Saturday, January 8, 2011

“နိုးကြားတက်ကြွလာသော လူငယ်ထု၏ အင်အားနှင့် မြန်မာ့နိုင်ငံရေး”



ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်တွေ တွေ့ဆုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရော၊ အဖွဲ့ချုပ်ပါတီဝင် မဟုတ်သူတွေရော စိတ်ဝင်တစား တက်ရောက် လာကြသလို အင်ဂျီအိုတွေက လူငယ်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလို တွေ့ဆုံဆွေးနွေးမှုဟာ အလွန်ကောင်းပါတယ်။ တက်ရောက်လာတဲ့ လူငယ်တွေဟာ တိုင်းပြည်ရဲ့ ဒီကနေ့ နိုင်ငံ ရေး လူမှုရေး စီးပွားရေးအကြောင်းတွေကို အရင်ကထက် ပိုပြီးစိတ်ဝင်တစား ရှိလာကြတယ်လို့ ယူဆရပါတယ်။ နိုင်ငံရေးဆိုတာ ပြည်သူလူထုတိုင်းနဲ့ ပတ်သက်နေသလို ပြည်သူလူထုအားလုံး ပါဝင်ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့စကားကို နားလည် လက်ခံလာကြပုံလည်း ရပါတယ်။ ဒါဟာလည်း ကိစ္စကောင်းဖြစ်သလို ကြေနပ်အားရစရာ ဖြစ်ပါတယ်။

လူငယ်တွေသိချင်လို့ မေးလာတဲ့မေးခွန်းတွေကို ကြည့်လိုက်တဲ့အခါမှာလည်း တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေး၊ နိုင်ငံတော်ကို ဦးဆောင်မှုပေးမယ့် လူထုခေါင်းဆောင်ရဲ့အခန်းကဏ္ဍ၊ ပြည်သူလူထုရဲ့အခန်းကဏ္ဍ စတာတွေအပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတာ တွေ့ရပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့တောင် မေးသွားပါသေးတယ်။ မေးခွန်းတွေကို ဖြေဆိုသွားတဲ့ လူထုခေါင်းဆောင်ရဲ့အဖြေဟာလည်း မှန်ကန် ကောင်းမွန်သလို ပါးနပ်လိမ်မာ ပါတယ်။ တချို့နေရာတွေမှာတော့ ဒီထက်ပိုပြီး ပြတ်သားရဲရင့်တဲ့ စကားလုံးမျိုးတွေနဲ့ သုံးစွဲသွားမယ်ဆိုရင် လူငယ်တွေ အတွက် ပိုပြီး အားတက်ကြိုးစားချင်စိတ် ရှိလာနိုင်ပါတယ်။

ကျနော်တို့ သတိထားကြရမှာကတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားပြီး ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်နိုင်ဖို့မှာ အကြမ်းမဖက်ငြိမ်းချမ်းတဲ့ နည်းလမ်းတခုတည်းကို ကိုင်စွဲထားလို့ ရနိုင်ပါ့မလား။ တွေ့ဆုံဆွေးနွေးရေးကို လုံးဝ လုပ်စရာအကြောင်းမရှိပါဘူးလို့ ပြောထားပြီး တွေ့ဆုံဆွေးနွေးဖို့ လုံးဝ လေသံမဟ စိတ်မ၀င်စားပဲ သူတို့ရဲ့ အရေခွံလဲ စစ်အာဏာရှင်စနစ်အတွက် တင်ပေးမယ့် အရပ်ဝတ် စစ်အစိုးရဖွဲ့စည်းရေးနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ် သိမ်းယူရေးအတွက်ကိုပဲ ကြိုးစားအားထုတ်နေတဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးရေးပဲ ဆက်တောင်းဆိုနေလို့ ရပါ့မလား။

ကျနော်ကတော့ အဲဒီလို မယုံကြည်ပါဘူး။ သူတို့ မိုက်မည်းဆိုးသွမ်းမှုတွေ၊ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို နောင်တတရားရပြီး ပြည်သူလူထု လက်ထဲ အလွယ်တကူ အာဏာပြန်အပ်မယ်လို့ ယုံကြည်တယ်ဆိုရင်လည်း မိုက်မည်းရာ ကျမယ်ထင်ပါတယ်။

