Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်ပြီး ရန်ကုန်ပြန်

ချင်းမိုင် (မဇ္ဈိမ)| အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့ နံနက်က နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော အမျိုးသားအဆင့် စီးပွားဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။

သမ္မတဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။


သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်နှင့် ပြည်ထောင်စုဝန်ကြီးများ စနေနေ့ သြဂုတ်လ ၂ဝ ရက်၊ ၂ဝ၁၁ ခုနှစ်တွင် နေပြည်တော် MICC တွင် စကားလက်ဆုံ ကျနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။
ပုံကို နှိပ်ပြီး အကြီးချဲ့ကြည့်ပါ ...။

နံနက် ၉ နာရီမှ စတင်၍ သူ၏ မိတ်ဆွေ သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်တို့နှင့်အတူ အလုပ်ရုံ ဆွေးနွေးပွဲသို့ ၁နာရီ တက်ရောက်ခဲ့သည်။

ယခု သတင်းပေးပို့ချိန်တွင် ဒေါ်အောင်ဆန်းစုကြသည် အစိုးရ၏ လုံခြုံရေး အစီအစဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားပြီဟု သိရသည်။

ဆွေးနွေးပွဲ ခေတ္တ ရပ်နားချိန်တွင် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နိုင်ငံ့ရေးရာများ ပြောဖြစ် ခဲ့ကြသည်ဟု သတင်း ရပ်ကွက်တခုက ပြောသည်။

ဝန်ကြီးများ ထွက်ခွာသွားချိန်တွင် စီးပွားရေး လုပ်ငန်းရှင်များဖြစ်သော ဦးအောင်ကိုဝင်း၊ ဦးထွန်းမြင့်နိုင်နှင့် ဦးဇော်ဇော်တို့နှင့် စကားလက်ဆုံ ကျခဲ့သည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင်များက ဓာတ်ပုံအတူ တွဲရိုက်ရန် တောင်းဆိုရာ ဓာတ်ပုံရိုက်ခဲ့သည်။

သောကြာနေ့က သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတ အိမ်တော်ရုံးခန်းတွင် ပထမဆုံး အကြိမ်အဖြစ် ဆွေးနွေးခဲ့ကြသည်။

မတူကွဲပြားချက်များကို ဘေးဖယ်လျက် "နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်း ဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့”သည်ဟု နိုင်ငံပိုင် MRTV-4 ရုပ်မြင်သံကြား ထုတ်လွှင့်ချက်တွင် ပါရှိသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Friday, August 19, 2011

သမ္မတဦးသိန်းစိန်နှင့် ဒေါ်စု တွေ့သည့် သတင်း နိုင်ငံပိုင် ရုပ်မြင်တွင် ဖော်ပြ

ချင်းမိုင်(မဇ္ဈိမ) | သမ္မတ ဦးသိန်းစိန်သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နေပြည်တော်ရှိ သမ္မတ အိမ်တော်၏ ရုံးခန်းတွင် သောကြာနေ့ ညနေက တွေ့ဆုံခဲ့သည်ဟု နိုင်ငံပိုင် ရုပ်မြင် သံကြား က ကြေညာသွားသည်။

မြန်မာ့ရုပ်မြင်သံကြား ကြေညာချက်တွင် “နိုင်ငံတော် သမ္မတက နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူများရဲ့ အကျိုးစီးပွား အတွက် နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်များကို ခင်မင်ရင်နှီး ပွင့်လင်းစွာ ရှင်းလင်းပြောကြား ပါတယ်။” ဟု ည ၈ နာရီသတင်းတွင် ဖော်ပြသည်။

“နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မတူကွဲပြားသော သဘောထား အမြင်များ ဘေးဖယ် ထားပြီး နိုင်ငံနှင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများမှ ပူးပေါင်းဆောင်ရွက်မည့် အလားအလာများအား ရင်းနှီးစွာ ဆွေးနွေးခဲ့” သည်ဟုလည်း ပါရှိသည်။

dsandts1

ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်နှင့် တွေ့ဆုံသော်လည်း သူ့အား ဖိတ်ကြားထားသည့် နိုင်ငံတော် အဆင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ မတက်ရောက်သော်လည်း နေပြည်တော်တွင် သောကြာနေ့တွင် ညအိပ်နားမှာ ဖြစ်သည်။

သူနှင့်အတူ ဒေါ်စုစုလွင်နှင့် ဦးခွန်သာမြင့်တို့သာ လိုက်ပါသွားသည်ဟု သူ့ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

ဦးသိန်းစိန်မှာ အစောပိုင်းက မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲသို့လည်း တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့သေးသည်။

စီးပွားရေး ပညာရှင်များ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ လွှတ်တော် အဖွဲ့အစည်း ၄ ခုမှ ကိုယ်စားလှယ်များ၊ စာနယ်ဇင်းသမားများ၊ ဝန်ကြီးများ တက်ရောက် နားထောင်ကြသည့် ဆွေးနွေးပွဲတွင် ဦးသိန်းစိန်က စီးပွားရေး တိုးတက်စေရန် ငွေကြေး မူဝါဒနှင့် ကုန်သွယ်ရေး မူဝါဒများကို ပြုပြင် ပြောင်းလဲရမည်ဟု သမ္မတက ပြောကြား သွားခဲ့ကြောင်း မြန်မာ့ရုပ်မြင်သံကြားက ကြေညာခဲ့သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ


ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်လို့ တရားဝင် စတင်ခေါ်ဝေါ်ခဲ့တာဟာ ၂၀၁၁ မတ် လ (၃၀) ရက်နေ့ ဆိုရင် မှားမယ် မထင်ပါဘူး။ အဲဒီနေ့မှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းတယ်လို့ ကြေငြာခဲ့တာကိုး။

အဲဒီနောက် ရက်ပေါင်း ၁၀၀ ကျော်ကြာပြီး ပထမဦးဆုံး နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) ကို ၁၂/၈/၂၀၁၁ မှာ ရုပ်မြင်သံကြားကနေ ကြားသိ တွေ့မြင်လိုက်ရပါတယ်။ တဖန် သမ္မတဦးသိန်းစိန်ကလည်း မြန်မာကွန်ဗန်းရှင်းစင်တာ (M.I.C.C)မှာ ၁၇/၈/၂၀၁၁ ရက်နေ့တွင် မိန့်ခွန်းတစ်ရပ် သူ့ရဲ့ မူရင်းအသံဖြင့် ထုတ်လွှင့်သွားပြန်တယ်။ အဲဒီမှာ ပြည်သူတွေက မတရားမှုတွေကို နိုင်ငံတော် သမ္မတထံ တိုင်ကြားကြပြီး၊ အချို့ကို ဖြေရှင်းခဲ့ပြီး အချို့ကို စုံစမ်းဆဲ ဖြစ်ပါတယ်လို့ ကြားရတဲ့အခါ ညီနောင် ရဲဘော်ရဲဘက်များ အချင်းချင်းကြည့်ရင်း “တပ်မတော်ထဲက ကျတော့ ဘယ်သူ့ဆီ တိုင်ရမှာလဲ” လို့ မေးမြန်းသံတွေ ထွက်လာပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ သမ္မတသည် နိုင်ငံတော် အကြီးအကဲ ဖြစ်တဲ့အတွက် တပ်မတော်အတွင်းက မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေရှင်းပေးရန် တာဝန်ရှိပါတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ယခင်က တပ်မတော်ရဲ့ ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးတစ်ဦး စစ်ရေးချုပ်ဖြစ်ခဲ့သလို ယနေ့အချိန်မှာ နိုင်ငံတော်သမ္မတဖြစ်နေသော ဗိုလ်ချုပ်ကြီး သိန်းစိန်(အငြိမ်းစား) သို့မဟုတ်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ အောက်ပါ အချက်အလက်များကို မှန်/မမှန် စိစစ်လျက် နိုင်ငံတော်ရဲ့ သားသမီးတစ်ဦးဖြစ်တဲ့ တပ်မတော်အတွင်းမှ အရာရှိ/စစ်သည် မိသားစုများအတွက် ဖြေရှင်း ဆောင်ရွက်ပေးပါရန် တိုင်ကြားအပ်ပါတယ်။

ဦးစီးတာဝန်ပါ စစ်ဦးစီး-စစ်ရေး-စစ်ထောက်ဖြင့် အစီအစဉ်အတိုင်း တင်ပြရရင် စစ်ဆင်ရေးနှင့်ပတ်သက်ပြီး တပ်မတော်(လေ)အနေနဲ့ မြန်မာ့ ဝေဟင်ပိုင်နက်ကို ထိရောက်စွာ ကာကွယ်မှု ပြုနိုင်တဲ့ စွမ်းရည်ထက်မြက်သည့် လေယာဉ်/ရဟတ်ယာဉ်များနှင့် အထောက်အကူပြု မြေပြင်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများကို အိမ်နီးချင်း နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်သည့် စွမ်းရည်ရှိသော Quality နှင့် Quanity ရှိရှိ ယုံကြည်စိတ်ချစွာ ပိုင်ဆိုင် အသုံးပြုလိုပါတယ်။ လက်ရှိအနေအထားကို မလိမ်မညာစတမ်း တင်ပြရရင် ကာကွယ်ရေး ဦးစီးချုပ်(လေ)အပြင် လေတပ်ဆိုင်ရာ ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများအား စိစစ် တင်ပြစေပါက နိုင်ငံတော်ကာကွယ်ရေးအတွက် လက်ရှိ တပ်မတော်(လေ)ရဲ့ အနေအထားမှန်ကို ထိတ်လန့်ဖွယ် သိရှိရပါလိမ့်မယ်။

လေ့ကျင့်ရေးအပိုင်းတွင် အရာရှိများရော စစ်သည်များပါ မိမိတာဝန်ထမ်းဆောင်ရမည့် နယ်ပယ်အလိုက် အသုံးဝင်သော သင်တန်းနှင့် အသုံးမ၀င်သော သင်တန်းများဖြင့် လုံးလည်ချာလည် လိုက်နေရပါတယ်။ စစ်သည်များအတွက် အကြပ်လောင်း၊ အကြပ်ငယ် စသောသင်တန်းများ၊ တိုက်/စည်း (အကြပ်/တပ်သား/အရာခံ) အဆင့်ဆင့်၊ တဘက်မှာလည်း သက်ဆိုင်ရာ စက်မှုလက်မှု သင်တန်းများ၊ အရာရှိများအတွက် ဆိုလျှင်လည်း လေတပ်ဆိုင်ရာ သင်တန်းများအပြင် ခြေလျင်တပ်ခွဲမှူး၊ တပ်ရင်းမှူးသင်တန်းများ၊ စသည် တို့ကြောင့် ငွေကုန်ကြေးကျများပြီး အချိန်ကုန် လူပမ်း အကျိုးမရှိဖြစ်ရသော သင်တန်းများစွာ ရှိနေပါတယ်။ တပ်ဖွဲ့ရဲ့ သဘောသဘာဝနှင့် အကျိုးရှိမှု မရှိ မှုတို့အား ပြန်လည် သုံးသပ်သင့်ပါတယ်။

သင်တန်းကျောင်းများအတွက်ရော၊ တက်ရောက်သူများအတွက်ပါ အကျိုးရှိသော သင်တန်းများဖြစ်ရန် သုံးသပ်မှုများပြုမှ ကာကွယ်ရေးအသုံးစရိတ်ကျခံမှု ထိရောက်ပါမယ်။

စစ်ရေးဆိုင်ရာနှင့်စပ်လျဉ်းပြီး တင်ပြရရင် တပ်မတော် (ကြည်း/ ရေ / လေ) အရာရှိ/စစ်သည်များရဲ့ လစာနှင့် စရိတ်များဟာ လက်ရှိကုန်ဈေးနှုန်းနှင့် ကိုက်ညီမှု မရှိပါ။ ရိက္ခာခြောက်များ၊ ရိက္ခာစိုငွေများဖြင့် ပြင်ပ ကုန်ဈေးနှုန်း နှိုင်းယှဉ်ကာ မိသားစု တစ်စုအတွက် ဟင်းချက်ကြည့်ပါက အဆင်မပြေသော လက်ရှိ လစာနှင့် စရိတ်ကို တွေ့မြင်နိုင်သလို စစ်ပြေးများနေခြင်း၊ ငွေကြေး၊ လောင်းကစားမှုများ ပေါများနေခြင်းရဲ့ ဇစ်မြစ်ကို သိနိုင်ပါမယ်။ ဗိုလ်ချုပ်ကြီး စစ်ရေးချုပ်ဖြစ်ခဲ့စဉ်က ကလေးစစ်သားနဲ့ စပ်လျဉ်းပြီး ကော်မတီအစည်းအဝေး ထိုင်ခဲ့ဖူးသလို စစ်သားစုဆောင်းရေးနဲ့ ပတ်သက်ပြီး တိုက်ရိုက် တာဝန်ရှိတဲ့သူတယောက် ဖြစ်ခဲ့ဖူးပါတယ်။

