Showing posts with label နာရေးသတင်း. Show all posts
Showing posts with label နာရေးသတင်း. Show all posts

Wednesday, June 20, 2012

ရာစုနှစ်ရဲ့ သြဇာကြီးမားတဲ့ သတင်းစာဆရာတဦး၏ ဈာပန အခမ်းအနား(ရုပ်/သံ)



ဝါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၂း၀၀ နာရီအချိန်က ရေဝေးသုဿန်မှာ ပို့ဆောင် မီးသင်္ဂြိုလ်ခဲ့ပါတယ်။ အဲ့ဒီ ဈာပန အခမ်းအနားကို ဝါရင့်သတင်းစာဆရာများ၊ နိုင်ငံရေးသမားဟောင်းကြီးများနဲ့ စာနယ်ဇင်းလောကမှ သတင်းစာဆရာများ၊ ကျောင်းသားဟောင်းများ၊ လူမှုရေးအဖွဲ့အစည်းများနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက် ဂါရဝပြုခဲ့ကြပါတယ်။

 ဆရာကြီး လူထု ဦးစိန်ဝင်းဟာ ကျန်းမာရေး အခြေအနေ အရ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက် တပ်ဆင်ထားရပြီး ညာဘက် ကိုယ်တခြမ်း လေဖြန်းနေတဲ့အတွက် ဘယ်လက်နဲ့ စာရေးကျင့်ပြီး စာပေတွေကို ရေးသားနေခဲ့သူ ဖြစ်ပါတယ်။ စာနယ်ဇင်းလောကမှာ သြဇာ အာဏာရှိတဲ့ သတင်းစာ ဆရာတဦးဖြစ်ပြီး သူ့ရဲ့ ဆောင်းပါးတွေအတွင်း လူငယ်တွေအတွက် စိတ်ဓာတ် တက်ကြွဖွယ်ရာ အတွေး အမြင်တွေနဲ့ နိုင်ငံရေး အသိအမြင်တွေကို အပတ်စဉ်ထုတ် ဂျာနယ်တွေမှာ စဉ်ဆက်မပြတ် ဖော်ပြ ရေးသားခဲ့သူလဲ ဖြစ်ပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီ ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ ည ၁၁း၃၀ နာရီအချိန် ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံမှာ နာတာရှည် အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။




source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

Saturday, June 18, 2011

နော်ကူးမ၏ နောက်ဆုံးခရီး



source by : http://www.youtube.com/user/mizzimanewsTV

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 14, 2010

ကိုယ့်သမိုင်း ... ကိုယ်ရေး။ (အမေစု လာရောက်နှစ်သိမ့်ခဲ့သည့် ဘဘဦးလွင် ရဲ့ ဇနီး ဈာပနအခမ်းအနား) ဓာတ်ပုံ မြင်ကွင်း









ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်သမိုင်း … ကိုယ်ရေး

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စများကို အခမဲ့ ထမ်းဆောင်ပေးလျှက်ရှိရာ ၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘ ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေး အသက် (၈၈) နှစ်သည် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားပါ၍ ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးမော်တော်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ မော်တော်ယာဉ်နှင့် နိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ သယ်ဆောင်၍ မီးသဂြိုလ်ပေးခဲ့ပါသည်။

ယင်း ဈာပနအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘ ဦးတင်ဦး တို့သည်လည်း ဘဘ ဦးလွင်အား လာရောက် ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။

လမ်းတစ်လျှောက် အားပေးနှစ်သိမ့်ကြသော ပရိတ်သတ်ကြီးနှင့် ရေဝေးသုဿန်တွင် စောင့်ဆိုင်းနေသော လူထုပရိတ်သတ်ကြီး၏ အင်အားသည် ယခင့် ယခင် နာရေးပို့ဆောင်မှု လမ်းကြောင်းများနှင့်မတူ အလွန်စည်ကားလှသည်။

မည်သို့ပင်ဖြစ်စေ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကိုယ့်လမ်း … ကိုယ်သွား ၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေ ၊ ကိုယ့်သီလ … ကိုယ်လုံစွာဖြင့် ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ပြီ ဖြစ်တော့သည်။


ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူးတင်ရှိပါသည်။

source by : http://myatlayngon.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Monday, May 17, 2010

နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင် ကမ္ဘာမြေပြင်မှ ထွက်ခွာသွား ရှာလေပြီ

နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။

၎င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ် မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။

၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။









ပေးပို့သူ မမြတ်လေးငုံ အား ကျေးဇူး အထူးတင်ရှိပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Saturday, March 21, 2009