အဲဒီလို စစ်အာဏာရှင် အစိုးရမျိုးရော ဖြစ်နိုင်ပါသလား။ အတိတ်တုံးက ဘာတွေလုပ်ခဲ့ ဘာတွေကျူးလွန်ခဲ့ပြီး ခုချိန်မှာ ဘာတွေလုပ်နေ ကျူးလွန်နေ ပြင်ဆင်နေပါသလဲ။ အလွန်မြင်သာ ထင်ရှားပြသထားပြီး ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားနိုင်သူတွေဟာ ပြည်သူလူထုကြီးသာ ဖြစ်ပါတယ်။ ပြည်သူ လူထုကြီးရဲ့ ကြီးမားတဲ့ အင်အားပါ။

ဒါပေမယ့် ကျနော်တို့ တိုင်းပြည်က အမျိုးသားစစ်အာဏာရှင်တွေလို ရက်စက်သလောက် ကောက်ကျစ်စဉ်းလဲ ရိုင်းမိုက်တဲ့ စစ်အစိုးရမျိုးကို တွန်းလှန်ဖယ်ရှားနိုင်ဖို့ အကြမ်းဖက် လက်နက်ကိုင်တော်လှန်ရေး လည်း လိုအပ်ပါတယ်။

ပြောလိုရင်းကတော့ အကြမ်းမဖက် ဆန့်ကျင်တော်လှန်ရေး၊ တပိုင်းအကြမ်းဖက် တော်လှန်ရေး၊ အကြမ်းဖက်တော်လှန်ရေး အာလုံးကို လိုအပ်တယ် ဆိုတာပါပဲ။ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေး နည်းနာ အားလုံးကို အသုံးချနိုင်မှပဲ စစ်အာဏာရှင် အစိုးရကို အောင်ပွဲရသည်အထိ တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ ယုံကြည်ရာ တိုက်ပွဲပုံသဏ္ဍန်ကို ဖော်ဆောင်ရာမှာ၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှု လိုအပ်သလို၊ တခြားဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာလည်း ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှု လိုအပ်ပါလိမ့်မယ်။ ကိုယ်ယုံကြည်ရာ၊ အားသန်ရာ တိုက်ပွဲပုံသဏ္ဍန်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

တခုတည်းသော ဦးတည်ချက်ကတော့ စစ်အာဏာရှင်စနစ် ဖယ်ရှား ရှင်းလင်းပစ်ရေးသာ ဖြစ်ပါတယ်။

ပြည်သူလူထုကြီးတရပ်လုံး စည်းလုံးညီညွတ်မှု ရှိရှိနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနောက်ကို ရဲရဲရင့်ရင့် လိုက်ပါကြဖို့ဖြစ်သလို စစ်အာဏာရှင်စနစ် ဆန့်ကျင်တွန်းလှန်ရေးအတွက် တခြားဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ဖော်ဆောင်လာတဲ့ တိုက်ပွဲတွေမှာလည်း ပါဝင်ထောက်ခံအားပေးကြဖို့၊ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။

ရန်သူရဲ့ရန်သူဟာ မိတ်ဆွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန့်ကျင် တွန်းလှန်သူတိုင်းဟာ မိတ်ဆွေ မိတ်ဖက်တွေသာ ဖြစ်ကြပါတယ်။ မတူကွဲပြားမှုတွေ ရှိကောင်းရှိနေမှာဖြစ်ပေမယ့် ဒါတွေဟာ ရန်ဘက်သဘော မဟုတ်ပဲ မိတ်ဘက်သဘော သာဖြစ်ပါတယ်။ ပဋိပက္ခ ရှိလာရင်တောင် မိတ်ဘက်ပဋိပက္ခသာဖြစ်ပြီး မိတ်ဘက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့သာ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဒါဟာ အလွန်အရေးကြီးပါတယ်။

သတင်းဌာနတခုရဲ့မေးမြန်းချက်တခုကို ဖြေကြားရင်း ဒေါ်အောင်ဆန်းစုကြည်က တတိယလမ်း တတိယအုပ်စုအပေါ် အမြင်ကိုပြောပြသွားရာမှာ သူ့အနေနဲ့ တတိယဖြစ်ဖြစ် စတုတ္ထဖြစ်ဖြစ် ပဉ္စမဖြစ်ဖြစ် အင်အားစုအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားသွားပါတယ်။ အဓိကကတော့ ဘုံအကျိုးစီးပွားအတွက် ဘုံလုပ်ငန်းစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်သွားကြဖို့သာ ဖြစ်ပါတယ်။

