Friday, March 2, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောစည်းရုံးရေးခရီးစဉ်(ဓါတ်ပုံ)

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောစည်းရုံးရေးခရီးစဉ်
(သတင်း၊ ဓာတ်ပုံ)များ
..
ဥယျာဉ်မှူးနဲ့ ဝေးတဲ့ရှမ်း အမေစုလာတော့လန်းတဲ့။ ၁၉၉၀ခုနှစ်နဲ့ မတူတော့ဘူးဆိုတဲ့
လက်ရှိ ကလော..
ရှမ်းအိုးစည်နဲ့ ကြိုဆိုကြတဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ မြင်ကွင်း
အမေစု ကလောခရီးစဉ်မှာ လိုက်ပါစည်းရုံးပေးတဲ့ မင်းသားရဲတိုက်..

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်

DASSK in Kalaw

ကလောမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ မတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်နယ် ဟဲဟိုး၊ ကလောနဲ့ အောင်ပန်းမြို့များကို ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မှ လေကြောင်းခရီးနဲ့ ဟဲဟိုးမြို့ကို ထွက်ခွာခဲ့ပြီး ဟဲဟိုးမှတဆင့် ကလော၊ အောင်ပန်းမြို့များသို့ မော်တော်ယာဉ်များနဲ့ ခရီးဆက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ကို ရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရှမ်းပြည်နယ်နေ တိုင်းရင်းသားပြည်သူများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြကြောင်း၊ ဟဲဟိုးမှ ကလော၊ အောင်ပန်းသို့ သွားရောက်ရာ လမ်းတလျောက် လမ်းဘေး ၀ဲယာ တဘက်တချက်တွင် ပြည်သူများက စိတ်လှုပ်ရှားစွာ စောင့်ကြိုခဲ့ကြကြောင်း သိရှိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးထွက်ရာ လမ်းတလျောက်တွင် လူထု တွေ့ဆုံပွဲများ ပြုလုပ်ခဲ့ရာ မြန်မာပြည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း၊ တိုင်းရင်းသား ဒေသများက ၀င်ရောက် ယှဉ်ပြိုင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများကို မဲပေးစေလိုကြောင်း၊ တပ်မတော်သားများအနေနဲ့လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးဖို့ မေတ္တာရပ်ခံကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။

DASSK in Kalaw

ရှမ်းရိုးရာတီးဝိုင်းနဲ့ အက

DASSK in Kalaw

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြတဲ့ ရှမ်းပျိုဖြူများ

DASSK in Kalaw

ကလောမြို့ကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ်

DASSK in Kalaw

ရှမ်းပြည်သူလူထု

DASSK in Kalaw

ရှမ်း ပြည်သူလူထုအား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားစဉ်

source by : http://www.burmatoday.net

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 1, 2012

သမ္မတ ဦးသိန်းစိန် မိန့်ခွန်းအပေါ် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ အမြင်သဘောထား (ရုပ်/သံ)



source by : http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 29, 2012

နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လို (ရုပ်/သံ)

လက်တလော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လိုအပ်နေကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက ရန်ကုန်လေဆိပ်မှာ ဖေဖော်ဝါရီလ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက် ပါတယ်။

ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများတွင်သာ ယခုကဲ့သို့ သတင်းစာ လွတ်လပ်ခွင့် အချို့ကို ခံစား နေရသော်လည်း တိုင်းရင်းသားများမှာ ၎င်းတို့ ဒေသတွင် စစ်မက်အမြဲ ဖြစ်ပွားနေခဲ့သည့် အတွက် တစုံတရာ အပြောင်းအလဲ ဖြစ်နေသည်ဟု မမြင်ကြောင်း ကိုမြအေးက ပြောပါတယ်။

ကိုမြအေးနဲ့အတူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုကလည်း ခရီးစဉ်အတွင်း ကြုံတွေ့ ခဲ့ရသည်များကို မီဒီယာများကို ပြောကြား ခဲ့ပါတယ်။

မြစ်ကြီးနား ခရီးစဉ်အတွင်း ဘာသာရေး၊ လှုမှုရေး၊ နိုင်ငံရေး အလွှာအသီးသီးမှ ပုဂ္ဂုလ်များနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းရန် အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ထုတ်ပြန်တဲ့ အချက် ၄ ချက်ပါ ကြေငြာချက်ကိုလည်း ဝေငှ ခဲ့ပါတယ်။

