတော့ အရံအတားနဲ့ ထားပြီးတာ့ အရပ်သူအရပ်သားတွေ ကို identity card (မှတ်ပုံတင်ကဒ်) ထုတ်ပေးပြီးလို့ရှိရင်၊ သူတို့ စားဖို့သောက်ဖို့ provision (ရိက္ခာ) အတွက် ၀ယ်ချင်တယ် ဆိုရင်၊ လုံခြုံရေး အစီအစဉ်နဲ့ သွားဝယ်၊ ပြီးရင် ပြန်လာကြပေါ့လေ၊ (၇) ရက်စာဖြင့် (၇) ရက်စာ၊ (၁၀)ရက်စာ ဖြင့် (၁၀) ရက်စာပေါ့၊ strategic hamlet ဗျူဟာမြောက် ကျေးရွာများပေါ့။ အဲဒါတွေကို တည်ဆောက်တယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်။ အဲဒီဟာက ကျနော်တို့ဆီမှာ ဟိုဟာနဲ့ သွားမတူဘူးလား ခင်ဗျာ။ ကျနော်တို့ ဆီမှာ မြစ်ဝကျွန်းပေါ် ရှင်းလင်းရေး လုပ်တုန်းက “ဖြတ်(၄)ဖြတ်” နဲ့ နည်းနည်း မတူဘူးလား။

ဦးတင်ဦး ။ ။ အဲဒီလိုမဟုတ်ဘူးဗျ၊ သူတို့က ညက်တယ်၊ ကျနော်တို့ဟာက သိပ်မညက်လှဘူး ခင်ဗျ၊ ကျနော် ကာကွယ်ရေးဦးစီးချုပ်တုန်းက ဒီ ကိစ္စ လုပ်ဖူးပါတယ်။ သိပ်မညက်ဘူး။ မညက်ဘူး။ သူတို့က သိပ်ညက်တယ်။ ကျနော် ပြောပြမယ်။ လူတွေကို ဒီမိုကရေစီနဲ့ ပတ်သက်ပြီး လူသားအမြင်နဲ့ ညက်တာကို ကျနော်ပြောတာပါ။

ဦးတင်ဦး ။ ။ ဘယ်လိုလုပ်သလဲ ဆိုရင် မလေးယားကျွန်းဆွယ်တခုလုံးမှာ အင်မတန် သောင်းကျန်းမှုဖြစ်တဲ့ နေရာတွေမှာ အဲဒီလိုပဲ လုပ်ကြရတယ်။ ပထမတော့ ကျနော်တို့သွား တုန်းက လူတွေက ဆူတယ်ခင်ဗျ၊ ဆူတယ် ဆိုတာက ဒီလို လုပ်တာ မလွတ်လပ်ဘူး၊ တရား မမျှတဘူး၊ သူတို့ လူမျိုးကို နှိမ်တယ်ပေါ့ ဗျာ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ လူတွေက သူတို့ဘာသာ သူတို့ သဘောပေါက်သွားပြီးတော့ သိပ်ကြိုက်သွားတယ် ဗျ၊ ဘာကြိုက်သွားလဲ ဆိုတော့ နံပါတ်(၁)က သူတို့ စားဖွယ်သောက်ဖွယ်နဲ့ ပတ်သက်တာ အားလုံးကို သူတို့ အကုန်လုံး စားရတယ်။ ဟိုပေး ဒီပေး (သူပုန်ထနေသော မလေးရှားကွန်မြူနစ်များသို့) လုပ်စရာမလိုတော့ဘူး။ နောက်တစ်ခုက သူတို့ ရတဲ့ လုပ်ခလခတွေ သူတို့ အပြည့်သုံးရတယ်။ ခွဲကြေး ဆက်ကြေး မပေးရတော့ဘူး။ နောက်ပြီးတော့လည်း လုံခြုံနေတော့၊ ဟိုက (သူပုန် ဘက်က) ခေါ်ခိုင်းတဲ့ကိစ္စတွေလည်း သွားပြီး အပိုလုပ်ပေးရတာ မရှိတော့ဘူး။ သူတို့ တော်တော်လေး သဘောကျသွားပြီးတော့၊ သူတို့က ကျေနပ်သွားတော့၊ ပြီးတာနဲ့ တစ်နှစ်တောင် မကြာပါဘူး။ ဘာမှ မကြာပါဘူး။ နောက် တစ်နှစ်လောက်မှာ ဒါ Merdeca (မလေးဘာသာ) လွတ်လပ်ရေး ရသွားတာပါပဲ။ အဲဒါနဲ့ မလေးရှားဟာ ငြိမ်းချမ်းသွားခဲ့တာပဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဟိုဟာကော မကွာဘူးလား ခင်ဗျ၊ ဟိုမှာလုပ်သလို ဒီမှာလည်း လုပ်တဲ့အခါ ကျတော့ ဟိုဘက်က သူပုန်ဘက်ကတော့ ရပ်သူရွာသားတွေ ကို ဘာမှ လာပြီး ဒုက္ခပေးလို့ မရတော့ဘူး။ ဒါပေမယ့် ကိုယ့်တပ်က ပြန်ပြီးတော့ အဲဒီ ရပ်သူရွာသားတွေကို ဒုက္ခ ပြန်ပေးနေတာကျတော့၊ အန်ကယ် ဘယ်လိုနှိုင်းယှဉ်ပြီး ပြောမလဲ။

ဦးတင်ဦး ။ ။ အဲဒါက ကျနော်တို့ ဒီမှာလည်းပဲ ဟိုပုံစံတော့ မဟုတ်ဘူးလေ။ ဒီ Briggs’s Plan, Strategic Hamlet ဆိုတာ ကျနော် တပ်ထဲမှာကတည်းက စလုပ်မယ် ဆိုပြီး တော့လည်း နောက်ပိုင်း “ဖြတ်(၄)ဖြတ်” တို့ ဘာတို့ဆိုတာ အဲဒီကနေ လာတာပဲလေ။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့လေ။ နောက်ပိုင်းတော့လည်းပဲ အေးဆေးတော့ အေးဆေးသွား တယ်။ လူထုကတော့ အတော်ခံလိုက်ရတာတော့ ဖြစ်သွားခဲ့တာပေါ့လေ။

ဦးရော်နီညိမ်း ။ ။ ဒုတိယကမ္ဘာစစ်ကြီးပြီးစ မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေ ဗြိတိသျှ လက်အောက်ကနေ လွတ်လပ်ရေး မရခင်မှာ ဗြိတိသျှတွေအုပ်ချုပ်ကွပ်ကဲတဲ့ ဗမာ့တပ်မတော်ရဲ့ တပ်မှူးငယ်တယောက်အနေနဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး စင်္ကာပူနဲ့မလေးရှားကဗြိတိသျှစစ်တပ်မှာ စစ်ဘက်ဆိုင်ရာသင်တန်းတွေ တက်ရောက်ခဲ့စဉ်က အတွေ့အကြုံ၊ တပ်ရင်းမှူးအဆင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်(ကြည်း) စတဲ့ အဆင့်မြင့်ရာထူးကြီးတွေမှာ ထမ်းဆောင်ခဲ့စဉ် မလေးရှားနဲ့ စင်္ကာပူက အတွေ့အကြုံတွေကို တင်ဆက် ပေးခဲ့တာပါ ခင်ဗျာ။ နောက်သီတင်းပတ် အောက်တိုဘာလ(၂၄)ရက် တနင်္ဂနွေနေ့မနက် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ” နိုင်ငံရေးပါတီရဲ့ ဒုတိယဥက္ကဌ လူထုခေါင်းဆောင်ဘ၀မှာ မြန်မာနိုင်ငံသားတဦးအနေနဲ့ စင်္ကာပူမှာ သွားရောက် မျက်စေ့ခွဲစိတ်ကုသမှုခံယူစဉ် မတူခြားနားကွဲပြားတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကို တင်ဆက်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

World peace & Myanmar



source by : http://www.youtube.com

အပြည့်အစုံ ဖတ်ရန် ...

ကြံ့ခိုင် ဖွံ့ဖြိုးရေး အမတ်လောင်းများကို မိုးကြိုးပစ်၍ လူထုများ ၀မ်းမြောက်

မောင်အေး| ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ယခုလက်ရှိ ရေပန်းအစားဆုံး သတင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အမတ်လောင်းများ မိုးကြိုးပစ်ခံရသော သတင်းဖြစ်ပြီး အဆိုပါ သတင်းကြောင့် ဒေသခံများ အထူး ၀မ်းမြောက် နေကြသည်ဟု သိရသည်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အမတ်လောင်းများ စည်ရုံးရေး ဆင်းစဉ် အောက်တိုလာလ ၈ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ကျောက်ဖြူ ဒေသခံအမျိုးသားတဦးက “ အာဏာကို မတရားယူမယ့် အကောင်တွေ မိုးကြိုးပစ်လို့ မသေတာ ကံကောင်းတယ်။ ဒီက ဒေသခံတွေက သူတို့ကို နတ်သတ်တာ ဖြစ်တယ်လို့ ပြောနေကြ တယ်။ သေအောင် သတ်ပစ်ရင် ပိုကောင်းမယ်ဆိုပြီး လူတွေက ၀မ်းသားအားရ ပြောနေကြပါတယ်။” ဟုပြောသည်။

ယခုမိုးကြိုးပစ်ခံရသူများမှာ ကျောက်ဖြူမြို့နယ် ကြံ့ဖွတ်ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့် လွတ်တော် ကိုယ်စားလှယ်လောင်း ဦးဝေခိုင်နှင့် စည်းရုံးရေးမှူးများ ဖြစ်ကြသည့် ဦးထွန်းသွေးနှင့် ဦးကျော်ဆွေလွှင် တို့ဖြစ်သည်။

သူတို့မှာ ကျောက်ဖြူမြို့နယ် လှံပျောက်ရွာ၊ ပုဇိန်းပျောက်ရွာ၊ ရွာသစ်ကေ၊ ပွီးဖျားကျေးရွာနှင့် ကွမ်း ချောင်းဖျားရွာများတွင် စည်းရုံးရေးခရီးအပြီး မင်းဂံချောင်း ဆိပ်ကမ်းမှ အထွက်တွင် ယခုကဲ့သို့ မိုးကြိုး ပစ်ခံရခြင်း ဖြစ်သည်။

မိုးကြိုးပစ်ခံရပြီးနောက် သူတို့ သုံးဦးကို စက်လှေနှင့် ယူဆောင်ကာ ကျောက်ဖြူ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။ ဦးကျော်ဆွေလွှင်မှာ ဦးခေါင်းတွင် ဒဏ်ရာရရှိသည့် အတွက် ၈ ချက် ချုပ်ရကြောင်းနှင့် တခြားနှစ်ဦးမှာ သတိမေ့ပြီး မိန့်မျောသွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

မိုးကြိုးပစ်ခံရသည့် စက်လှေတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ခေါင်းဆောင် ၃ ဦး၊ စက်လှေမောင်းသား ၂ ဦး အပါအ၀င် စုစုပေါင်း လူ ၉ ဦး စီးနင်း လိုက်ပါပြီး အသေအပျောက် မရှိဟု သိရသည်။

source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...