စစ်အာဏာရှင်အစိုးရကိုတော့ ပြည်သူလူထုရဲ့ရန်သူ တိုင်းပြည်ရဲ့ရန်သူလို့ ပြတ်ပြတ်သားသား မြင်နိုင်ကြဖို့ အရေးကြီးပါတယ်။ စစ်အစိုးရကတော့ သူတို့ရဲ့အာဏာကို ထိပါးလာတာနဲ့တပြိုင်နက် ပြည်သူလူထုကို ရန်သူလို သဘောထားပြီး ရက်ရက်စက်စက် သတ်ဖြတ် ခြေမှုန်းတတ်တယ် ဆိုတာကို အားလုံး တွေ့မြင် သဘောပေါက်ကြပြီး ဖြစ်ပါလိမ့်မယ်။

ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဘက်ကသာ စစ်အာဏာရှင်တွေဆီက အကျိုးစီးပွား အခွင့်အရေး တခုရဖို့အတွက် သစ္စာဖောက၊် ခွဲမထွက်ကြဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုကြီးအတွင်းကလည်း ကိုယ်ကျိုး စီးပွားတခုအတွက် အခွင့်အရေး မက်လုံးတခုအတွက် အချင်းချင်း ပြန်သစ္စာမဖောက်မိကြဖို့ အရေးကြီးပါတယ်။

အဲဒီလို ပြည်သူကိုသစ္စာဖောက်ပြီး စစ်အစိုးရရဲ့ အလိုတော်ရိ လက်ကိုင်တုတ် ဖြစ်သွားခဲ့ကြသူတွေကို ကုန်ဈေးနှုံးကျဆင်းရေး လှုပ်ရှားမှုတွေနဲ့ ရွှေဝါရောင်အုံကြွမှု ကာလအတွင်းမှာ အများကြီး တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။

အဲဒီလိုသစ္စာဖောက်မျိုးတွေရဲ့ အန္တရာယ်ကိုလည်း လျှော့မတွက်မိကြဖို့၊ သတိကြီးကြီး ရှိကြဖို့၊ ကာကွယ် တားဆီးကြဖို့၊ ဖယ်ရှားရှင်းလင်းပစ်ဖို့လိုရင် ဖယ်ရှားရှင်းလင်းပစ်ဖို့ ခုချိန်ကတည်းက သတိထား ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ရက်စက်ကြမ်းတမ်းတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ မိတ်ဘက်အချင်းချင်း နားလည်ခွင့်လွှတ်မှု စတာတွေ အရေးတကြီး လိုအပ်သလို၊ ရန်သူရဲ့ သဘောသဘာဝ၊ ကောက်ကျစ်စဉ်းလဲမှုတွေကို သတိချပ်ဖို့၊ စစ်အာဏာရှင်တွေရဲ့ သူလျှိုဒလန်တွေ ဒေါက်တိုင်တွေ၊ ရန်သူအားပေးတွေရဲ့ အန္တရာယ်တွေကိုလည်း သတိကြီးကြီးထားဖို့ လိုပါလိမ့်မယ်။

ကျနော်တို့အားလုံး တညီတညွတ်တည်း ဆန့်ကျင်တိုက်ဖျက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ မုချကျဆုံး ရှုံးနိမ့်ရမှာ အသေအချာပဲ ဖြစ်ပါတယ်။ ။


စိုးနေလင်း

source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Friday, January 7, 2011

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ချမှတ်

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေးအတွက် အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်မှာဖြစ်ပြီး ပထမအဆင့်ကို လာမယ့် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ စတင်အကောင်အထည်ဖော်ဖို့ ဒီကနေ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန် အစည်းအဝေးအတွင်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကလေးမြို့မှာ NLD အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒုတိယအကြိမ်မြောက် ပင်လုံညီလာခံခေါ်ယူပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး သဘောတူညီချက် ရဖို့အတွက် လုပ်ဆောင်တဲ့နေရာမှာ အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်သွားဖို့ ဒီကနေ့ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ NLD ရုံးချုပ်မှာပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန် အစည်းဝေးအတွင်း ဆုံးဖြတ်ခဲ့ကြတယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင် က ပြောပြပါတယ်။