လေတပ်အပါအဝင် အောက်ခြေ ခြေလျင်တပ်ဖွဲ့တွေမှာ စစ်သားစုဆောင်းရေး သတ်မှတ်ချက်အတိုင်း ပြည့်မှီနိုင်ဖို့ တရားဝင် လူကုန်ကူးမှု တပ်ထဲမှာ ဖြစ်ပျက်နေတာကို သိခဲ့ပါသလားလို့ မေးချင်ပါတယ်။ ထို့အတူ တပ်သားသစ်စုပေးမှ ခွင့်ပေးခြင်း၊ မိသားစု လိုက်ပါရန်ခက်ခဲတဲ့ နေထိုင်မှု အဆင်မပြေခြင်းများရှိသည့် လေတပ်စခန်းများရဲ့ အခြေအနေကြောင့်လည်း ခွင့်မဲ့ပျက်ကွက်မှုများ တိုးပွါးနေခြင်းဖြစ်ပါတယ်။ အရာရှိ/ စစ်သည်များရဲ့ အဆင့်တိုးမြင့်ရေး၊ ပြောင်းရွှေ့ရေးများတွင် မူဝါဒအမျိုးမျိုး ရှိခြင်းကလည်း တိုင်ကြားသူမရှိသော ရာဇ၀တ်မှုများသဖွယ် တပ်မတော်(လေ)မှာ ဖြစ်စဉ်များစွာရှိနေပါတယ်။ ဝေးလံတဲ့ တပ် (မြိတ်၊ ဟုမ္မလင်း)များမှ သူများကို သွားလာမှု အဆင်ပြေတဲ့ တပ်များသို့ ၃နှစ်ပြည့်လျှင် ပြန်ပြောင်းပေးမယ်ဟု ဆိုသော်လည်း မသိချင်ယောင်ဆောင် ပစ်ထားကာ နေမြဲဖြစ်နေသူများရှိပါတယ်။ ဒါအပြင် အိမ်နီးချင်းတပ် သို့မဟုတ် ကပ်လျက်တပ် (မိတ္ထီလာမှ လမသနှင့်လကသ) အချင်းချင်း ပြောင်းခွင့်မပေးဟု ဆိုသော်လည်း လက်တို့ပြီး အတွင်းကြိတ် ပြောင်းနေမှုများ ရှိပါတယ်။

စစ်ရာထူးခန့်ချုပ်ရုံး ထူးအမိန့်ထွက်ပြီးသည့်တိုင် ကက(လေ)အမိန့်နှင့် တွဲဘက်(၆လ မကျော်ရော/ ဘာမှ မပါပဲရော) ကာ အဆင်ပြေအောင်ရော၊ အဆင်မပြေအောင်ရော လက်သင့်ရာ လူအပေါ်လိုက်ကာ ကက(လေ)စိတ်တိုင်းကျ ဖန်တီးနေမှုများရှိပါတယ်။

မူဝါဒကို လက်တလုံးခြားလုပ်ကာ အရာရှိ/စစ်သည်များအပေါ် လေချုပ်နှင့် ဦးစီးအရာရှိကြီးများရဲ့ နှိပ်ကွပ်မှုများအရ အရာရှိ/စစ်သည် တစ်ဦးချင်းအလိုက် လေတပ်စခန်းအသီးသီးသို့ မိမိရောက်ရှိ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ရမှုများအား ကာလအပိုင်းအခြားအလိုက်၊ အကြောင်းအရာ ဖော်ပြစေလျက် စစ်တမ်းယူခဲ့ပါရင် အချို့ဟာ လေတပ်စခန်းတစ်ခုတည်းမှာပင် အချိန်ကြာမြင့်စွာ နေရသလို၊ အချို့မှာ ဟိုသည်ပြေးလွှား နေရာမရ နှိပ်ကွပ်ခံနေရခြင်းများ ၊ မလိုအပ်တဲ့နေရာမှာ လူများနေပြီး လူမှန် နေရာမှန် မရှိမှုများ၊ သိသာတဲ့ မှားယွင်းနေမှုများ ၊ လူတနေရာ အမိန့်တနေရာ၊ လုပ်ငန်းတခြား လူတခြား၊ ယာယီတာဝန်ပြကာ တပ်တခြား လူတခြား စသည်များ ထင်ထင်ရှားရှား ထွက်ပေါ်လာပါလိမ့်မယ်။

အဆင့်တိုးမြှင့်ရေးတွင်လည်း အချို့စစ်သည်များမှာ ဦးစီးရုံးများရဲ့ အမှားကြောင့် နစ်နာမှုများရှိသည့်တိုင် ၄င်းနစ်နာမှုအပေါ် စာနာမစဉ်းစားပေးဘဲ မသိချင်ယောင်ဆောင်ကာ အမှတ်တမဲ့ထားမှုများ၊ ပြင်ဆင်ပေးမှု မဆောင်ရွက်ပေးဘဲ နောက်တစ်နှစ် စောင့်ရခြင်းများရှိသလို၊ အရာရှိများတွင် ခွက်ပျောက်စစ်ဗိုလ်များကဲ့သို့ ပြစ်မှုမရှိပါဘဲ ဘ၀လမ်းစပျောက်နေရသူများ၊ အဆင့်တိုးရန် အချိန်စေ့ချိန်တွင် သင်တန်းတက်နေရကာကျန်ခဲ့ပြီး နောက်တစ်ကြိမ်တင်ရန် အမေ့ခံနေရသူများ ရှိနေပါတယ်။ အရာရှိတစ်ဦးစီရဲ့ ပြန်တမ်းဝင်ရက်စွဲ၊ လက်ရှိအဆင့်ရ ရက်စွဲ၊ ပြစ်မှုမှတ်တမ်းများနှင့်အတူ ဗိုလ်လောင်းသင်တန်းအလိုက် စိစစ်လိုက်ပါက ဟိုကျန်ဒီကျန် ခွက်ပျောက်အရာရှိ စာရင်းထွက်လာမည်ဖြစ်သလို၊ သင့်လျော်သောနေရာ Post မရှိသောကြောင့်ဟု ဆိုကာ အဆင့်တိုးမရသော အရာရှိများအတွက် သင့်တော်သောနေရာများ ပြန်လည်စဉ်းစားပေးသင့်သလို ၊ ဥစတ သင်တန်းပင် တက်နေပြီ ဖြစ်သော OTS 88 နှင့် 91 မှ အရာရှိများအနက် လေတပ်တွင်ဗိုလ်ကြီးများအဖြစ် လမ်းပျောက်နေသောသူများအတွက် နစ်နာမှုများကို ကိုယ်ချင်းစာ စဉ်းစားကာ တစ်စုံတစ်ခုတော့ ဆောင်ရွက်ပေးသင့်ပါတယ်။

ရုံးပေါ်မှ စာရွက်စာတမ်းများထက် လေတပ်စခန်းအသီးသီးမှ စာရင်းများကို မလိမ်မညာစတမ်း စစ်ဆေးလိုက်ပါက နှိပ်ကွပ်ခံရမည်စိုးသောကြောင့် ဘယ်မှ မတိုင်ရဲပဲ ကြိတ်ခံနေရတဲ့ သူတွေရဲ့ဘ၀များစွာ ထွက်ပေါ်လာပါလိမ့်မယ်။

ပြစ်မှုများဆိုင်ရာ စုံ/ခုံ၊ သက်/ချုပ် များတွင် အားလုံးနီးပါးသည် တပ်မတော်နည်း ဥပဒေများက မည်သို့ပြင်ဆိုစေ ရေး-၃ စာရေးပေးသော ယခင် အမှုတွဲဟောင်းများကို ကူးချကာ ပို့လိုက်ကြသည်ချည်း ဖြစ်သလို အမှုဖြစ် စစ်သည်ရော အရာရှိပါ အမိန့်မချခင်အထိ ခွင့်ပြုချက်မရပဲ အချုပ်ခန်းထဲတွင် ချုပ်ထားခံရသည်ချည်း ဖြစ်ပါတယ်။ စစ်သည်အများစုမှာ တပ်ရဲဌာနသို့ တွဲဘက်သည်ဆိုသော ခေါင်းစဉ်ဖြင့် အမှန်တကယ်မှာ တရားမ၀င် အချုပ်ချခြင်းဖြစ်သလို၊ အချို့တပ်များတွင် ခြေကျင်းခတ်ကာ ထောင်သားတစ်ဦးကဲ့သို့ ခိုင်းစေသော ဖြစ်စဉ်များရှိပါတယ်။

စစ်ထောက်ဆိုင်ရာနဲ့ စပ်လျဉ်းပြီး တင်ပြရရင် သက်သာချောင်ချိရေးဗန်းပြကာ အချို့ တပ်မှူးတွေရဲ့ အကျိုးစီးပွါးအတွက် ဆိုင်ဖွင့်ခြင်း၊ လပေးပစ္စည်းရောင်းခြင်းတို့ဖြင့် စီးပွါးရှာနေခြင်းများအား ရှောင်တခင် စစ်ဆေးမှုများကသာ သိရှိနိုင်ပါမယ်။ ရိပ်သာအတွက် ရိက္ခာနှင့် ထောက်ပံ့ကြေးများအား ကိုယ်ကျိုးသုံးလိုက်သောကြောင့် ဘာမှမရှိသော စတိုခန်းနှင့် မလောက်မငှ ချက်ကျွေးနေသော ရိပ်သာများအား တပ်စစ်ဟု ခေါင်းစဉ်တပ်စစ်ပါက တွေ့မည်မဟုတ်ပါ။

အသိမပေးဘဲစစ်ပါမူ ခြစားရုံသာမက ဆွေးနေသော အဖြစ်များစွာ ထွက်လာပါလိမ့်မယ်။ မပြည့်စုံတဲ့ လိုင်းခန်းများကြောင့် အိမ်ထောင်သည်များအား လူပျိုရိပ်သာများတွင် နေစေရခြင်း၊ ကိုယ်ထူကိုယ်ထ ရေ/မီးစနစ် တပ်ဆင်နေရခြင်း၊ ရုံးသုံးစာရေးကိရိယာများ မိမိစရိတ်များဖြင့် ဆောင်ရွက်နေရခြင်း၊ ပုံစံ-၁ ဖိနပ်မှအစ အဆင့်တံဆိပ်များအပါအဝင် စစ်ဝတ်စုံကို အပြင်မှ ၀ယ်ဝတ်နေရခြင်း၊ ဈေးကားပုံမှန်မရခြင်း၊ လူမြင်မတင့်တယ်သော တုတ်ထောက်ကြိုးဆွဲကား အစုတ်များဖြင့် ပြည့်နေသော စခန်းတစ်ခုလုံးမှ ၂ စီးသာကောင်းတဲ့ မော်တော်ယာဉ်ဌာနများ၊ မိုးယို ခုံပေါက် တံခါးမရှိ မှန်ကွဲမော်တော်ယာဉ်များ၊ မိုးနှင့်လေလာပါက တရုံးလုံးစိုရွှဲသည့် ရုံးခန်းများ၊ လက်နှိပ်စက်ရိုက်မည့်သူမရှိတဲ့ စာရေးမရှိသည့် လေတပ်စခန်းဌာနချုပ်ရုံးများ၊ ကွန်ပျူတာရှိသော်လည်း ပျက်နေသော၊ Printer ရှိသော်လည်း Cartridge မရှိသော EDMS ခေတ် e-government လေတပ်ဆက်သွယ်ရေးစနစ်များ၊ Data Communitaion စာ/ကြေးနန်းပို့ရန် မီးစက်ဆီရောင်းစားထားပြီး ၂ ရက်တစ်ခါမှ စက်ပေါ်တက်လာတဲ့ လေတပ်စခန်းများ ၊ လေယာဉ် မီးလောင်ပါက ဘာမှမလုပ်နိုင်သည့် ရေကားကို မီးသတ်ကားဟု စာရင်းပြထားသည့် အနေထားများ လုံခြုံစိတ်မချရတဲ့ လေယာဉ်သက်ကယ် အကူပစ္စည်းများ၊ ခြေနင်းကြမ်းလျှင်ပင် ခွက်ဝင်သွားနိုင်သည့် ကြမ်းပြင်၊ ခပ်ပြင်းပြင်းပိတ်လျှင် ပြုတ်ထွက်သွားသည့် တံခါး၊ အထိကြမ်းလျှင် ပဲ့ထွက်သွားတတ်သည့် နံရံ၊ ငှက်နားလျှင် ချိုင့်သွားတတ်သည့် သွပ်မိုးတို့ဖြင့် လိုင်းခန်းအသစ်များ၊ ဖျက်သိမ်းခွင့်ရသော်လည်း မဖျက်၊ ဆောက်ခွင့်ရသော်လည်း မဆောက်သော ခွင့်ပြုမိန့်အလွဲသုံးမှုများ၊ စသောစသော မသိချင်ယောင်ဆောင်နေကြတဲ့ မြင်သာသော စစ်ထောက်ပိုင်းဆိုင်ရာများကို ပြန်တမ်းများ စိစစ်ခြင်းထက် လေတပ်စခန်းတစ်ခုချင်း လိုက်ကြည့်စေချင်တယ်။ ခြုံငုံကာဆိုရလျှင် ယခုတိုင်ကြားချက်တွင်ပါရှိသော မတရားမှု၊ နစ်နာမှု၊ အဆင်မပြေမှုများအား အထုတ်ဖြေပြရင်း မိဘသဖွယ်ဆိုသော နိုင်ငံတော်ထံ သိစေလိုခြင်း ဖြစ်ပါတယ်။

ကျန်ရှိနေသော အခြေအနေများမှာမူ အလိုလိုပေါ်ထွက်လာနိုင်သောကြောင့် သိသာသော အချက်များသာ ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ သတင်းသာမက လုပ်နည်းများပါ တင်ပြ တိုင်ကြားခဲ့သည်ဖြစ်သောကြောင့် အကောင်အထည်ပေါ်ရန်မှာမူ ကောင်းမွန်သော စိတ်စေတနာ ပေါ်တွင်သာ မူတည်ပါကြောင်း တင်ပြအပ်ပါတယ်။

တပ်မတော်(လေ)မှ မတရားခံရမှုများ၊ အဆင်မပြေမှုများ ခံနေရတဲ့ အရာရှိ/စစ်သည်များ

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုင်းရင်းသားအရေး - အပိုင်း (၂)

အပိုင်း (၁) ကို ဒီမှာ ဖတ်နိုင်ပါတယ် ...