Friday, October 15, 2010

သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်

ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အင်အားစုများ အဖွဲ့များ အပါအ၀င် ပြည်သူ လူထု ရဟန်း သံယာတော်များ ကျောင်းသား လူငယ်များ သိသာစေရန် ယခု အိတ်ဖွင့် ပေးစာအား ပေးပို့ပါသည်။ ကျွန်တော်သည် စစ်အာဏာရှင် တိုက်ဖျက်ရေး လူထု လှုပ်ရှားမှု ကော်မတီတွင် ပါဝင်သော ၂၀၁၀ လှုပ်ရှားမှု ကော်မတီ (ပြည်တွင်း)၏ တာဝန်ခံ ဖြစ်ပါသည်။

၁၀.၁၀.၂၀၁၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့၏ ထုတ်ပြန် ကြော်ငြာချက်အား ဖတ်ရှုရသောအခါ ကြော်ငြာချက်တွင် ပါဝင်သော တောင်းဆိုမှု သုံးချက်သည် လက်ရှိ ပြည်တွင်း နိုင်ငံရေးအတွက် အဓိကကျသော တောင်းဆိုမှုများ ဖြစ်သည့်အတွက် ထိုတောင်းဆိုမှုများအား လေးနက်စွာ ယုံကြည်ထောက်ခံပါသည်။ သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့တွင် ပါဝင်သော လုပ်ဖော်ကိုင်ဖက်များကိုလည်း လေးစားပါသည်။ သို့သော် လည်း ၁၃.၁၀.၂၀၁၀ ရက်စွဲဖြင့် သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့ဟု ဒုတိယမြောက် ထုတ်ပြန် ကြော်ငြာချက်ကို ထပ်မံ ဖတ်ရှု ရပါသည်။

ဒုတိယမြောက် ကြော်ငြာချက်တွင် ပြည်သူ့ ကိုယ်စားလှယ်များ ဒီမိုကရေစီ ခေါင်းဆောင်များကို စော်ကား ထားသည့်အပြင် မတရားသည့် ဥပဒေဖြင့် ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ထောက်ခံ ရန်လည်း ရေးသားထားပါသည်။ ထို့ကြောင့် ကြောငြာချက် နှစ်ခုတွင် ဒုတိယမြောက် ကြော်ငြာချက်သည် ပထမ ကြော်ငြာချက်ကို ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့အား စော်ကား ပုတ်ခက် နိုင်ငံရေး သိက္ခာ ချရန် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုခုမှ လုပ်ကြံ ရေးသားထားသော ထုတ်ပြန်ချက် ဖြစ်ကြောင်းတွေ့ရှိ ရသည်။

ထို ဒုတိယမြောက် ကြော်ငြာချက်အား လုပ်ကြံရေးသားခဲ့သူ နိုင်ငံရေး သစ္စာဖောက် အားမိမိတို့ ၂၀၁၀ လှုပ်ရှားမှု ကော်မတီမှ ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း၊ ပထမ ကြော်ငြာချက် ထုတ်ပြန် ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့အား လေးနက်စွာ ယုံကြည် ထောက်ခံကြောင်း ရေးသားပေးပို့ လိုက်ပါသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး ၁၀.၁၀.၂၀၁၀တွင် ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့မှလည်း နိုင်ငံရေးသစ္စာဖောက်တရားခံအား ရှာဖွေဖော်ထုတ် ပေးပါရန် တောင်းဆိုပါသည်။ (ကြော်ငြာချက် နှစ်ခုအား ပူးတွဲ ဖတ်ရှုနိုင် ပါသည်။)


အပြည့်အစုံ ဖတ်ရန် ...

ကျေးလက်ရောက် ကာတွန်း ဟန်လေး

ကာတွန်းဟန်လေး ကျေးတောရွာကို ရောက်သွားတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ကာတွန်းလက်ရာတွေကို မြန်မာပြည်က ကျေးရွာတွေမှာ တက်ကြွ လှုပ်ရှားသူလူငယ်တွေက ဖြန့်ဝေနေတာကို ပြောတာပါ။


ရန်ကုန်တိုင်းက ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ လူငယ်တွေက ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းနဲ့ ကျေးရွာအုပ်စု ၁၀ စုကျော်မှာ ကိုဟန်လေးရဲ့ ကာတွန်းတွေကို ဖြန့်ဝေခဲ့ပါတယ်။

အရင်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာတမ်းတွေ၊ ပိုစတာတွေ လိုက်ဝေခဲ့ပေမယ့် အခုလို ကာတွန်းပုံလေးတွေကို လိုက်ဝေတော့ ပိုပြီး စိတ်ဝင်စားကြတယ်။ ပိုလည်း ထိရောက်မှုရှိတယ်လို့ ဖြန့်ဝေသူတွေကပြောပါတယ်။


ပြည်ပမီဒီယာတွေရဲ့ ၀ဘ်ဆိုဒ်တွေကို မြန်မာပြည်မှာ ကြည့်မရအောင် ပိတ်ထားလေတော့ ဖြန့်ဝေသူတွေဟာ ဒီကာတွန်းတွေကို proxy တွေကတဆင့် ကျော်ခွပြီးတော့မှ နှေးလွန်းတဲ့ connection ကို စိတ်ရှည်ရှည် သည်းခံစောင့်ပြီးမှ download ယူကြရတယ်လို့ ပြောပြပါတယ်။

ကာတွန်းအများစုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လှောင်ပြောင်ရေးဆွဲထားတာတွေ၊ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သရော်ထားတဲ့ ကာတွန်းတွေပါပဲ။

အင်တာနက် ၀ဘ်ဆိုဒ်တွေပေါ်က ရွေးကောက်ပွဲဟာ မတရားဘူးဆိုတာတွေ၊ မြန်မာပြည်မှာဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ရုပ်ပြောင်ရေးဆွဲထားတဲ့ ဟန်လေးရဲ့ ကာတွန်းတွေကို A4 စာရွက်တွေပေါ်မှာ ကာလာပရင့်ထုတ်ပြီးတော့ ရွာတွေရဲ့ ရေအိုးစင်တွေ၊ ဓာတ်တိုင်တွေ၊ ဗီဒီယိုရုံတွေမှာ ကပ်တယ်။ တချို့နေရာတွေမှာတော့ ရွာအ၀င်လမ်းတွေမှာ ဖြန့်ကျဲခဲ့တယ်၊ ကလေးတွေကို ပေးပြီး အဖေအမေကို ပြန်ပေးဖို့ ပြောပြဖို့ ပြောရင်း ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။

ရီစရာ ကာတွန်းလေးတွေနဲ့ဆိုတော့ စားဝတ်နေရေးအတွက်နဲ့ လယ်ယာလုပ်ငန်းမှာပဲ လုံးပန်းနေရတဲ့ ကျေးရွာနေ ပြည်သူလူထုက ကာတွန်းတွေကို ကြည့်ပြီးတော့ ရီကြမောကြနဲ့ ပိုလည်း စိတ်ဝင်စားကြတာကို တွေ့ရတယ်လို့ ဖြန့်ဝေသူတွေက ပြောပြကြပါတယ်။ ကလေးလေးတွေဆိုရင်လည်း ကာတွန်းလေးတွေမို့ စိတ်ဝင်တစားနဲ့ ဖတ်ကြ၊ နောက်ပြောင်ကြနဲ့ လို့ ပြောပါတယ်။

နောက်ထပ်ပြီးတော့လည်း ဒီလို ကာတွန်းတွေ ဖြန့်ဝေတာတွေကို တခြားတိုင်းနဲ့ပြည်နယ်က ကျေးရွာနေပြည်သူတွေနဲ့ အခြေခံ လူတန်းစားတွေကို ဦးတည်ပြီး လုပ်သွားပါအုံးမယ်လို့ ပြောကြပါတယ်။

ကဲ ... စစ်ယူနီဖောင်းကြီးနဲ့ ဦးသန်းရွှေပုံကိုပဲ ဆွဲနေရတာ ငြီးငွေ့တယ်လို့ တခါတုန်းက ပြောဖူးတဲ့ ကိုဟန်လေးရေ .. မြန်မာပြည် ကျေးရွာက လူထုကလည်း ကိုဟန်လေးကို အားပေးနေပါသတဲ့ ...

source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ် ပင်လယ်ပြင်တွေမှာ မုန်တိုင်းတွေ ပြိုင်တူဖြစ်နေပြီ

၁၅-၁၀-၂၀၁၀ ရက်၊ နံနက်(၇း၀၀) နာရီအချိန် ထုတ်ပြန်ချက်

( ပုံကိုနှိပ်ပြီး အကြီးချဲ့ကြည့်ပါ...)

၂၀၁၀ အောက်တိုဘာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဒုတိယမုန်တိုင်း ဖြစ်နေပြီ။ (၁၂-၁၀-၂၀၁၀)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနားမှာ ယမန်နေ့ ကတည်းကဖြစ်နေခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းဟာ (၁၃-၁၀-၂၀၁၀)နေ့ ညပိုင်းမှာဘဲ မုန်တိုင်းအဖြစ် ရောက်ရှိလာခဲ့ပါတယ်။ (၁၀-၁၀-၂၀၁၀) လောက် ကတည်းက MCCW က စောင့်ကြည့်(၁)အဖြစ် သတ်မှတ်ထားခဲ့တဲ့ လေထု မငြိမ်သက်မှုဖြစ်ပါတယ်။ ကနေ့ (၁၅-၁၀-၂၀၁၀)ရက်နေ့ မနက်မှာတော့ မုန်တိုင်းငယ် ဟာ အားတွေ စုစည်းလာနေပြန်ပြီဖြစ်ပါတယ်။ ဒီနေ့ မနက်(၃)နာရီခွဲ အချိန်မှာတော့ မုန်တိုင်းဆိုင်ရာ အချက်အလက်တွေအနေနဲ့ Central Pressure: 998 hPa Position: 16.7°N, 88.4°E Movement: WNW 10 kts Max Wind : 45 knots(55 mph) လို့ တွေ့ရပါတယ်။ ဒီမုန်တိုင်းငယ်ဟာ ပိုမိုအားကောင်းလာနေပြီး အနောက်မြောက်ယွန်းယွန်းဖက်ဆီကို တစ်နာရီ(၁၂)မိုင်နှုန်းလောက်နဲ့ ဖြည်းဖြည်းရွေ့နေပါတယ်။

