Saturday, August 15, 2009

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်များအား အကောင်အထည်ဖေါ်ခြင်း သတင်းထုတ်ပြန်ချက်

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ်များအား

အကောင်အထည်ဖေါ်ခြင်း သတင်းထုတ်ပြန်ချက်
UBST Statement ( 14-8-2009 )

အပြည့်အစုံ ဖတ်ရန် ...

ဘီဘီစီ ရဲ့ သောကြာနေ့ ညပိုင်း အစီအစဉ် ( နားဆင်ရန် )

ဘီဘီစီ ရဲ့ သောကြာနေ့ ညပိုင်း အစီအစဉ် ( နားဆင်ရန် )

နောက်ဆုံးရ သတင်းများ နားဆင်ရန် ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.bbc.co.uk/myanmar/news မှ
ကူးယူ မျှဝေ ပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ

ရှမ်းကျေးရွာများ မီးရှို့ဖျက်ဆီး ပြောင်းရွှေ့ခံရ


သောကြာနေ့၊ သြဂုတ်လ 14 ရက် 2009 ခုနှစ် 17 နာရီ 22 မိနစ်


နယူးဒေလီ။ ။ ရှမ်းပြည် (အလယ်ပိုင်း) ရှိ ကျေးရွာပေါင်း ၄၀ ခန့်အား ပြီးခဲ့သည့် လကုန်ပိုင်းတွင် ဒေသတွင်း အခြေစိုက် စစ်တပ်များက မီးရှို့ခြင်း၊ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် ဒေသခံ ရွာသား တသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခြင်း၊ ရွာ ၃၀ ခန့်အား အဓမ္မ ရွှေ့ပြောင်းခြင်းကြောင့် ရွာသားပေါင်း ထောင်ချီ၍ အိုးအိမ်မဲ့ဖြစ်သွားခြင်း ဖြစ်သည်။

''လဲချားမြို့နယ် တတ်မောက် ကျေးရွာအုပ်စုထဲက ဝမ်ဟိုလွန်၊ ကွန်ဟုန်း၊ မောက်စမ်ရွာတွေလည်း ပါတယ်။ ရွာ ၁ဝ ရွာမီးရှို့ပြီးတော့ ကျန်ရွာ ၃ဝ လောက်ကို အဓမ္မ ရွှေ့ပြောင်းခိုင်းတယ်။ လူပေါင်း တသောင်းကျော်လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တယ်’’ ဟု ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့အခွင့်အရေးအဖွဲ့ (Shan Human Rights Foundation) မှ ပြောရေးဆိုခွင့်ရှိသူ ဦးခမ်ဟမ်ဖ (Kham Harn Fah) က မဇ္ဈိမကို ပြောသည်။

ယခုလုပ်ရပ်သည် ပြီးခဲ့သည့် မေလ ၂၁ ရက်မှ ဇူလိုင်လ ၁၅ ရက်အတွင်း ဖြစ်ပွားခဲ့သော SSA (တောင်ပိုင်း) နှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများတွင် စစ်တပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် တပ်သား ၂၀ ကျော် သေဆုံးခဲ့သည့် ဒေသတွင်း၌ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်သူများအား ယခုလို ဒုက္ခပေးခြင်းသည် 'ကြွက်မနိုင် ကျီမီးရှို့' သဘောဖြင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ပြောဆိုသည်။

ပြီးခဲ့သည့်လ ၂၂ ရက်နေ့က မိုင်းနန်မြို့နယ် အခြေစိုက် စဗခ (စစ်ဗျူဟာ ကွပ်ကဲရေးဌာနချုပ်) ၂ တွင် တပ်ခေါင်းဆောင်များ အစည်းအဝေးလုပ်ခဲ့ပြီးနောက် ယခုလို ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရှမ်းအမျိုးသမီး၊ လူငယ်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးနှင့် လူမှုကူညီရေးနှင့်ဖွံ့ဖြိုးရေး စသည့် ရှမ်းအဖွဲ့အစည်း ၆ ဖွဲ့မှ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစိုင်းခူစမ် (Sai Khur Hseng) က ‘‘ရွာသားတယောက် ပြန်ပြောပြတာက ရွာကို မီးရှို့နေတဲ့အချိန် စစ်ဗိုလ်က စကားပြောစက်နဲ့ အိမ်ဘယ်လောက် မီးရှို့ပြီးပြီဆိုတာ သတင်းပို့နေတယ်။ အထက်က မလုံလောက်သေးဘူးဆိုတော့ မီးထပ်ရှို့တယ်။ ဒါကိုကြည့်ရင် သူတို့ စနစ်တကျနဲ့လုပ်တာ ထင်ရှားနေတယ်” ဟု ပြောသည်။