ကိုမြအေး၊ ကိုပြုံးချို တို့နဲ့ အတူ ကိုထွန်းမြင့်အောင်၊ ကိုမြတ်သူနဲ့ အခြား ကျောင်းသား ခေါင်းဆောင်များဟာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့ အခြား ကျောင်းသား ခေါင်းဆောင်များကတော့ အထက် မြန်မာပြည် မန္တလေး ခရီးစဉ် အတွက် ကျန်ရှိ ခဲ့ပါတယ်။


source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 28, 2012

ရွှေည၀ါဆရာတော် ကိုယ်တိုင် ဦးစီးတဲ့ သီရိမင်္ဂလာ ရာပြည့်မော်ကွန်း စေတီတော်မြတ်ကြီးရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ထီးတော်တင် အလှူမင်္ဂလာ အခမ်းအနား(ရုပ်/သံ)

ရွှေည၀ါဆရာတော် ဦးပညာသီဟ ကိုယ်တိုင် ဦးစီးပြီး သီရိမင်္ဂလာ ရာပြည့် မော်ကွန်း စေတီတော် မြတ်ကြီးရဲ့ နှစ် ၁၀၀ပြည့် အထိမ်းအမှတ် ထီးတော်တင် အလှူမင်္ဂလာ အခမ်းအနားကို မန္တလေးတိုင်း ရမည်းသင်းမြို့နယ် ဘုရားကုန်း ကျေးရွာ ရွှေဒါးကုန်းအုပ်စုမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ကျင်းပ ပြုလုပ်ခဲ့ရာမှာ ဒီအခမ်းအနားကို ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ကိုဝင်းမော် ဦးဆောင်တဲ့ ရုပ်ရှင်နဲ့ ဂီတ အနုပညာရှင်တွေ တက်ရောက် ခဲ့ကြပါတယ်။



source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မကြိုဖို့ မြန်မာ့အသံ ဝန်ထမ်းများကို ညွှန်/ချုပ် သတိပေး

ချင်းမိုင်(မဇ္ဈိမ)| ရုပ်မြင်သံကြားမှတဆင့် ပါတီ မဲဆွယ် စည်းရုံးရေး ဟောပြောရန် အတွက် နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနသို့ လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ထမ်းများ အနေဖြင့် ကြိုဆို နှုတ်ဆက်ခြင်း မပြုလုပ်ရန် ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းအောင် က သတိပေး ပြောဆို ထားကြောင်း သိရသည်။

နေပြည်တော် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာန ဝန်ထမ်းများအား သောကြာနေ့ မနက်ပိုင်းက သီးသန့် အစည်းအဝေး တရပ် ခေါ်ယူကာ ယင်းကဲ့သို့ သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ ဝန်ထမ်းများက ပြောသည်။

“ကျနော်တို့ဆီကို ဒေါ်အောင်ဆန်းစုကြည် လာမယ်လေ။ လာတဲ့အခါကျရင် ဘယ်ဝန်ထမ်းမှ ထွက်မတွေ့ရဘူး။ နှုတ်ဆက်ဖို့လည်း မလိုဘူး။ ကိုယ့်အလုပ်ကိုပဲ လုပ်ရမယ်လို့ ညွှန်မှူးက ပြောတယ်။ အားလုံးကလည်း သူ့ကြောက်တော့ မတွေ့ပါဘူးလို့ ပြန်ဖြေခဲ့ရတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ရုပ်/သံ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြော သည်။

NLD အပါအဝင် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ ၁၇ ခုကို ၎င်းတို့ ပါတီများ၏ မူဝါဒ၊ သဘောထားနှင့် လုပ်ငန်းစဉ်တို့ကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ စည်းရုံးဟောပြော တင်ပြနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းအချို့မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမည်ကို တွေ့မြင်လိုကြသော်လည်း ဦးသိန်းအောင် ၏ သတိပေး တားမြစ်မှုကို လွန်ဆန်နိုင်ခြင်းမရှိသဖြင့် ကြည့်ခွင့်မရတော့ဟု ကာယကံရှင်များက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ တခါမှ မတွေ့ဖူးဘူး။ အင်တာနက်နဲ့ ဂျာနယ်တွေမှာပဲ တွေ့ဖူးတာ။ အရင်တော့ သူလာရင် သွားနှုတ်ဆက်မယ်။ သူ့ကို ကြည့်မယ်လို့ တွက်ထားတာပေါ့လေ။ ဒါပေမယ့် ကျမတို့ မကြည့်ပါဘူးဆိုပြီး ညွှန်မှူးကို ပြောခဲ့ပြီးပြီ” ဟု မြန်မာ့အသံ ဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