“ပထမတဆင့်မှာ ကျနော်တို့ ၁၉၄၇ ခုနှစ်က ကျင်းပခဲ့တဲ့ ပင်လုံနဲ့ ပင်လုံစာချုပ် အကြောင်းကို ဟောပြောပွဲလုပ်မယ်။ ဒုတိယတဆင့်ကတော့ ပင်လုံစိတ်ဓါတ်၊ ပြည်ထောင်စုစိတ်ဓါတ်ကို ဘယ်လို ဖော်ဆောင်မလဲ။ နောက်တဆင့်ကတော့ အားလုံး အဖွဲ့အစည်းပေါင်းစုံနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ပင်လုံသဘောတူညီချက်တခုကို ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။”

ဒီအဆင့် ၃ ဆင့်စလုံးကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အဲန်ကယ်လ်တို့အနေနဲ့ အချိန်အားဖြင့် ဘယ်လောက်ကြာမယ်ဆိုတာမျိုး သတ်မှတ်ထားတာ ရှိပါသလားခင်ဗျ။ -

“အချိန်အားဖြင့်တော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အမြန်ဆုံး ဆောင်ရွက်ဖို့အတွက် ကြိုးစားသွားဖို့ ရှိပါတယ်။ ဒါပေမဲ့ အချိန်ကိုတော့ ဘယ်လောက်အတွင်းမှာ ဆိုတာကိုတော့ ကျနော်တို့ မဆုံးဖြတ်ရသေးပါဘူး။”

အချိန်အတိအကျ ပြောဖို့တော့ ခက်တာပေါ့လေ။ ဒါပေမဲ့ အဲန်ကယ်လ်တို့ စိတ်ထဲမှာ ၃ လကြာမယ်၊ ၅ လကြာမယ်။ ဒါမှမဟုတ်လည်း ၁ နှစ်ကြာမယ်၊ အဲဒီလိုမျိုး စိတ်ထဲမှာ မှန်းထားတာများ ရှိပါသလားခင်ဗျာ။ -

“ဒီလိုတော့ မှန်းထားတာ မရှိပါဘူး။ ဒါပေမဲ့ အမြန်ဆုံး အကောင်အထည် ဖော်နိုင်အောင်တော့ ကျနော်တို့ ကြိုးပမ်းသွားမှာပါ။ ပထမအဆင့်ကိုတော့ ကျနော်တို့ ပြည်ထောင်စုနေ့ မတိုင်ခင်ပဲ လုပ်မှာပါ။ အဲဒါကတော့ ၂၈ ရက်နေ့မှာ ကျနော်တို့ ဟောပြောပွဲတခု လုပ်မှာပါ။ အဓိကကတော့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဦးဆောင်ပြီးတော့ ဟောပြောမယ်။ ဒါပေမဲ့ ဟောပြောယုံသက်သက် မဟုတ်ဘဲနဲ့ ဆွေးနွေးတဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ လုပ်မှာပါ။”

လုပ်ရင်လည်း NLD ရုံးမှာပဲ လုပ်ဖြစ်မယ်ထင်ပါတယ်။ ဟုတ်ပါသလား။ -

“ဟုတ်ပါတယ်။ NLD ရုံးမှာ လုပ်ဖြစ်မှာပါ။”

အဲန်ကယ်လ်တို့အနေနဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း ကျင်းပဖို့ ပြင်ဆင်နေတယ် ဆိုတော့ ပထမအဆင့် ပြီးတဲ့နောက်မှာ ပြည်ထောင်စုနေ့ကလည်း ကျနေတော့ ပြည်ထောင်စုနေ့ အခမ်းအနား လုပ်တဲ့အခါမှာလည်း ဒုတိယပင်လုံ ညီလာခံဖြစ်မြောက်ရေးကို အထောက်အကူပြုစေမယ့် ပုံစံမျိုး သက်ရောက်စေမယ့် အခမ်းအနားမျိုးသားခင်ဗျ။ ဘယ်လိုစီစဉ်ထားပါသလဲ။ -

