Saturday, June 16, 2012

ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ် ငြိမ်းချမ်းရေးဆု မိန့်ခွန်း(သတင်း)


ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံယူမည့် ခမ်းမအတွင်းသို့ ၀င်လာစဉ်။ဓာတ်ပုံ AP

၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို အခု အသံလွှင့်နေတဲ့ အချိန်မှာ ကျင်းပနေတာ အခု သတင်း မဖတ်ခင်ကလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ပြီးသွားပါတယ်။

နော်ဝေး ဆုရေးပေး ကော်မတီက ပြုလုပ်တဲ့ အခမ်းအနားမှာ သူပြောခဲ့တဲ့ မိန့်ခွန်းမှာ ဒီ ငြိမ်းချမ်းရေးဆုကို သူ ဘယ်လို ရတယ်ဆိုတာကို ရေဒီယိုကနေ ကြားခဲ့ရတဲ့အကြောင်း၊ အဲဒီအချိန်မှာ သူ နေအိမ်အကျယ်ချုပ် ကျနေရတဲ့ အချိန်ဖြစ်လို့ လက်တွေ့ကမ္ဘာမှာ သူ မရှိနေဘူးလို့ ခံစားနေရတဲ့ အချိန်မှာ ဒီဆုရတဲ့အတွက် သူဟာ လက်တွေ့ကမ္ဘာ ပြန်ရောက်လာတယ်လို့ ခံစားရတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကြီးကြောင့်မို့လို့ ဒီကမ္ဘာက မမေ့ဘူးဆိုတာကို ပိုပြီးတော့ သဘော ပေါက်လာတာကို တွေ့ရတယ်၊ သူ့အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိတာဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်ဆိုတာ လက်ခံတဲ့အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီဆုအတွက်ကြောင့် မို့လို့လဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေဟာ နယ်ပယ် ကျယ်ပြန့်လာတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလေးတင် ပြီးဆုံးသွားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ လူသားတိုင်း လွှတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ခံစားသင့်တဲ့ အကြောင်းတွေကို၊ လူသားတိုင်း​ တရားဥပဒေရဲ့ အကာအကွယ်ကို ရသင့်တယ် ဆိုတဲ့ အကြောင်း တွေကိုလည်း မိန့်ခွန်းထဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေရဲ့ ကြိုးပမ်းမှု ဆိုတာကိုလည်း သူက ကျေးဇူးတင်စကား ပြောပါတယ်။

 မြန်မာနိုင်ငံမှာ သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားတယောက် အနေနဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသေးတဲ့ သူတွေ ရှိနေတဲ့အကြောင်းကိုလည်း အလေးထားပြီးတော့ ပြောသွားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတယောက် စွမ်းဆောင်နိုင်ချက်ကို သူ့ကိုယ်သူ ဥပမာပေးပြီးတော့ ကျန်နေသေးတဲ့ သူတွေကိုလည်း မမေ့ကြဖို့ကို သူက ဒီမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

တခါ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စစ်တပ်ရယ်၊ ပြည်သူရယ်၊ မြန်မာပြည်အတွင်းမှာ ရှိနေတဲ့ လူမှုအသိုင်း အ၀ိုင်းတွေ အားလုံး
ပူးပေါင်း ပါဝင်ပြီးတော့မှ လုပ်မှသာလျှင် ရေရှည်ခံတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်မယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။ နောက် တယောက်နဲ့ တယောက် စာန ထောက်ထားမှုဟာ ငြိမ်းချမ်းမှုအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကိုလည်း သူက ပြောပါတယ်။

အခုလေးတင်ပဲ ဒီမိန့်ခွန်း မပြီးခင်မှာ ပြောသွားတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေ အကြောင်းပါ။ မကြာခင်တုန်းက ထိုင်းနိုင်ငံအတွင်းက မယ်လ ဒုက္ခသည် စခန်းမှာ သိရှိခဲ့ရတဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေကို ပြောခဲ့ပါတယ်။

နယ်စပ် ဖြတ်ပြီးတော့ အလုပ်သမားတွေ အလုပ်လုပ်နေရတဲ့ ပြဿနာတွေ၊ တခါ ဒုက္ခသည်တွေ၊ ရောင်းစား ခံရသူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခသည်တွေကိုလည်း သူက ထောက်ပြသွားပါတယ်။

ငြိမ်းချမ်းရေးကို ကျဆုံးစေတာဟာ စစ်သာလျင် မဟုတ်ပဲ၊ အခွင့်အရေး ဆုံးရှုံးရခြင်းဟာလည်း ငြိမ်းချမ်းရေးကို ကျဆုံးစေတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အော်စလိုမှာ ကျင်းပနေတဲ့ အခမ်းအနားမှာ သူက ပြောသွားပါတယ်။

ဒီအခမ်းအနားမှာပဲ အစောပိုင်းတုန်းက နိုဘဲလ်ဆု ချီးမြင့်ရေး ကော်မီတီဥက္ကဌကလည်း ဒီကနေ့ဟာ နိုဘဲလ်ဆု သမိုင်းမှာ အထူးခြားဆုံး နေ့ဖြစ်တယ်၊ သူ့ရဲ့ လုပ်ရပ်တွေဟာ ​ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး တိုက်ပွဲ ၀င်သူတွေရဲ့ ခွန်အားဖြစ်တယ်၊ ကမ္ဘာ့ လူသားတွေအတွက် အဖိုး ထိုက်တန်တဲ့ရတနာ တပါးဖြစ်တယ် ဆိုပြီးတော့ နိုဘဲလ်ဆုပေးရေး ဥက္ကဌကလည်း ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

နားဆင်ရန်

 source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုဘဲလ်ဆု မိန့်ခွန်း(ရုပ်/သံ)



source by : http://www.youtube.com/user/yeyintnge

အပြည့်အစုံ ဖတ်ရန် ...