ဗဟိုချက်အနီးနားမှာ အများဆုံးလေတိုက်နှုန်းကတော့ တစ်နာရီ (၅၅)မိုင်လောက်ရှိနိုင်တယ်လို့ ခန့်မှန်း ရပါတယ်။ ယမန်နေ့က မုန်တိုင်းငယ်အတွင်း တိမ်ထိပ်အမြင့်ပိုင်းအပူချိန်(CTT) -70°C လောက်သာရှိရာက ကနေ့မှာတော့ -80°C လောက်အထိ တိမ်ထိပ်အပူချိန်တွေ ကျဆင်းလာလို့ မြင့်မားတဲ့မိုးတိမ်တောင်တွေ ပိုမိုဖြစ်လာတဲ့အတွက် မုန်တိုင်းငယ်ဟာ အင်အားပိုမို အားကောင်းလာနေတယ်လို့ ဆိုရပါမယ်။ မိုးလွန်ကာလမုန်တိုင်းတွေဟာ ကနဦးအစမှာတော့ ဒီလိုဘဲ အနောက်မြောက်ဖက်ကို စတင်ရွေ့သွားတတ်ကြပေမယ့် ရာသီချိန်အရရော၊ ယှဉ်တွဲဖြစ်ပေါ်နေတဲ့တိမ်စွယ်တန်းတွေ အနေအထားအရရော၊ ဒီမုန်တိုင်းငယ်ဟာ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကမ်းခြေကို ဖြတ်ပြီးသည့်တိုင်အောင် အရှေ့မြောက်ဖက်ကိုပြန်ကွေ့ လာနိုင်ပါတယ်။ ဒီလိုကွေ့လာရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှဆစ်တင့် မိုးတွေရလာဦးမှာမို့ ဒေသခံများအနေနဲ့ သတိထားစောင့်ကြည့်နေဖို့ လိုပါတယ်။

ဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ အခု အောက်တိုဘာလအတွင်း ဒုတိယမြောက်မုန်တိုင်း ဖြစ်လာပြီး ၂၀၁၀ ခုနှစ်အတွက် တတိယမြောက်မုန်တိုင်းလည်း ဖြစ်ပါတယ်။။ အရေးကြီးတာကတော့ မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက် ဖက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါ့မယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆% ဟာ ဒီလိုမိုးလွန်ကာလတွေမှာဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်း အန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မိုးလွန်ကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းအရေအတွက်ဟာ မိုးလွန်ကာလအတွင်း ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈% သာရှိလို့ အလွန်အမင်း စိုးရိမ်(Panic) စရာတော့ မရှိကြောင်းပါဗျာ။ (အနည်းဆုံး လောလောဆယ်မှာပေါ့)။

လက်ရှိ လတ္တီတွဒ်အမြင့်အရ ဧရာဝတီတိုင်းကို လာဖို့ အခွင့်အရေး အလွန်နည်းပါတယ်။ လက်ရှိအနေအထားအရ မုန်တိုင်းဒီရေတက်ဖို့လည်း မုန်တိုင်း ပိုမိုအားကောင်းဖို့ လိုပါသေးတယ်။ လေတိုက်နှုန်း တစ်နာရီ မိုင်(၁၀၀)အထက်လောက်ရောက်မှ အန္တရာယ်ရှိတဲ့ မုန်တိုင်းဒီရေလှိုင်းတွေ တက်တတ်ကြပါတယ်။ လာမည့်အောက်တိုဘာလ နဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်မှာ စာရင်းအင်း လေ့လာမှုအရ လည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များလေ့လာမှုအဖြေအရ လည်းကောင်း၊ လာနီညာအကျိုးဆက်တွေအရလည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများ ရှိနေသေးတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများ ကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။

(Updated on 15 October 2010 at 07:30 MST)

source by : http://www.tunlwin.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 14, 2010

ရန်ကုန်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ပြီး စစ်ဆေးမှုများ တင်းကြပ်လာ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ညမထွက်ရ အမိန့်များထုတ်ပြန်ထားပြီး ဒေသအာဏာပိုင်များက ဧည့်စာရင်း စစ်ဆေးမှုများ တင်းကြပ်စွာ ပြုလုပ်နေလျှက်ရှိသည်။


ယခုလ(၃) ရက်နေ့မှ စတင်ကာ မြောက်ဥက္ကလာပမြို့နယ် (ဈ) ရပ်ကွက်နှင့် (ည) ရပ်ကွက်တို့တွင် ည(၁၁) နာရီ နောက်ပိုင်း အပြင်မထွက်ရ အမိန့်စာများ ရပ်ကွက်ရုံးများတွင် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“အခု အပြင်မထွက်ရအမိန့်ကို ရပ်ကွက်ရုံတွေမှာ ထုတ်ပြန်ထားတာ၊ ညဆယ်တစ်နာရီနောက်ပိုင်း ဘယ်သူမှ အပြင်မထွက်ရဘူး၊ ထွက်လို့ တွေ့တဲ့သူမှန်သမျှ ဖမ်းမယ်ပြောထားတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ ညမထွက်ရ အမိန့်ထုတ်ပြန်ခြင်းမှာ ပြီးခဲ့သည့် စက်တင်ဘာ (၁၅)ရက်နေ့က ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေခဲ့သည့် ကျောင်းသားလူငယ်များကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်မှုရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ရွေးကောက်ပွဲ ဆန့်ကျင်ရေးအတွက် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့ ကျောင်းသားလေးတွေနဲ့ ပတ်သတ်ပြီး အဲဒီရပ်ကွက် ပြည်သူတွေက မကျေနပ်ဖြစ်နေတယ်၊ အဖမ်းခံရတဲ့ ကျောင်းသားလေးတွေကလည်း အဲဒီ ရပ်ကွက်ကဘဲဆိုတော့ ရပ်ကွက်ထဲမှာ ဆူပူမှုတွေမဖြစ်အောင်လို့ ဒီလိုအမိန့်ထုတ်တာ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက် စာရွက်စာတမ်းများဖြန့်ဝေသည့် ကျောင်းသားများ အဖမ်းခံရပြီးနောက်ပိုင်း ရပ်ကွက်အလိုက် လုံခြုံရေးများတင်းကြပ်လာပြီး ဧည့်စာရင်း စစ်ဆေးမှုများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးလာလျှက်ရှိကြောင်း ဒေသခံက ပြောသည်။

source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

ကိုမင်းကိုနိုင်၏ (၄၈)နှစ်မြောက် မွေးနေ့ပွဲ ဖိတ်ကြားလွှာ

အောက်တိုဘာ ၁၇-ရက်၊ ၂၀၁၀-ခုနှစ်တွင် ကျရောက်မည်ဖြစ်သော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏မွေးနေ့ကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(မလေးရှား) မှ ကျင်းပပြုလုပ်မည် ဖြစ်ပါသောကြောင့် ဖိတ်စာပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

(ပုံပေါ်တွင်ကလစ်လုပ်၍ အကြီးကြည့်ပါ)
အပြင်စာမျက်နှာ

အတွင်းစာမျက်နှာ

source by : http://www.mgpala.com

အပြည့်အစုံ ဖတ်ရန် ...

ဘင်္ဂလားပင်လယ်အော်မှာ အောက်တိုဘာလအတွင်း ဒုတိယအကြိမ် လေဖိအားနည်းရပ်ဝန်း ဖြစ်ပြီ

၁၄-၁၀-၂၀၁၀ ရက်၊ နံနက်(၇း၃၀) နာရီအချိန် ထုတ်ပြန်ချက်

( ပုံကိုနှိပ်ပြီး အကြီးချဲ့ကြည့်ပါ...)



အောက်တိုဘာလအတွင်း ဒုတိယမုန်တိုင်း ဖြစ်ဖို့နီးနေပြီ။ (၁၂-၁၀-၂၀၁၀)ရက်နေ့ ကတည်းက MCCW က စောင့်ကြည့်(၁)အဖြစ် သတ်မှတ်ထားခဲ့တဲ့ လေထုမငြိမ်သက်မှုဟာ ကနေ့ (၁၄-၁၀-၂၀၁၀)ရက်နေ့ မနက်မှာတော့ လေဖိအားနည်းရပ်ဝန်း တစ်ခုအဖြစ် အားတွေ စုစည်းလာနေပြန်ပြီ ဖြစ်တယ်။ ဒီလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း လာနေပြီး နောက်မကြာမီ (၂၄)နာရီအတွင်းမှာဘဲ မုန်တိုင်းငယ်တစ်လုံး ဖြစ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင်တော့ ဒီမုန်တိုင်းငယ်ဟာ အခု အောက်တိုဘာလအတွင်း ဒုတိယမြောက်မုန်တိုင်း ဖြစ်လာပြီး ၂၀၁၀ ခုနှစ်အတွက် တတိယမြောက် မုန်တိုင်းဖြစ်လာပါလိမ့်မယ်။ ဒီဖြစ်လာနိုင်တဲ့ မုန်တိုင်းငယ်ဟာ ကနဦးအစမှာတော့ အနောက်မြောက်ဖက်ဆီကိုဘဲ သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် ဒီလို မိုးလွန်ကာလတွေမှာဖြစ်တဲ့ မုန်တိုင်းတွေဟာ အရှေ့မြောက် ဖက်ကို ပြန်ပြန်ကွေ့တတ်လို့ သတိထားရပါ့မယ်။ မြန်မာနိုင်ငံကိုဝင်တဲ့ မုန်တိုင်းတွေရဲ့ ၄၆% ဟာ ဒီလိုမိုးလွန်ကာလတွေမှာဖြစ်တတ်လို့ မြန်မာနိုင်ငံအဖို့ မုန်တိုင်းအန္တရာယ်ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒါပေမယ့်လည်း မိုးလွန်ကာလမှာ မြန်မာပြည်ဝင်တဲ့ မုန်တိုင်းအရေအတွက်ဟာ မိုးလွန်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၈% သာရှိလို့ အလွန်အမင်း စိုးရိမ်(Panic) စရာတော့ မရှိကြောင်းပါဗျာ။ (အနည်းဆုံး လောလောဆယ်မှာပေါ့)။ လက်ရှိ လတ္တီတွဒ်အမြင့်အရ ဧရာဝတီတိုင်းကို လာဖို့ အခွင့်အရေး အလွန်နည်းပါတယ်။ လာမည့်အောက်တိုဘာလ နဲ့ နိုဝင်ဘာလတို့မှာ ဘင်္ဂလားပင်လယ်အော်မှာ စာရင်းအင်း လေ့လာမှုအရ လည်းကောင်း၊ ပုံသဏ္ဍာန်တူနှစ်များ လေ့လာမှုအဖြေအရ လည်းကောင်း မုန်တိုင်းဖြစ်ရန် အလားအလာများ ရှိနေတဲ့အတွက် MCCW မှ မုန်တိုင်းအခြေအနေ သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ပါတယ်။

(Updated on 14 October 2010 at 07:45 MST)

source by : http://www.tunlwin.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 13, 2010

ကြပ်ပြေးမှာ အောင်မြေနင်းတဲ့ နအဖထိပ်သီးအမတ်လောင်းတွေ

ရဲဘော်ဖိုးသံချောင်း| နအဖအစိုးရဟာ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်သူတွေ ဘယ်နေရာက အရွေးခံမယ်ဆိုတာကို တတိုင်းပြည်လုံး အနေအထားနဲ့ မကြေညာဘဲ ဒေသအလိုက် ကွက်ပြီး ကျောက်သင်ပုန်းပေါ် ကပ်တာမျိုးနဲ့ အသိပေးနေတာကို သတိထားမိကြလိမ့်မယ် ထင်ပါတယ်။ ဒါဘာကြောင့်လဲဆိုတာကိုရော သတိထားမိကြပါသလား။ အလားတူပဲ ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ ကြံ့ဖွံ့က ဘယ်သူတွေ ၀င်အရွေးခံမယ်ဆိုတာကိုရော စောကြောမိကြပါသလား။ သူတို့ ဘာကို ဖုံးကွယ်ချင်နေကြတာလဲ။