ဗိုလ်မှူးအောင်လင်းထွဋ်
| အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကန္တကို မှေးမှိန်အောင် ဆောင်ရွက် ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဘ၀ စံမြန်းနေစဉ် ကာလအတွင်း NLD အဖွဲ့အား အမျိုးမျိုး သွေးထိုးခဲ့သည်။

ဥက္ကဌ ဦးအောင်ရွှေတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအား သဘောတူသယောင် ရွေးကောက်ပွဲကို ၀င်ချင်သည့်ဆန္ဒ ရှိသလိုလို ၀ါဒဖြန့်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာပြီး နိုင်ငံတကာနှင့် ပြည်သူလူထုက သူမအား တစ်ခဲနက် ထောက်ခံလိုက်ချိန်တွင် စစ်ဗိုလ်ချွတ်အစိုးရအဖို့ တုန်လှုပ် ချောက်ခြားခဲ့သည်။


စစ်ဗိုလ်ချွတ်အစိုးရသည် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံသည် ပြည်သူများမှ ထောက်ခံထားပြီးဖြစ်ကြောင်း မဟုတ်မတရား စာရွက်ပေါ်တွင် ရရှိသော ထောက်ခံမဲများကို သက်သေအတင်းပြသည်။

ဒါကို မူ အဖြစ် ဆုတ်ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ယခင် စစ်အစိုးရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဥပဒေဘောင်အတွင်း ၀င်ခိုင်းသကဲ့သို့ ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံ ဥပဒေဘောင်အတွင်းဝင်ရန် နည်းမျိုးစုံသုံး၍ စစ်ဗိုလ်ချွတ်အစိုးရ ဆွဲဆောင်နေသည်ကို တွေ့နေရပါသည်။


မကြာသော ကာလတွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပတော့မည် ဖြစ်ပါသဖြင့် အနောက်နိုင်ငံများရှိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ နယူးယောက်မြို့သို့ ချီတက်စုဝေးရန် တာဆူ နေကြပြီ ဖြစ်သည်။ ကုလသမဂ္ဂတွင် နိုင်ငံတကာ သံအမတ်ကြီးများကို Lobby ပြုလုပ်ရန် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို အကြောင်းပြ၍ အရပ်သား မြန်မာအစိုးရသစ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အရေးကို ပူးပေါင်း ဆောင်ရွက်နေကြောင်း Psy War လုပ်ကြတော့မည် ဖြစ်ပါသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွါးနေသော တိုက်ပွဲများကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဖြစ် ပြောင်းလဲလုပ်ပြီး အချိန်ဆွဲကာ ကြိုးရှည်ရှည်နှင့် လှန်ထားမည် ဖြစ်ပါသည်။

ဤကဲ့သို့သော ဥာဏ်နီဥာဏ်နက်များကို အသုံးပြု၍ လက်ရှိဖြစ်ပျက်နေသော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွါးနေသော စစ်ပွဲများနှင့် လူ့အခွင့်အရေးကိစ္စများ၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကိစ္စများ၊ တပ်တွင်း စည်းလုံး ညီညွတ်ရေးကိစ္စများ အစရှိသည့် ပြဿနာများကို အချိန်အတိုင်းအတာတစ်ခုထိ အချိန်ဆွဲပြီး ထိန်းထားမည် ဖြစ်ပါသည်။

ထိုကဲ့သို့ မြန်မာ စစ်ဗိုလ်လူထွက် အစိုးရ၏ ဆောင်ရွက်နေမှုများကို ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် တန်ပြန်တုံ့ပြန်ချက်များ ဘာတွေပြန်လုပ်ကြမည် ဆိုတာကို စဉ်းစားတိုင်ပင်ပြီး ညီညီညွတ်ညွတ် လုပ်ဆောင်သင့်ပါသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာနိုင်ငံကို ကောင်းစေချင်သူ အားလုံးသည် မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းကို ခေါင်းဆောင်ခွင့် ပေးခဲ့သလို၊ လက်ရှိ အခြေအနေတွင်လည်း ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အား ခေါင်းဆောင်မှုပေးပြီး ၄င်း၏ ဦးဆောင်မှု လမ်းညွှန်မှုဖြင့် ကျရာနေရာမှ တာဝန်ယူသင့်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား မြန်မာနိုင်ငံအတွင်း ဖြစ်ရပ်မှန် သတင်းများကို အသိပေးဖို့လိုပါသည်။ နယ်စပ် တိုင်းရင်းသား နယ်မြေများတွင် ပြည်သူလူထု အနှိပ်စက်ခံနေရမှု သတင်းများကို သက်သေ အထောက်အထား စုံညီစွာနှင့်ပေးပို့သလို၊ ပြည်တွင်းပြည်သူလူထုများအပေါ် စစ်တပ်နှင့် အစိုးရ၀န်ထမ်းများ၏ မတရားမှု သတင်းပေါင်းစုံကို စုစည်းပြီး နေ့စဉ်တင်ပြနေသင့်ပါသည်။ သို့မှသာ အစိုးရ၏၀ါဒဖြန့် သတင်းများကို စိစစ်ယုံကြည်နိုင်မှာ ဖြစ်ပါသည်။ သို့မှသာ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။

ကျွန်တော်အနေဖြင့် တင်ပြလိုသည်မှာ ၁၉၈၈ အရေးအခင်းမှသည် ယနေ့အချိန်ထိ ဘာကြောင့် ဒီမိုကရေစီ အင်အားစုများအောင်ပွဲ မခံသေးသလဲဆိုတာကို ကိုယ့်ကိုကိုယ် စမ်းစစ်လေ့လာဖို့ လိုပါသည်။ အဓိကအချက်ကို ထောက်ပြရရင် ခေါင်းဆောင်မှုကို ပြောရလိမ့်မည်။ စုပေါင်း ခေါင်းဆောင်မှုထက် သတ်သတ်မှတ်မှတ် ခေါင်းဆောင်ကောင်းတစ်ဦးကို ရွေးဖို့လိုပါမည်။

၁၉၈၈ အရေးခင်း ကာလသည် ဒေါ်အောင်ဆန်းစုကြည်အဖို့ မြန်မာနိုင်ငံနှင့် ပြည်သူ လူထုအကြောင်း၊ တပ်မတော်အကြောင်း မသိသေးသည်ဆိုသည့် စွပ်စွဲချက်သည် အတိုင်းအတာ တစ်ခုအထိ မှန်ခဲ့သော်လည်း ယခုအခါ လင်ယောက်ျား ဆုံးသည်အထိ ကိုယ်ကျိုးစွန့် အနစ်နာခံကာ နေအိမ် အကျယ်ချုပ် ဘ၀နှင့် မြန်မာပြည်တွင် နှစ်ပေါင်း(၂၀)ကျော် နေထိုင်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည် အား ခေါင်းဆောင်ကောင်းအဖြစ် မလွဲမသွေ အသိအမှတ် ပြုရတော့မည် ဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်မှုပေးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပါအ၀င် ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ မျိုးချစ် တပ်မတော် သားများသည် စည်းလုံးခြင်းရဲ့အင်အားစုတစ်ရပ် ရရှိရေးအတွက် ညီညီညွတ်ညွတ် ဆောင်ရွက်ကြပြီး တော်လှန်ရေးမှ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး သာယာဝပြောသော ဒီမိုကရေစီ နိုင်ငံဘ၀သို့ ရောက်ရှိ မည်ဖြစ်ပါသည်။

သို့မဟုတ်ရင်တော့ စစ်ဗိုလ်ချွတ် အာဏာရှင်အစိုးရ၏ လိမ်ညာလှည့်ဖျား သည့် Psy War ၀ဲဂရက်တွင် တစ်ဝဲလည်လည်နှင့် နောင်နှစ်ပေါင်း မည်မျှ စစ်ကျွန်ဘ၀နှင့် နေရမည်ကို စဉ်းစား ရပေလိမ့်မည်။

မြန်မာအစိုရအသစ်ဟု ဆိုသော အဖွဲ့၏နောက်တွင် ဘ၀ရှင်မင်းတရားကြီး ရှိနေသည်ကို မမေ့ကြပါနှင့်ဟု သတိပေးအပ်ပါသည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, August 17, 2011

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၆)

အပိုင်း (၅) ကို ဒီမှာ ဖတ်နိုင်ပါတယ်...

နိဂုံး


နိဂုံးချုပ်ဆိုရသော် ယနေ့ လက်ရှိ ကာလသည် အတွေးအခေါ်များ အလွန် ရှုပ်ထွေးနေသည့် ကာလတခု ဟု ဆိုရပေမည်။ အာဏာရှင်များဘက်မှ political liberalization ကို အကောင်အထည် စတင်ဖော်လိုက်သည်ဖြစ်ရာ အဆိုပါ political liberalization ကို လက်ခံမည်လား၊ လက်မခံဘူးလား၊ အဆိုပါ အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ရနိုင်သည်လား၊ မရနိုင်ဘူးလား၊ အစဉ်အဆက် ကျင့်သုံးခဲ့ကြသော အာဏာရှင်စနစ်ဖြိုချရေး အတွေးအခေါ်ကို ဆုပ်ကိုင်ထားမည်လား၊ မဆုပ်ကိုင်ထား ဘူးလား၊ ဆုပ်ကိုင်ထားလျှင်ကော အောင်မြင်မည်လား၊ မအောင်မြင်ဖူးလား စသည်တို့ကို တွေးတော ငြင်းခုန်နေကြရုံသာမက အတွေးအခေါ် နှစ်ခုကို ရောသမ မွှေထားသည့် အတွေးအခေါ်သစ်များပင် ထွန်းကားလာသည့် ကာလတခုဖြစ်ပါသည်။ လက်ရှိနိုင်ငံရေးကို လွှမ်းမိုးထားသည့် အတွေးအခေါ်များနှင့် အုပ်စုများကို ခွဲခြားလိုက်ပါက အုပ်စုကြီး ခြောက်ခု ထွက်ပေါ်လာပါသည်။

(၁) Initial Transition အတွေးအခေါ်ကို လက်ခံ၍၊ အဆိုပါ အတွေးအခေါ်က ဦးဆောင်သည့် လမ်းစဉ်များဖြစ်သော လူထုလှုပ်ရှားမှုများ၊ လူထုတိုက်ပွဲများကို ဖော်ဆောင်ကာ ရေတိုပန်းတိုင်အနေဖြင့် ကြားဖြတ်အစိုးရ (၀ါ) ပြည်သူ့အစိုးရ အသွင်သဏ္ဍာန် တမျိုးမျိုး ပေါ်ထွက်ရမည်ဟု စဉ်းစားသူများ။

(၂) Political Liberalization အတွေးအခေါ်ကို လက်ခံ၍၊ အာဏာရှင်တို့ဘက်မှ ဖွင့်ပေးလိုက်သော political space များကို အသုံးချကာ နိုင်ငံရေးစည်းဝိုင်းအတွင်းသို့ ၀င်ရောက်ပြီး၊ တစတစ ပြောင်းလဲတိုးတက်မှုများမှတဆင့် ဒီမိုကရေစီ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဟု စဉ်းစားသူများ။

(၃) Political Liberalization မှ democratic consolidation ဖြစ်အောင် ပြောင်းလဲ တည်ဆောက်ရာတွင်ဖြစ်စေ၊ initial transition မှ democratic consolidation ဖြစ်အောင် တည်ဆောက်ရာတွင်ဖြစ်စေ၊ civil society မှာ အဓိကကျသဖြင့် နိုင်ငံရေးရာများတွင် ပါဝင်ပတ်သက်ခြင်း မရှိပဲ civil society အားကောင်းလာစေရန် ကြိုးပမ်းမည်ဟု စဉ်းစားသူများ။

(၄) ဘယ်သူသေသေ၊ ငတေမာရင် ပြီးရော ဆိုသည့် သဘောပိုက်ကာ ဖြစ်လာသည့် အခြေအနေတွင် အာဏာ၊ ရာထူး၊ နေရာ၊ အမည်ကောင်း၊ ကိုယ်ကျိုးစီးပွား စသည့် အကျိုးအမြတ်များအား မည်သို့ ရှာမည်နည်း ဆိုသည်ကို စဉ်းစားသူများ။

(၅) Initial transition အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်းမရှိ၊ political liberalization အတွေးအခေါ်ကိုလည်း အပြည့်အ၀ လက်ခံခြင်း မရှိသော ရောသမမွှေများ

(၆) political liberalization အတွေးအခေါ်ကို အသုံးပြု၍ အာဏာကို တတ်နိုင်သမျှ ဆွဲဆန့်ထားရန် ကြိုးပမ်းနေသော အာဏာရှင်များနှင့် အပေါင်းအပါများ။

အဆိုပါ အုပ်စုခြောက်မျိုးတွင် နိုင်ငံတော်၏ အနာဂတ်ကံကြမ္မာအတွက် အာဏာရှင်နှင့် အပေါင်းအပါများ နည်းတူ ကြောက်မက်ဖွယ်ကောင်းသော အုပ်စုမှာ ရောသမမွှေများ ဖြစ်ပါသည်။ political liberalization အတွေးအခေါ်ကို လက်ခံပြီး၊ political space ကို အသုံးပြုလိုသူများမှာ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်လေမည်လားဟု စမ်းလိုသော စေတနာပါသဖြင့် ရောသမမွှေများလောက် ကြောက်ဖို့မကောင်းလှပါ။ အာဏာရူးအခွင့်အရေးသမားများမှာလဲ ၄င်းတို့ ရူးကြောင်းကို လူထုက သိနေပြီး ဖြစ်သဖြင့် နိုင်ငံတော်ကံကြမ္မာအတွက် အန္တရာယ် မရှိလှပါ။