၁၉၉၁ ခုနှစ်မှာ နော်ဝေနိုင်ငံက ချီးမြှင့်ထားတဲ့ ငြိမ်းချမ်းရေး နိုဗယ်လ်ဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ခံယူသည့် အခမ်းအနား (LIVE)


source by : http://www.nobelprize.org

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန် မှာ အဓိကရုဏ်း အတွက် မီးမွှေးမှုတွေ လုပ်

   
FNG | ယနေ့ နံနက် အစောပိုင်းက ရန်ကုန် တိုင်းဗဟန်း မြို့ နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ် ရိပ်သာ လမ်းမီးပွိုင့် ကြား ကမ္ဘာအေး ဘုရားလမ်းပေါ် ရှိ အစ္စလာမ် ဘာသာဝင် ပလီ အရှေ့တွင် မော်တော်ကား တစ်စီးဖြင့် တိုက်ခိုက်ရေးတွင် အထူး လေ့ကျင့်ထား သည်ဟု ယူဆရသော အရွယ်တူ သန်မာ ဖြတ်လတ်သောသူ လူ ၅၀ ခန့်အား ချပြီး အချိန်ကိုက်ပြန်လာခေါ်သွားကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက် သမားများသည် ပလီ၏ ဆိုင်းဘုတ်နှင့် မျက်နှာစာ အုတ်နံရံ အချို့အား ဖျက်စီးခဲ့ကြောင်း ပလီ ပတ်ဝန်းကျင်ရှိ ရှေးဟောင်း ပစ္စည်း ရောင်းသော ဆိုင် တစ်ဆိုင် အပါအ၀င် ဆိုင် ၃ ဆိုင်အား ၀င်ရောက် ဖျက်စီးခဲ့ကြောင်း FNG မှ သတင်းရရှိသည်။

”အဲဒီ လာဖျက်စီးတဲ့ သူတွေက သာမာန် အရပ်သားတွေနဲ့ မတူဘူး အတော်လေးကို စနစ်တကျ လေ့ကျင့်ထားတဲ့ သူတွေနဲ့ တူတယ် အမိန့် တစ်ခု အောက်မှာ ၀ုန်းကနဲ့ ရောက်လာပြီး ဖျက်ကြတယ် ပြီးတော့ ချက်ခြင်း အချိန်ကိုက် လာခေါ်တဲ့ ကားပေါ်ကို တက်ပြေး သွားကြတယ်ဟု အရပ် အမောင်း တွေက ကောင်းတယ် တညီတည်းပဲ တော်တော် စနစ်တကျ လာဖျက်သွားတာ” ဟု ပလီ ပတ်ဝန်းကျင်တွင် နေထိုင်သူ မှ ပြောသည်။

အခင်း ဖြစ်ပွားချိန် အပြီး မြို့နယ် ရဲမူးက ဒေသခံ ပြည်သူ အနည်းငယ်ကို အမူ မဖွင့်ပါနဲ့ မီဒီယာကို မခေါ်ပါနဲ့ဟု ပြောသွားကြောင်း သိရှိရပါသည်။

အဆိုပါ အခင်းဖြစ်ပွား ရွှေဝါရောင် တော်လှန်ရေး အတွင်း ပါဝင်ခဲ့သော ဆရာတော် တချို့က ရန်ကုန်မြို့အား ပုဒ်မ ၁၄၄ ထုတ်စေချင် သဖြင့် ယခု ကဲ့သို့ ပြုလုပ်ခြင်း ဖြစ်ဟန် တူသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မြို့တော်ခမ်းမ တွင် ရန်ကုန်တိုင်း ၀န်ကြီးနှင့် လုံထိမ်း အဖွဲ့အပါ အ၀င် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီး ၅ ဖွဲ့မှ တာဝန်ရှိသူများ မှ ၂၄ နာရီ အခြေအနေအား စောင့်ကြည့်လျက် ရှိသော်လည်း အဆိုပါ ဖျက်စီးခံရမူနှင့် ပတ်သက်ပြီး ယခု အချိန်အထိ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းများ မတွေ့ရသေးကြောင်း သိရှိရပါသည်။

ယခု သီတင်းပတ် အတွင်း ရခိုင် ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် မငြိမ်သက် မှု များ တွင် အနည်းဆုံး လူ ၂၉ ဦး သေဆုံး ပြီး ၊ အိမ်ခြေ ၃၀၀၀ ကျော် မီးရှို့ ဖျက်ဆီး ခံရ ကာ ၊ လူပေါင်း ၃၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။

ယမန်နေ့က ရန်ကုန်မြို့တွင် ဆူပူ အကြမ်းဖက်မှုများ ပြုလုပ်မည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း တင်းကျပ်စွာ ချထားသည့် လုံခြုံရေး ကြောင့် ငြိမ်သက် နေခဲ့ သည်။

source by : FMG

အပြည့်အစုံ ဖတ်ရန် ...