ကိုဇာဂနာ ၏ မိခင် စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်

စာရေးဆရာမကြီး (ဒေါ်) ကြည်ဦး (၁၉၂၅ - ၂၀၀၉) ကွယ်လွန်

မိုးမခ
မတ် ၂၀၊၂၀၀၉

ယနေ့ ရန်ကုန်အချိန် ည ၈ နာရီ ခွဲ ခန့် ရန်ကင်းနေအိမ်တွင် ကွယ်လွန်သည်ဟု သိရသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ နှင့် ယခု နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင် ချခံထားရသူ အနုပညာရှင် ဇာဂနာ အပါအ၀င် သားသမီး မြေးများ ကျန်ရစ်သည်။ စနေနေ့ နေ့ ၁၂ နာရီတွင် ရန်ကင်းနေအိမ်မှ ရေဝေးသုဿန်သို့ ပို့ဆောင်သင်းဂြိုလ်မည်ဟု သိရသည်။

မကွယ်လွန်မီက ၂၀၀၇ သံဃာအရေးတော်ပုံ နှင့် ၂၀၀၈ နာဂစ်မုန်တိုင်းကယ် ဆယ်ရေးတို့တွင် အသက်အရွယ် ကြီးရင့်ပြီး နာမကျန်းသည့်ကြားက လူငယ်များနှင့်အတူ ၀ိုင်းဝန်းအားပေး ဆောင်ရွက်ခဲ့သည်။ နှုတ်ပိတ်ခံပြည်သူများ၊ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ စာနယ်ဇင်းသမားများကိုယ်စား စစ်အစိုးရကို ရဲဝံ့စွာ ဝေဖန်ပြောဆိုခဲ့သည်။ ၃ လ နီးပါး အစားမစားနိုင်ဘဲ မြန်မာပြည်အရေးကိစ္စများကို တသီးပုဂ္ဂလဆောင်ရွက်ခဲ့ပြီး လူကြီးရောဂါနှင့် အိပ်ယာထဲလဲမှ ရပ်နားသည်။ ထိုနောက် ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့သည်။

ဆရာမကြီး (ဒေါ်) ကြည်ဦး ကွယ်လွန်သည့်အတွက် မိုးမခ စာနယ်ဇင်းအဖွဲ့က ၀မ်းနည်းကြောင်း မှတ်တမ်းပြုလိုက်ပါသည်။

Photo Captions - ၁၉၉၀ ရွေးကောက်ပွဲကာလက ဒေါ်ကြည်ဦး
၁၉၈၀ ခုနှစ်များက ဆရာမ ကြည်ဦး၊ ဆရာ နန်းညွန့်ဆွေ၊ သား ဇာဂနာ နှင့် အခြားလူရွှင်တော် ၂ ဦးနှင့်အတူ တွေ့ရစဉ် {မိုးနတ်သူဇာအဖွဲ့က ပိန်ပိန်နှင့် စုတ်ချွန်း (ဟုထင်) }

အမည်အရင်း ဒေါ်လှကြည်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိ ဖြစ်သည်။ အဖ ဗိန္ဒောဆရာကြီး ဦးသက်နှံနှင့် အမိ ဒေါ်ငွေယုန်တို့မှ ၁၂၈၇ ခုနှစ်၊ ဝါဆို လဆန်း ၅ရက်၊ (၂၃ - ၆ - ၁၉၂၅) တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက် ဖြစ်သည်။ အစ်ကိုနှစ်ယောက်၊ အစ်မနှစ်ယောက်နှင့် ညီမတယောက် ရှိသည်။

တောင်စွန်း ဆရာကြီး ဦးထွန်းလှ၏ မူလတန်းကျောင်းတွင် ငယ်စဉ်က ပညာ သင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းလာသည်။ ပြည်ဆရာကြီး ဦးလေ၊ ဆရာကြီး မွန်းဓာတု ပညာရိပ်သာတို့မှာ ပညာ ဆက်လက် သင်ယူ၍ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည်။

ဗလစ လူငယ် အစည်းအရုံးမှ ဖွင့်လှစ် သင်ကြားပေးသည့် သိုင်းသင်တန်းသို့ တက်ရောက်ရင်း သိုင်းပညာ ပြန့်ပွားရေး အတွက် ဝတ္ထုဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်ရာတွင် သက်လုံ ဝတ္ထုဖြင့် ရွေးချယ်ခံရသည်။ ဤဝတ္ထုကို ဆရာ ဦးချစ်သန်းက တိုင်းရင်းမေ ဂျာနယ်သို့ ပို့ပေးရာမှ စာပေနယ်သို့ စတင် ရောက်ရှိသည်။