ရောသမမွှေများမှာကား Initial transition အတွေးအခေါ်ကို ဆုပ်ကိုင်ထားသူများဟု လူအများက မြင်ထားလေ့ရှိသော်လည်း ထိုသူများသည် initial transition ၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို လက်ခံခြင်းမရှိကြ။ လူထုလှုပ်ရှားမှု လမ်းစဉ်များ၊ တော်လှန်ရေး လမ်းစဉ်များကိုလဲ လက်ခံယုံကြည် ဖော်ဆောင်ခြင်း မရှိကြ။ political liberalization အတွေးအခေါ်အရ ပေါ်ထွက်လာသော political space တွင်လည်း ပါဝင်ခြင်း မရှိကြ။ သို့ရာတွင် political liberalization အရ ချဲ့ထွင်လာသော public space အခွင့်အရေးကို ယူရန် ကြိုးပမ်းကြသည်။ ယင်းသို့ ကြိုးပမ်း၍ တော်လှန်ရေးပေါ်ပေါက်လာစေပြီး initial transition အတွေးအခေါ်၏ ရေတိုပန်းတိုင်ဖြစ်သော ကြားဖြတ်အစိုးရ ပေါ်ထွက်ရေးကို ဆက်လက်ကြိုးပမ်းမည်လားဆိုတော့လဲ မဟုတ်ပြန်။ civil society အားကောင်းလာရေးကိုပဲ ဦးစားပေး လုပ်တော့မည် ဖြစ်လာပြန်သည်။

ယင်းသို့ဆိုလျှင် မည်သို့သော Civil Society ကို တည်ဆောက်ရမည်လဲဆိုသည်က မေးစရာရှိလာသည်။ အင်အားစုတိုင်း အင်အားဖြစ်သည် မဟုတ်ပါ။ တိုက်ခိုက်ရေးအင်အားနှင့် ထူထောင်ရေး အင်အားအတွက် တည်ဆောက်မှုသဏ္ဍာန်၊ ပြင်ဆင်မှု သဏ္ဍာန် မတူညီနိုင်ပါ။ evolution အတွေးအခေါ်အရ ပေါ်ထွက်လာသော အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု (collaboration) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် လူ့အဖွဲ့အစည်းအကြားတွင် စေ့စပ်ညှိနှိုင်းပေးမှု (Mediation) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ အစိုးရနှင့် ပတ်သက်ခြင်း မရှိသော autonomous model ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား၊ သို့တည်းမဟုတ် နောင်ချိန်ခါ revolution တရပ်အတွက် ကြိုတင်ပြင်ဆင်ရေးအတွက် ဆန့်ကျင်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု (confrontational model) ပေါ်တွင် အခြေခံသည့် Civil Society ကို ၀ိုင်းဝန်းတည်ဆောက်ရမည်လား ဆိုသည်ကို ကွဲပြားစွာ သိဖို့ လိုအပ်လာပါသည်။

သို့မဟုတ်လျှင် အတွေးအခေါ်ရှုပ်ထွေးမှုများဖြစ်၍ အင်အားစုသော်လည်း အင်အား မဖြစ်ထွန်းပဲ ဖြစ်သွားတတ်သည်။ အခြေအနေအရ လိုသလို ပြောင်းယူလို့ရသည့် အင်အားဆိုသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ ဖောင်တိန်ကိုင်သူများကို ချက်ချင်း သေနတ်ကိုင်ခိုင်းလို့ မရ။ သေနတ်ကိုင်နေသူများကို ချက်ချင်း ဖောင်တိန်ကိုင်ခိုင်းလို့မရ။ တူကိုင်နေသူများကို ချက်ချင်းဓားကိုင်ခိုင်းလို့မရ။ ဓားရေး ကျွမ်းနေသူများကို ချက်ချင်း တူကိုင်ခိုင်းလို့မရ။ ပြန်လည်ပြင်ဆင်လေ့ကျင့်ယူရပြန်သည်။ လေ့ကျင့်နေဆဲမှာပဲ အင်အားက ပြန်ကွဲထွက်သွားပြီး၊ အခြေအနေနှင့် သဟဇာတ မတည့်ပဲ ပြန်ဖြစ်သွားတတ်ပြန်သည်။

အလုပ်နှင့် အတွေးအခေါ်များကို ရောသမမွှေလိုက်လျှင် လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ပါသည်။ ပမာဆိုရလျှင် မြစ်ကမ်းတဘက်ဆီတွင် လမ်းလျှောက်ရင်း၊ ရှေ့ဆက်မသွားပဲ ဟိုဘက်ကမ်းသို့ လှေနှင့် ကူးလိုက်၊ ဒီဘက်ကမ်းသို့ လှေနှင့် ကူးလိုက် လုပ်နေသည်နှင့် တူလှသည်။ လှေရှိသူများက ကူးချည်သန်းချည် လုပ်ရန် မခက်ခဲသော်လည်း နောက်က တကောက်ကောက် လိုက်သူများမှာကား ရေထဲ ကျလိုကျ၊ မောပြီး ကမ်းပါးမှာ ငုတ်တုပ်ထိုင်သူက ထိုင်နှင့် ဘာလုပ်ရမည်မှန်းလဲ မသိ၊ ခရီးမတွင်ပဲ ဖြစ်ကြရတော့သည်။ ပိုဆိုးသည်က revolution နှင့် evolution အတွေးအခေါ် နှစ်ရပ်လုံးကို ရောသမမွှေထားလိုက်လျှင် Initial Transition အတွေးအခေါ်က ဦးဆောင်သည့် လမ်းများမှာလဲ ဖြောင့်ဖြောင့်တန်းတန်းမရှိ၊ political liberalization အတွေးအခေါ်က ဦးဆောင်သည့် လမ်းများပေါ်တွင်လည်း ကန့်လန့်ကန့်လန့်သဏ္ဍာန် ဖြစ်လာတတ်ပါသည်။

အိမ်ကို ဖြိုချပြီး ပြန်ဆောက်ရမည်လား၊ ဖြိုမချပဲ ဆေးသုတ်ပြင်ဆင်မှု လုပ်ရမည်လား ဆိုသည်ကို ရွေးချယ်ဆုံးဖြတ်ကြရာတွင် တခုတည်းကိုပဲ ရွေးချယ်ရမည် ဖြစ်ပါသည်။ ဖြိုချပြီး ပြန်ဆောက်ရမည် ဆိုလျှင် ဆေးသုတ်ပြင်ဆင်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များ ဖြစ်သကဲ့သို့၊ ဆေးသုတ်ပြင်ဆင်မည်ဆိုလျှင်လဲ ဖြိုချရန် အားထုတ်ခြင်းသည် အချိန်ကုန်၊ လူပမ်းပြီး အကျိုး မရှိသည့်လုပ်ရပ်များသာ ဖြစ်သည်။ ဆောက်လုပ်ရေးပရောဂျက်တခုတွင် ခေါင်းဆောင် တယောက်က ဖြိုချရမည် ပြောလိုက်၊ နောက်ခေါင်းဆောင်တယောက်က ပြင်ဆင်ရမည် ပြောလိုက် လုပ်နေကြလျှင် နောက်မှ အလုပ်သမားများက ဘယ်လို ကိရိယာတန်ဆာပလာကို ကောက်ကိုင်ကြရမည်နည်း။

အဆိုပါ အတွေးအခေါ် ရှုပ်ထွေးမှု အခြေအနေများသည် နိုင်ငံတော်အနာဂတ် ကံကြမ္မာအတွက် အန္တရာယ်ကြီးပါသည်။ မည်သည့် အတွေးအခေါ်ကို ကျင့်သုံးသင့်သည် ဆိုသည်မှာ လူတယောက်၊ အဖွဲ့အစည်းတခု၏ ကိုယ်ပိုင် ရွေးချယ်မှု ဖြစ်ပါသည်။ လူ့သဘာဝအရ အမြင်မတူလျှင် အပြန်အလှန် စွပ်စွဲမှုကတော့ ပေါ်ထွက်နေမည်သာ ဖြစ်သည်။ initial transitionအတွေးအခေါ် ရှုထောင့်မှ ကြည့်လျှင် political liberalization အတွေးအခေါ်ကို ကိုင်စွဲကာ political space တွင်းသို့ ၀င်သွားသူများသည် အရှုံးပေး၊ အညံ့ခံသူများ ဖြစ်ပြီး၊ political liberalization အတွေးအခေါ်မှ ကြည့်လျှင် initial transition ကို လက်ခံသူများသည် compromise မလုပ်လိုသော နိုင်ငံရေးအစွန်းရောက်များ ဖြစ်ပါသည်။ ယင်းသို့ အပြန်အလှန်ရှုမြင်ပြီး၊ အပြန်အလှန် စွပ်စွဲပိုင်ခွင့် ရှိသော်ငြား ထိုသို့ စွပ်စွဲရင်းဖြင့် အချိန်မကုန်ကြစေလိုပါ။ initial transition လက်ခံသူများကလဲ ပါးစပ်ဖြင့် အာနေခြင်းများကို လျှော့ချ၍ ကြားဖြတ်အစိုးရ အသွင်သဏ္ဍာန်တမျိုးမျိုး ပေါ်လာရေးကို ကြိုးပမ်းသင့်ကြပါသည်။ political liberalization လက်ခံသူများကလဲ ချဲ့ထားသည့် political space လေးတွင်းသို့ ဘယ်လိုနည်းဖြင့် ၀င်ရ၀င်ရ၊ ရအောင်ဝင်ပြီး ဒီမိုကရေစီ ပန်းတိုင်ကို အပြောမဟုတ်ပဲ လက်တွေ့ချီတက်နိုင်အောင် ကြိုးပမ်းသင့်ကြပေသည်။

ပန်းတိုင်မရောက်ခင် တက်မထောင်ချင်သော မြန်မာလူမျိုးတို့၏ အစဉ်အလာဆိုးကြီးကို အလုပ်ဖြင့် သက်သေပြ၍ ဖျောက်ဖျက်ကြဖို့ အချိန်တန်နေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပန်းတိုင်သို့ initial transition က ဆောင်ကျဉ်းပေးနိုင်မည်လား၊ political liberalization က ဆောင်ကျဉ်းပေးနိုင်မည်လား ဆိုသည်မှာကား မူအရဆိုလျှင် အဖြေထွက်သော်လည်း လူအရဆိုလျှင် အဖြေမရှိပါ။ မည်သူမျှ တပ်အပ်သေချာ ပြောနိုင်မည်လည်း မဟုတ်သဖြင့် ငြင်းခုန်ရင်း အချိန်မဖြုန်းသင့်ကြတော့ပါ။ ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲများကို ဖယ်ရှား၍ အတွေးအခေါ် တခုကို ရွေးကြရမည့် အချိန်ဖြစ်ပါသည်။

ယင်းသို့ ရွေးချယ်ရာတွင် အခြေအနေနှင့် လားရာကို သဘောပေါက်ပြီးမှ၊ ပန်းတိုင်ကို သိပြီးမှသာ ရွေးချယ်မှုများ ပြုလုပ်သင့်ပါသည်။ ရွေးချယ်ပြီးလျှင်လည်း ရှင်းလင်းသည့် အတွေးအခေါ်က ဦးဆောင်သော ပြတ်သားသည့် လမ်းစဉ်များကို ချမှတ်ရပါမည်။ လမ်းကြောင်းများကို လျှောက်လှမ်းရပါမည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များေ၀၀ါးနေတတ်သဖြင့် ပန်းတိုင်နှင့်လဲ အစဉ်အမြဲ ဝေးနေဦးမည်သာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။


ခင်မမမျိုး


(စာကြွင်း (၁)- ဤစာကို ရေးသားရာတွင် ကော်ဖီနှင့် လက်ဖရည် ဘယ်အရာက ပိုကောင်းသလဲ ဆိုသော မေးခွန်းသဏ္ဍာန်ကို ဖြေရာ၌ ကော်ဖီ၏ ကောင်းကျိုး၊ ဆိုးကျိုးနှင့် လက်ဖရည်၏ ကောင်းကျိုး၊ ဆိုးကျိုး နှစ်မျိုးစလုံးကို ယှဉ်တွဲဖြေဆိုသော ရှုထောင့် မှ ရေးသားထားသည်။ ကော်ဖီနှင့် လက်ဖရည် ဘယ်အရာကို ပိုကြိုက်သလဲ ဆိုသော ပုဂ္ဂိုလ်ရေး မေးခွန်းသဏ္ဍာန်ကို စာဖတ်သူတဦးဦးမှ မေးလာပါလျှင်ကား initial transition နှင့် political liberalization အတွေးအခေါ် နှစ်ရပ်တွင် စာရေးသူ ယနေ့အချိန်အထိ လက်ခံကျင့်သုံးနေသော အတွေးအခေါ်မှာ initial transition အတွေးအခေါ် ဖြစ်ပြီး၊ လမ်းစဉ်မှာ လူထုတိုက်ပွဲလမ်းစဉ်ဖြစ်သည်။ ရေတိုပန်းတိုင်မှာ အတိုက်အခံများက ဦးဆောင်သော ကြားဖြတ်အစိုးရ (သို့မဟုတ်) လူထုတိုက်ပွဲတွင် ပြည်သူများနှင့် ပူးပေါင်းလာသော မျိုးချစ် တပ်မှူးများနှင့် အတိုက်အခံများ ပူးတွဲဖွဲ့စည်းသော ကြားဖြတ်အစိုးရဖြစ်ပါသည်။


စာကြွင်း (၂)- မူရင်းဆောင်းပါး၏ နိဂုံးအား စာနှစ်ပိုဒ် ထပ်မံ ဖြည့်စွက်ထားပြီး (၂၅၊ ၇၊ ၂၀၁၁) တွင် ပြန်လည်ဖြန့်ဝေပါသည်။)


ရည်ညွှန်းကိုးကား

ABDELNASSER, Gamal. (2004): “Egypt: Succession Politics,” Volker Perthes (ed.), Arab Elites: Negotiating the Politics of Change, (ed.), Boulder: Lynne Rienner Publishers.