“ဟုတ်ပါတယ်။ တဆင့်စီတဆင့်စီတိုင်းမှာ ကျနော်တို့က ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီးတော့ လုပ်တာပါ။ ပြည်ထောင်စုနေ့မှာလည်းပဲ ကြေညာချက်လည်း ထုတ်မယ်။ ပြီးတော့ ပြည်ထောင်စုစိတ်ဓါတ်ကို ဖော်ပြနိုင်တဲ့ စာတမ်းလေးတစောင် ထွက်ပေါ်နိုင်အောင် ကျနော်တို့ ကြိုးပမ်းမှာပါ။”

ပြည်ထောင်စုနေ့ထုတ်မယ့်စာတမ်းက CRPP အနေနဲ့ ထုတ်မှာလားခင်ဗျ။ -

“ဟုတ်ပါတယ်။ CRPP အနေနဲ့ထုတ်မှာပါ။”

တခုရှိတာက တဖက်မှာ စစ်အစိုးရသတင်းစာ အာဘော်တွေကလည်း အခုလို ဒုတိယပင်လုံ ညီလာခံခေါ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး တိုက်ခိုက်တာတွေ ဝေဖန်ရေးသားတာတွေ အခုနောက်ပိုင်း တော်တော်လေးလုပ်လာတာ တွေ့ရပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ရော အဲန်ကယ်လ်တို့အနေနဲ့ ဒီနေ့အစည်းအဝေးမှာ ပြောဆိုဆွေးနွေးကြတာ ရှိပါသလား။ -

“ဟုတ်ပါတယ်။ ဆွေးနွေးဖြစ်ပါတယ်။ ဒါတွေကတော့ ရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအပေါ်မှာ ထားတဲ့စိတ်ဓါတ်၊ ပြီးတော့ ကျနော်တို့ရဲ့ ရှေ့ကိုသွားမယ့် ရည်မှန်းချက်ကို တမျိုးတမည်ပေါ့ တိုက်ခိုက်ဖို့ ရည်ရွယ်တဲ့သဘောနဲ့ ရေးတဲ့ ဆောင်းပါးတွေလည်း နောက်ထပ်လည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒါက အဓိက မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ သွားမယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖော်ဆောင်မယ့် အရေးကြီးတဲ့အချက်ကို မေးကြတဲ့အခါမှာ သူတို့တွေလည်း နားလည်လာမှာပါ။”

ဒါပေမဲ့ အခုခေါ်မယ့် ဒုတိယပင်လုံညီလာခံဟာ စစ်အစိုးရကို လိုလားတဲ့သူတွေ ပြောနေကြတာက သူတို့သွားနေတဲ့ ပြည်ထောင်စု စည်းလုံးညီညွတ်ရေးကို ပြိုကွဲအောင် တမင်လုပ်တာလို့ ပြောကြတဲ့သူတွေ ရှိသလို ဒီမိုကရေစီအင်အားစုတွေ ကြားထဲမှာလဲ အခုလို ဒုတိယပင်လုံညီလာခံခေါ်တာဟာ ကောင်းတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အချိန်အခါ လွဲနေတယ်လို့ ပြောဆိုသံတွေကလည်း ရှိနေပါတယ်။ အဲဒီလို ပြောဆိုနေကြတဲ့အပေါ်မှာရော အဲန်ကယ်လ်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။ -

“ကျနော့်အမြင်ကတော့ တိုင်းရင်းသား သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်ဖို့ ကျနော်တို့ ကြိုးပမ်းတာပါ။ အဓိကက ကျနော်တို့ ပြည်ထောင်စုကြီး ခိုင်မာလာဖို့ တိုင်းရင်းသားများရဲ့ သွေးစည်းညီညွတ်ရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အားထုတ်တဲ့ ကြိုးပမ်းတဲ့ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။ အဲဒီတော့အမြင် အမျိုးမျိုးနဲ့ ကျနော်တို့ကို ဆန့်ကျင်ပြီးတော့ ပြောတာရေးတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်ပြီ။ အဓိက တိုင်းရင်းသား သွေးစည်းညီညွတ်ရေးက မဖော်ဆောင်နိုင်သေးဘူး။ ဆိုတော့ ဒါကို အဓိက ဖော်ဆောင်နိုင်ဖို့အတွက် ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။”