နော်ဝေး၀န်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်



နော်ဝေးမြို့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နော်ဝေးဝန်ကြီးချုပ် Jens Stoltenberg (ဂျွန်လ ၁၅ ရက်၊ ၂၀၁၂။) ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ရင်ဆိုင်ရမယ့် အခက်အခဲတွေကို အမျိုးသားပြန်လည် သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိနှိုင်းဖြတ်ကျော်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မနေ့က နော်ဝေးနိုင်ငံကို ရောက်ရောက်ချင်း နော်ဝေး၀န်ကြီးချုပ် Jens Stoltenberg နဲ့ ပူးတွဲ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

 မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှရှိလိမ့်အုံးမယ်လို့လည်း သတိပေးပြောဆိုပါတယ်။ သတင်းစာ ရှင်းလင်းပွဲ အကြောင်း ကိုသိန်းထိုက်ဦးက ဆက်ပြီး တင်ပြပါလိမ့်မယ်။

လွန်ခဲ့တဲ့အနှစ် ၂၀ ကျော် နိုဗယ်ငြိမ်းချမ်းရေးဆုနဲ့ Rufto လူ့အခွင့်အရေး ဆုတွေ ချီးမြှင့်ခဲ့ကြတဲ့ အချိန် ကတည်းက နော်ဝေးပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရောက်လာမယ့် အချိန်ကို စောင့်ဆိုင်းခဲ့ကြတာပါဆိုပြီး နော်ဝေနိုင်ငံ ၀န်ကြီးချုပ် Jens Stoltenberg က ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။

 အခု ကိုယ်တိုင်ရောက်လာ တာဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ တရားမျှတမှုအတွက် နှစ်ရှည်လများ ရုန်းကန်ကြိုးစား ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားထုတ်မှုတွေ အရာထင်လာပြီဆိုတာကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲတွေနဲ့ ပတ်သက်လို့လည်း သူက အခုလို ပြောပါတယ်။

“မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ အပြောင်းအလဲတွေ  ပေါ်လာနေပြီဆိုပေမယ့်လည်း လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်။  နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အတိတ်မှာ ချန်ထားနိုင်ခဲ့ဘို့ဆိုတာ ပြည်သူတွေအတွက် အချိန်ယူရပါလိမ့်မယ်။  ကျနော်တို့ အနေနဲ့ ပကတိအနေအထားကို သိမြင်ဖို့လိုပါတယ်။ ရရှိပြီးသား တိုးတက်လာတဲ့ ဖြစ် စဉ်တွေ နောက်ကြောင်းပြန် မလှည့်ဖို့ လိုပါတယ်။”

ဒီလိုအခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အပြောင်း အလဲတွေ ဖော်ဆောင်နေတဲ့ သူတွေကို အားပေးထောက်ခံပြီး တက်တက်ကြွကြွ ထိတွေ့ဆက်ဆံဖို့ လိုမယ် လို့ နော်ဝေး၀န်ကြီးချုပ်က ပြောပါတယ်။ နော်ဝေဂျီယံ စီးပွားရေး ကုမ္မဏီတွေကို မြန်မာနိုင်ငံမှာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံကြဖို့ နော်ဝေး ၀န်ကြီးချုပ်က ပြော ဆိုပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

နော်ဝေး၀န်ကြီးချုပ် ပြောတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေဟာ လမ်းဆုံးမှာ မရောက်သေးသလို ဖြောင့်ဖြောင့်ဖြူးဖြူး လမ်းကြောင်းပေါ်မှာ ရှိချင်မှ ရှိလိမ့်အုံးမယ်ဆိုတာကို ပြောဆိုပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး စိတ်ဓာတ်နဲ့ ညှိညှိနှိုင်းနှိုင်း ဆောင် ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နော်ဝေးစီးပွားရေး ကုမ္မဏီတွေနဲ့ ပတ်သက်လို့-

“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးအတွက် အထောက်အကူပြုစေမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ကျမတို့ လိုချင်ပါ တယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှု မျိုးပဲလုပ်လုပ် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမျိုး ဖြစ်ရပါ လိမ့်မယ်။ အစိုးရက ဘာလုပ်မယ် မလုပ်ဘူးဆိုတာတွေကို နှစ်ဘက် ရှင်းရှင်းလင်းလင်း စာချုပ်စာတမ်းမှာ ထည့်သွင်းရပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အစိုးရက စီးပွားရေး ထိမ်းချုပ်မှုကို ပိုပြီး အားဖြည့်တာ မျိုးထက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို ပိုပြီးအားကောင်းအောင် မြေတောင်မြှောက်ပေးနိုင်မယ့် လုပ်ငန်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။”

နိုဗယ်ငြိမ်းချမ်းရေးဆုကို လက်ခံယူဖို့ ပြင်ဆင်ထားတဲ့ မိန့်ခွန်းဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ သူဖြတ်သန်းခဲ့တဲ့ ဘ၀ကို ထင်ဟပ်တဲ့ မိန့်ခွန်းတခု ဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 နိုင်ငံတကာ ခရီးစဉ်အတွင်း နိုင်ငံတွေရဲ့ လက်ခံကြိုဆို အားပေးထောက်ခံမှုတွေ ကြောင့် လက်ရှိသမ္မတ ဦးသိန်းစိန် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဆက်ဆံရေးမှာ လာပြီး ထိခိုက်နိုင်မယ် ထင်ပါသလားလို့ သတင်းထောက်တွေက မေးခဲ့ကြပါတယ်။

“ကျမ နိုင်ငံခြားကို ခရီးထွက်တာနဲ့ ပတ်သက်လို့ ကန့်ကွက်သင့်တဲ့ ခိုင်လုံတဲ့အကြောင်း ရှိမယ်လို့ ကျမမမြင် မိပါဘူး။ လက်ခံတဲ့နိုင်ငံတွေ ဘယ်လို ကြိုဆိုကြတယ်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေအပေါ်မှာ မူတည် ပါတယ်။ ဒီမိုကရေစီကို ကျမတို့ ယုံတယ်။ နိုင်ငံတခုချင်း စီရဲ့ အချုပ်အခြာကို ကျမတို့ယုံတယ်။

သက်ဆိုင်ရာနိုင်ငံတွေက သူတို့မှန်တယ်ထင်တဲ့ပုံစံနဲ့ ကျမကို ကြိုဆိုမှာပါ။ ဒါသူတို့ သဘောပါ။ ဒါကို သမ္မတ ဦးသိန်းစိန် အနေနဲ့ရော၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အနေနဲ့ပါ ကန့်ကွက်စရာရှိမယ်လို့ ကျမ လုံးဝ မမြင်မိပါဘူး။ တခြားနိုင်ငံတွေ က ကျမနဲ့ ကျမပါတီအပေါ် သဘောထားနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ စိုးရိမ်စရာလည်း မရှိပါဘူး။ ကျမတို့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ဆောင်ရွက်ချင်တယ် ဆိုတာ ပြောထားပြီးသားပါ။”