Alesina, Alberto, and Allan Drazen (1991), “Why Are Stabilizations Delayed?” American Economic Review 81 (5), 1170-1188.


Anderson, Lisa. (1999). Transitions to Democracy. New York: Columbia University Press.


Avant, Deborah. (1994) Political Institutions and Military Change: Lessons from Peripheral Wars. Ithaca, NY: Cornell University Press


Brownlee, Jason. (2007). Authoritarianism in an Age of Democratization. New York, NY:

Cambridge University Press.


Barro, Robert J. (1996), “Democracy and Growth,” Journal of Economic Growth 1 (1), 1-27.


Campos, Nauro (1999), Back to the Future: The Growth Prospects of Transition Economies

Reconsidered, William Davidson Institute Working Paper No. 229, Ann Arbor, MI.


Denizer, Cevdet (1997), Stabilization, Adjustment and Growth Prospects in Transition Economies, Policy Research Working Paper No. 1855, The World Bank, Washington, DC.


CHASE, Robert S.; HILL, Emily B. ve KENNEDY, Paul (1996): “Pivotal States and U.S. Strategy,” Foreign Affairs, 75: 33-51.


Finer, Samuel. (1962). The Man on Horseback: The Role of the Military in Politics. New York, NY: Penguin Books.


Fitch, J. Samuel. (1998). The Armed Forces and Democracy in Latin America. Baltimore: Johns Hopkins University Press.


GALA, Amin A. (1995): Egypt's Economic Predicament: A Study in the Interaction of External Pressure, Political Folly and Social Tension in Egypt. 1960-1990. New York, E. J. Brill.


Heybey, Berta, and Peter Murrel (1999), “The Relationship between Economic Growth and the Speed of Liberalization During Transition,” Journal of Policy Reform 3 (2), 121-137.


Halpern, Manfred. 1963. The Politics of Social Change in the Middle East and North Africa. Princeton: Princeton University Press.


KRAMER, Gudrun (1996): “The Integration of the Integrists,” Ghassan Salame (ed.), Democracy without Democrats, London, New York, I.B. Tauris.


LINZ, Juan J. ve STEPAN, Alfred (1996): Problems of Democratic Transition and Consolidation, Southern Europe, South America, and Post-Communist Europe, Baltimore, The Johns Hopkins University Press.


Lipset, S.M. (1959), “Some Social Requisites of Democracy: Economic Development and Political Legitimacy,” American Political Science Review 53, 69-105.


Monshipouri, Mahmood. (1995) Democratization, Liberalization and Human Rights in the Third World. London: Lynne Rienner Publishers


Parry, Geraint and Moran, Micheal, eds. (1994) Democracy and Democratization. New York: Routledge


Przeworski, Adam, and Fernando Limongi (1993), “Political Regimes and Economic Growth,” Journal of Economic Perspectives 7 (3), 51-69.


Rodrik, Dani (1995), “The Dynamics of Political Support for Reforms in Economies in Transition,” Journal of the Japanese and International Economies 9 (4), 403-425.


Shleifer, Andrei (1998), “Government in Transition,” European Economic Review 41 (3-5),

385-410.


Wolff, Holger C. (1999), Transition Strategies: Choices and Outcomes, Princeton Studies in International Finance No. 85 (June), Department of Economics, Princeton University, Princeton, NJ.

အပြည့်အစုံ ဖတ်ရန် ...

အတွေးအခေါ်နှင့် လမ်းစဉ် (အပိုင်း - ၅)

အပိုင်း (၄) ကို ဒီမှာ ဖတ်နိုင်ပါတယ်...

(၁) Civil Society ဆိုင်ရာ အခက်အခဲများ


political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်သို့ သွားရန် ကြိုးပမ်းမှုတွင် civil society ၏ အခန်းကဏ္ဍမှာ အလွန် အရေးပါလှသည်။ နိုင်ငံတော်မှ ကြိုးကိုင်ခြယ်လှယ်မှု ကင်းရှင်းသည့် အစုအဖွဲ့များ၊ လူထုလှုပ်ရှားမှုများနှင့် ပညာတတ်လူပုဂ္ဂိုလ်များ ပါဝင်သော active civil society ရှင်သန်လာရေးသည် အရေးကြီးလှသော လိုအပ်ချက်တရပ်ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းမှ ဒီမိုကရေစီ စံများကို နားလည်ကျင့်သုံးလာစေရေး၊ ကွဲပြားခြားနားမှုများအကြားမှ ညီညွတ်မှုကို နားလည်လက်ခံလာစေရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာစေရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ ၀င်ရောက်စွက်ဖက် ကြိုးကိုင် ချယ်လှယ်မှုများနှင့် တတ်နိုင်သမျှ ကင်းရှင်းရမည် ဖြစ်လေသည်။ သို့မှသာ နိုင်ငံတော်၏ ပါဝါချိန်ခွင်လျှာကို တဘက်တလမ်းမှ ထိန်းကျောင်းနိုင်မည်ဖြစ်ပြီး၊ လူ့အဖွဲ့အစည်းအား နိုင်ငံတော်မှ ထိန်းချုပ်ထားမှုကို အားပျော့စေမည် ဖြစ်သည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (အန်ဂျီအို) များသည် state နှင့် society တို့ အကြားတွင် buffer zone အဖြစ် ရပ်တည်ကြရမည်ဖြစ်သည်။

political liberalization ကို အကောင်အထည်ဖော်ခဲ့သည့် နိုင်ငံအများစုတွင် civil society အဖွဲ့ အများစုကို အာဏာရှင်တို့က ကြိုတင်ဖွဲ့စည်း ထိန်းချုပ်ထားသည်။ လူ့အဖွဲ့အစည်းအတွင်းတွင် civil society အားကောင်းလာစေရန် ပညာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများမှ ထိုးဖောက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအား ပုံမှန် စောင့်ကြည့်လေ့ရှိပြီး၊ အဆိုပါ အဖွဲ့များနှင့် လူပုဂ္ဂိုလ်များသည် အာဏာရှင်တို့နှင့် ကြိုးကိုင်အဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်လာမည့် အခြေအနေရှိမရှိကို အကဲဖြတ်လေ့ရှိသည်။ အာဏာရှင်ရွေးကောက်ပွဲများ ကျင်းပ၍ နိုင်ငံတကာရေးရာတွင် international legitimacy ရစေရန် ကြိုးပမ်းထားသော ကြိုးကိုင်အစိုးရများ၏ ရပ်တည်မှုကို ထိခိုက်လာနိုင်သည်ဟု ယူဆပါက public space ကို ပြန်လည်ကန့်သတ်သည်။ လိုအပ်လာပါက အမျိုးသားလုံခြုံရေး (national security concerns) ကို အကြောင်းပြ၍ civil society ကို ဖိနှိပ်ရန်နှင့် အာဏာပြန်သိမ်းနိုင်ရန် ဥပဒေများ သတ်မှတ်ပြဌာန်းထားသည်။ သို့ဖြစ်ရာ အာဏာရှင်တို့၏ political liberalization ကို အခွင့်အရေးဟု သတ်မှတ်၍ ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရန် ကြိုးပမ်းလိုသူများသည် အဆိုပါ obstacles များကို မည်သို့ ကျော်လွှားမည်နည်းဟူသော လမ်းစဉ်များကို စဉ်းစားထားကြရန် လိုအပ်သည်။

(၂) နိုင်ငံရေးယဉ်ကျေးမှုဆိုင်ရာ အခက်အခဲများ


နိုင်ငံတနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ် တည်တံ့ခိုင်မြဲနေရခြင်း အကြောင်းတရား များတွင် နိုင်ငံရေး ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအချက် များလည်း ပါဝင် လေ့ရှိသည်။ နိုင်ငံတနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုသည် ဒီမိုကရေစီ စနစ်၏ အခြေခံသဘောတရားများနှင့် ကွဲပြားခြားနားပြီး၊ အာဏာရှင်ဆန်သော လူ့အဖွဲ့အစည်းသဏ္ဍာန် ဖြစ်တည်နေပါက ဒီမိုကရေစီ စနစ် ရှင်သန် ခိုင်မာရေးကို အတားအဆီး ဖြစ်စေနိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နိုင်ငံရေးယဉ်ကျေးမှုကို ရှေးနှစ်ပေါင်းများစွာကပင် "patrimonialism" ဆိုသော သဘောတရားက လွှမ်းမိုးထားပါသည်။

"patrimonialism" ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင်များသည် အလုပ်အတူ တွဲလုပ်ရမည့် နိုင်ငံရေးခေါင်းဆောင်ငယ်များ၊ အုပ်ချုပ်ရေး ၀န်ထမ်းများကို သူတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းအတွင်းမှ မိသားစုဝင်များနှင့် ပုဂ္ဂိုလ်ရေးအရ သစ္စာရှိသူဟု ယူဆထားသူ များကိုသာ ရွေးချယ်တာဝန် ပေးအပ်ခြင်း ဖြစ်သည်။ အာဏာရှင် အသိုင်းအ၀ိုင်းတွင်သာမက အတိုက်အခံတို့၏ နိုင်ငံရေး အ၀န်းအ၀ိုင်းတွင်ပါ ယင်းသို့ ပြုလုပ်ကြသည့်အခါ နိုင်ငံရေးခေါင်းဆောင်များ၏ အနီးတွင် ရှိနေသူများသည် လိုအပ်လျှင် ခေါင်းဆောင်များကို ဝေဖန်အကြံပြုချက်များ ပေးနိုင်မည့် အရည်အချင်းရှိ ပုဂ္ဂိုလ်များ မဟုတ်ပဲ ခေါင်းဆောင်များ အလိုကျ ခေါင်းညိမ့်လက်ခံပြီး ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လုပ်နေသူများသာ ရှိလာသည်။

နိုင်ငံရေးရာများတွင် အရည်အသွေးက အဓိကမကျပဲ မည်သူ့သားသမီး၊ မည်သူ့ဆွေမျိုးသားချင်း ဆိုသည်က အရေးပါလာသည်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူများကသာ များပြီး၊ ဝေဖန် ပိုင်းခြားဥာဏ်ဖြင့် သတိပေးနိုင်သူများက အနီးတွင် မရှိသည့်အခါ ခေါင်းဆောင်များ၏ ငါတကော ကောကာ လုပ်ဆောင်မှုများ ပေါ်ထွက်လာတတ်သည်။ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင်များပင်ဖြစ်စေကာမူ ဤသဘောတရား၏ လွှမ်းမိုးမှုများကို ခံရပါက အာဏာရှင်ဆန်ဆန် ပြုမူမှုများ ရှိလာတတ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသည့် လူ့အဖွဲ့အစည်းတွင် နိုင်ငံရေးအခွင့်အလမ်းနှင့် စီးပွားရေး အခွင့်အလမ်းမှာ ယှဉ်တွဲနေတတ်သည်။

လူ့အဖွဲ့အစည်းမှာလည်း ကိုယ်ပိုင်အရည်အချင်းနှင့် တက်လမ်းရှာဖွေခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးအရ အခွင့်အလမ်း ရှိနေသော အုပ်ချုပ်သူများ၏ အသိုင်းအ၀ိုင်းများအား မှီခိုမှုများကို အားပေးလေ့ရှိသည်။ ဥပမာ- စစ်အာဏာရှင်စနစ် ဖြစ်လျှင် နိုင်ငံရေးအခွင့်အာဏာရှိနေသော စစ်တပ်တွင်း၌ အရေးပါသော ရာထူးများ ရရှိစေရန် အားပေးချီးမြှောက်သည့် လူအများ ပေါ်ထွက်လာမည်။ ဒီမိုကရေစီ ဘက်တော်သားများက နိုင်ငံရေးအာဏာ ရပြန်လျှင်လည်း အဆိုပါ လူအများသည်ပင် ဒီမိုကရေစီ ခေါင်းဆောင်များအား ထောက်ခံအားပေးကြမည်ဖြစ်သည်။ "patrimonialism" သဘောတရား လွှမ်းမိုးခံရသော လူ့အဖွဲ့အစည်းတွင် ယင်းသို့သော လူများ အများအပြား ပါဝင်လေ့ရှိသည်။

အဆိုပါ သဘောတရားသည် နိုင်ငံရေးအာဏာကို မှီတွယ်ခြင်း စိတ်သဘောနှင့် ဆက်စပ်နေလေရာ နိုင်ငံရေးအာဏာကို ပြန်လည် ထိန်းညှိမည့် inherent logic of strong civil society ကို ထောက်ခံ အားပေးခြင်း မရှိ။ သို့ဖြစ်ရာ civil society အဖွဲ့အစည်းများ အများအပြား လိုအပ်သည့် political liberalization ကို နှောင့်နှေး ကြန့်ကြာစေမှုများ ဖြစ်လာစေနိုင်သည်။ အဆိုပါ သဘောတရား၏ လွှမ်းမိုးမှု လျော့နည်းလာသော လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှသာ political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားနိုင်မည်ဖြစ်သည်။


(၃) စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အခက်အခဲများ

အာဏာရှင်များဘက်မှ ရွေးကောက်ပွဲများ ကျင်းပပေးခြင်း၊ နိုင်ငံရေး ပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေးလာခြင်း စသည်တို့တွင် နိုင်ငံစီးပွားရေး အခြေအနေနှင့် ပတ်သက်သော အခြေအနေများ ပါဝင်လေ့ရှိသည်။ နိုင်ငံတနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းများပြီး၊ အလုပ်လက်မဲ့ရာခိုင်နှုန်း မြင့်မားနေပါက အရပ်သားပြည်သူလူထုကို နိုင်ငံရေးပါဝင်ပတ်သက်ခွင့် အနည်းငယ် ပေး၍ စိတ်ဝင်စားမှု အာရုံပြောင်းပေးရသည်။ ယင်းသို့ မဟုတ်လျှင် စီးပွားရေး ဆုပ်ယုတ်မှု အခြေအနေပေါ်မူတည်၍ အာဏာရှင်ဆန့်ကျင်ရေး စနစ် လှုပ်ရှားမှုများ ပေါ်ထွက်လာနိုင်သည်။