နည်းနည်းလေး ဒုက္ခခံပြီး စူးစမ်းကြည့်လိုက်ရင် ကြပ်ပြေးနေပြည်တော်က မဲဆန္ဒနယ်တွေမှာ အရွေးခံမယ့် ကြံ့ဖွံ့အမတ်လောင်းတွေဟာ နအဖရဲ့ ထိပ်သီးတွေချည်း ဖြစ်နေတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဥပမာ ဗိုလ်သိန်းစိန်က ဇဗ္ဗုသီရိမြို့နယ်၊ ဗိုလ်တင်အောင်မြင့်ဦးက ပုဗ္ဗာသီရိမြို့နယ်၊ ဗိုလ်ရွှေမန်းက ဇေယျာသီရိမြို့နယ် စသဖြင့် ၀င်ပြိုင်ကြမှာပါ။ ဒါဘာကြောင့်ပါလဲ။

ဖဆပလခေတ်တုန်းက ဖဆပလထိပ်သီးတွေဟာ ရန်ကုန်က မဲဆန္ဒနယ်တွေမှာ ၀င်အရွေးခံကြတာမျိုး ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ရတာက အမတ်လောင်းထိပ်သီးများရဲ့ ဂုဏ်သိက္ခာအတွက် ဖြစ်တာကလည်း တကြောင်း၊ ကိုယ့်ကို ငွေကြေးကအစ ထောက်ခံနေတဲ့ လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေရှိတဲ့ အရပ်ဖြစ်လို့လည်းတကြောင်း တို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် တည်မြဲ-သန့်ရှင်းကွဲကြလို့ ဖဆပလနဲ့ ပထစရယ်လို့ ပြိုင်ကြရတော့ ရန်ကုန်က လမ်းမတော်၊ သိမ်ဖြူစတဲ့ မဲဆန္ဒနယ်တွေမှာ ဆင်-ဆင်ချင်း ထိပ်တိုက်တွေ့တာတွေ ဖြစ်ကုန်ခဲ့ပါတယ်။ ရှောင်ရင် ရှောင်တဲ့လူက သတ္တိနည်းတယ်ဖြစ်မယ် မဟုတ်ပါလား။ အဲဒီလိုနဲ့ ထိပ်တန်းဝန်ကြီးတွေ၊ အဖွဲ့အစည်းခေါင်းဆောင်တွေ ရန်ကုန်မှာ ၀င်အရွေးခံတာ အများကြီး ဖြစ်နေခဲ့တာပါပဲ။

ဒါပေမယ့် အခု နအဖရဲ့ ကြံ့ဖွံ့က ထိပ်သီးတွေ ကြပ်ပြေးနေပြည်တော်မှာ ၀င်အရွေးခံတယ် ဆိုတာကတော့ အဲဒီအဓိပ္ပာယ်မျိုးတော့ လုံးဝမဟုတ်ပါဘူး။ သူတို့နိုင်မှာ သေချာတဲ့ နေရာတွေမှာ ၀င်ပြိုင်တာသာဖြစ်ပါတယ်။ ဆိုလိုတာ သူတို့တတွေ ဒီရွေးကောက်ပွဲမှာ အရှုံးမခံနိုင်ဘူးဆိုတာပါပဲ။ (တနည်းပြောရရင် နအဖဟာ ကြပ်ပြေးမှာဆိုရင် ရွေးကောက်ပွဲကို အပြတ်လုပ်မယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ အမှန်ပြောရရင် ဗိုလ်သန်းရွှေတို့တတွေဟာ နောက်ပေါ်လာမယ့် အစိုးရမှာ ဘယ်သူက ဘာတာဝန်ယူဆိုပြီး တိုက်ရာပါပစ္စည်း ခွဲဝေတာက လုပ်ပြီးနေပါပြီ။ နောက်ပြီး ကားအသစ်ဝယ်ရင်၊ လိုင်းဆွဲတော့မယ်ဆိုရင် ဘိုးဘိုးကြီး နတ်နန်းကိုသွားပြီး ပြရတယ်ဆိုတာလိုပဲ ဗိုလ်သန်းရွှေဟာလည်း သူ့ဆက်ခံသူတွေကို အိမ်နီးနားချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆက်ပေးပြီးနေပါပြီ။ ဒီလိုလျာထားမှုတွေ အကုန်လုပ်ပြီး ဖြစ်နေလေတော့ ထိပ်သီးတွေအတွက် ဒီရွေးကောက်ပွဲမှာ နည်းနည်းမှ အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဆယ်ရေးတရေး၊ ကိုးရေးတရာတောင် မစွန့်စားနိုင်ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရဆိုရင် ၀န်ကြီးချုပ်အပါ ၀န်ကြီးအဖွဲ့ဝင်တွေနဲ့ တခြားအရေးကြီး ရာထူးတွေကို သမ္မတအာဏာနဲ့ ခန့်ချင်တိုင်း ခန့်လို့ရပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ကိုယ်လုပ်တဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့လူလည်း ပါဦးမှလို့ စဉ်းစားရပါတယ်။

တကယ်တော့ သူတို့အနေနဲ့ ဒီထက်ပိုသေချာတဲ့ ပြိုင်ဘက်မရှိမယ့် မဲဆန္ဒနယ်တွေမှာ သွားပြိုင်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် ကြပ်ပြေးနေပြည်တော်မှာ ပြိုင်ဘက်မရှိဖြစ်အောင် လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး ကျတော့လည်း အရုပ်ဆိုးလွန်းနေပါတယ်။ ဒါနဲ့ပဲ ကြပ်ပြေးမှာတင် ယှဉ်ပြိုင်အရွေးခံသူဆိုတာကို ဖန်တီးယူရပါတယ်။ ဘယ်ကရမလဲ၊ တစညပေါ့။ ဘယ်သူရှိဦးမလဲ။ တခြားအဖွဲ့အစည်းက လူတွေထဲမှာ မှတ်ပုံတင်ကြေး ငါးသိန်းအဆုံးခံပြီး ဗိုလ်ရွှေမန်း၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့နဲ့ ပြိုင်တဲ့လူ ပေါ်ထွက်နိုင်ပါ့မလား။ ဘယ်သူက ဒါလောက်မိုက်ပါ့၊ အပါ့မလဲ။ လည်လို့ ရွေးကောက်ပွဲ ၀င်ကြတာဥစ္စာ။ တစညနဲ့ ကြံ့ဖွံ့ဆိုတာကတော့ မျောက်နဲ့ကျား အမြီးချင်း ချည်ထားသလိုတွေ မဟုတ်လား။

ဒါတွေအပြင် ဒီအတုအယောင် ရွေးကောက်ပွဲကို လူအများက စိတ်ဝင်စားကြတဲ့ နောက်အချက် တချက်ကတော့ ကြံ့ဖွံ့မဟုတ်-တစညမဟုတ် သူတွေအထဲမှာ ငွေကြေးမသမာမှုတွေ၊ သို့လော သို့လော စဉ်းစားစရာ ကိစ္စတွေ ပေါ်လာနေတဲ့ကိစ္စဖြစ်ပါတယ်။ အခြေအနေက ပုပ်မှ မပုပ်သေးဘူး၊ အနံ့က ထွက်နေပြီလို့ ဆိုရမလို ဖြစ်နေပါတယ်။ တယောက်ကိုတယောက်က ဖော်၊ တယောက်ကိုတယောက်က ဆော် ဆိုတာတွေလည်း တွေ့ရစပြုနေပါတယ်။ ဒီနေရာမှာတော့ ဖဆပလခေတ်ကို အမီသားလို့ ဆိုရမလိုပါပဲ။ တချို့သော ပါတီအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကို ဘယ်ကလာတာမှန်း မသိရတဲ့၊ ငွေဖြူလား ငွေမည်းလား ခွဲခြားရခက်တဲ့ ငွေတွေ စီးဝင်နေတာတွေလည်း ကြားနေရပါတယ်။ အဲဒီငွေပေးတာတွေနဲ့ နအဖအစိုးရနဲ့ အဆက်အစပ်ရှိ မရှိ၊ နအဖအလိုတော်ရိ ငွေရှင်ကြေးရှင်တွေနဲ့ ဆက်စပ်မှု ရှိမရှိ။ ဒါဟာ ဘိန်းပစ်ဖမ်းတာဟုတ်မဟုတ် ဆိုတဲ့ ပဟေဠိတွေကလည်း ဒုနဲ့ဒေးပါ။ ဒါတွေနဲ့တဆက်တည်းမှာ ကြံ့ဖွံ့နဲ့ တစညတို့ကျတော့ ဘဏ္ဍာရေးကိစ္စလိုဟာမျိုးမှာ ဘာကြောင့် ဒါလောက် ဣနြေ္ဒရနေတာလဲလို့လည်း မေးချင်စရာဖြစ်နေပါတယ်။ ငွေပုံကြီးပေါ်ထိုင်ထားသလို သုံးစွဲနေကြပုံဟာ မျက်နှာပြောင်လှတယ်လို့တောင် ဆိုစရာပါ။ တကယ်တော့ ဒါကိုက ဒီရွေးကောက်ပွဲရဲ့ ၀ိသေသမဟုတ်ပါလား။

ဒါမေယ့် ပြောရရင် ဒါတွေဟာ အခုမှ အစပဲရှိသေးတယ်လို့ ပြောရမှာပါ။ နောက်မှာ အာဏာရပြီးရင် ဒီထက်ပိုဆိုးတယ်။ ညစ်ပတ်မှုတွေ၊ ခြစား လာဘ်စားမှုတွေ မြင်ရဦးမှာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေတို့ရဲ့ “စည်းကမ်းရှိတဲ့ ဒီမိုကရေစီ” ဆိုတာထဲက စည်းကမ်းဆိုတာဟာ ပြည်သူလူထုနဲ့ တခြားသူတို့နဲ့ မတူသူတွေ အတွက်သာ ဖြစ်ပြိး ဒီမိုကရေစီဆိုတာဟာ သူတို့အတွက်၊ သူတို့ကို ထင်ရာစိုင်းခွင့်ပေးခြင်းဖြစ်တယ်ဆိုတာကို တွေ့ကြရဦးမှာပါ။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 12, 2010

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်

တင်ဦး | ကျနော် စစ်တပ်ထဲ စဝင်တုန်းက အသက် ၁၆ နှစ်ပြည့်ပြီးလို့ ၁၇ နှစ်ထဲမှာ၊ စစ်ကြီးဖြစ်တော့ အထက်တန်း ရောက်နေပြီ။ အမျိုးသား အထက်တန်း ကျောင်းက အထက်တန်း ကျောင်းသားပေါ့။