သတင်းထောက်တယောက်က သူ့ရဲ့အမေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်တပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဆိုပြီး သုံးနှုန်းသွားတာကို သူက ငြင်းဆိုသွားပါတယ်။ သူနဲ့ NLD ဟာ စစ်တပ်ကို ဂုဏ်သိက္ခာ ရှိရှိ၊ ပြည် သူတွေ ချစ်ခင်လေးစားတဲ့ တပ်မတော်သားကောင်းတွေ ပီပီ ရပ်တည်တာကို တွေ့လိုတဲ့ အကြောင်း၊ ဒီလို ရပ်တည် တာဟာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာကို တိုင်းပြည်မှာရှိတဲ့ လူငယ်တွေ လည်း လက်ခံယုံကြည်ထားတဲ့ အကြောင်း ပြောဆိုသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တနေ့နေ့တချိန်ချိန် နော်ဝေးကို အခုလို ရောက်လာမယ်ဆိုတာ တကယ်ပဲ ယုံကြည်ခဲ့ပါသလားလို့ သတင်းထောက်တယောက်က မေးပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်က ဒါကို အမြဲ တစေ ယုံကြည်ခဲ့တဲ့အကြောင်း၊ ဒါကြောင့်လည်း နော်ဝေး နိုင်ငံကို ပထဆုံးသွားချင်တယ်လို့ သူပြောခဲ့တဲ့ အကြောင်း ပြန်ဖြေသွားပါတယ်။ ကျမတော့ ဘယ်တုန်းကမှ သံသယမရှိခဲ့ဘူး။ ရှင်ရော မယုံမကြည် ဖြစ်ခဲ့မိလား။ ရှင်က မယုံခဲ့လို့လား ဆိုပြီး သတင်းထောက်ကို ပြန်မေးခွန်းထုတ် သွားပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ရောက်ရှိ (ဇွန်လ ၁၅ရက်၊၂၀၁၂) ရုပ်/သံ




source by :  http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

Friday, June 15, 2012

ဒေါ်​အောင်ဆန်း​စုကြည် ဂျနီဗာမိန့်​ခွန်း​မှ ဖွံ့​ဖြိုး​ရေး​အယူအဆအ​ပေါ် သုံး​သပ်ချက်


ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ မ​နေ့က ကျင်း​ပသွား​တဲ့​ ကမ္ဘာ့​အလုပ်သမား​အဖွဲ့ချုပ် အစည်း​အ​ဝေး​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​သွား​တဲ့​ စီးပွား​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ မိန့်ခွန်း​ကောတ်နှုတ်ချက်​တွေကို အဓိကထား​ တင်ပြထား​ပါတယ်။

 

လူမှု ​ရေး​၊​ နိုင်ငံ​ရေး​နဲ့ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ လိုက်​လျောညီ​ထွေရှိတဲ့​ ဒီမိုက​ရေစီနဲ့ သဟဇာတဖြစ်မယ့်​ ဖွံ့​ဖြိုး​ရေး​ပေါ်လစီ​တွေရှိမှပဲ မြန်မာပြည်ဟာ အ​ပေါင်း​လက္ခဏာ ​အောင်မြင်မှု​တွေနဲ့ ကမ္ဘာ့​မြေပုံ​ပေါ်ကို တ​ကျော့​ပြန် ​ရောက်လာ နိုင်မယ်လို့ ​ပြောသွား​ပါတယ်။

တရား​ဥပ​ဒေစိုး​မိုး​မှု၊​ ပွင့်​လင်း​မြင်သာမှု၊​ တာဝန်ယူမှု၊​ တာဝန်ခံမှု​တွေနဲ့​ သာမန်လူထုရဲ့ ဘဝ​တွေအ​ပေါ် ​ကောင်း​ကျိုးသက်​ရောက်မှု​တွေ ရှိတဲ့​ ဖွံ့ဖြိုး​ရေး​စီမံကိန်း​တွေကို ဦးစား​ပေး ​ပြောသွား​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့ မိန့်ခွန်း​ကောက်နှုတ်ချက်တချို့

“နိုင်ငံသား​တွေရဲ့ လိုအပ်ချက်​တွေကိုလည်း​ မဖြည့်​ဆည်း​နိုင်၊​ အ​ကြောက်တရား​က​နေ မလွတ်​မြောက်နိုင်ဘူး​ဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့​ ဖွံ့​ဖြိုးတိုး​တက်မှု ရှိတယ်လို့​ မ​ကြွေး​ကြော်နိုင်ပါဘူး​။

တိုင်း​ပြည်မှာ တရား​ဥပ​ဒေ စိုး​မိုး​မှုမရှိ၊​ တိုင်း​ရင်း​သား​ပဋိပက္ခ​တွေကို မ​ဖြေရှင်း​နိုင်မချင်း​၊​ ဒီလို အ​ခြေခံ လိုအပ်ချက်​တွေကိုမှ မဖြည့်​ဆည်း​ပေး​နိုင်ရင် ကျန်း​မာသန်စွမ်း​တဲ့​ လူမှု​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ အ​ခြေခံ​တွေကို မတည်​ဆောက်နိုင်ပါဘူး​။