အချို့က ဆိုတတ်ကြသည်။ အာဏာရှင်များက ရွေးကောက်ပွဲ မလုပ်ပေးပဲ အာဏာဆက်သိမ်းလျှင်လဲ ရပါလျက် ရွေးကောက်ပွဲပြုလုပ်ပေးသည်မှာ အာဏာရှင်ဘက်က သဘောထား ပျော့ပျောင်းလာခြင်းဖြစ်သည် ဟု ဆိုတတ်ကြသည်။ အာဏာရှင်တို့ဘက်မှ စတင်သည့် political liberalization ဖြစ်ရပ်အချို့အတွက် ဤအဆိုမှာ မှန်ကောင်းမှန်မည် ဖြစ်သော်လည်း ဖြစ်ရပ်တိုင်း တွင်ကား မဟုတ်ချေ။ ခွေးတကောင်ကို အပြင်သို့ ခေါ်၍ လမ်းလျှောက်ထွက်ပါက လက်ထဲတွင် အတင်းဆုပ်ပြီး ကိုင်ထား၍ မရ။ မထင်မှတ်ချိန်တွင် လွတ်ထွက်သွားနိုင်သည်။ လမ်းလျှောက်ခွင့်၊ ပြေးခွင့် အနည်းငယ်ကိုတော့ ပေးရသည်။ ကိုင်ထားသော ကြိုးကို လိုသလို အဆွဲအဆန့် လုပ်နိုင်ဖို့သာ လိုသည်။ political liberalization ဆိုသည်မှာလည်း ဤနည်းနှယ်နှယ်ပင်။ လွတ်ထွက်သွားမည်စိုး၍ ကြိုးတန်းလန်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်ခြင်းသာ ဖြစ်သည်။

၁၉၇၃ ခုနှစ်က အီဂျစ်နိုင်ငံတွင် Sadet က တံခါးဖွင့် စီးပွားရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ တံခါးဖွင့် စီးပွားရေး မူဝါဒ ကျင့်သုံးချိန်တွင် ပြုလုပ်ရန် လိုအပ်သည့် အခြားသော macro-economic arrangements များကို မပြုလုပ်သောကြောင့် လက်တဆုပ်စာ လုပ်ငန်းရှင် တစုသာ ပေါ်ထွက်လာပြီး၊ တိုင်းပြည်တွင် ဆင်းရဲချမ်းသာ ကွာဟနှုန်းက မတရား ထိုးတက်သွားခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများက တရဟော ထိုးတက်သွားပြန်ရာ နိုင်ငံနှင့် အ၀ှမ်း ဆန္ဒပြပွဲများ ပေါ်လာတော့သည်။ အဆိုပါ အခြေအနေများ ထပ်မံ ပေါ်ပေါက်လာခြင်း မရှိစေရန် အီဂျစ်အစိုးရက အတိုက်အခံပါတီများကို ပါတီထောင်ခွင့် ပေးလိုက်သည်။ လူအများကို လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆိုခွင့် အနည်းငယ် ပေးလိုက်သည်။

စိတ်ပညာသဘောအရ လူတယောက်၏ စိတ်ထဲတွင် ပိတ်လှောင်မွန်းကြပ်နေမှုကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ပေးလိုက်သည့်အခါ ထိုလူ၏ စိတ်ထဲတွင် ပေါ့ပါးသွားလေ့ရှိရာ အာဏာရှင်အစိုးရသို့ စုပြုံလာသော မကျေနပ်မှုများကို ဖော်ထုတ်ခွင့်ပြု လိုက်ခြင်းဖြင့် မကျေနပ်မှုများ ပေါက်ကွဲထွက်သွားပြီး ဆန့်ကျင်သည့် အဆင့်သို့ မတက်လှမ်းတော့ပဲ ပြီးသွားတတ်သည်။ အီဂျစ်နိုင်ငံအပါအ၀င် အရှေ့အလယ်ပိုင်း နိုင်ငံအများစုတွင် တတိယလှိုင်း ဒီမိုကရေစီ လှိုင်းလုံးကြီးနှင့် မျောမပါပဲ အာဏာရှင်အစိုးရများ ရပ်တည်နေနိုင်သည့် အကြောင်းအချက်များတွင် ဤအချက်ကလဲ တချက် အပါအ၀င်ပင်ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံများတွင် political liberalization အတွေးအခေါ် လွှမ်းမိုးခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ တက်လှမ်းခြင်း မရှိပဲ ရပ်တန့်နေခဲ့သည်မှာလဲ ကာလအတန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်သို့ဆိုစေ political liberalization အတွေးအခေါ်သည် အာဏာရှင် အစိုးရများမှ အာဏာကို အသွင်သဏ္ဍာန်တမျိုးဖြင့် ဆက်လက်ချုပ်ကိုင်ထားနိုင်စေရေးအတွက် ဆေးကောင်းတခွက်ပင် ဖြစ်သည်။ စီးပွားရေး အကျပ်အတည်း ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် အာရုံပြောင်းပေးနိုင်သည့် မျက်လှည့် ဆရာ တပါး ဟုလည်း ဆိုနိုင်မည်ဖြစ်သည်။

သို့ရာတွင် political liberalization နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့သည် လုံးဝ ဆက်စပ်ခြင်း မရှိသည်ကား မဟုတ်။ political liberalization လုပ်ချိန်နှင့် တပြိုင်နက်တည်းတွင် economic liberalization ကိုပါ ပူးတွဲလုပ်ဆောင်ရန် လိုအပ်သည်။ အသွင်ပြောင်းကာလ စီးပွားရေး အခြေအနေကို မှန်ကန်သော မူဝါဒများ ချမှတ်၍ ရလဒ်ကောင်းများ ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် လိုအပ်သည်။ Transition-induced contraction ကြောင့် ဖြစ်လာနိုင်သော ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မည့် မူများ ချရမည်။ supplier-buyer relationship ကို ဖရိုမရဲ မဖြစ်စေရန် ထိန်းကျောင်းပေးရမည်။


အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီးသော ဧရိယာ သုံးမျိုးဖြစ်သော liberalization of internal markets, liberalization of external markets, privatization and restructuring စသည်တို့တွင် သင့်လျော်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ အသွင်ကူးကာလ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာ နှစ်မျိုးဖြစ်သည့် shock therapy နှင့် gradual reform strategy တို့အနက် အချိန်ကာလနှင့် ကိုင်ညီသည့် မဟာဗျူဟာကို ရွေးချယ်နိုင်မှုကလည်း အရေးကြီးလေသည်။

စီးပွားရေးအခြေအနေဆိုးရွားမှုကြောင့် political liberalization စတင်လာခြင်း ဖြစ်သော်လည်း၊ တက်လာသည့် အစိုးရသစ်မှ အခြေအနေနှင့် ကိုက်ညီမည့် စီးပွားရေးမူဝါဒများကို မှန်မှန်ကန်ကန် အသုံးချနိုင်လျှင် liberalization နှင့် economic growth တို့အကြားတွင် positive relationship ဖြစ်လာနိုင်သည်ဖြစ်ရာ economic reform များ၏ adverse effects များကို ထိန်းချုပ်ရန် နည်းလမ်းများကို ရှာဖွေကြရမည်ဖြစ်သည်။ ဒီမိုကရေစီနှင့် economic growth တို့အကြားမှ ဆက်စပ်မှုမှာ positive တခုတည်း မဟုတ်ကြောင်းကိုလည်း သတိပြုကြရန် လိုအပ်သည်။ political liberalization နှင့် economic liberalization တို့ တပြိုင်တည်း ဖြစ်မလာပါက negative marginal effects များ ပေါ်ထွက်လာတတ်ပါသည်။

အရေးကြီးဆုံးအချက်မှာ ဒီမိုကရေစီသည် နိုင်ငံရေး မသေချာမှုနှင့် ဆက်စပ်နေခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရများသည် ရွေးကောက်ပွဲများဖြင့် မူဝါဒ ချမှတ်နိုင်ရေးကို ကြိုးပမ်းကြရသည်ဖြစ်ရာ စီးပွားရေး မူဝါဒ သက်တမ်းများသည် ရွေးကောက်ပွဲသက်တမ်းဖြင့် အချိန်မတူညီပဲ economic reform ၏ ရေတို adverse effects များ နောက်တကြိမ် ရွေးကောက်ပွဲမတိုင်မီ ပေါ်ထွက်လာပြီး၊ ရွေးကောက်ပွဲသစ်တွင် နိုင်ငံရေးအရ backlash ဖြစ်မည်ကို အာဏာရပါတီများက စိုးရိမ်လေ့ရှိကြပါသည်။ သို့ဖြစ်ရာ ရေတိုတွင် နှောင့်နှေးသော်လည်း ရေရှည် အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မည့် မူဝါဒများကို ရှောင်ကြဉ်၍ ရေတိုအကျိုးစီးပွားကိုသာ ကြည့်တတ်ကြလေရာ ဒီမိုကရေစီ အခြေခံသဘောတရားဖြစ်သည့် ရွေးကောက်ပွဲပြုလုပ်ခြင်းကပင်လျှင် ရေရှည်စီးပွားရေး တိုးတက်မှုကို ပြန်လည် ထိခိုက်လာသည်များလည်း ရှိတတ်ပါသည်။

အထက်ပါ အချက်များအပြင် political liberalization အတွေးအခေါ်ဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ အရောက်သွားရေးတွင် အခက်အခဲဖြစ်စေနိုင်မည့် ပထ၀ီဝင် နိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာကုန်သွယ်ရေး၊ နိုင်ငံခြားရေး အခြေအနေများနှင့် လူမှုရေး အခြေအနေများစွာလဲ ရှိပါသေးသည်။ Political liberalization ဆိုင်ရာ ကျမ်းတစောင် မဟုတ်၍ အကျယ်မချဲ့လိုတော့ပါ။ Political liberalization အတွေးအခေါ်ကို ကိုင်စွဲ၍ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်ချီရန် ရည်ရွယ်သူများအနေဖြင့် အဆိုပါ အခြေအနေများကို နားလည်သိရှိထားကြရန် လိုအပ်ပေလိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး

အပြည့်အစုံ ဖတ်ရန် ...

လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး ကင်တားနား မြန်မာနိုင်ငံကို နောက်သီတင်းပတ် သွားမည်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ လာမယ့် သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို စတုတ္ထအကြိမ်မြောက် သွားရောက်မှာ ဖြစ်ပြီး အခုခရီးစဉ်မှာ မြန်မာအစိုးရသစ်ရဲ့ အဖွဲ့ တာဝန်ခံတွေအပြင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးမှူး အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ကင်တားနားက သူဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်သလို ဒီခရီးစဉ်ဟာ သိပ်ကို အရေးပါတယ်လို့ ပြောပါတယ်။

“အခုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သြဂုတ်လ စတုတ္ထပတ်ထဲမှာ သွားဖို့ရှိပါတယ်။ ရှေ့သီတင်းပတ်ထဲမှာ သွားမှာပါ။ ဒီခရီးစဉ်ဟာ သိပ်ကို အရေးကြီးတဲ့ ခရီးစဉ်ပါ။ ကျနော့်ကို ပေးအပ်ထားတဲ့ တာဝန်အတိုင်း လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံ ရွေးကောက်ပွဲအရ တက်လာတဲ့ အာဏာပိုင်တွေနဲ့ တွေ့ဆုံဖို့ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ စုံစမ်းမှုတွေ လုပ်ရမှာပါ။ တချို့ စီစဉ်နေဆဲမို့ အသေးစိတ်ကို ပြောမပြနိုင်ပေမဲ့ ဒီခရီးစဉ်ရဲ့ အဓိက လုပ်ငန်းကတော့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို သိအောင် လုပ်ရမှာမို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ပါ တွေ့ဆုံဖို့ ရှိပါတယ်။” လို့ ပြောသွားပါတယ်။

မြန်မာအစိုးရသစ် အဖွဲ့ရဲ့ ပြန်ကြားရေး ၀န်ကြီးကလည်း သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို မကြာခင် လာရောက်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပေမဲ့ အစီအစဉ် အသေးစိတ်ကို မပြောခဲ့ပါဘူး။

မစ္စတာ ကင်တားနားဟာ မနှစ်က ဖေဖော်ဝါရီလထဲ တတိယအကြိမ် အဖြစ်နဲ့ မြန်မာနိုင်ငံကို လာခဲ့စဉ်က အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မပေးခဲ့တဲ့အတွက် စိတ်ပျက်မိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံကို မစ္စတာ ကင်တားနား လာရောက်တဲ့ အချိန်အတွင်း တွေ့ဆုံမယ့် အထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာဟာ အရေးအကြီးဆုံးလို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် တွေ့ဆုံဖို့ ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ကိစ္စကို သဘောတူပါတယ်။ ဒါ့အပြင် ကျနော့်တာဝန်က မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ဖြစ်တာမို့ မြန်မာနိုင်ငံတွင်း နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ရှိမရှိကအစ စီးပွားရေး၊ လူမှုရေး အပါအ၀င် အားလုံး အကျုံးဝင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အဖြစ်နဲ့ လာရောက်တဲ့ ကျနော်နဲ့ တွေ့ချင်တဲ့သူ အားလုံးကိုပဲ တွေ့ဆုံချင်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့တကွ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်ပေးဖို့ ကိစ္စဟာလည်း အခုခရီးစဉ် အတွင်းမှာ အရေးတကြီး လုပ်ဆောင်ရမယ့် အလုပ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအစိုးရကို ကျနော် အကြံပြုထားသလို တောင်းလည်း တောင်းဆိုထားပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ် ကတည်းကပါ။ သူတို့ဟာ သူတို့တွေရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ထုတ်ဖော်ခဲ့ကြလို့ ပုံစံမျိုးစုံနဲ့ မတရား ဖမ်းဆီးခံနေကြရတာပါ။ ဒါကြောင့် ဒီမိုကရေစီလမ်းကို လျှောက်လှမ်းမယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုတာဟာ အခြေခံ အချက်မို့ ဒီ ယုံကြည်ချက်ကြောင့် အဖမ်းခံနေရသူ အားလုံးကို လွှတ်ပေးဖို့ဆိုတာ မေးနေစရာတောင် မလိုပါဘူး။” လို့ ပြောပါတယ်။