၁၉၅၂ ခုနှစ်၊ မြဝတီ မဂ္ဂဇင်း ထုတ်ဝေသော အခါ မဂ္ဂဇင်းနှင့် ပတ်သက်၍ အကြံပြု ဝေဖန်စာ ပြိုင်ပွဲ ပြုလုပ်ရာ၌ ဝေဖန်စာ ပေးပို့လျှင် ဆုရသဖြင့် အယ်ဒီတာချုပ် ဗိုလ်မှူး ဘသောင်း (မောင်သုတ) က သူရေးသားသည့် 'တစ်ကျွန်းသို့' စာအုပ်နှင့် ငွေ နှစ်ဆယ့်ငါးကျပ်၊ ပတ်ကားငါးဆယ့်တစ် ဖောင်တိန် တချောင်း ချီးမြှင့်သည်။

၁၉၅၃ ခုနှစ်တွင် လူထု ပညာရေး ကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာသည်။ ယဉ်ကျေးမှု၊ နော်ရထာ၊ သမဝါယမ၊ စာပေဗိမာန်၊ အထောက်တော်၊ မြတ်ရတနာ စသည့် မဂ္ဂဇင်းများ၌ ဝတ္ထု ဆောင်းပါးများ ရေးသားခဲ့သည်။ တေးပဒေသာ မဂ္ဂဇင်းတွင် ပင်တိုင်အဖြစ် လစဉ်ဝတ္ထု တပုဒ် ရေးရသည်။ ငွေတာရီ၊ မြဝတီ၊ ရှုမဝ၊ မိုးဝေတို့တွင် ဆောင်းပါးများစွာ ရေးခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းသည့် 'မြန်မာနိုင်ငံ စာပေ ပြန့်ပွားရေး အသင်း' တွင် စတင် တည်ထောင်သူ အဖြစ် ပါဝင်ခဲ့သည်။ ယုဝတီဂျာနယ်တွင် ဆရာမကြီး ဒဂုန်ခင်ခင်လေး လက်ထက်မှ စ၍ ဆရာမကြီး ကွယ်လွန်ပြီးသည် အထိ အယ်ဒီတာ အဖြစ် ၆ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။

ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များမှာ မြန်မာ့ရိုးရာ စကားထာ၊ ကလေးကြေးမုံ ငှက်မျိုးစုံ၊ ကလေးကြေးမုံ ပင်မျိုးစုံ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ ကိုကိုတို့ အရွယ်၊ မေ့ကွက်ကိုရှာ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဒ္ဓဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့် စာအုပ်များ ဖြစ်သည်။

ရန်ကင်း၊ ၃ - ရက်ကွက်၊ တိုက် ၂၁၆/ အခန်း ၆ တွင် နေထိုင်သည်။

ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ၊ သား မောင်ဝဏ္ဏ (ကွယ်လွန်)၊ မောင်တေဇနှင့် မောင်သူရ (ဇာဂနာ) တို့ ရှိသည်။


မှတ်ချက် ။ ။ http://zarganar-windoor.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 25, 2008

ကျောင်းသားတပ်မတော် ရဲဘော်ဟောင်း ဦးမှတ်ကြီး (ခ) ဦးလှသွင် ကွယ်လွန်လေပြီ


ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၆တွင် တာဝန် ထမ်းဆောင်ခဲ့သော ဦးမှတ်ကြီး (ခ) ဦးလှသွင်မှာ အဆုတ်ကင်ဆာ ရောဂါဖြင့် ယမန်နေ့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက် ညနေ ၄နာရီ ၅၈မိနစ်တွင် အမေရိကန်နိုင်ငံ၊ အော်ရီဂွန် ပြည်နယ်၊ ပို့တ်လန်းမြို့တွင် ကွယ်လွန်သွားပြီ ဖြစ်သည်။


သားဖြစ်သူ ဇော်မင်းထွေးမှာ ယခုနှစ် မတ်ခ်ျလတွင် မြန်မာ့အရေးအတွက် အော်ရီဂန်ပြည်နယ်မှ နယူးယောက်အထိ မိုင်၃၀၀၀ ခရီးရှည်လျှောက်ခဲ့သူ ဖြစ်သည်။


ကျန်ရစ်သူ မိသားစုအား ရပ်နီးရပ်ဝေးမှ မိတ်ဆွေများ ဆက်သွယ်နိုင်ရန်
ဆက်သွယ်ရန် ။ ။ (၅၀၃) ၂၃၉ - ၄၂၂၂


မှတ်ချက် ။ ။ http://chittemanawmyae.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...