ဒုတိယပင်လုံညီလာခံ ခေါ်ယူနိုင်ရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၄ ရက်နေ့က ကလေးမြို့ ဇိုမီးကွန်ဂရက်ရဲ့ (၂၂) နှစ်မြောက် အခမ်းအနားမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ အပါအ၀င် ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စနဲ့ပတ်သက်လို့ ဒါဟာ စစ်အစိုးရ အာဏာပိုင်တွေကို ထိပ်တိုက်တွေ့တဲ့ လုပ်ရပ်ဆိုပြီး တရားဝင်နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့ကတော့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ တုံ့ပြန်ကြတာတွေ ရှိပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒုတိယပင်လုံညီလာခံကိစ္စဟာ အာဏာပိုင်တွေနဲ့ ထိပ်တိုက်တွေ့ဖို့မဟုတ်ဘဲ တကယ်လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

CRPP အဖွဲ့ဝင် ၁၈ ဦးရှိတဲ့အထဲက ဒီကနေ့ အစည်းဝေးကို အဖွဲ့ဝင် ၁၁ ယောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကျန်မတက်နိုင်သူတွေကတော့ ကျန်းမာရေး မကောင်းသူတွေ၊ ဖမ်းဆီးထိန်းသိမ်း ခံထားရသူတွေနဲ့ ကွယ်လွန်သွားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 6, 2011

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊အာဆီယံအဖွဲ့၊ အမေရိကန်အစိုးရ၊ တရုတ်အစိုးရ၊အိန္ဒိယအစိုးရနှင့်နိုင်ငံတကာ အစိုးရများသို့ အိပ်ဖွင့်ပေးစာ



source by : http://www.demowaiyan.co.cc

အပြည့်အစုံ ဖတ်ရန် ...

ချိတ်ထမီတွေနဲ့  ဘယ်သူတွေများလည်း

ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

















source by :http://www.niknayman-niknayman.co.cc

အပြည့်အစုံ ဖတ်ရန် ...

အမေ့ကျေးဇူး


၁.၁.၂၀၁၁ ရက်နေ့က အမေဒေါ်အောင်ဆန်းစုကြည် ရေးဆွဲပေးသွားသည့် ဆီဆေး ပန်းချီကားကို ယနေ့တိုင် ခံစား ကြည့်ရှုရင်းနှင့် ပေါ်ပေါက်လာသော ကျွန်တော်ရဲ့ နှလုံးသားထဲမှ စကားလုံးများ......

( ကျော်သူ )

အကိုကြီး ကိုကျော်သူ အား ကျေးဇူးတင်ပါသည်..။

copy @ http://www.demowaiyan.co.cc

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 4, 2011

နှစ်သစ်ဆုတောင်း

၂၀၁၁ မှာ ----
စစ်ပွဲကို ရှောင်ရှားရင်း
တဘက်သတ်
ချေမှုန်းစစ်တွေကို
လည်စင်းခံပေးလိုက်ကြတဲ့
အဖြစ်ဆိုးတွေကို
မြင်တွေ့ရခြင်း
ကင်းပါစေ။

၂၀၁၁ မှာ -----
ဆွေးနွေးပွဲကို
မျှော်မှန်းရင်း၊
ထောင်ချောက်ဆင် သတ်ကွင်းမှာ
နှုတ်ပိတ်ခံလိုက်ရတဲ့
သတင်းဆိုးတွေကို
ကြားသိရခြင်း
ကင်းပါစေ။

၂၀၁၁ မှာ----
ငြိမ်းချမ်းရေးကို
တောင်းဆိုရင်း
ရန်သူ့ဓားချက်မှာ
အသက်ပျောက်ကြရတဲ့
အဖြစ်ဆိုးတွေကို
တွေ့ကြုံရခြင်း
ကင်းပါစေ။

၂၀၁၁ မှာ----
သင့်မြတ်ရေးကို
မျှော်လင့်ရင်း
ဒူးထောက်အညံ့ခံ
လုံးပါးပါးကြတဲ့
အဖြစ်ဆိုးတွေကို
မြင်တွေ့ရခြင်း
ကင်းပါစေ။