စဗခ ၂ လက်အောက်ရှိ လွယ်လင် အခြေစိုက် ခြေလျင်တပ်ရင်း - ခလရ ၉ ၊ ခလရ ၁၂ ၊ လဲချားအခြေစိုက် ခလရ ၆၄ ၊ ခြေမြန်တပ်ရင်း - ခမရ ၅၁၅ ၊ မိုးနဲအခြေစိုက် ခမရ ၂၄၈ နှင့် ခမရ ၅၁၃၊ ခမရ ၅၁၄ က ယခုလို မီးရှို့ခြင်းနှင့် နေအိမ်ရွှေ့ပြောင်းခိုင်းခြင်းတို့ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းဖြစ်ရပ် ၃ ရက်ကြာ ဖြစ်ပွားနေစဉ်အတွင်း လူသေဆုံးမှုများလည်း ရှိကြောင်း သူက ဆိုသည်။

‘‘တတ်မောက်ကျေးရွာ အုပ်စုထဲကပဲ ရွာသား ၃ ဦး မြန်မာစစ်တပ်က ပစ်သတ်ခံခဲ့ရတယ်။ နောက် အမျိုးသမီးတဦးက သူ့အိမ်ကို မီးရှို့နေတုန်း အိမ်ထဲကို ပစ္စည်းဝင်ယူတဲ့အတွက် သေနတ်နဲ့ပစ်ပြီး အိမ်သာကျင်းထဲ ပစ်ချလိုက်တယ်လို့ ကျနော်တို့ သတင်း ရတယ်ခင်ဗျ။ အမျိုးသား ၃ ယောက်ကတော့ သေတယ်။ အမျိုးသမီးကတော့ သေသလား၊ ရှင်သလား မသိရသေးဘူးခင်ဗျ’’ ဟု သူက ပြောသည်။

နေအိမ်များ စွန့်ခွာ ထွက်ပြေးခဲ့ကြရသည့် ဒေသခံအချို့သည် နီးစပ်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးများထံတွင် သွားရောက် ခိုလှုံနေရပြီး အချို့မှာ ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေးခဲ့ကြသည်။

ယခု အဖြစ်အပျက်သည် ၁၉၉၆-၉၈ ခုနှစ်အတွင်း ရှမ်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းမှ လူပေါင်း ၃ သိန်းကျော် နေအိမ်များ အဓမ္မ ရွှေ့ပြောင်းခံခဲ့ရပြီးနောက် ၅ နှစ်အကြာတွင် ပြန်လည်အခြေချနေထိုင်ခွင့်ပြုခဲ့ရာမှ နောက်တဖန် ယခုလို ထပ်မံဖြစ်ပွားခဲ့သည်။ ယခင်တကြိမ်နောက်ပိုင်း အကြီးမားဆုံး လူနေအိမ် ရွှေ့ပြောင်းခိုင်းမှုလည်း ဖြစ်သည်။

ယမန်နေ့က ရှမ်းအဖွဲ့အစည်း ၆ ဖွဲ့ ပူးပေါင်း၍ သတင်းစာ ရှင်းလင်းပွဲ တရပ်ကို ထိုင်း-မြန်မာနယ်စပ် ပြုလုပ်ခဲ့ကြပြီး၊ အရပ်သားများအပေါ် ကြမ်းတမ်းရက်စက်သည့် ယခုလုပ်ရပ်အား ချက်ချင်း ရပ်တန့်ပြီး ဒေသခံရွာသားများအား ၎င်းတို့၏ နေအိမ်များတွင် ပြန်လည် နေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, August 12, 2009

ကျောင်းသားတပ်မတော် ( မကဒတ ) မှ သဘောထား ထုတ်ပြန်ကြေငြာချက်

ကျောင်းသားတပ်မတော် ( မကဒတ ) မှ သဘောထား ထုတ်ပြန်ကြေငြာချက်

အပြည့်အစုံ ဖတ်ရန် ...