အလုပ်အကိုင် ဖန်တီး​ပေး​မယ့်​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှုမျိုး​ကို ဖိတ်​ခေါ်ပါတယ်။ ဒါ​ပေမယ့်​ ရင်း​နှီး​မြှုပ်နှံသူ​တွေဟာ ဥပ​ဒေ လုပ်ထုံး​လုပ်နည်း​ ​တွေကို​တော့​ ​လေး​စား​လိုက်နာဖို့ လိုပါတယ်။ အလုပ်သမား​ စံချိန်စံညွှန်း​တွေ၊​ သဘာဝပတ်ဝန်း​ကျင်အ​ပေါ်မှာ တာဝန်ယူမှု​တွေကို နိုင်ငံတကာမှာ လက်ခံထား​တဲ့​ စံချိန်စံနှုန်း​အတိုင်း​ လိုက်နာကြဖို့ လိုပါတယ်။

မြန်မာလူငယ်​တွေဟာ တိုင်း​ပြည်မှာ ထိုက်တန်တဲ့​ ​နေရာရဖို့ အ​ခြေခံပညာ​ရေး​တွေ ကို မသင်ခဲ့​ရပါဘူး​။ ဒါ​ကြောင့်​ ပညာ​ရေး​စနစ်ကို တိုး​တက်လာ​အောင်လုပ်ဖို့ လိုအပ်​နေ ပါတယ်။ အလုပ်အကိုင်ဖန်တီး​မှုနဲ့ ချိတ်ဆက်ထား​တဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ ပညာ သင်တန်း​တွေ လိုအပ်ပါတယ်။”

ဒီမိန့်​ခွန်း​မှာပဲ ​ဒေါ်​အောင်ဆန်း​စုကြည်က တာဝန်ခံမှုနဲ့​ ပွင့်​လင်း​မြင်သာမှုမရှိတဲ့​ မြန်မာ့​စွမ်း​အင်ဝန်ကြီး​ဌာနလက်​အောက်က နိုင်ငံပိုင် မြန်မာ့​ရေနံနဲ့ ဓာတ်​ငွေ့​လုပ်ငန်း​ (MOGE)နဲ့​ အလုပ်တွဲမလုပ်ကြဖို့​၊​ နိုင်ငံတကာအစိုး​ရ​တွေကတဆင့်​ ကုမ္ပဏီ​တွေကို တိုက်တွန်း​သွား​ပါတယ်။

မြန်မာပြည်မှာ ​ရေနံနဲ့ဓာတ်​ငွေ့လို သဘာဝအရင်း​အမြစ်​တွေကို ထုတ်ယူတဲ့​ စီး​ပွား​ရေး​ကဏ္ဍမှာ နိုင်ငံခြား​တိုက်ရိုက် ရင်း​နှီး​မြှုပ်နှံမှု​တွေနဲ့ ပတ်သက်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ပွင့်​လင်း​မြင်သာမှုကို အ​ရေး​ကြီး​သလိုပဲ စည်း​မျဉ်း​စည်း​ကမ်း​တွေ ​ကောင်း​မွန်ဖို့ လိုအပ်ပါတယ်လို့လည်း​ ​ပြောသွား​ပါတယ်။

 ဒီလိုမျိုး အရင်း​အမြစ်​တွေကို ထုတ်ယူတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​တွေဟာ ထုတ်ချင်တာကို ထုတ်ယူပြီး​ ပြန်သွား​တတ်တာနဲ့ တခြား​ လုပ်ငန်း​တွေလိုမျိုး​ အလုပ်အကိုင်​တွေကို မဖန်တီး​ပေး​နိုင်ဘူး​။ ဒါ​ကြောင့်​ ကျမတို့​ သတိနဲ့​ ချဉ်း​ကပ်ဖို့​ လိုပါတယ်လို့ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

သူ့​အ​နေနဲ့ မြန်မာပြည်မှာ ပြည့်​စုံပြီး​ ထိ​ရောက်တဲ့​ စွမ်း​အင်​ပေါ်လစီ ရှိ​စေချင်တယ်။ ကြွယ်ဝတဲ့​ စွမ်း​အင်အရင်း​အမြစ်​တွေ ကုန်ခမ်း​သွား​တာမျိုး​ မဖြစ်​စေချင်ဘူး​။ ဒါ​တွေဟာ စွမ်း​အင်ထုတ်ယူတဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေကို မြန်မာပြည် ဝင်လာဖို့​ ဖိတ်​ခေါ်တာနဲ့​ ဆက်စပ်​နေတာ​ကြောင့်​ သတိထား​ဖို့ လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောသွား​ပါတယ်။”

မိန့်​ခွန်း​ထဲမှာပါတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဖွံ့ဖြိုး​ရေး​အယူအဆ​တွေနဲ့​ ပတ်သက်လို့ ဖွံ့ဖြိုး​ရေး​အ​ကြောင်း​ စာအုပ်စာတမ်း​တွေ ​ရေး​သား​နေတဲ့​ ကို​ဇော်မင်း​ရဲ့​ အမြင်ကို ​မေး​မြန်း​ထား​ပါတယ်။

ပွင့် လင်း​မှု၊​ တာဝန်ခံမှု၊​ တာဝန်ယူမှုလို၊​ တရား​ဥပ​ဒေစိုး​မိုး​မှုလိုမျိုး​ သူ​ပြောသွား​တာ​တွေ​တော့​ အများ​ကြီး​ရှိတယ်။ အဲဒီထဲမှာ ကျ​နော် နည်း​နည်း​ သတိထား​မိတာက democracy friendly development တို့​လို့၊​ ​နောက် democracy friendly development policy၊​ democracy friendly investmentလို့ သူသုံး​သွား​တယ်။ ကျ​နော့်​ စိတ်ထဲမှာ ဒီဟာ ဖွံ့ဖြိုး​ရေး​ ဘာသာရပ်၊​ စီး​ပွား​ရေး​စကား​လုံး​ အသစ်လို့ ကျ​နော်ထင်တယ်။ ကို​ဇော်မင်း​ ဘယ်လို သ​ဘောရလဲ။