အမျိုးသားကျောင်းက ဆိုတော့လည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နေတာပဲ။ ဆရာကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားရေးစိတ်ဓာတ်နဲ့ လခ မယူဘဲ သင်ကြားပေးကြတဲ့ ဆရာကြီးတွေ ဆိုတော့ ဒီကျောင်းသားတွေကို စေတနာ သက်သက်နဲ့ မျိုးချစ်စိတ် ထက်သန်အောင် သင်ပေးတယ်။ ပြီးတော့ တိုင်းပြည်ကလည်း ကျွန်ဘဝကနေ လွတ်မြောက် ရမယ် ဆိုတာတွေက ငယ်ငယ်တည်းက ကျနော်တို့ ခေါင်းထဲမှာ သိပ်ပြီးတော့မှ ဝင်နေကြတာပေါ့ဗျာ။

U-Tin-Oo-sm
သူရ ဦးတင်ဦးသည် မြန်မာ့တပ်မတော်ထဲတွင် အနှစ် ၃၀ ခန့် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ဗမာ့ရိုင်ဖယ် တပ်ရင်းတွင် ဒုဗိုလ်အဖြစ် စတင်အမှုထမ်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင် ဦးနေဝင်း လက်ထက် ၁၉၇၆ ခုနှစ်တွင် ဦးတင်ဦးကို ဗိုလ်ချုပ်ကြီးအဖြစ်မှ တာဝန်ရပ်စဲ အငြိမ်းစားပေးခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့သည်။ ယခုအခါ ၈၃ နှစ်အရွယ်ရှိပြီဖြစ်သော ဦးတင်ဦးသည် ၂၀၀၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အရေးအခင်းအပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ် ၇ နှစ် နီးပါး ကျခံခဲ့ရသူဖြစ်သည်။
(ဓာတ်ပုံ - life.com)
စစ်တပ်ထဲ ရောက်တော့ ဗိုလ်ချုပ် အောင်ဆန်းတို့က လွတ်လပ်ရေး အတွက် ဦးဆောင်ပြီး လုပ်တယ်၊ ကျနော်တို့ တွေလည်း လွတ်လပ်ရေး အတွက် လုပ်နေတယ် ဆိုတော့ ပျော်တာပေါ့ဗျ။ အဲဒီချိန်မှာ ဘယ်လိုဟာမျိုး တွေ့တွေ့ ရင်ဆိုင်မယ် ဆိုတဲ့ စွန့်စားချင်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိတယ်၊ ဒါပေမယ့် စစ်အတော အတွင်းဆိုတော့ အစစအရာရာ ရှားပါးတာပေါ့။

ကျနော်တို့ရှိတဲ့ စစ်တပ်ထဲမှာလည်း ရှားပါးတာပဲ၊ စားရသောက်ရတာ ငတ်တာပဲ၊ ငတ်တယ်ဆိုပေမယ့် ဆန်တော့ ရှိတာ ပေါ့ဗျာ။ ငါးပိ၊ ငါးခြောက်၊ ဆားတွေလည်း ရှိတော့ ရှိတာပေါ့။ ဒါပေမယ့် ကျန်တဲ့ ဆေးနဲ့ ပတ်သက်တာတွေ ကတော့ အင်မတန် ဆင်းရဲတာပေါ့။ ဖိနပ်တွေ၊ ဦးထုပ်တွေကအစ ဆင်းရဲတာ။

သို့သော်လည်းပဲ ကျနော်တို့ကတော့ ဒီ လွတ်လပ်ရေးကို အောင်မြင်အောင် လုပ်မယ်၊ ကျနော်တို့ လူငယ်တွေကို ပြည်သူ ပြည်သားတွေက အားကိုးတကြီး ဖြစ်နေတော့ ပျော်တာပေါ့။အရင်ကတည်းက စစ်တပ်ထဲမှာ ဘာခံစားခွင့် ရမယ်၊ ဘာ ရမယ်၊ ညာရမယ် ဆိုတာကို လုံးဝစိတ်ကူးပြီး လာကြတာ မဟုတ်ဘဲနဲ့ စစ်သင်တန်းကို တက်ခဲ့တာ။ ပင်ပန်းသော်ငြားလည်း ဒီလို လုပ်နေရတာကို ဂုဏ်ယူတယ်ပေါ့ဗျာ။ လွတ်လပ်ရေးအတွက် လုပ်နေတာ၊ စစ်တိုက်ဖို့အတွက် တပ်ထဲ ဝင်တာ ဆိုတော့ ဂုဏ်ယူတာပေါ့။

အဲဒီခေတ်တုန်းကတော့ ဂျပန်ခေတ် စစ်တက္ကသိုလ်ဖွင့်တယ်၊ ဒါပေမယ့် ခုခေတ်လိုတော့ သိပ်ပြီး ပြည့်ပြည့်စုံစုံကြီး မဟုတ်ဘူး ပေါ့ဗျာ၊ ကျောင်းသားတွေအနေနဲ့ ဂျပန်စာကို ဦးစားပေးသင်ရတယ်။ နောက် စစ်ပညာနဲ့ ပတ်သက်လို့လည်း ကောင်းကောင်းသင်ရတယ်။ နောက်ပြီးတော့ သမိုင်းတို့၊ ပထဝီတို့ စသည်ဖြင့်ပေါ့။ ခေတ်ပညာကိုတော့ ဂျပန်တွေက ပို့ချတာပေါ့။

လေ့ကျင့်ခန်းလည်း ဆင်းရတယ်၊ စာလည်း ကျက်ရတာပေါ့။ စာကျက်ရတာကတော့ အခုခေတ်လို အကန့်အသတ်နဲ့ အများကြီး ကျက်ရတာမျိုးတော့ မဟုတ်ဘူး။ အစားအသောက်ကတော့ သိပ်ဆင်းရဲတယ်၊ ဆန်ဆိုရင် ဆန်လုံးတီးပေါ့။ မနက်ကို ဆန်ပြုတ်ကလေး တခွက်၊ နေ့ခင်းကျတော့ ထမင်း တပန်းကန်နဲ့ ဟင်းက ကန်စွန်းရွက်ပြုတ်၊ နောက် ပဲပင်ပေါက် ပြုတ်၊ ချဉ်ပေါင်ရွက်ပြုတ်၊ ခဝဲသီးပြုတ်၊ ဘူးသီးပြုတ်၊ အပြုတ်တွေချည်းပဲ၊ ဆီလေး ဘာလေး နည်းနည်းပါးပါး ပါတယ်။ ပါတယ် ဆိုတာလည်း ဟန်လေးပဲ ပါတာပါ။ အဲဒီလိုပဲ တောက်လျှောက်နေခဲ့ရတယ်။ ဒါပေမယ့်လည်း အဲဒါကို ပျော်တယ် ဗျာ။

ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ လွတ်လပ်ရေးအတွက် လုပ်တာပဲ ဆိုပြီး ပျော်တာပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခေါင်းထဲမှာလည်း ဘာရရမယ်၊ ညာရရမယ် စိတ်ကူးကလည်း မရှိဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေါင်းဆောင်ပြီး ဟောတဲ့ တရားကလည်း ပင်ပန်းမယ့်တရား၊ ကြမ်းတမ်းတဲ့ တရား၊ လူစဉ်မမီ ဖြစ်နိုင်တဲ့ တရား၊ သေနိုင်တဲ့ တရား၊ တိုက်ပွဲကျနိုင်တဲ့ တရား၊ အဲဒီဟာတွေကလွဲလို့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူးလို့ ဒီလိုတွေ ပြောသော်ငြားလည်း တို့ဆီ လွတ်လပ်ရေး ရမှာမို့လို့ ပျော်တယ်၊ ဒါပဲ။

စစ်ထဲဝင်မယ်ဆိုတော့ ကျနော့်အမေ ကျနော့်ကို ဘူတာရုံကို လိုက်ပို့တယ်ပေါ့ဗျာ။ ပုသိမ်မှာပေါ့၊ ပုသိမ် ဘူတာရုံကို လိုက်ပို့တယ်။ နောက် အမေ့ကို ကျနော် ကန်တော့တယ်ဗျာ။ ကန်တော့ပြီးတော့ ကျနော် မျက်ရည်ကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေနဲ့ တခါမှ မခွဲဖူးဘူးကိုးဗျ။ ဒါပေမယ့် ကျနော့်အမေက မျက်ရည် မကျဘူးဗျ။ အဲဒီမှာ အမေက မေးတယ် ဘာလို့ မျက်ရည်ကျတာလဲတဲ့။ သေရင်မြေကြီး ရှင်ရင် ရွှေထီး၊ နောက် စစ်တိုက်ရမှာ ကြောက်ရင် ပြန်မလာနဲ့၊ ပြန်လာရင် အမေရှက်တယ်တဲ့။

ဒါပဲ သူပြောတာ၊ အဲဒီစကားပဲ ကောင်းကောင်းမှတ်မိသေးတယ်။ တပ်ထဲက အဖြစ်အပျက်တွေကတော့ တပုံတခေါင်း ကြီးပဲ။ လေ့ကျင့်ခန်း ဆင်းတုန်းကလည်း ကြုံဖူးတာပဲ၊ တိုက်ပွဲ ဖြစ်တုန်းကလည်း ကြုံဖူးတာပဲ၊ ပြင်းပြင်းထန်ထန် တိုက်တုန်းကလည်း ကြုံဖူးတာပဲ။ နိုင်ငံခြားတပ်တွေ၊ ကေအန်ယူ တွေနဲ့ တိုက်တုန်းကလည်း ကြုံရတယ်။ နတ်မြစ်ဝ ပေါ်မှာ တခါတည်း ကျနော်တို့က သူတို့ ကျူးကျော်နယ်ကို ပြန်တိုက်ပြီး သိမ်းရတာတွေလည်း လုပ်ခဲ့ရတာပဲ၊ အများကြီးပဲဗျာ။

အရင်က တပ်မတော်ဆိုတာနဲ့ အခုခေတ် တပ်မတော်ဆိုတာက တော်တော်ကြီးကို ကွာသွားပြီဗျ၊ တွေးတာ ခေါ်တာ လုပ်တာ ကိုင်တာကအစ ကွာသွားပြီ။ ကျနော် တပ်ရင်းမှူး ဘဝတုန်းကဆို မိုးကုတ်မှာ တာဝန်ထမ်းဆောင်ဖူးတယ်။ မိုးကုတ် ဧရိယာမှာ သောင်းကျန်းသူတွေ ဆက်ကြေးမယူနိုင်အောင်ပေါ့။ မိုးကုတ်က ချမ်းသာတယ် မဟုတ်လား။ အဲဒီက ဆက်ကြေးရရင် သိပ်တောင့်သွားမှာဆိုတော့ ကျနော်တို့ ကာကွယ်ရမယ့် တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်မှာ တပ်သားအားလုံးက အဲဒီက ကျောက်စိမ်း၊ ပတ္တမြား ကိစ္စနဲ့ ပတ်သက်တာတွေ ဘာမှ စိတ်ဝင်စားမှု မရှိဘူးလို့ ကျနော်တို့ မြင်တာပဲ။ ကျောက်တွေနဲ့ ပတ်သက်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတာလည်း တခုမှ စိတ်မဝင်စားဘူး။ လိုလည်း မလိုချင်ဘူး၊ လိုချင်တဲ့စိတ်လည်း မရှိဘူး။