“ရိုတ်ကူးရေး တာဝန်ကျတဲ့လူတွေကတော့ ကံကောင်းတာပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် တွေ့ခွင့်ရ တာပေါ့။ ကျနော်တို့ကတော့ ထွက်တောင် ကြည့်ခွင့် မရတော့လေ။ ဒီလိုပဲ ဝန်ထမ်းဆိုတော့လလည်း အထက်ကို မလွန်ဆန်နိုင်ဘူးပေါ့” ဟုလည်း အခြားဝန်ထမ်းတဦး က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးမှာဖြစ်ပြီး ယင်းသို့ ထုတ်လွှင့်နိုင်ရန် အတွက် ဟောပြောမည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နေပြည်တော် မြန်မာ့အသံသို့ ထုတ်လွှင့်ရက်မတိုင်မီ ၂ ရက် ကြိုတင်ကာ လာရောက် ရိုတ်ကူးရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့တွင် အစိုးရ အာဏာပိုင်အချို့၏ နှောက်ယှက်မှု ရှိနေကြာင်း NLD က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ သတင်းမီဒီယာများသို့ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သေးသည်။

ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်းကို မငှားခြင်းကြောင့် ခရီးစဉ်ကို ရပ်ဆိုင်းထားခဲ့ပြီး မတ်လဆန်းတွင်မှ ပြန်လည် သွားရောက် ဟောပြောရမည် ဖြစ်သည်။

အလားတူ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ဧရာဝတီတိုင်း ဖျာပုံခရီးစဉ်တွင် ဟောပြောရန်အတွက် ဖျာပုံမြို့ အားကစားကွင်း အတွင်း ပြုလုပ်ရန် လျှောက်ထားသော်လည်း အားကစားဝန်ကြီးဌာနမှ အသုံးပြုခွင့် မပေး၍ လူထုပရိသတ် လေးသောင်းခန့်အား ဖျာပုံမြို့ပြင် သဲကွင်းတွင်ပင် ဟောပြောခဲ့ရသည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဘောလုံးကွင်း၌ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် ဟောပြောပွဲကို အားကစားဝန်ကြီး ဦးတင့်ဆန်း က တားမြစ် ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြုပေးလိုက် သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

(Updated) iPhone ပေါ်မှာ Zawgyi မြန်မာ Font နှင့် Zawgyi မြန်မာ Keyboard တို့ကို အသုံးပြုနည်း

http://3.bp.blogspot.com/-DCPnibxLczg/TjfXInzrtpI/AAAAAAAAAWs/sQutzqGJI1g/s1600/IMG_0346.PNG
iPhone ပေါ်မှာ မြန်မာစာ ဖတ်ဖို့၊ မြန်မာစာ ရိုက်ဖို့ အတွက် မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို iPhone ထဲမှာ Install လုပ်ပေးဖို့ လိုပါတယ်။ မြန်မာ Font နဲ့ မြန်မာ Keyboard တို့ကို Install မလုပ်ခင် iPhone ကို Jailbreak အရင်လုပ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ iPhone version iOS 4.3.x, iOS 5.0 နဲ့ iOS 5.0.1 တို့အတွက် မြန်မာ Font နဲ့ မြန်မာစာ keyboard ထည့်နည်းတွေကို အဆင့်ဆင့် ပြောပြပေးသွာမှာပါ။
Jailbreak လုပ်ထားပြီးသော iPhone home scream ပေါ်မှ Cydia ကိုနိုပ်ပါ။ ပေါ်လာသော scream ပေါ်မှ Manage > Sources > Edit > Add ကိုရွေးပါ။ ပေါ်လာတဲ့ box လေးထဲကို http://cydia.macforus.com လို့ ရိုက်ပြီး Add Source ကို နိုပ်ပါ။ cydia.macforus.com ဆိုပြီး တွေ့ရမှာပါ။




Zawgyi မြန်မာ Font ထည့်နည်း ( iOS version 4.3.x, 5.0 နဲ့ 5.0.1 တို့အတွက်)

အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ ပေါ်လာသော list ထဲမှ Zawgyi iOS 4.3 Font
(Zawgyi iOS Font for 4.0 or later) ကိုရွေးပေးပါ။
{မှတ်ချက် ။ ။ မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}


အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။


အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။


Zawgyi မြန်မာ Keyboard ထည့်နည်း

အဆင့် (၁) cydia.macforus.com ကိုနိုပ်ပါ။ iOS 4.3.x version အတွက် ပေါ်လာသော list ထဲမှ Zawgyi Keyboard for iPad (This package is only for iOS 4.2 or later) ကိုရွေးပေးပါ။ iOS 5.0 နဲ့ 5.0.1 တို့အတွက် MMKeyboard (Zawgyi Keyboard for iOS-5) ကိုရွေးပါ။
{မှတ်ချက် ။ ။ မိမိ ရဲ့ iOS version အလိုက် ရွေးနိုင်ပါတယ်။}

For iOS 4.3.x

For iOS 5.0 and 5.0.1

အဆင့် (၂) Install ကို နိုပ်ပါ။ Confirm ကို နိုပ်ပါ။


အဆင့် (၃) ပြီးရင် Restart SpringBoard ကိုနိုပ်ပါ။


အဆင့် (၄) iPhone home scream ပေါ်မှ Settings > General > Keyboard >
International Keyboards > Add New Keyboard...ထဲမှ "Myanmar မြန်မာ" ကို ရွေးလိုက်ပါ။
iOS 5.0 နဲ့ 5.0.1 တို့ကို အသုံးပြုနေသူတွေအတွက် "Czech" ကိုရွေးပါ။




အဆင့် (၅) အောက်မှာ ပြထားတဲ့ ပုံများအတိုင်း မြန်မာစာကို iPhone ပေါ်မှာ သုံးလို့ရသွားပါပြီ။



မြန်မာစာကို iPhone, iPad တို့ပေါ်မှာ အသုံးပြုလို့ ရအောင် ဖန်တီးပေးသော Apple developer ကိုစေတန် နဲ့ ကိုမိုးစက် တို့ကို အထူးကျေးဇူးတင်ပါသည်။


မူရင်း ရေးသားသူ။ ။ Nyein Latt
ကိုးကား ။ ။ ကိုစေတန် နဲ့ ကိုမိုးစက်

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံရေး စာအုပ်များနှင့် ဘာသာရေး စာအုပ်များ



စာအုပ်အမည် = ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ

ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?83ohck7j4qpk7z7



စာအုပ်အမည် = ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?n9yhy5r66vd3vuc



စာအုပ်အမည် = ပြည်သူ့စစ်မှုထမ်း ဥပဒေ
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?olleiy76jrfqkf8


စာအုပ်အမည် = ရာဇ၀င်တွင်ရစ်မယ့် စကားဝိုင်းမျာ
ရေးသားသူ = ကျော်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?yedmzwhzlmj


စာအုပ်အမည် = အာဇာနည်ခေါင်းဆောင်ကြီးများဧ။် အထုပ္ပတ္တိအကျဉ်း
ရေးသားသူ = မြန်မာကျူးပစ်ဖိုရမ်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?yyjmzmtmnjw


စာအုပ်အမည် = အာဆီယံ ပဋိဉာဉ်စာတမ်း
ရေးသားသူ = အရှေ့တောင်အာရှနိုင်ငံများအသင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =http://www.mediafire.com/?onyigdtnanw


စာအုပ်အမည် = ယဉ်ကျေးမှုများ တိုးတိုက်မိခြင်းနှင့် မဟာပြိုကွဲမှုကြီး
ရေးသားသူ = ကျော်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?idqizy2iwmm


စာအုပ်အမည် = ပြစ်မှုဆိုင်ရာ ဥပဒေရာဇသတ်ကြီး အဘိဓါန်
ရေးသားသူ = ဦးကျော်ဇေယျ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?kdkeyuunimw


စာအုပ်အမည် = ဆရာကြီးသခင်ကိုယ်တော်မှိုင်း မိန့်ခွန်း
ရေးသားသူ = သခင်ကိုယ်တော်မှိုင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?o187kb9ea2tz8zx


စာအုပ်အမည် = တော်ဖလာနှင့်စကားစမြည်
ရေးသားသူ = ကျော်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?2cws61edc2x9hwa


စာအုပ်အမည် = စိန်ခေါ်ကြသူများ
ရေးသားသူ = ကျော်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?kmlgzt5dnmz