“တင်စား​ပြီး​ပြောတယ်လို့​ ကျ​နော် ​ပြောနိုင်ပါတယ်။ ဆိုလိုတာက ဘယ်အလုပ်​တွေလုပ်လုပ် စီး​ပွား​ရေး​ဖွံ့ဖြိုး​မှုကိုပဲ ဦး​တည်ဦး​တည်၊​ နိုင်ငံ​ရေး​တိုး​တက် ဖွံ့​ဖြိုးမှုကိုပဲ ဦး​တည်ဦး​တည် ဒီမိုက​ရေစီက​နေပြီး​တော့​ ​သွေဖည်မသွား​ဖို့​အတွက်၊​ ဒီမိုက​ရေစီနဲ့​ နီး​ကပ်ဖို့​အတွက်၊​ ဒီမိုက​ရေစီနဲ့​ အမြဲတမ်း​ ပူး​ကပ်​နေဖို့အတွက် ဒါ သတိ​ပေး​တဲ့​ အသုံး​အနှုန်း​လို့​ ကျ​နော်မြင်ပါတယ်။”

ဘယ်လို စိုး​ရိမ်​သောက​တွေများ​ ရှိနိုင်မလဲ။ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေက ခုနကလို ဒီမိုက​ရေစီကို ​သွေဖည်သွား​တာမျိုး​တွေမှာ သူ စိုး​ရိမ်​သောက​တွေများ​ ရှိ​နေမလား​။ ကို​ဇော်မင်း​ ဘယ်လိုသုံး​သပ်လဲ။

“ဒီမိုက​ရေစီကို ​သွေဖည်တာထက် ဥပမာ သက်ဆိုင်ရာ တာဝန်ရှိတဲ့​ လူပုဂ္ဂိုလ် တဦး​၊​ နှစ်ဦး​၊​ သုံး​ဦး​လောက်​နေ တချို့ဆုံး​ဖြတ်ချက်​တွေကို ဆုံး​ဖြတ်ပြီး​တော့​ တချို့ရင်း​နှီး​မြှုပ်နှံမယ့်​ ကုမ္ပဏီ​တွေကို တခါတည်း​ အလုံး​လိုက် အရင်း​လိုက် ခွင့်​ပြုလိုက်မှာမျိုး​ဆိုရင် ဒါမျိုး​ကို သူစိုး​ရိမ်တယ်လို့​ ကျ​နော် မြင်တယ် ​ဒေါ်စုအ​နေနဲ့က။

ဒါ​ကြောင့်​မို့​လို့ ဆုံး​ဖြတ်ချက်တခုခု ချ​တော့​မယ်ဆိုလို့ရှိရင် ဒီမိုက​ရေစီနည်း​အရ အစိုး​ရထဲမှာ ဒါ​တွေကို တိုင်ပင်။ ဒီမိုက​ရေစီနည်း​အရ အဲဒီ ရင်း​နှီး​မြှုပ်နှံမယ့်​ ​နေရာမှာ ရှိတဲ့​ ​ဒေသခံ လူထု​တွေ၊​ ​ဒေသခံလူမှုအဖွဲ့​အစည်း​တွေရဲ့ အမြင်​တွေကို စုစည်း​ သူတို့​ရဲ့ အမြင်​တွေ ​တောင်း​ခံ။ အဲဒီလို ဒီမိုက​ရေစီ နည်း​ကျကျ လုပ်ပြီး​မှ ဒီရင်း​နှီး​မြှုပ်နှံမှုက ​ရေရှည်မှာ အကျိုး​ရှိတယ် မရှိတယ်ဆိုပြီး​ လက်ခံတဲ့​၊​ လက်ခံပါဆိုတာမျိုး ​ပြောတယ်လို့​ ကျ​နော် မြင်ပါတယ်။”

မ​နေ့​က ​ဒေါ်စု မိန့်ခွန်း​မှာဆိုရင် ထိုင်း​မှာ​ပြောသွား​တဲ့​ မိန့်ခွန်း​ပြီး​ရင်​တော့​ ဒါ ဘာပဲ​ပြော​ပြော နိုင်ငံတကာက တကယ့်​ ဝန်ကြီး​အဆင့်​ပေါ့​လေ အလုပ်သမား​ဝန်ကြီး​ အဆင့်​တွေ တက်​ရောက်​နေတဲ့​ ကုလသမဂ္ဂ လက်​အောက်ခံအဖွဲ့အစည်း​မှာ ပထမဆုံး​ပြောတဲ့​ မိန့်ခွန်း​လို့ ​ပြောရမှာ​ပေါ့​ဗျာ။ ဒီ မိန့်ခွန်း​အ​ပေါ်မှာ ကို​ဇော်မင်း​ တစုံလုံး​ ဘယ်လိုသ​ဘောရလဲ၊​ ဘယ်​လောက် သမိုင်း​ဝင်တယ်လို့ ​ပြောလို့ ရမလဲ။