မစ္စတာ ကင်တားနားဟာ အရင်တခေါက် မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်အတွင်း အင်းစိန် အကျဉ်းထောင် အပါအ၀င် အကျဉ်းထောင် တချို့ကို သွားရောက်ခွင့် ရခဲ့ပါတယ်။ ဒါ့အပြင် ၅ ရက်ကြာ နေခွင့်ရခဲ့တာမို့ ဒီတခေါက်လည်း အနည်းဆုံး ၅ ရက်ထက်မနည်း နေခွင့်ရမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

မစ္စတာ ကင်တားနားရဲ့ ဒီတခေါက် မြန်မာနိုင်ငံ ခရီးစဉ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ၀န်ထမ်းတချို့လည်း လိုက်ပါလာဖို့ ရှိတယ်လို့ သိရပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Monday, August 15, 2011

ဖွတ် မိကျောင်းဖြစ်... မြစ် မချမ်းသာ - အပိုင်း (၁)

စွယ်တော်| တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ လမ်းညွှန်ချက်အရ ကြည်း/ရေ/လေ အရာရှိအားလုံး အခြေခံစစ်နည်းဗျူဟာများကို မပျက်မကွက် တက်ရောက်ပြီးမှသာ ရာထူးတိုးမြှင့်ရေး စဉ်းစားမည် ဆိုတဲ့ မူဟာ ပညာသည်တပ်ဖွဲ့များမှ အရာရှိများအဖို့ ဦးနှောက်ခြောက်စရာ ဖြစ်ပါတယ်။

ဗထူးနှင့် သံတောင်ကြီး တွေမှာ ဖွင့်လှစ်ထားတဲ့ တိုက်ခိုက်ရေးကျောင်းရဲ့ ခြေလျင်တပ်ရင်းမှူး သင်တန်းကို အလွှာပေါင်းစုံမှ အရာရှိများ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ရုံးမှ ခေါ်ယူတဲ့သင်တန်း အပတ်စဉ်တိုင်း တက်ရောက်ခဲ့ရပါတယ်။

မြန်မာ့တပ်မတော်လေ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်များ


ခြေလျင်တပ်ရင်းမှူး သင်တန်းလို့ နာမည်တပ်ထားပါလျက် လေသူရဲတွေ၊ စစ်အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်ဆရာဝန်တွေ၊ ကွန်ပျူတာ Programmer တွေဟာ မိမိတို့ရဲ့ အထူးပြုသီးခြား ပညာရပ်ဆိုင်ရာတွေကို အသာမေ့ထားလို့ ခြေလျင်တပ်က ဗိုလ်မှူးများနဲ့ အတူ စစ်နည်းဗျူဟာ သင်ခန်းစားများဖြစ်ကြတဲ့ ချီစစ်/တိုက်စစ်/ခံစစ်/ခွါစစ် တွေအား အလွတ်ကျက်ရင်း.. မျက်စိနှင့်စာ မခွာဝံ့ပဲ နပန်းလုံးနေရပါတယ်။

နိုင်ငံတကာ တပ်မတော်တွေ War Game ကို Simulatorနှင့် တိုက်ပြီးလေ့ကျင့်နေချိန်မှာတော့ တပ်မတော်က စစ်ဗိုလ်များဟာ မြေပြင်ရှိ ၄ လတာကာလ အတောအတွင်း “မီးနာမှ သံကောင်းမည်” “သံကောင်းမှ ဒါးထက်မည်” ဆိုတဲ့ ဒါးတံဆိပ် တိုက်ခိုက်ရေးကျောင်းရဲ့ ပညာပေးမှု အောက်မှာ စိတ်ပန်းလူပင်ပန်း ဒုက္ခခံရင်း အကျိုးအမြတ်အဖြစ် ညီနောင်များရဲ့ တပ်အသီးသီးမှ အကြောင်းလေးတွေ သိခွင့်ရတာကို ဖွင့်ချပေးလိုက်ပါတယ်။

တပ်အသီးသီးမှာ ရှိနေစဉ်မှာတော့ ပခုံးပေါ်က အပွင့်တွေနဲ့ လျှော်ညီအောင် မင်နဲ့မောင်းနဲ့ နေကြရင်း၊ အမိစစ်တက္ကသိုလ်မှာ နေစဉ်က ရင်းနှီးမှုတွေ ပျောက်လုနီးပါးအထိ အလုပ်ကိုယ်စီနဲ့ သူငါအပြိုင် အထက်လူကြီး အငြိုညင် မခံရရေး ကြိုးစားခဲ့ကြပေမယ့် သင်တန်းသားဘ၀မှာတော့ မိခင်တပ်ရင်း တပ်ဖွဲ့မှ ရာထူးတွေ တာဝန်တွေ အဆောင်အယောင်တွေ ဖယ်ထားပြီး သင်တန်းသားချင်းဆိုတဲ့ အခြေအနေ တစ်ခုအောက်မှာ ဟိုးအရင် ၁၀ နှစ်တာလောက်က ဗိုလ်လောင်း ဘ၀လိုပဲ ပေါ့ပါးလွတ်လပ်စွာ ရင်ထဲက စကားတွေ ပြောဖြစ်ကြပါတယ်။ တပ်မတော် (လေ) ရဲ့ လေတပ်စခန်း တစ်ခုထက်မကမှာ ဒီအဖြစ်မျိုးတွေ ဖြစ်နေတာပါ။ ဒီထဲကမှ သူငယ်ချင်းတစ်ယောက် ပြောပြတဲ့ ဖြစ်စဉ်လေးကတော့...

လေတပ်စခန်းဌာနချုပ်မှူး နေရာလစ်လပ်စွာ အချိန်အတော်ကြာရှိနေခဲ့သော လေတပ်စခန်း တစ်ခုမှာပါ။ အုပ်ချုပ်ရေးတပ်မှူးဟာ Senior အတော်ကျသူ ဒုဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပြီး၊ မကြာခဏလည်း ခေတ္တလေတပ်စခန်းမှူး တာဝန်ယူနေရသလို အုပ်ချုပ်ရေးပိုင်းမှာလည်း အတော်ကျွမ်းကျင်သူ ဖြစ်ပါတယ်။ လေတပ်စခန်း တစ်ခုလုံး သူ့ခြေသူ့လက် လုပ်ချင်ရာလုပ်နိုင်သလို မော်တော်ယာဉ်၊ တပ်ထောက်၊ ရိက္ခာ ကအစ တပ်ဝင်းအတွင်းက နှစ်ရှည်သီးပင်စားပင်တွေရဲ့ ၀င်ငွေတွေ စတာတွေဟာ သူ့စိတ်တိုင်းကျ စီမံထားပါတယ်။ လေတပ်စခန်းမှူး တာဝန်နဲ့ ရောက်လာသူများကလည်း ခဏလောက်ပဲ နေရပြီး ပြောင်းပြောင်း သွားတာကြောင့် သူ့စီမံကွပ်ကဲမှုအောက်မှာ တပ်ဟာ နေသားကျနေသလို ဖြစ်နေခဲ့ပါတယ်။


လေတပ်ရဲ့ ထုံးစံအတိုင်း ရပေါက်ရလမ်းဌာနများကို သူ့စိတ်ကြိုက် အရာရှိ ၃ ဦးလောက်နဲ့ပဲ ကြီးကြပ်စေခဲ့ပါတယ်။ အဲဒီအခြေအနေကို ကြည့်မရသော အရာရှိတစ်ဦးကတော့ ဖြစ်စဉ်အားလုံးကို အသေးစိတ် မှတ်သားပြီး အချိန်အခါ အခွင့်တစ်ရပ်ကို စောင့်နေခဲ့ပါတယ်။ တကယ်တော့ ဒီအရာရှိဟာ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းမှာ အားနည်းချက်ရှိသလို လေတပ်ရဲ့ Fighter Row ဖြစ်တဲ့ ပျံသန်းရေးမှာလည်း အားနည်းတာကြောင့် အုပ်မှူးကလည်းမသုံးသလို၊ အုပ်ချုပ်ရေး တပ်မှူးကလည်း မသုံးလိုတာကြောင့် ဘယ်နေရာထားရမှန်း မသိဖြစ်နေလို့ ချောင်ထိုးခံထားရတာကို မကျေမနပ် ဖြစ်နေတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။

လေတပ်စခန်းဌာနချုပ် လေယာဉ်ဝင်းအတွင်း လေသူရဲများ ဂျက်တိုက်လေယာဉ် အပေါ်မတက်ခင် ပြင်ဆင်နေကြပုံ


အုပ်ချုပ်ရေးတပ်မှူးရဲ့ လုပ်ဆောင်မှုတွေမှာ တရားတာရော၊ မတရားတာရောရှိပေမယ့် တပ်မှာတော့ ထူးထူးခြားခြား အခြေအနေတွေမရှိပဲ ပုံမှန်လည်ပတ်နေသလို၊ ကျန်အုပ်မှူး/ တပ်မှူးများ အရာရှိ/စစ်သည်များကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ မရှိပါဘူး။ လေတပ်စခန်းမှူး တွေကလည်း ရောက်လာသမျှက ခပ်အေးအေးတွေ ဖြစ်လေတော့ အုပ်ချုပ်ရေး တပ်မှူး ရှာဖွေပေးသမျှ၊ အကြံအဖန်ငွေတွ အပ်သမျှနဲ့ ကျေနပ်တင်းတိမ်နေပြီး စခန်းအုပ်ချုပ်မှုကိစ္စတွေကို Guide လုပ်ပေးရုံလောက်ပဲ လုပ်ပေးကာ အေးဆေးစွာ အချိန်ကာလ တစ်ရပ် ကုန်ဆုံးခဲ့ပါတယ်။

ဒါပေမယ့် မကြာသော ကာလ ကတော့ ထက်မြက် တယ်လို့ ကျော်ကြားနေတဲ့ လေတပ် စခန်းမှူး ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။

ဒီစခန်းကို မရောက်ခင်ကတည်းကပင် အဲဒီ လေတပ်စခန်းမှူး အသစ်က ဒီစခန်းရဲ့ အုပ်ချုပ်ရေးတပ်မှူးရဲ့ လုပ်ရပ်တွေကို လက်မခံဘူး၊ မြေလှန်ပစ်မယ်လို့ ကြွေးကြော်သံ ကြိုပို့ထားပါတယ်။ Promotion နှင့် ပြောင်းလာတဲ့ အရာရှိသစ် တော်တော်များများဟာ တက်ကြွသူများပါသလို အာဏာပါဝါများကို လိုတာထက် ပိုပြီး ပြချင်တဲ့လူများ ပါတတ်တာမို့ တပ်တွေများအဖို့ အရာရှိ အသစ်ပြောင်းလာတိုင်း မကြာခဏ လိုက်လံပြုပြင်ပေးရတဲ့ ဒုက္ခလည်း ကြုံတွေ့နေရပါတယ်။

ဒီတော့ အနေကြာနေတဲ့ အုပ်ချုပ်ရေး တပ်မှူးကလည်း လေတပ်စခန်းမှူး အသစ် ရောက်တဲ့နေ့မှာ အေးစက်စွာ ကြိုဆိုပြီးအိမ်ဝေရာဝစ္စ၊ လုပ်ဖို့ ချောင်ထိုးထားတဲ့ အရာရှိကို လွှတ်လိုက်ပါတော့တယ်။ အဲဒီမှာ စတွေ့တာပါပဲ။


အပိုင်း ၂ ကို နောက်တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 14, 2011

ကျောင်းသားတပ်မတော် (ဗဟို) သို့ လှူဒါန်းရန် တေးသီချင်းခွေ အသံသွင်းပြီးစီး



အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ ABSDF ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းတွေက ကျောင်းသားတပ်မတော်(ဗဟို) ကို လှူဒါန်းရန်ရည်ရွယ်ပြီး တေးသီချင်းခွေ တခွေကို ပြီးခဲ့ရက်ပိုင်းက အသံသွင်း ပြီးစီးခဲ့ကြောင်း သိရပါတယ်။

“ကျနော်တို့ ABSDF ကျောင်းသားတပ်မတော် ဗဟိုကို လှူဒါန်းဖို့ ရည်ရွယ်ပြီး အသံသွင်းခဲ့တာပါ။ အခု အချောသတ် မာစတာအခွေကို မကြာခင် ဗဟိုကို ပေးပို့လှူဒါန်းဖို့ စီစဉ်နေပါတယ်” လို့ တေးသီချင်းခွေကို အစအဆုံး စီစဉ်ခဲ့တဲ့ ကိုသားငယ် (KS) က ပြောပြတယ်။


ကိုသားငယ် (KS)

‘သမိုင်းစာမျက်နှာထဲက ဒေါင်း’ လို့ အမည်ပေးထားတဲ့ ဒီတေးသီချင်းခွေကို အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် အော်ရိုရာမြို့က အသံသွင်း စတူဒီယိုတခုမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