စာအုပ်အမည် = ကျော်ဝင်း အင်တာဗျူး
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?ekjietnyrj4


စာအုပ်အမည် = ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
ရေးသားသူ = တက္ကသိုလ်နေ၀င်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mmijaqr4zlm


စာအုပ်အမည် = မူပိုင်ခွင့်
ရေးသားသူ = လူထုစိန်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?indxzymxmdn


စာအုပ်အမည် = ဈေးကွက် စီးပွားရေးစနစ်နှင့်စီးပွားရေး ပေါ်လစီ
ရေးသားသူ = ဒေါက်တာအောင်ကိုကို
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?w5i2ujfzuzo


စာအုပ်အမည် = လူနှင့်မူ
ရေးသားသူ = ဒေါက်တာတင်မောင်သန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?q0y2etwmtzk


စာအုပ်အမည် = အလောင်းမင်းတရားကြီးဧ။် ကုန်းဘောင်ရွှေပြည်
ရေးသားသူ = ဒေါက်တာတိုးလှ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?2iz3gqom54m


စာအုပ်အမည် = ပထ၀ီနိုင်ငံရေး
ရေးသားသူ = သောင်းထိုက်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?hgyhqteqmmk


စာအုပ်အမည် = ဘောဂဗေဒနှင့်ဂျာနယ်လစ်ဇင် ဗလုံးဗထွေး
ရေးသားသူ = မောင်စူးစမ်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?q2twyz4lzfi


စာအုပ်အမည် = စီးပွားရေး အတွေးအမြင်
ရေးသားသူ = မောင်စူးစမ်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =http://www.mediafire.com/?o2i3nhzzyzn


စာအုပ်အမည် = ဗမာ့အောင်ဆန်း
ရေးသားသူ = မောင်ထင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?xw12zmjjzlz


စာအုပ်အမည် = အောင်သန်းဧ။် အောင်ဆန်း
ရေးသားသူ = အောင်သန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?8v8wdojemcg1bo7


စာအုပ်အမည် = ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = (၁) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ
(၂) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ
(၃) ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပေ
(၄) အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ
(၅) တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ


စာအုပ်အမည် = ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = မြန်မာ (သို့) အင်္ဂလိပ်၊မြန်မာ


စာအုပ်အမည် = အနှစ်သုံးဆယ်
ရေးသားသူ = ချစ်နိုင်(စိတ်ပညာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?2y04miryzwy


စာအုပ်အမည် = အမွိုင်သို့ လျို့ဝှက်ခရီး
ရေးသားသူ = သုတေသီမြင့်ထွန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?x5bwxzigtve


စာအုပ်အမည် = ဗိုလ်ချုပ်အောင်ဆန်းဧ။် ကိုယ်တိုင်ရေး ဘ၀ဇာတ်ကြောင်း
ရေးသားသူ = ဗိုလ်ချုပ်အောင်ဆန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =http://www.mediafire.com/?t4egzmd3jzo


စာအုပ်အမည် = မှတ်မိသမျှ ကိုအောင်ဆန်း ကျောင်းသားဘဝ
ရေးသားသူ = သခင်ကျော်စိန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?iomr98obm9mak9a


စာအုပ်အမည် = အောင်ဆန်း သို့မဟုတ် အရိုင်း
ရေးသားသူ = ဒဂုန်တာယာ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?sx002oao0da


စာအုပ်အမည် = အောင်ဆန်းပေးတဲ့ မြန်မာပြည်
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?yno3mwm9j0w


စာအုပ်အမည် = ကမ္ဘာကို ကိုင်လှုပ်သူများ
ရေးသားသူ = ရဲကောင်းထက်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?gm3jnugfnit


စာအုပ်အမည် = ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဦးသန့်
ရေးသားသူ = တက္ကသိုလ်စိန်တင်

ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် =http://www.mediafire.com/?fttht2jmtjy


စာအုပ်အမည် = ရဲဘော်သုံးကျိပ်
ရေးသားသူ = ကျော်ငြိမ်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mdjxxjyxume


စာအုပ်အမည် = ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူ သတ်သလဲ
ရေးသားသူ = ဦးခင်အောင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?unazzxnoxaf


စာအုပ်အမည် = ပိတောက်မြေနိုင်ငံရေး ဆောင်းပါး ပေါင်းချုပ်
ရေးသားသူ = ပိတောက်မြေဘလော့
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?ybwycmmxsmg