“သမိုင်း​ဝင်တယ်လို့​ပဲ ကျ​နော် ​ပြောရမှာ​ပေါ့​ဗျာ။ ဘာဖြစ်လို့လဲ ဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီ​နေရာမှာ သူ့​ရဲ့ တိုင်း​ပြည်အ​ပေါ်မှာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့ မြင်ပုံ၊​ ဒီမိုက​ရေစီနဲ့​ မြင်တဲ့​ဟာ​တွေကို ဒါ ကျ​နော်တို့​ အဆင့်​အတန်း​ မြင့်မြင့်​ အ​တွေး​အ​ခေါ် အယူအဆ မြင့်​မြင့်​နဲ့ နိုင်ငံတကာ ​ခေါင်း​ဆောင်​တွေ အလယ်မှာ၊​ နိုင်ငံတကာ နိုင်ငံ​ရေး​ ​ခေါင်း​ဆောင်​တွေ​ရော၊​ စီးပွား​ရေး​ ​ခေါင်း​ဆောင်​တွေ​ရော အလယ်မှာ သူ မြန်မာပြည်ကိုယ်စား​ တင်ပြသွား​နိုင်တယ်လို့ ကျ​နော် အဲဒီလို မြင်ပါတယ်။”

source by :  http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

စစ်တွေမြို့ တရားသီးစုရပ်ကွက် ထပ်မံ မီးရှို့ခံရ

295092 4130439536403 1428806987 n
ဇွန်လ ၁၅ရက်၊ နံနက် ၁နာရီခွဲခန့် အချိန်တွင် စစ်တွေမြို့ တရားသီးစု ရပ်ကွက်ရှိ အိမ်ပေါင်း ၃၀ကျော်ကို ဘင်္ဂလီမူဆလင်များ မီးရှို့သွားကြောင်း သတင်းရရှိသည်။

“ဘင်္ဂလီမူဆလင်တွေက မော်တော်ဘုတ်ကို ကမ်းနဲ့ဝေးတဲ့နေရာမှာ ရပ်ထားခဲ့ပြီး လှေနဲ့ ကမ်းပေါ်တက်ကာ ကမ်းနဲ့နီးတဲ့ အိမ်တွေကို စရှို့တာ ရွာခံသားတွေနဲ့ လုံခြုံရေးတွေ လိုက်တော့ မြစ်ထဲ ပြန်ဆင်းပြေးသွားကြတယ်။

 မီးက တော်တော်လည်းကြောက်ဖို့ ကောင်းအောင်ကို အရှိန်ပြင်းတာ၊ မီးသတ်ကားနဲ့ မနိုင်လို့ လူတွေ အကုန်လုံး ၀ိုင်းပြီးတော့ငြိမ်းတာ။ မီးလေး နည်းနည်းငြိမ်းသွားပြီး မိုးရွာတော့ လူတွေလည်း နည်းနည်းပါးသွားချိန်မှာ အဲဒီ ဘင်္ဂလီမူဆလင်တွေ နောက်တစ်ခေါက် ကမ်းတက် မီးရှို့ဖို့ ကြိုးစားသေးတယ် လူတွေ ၀ိုင်ပြီးလိုက်တော့ ကမ်းပေါ်မတက်နိုင်ခဲ့ဘဲ ပြန်ပြေးသွားကြတယ်။

 မြစ်ထဲအထိ လိုက်ဖို့က ကမ်းမှာ ဘာလှေမှ မရှိတော့ လိုက်လို့ မရလိုက်တော့ဘူး”ဟု တရားသီးစု ရပ်ကွက်သား တစ်ဦးက Arakan Times သို့ ပြောပြသည်။

ယခုကဲ့သို့ ထပ်မံမီးရှို့ခံရခြင်းမှာ လုံခြုံရေးများ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အရပ်သားများအား ယခင်ကဲ့သို့ လေးယောက် တစ်ဖွဲ့စီ ကင်းစောင့်ခွင့်များကိုလည်း ပိတ်ပင် ထားသောကြောင့်ဟု ဒေသခံများက ပြောဆိုနေကြသည်။

“အခု စစ်တပ်က အကုန်လုံးကို သူတို့ အာဏာလွှမ်းမိုးထားသလိုဖြစ်နေပြီ ရဲတွေလည်း သူတို့ လက်အောက်ကိုရောက်သွားပြီ၊ အဲဒီတော့ စစ်တပ်က လူတွေကို အယင်နေ့တွေလို လေးယောက် တစ်ဖွဲ့စီ ကိုယ့်ရပ်ကွက်မှာကိုယ် ကင်းစောင့်တာကို ခွင့်မပြုတော့ဘဲ သူတို့ လုံခြုံးရေးနဲ့ သူတို့ စောင့်တော့ နေရာစုံမှာ လုံခြုံရေး မယူနိုင်တော့ဘူး။

 ပြီးတော့ လုံခြုံရေးတွေက လုံခြုံရေးယူတယ်လို့သာပြောတယ် အရက်သောက်နေပြီး မူးနေကြတယ်။

 မြစ်ကမ်းမှာ သူတို့စောင့်နေတာဘဲ၊ ဘာဖြစ်လို့ ဘင်္ဂလီမူဆလင်တွေ ကမ်းတက်လာတာကို မတွေ့တာလဲ မေးစရာရှိတယ်”ဟု စစ်တွေမြို့ခံ တစ်ဦးမှ ပြောပြသည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ-၁၄၄အမိန့်မှာ ပြည်သူများအတွက် လုံခြုံမှုကို မပေးနိုင်သည့်အပြင် ပြည်သူတွေကို အမြဲတမ်း ထိတ်လန့် ခြောက်ခြားမှုတွေကို ပေးနေသလို ဖြစ်နေတယ်ဟု ဒေသခံများက ပြောဆို နေကြသည်။

source by : http://arakantimes.net

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံ သတင်းစာ ရှင်းလင်းပွဲတခုမှာ ရုတ်တရက် နေမကောင်းဖြစ်ခဲ့တာကြောင့် သတင်းစာ ရှင်းလင်းပွဲကို ရပ်နားလိုက်ရ(ရုပ်/သံ)




source by :http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲ ရပ်နား



ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ၀စ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။

မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။

ခုလို နေထိုင်မကောင်း ဖြစ်တာကြောင့် ဆွစ်ဇာလန် သမ္မတ အယ်ဖလင်းဝစ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) ဖိတ်ကြားထားတဲ့ နိုင်ငံတော် ညစာစားပွဲ ကိုလည်း ဖျက်လိုက်ရပါတယ်။

ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆက်လက် အားပေးကူညီသွားလိုတဲ့ အကြောင်းနဲ့ ဒီအတွက် ဒီနှစ် နိုဝင်ဘာလလောက်အတွင်း မြန်မာနိုင်ငံမှာ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်သွားမယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတချို့ကို ပြီးခဲ့တဲ့ မေလက ပြန်ပြီး ရုပ်သိမ်းပေးခဲ့တယ်ဆိုတာနဲ့ တကယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက် မလာဘဲ သိသိသာသာ ဆုတ်ယုတ်မှုတွေ ရှိလာရင်တော့ အရေးယူမှုတွေ ပြန်လည် ချမှတ်သွားမှာဖြစ်ပြီး လက် ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့် အကြောင်းတွေကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ (၁၀၁) ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်းပြောဆိုခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ Berne မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အစီအစဉ်တိုင်းဆိုရင် ဆွစ်ဇာလန် လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကိုလည်း ခရီးဆက်ဖို့ ရှိနေသလို အဲဒီကနေ ဗြိတိန်၊ အိုင်ယာလန် နဲ့ ပြင်သစ်နိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။ ဗြိတိန် ပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပေးအပ်တဲ့ လူ့အခွင့်အရေးဆု ကိုတော့ Dublin မြို့မှာ ကမ္ဘာကျော်တေးဂီတအဖွဲ့ U2 က အဆိုတော် ဘိုနိုက ပေးအပ်မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ခရီးစဉ်အစ ILO ညီလာခံမိန့်ခွန်းမှာတော့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီးခိုင်မာအောင် အထောက်အကူပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံ လိုက်ပါတယ်။

ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအစိုးရအနေနဲ့  နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရတဲ့  မြန်မာနိုင်ငံထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနိုင်တဲ့ ပြောင်းလဲမှု တွေကိုပါ ဆက်လုပ် စေချင်တယ် လို့လည်း ပြောသွားခဲ့ပါတယ်။


source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

၃၆နှစ်မြောက် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ် ကျင်းပမည်

ပထမဦးဆုံး မဆလစစ်အစိုးရက ကြိုးပေးခံခဲ့သည့် ကျောင်း သားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခဲ့သည့် (၃၆)နှစ်ပြည့် အထိမ်းအမှတ် အခန်းအနားကို နယူး ဒေလီ ရောက် မြန်မာဒီမိုကရေစီ အင်အားစုများက ကျင်းပပြုလုပ်ရန် စီစဉ်နေသည်။

ယင်းအထိမ်းအမှတ် အခန်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် Chin Community Network (CCN), Chin Human Rights Organization (CHRO) နှင့် Chin Student Union (CSU) တာဝန်ရှိသူများ အကြိုတွေ့ ဆုံပွဲတစ်ရပ် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ချင်းကျောင်းသားများ သမ္မဂ တာဝန်ရှိသူ ဆလိုင်း နီလျန်ဆန်းက” ဒီအခန်းအနားကို ကျင်းပနိုင်ဖို့  အစီအစဉ်တွေ လုပ်နေတုံးပဲရှိသေးတယ်။ အခန်းအနားဖြစ်မြောက်နိုင်ဖို့  သက်ဆိုင်ရာ မျိုးနွယ်စု ကွန်မြူနီတီများထံ အကူအညီတွေတောင်းနေပါတယ်” ဟုဆိုသည်။

ဆလိုင်းနီလျန်ဆန်းက ဤကဲ့သို့ အခန်းအနားကျင်းပရခြင်းအားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် စစ်အစိုးရက ပထမဦးဆုံးကြိုးပေးခံခဲ့သည့် ဆလိုင်း တင်မောင်ဦး အကြောင်းကို ယခုခေတ်သစ် လူငယ်များက ပိုမိုနားလည်သိရှိလာမည်ဖြစ်ကြောင်း ခိုနူမ်းထုန် သတင်းဌာနကို ပြောပြသည်။

အခန်းအနားတွင် ဆလိုင်းတင်မောင်ဦး၏ ကိုယ်ရေး ရာဇ၀င်အကျဉ်းနှင့် မြန်မာနိုင်ငံရေးတွင် လှုပ်ရှားခဲ့သည့် အခြေအနေများကို တက်ရောက်သူပရိတ်သတ်က ဆွေးနွေးခြင်း၊ ဟောပြောခြင်း များပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။

“တခြားနေရာတွေမှာတော့ ဒီအခန်းအနား ကျင်းပမည်ဆိုတာ မကြားသေးဘူး။ တကယ်တော့ ဒါ ကျတော်တို့  ချင်းလူမျိုးတွေက လုပ်ရင်အကောင်းဆုံးပေါ့။ အရင်တုံးကလည်း လုပ်ဖူးခဲ့တယ်လေ” ဟုဆလိုင်း နီလျန်ဆန်း ကဆိုသည်။

ဆလိုင်း တင်မောင်ဦးသည် ကြိုးစင်ပေါ် တက်ခါနီး ရန်သူ့  (စစ်အစိုးရ) ရှေ့ မှောက်တွင် “မင်းတို့ စစ် ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟုသတ္တိရှိရှိပြောကြားပြီး အသတ်ခံခဲ့သည့် ပထမဦးဆုံး ကျောင်း သားခေါင်းဆောင်တဦးဖြစ်သည်။

၁၉၇၆ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့တွင် အင်းစင်ထောင်တွင် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ် သည်။

သူကွယ်လွန်သည့် ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ၂၀၁၁ခုနှစ်တွင် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနှင့် ကနေဒါနိုင်ငံတွင်လည်း ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြသည်။

source by :  http://khonumthungburmese.org

အပြည့်အစုံ ဖတ်ရန် ...

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်း (၁၄-ဇွန်-၂၀၁၂)


source by :  http://www.youtube.com/user/ILOTV

အပြည့်အစုံ ဖတ်ရန် ...