၂၀၁၁ မှာ---
ညီညွတ်ရေးကို
ပြောကြရင်း
တွန်းထိုးကန်ကျောက်
ခွက်ပျောက်လုကြတဲ့
သတင်းဆိုးတွေကို
ကြားသိရခြင်း
ကင်းပါစေ။

၂၀၁၁ မှာ ----
တဘက်သတ် လည်စင်းခံ
စစ်ပွဲတွေအားလုံး၊
ထိပ်တိုက်ရင်ဆိုင် အောင်ပွဲခံ
စစ်ပွဲများ အဖြစ်သို့
အသွင်ပြောင်းသွားကြပါစေ။

၂၀၁၁ မှာ ---
အသေခံ ငြိမ်းချမ်းရေး
တောင်းဆိုသံများ
ကွယ်ပျောက်ပြီး၊
ဖိနှိပ်သူကို
တွန်းလှန်ဖယ်ရှားမှုကနေ
ပေါ်ထွက်လာတဲ့
ရေရှည်ခံ ငြိမ်းချမ်းရေးကို
တည်ဆောက်နိုင်ကြပါစေ။

၂၀၁၁ မှာ----
နှုတ်ပိတ်ခံ ဆွေးနွေးပွဲ
မျှော်လင့်ချက်များ
ပျောက်ပျယ်ပြီး၊
တန်းတူညီမျှ
ဆွေးနွေးနိုင်သော
ပါဝါချိန်ခွင်ကို
တည်ဆောက်နိုင်ကြပါစေ။

၂၀၁၁ မှာ ----
အညံ့ခံ သင့်မြတ်ရေး
တောင်းဆိုသံများ
ရပ်စဲပြီး၊
သင့်မြတ်ရေးကို
အမှန်တကယ်
ဆောင်ကျဉ်းပေးနိုင်မယ့်
တော်လှန်ရေး အခွင့်ကောင်းတွေကို
ဆုပ်ကိုင်နိုင်ကြပါစေ။

၂၀၁၁ မှာ ----
စိတ်ကူးယဉ် ညီညွတ်ရေး
တမ်းတမှုများ
ဘေးချိတ်ပြီး၊
အနိမ့်ဆုံး
ဘုံလုပ်ငန်းစဉ်ကို
ရှာဖွေနိုင်ကြပါစေ။


၂၀၁၁ မှာ----
တို့တိုင်းပြည်ကြီး
စစ်ကျွန်ဘ၀က
လွတ်မြောက်ပြီး၊
လွတ်လပ်၍
တန်းတူညီမျှသော၊
တိုးတက်ခေတ်မှီသည့်
နိုင်ငံတော်သစ်ကြီးကို
တည်ဆောက်နိုင်ကြပါစေ။


ခင်မမမျိုး (၃၊ ၁၊ ၂၀၁၁)

အပြည့်အစုံ ဖတ်ရန် ...

ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ

“ကျမတို့ရဲ့ နိုင်ငံ၊ ကျမတို့ရဲ့ ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ ၂ဝ၁၁ ခုနှစ် ယနေ့ကျင်းပတဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သံတမန်များ၊ ၂ဝ၁ဝ ရွေးကောက် ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ပါတီဝင်များ စုစုပေါင်း လူအင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့သည်။


source by : http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

၆၃ နှစ်မြောက် လွတ်လပ်ရေနေ့ အခမ်းအနား NLD ရုံးချုပ် (ရုပ်/သံ)



source by : http://www.naytthit.net ( http://www.youtube.com/user/yamounnar)

အပြည့်အစုံ ဖတ်ရန် ...

ဗမာပြည်နိုင်ငံရေးကို ထိရောက်စွာဖြေရှင်းပေးဖို့ မဲဆောက် UN ရုံးရှေ့မှာ လက်ပစ်ဗုံး ကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆို (ရုပ်/သံ)



source by : http://www.naytthit.net ( http://www.youtube.com/user/yamounnar)

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 2, 2011

ဖလူးစစ်မြေပြင်တွင် တိုက်ပွဲဝင်လျှက်ရှိနေသော DKBA နှင့် ABSDF ကျောင်းသားရဲဘော်များအား တွေ့မြင်ရစဉ်







ပေးပို့သော K0zawthuya အား ကျေးဇူးတင်ရှိပါသည်။

source by : http://www.dawnmanhon.com

အပြည့်အစုံ ဖတ်ရန် ...