စာအုပ်အမည် = ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ
ရေးသားသူ = ဦးပုကလေး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mstz4m09jyu


စာအုပ်အမည် = ဗမာ့နိုင်ငံရေးသုခမိန်
ရေးသားသူ = မောင်ထင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?dzyxx9znzzg


စာအုပ်အမည် = ဂလိုဘယ်လိုက်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး
ရေးသားသူ = မောင်စူးစမ်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?rxj1xleht4n


စာအုပ်အမည် = E-GOVERMENT
ရေးသားသူ = ရွှေနွယ်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?dg01cd0l1jw


စာအုပ်အမည် = သေနင်္ဂဗျူဟာ အတတ်ပညာ
ရေးသားသူ = ချစ်နိုင်(စိတ်ပညာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?udjsgyeeiiu


စာအုပ်အမည် = ၂၀၀၈အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ဥပဒေ
ရေးသားသူ = အေးချမ်းဖြိုးကောင်စီ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?0yieyjdjclo


လေ့လာစရာ ဘာသာရေး စာအုပ်များ

စာအုပ်အမည် = မြန်မာ့ယဉ်ကျေးမှုနှင့်ကျင့်ဝတ်
ရေးသားသူ = မောင်အံ့
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?jh5fxjnztzk

စာအုပ်အမည် = ဗုဒ္ဓ စာပန်းချီ၊ ပဉ္စမတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?pngscym9c3njesn

စာအုပ်အမည် = ဗုဒ္ဓ စာပန်းချီ၊ စတုတ္ထတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?i9507s4ls6z8ebd

စာအုပ်အမည် = ဗုဒ္ဓ စာပန်းချီ၊ တတိယတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?16l283ayun6mon7

စာအုပ်အမည် = ဗုဒ္ဓ စာပန်းချီ၊ ဒုတိယတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mivtuguiau4ibvf

စာအုပ်အမည် = ဗုဒ္ဓ စာပန်းချီ၊ ပထမတွဲ
ရေးသားသူ = ငွေဥဒေါင်း(ဦးကြီးမောင်)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?68kbolt6jlmcx85

စာအုပ်အမည် = ရောင်စုံရုပ်ပြ ပဌာန်း
ရေးသားသူ = S.S ခင်မောင်အေး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mm5zizntqtw

စာအုပ်အမည် = ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများဟောကြား ရေးပြပေးခဲ့သည့် နိဗ္ဗာန်ပို့မည့် တရားတော်များ
ရေးသားသူ = ဦးကံညွန့်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?zyjryjho1xm

စာအုပ်အမည် = သီဟိုခေတ် စံတော်ဝင် အရိယာများ
ရေးသားသူ = ဓမ္မာစရိယဦးဌေးလှိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?u2lztddktyz

စာအုပ်အမည် = နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်
ရေးသားသူ = လယ်တီဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mjjy0imo1v0

စာအုပ်အမည် = တရားတွေ့ဖို့ ချမ်းမြေ့ဖို့
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?tjymjjlqo53

စာအုပ်အမည် = စွယ်စုံကျော်ထင်ကျမ်း
ရေးသားသူ = ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?eomftzwijwx

စာအုပ်အမည် = ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေအကျဉ်းချုပ်
ရေးသားသူ = ဦးဇနိတာလင်္ကာရ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?4htidk5nzau

စာအုပ်အမည် = ဗုဒ္ဓကိုယ်တိုင်ဖြေကြားခဲ့ရသော မေးခွန်းနှင့်ပြဿနာများ
ရေးသားသူ = ဒဂုန်ဦးစန်းငွေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?lcihmn4gnzz


စာအုပ်အမည် = ပရိတ်ကြီး ၁၁သုတ်အသံထွက် ရွတ်ဖတ်နည်းနှင့်မြန်မာပြန်
ရေးသားသူ = မဏိဇောတ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?oyynrwfd4wm


စာအုပ်အမည် = ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းဒေသနာ လည်ပုံ ပြတ်ပုံ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?yymmzznnigm


စာအုပ်အမည် = ဉာဏ်လမ်းပေါ် လျှောက်
လူတစ်ယောက်အကြောင်း
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?iuwmzzytqun


စာအုပ်အမည် = မိလိန္ဒပဉှာ
ရေးသားသူ = မာဏဝ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?yyzmy22n0iz