Tuesday, August 11, 2009

အမျိုးသားပြန်လည် သင့်မြတ်ရေး အဆိုပြုချက် ( ၂၀၀၉ ) နှင့် ပက်သက်၍ သဘောထားထုတ်ပြန် ကြေငြာချက်

သဘောထားထုတ်ပြန် ကြေငြာချက်






Statement Regarding National Reconciliation

(2009 )

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ရန်ရှိ

ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်ရန်ရှိ

Tuesday, 11 August 2009 19:17 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ်လိုက် ခြင်းနှင့် ပတ်သက်ပြီး အယူခံတင်ရန် ရှိကြောင်း ရှေ့နေကြီး ဦးကြည်ဝင်း ကပြောသည်။

“တဝက်လျှော့လျှော့ ဆိုင်ငံ့ ဆိုင်းငံ့ လူတယောက်ကို ပြစ်ဒဏ်ပေးတယ် ဆိုတာကတော့ အယူခံခွင့်တော့ ရှိတယ်”ဟု ဦးကြည်ဝင်းက ပြောဆိုသည်။

သို့သော် ယင်းအယူခံတင်ရေးနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ တိုင်ပင်ရန် လိုအပ်ကြောင်း လည်း ၎င်း ကဆိုသည်။

“ဒီနေ့က အင်္ဂါနေ့ဆိုတော့ ဒီအပတ်ထဲမှာပဲ ထပ်တွေ့ရင် ကောင်းမယ်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်”ဟု ဦးကြည်ဝင်းက ဆက်ပြောပြသည်။

ယနေ့တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက် သည်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချ၍ နေအိမ် အကျယ် ချုပ်ဖြင့် ဆိုင်းငံ့ပြစ် ဒဏ် သတ်မှတ်လိုက်ကြောင်း သိရသည်။

“၃ နှစ်ချတာတဲ့ ၊ အဲဒါကို ပြည်ထဲရေး အမိန့်နဲ့ ၁ နှစ် ခွဲ ကိုလျှော့ပေါ့ပြီးတော့ နေအိမ်မှာ အကျယ်ချုပ် ချုပ်ဖို့ သတ်မှတ်လိုက်တယ်လို့ ပြောတယ်၊ မြန်မာ့ရုပ်သံကလည်း ကြေညာသွားတယ်”ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ် ၍ လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေ ရေးအတွက်လည်းကောင်း ဖြစ်သည်ဟုလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။

ယင်း ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်ချရာ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင်လည်း ရဲ တပ်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် များစွာ ချထားကြောင်း တွေ့မြင်ရသူ တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင် ၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင် ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခဲ့သည်။ ပုဒ်မ ၂၂ သည် ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထောသည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ရေကူး၍ သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း၌ ၎င်းအားတွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ပြည်တွင်း ပြည်ပ နိုင်ငံရေးခေါင်းဆောင်များ ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက် ပြည်တွင်း ပြည်ပ နိုင်ငံရေးခေါင်းဆောင်များ ရှုတ်ချ

Tuesday, 11 August 2009 19:51 ရန်ပိုင်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထပ်မံ၍ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချမှတ် လိုက်ခြင်းသည် မြန်မာ့နိုင်ငံရေးနယ်က ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။

ယနေ့တွင် စစ်အစိုးက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ၁ နှစ်နှင့် ၆ လချမှတ် လိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာပြီး တိုင်းရင်းသား ခေါင်းဆောင်နှင့် ပြည်ပ နိုင်ငံရေးအင်အားစုများက ယင်းကဲ့သို့ ပြော ကြားလိုက်ခြင်းဖြစ်သည်။

မွန် အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)မှ ဒု ဥက္ကဋ္ဌ နိုင်ငွေသိန်း က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အရှိန်အ၀ါ ကို ကြောက်ပြီးတော့ နိုင်ငံရေးနယ်က ထုတ်လိုက်တာပါ၊ ပြိုင်ပြီး မလုပ်ရဲတာလည်း ပါတာပေါ့၊ ထောင်ကျမယ်လို့ ထင်ပြီး သားပါ” ဟု ဧရာဝတီသို့ ပြောသည်။