ဘာလို့လဲဆိုတော့ ကျနော်တို့မှာ ပြည့်စုံတယ်ဗျ။ ရိက္ခာတို့၊ ဘာတို့၊ ညာတို့ ထောက်ပံ့မှု စသည်ဖြင့်ပေါ့ဗျာ။ အဲဒီ အခါကတော့ တပ်ရင်းမှူးလောက် ဖြစ်ပြီဆိုရင် လိုလေသေးမရှိဘူး၊ ပြည့်စုံတဲ့အခါကျတော့ ဒါတွေနဲ့ ပတ်သက်ပြီး ခေါင်းထဲမဝင်ဘူး။ တိုတိုပြောရရင်တော့ဗျာ၊ ကိုယ့်အတွက် လုပ်ဖို့ဆိုတာကို ခေါင်းထဲမှာမရှိဘူး။ အဲဒါ ကိုယ့်အတွက် လုပ်ရမှာ ရှက်တယ်၊ အဲဒီလို ဖြစ်တာပဲ။

နောက်ထပ် ဥပမာပေါ့ဗျာ။ ပြောင်းဖူးခူးစားတာတို့၊ ဟင်းရွက်ခူးစားတာတို့ဆိုရင် ကျနော်တို့က အဲဒီပြောင်းဖူး ချိုးစားတဲ့၊ ဟင်းရွက်ခူးစားတဲ့ ကောင်တွေကို အဲဒီမှာ သူတို့စားတဲ့ ပြောင်းဖူးတို့ ဟင်းရွက်တို့ရဲ့ တန်ဖိုး ပြန်ပေး၊ တပြားမှ မတန်ရင်တောင် ပြန်ပေးရမယ်။ ကုန်ကုန်ပြောမယ်ဗျာ။ သိပ်ပြီးမှ ဆာလွန်းအားကြီးလို့ ကြက်ကို ရိုက်သတ် ချက်စားတာတောင် အဲဒီပိုင်ရှင်ဆီကို ကြက်ရဲ့တန်ဖိုး ကြေကြေလည်လည် ကျေနပ်တဲ့အထိ ပေးခိုင်းတယ်ဗျ။ သူမပေးနိုင်လို့ရှိရင်တောင် သူ့မှာပါတဲ့ လက်စွပ်တို့၊ ဆွဲကြိုးတို့ ပါတာပေးခဲ့။ ဒီလိုမျိုး အမိန့် ပေးပြီးတော့ လူထုကို နစ်နာအောင် မလုပ်ခဲ့တဲ့ဟာမျိုး များတယ်ဗျ။ ပြည်သူလူထုဆီက ယူဖို့ဆိုတာ ဝေးရော။

တပ်မတော်မှာ ပါတဲ့သူအားလုံး စစ်သားကအစ ဟို ဗိုလ်ချုပ်ကြီးအထိ သူ့ရဲ့ ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ သင်ထားတာကို တကယ့် သူရဲကောင်း တယောက်အနေနဲ့ ပြည်သူပြည်သားရဲ့အသက် အိုးအိမ် စည်းစိမ်တွေကို ရိုးရိုးသားသား ကာကွယ်ပြီးတော့ ပြည်သူသည်အမိ၊ ပြည်သူသည်အဘ၊ ဆိုတဲ့ဟာမျိုးနဲ့ ကျစ်ကျစ်လျစ်လျစ် သိပ်သိပ်သည်းသည်း နေပြီး တော့ ပြည်သူတွေ အားလုံးချစ်တဲ့၊ တနည်းအားဖြင့်ဆိုရင် ပြည်သူတွေအားလုံး ကြိုက်တဲ့၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် တပ်မတော်မျိုးကို ပြန်လိုချင်တယ်။

ဘယ်ပါတီ ဘယ်အဖွဲ့အစည်းကို ဘာကိုမှလုပ်ပေးစရာမရှိဘူး။ တခုတော့ရှိတယ်၊ ရွေးကောက်ပွဲတို့၊ ဘာတို့ ကျလို့ရှိရင်တော့ ကိုယ်ကြိုက်တဲ့သူကို လျှို့ဝှက် မဲပေးတာ ပေးလိုက်၊ ရတယ်။ ဒါပေမယ့် ကိုယ်က အသုံးချပြီးတော့၊ အသုံးချခံပြီးတော့ ကိုယ်ကျိုးအတွက် လုပ်တာမျိုးကတော့ မလိုလားအပ်ဘူး။

ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တုန်းကတော့ ရွှေထီး ဆောင်းရတဲ့ သဘောပေါ့ဗျာ။ အစစ အရာရာ လစာနဲ့ ထောက်ပံ့မှုတွေက ကျနော်တို့အတွက် ပြည့်စုံ နေတဲ့အတွက် ဘာမှ မပူရဘူး။ အေးချမ်းတာပေါ့လေ။ အခု အရပ်သားဘဝ ရောက်တော့ ပြည်သူလူထုရဲ့မေတ္တာ ခိုလှုံရတာပေါ့။ အေးချမ်းတယ်လို့မှတ်တယ်။ ကျနော်က အဲဒါလေးပဲ။ ပြည်သူသည် ဆင်းရဲရင် ဆင်းရဲခြင်း၊ ချမ်းသာရင် ချမ်းသာခြင်း၊ ငါတတ်နိုင်တဲ့ဘက်က လုပ်ပေးမယ်။ အဲဒါပဲ။

အခု ကာကွယ်ရေးဦးစီးချုပ်ကို ကျနော် ပြောချင်တာ သွားပြောလိုက်ရင် သူစိတ်ဆိုးမှာပေါ့ဗျာ။ သူတို့က ကျနော့်ရဲ့ အောက်က တာဝန်ထမ်းဆောင်ခဲ့တာ ဆိုတဲ့ဟာကိုတော့ ကျနော်မပြောပါဘူး။ ကျနော့်စိတ်ထဲမှာ သူတို့က တချိန်တုန်းက ကျနော့်လုပ်ငန်းကို အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးတဲ့ လုပ်ဖော်ကိုင်ဖက် တွေလို့ပဲ မှတ်ပါတယ်။ အဲဒီလို စိတ်ထားနဲ့ပဲ ဆက်ဆံချင်တာပါ။

ကာကွယ်ရေး ဦးစီးချုပ်ကို ပြည်သူတွေက ချမှတ်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့၊ ကျနော်ရိုသေလေးစားတဲ့ ဗိုလ်ချုပ် ကျော်ဇော တို့လိုမျိုး တပ်မှူးကောင်းတွေ ဖြစ်စေချင်တာပါပဲ။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Monday, October 11, 2010

vote for me, please, please!!!

ကျုပ်ကို မဲပေးပါဗျာ၊ နော် - နော်လို့ ဟီးဟီး (ဆိုပြီး ပြောနေသလား မသိဘူး။ ရုပ်မြင်သံမကြား ဆိုတော့ ခန့်မှန်း ကြည့်ရတာပါပဲ။ မနေ့က AP သတင်းဌာနက တင်တဲ့ ပုံတွေပါ။ ဒေါက်တာတင်ထွန်းဦး မဲဆွယ်နေပုံပေါ့ခင်ဗျာ)
ဆ၀ါဒီခပ်
ကျုပ်တို့ ကြံ့ခိုင်ရေး ပါတီက
အရမ်း အရမ်း ကောင်းတာပါခင်ဗျ။
ယုံပါနော်။
မဲထည့်ပါခင်ဗျာ။
ရှိခိုးပါရဲ့။ အဟီး။

(ဒါလည်း ပုံမြင်သံမကြား မဟုတ်လား၊ အဲဒီလို ပြောနေပုံ ရပါတယ်လေ)


ဂျာနယ်ထုတ်ဝေသူ ဆရာသမားက ဘယ့်နှာကြောင့် နေ့ချင်းညချင်း နာမည်ကျော် ကြံ့ခိုင်ရေး ဖြစ်သွားပါလိမ့်။ သူ့ကိုတော့ မမေးတော့ပါဘူးလေ၊ နိုင်ငံတော်ကို ချစ်လို့၊ နိုင်ငံတော်က တာဝန်ပေးလို့၊ ပြည်သူတွေအတွက် လုပ်ပေးချင်လို့ စသဖြင့် အမှန်အတိုင်း ပြောမယ်ဆိုတော့ မေးမနေတော့ဘူး။

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ စီးပွားရေး အများကြီးလုပ်ထားတာကိုး လို့ Gtalk မှာ မီးစိမ်းနေသူ သတင်းသမား တယောက်က ရန်ကုန်ကနေ လှမ်းပြောပါတယ်။

သူ့ဂျာနယ်တစောင် ဖြစ်တဲ့ မြန်မာတိုင်း ရုံးခန်းကြီးက ပြန်ကြားရေးဌာနကနေ ငှားထားတာ လို့ Gtalk မှာ စိမ်းနေသူက ဆက်ပြောပါတယ်။ အင်း - နောက်ကွယ်မှာ သူသူငါငါ မမြင်ရတဲ့ မျက်နှာ နာစရာ ကိစ္စတွေ ရှိနိုင်တာမို့ အားနာနာနဲ့ ကြံ့ခိုင်ရေးပါတီလူကြီး ဖြစ်သွားတာ ထင်တယ်။ ဖြစ်နိုင်ချေတခုပေါ့၊ ရုပ်မမြင်သံမကြား ဆိုတော့ ဒီလိုပဲ ထင်ရတာပဲး)

အဲ - - - ၁၇ နှစ်ကြာ တက်ကြွစွာ လှုပ်ရှားပြီး နိုင်ငံတော် အတွက် လုပ်ဆောင်ခဲ့တဲ့ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေ ကိုယ်စား ကျုပ်ဖြင့် ရင်နာမိပါရဲ့။ ဟုတ်တယ်လေ၊ ပုဇွန်တောင်မှာ ကြံ့ဖွံ့တွေ နည်း မှတ်လို့။ ရိုက်သတ်လို့ မကုန်ဘူး (တကယ်မရိုက်ပါဘူးဗျာ မကြောက်ပါနဲ့)။ ဒီလို လူကြီးမင်းတွေ ၁၇ နှစ် ရင်းနှီး၊ မြှုပ်နှံ၊ ပေးဆပ်၊ စွန့်လွှတ်တယ်ဆိုတာ နည်းတဲ့အချိန်မှတ်လို့။ အခုလို ဂွင်ကောင်းတဲ့ ၂၀၁၀ ရွေးကောက်ပွဲကျမှ "နိုင်ငံတော်"က အဖွဲ့ဝင်တွေကို အမတ်လောင်း မခန့်ဘဲ ဂျာနယ်ထုတ်တဲ့သူကို ဗြုန်းခနဲ ဆွဲခေါ် အမတ်လောင်းရာထူး အပ်နှင်း၊ ယူနီဖောင်းဝတ်ပေးပြီး ပွဲထုတ်ရတယ်လို့။ သြော် - ကြံ့ဖွံ့ အမာခံတွေ ကံမကောင်းရှာပါလား။ ပုဇွန်တောင်မှာ ၁၇ နှစ်တာ မိုက်ခဲ့သမျှ လွှတ်တော်မ၀င်ရတော့ဘူးပေါ့။

