Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Saturday, October 20, 2012

ကိုမင်းကိုနိုင် ရွှေရတုမွေးနေ့ အမှတ်တရ

ကိုမင်းကိုနိုင်ရဲ့ အသက် ၅၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ယုဇနဥယျာဉ်မြို့တော် ၉၄ ရပ်ကွက်မှာ ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်းနဲ့ အခမဲ့ ကွန်ပျူတာသင်တန်းကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

 အောက်တိုဘာလ ၁၈ ရက်နေ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အမှတ်တရအဖြစ် ရည်စူးကျင်းပတာဖြစ်ပြီး အဲ့ဒီအခမ်းအနားကို ကိုမင်းကိုနိုင်ရဲ့ မိခင်နဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ လူမှုရေး၊ ပညာရေး ပရဟိတအဖွဲ့တွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုပြေတီဦးတို့ အပါအ၀င် ပြည်သူလူထု အယောက် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။


source by :  http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

Sunday, June 17, 2012

အမေ ဒေါ်အောင်ဆန်းစုကြည် ၆၇ နှစ်မြောက် မွေးနေ့ မင်္ဂလာ

ပုံကိုနှိပ်ပြီး အကြီးချဲ့ကြည့်ပါ။

ဒီဇိုင်း - ကိုမျိုး

အပြည့်အစုံ ဖတ်ရန် ...

Sunday, June 19, 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့မင်္ဂလာ အထိမ်းအမှတ် အမှတ်တရ စာစုများ

အပြည့်အစုံ ဖတ်ရန် ...

Saturday, October 16, 2010

အမှတ်တရ

သေခြင်းဟာ သေမင်းအလုပ်
ကိုယ့်အလုပ် မဟုတ်ဖူး...၊
ရှင်တာကိုပါ ခေါင်းထဲကထုတ်
ကိုယ့်အလုပ်က ကိုယ်လုပ်စရာရှိတာ
လုပ်နေဖို့...။

မင်းကိုနိုင်

အပြည့်အစုံ ဖတ်ရန် ...

Sunday, July 18, 2010

၆၃-နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ


အပြည့်အစုံ ဖတ်ရန် ...

Friday, March 12, 2010

မတ်လ သူရဲကောင်းများသို့ အမှတ်တရ

ဒီဇိုင်း ကိုမျိုး


ကျောင်းသားအတ္ထုပ္ပတ္တိ


(၁)

မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။

ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။

(၂)

ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ် အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

(၃)

ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒို့ ကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။

“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။

(၄)

အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့ တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့ တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့ … လှလို့ …
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့ …………
လှလို့ ပါပဲ…………………ညီလေးရယ်…။


( ရွှေဘုန်းလူ )

တာရာမင်းဝေ အမှတ်တရစာစုများမှ ထုတ်နှုတ် ဖော်ပြသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 11, 2010

ရဲဘော်ကြီး ဖုန်းမော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အမှတ်တရ

သန္ဓေမှသည်


မြေတူးမိုးလှန်
မြင့်မြင့်ပျံ၍
ဒေါင်းသံဟိန်းကြွ
ဘုန်းမော် ထအံ့
လောက ကောင်းချီးပေးပါလေ……….။


ရဲထိန်



ရဲဘော်ကြီး ဖုန်းမော် ကောင်းရာ သုဂတိ လားပါစေ...။

အပြည့်အစုံ ဖတ်ရန် ...

Saturday, October 3, 2009

သီတင်းကျွတ် လပြည့်ည

သီတင်းကျွတ် လပြည့်ည




Photobucket

မှတ်ချက် ။ ။ ပေးပို့သူ >>> ညီငယ် CO 2 အား အထူးကျေးဇူးတင်ရှိပါ၏...

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 30, 2009

အဖမ်းဆီးခံ ဒီမိုကရေစီသူရဲကောင်းများ အား အမြဲတမ်း အမှတ်ရနေရေး

အဖမ်းဆီးခံ ဒီမိုကရေစီသူရဲကောင်းများ အား အမြဲတမ်း အမှတ်ရနေရေး




မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Saturday, March 7, 2009

ရဲဘော်ဆေး

(၁၉၉၈၊ မတ်လ၊ ၁၃ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်း သားတပ်မတော်မှ ရဲဘော်ဆေး အတွက် ဂုဏ်ပြုကဗျာ)

ရဲဘော်ဆေး

- (၁၅)နှစ်တောင်ရှိသွားပြီ….တုတ်ကြီးရေ
မင်းရဲ့  .….
မက်မက်စက်စက် ပွင့်လန်းလို့ကောင်းတဲ့အချိန်
သာမီတိုက်ရွာကြီးက
မင်းရှိရင်အားရှိတယ်
မင်းမလာရင်… တမေးမေး…တစမ်းစမ်းနဲ့
ကွမ်းထုပ်လေးအမြဲ ပေးတတ်တဲ့ရွာလေ…။

