Tuesday, January 4, 2011

ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ

“ကျမတို့ရဲ့ နိုင်ငံ၊ ကျမတို့ရဲ့ ပြည်သူတွေရဲ့ မလွတ်လပ်တဲ့ အနေအထားတွေကို ဖယ်ရှားဖို့ ဝိုင်းပြီးတော့ ကြိုးစားကြပါ’’ လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ဇန်နဝါရီလ ၄ ရက်နေ့ ၂ဝ၁၁ ခုနှစ် ယနေ့ကျင်းပတဲ့ ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ သံတမန်များ၊ ၂ဝ၁ဝ ရွေးကောက် ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်းများနှင့် ပါတီဝင်များ စုစုပေါင်း လူအင်အား ၁ဝဝဝ ကျော် တက်ရောက်ခဲ့သည်။


source by : http://www.naytthit.net