သွပ် - သွပ်- သွပ် - သွပ် ------။

(မှတ်ချက် - အထက်ပါ စာလုံး ၄ လုံးကို အသံထွက် ဖတ်ရန်)


source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

သုံးရောင်ခြယ် ကျောင်းသားများ၏ ထုတ်ပြန် ကြေငြာချက်

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 10, 2010

စစ်တိုင်းမှူးအသစ်များ အပေါ် ခေတ်ပြိုင်အရာရှိဟာင်းတစ်ဦး၏ မျှော်လင့်ချက်များ

VOA | မကြာသေးခင်က အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်တိုင်းမှူး(၁၃)ဦး ထဲမှာ၊ ၈၈၈၈ အရေးတော်ပုံကာလ လူထုဘက်ကိုကူးပြောင်းခဲ့သူ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်နဲ့ ဗိုလ်သင်တန်း တပတ်စဉ်ထဲ ကျောင်းဆင်းခဲ့တဲ့ စစ်တိုင်းမှူး(၅)ဦး ပါဝင်သလို၊ သူနဲ့ သိပ်မကွာတဲ့ ဗိုလ်သင်တန်းတွေက ကျောင်းဆင်းခဲ့သူတွေ ပါရှိပါတယ်။ သူနဲ့ ခေတ်ပြိုင် စစ်တိုင်းမှူး အသစ်တွေအပေါ် သူထားရှိတဲ့ မျှော်လင့်ချက်တွေကို ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်က ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထား ပါတယ။်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးစိုင်းဝင်းကျော် ခင်ဗျား။ တပ်မတော်ကို သွေးသစ်လောင်းတယ်ပဲ ပြောရမလား၊ အခုကျနော်တို့ ပြန်ကြည့်လိုက်တဲ့အခါကျတော့ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ရဲ့ အပတ်စဉ် ပေါ့နော်၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄) က တပ်မမှူးတွေဟာ အခု တိုင်းမှူးတွေ ဖြစ်လာကြပါပြီ။ စစ်တက္ကသိုလ် အပတ်စဉ်(၂၄) နဲ့ ခေတ်ပြိုင်ပဲ ဖြစ်တဲ့ OTS အပတ်စဉ် (၆၄)က တပ်မမှူးတွေလည်း တိုင်းမှူးဖြစ်လာတာကို ကျနော်တို့ တွေ့ရပါတယ်။ ဥပမာဆိုလို့ရှိရင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်က တပ်မ(၇၇) ရဲ့ တပ်မမှူး၊ ဗိုလ်ကြီး စိုင်းဝင်း ကျော်တို့ အပတ်စဉ်က ဗိုလ်မှူးချုပ်ထွန်းသန်း ဖြစ်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်း ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ အပတ်စဉ်ကပဲ ခြေမြန်တပ်မ(၃၃)ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောဖြစ်ပါတယ်။ စစ်တက္ကသိုလ်ဆင်း မဟုတ်ဘဲနဲ့ OTS ဆင်း ဆိုလို့ရှိရင်လည်းပဲ ဖားအံက ခြေမြန်တပ်မ(၂၂)ရဲ့တပ်မမှူး ဗိုလ်မှူးချုပ်တင်မောင်ဝင်း OTS အပတ်စဉ် (၆၄)၊ မကွေးက တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ်စိုးထွဋ် OTS အပတ်စဉ်(၆၄) က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သူတို့တွေက ဗိုလ်ကြီးစိုင်းဝင်းကျော်တို့နဲ့ ခေတ်ပြိုင်တွေပါ။ ဗိုလ်ကြီး ဆိုလို့ရှိရင် တပ်ခွဲမှူးပေါ့၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တဲ့အချိန်မှာ ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်ခဲ့တဲ့အချိန်မှာ၊ အခုတော့ ကိုယ်နဲ့ခေတ်ပြိုင်တွေ၊ ကိုယ်နဲ့ သူငယ်ချင်းတွေ တပ်မမှူးတင် မက တိုင်းမှူးပါ ဖြစ်လာပါပြီ။ တိုင်းမှူးဆိုတာ ကျနော်တို့ မြန်မာ့တပ်မတော်မှာ ဒုတိယတန်းစစ်ခေါင်းဆောင် တွေပါ။ အဲဒီတော့ ဗိုလ်ကြီး ဘယ်လိုမြင်ပါသ လဲ ခင်ဗျ။ ဒီအခု ဗိုလ်ကြီးတို့နဲ့ ခေတ်ပြိုင် ဒီလူငယ်တိုင်းမှူးတွေဟာ တပ်မတော်ကိုကော တိုင်းပြည်ကိုကော ကောင်းသောအပြောင်းအလဲကို လုပ်နိုင်ဖို့ အလားအလာ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အခုလို ကျနော့်ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေပေါ့နော်၊ ကျနော်တို့ အပတ်စဉ်က ဆင်းတာတွေ ကျနော်တို့နဲ့ မလှမ်းမကမ်း အပတ်စဉ်တွေကနေ ဆင်းသွားတဲ့ အရာရှိတွေဟာ တပ်မတော်မှာ ခုနပြောတဲ့ တိုင်းမှူးအဆင့် တာဝန်တွေကို ရလာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ တရပ်ပါ။ သူတို့ အတွက်လည်း ကျနော် ၀မ်းသာပါ တယ်။ သို့သော် ကျနော် ပိုပြီးတော့မှ ၀မ်းသာချင်တာကတော့ မြန်မာလူထုတစ်ရပ်လုံး အတွက် ကျနော်ပိုပြီးတော့မှ ၀မ်းသာချင်ပါတယ် ခင်ဗျ။ ကျနော် ပိုပြီး မျှော်လင့်တာကတော့ တပ်မတော်ထဲမှာ ပိုပြီးတော့မှ တိုးတက်သစ်လွင်တဲ့ အတွေးအခေါ်တွေနဲ့ပေါ့၊ ကျနော်တို့ လက်ရှိ မြန်မာပြည်ကြီးကို ငြိမ်းချမ်းတဲ့နည်းနဲ့၊ အကောင်းဆုံးအမြန်ဆုံးနည်းနဲ့ စစ်အာဏာရှင် စနစ်ကို ချုပ်ငြိမ်းသွားပြီးတော့မှ ပြည်သူလူထုတရပ်လုံးက လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖေါ်ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တန်ဘိုးထားတတ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေကို ပိုပြီးတော့မှ အလေးထားလုပ်ဆောင်သွားနိုင်တဲ့ မြန်မာလူထု တရပ်လုံးကို ဆင်းရဲတွင်းကနေ လွတ်အောင် အမြန်ဆုံး စွမ်းဆောင်ပေးနိုင်တဲ့ တပ်မတော်ခေါင်းဆောင်သစ်တွေကို ပိုပြီးတော့မှ မျှော်လင့်ပါတယ်ခင်ဗျ။ ကျနော့် သူငယ်ချင်းတွေလည်း အဲဒီလိုမျိုး ခေါင်းဆောင်သစ်တွေ ဖြစ်လာပါစေလို့ပဲ ကျနော် ဆန္ဒပြုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီးခင်ဗျ၊ ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီတိုင်းမှူးတွေဟာ တိုင်းမှူးဖြစ်အောင် ပိရမစ် ပုံစံပေါ့နော်၊ ထိပ်ပိုင်းမှာက နည်းနည်းပဲရှိပြီး အောက် မှာက အများကြီး၊ အောက်မှာ အများကြီးကနေ သူတို့ တဆင့်တဆင့် တက်လာရတာ၊ စစ်တက္ကသိုလ်တို့ OTS တို့မှာ ဗိုလ်လောင်းဖြစ်ဖို့တောင် လွယ်တာမဟုတ်ဘူး။ အဲဒီကနေမှ သူတို့ အောက်ကနေ တဆင့်တဆင့် နောက်ဆုံး ဒီ စကခတွေကော တပ်မတွေကော ပေါင်းလိုက်ရင် (၃၀)ကျော်လောက်ရှိတယ်။ အဲဒီ တပ်မမှူးတွေထဲကမှ အခုနောက်ဆုံး တိုင်းမှူးက (၁၃) ယောက် ဒီအထဲမှာ ပါလာကြပြီ။ ပိရမစ်ပုံစံနဲ့ အပေါ်ကိုသွားနေတဲ့အချိန်မှာ ဒီလူတွေဟာ ခပ်ညံ့ညံ့တွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ မှန်းလို့ ရပါတယ်။ အရည်အချင်းအားဖြင့် ဒီ လောက်တော်နေတဲ့လူတွေဟာ စိတ်စေတနာအားဖြင့် တိုင်းပြည်ကို ပြောင်းလဲချင်စိတ် ဖြစ်ပေါ်လာအောင် ဗိုလ်ကြီး ကိုယ်၌ကလည်း နိုင်ငံရေးဘက်ကို ကူးပြောင်းလာတယ်။ နိုင်ငံရေး အကျဉ်းသားအဖြစ်လည်း နေလာတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးအားဖြင့် အတိုက်အခံတွေ"တပ်မတော်က မပါလို့ မြန်မာပြည်မှာ ဘာပဲ လွတ်မြောက်ရေးလုပ်ရှားမှု လုပ်လုပ် အပြောင်းအလဲက မဖြစ်ဘူး" လို့ ပြောနေကြတယ်။ အခု ဒီလိုမျိုး အပြောင်းအလဲဖြစ်အောင် လူငယ်သွေးသစ်တိုင်းမှုးတွေ၊ တပ်မမှူးတွေနဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်း က ပြေပြေပြစ်ပြစ်ဖြစ် အောင် ဘယ်လိုညှိနှိုင်းပြီးတော့ ဘယ်လိုမျိုး အသံတွေ ပေးသင့်သလဲ၊ ဘယ်လိုမျိုး ကမ်းလှမ်းမှုတွေ လုပ်သင့်သလဲ၊ ဗိုလ်ကြီး ဘယ်လိုမြင်သလဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်မြင်တာတော့ ကျနော်တို့ ဒီ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ကြားမှာ တဖက်နဲ့ တဖက် အငြှိုးအာ ဃာတတွေကို ဖယ်ဖျောက်ပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့လူမျိုးအတွက် မြန်မာပြည်သူလူထု တရပ်လုံးအတွက် လက်တွဲပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါပြီခင်ဗျ။ နောက် တခုက စစ်အာဏာရှင်စနစ်က ချုပ်ငြိမ်းစေချင်တယ်ဆိုတာက တပ်မတော်ကြီးတခုလုံးကို ဖျက်သိမ်းဖို့ ပြောတာမဟုတ်ပါဘူး။ လက်ရှိ တပ်မတော် ခေါင်းဆောင်ကြီးတွေ အများစုက တပ်မတော်ကို အင်အားတောင့်တင်းအောင် အဖက်ဖက်က သူတို့ ကြိုးစားနေပေမယ့် တချို့နေရာတွေမှာ သူတို့က အင်မတန်မှ အန္တရာယ်ကြီးတဲ့ နျူးကလီးယားတို့ ဘာတို့၊ လူအ မြောက်များ သေစေနိုင်တဲ့ လက်နက်တွေထုတ်ဖို့ထိ ကြံစည် ကြိုးပမ်းနေတာတွေ အများကြီး ရှိပါတယ်။ နောက်တခုက အမိန့်နဲ့တာဝန်ကို တလွဲအသုံးချပြီးတော့မှ တပ်မတော်က စစ် အာဏာရှင်စနစ်ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ ဖြစ်ပြီးတော့မှ လူထုကို ရက်ရက်စက်စက် ဖိနှိပ်နေတာတွေ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးဖြေရှင်းမှု မရှိဘဲနဲ့ အမျိုးမျိုး မရိုးသားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတာတွေ အားလုံးဟာ နိုင်ငံနဲ့ ပြည်သူလူထုတရပ်လုံးအတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ တပ်မတော်အတွက်လည်း ရေရှည်မှာ အလားအလာ မကောင်း ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး အခု ဒီ အတွေးသစ် အမြင်သစ်တွေနဲ့ လူငယ်ခြေတက် တိုင်းမှူးတပ်မမှူးတွေ ဖြစ်လာကြပြီလို့ ကျနော်တို့ မြင်ကြည့်လိုက်မယ်ဆိုရင် အရင် တုန်းက နိုင်ငံရေးပြစ်မှုကြီးတွေ ပြည်သူလူထုကို ဖိနှိပ်တဲ့လုပ်ငန်းတွေ လုပ်ခဲ့တဲ့အပေါ်မှာ အခု တက်လာတဲ့ တိုင်းမှူး၊ တပ်မမှူးတွေဟာ သိပ်ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အရင်အုပ်စု တွေထက်စာလို့ရှိရင် အခုလိုမျိုး အထိုက်အလျောက် သန့်ရှင်းတဲ့ လူငယ်ခြေတက်တိုင်းမှူးတပ်မမှူးတွေ ပေါ်ထွက်လာပြီ။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီ အသိုင်းအ၀ိုင်းက တိုင်းပြည် မှာ အပြောင်းအလဲဖြစ်စေချင်တဲ့ ဒီမိုကရေစီအင်အားစုတွေကကော ဘယ်လိုမျိုး အသံပေးပြီးတော့ ဘယ်လိုမျိုး ဒီအပြောင်းအလဲကိုဖြစ်အောင်လို့ အမျိုးသား ရင်ကြားစေ့ရေး ပြန်ဖြစ် အောင်လို့ ချဉ်းကပ်သင့်လဲ၊ ဘယ်လိုအသံပေးသင့်လဲလို့ ထင်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်ထင်တာတော့ ကျနော်တို့ဘက်က နိုင်ငံတကာအခြေအနေနဲ့ လိုက်လျောညီထွေပေါ့နော် စစ်ခေါင်းဆောင်တွေဘက်ကလည်း သဘောထား အမှန်တကယ်ပြောင်းလဲလာတယ်၊ အတူတကွ နိုင်ငံသစ်ကို တည်ထောင်ချင်တဲ့ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ကျနော်တို့ အနေနဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို လမ်းဖွင့်ပြီးတော့မှ လက်တွဲ အတူတကွ လုပ်ဆောင်ဖို့ အချိန်သင့်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ တစ်ဦးတစ်ယောက် ဆိုတာက သင်္ခါရသဘောအရ ပြောမယ်ဆိုရင် ဘယ်သူမှ ရေရှည် မတည်မြဲနိုင်ပါ ဘူး။ အဲဒါကြောင့်မို့ လူအပြောင်းအလဲ ခေါင်းဆောင်အပြောင်းအလဲဆိုတာ ဖြစ်လာမယ်၊ အချိန်တန်ရင် ဖြစ်လာမှာတော့ သဘာဝကျပါတယ်။ အဲဒီဖြစ်လာတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့အနေနဲ့ အကောင်းဆုံး ဘယ်လောက်ထိလုပ်သွားနိုင်သလဲ၊ တပ်မတော်အပါအ၀င်နိုင်ငံတခုလုံးကို ဘယ်လောက်ထိ တည်ထောင်သွားနိုင်မလဲဆိုတာ အများကြီးစကားပြော နေပါပြီခင်ဗျ။ တပ်မတော်ကို ခေတ်မှီအောင် အဖက်ဖက်က တည်ထောင်တယ်ဆိုတာ စစ်အာဏာရှင်စနစ်မှ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာပြီးတော့မှ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာပြီဆိုလို့ရှိရင်လည်း ဒါ ကျနော်တို့ တိုင်းပြည်နဲ့ လုံခြုံရေးအတွက်ကော အမျိုးသားကာကွယ်ရေး အတွက်ကော ကျနော်တို့ တပ်မတော်ကို ခေတ်မှီအောင် တည်ဆောက်ရမှာပါ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်မြင်တာတော့ ကျနော်တို့ ဒီ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပေါ့နော်၊ ပုဂ္ဂိုလ်ရေးအရမုန်းတီးမှုတွေ ရန်စောင်မှုတွေ၊ အမျက်ဒေါသတွေကို ဖယ်ဖျောက်ပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါပြီခင်ဗျ။ နောက် တခုက လက်ရှိတပ်မတော်ရဲ့ ခေါင်းဆောင်ကြီးတွေ တိုင်းပြည်ရဲ့အာဏာတွေအားလုံးကို သူတို့က တစ်ဖက်သတ် ဒီ ကာကွယ်ရေးဘတ်ဂျက် (Budget)မှာ စာရင်းမရှိ၊ အင်းမရှိ ထင် သလိုသုံးစွဲနေတာတွေလည်း ရှိပါတယ်။ နောက်တခုက တပ်မတော်တခုလုံးကို လူတစ်ဦးတစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ အကြာကြီးထားပြီးတော့မှ အဲဒီလူအပါအ၀င် အဲဒီလူရဲ့ ဆွေမျိုးသားချင်း၊ သားသမီးတွေကိုက အစ မော်မကြည့်ရဲလောက်အောင် အဲလောက်လောက်ထိ လူပုဂ္ဂိုလ်ကိုးကွယ်ပြီးတော့မှ ကြောက်ရွံ့နေရတာမျိုးလည်း မဖြစ်စေချင်ပါဘူး ခင်ဗျ။ နောက်တစ်ခုက လူထုကို အင်အား အားကိုးပြီးတော့မှ သွေးထွက်သံယို ဖြေရှင်းတာတွေ တပ်မတော်အတွက်လည်း ရေရှည်မှာ အလားအလာ မကောင်းပါဘူး။ ကျနော်တို့ဘက်က နားလည်မှုရှိရှိနဲ့ နူးညံ့သိမ်မွေ့တဲ့နည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေပြီးတော့မှ နားလည်မှုရှိရှိနဲ့ ကျနော်တို့ ချဉ်းကပ်ဖို့ သင့်ပါတယ် ခင်ဗျ။ တပ်မတော် ခေါင်းဆောင်တွေကို ကျနော်တို့က ဦးတည်တိုက်ခိုက်ပြီးတော့မှ ပုဂ္ဂိုလ်ရေးအရ ဦးတည်တိုက်ခိုက်ပြီးတော့မှ ဝေဖန်ပြောဆိုပြီးတော့မှ ဆဲဆိုကြိမ်းမောင်းနေမယ့်အစားပေါ့နော်၊ နိုင်ငံ တကာအခြေအနေနဲ့ လိုက်လျောညီထွေ ရှင်းပြ၊ ပြောဆို၊ ဆွေးနွေးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း သဘောထားအမှန်ကို ထုတ်ဖော်ပြသနိုင်တယ်ခင်ဗျ။ တစ်ဦးနဲ့တစ်ဦး တစ်ဖက် နဲ့တစ်ဖက် ပုဂ္ဂိုလ်ရေး အရရော နောက်တစ်ခုက အင်အားစုတွေအရပါ မလိုလားအပ်တဲ့ သံသယတွေ အငြင်းပွါးမှုတွေကို ဖယ်ရှားပြီးတော့မှ လက်တွဲလုပ်ဆောင်သွားဖို့ အခြေအနေကို ကျရောက်နေပါပြီ။ အဲဒီတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဒီ စစ်ခေါင်းဆောင်အပါအ၀င် မြန်မာ့တပ်မတော် အကြားမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေ အထင်လွဲမှုတွေကို ဖယ် ရှားပြီးတော့မှ အားလုံး သဘောထားကြီးကြီးနဲ့ အငြှိုးအာဃာတတွေကို ဖယ်ဖျောက်ပြီးတော့မှ နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံး လက်တွဲလုပ်ဆောင်သွားဖို့ အချိန်ကျရောက်ပြီလို့ ကျနော် တိုက်တွန်းပြောဆိုချင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီး စိုင်းဝင်းကျော်ခင်ဗျာ ကျေးဇူးတင်ပါတယ်။ ရှစ်လေးလုံးလူထုအုံကြွမှုကြီးအချိန်အခါက လူထုကို ဖြိုခွင်းနှိပ်ကွပ်ဖို့ စေလွှတ်ခဲ့တဲ့ ခြေမြန်တပ်မ(၂၂)က ခမရ(၂၀၈)တပ်ရင်းက တပ်ခွဲမှူးဖြစ်ခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော်ပါ။ သူဟာ ပြည်သူလူထုကို ပစ်ခတ်နှိမ်နင်းရမှာကို မလိုလားတဲ့အတွက် ရှစ်လေးလုံး လူထုအုံကြွမှု အချိန်အခါကြီးမှာ ပြည်သူလူထုဘက်ကို ကူးပြောင်းခဲ့တာပါ။ အဲဒီအတွက်ကြောင့်မို့ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ (၆)နှစ်လောက် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ နေခဲ့ရပါတယ်။ သူနဲ့အတူတူ စစ်တက္ကသိုလ်ဗိုလ်သင်တန်း တက်ခဲ့ဖူးသူတွေ အဲဒီ စစ်တက္ကသိုလ်အပတ်စဉ်(၂၄) နဲ့ သိပ်မကွာတဲ့ OTS ဗိုလ်သင်တန်းက ဆင်းခဲ့တဲ့သူတွေဟာ အခု စစ်တိုင်းမှူးတွေ ဖြစ်လာခဲ့ပါပြီ။ ဒီအပေါ်မှာ ဗိုလ်ကြီးစိုင်းဝင်းကျော်က သုံးသပ်တင်ဆက်ပေးသွားတာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး

ထွန်းထွန်း | ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် သမီးဖြစ်သူကို နအဖ တပ်ကြပ် တစ်ဦးက မုဒိမ်းကျင့်သဖြင့် ဖခင်ဖြစ်သူက နအဖ တပ်ကြပ်ကြီးကို ဓါးဖြင့် ခုတ်သတ်သော သေမူ သေခင်းတစ်ခု ယခုလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။

“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။

ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။

သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။

အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

source by : http://www.narinjara.com

အပြည့်အစုံ ဖတ်ရန် ...