- မှိုင်းပြာပြာ ပျင်းစရာကောင်း
အထီးကျန် နွေအလယ်မှာ
ငါတို့…ကမ္ဘာမြေအတွက်
လာခြင်းကောင်းတဲ့သံစဉ်တွေရေး
စကားပြောလောကြီးတဲ့မင်း
ဘာတွေနဲ့ဘယ်လို
လဲလှယ်ခွင့် မပြုနိုင်
လှလိုက်တဲ့ ကတိစကားတွေ
မင်း မွေးဖွားပေးရက်နော်..။

- “ကျနော်က..ထင်ထားတာ သူ ရေလာပက်မယ်လို့
ရဲဘော်ကြီး တယောက်ကို သူက တစ်တစ်ရစ်ရစ် မလွတ်တမ်းပေါ့”
ဗုံတောင် သူ မိသက်ထားကိုမှ
ခွင့်လွှတ်ခြင်းများစွာနဲ့
အဲဒီလောက်ချစ်ခဲ့တာပါတဲ့..။

- ဆရာကြီး ပီမိုးနင်း ရဲ့စကား
သူနဲ့ ငြင်းခုံကြသေး
“နိုင်ငံရေးဆိုတာ ညစ်ပတ်တတ်မှတဲ့”
- ဆိုးတူကောင်းဘက် ရဲဘော်တွေအတွက်
ဟာသနဲ့ တသက်လုံး အမှတ်ရသွားမယ့်
ဇ၀ဏ ဥာဏ်…သတိရတုန်း တုတ်ကြီးရေ..။

- ကျောက်ကြီးတောင်ရွာမ
ကျွန်းတောကုန်း ပုန်းတဲ
ညောင်ပင်တောင် ပုခက်တဲ
မဏ္ဍပ်တောင်ဘုရားပွဲ
မင်းကိုယ်တိုင် ကပြခဲ့တဲ့ဇာတ်
“လူသူတခါရောက်ဖို့ လှည့်စားထား
ကိုကြွေရေ…ရူရူတခါပေါက် ဆယ့်ငါးပြား ဆိုပဲ”
အကြောင်းမညီညွှတ်လို့
ဘောင်းဘီ ချွတ်ရပါပြီ…ပြက်လုံး
ငါကြားချင်သေးတယ်….တုတ်ကြီးရေ…။

- တညသားမှာ
ငါ့ကျောကုန်းကို.. အံကြိတ်ထု
ပြန်အမှတ်ရမိတာတွေဟာ
မင်းကိုမေ့သွားအောင် လုပ်ခဲ့တာလား
မမေ့ဘူး….မင်းကိုချစ်တယ်
မင်းကို…လေးစားတယ်
မင်းကို….တန်ဖိုးထားတယ်
မင်းကို ကျဉ်တတောင့် မသင့်စေချင်ဘူး..။

- မင်းချစ်တဲ့ရွာ…မင်းပြည်သူက
ရဲဘော်ဆေး ရန်သူမိသွားပြီတဲ့
ရဲဘော်ဆေး သတ္တိရှိရှိပဲတဲ့
ရန်သူကိုတည်ငြိမ်စွာ တုန့်ပြန်တယ်တဲ့
ရန်သူဆီ ကွမ်းတရာ တောင်းစားရဲတယ်တဲ့…ပြီးတော့..
“ခင်ဗျားတို့ ကျုပ်ကိုမိပြီပဲ
ကျုပ် လူတွေကိုမေးစရာ မလိုဘူး
ခင်ဗျားတို့ လုပ်စရာရှိတာ ဆက်လုပ်ပါ”..။

- ခွပ်ဒေါင်းစိတ်…….ခွပ်ဒေါင်းသတ္တိ
ခွပ်ဒေါင်းဇာတိ တချက်ကလေးမညွှတ်ပြောင်း
တွေဝေမှူ မရှိ….သေခြင်းတရားကို
ရဲရဲအာခံသူ..။

- ကွမ်းသီး လှီးတဲ့ ဓါးပြတ်ပြတ်နဲ့
ညောင်ဝါပင်ခြေရင်း
ဓါးတစင်းအောက်မှာ… အသက်ပျောက်သွားခဲ့
ရဲဘော်တုတ်ကြီးရေ……….
ငါ့ရင်ထဲ…..မေ့လို့ရနိုင်ရိုးလား………။


ကျဉ်ဝေဖြိုး

ဖန်မီးအိမ်ကဗျာဝိုင်း။ “ တောထဲက ကဗျာ ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 23, 2008

ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့ … အလံတလက်

သူငယ်ချင်း ‘ဂုရု’ သို့မဟုတ် ‘နေလ’ သို့မဟုတ် ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့…
အလံတလက်


သူရဲဘောကြောင်တဲ့ သေခြင်းတရားက
ကောက်မြည်းသွားတာ အခံရခက်ဆုံးပဲ …။

ကောင်းရာသုဂတိဆိုတာ
သူရဲကောင်းဝိညာဉ်တွေနဲ့သာ
ဌာပနာတည်တဲ့ စေတီ …။

ထို့အတူ
သူရဲကောင်းတွေသာ
မြှုပ်နှံရာ ရင်ပြင်နီ
သူငယ်ချင်းရေ … ဂွတ်ဘိုင် ။ ။

သစ်ကောင်းအိမ် (ဇော်ကြီး)

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ တင်ပြပါသည် ။

အပြည့်အစုံ ဖတ်ရန် ...