စာအုပ်အမည် = မာဃဒေ၀ လမ်းညွှန်နီတိများ
ရေးသားသူ = မန်လည်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?nzehmmqnjij


စာအုပ်အမည် = လောကနီတိ
ရေးသားသူ = တက်တိုး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mzkgydmjwnm


စာအုပ်အမည် = ခေတ်အမြင်နှင့်သိမှတ်စရာ ဗုဒ္ဓဘာသာအကျဉ်း
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?vntfjmmtwm0


စာအုပ်အမည် = ဗုဒ္ဓဘာသာကောင်း တစ်ယောက်
ရေးသားသူ = သာသနာရေးဝန်ကြီးဌာန
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mymnkm2wz5t


စာအုပ်အမည် = ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?z0tnyzgzzgt


စာအုပ်အမည် = ဗုဒ္ဓ၀င် ရုပ်စုံ
ရေးသားသူ = မင်းယုဝေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?kdmmzjidfnt


စာအုပ်အမည် = ရုပ်စုံ ဗုဒ္ဓသာသနာဝင်
ရေးသားသူ = ၀ိုင်အမ်ဘီအေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mozztnhjjym


စာအုပ်အမည် = ဗုဒ္ဓဘာသာ လက်စွဲကျမ်း
ရေးသားသူ = သာသနာရေးဝန်ကြီးဌာန
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?zdmfnoqfjqm


စာအုပ်အမည် = ဘာသာကြီးလေးခု အနှစ်သာရများ
ရေးသားသူ = ညိုသောင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?etwzgie0zlz


စာအုပ်အမည် = နိပါတ်တော်လာ ဇာတ်တော် ငါးရာ့ငါးဆယ်အနှစ်ချုပ်
ရေးသားသူ = ဦးအောင်ညွန့်ဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?ywnalzdnutz


စာအုပ်အမည် = သုံးဆယ့်ရှစ်ဖြာ မင်္ဂလာပုံပြင်မျာ
ရေးသားသူ = မင်းယုဝေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?5zxedan9y31


စာအုပ်အမည် = အနာဂတ၀င်ကျမ်း
ရေးသားသူ = ဒီပဲယင်းဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mn4nzwwxmty


စာအုပ်အမည် = ခရစ်ယာန်ရွှေချိန်ခွင်အဆိုကို လယ်တီဆရာတော်ကြီးရှင်းလင်းချက်
ရေးသားသူ = လယ်တီဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mm2zqwtynmy


စာအုပ်အမည် = အံ့ဖွယ်ထူးခြားဆရာတော်ကြီးများဧ။် ထေရုပ္ပတ္တိကျင့်စဉ်နှင့်သြ၀ါဒ- ၂
ရေးသားသူ = ကျော်ဇောဟိန်း(နံ့သာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?dzzwnwjju1m


စာအုပ်အမည် = အံ့ဖွယ်ထူးခြားဆရာတော်ကြီးများဧ။် ထေရုပ္ပတ္တိကျင့်စဉ်နှင့်သြ၀ါဒ- ၁
ရေးသားသူ = ကျော်ဇောဟိန်း(နံ့သာ)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?zmdonxmmzjx


စာအုပ်အမည် = ကောသလမင်းအိမ်မက် ဆယ့်ခြောက်ချက်
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?zkm0njz3noq


စာအုပ်အမည် = ဇောခုနစ်ကြိမ် အကျိုးပေးပုံ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?wbnqzkzqtiy


စာအုပ်အမည် = ဇာတ်တော်ကြီး ဆယ်ဘွဲ့
ရေးသားသူ = ပန်းချီးဦးဘကြည်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?tmudxzlomyn


စာအုပ်အမည် = ၀ိသာခါနှင့်ဓမ္မဒိန္နာ
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?owz3mtjmwfy


စာအုပ်အမည် = သောတာပန်ဖြစ်ဖို့ နှစ်ချက်
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?hzywggmmqwy


စာအုပ်အမည် = သုညတရား
ရေးသားသူ = မိုးကုတ်ဆရာတော်ဘုရားကြီး
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?ytnwzm4tqjm


စာအုပ်အမည် = သိပ္ပံနယ်လွန် ဗုဒ္ဓဘာသာ
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?n1zv4ymqjwm


စာအုပ်အမည် = ရှေးဘ၀၊နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ
ရေးသားသူ = ဒေါက်တာမင်းတင်မွန်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?5zymnumitzd


စာအုပ်အမည် = ဖြစ်တည်ခြင်းပဓာန၀ါဒနှင့် လူသားပဓာန၀ါဒ
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?t02cjw0mbsf


စာအုပ်အမည် = ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ
ရေးသားသူ = ဦးဆန်းလွင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mpby3yjzdek


စာအုပ်အမည် = ရဟန္တာနှင့်ပုဂ္ဂိုလ်ထူးများ
ရေးသားသူ = ဓမ္မာစရိယဦးဌေးလှိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?wgvnmjjxtty


စာအုပ်အမည် = တစ်ခဏဖြစ်ရ လူ့ဘ၀အနှစ် ပြည့်အောင်ကြိုးစားကြ
ရေးသားသူ = သန့်တည်ပွား
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?mdbwjwlxhuv


စာအုပ်အမည် = ဗုဒ္ဓဘာသာနိုင်ငံတော်ဘာသာ ဖြစ်မြောက်ရေး
ရေးသားသူ = သန့်စင်(ယခင်တော်ဖုရားကလေး)
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?owwozxfxyvs


စာအုပ်အမည် = သံဂါယနာသမိုင်းစုံ
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?5z12c0lzuge


စာအုပ်အမည် = ထေရ၀ါဒအုတ်မြစ်
ရေးသားသူ = ဦးရွှေအောင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?gjw3zzxsmyy


စာအုပ်အမည် = ဘာသာရေးပြဿနာများ
ရေးသားသူ = ရဝေထွန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?omlmzdzzzex


စာအုပ်အမည် = မြန်မာဗုဒ္ဓဘာသာ ဥပဒေ
ရေးသားသူ = မောင်ထွန်းမြိုင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?wlxismbtz3y



စာအုပ်အမည် = ထက်ထက်မြက်မြက် သာသနာပြုကြရအောင်
ရေးသားသူ = သန့်တည်ပွား
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?nlmnpdk9zmz



စာအုပ်အမည် = မှန်တိုရှင်းဘုရားဝတ်ပြုခြင်း
ရေးသားသူ = သန့်တည်ပွား
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?odgzdn2dxmg


စာအုပ်အမည် = ပဌာန်းတရားတော်
ရေးသားသူ = *****
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?uvemyzmdzz4


စာအုပ်အမည် = မိုးကုတ်ယောဂီလက်စွဲအမှတ်- ၂
ရေးသားသူ = ဦးမြင့်ဆွေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?um3zjnvlndm


စာအုပ်အမည် = မိုးကုတ်ယောဂီလက်စွဲအမှတ်- ၁
ရေးသားသူ = ဦးမြင့်ဆွေ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?1cptzmdyzl3


စာအုပ်အမည် = မိုးကုတ်ဆရာတော်ဘုရားကြီးဧ။် ထေရုပ္ပတ္တိနှင့်ကျင့်စဉ်
ရေးသားသူ = ဦးကျော်သိန်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?dktnuzh9jj0


စာအုပ်အမည် = မြတ်လယ်တီ
ရေးသားသူ = ချစ်စံဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?jwyixzzfmz1


စာအုပ်အမည် = လယ်တီအင်းနံဘေးမှခြင်္သေ့မင်းဟိန်းသံ
ရေးသားသူ = ချစ်စံဝင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?b54i7q3rahtw045


စာအုပ်အမည် = ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
ရေးသားသူ = တိသရဏ၀ိဟာရကျောင်း
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?ojgtfi9jmjm

စာအုပ်အမည် = ဓမ္မပဒ
ရေးသားသူ = ဦးရွှေအောင်
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?ow4rhz1gt0x


စာအုပ်အမည် = ဆရာတော်ကြီးများဧ။်ဆုံးမစာနှင့်ကဗျာများ
ရေးသားသူ = ဓမ္မရသ
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?9gmmtkmydzw


စာအုပ်အမည် = ဒါနပြုနည်း
ရေးသားသူ = သန့်တည်ပွား
ဖိုင်အမျိုးအစား = PDF
ဒေါင်းလုပ် = http://www.mediafire.com/?n4jxzmf9bbj

Mail က ရောက်လာတာလေး ပြန်ရှယ်ထားပေးတာပါ။

ပေးပို့သူ အား ကျေးဇူး အထူးတင်ရှိပါတယ်ဗျား။


အပြည့်အစုံ ဖတ်ရန် ...