‘ငြိမ်းချမ်းစေ့မယ်’၊ ‘အောင်လံကို မြေပေါ်ကျမခံဘူး’၊ ‘ဒေါင်းတို့ဌာနေ’၊ တော်လှန်ကြဟေ့’၊ ‘ဒေါ်စု (သို့မဟုတ်) စွန်ရဲ’၊ ‘သမိုင်းစာမျက်နှာထဲက ဒေါင်း’၊ ‘သူရဲကောင်းတဦး၏ အတ္ထုပ္ပတ္တိ’၊ ‘မှတ်တိုင်လေးစိုက်ခဲ့တယ်’ စတဲ့ သီချင်း ၈ ပုဒ် ပါဝင်ပါတယ်။

တေးသီချင်းအားလုံးကို ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုခင်မောင်ဦး (Ossy) ကိုယ်တိုင် ရေးသား သီဆိုထားတာ ဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာနဲ့ စီစဉ်သူအပြင် လိဒ်ဂစ်တာကိုတော့ ကိုသားငယ် (KS) က တီးခတ်ထားပြီး ဘေ့စ်ဂစ်တာကို ကိုနိုနို က ပါဝင် တီးခတ်ထားတာ ဖြစ်ပါတယ်။

“ဒီသီချင်းခွေ ဖြစ်မြောက်ဖို့အတွက် ကျနော်တို့ ၄ နှစ်ကျော်လောက် အချိန်ယူခဲ့ကြရတယ်၊ အဓိက အခက်အခဲကတော့ ကျနော်တို့တွေက ပြည်နယ်ချင်းမတူဘဲ တယောက်တနေရာစီ ဖြစ်နေတော့ ညှိရနှိုင်းရ စီစဉ်ရတာ ခက်ခဲတာ” လို့ တေးသီချင်းများကို ကိုယ်တိုင်ရေးသား သီဆိုခဲ့တဲ့ ကိုခင်မောင်ဦး (Ossy) က ဆိုပါတယ်။

ကိုခင်မောင်ဦး (Ossy)

၂၃ နှစ်မြောက် ရှစ်လေးလုံးနေ့မတိုင်မီ တေးသီချင်းခွေကို ထုတ်ဝေချင်ပေမယ့် အခက်အခဲ အမျိုးမျိုးကြောင့် နောက်ကျခဲ့ရတယ်လို့လည်း ၎င်းက ဆက်လက် ပြောဆိုပါတယ်။

သူတို့ရဲ့ Daung Power 88 Music Band အနေနဲ့ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ကိုမိုးကျော်ရဲ့ တေးသီချင်းခွေ တခွေကိုလည်း အသံသွင်းနိုင်ဖို့ စတင် စီစဉ်နေကြောင်းလည်း သိရပါတယ်။


ပြီးခဲ့တဲ့ နှစ်ကလည်း ကျောင်းသားတပ်မတော် စောထ တပ်ရင်းမိသားစု ရန်ပုံငွေအတွက် ‘စောထ ဖောင်ဒေးရှင်း’ က တေးသီချင်း ၁၀ ပုဒ်ပါဝင်တဲ့ ငြိမ်းစေ သီဆိုထားတဲ့ ‘စောထ ဒဏ္ဍာရီ’ အမည်ရှိ တေးသီချင်းခွေကိုလည်း ထုတ်ဝေခဲ့ပါတယ်။

အောင်လံကို မြေပေါ်ကျမခံဘူး
စွန်ရဲ
02 - Track 2 by Shan Gyi


source by : http://moemaka.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး နိုင်ငံရေး ခရီးစဉ်

ချင်းမိုင် (မဇ္ဈိမ)| အဖြူရောင်ရှပ်အင်္ကျီများ ဝတ်ဆင်ထားသည့် လူငယ် သက်တော်စောင့်များ ခြံရံလျက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အပြင်ဘက်သို့ နေ့ချင်းပြန် နိုင်ငံရေးခရီးစဉ်ကို သွားရောက်ကာ သူ၏ နိုင်ငံရေး လှုပ်ရှားနိုင်မှုအတိုင်းအတာကို စမ်းသပ်လိုက်သည်။

စာကြည့်တိုက် နှစ်ခုဖွင့်ပွဲနှင့် ထောင်ပေါင်းများစွာသော ရေဘေးဒုက္ခသည်များ အတွက် အလှူငွေပေးအပ်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ပဲခူး ရွှေမော်ဓောဘုရား အနောက်ဘက်စောင်းတန်းသို့ ဒေါ်အောင်ဆန်းစုကြည်  ရောက်ရှိလာစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)ပဲခူး ရွှေမော်ဓောဘုရား အနောက်ဘက်စောင်းတန်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

ဆယ်စုနှစ်ပေါင်းများစွာ ပညာရေးစနစ် ယိုယွင်းခဲ့ရသော နိုင်ငံတွင် လူငယ်များ အရည်အသွေး မြှင့်ပေးရေးအတွက် ကြိုးပမ်းမှု တရပ်အနေဖြင့် သူ့ကို ဂုဏ်ပြု ထူထောင်ထားသော စာကြည့်တိုက်များကို အန်အယ်ဒီက ထူထောင်ထားခြင်း ဖြစ်သည်။

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်များမှာ အရွယ်အစားအရ သေးငယ်သော်လည်း ထောင်ပေါင်းများစွာသော ကဗျာ၊ နိုင်ငံရေးမှသည် ဝတ္ထုစာအုပ်များ ငှားရမ်း ဖတ်ရှုနိုင်သည်။ စာကြည့်တိုက် ထူထောင်သူများကတော့ လူငယ်များ အရက်ဆိုင်၊ ဘိလိယက်ခုံနှင့် ဗီဒီယိုဂိမ်း ကစားမည့်အစား စာဖတ်လာအောင် ဆွဲဆောင်နိုင်ရန် ရည်ရွယ် ထားသည်။

စာဖတ်ခြင်းသည် အရေးကြီးကြောင်းနှင့် လူငယ်များ စိတ်ဓာတ်ကြံ့ခိုင်ရေးသည်လည်း မည်မျှ အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲတွင် အလေးအနက်ထား ပြောကြားသွားသည်။

ကိုယ်တိုင်ပင် စာဖတ်သူ တဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လူငယ်များနှင့် တွေဆုံခြင်းနှင့် မိန့်ခွန်းပြောကြားမှုကို အဓိက ပြုလုပ်ခဲ့သည်။

သို့သော်လည်း ခရီးစဉ်မှာ အစိုးရ၏ သဘောထားကို စမ်းသပ်ခြင်းတခုလည်း ဖြစ်သည်။
နိုဝင်ဘာလ ကတည်းက နေအိမ်အချုပ်မှ လွတ်မြောက်ကတည်းက ရန်ကုန်အပြင်ဘက် သွားလျှင် အကြမ်းဖက်မှုဖြစ်ပွားမှာကို စိုးရိမ်နေခဲ့ ကြသည်။

၂ဝဝ၃ ခုနှစ် မေလက ဒီပဲယင်းတွင် အစိုးရမှ ကြောထောက်နောက်ခံပေးထားသော လူမိုက်တစုက တိုက်ခိုက်၍ အနည်းဆုံး လူ ၇ဝ သေဆုံးပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ကံသီ၍ လွတ်မြောက်ခဲ့သည်။ သူလည်း အဖမ်းခံခဲ့ရပြီး နေအိမ်အကျယ်ချုပ် ကျခံရပြန်သည်။

နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မှထွက်ခွာပြီး ညနေ ၅ နာရီခန့်တွင် ပြန်ရောက်လာခဲ့သည့် ပဲခူးခရီးတိုမှာ အဆင်ပြေချော့မွေ့ခဲ့သည်။ စာကြည့်တိုက်ဖွင့်ခြင်း၊ ဘုန်းကြီးကျောင်းသွားခြင်းနှင့် ရေဘေးဒုက္ခသည်များကို ကူညီခြင်းများ ပြုလုပ်နိုင်ခဲ့သည်။

ရွှေမော်ဓောဘုရားအဆင်း စောင့်ကြိုနေသည့် ပြည်သူလူထုအား  လက်ပြနှုတ်ဆက်စဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

ရွှေမော်ဓောဘုရားအဆင်း စောင့်ကြိုနေသည့် ပြည်သူလူထုအား လက်ပြနှုတ်ဆက်စဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု (FDB) အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး ဖြစ်မြောက်လာသည့် အတွက် အာဏာပိုင်များနှင့် "ညှိညှိနှိုင်းနှိုင်း" လုပ်နေသည့်ဟန်ရှိသည်ဟု ဆိုသည်။

အတိုက်အခံ ခေါင်းဆောင်အနေဖြင့် အောက်ခြေပါတီဝင်များနှင့် လူထုကို ထိတွေ့ခြင်းသည် ကောင်းသည်ဟုဆိုရင်း ယခု ပထမဆုံးနိုင်ငံရေး ခရီးစဉ်၏ အောင်မြင်မှုမှာ လူဘယ်လောက် တွေ့ဆုံနိုင်လဲ ဆိုခြင်းနှင့် လူမှုရေးကွန်ယက်များကို လက်တွေ့ သဘောပါသော လမ်းညွန်မှု ပေးနိုင်ခြင်းတို့ပေါ်တွင် မူတည်သည်ဟု သူက ပြောသည်။

NLD ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ပဲခူ့း နိုင်ငံရေးခရီးစဉ်မှာ အောင်မြင်မှုရှိပြီး အားရ ကျေနပ်သည်ဟု ပြောသည်။

“ကျနော်က အရင်တုန်းက သူနဲ့အတူတူသွားခဲ့တဲ့ အခြေအနေထက် ပိုပြီး ထူးဆန်းမလားလို့တောင် ကျနော်က အောက်မေ့တယ်။ လူထုက တော်တော်ကိုပဲ အားကိုးတကြီးရှိပြီးတော့ အခုလို ပထမဆုံးအကြိမ် နိုင်ငံရေး သဘောဆန်တဲ့ စည်းရုံးမှုထွက်လာတဲ့ ဟာဆိုလို့ ပိုမိုပြီးတော့ အားတက်သရောနဲ့ ကြိုဆိုကြတယ်” ဟု ဦးတင်ဦး ကပြောသည်။

“စပြီးထွက်ကတည်းကနေ အဆင်ပြေအောင်လုပ်ပေးထားတာက တလမ်းလုံး မော်တော်ပီကယ်တို့၊ ဘာတို့ ပဲခူးရောက်တဲ့အထိ ထိန်းသိမ်း ပေးတဲ့အတွက် ချောချောမောမောဖြစ်တယ်လို့ ယူဆရမှာပေါ့။ ဟိုတုန်းကတော့ ကြံ့ဖွံတို့က မလာရ၊ မသွားရဆိုတာမျိုးတွေ ရှိခဲ့တယ်လေ။ ခုတော့ အဲဒီဟာနဲ့ ပတ်သက်တာ ချောချောမောမော
အောင်မြင်ပါတယ်။ အားလုံးကတော့ ချောချောမောမောပါပဲ”ဟု သူက ဆက်ပြောသည်။

သနပ်ပင်မြို့မှ အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နံနက်ပိုင်း ၉ နာရီခွဲချိန်က ဖွင့်လစ်ခဲ့ပြီးနောက် ပဲခူးမြို့ ဥက္ကဋ္ဌ ဦးမြတ်လှ၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောရာ လူ ၃,ဝဝဝ ကျော်က လာရောက်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ပဲခူးတိုင်းမှ ရှေ့နေကွန်ယက်အဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့ရာ အဓိကအားဖြင့် ဥပဒေအရ အကျိုးဆောင်ပေးနေသော ဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ အခက်အခဲများကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ကြသည်ဟု သိရသည်။

သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက်မှ ပြန်အထွက်။ (ဓါတ်ပုံ။   မဇ္ဈိမ)သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက်မှ ပြန်အထွက်။ (ဓါတ်ပုံ။ မဇ္ဈိမ)

“များသောအားဖြင့် ဥပဒေစိုးမိုးရေးဆိုတဲ့အပိုင်းမှာ အထူးသဖြင့် လယ်ယာမြေ ကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင် အဖွဲ့အစည်းမှာ ရှိနေတဲ့ သြဇာရှိတဲ့ မြို့နယ်၊ ကျေးရွာတွေမှာလုပ်နေတဲ့လူတွေက မြေယာတွေ ယူထား၊ သိမ်းထားတာတွေ တော်တော်များများ ပါတယ်။ အဲဒါနဲ့ ပတ်သက်အားလုံးကို ဥပဒေနဲ့အညီ လုပ်ကိုင်ပေးနေတဲ့ဆိုတာတွေ တင်ပြကြတယ်” ဟု ဦးတင်ဦးက ပြန်ပြောပြသည်။

နံနက်ပိုင်းတွင် ပဲခူးမြို့ သံသနာ့မာန်တိုင် ကျောင်းတိုက်မှ ဆရာတော်နှင့် သံဃတော် အပါး ၂ဝဝ ခန့်ကိုလည်း ပစ္စည်းများ လှူဒါန်းခဲ့သေးသည်ဟု ဦးတင်ဦးက ပြောသည်။

“ကျနော်က လူသားတွေအတွက် သူရဲကောင်းတယောက်လို လက်ခံ အသိအမှတ်ပြုပြီးတော့ လေးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အတွက် ကျနော်က လူဖြစ်ရကျိုးနပ်သွားပြီလို့ နည်းနည်း ပြောချင်ပါတယ်ခင်ဗျာ” ပဲခူးမြို့သား တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ရှိ အနောက်ရွှေနံ့သာ ကျောင်းတိုက်တွင် ရေဘေး ဒုက္ခသည်များကို အားပေးစကား ပြောကြားပြီးနောက် မြန်မာစံတော်ချိန် ၃ နာရီချိန်တွင် ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။ညနေ ၅ နာရီခွဲချိန်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ ရောက်ရှိသည်။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဧရာဝတီမြစ်ကို ပိတ်ဆို့ ရေကာတာတည်ဆောက်ခြင်း




source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...