အပစ်ရပ် အဖွဲ့များကလည်း အသွင်ပြောင်းရေးကို ငြင်းဆိုထားသဖြင့် နယ်စပ်ဒေသများတွင် လှုပ်ရှားမှု ပိုမို ပြင်းထန်လာမည်ဟု ထင်ကြောင်း ဆက်ပြောသည်။

မြန်မာ့အရေး လေ့လာသူများက ယခု လုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ တွင် မပါဝင် နိုင်ရန် အချိန်ကိုက် စနစ်တကျ ကြံစည်ပြီးမှ လုပ်ကိုင်သည်ဟု ထင်မြင်ယူဆလျက် ရှိသည်။

“၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွှတ်ရမှာ ဒါကို မလွှတ်ချင်လို့ ဒီလိုလုပ်တယ်ဆိုတာကို ကြိုပြီးတော့ မြင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပြီးတော့ အိမ်မှာပဲ ပြည်သူတွေနဲ့ တွေ့ခွင့်မရအောင် လုပ်ထားတာပါ၊ အပြစ် ဒဏ်ချတဲ့ အချိန်မှာ ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အားလုံး မတ်တပ်ရပ်ပြီးတော့ ခေတ္တ ငြိမ်သက်ကြဖို့ အားလုံးကို နှိုးဆော် ထားတယ်” ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

နိုင်ငံတကာနှင့် ပြည်သူများကလည်း နောင်လာမည့် ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရအနေဖြင့် အသိ အမှတ် ပြုမည် မပြုမည်ကို စဉ်းစားရန်လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကိုပင် ယခုကဲ့သို့ ပြုမှုနေလျှင် တိုင်းရင်းသားများ အနေဖြင့်လည်း သံသယစိတ် စိုးရိမ်စိတ်များ ပိုမို ၀င်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယနေ့ အင်းစိန်ဈေးရှေ့၊ အင်းစိန် ခုံးတံတားအထက်၊ ပေါက်တောဝတွင် လာရောက် စုဝေးနေသူ ထောင်ဂဏန်း ခန့် ရှိမည်ထင်ကြောင်း၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်၊ လုံထိန်းရဲများဖြင့် လုံခြုံရေးတင်းကျပ်ထားကြောင်း၊ တရားစီရင်ရာ အင်းစိန်ထောင် အနီးတ၀ိုက်တွင် ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း၊ ဦးအုန်းကြိုင်၊ ဦးစိန်လှဦး၊ ဒေါ်မေ၀င်းမြင့်တို့ လည်း လာရောက်ကြကြောင်း ဦးအေးသာအောင်က ပြောသည်။

ဝါရင့်နိုင်ငံရေးသမား တဦးဖြစ်သူ သခင်ချန်ထွန်းက“ယက်ထောကို ၇ နှစ်ချတာ ဒေါ်အောင်ဆန်းစုကြည်ကို တနှစ်ခွဲ ဆိုတာက ရွေးကောက်ပွဲမှာ အနှောင့်အယှက် ဖြစ်မှာစိုးလို့ မပါနိုင်အောင် အစီအစဉ်နဲ့ ကျကျနန ပေးတာလို့ ဒီလိုပဲယူဆပါတယ်၊ ရန်ကုန်၊ မန္တလေး တို့လိုမြို့ကြီးတွေမှာ ရဲ စစ်တပ် လုံထိန်းရော အဆင်သင့် ဆိုတော့ လူထုလည်း လှုပ်ရှားခွင့် မရတော့ သိပ်ကြီးကြီး ကျယ်ကျယ်တော့ ဖြစ်လာမှာ မဟုတ်ဘူး”ဟုပြော သည်။

ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးအတွက် သာမက ပိုမို ပြည့်ဝသော နိုင်ငံသူ နိုင်ငံသားများ ဖြစ်လာရေးအတွက် တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို နှီးနှော ဖလှယ် နိုင်သည့် အဆင့်ရောက်ရန် လေးစားစွာလေ့လာသင့်ကြောင်း သူမ၏ မိန့်ခွန်းတခုတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်သည့် ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း၊ ပြင်သစ် သမ္မတ ဆာကိုဇီ၊ သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး စတီဗင် စမစ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနတို့က အပြင်း အထန် ဝေဖန်ရှုတ်ချလိုက်သည်။

ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး Ivan Lewisက “၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက နိုင်ငံတကာ အနေဖြင့် မြန်မာ နိုင်ငံအပေါ် အရေးယူ ဆောင်ရွက်မှုများ ပိုမို ပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေကို စာရေးသားပေးပို့သွားမှာပါ”ဟု ပြောသည်။

ထို့အပြင် ပြင်သစ်သမ္မတ ဆာကိုဇီက မြန်မာပြည်ကို ပိုမို အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ဥရောပ သမဂ္ဂကို တောင်းဆိုလိုက်ကြောင်း သိရသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(မြန်မာနိုင်ငံ)၊ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာပြည် အရေး ဆောင်ရွက်နေသော Burma Campaign(UK)၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်သည့် ပြစ်ဒဏ်ကို ကန့်ကွက်သည့် ကြေညာ ချက် များကို ထုတ်ပြန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက် ကြောင်းလည်း သိရသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

(ဤသတင်းကို ဧရာဝတီ သတင်းထောက် ကိုထွေးက ပူးပေါင်း ပါဝင် ရေးသားသည်။)


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နောက်ဆုံးစီရင်ချက် တရားခွင် မြင်ကွင်း

နောက်ဆုံးစီရင်ချက် တရားခွင် မြင်ကွင်း


Tuesday, 11 August 2009 19:56 အောင်သက်ဝိုင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အပြီးသတ်အမိန့်ချမှတ်တဲ့ အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်ကို တက်ရောက်ခွင့်ရသူတဦးက ပြန်ပြောပြတဲ့အတိုင်း ဖော်ပြလိုက်ရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အမှု အပြီးသတ်အမိန့် ချတဲ့ တရားခွင်ကို ပြည်တွင်း၊ ပြည်ပသတင်းထောက်တွေ သံတမန်တွေကို တရားဝင် တက်ခွင့်ပြုမယ်လို့ ဒီနေ့ မနက် ၁၀ နာရီ လောက်ကတည်းက ကြားတာပါ။

တရားခွင်ကို မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တရားဝင် စတင်ခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အထူး ကြပ်မတ် ကုသဆောင်မှာ ဆေးကုသမှုခံယူခဲ့ရတဲ့ မစ္စတာ ဂျွန် ၀ီလျံ ယက်ထောက အင်္ကျီဖြူပြာရောင် လက်ရှည်နဲ့ နို့်နှစ်ရောင် ဘောင်းဘီကို ၀တ်ထားပါတယ်။

နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ အင်းစိန်ထောင် အထူးတရားရုံးက အ၀ါရောင်နောက်ခံ လိုက်ကာစကြီးတွေနဲ့ တော်တော်လေး သပ်သပ်ရပ်ရပ်ရှိလှပါတယ်။ သံတမန်တွေ၊ သတင်း ထောက်တွေက ပလတ်စတစ် ထိုင်ခုံ အနီတွေနဲ့ ထိုင်နေကြတယ်။

ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေကို သတင်းထောက်တွေ၊ သံတမန်တွေက တရားရုံး အ၀င်အ၀မှာ အပ်ထားခဲ့ရပေမယ့် လုံခြုံရေးတာဝန်ကျတွေကတော့ တက်ရောက်လာကြတဲ့ သံတမန်တွေ၊ သတင်းထောက်တွေကို သူတို့ရဲ့ ကင်မရာတွေ၊ လက်ကိုင်ဖုန်းတွေနဲ့ မှတ်တမ်းတင်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က မနက် ၁၀ နာရီ၊ မိနစ် ၅၀ မှာ တရားခွင်ကို ရောက်ရှိလာပါတယ်။

ပန်းရောင် ရင်ဖုံးအင်္ကျီ၊ အညိုရောင်နဲ့ ငွေမင်ရောင်စပ် ထဘီကို ၀တ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာကတော့ နည်းနည်း ချောင်ကျနေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေပါတယ်။ တရားခွင်ကို ရောက်တယ်ဆိုရင်ပဲ သူက သံတမန်တွေဘက်ကို လှည့်ပြီး တရားခွင်ကို တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ နောက်ကျတဲ့အတွက် တောင်းပန်တဲ့ အကြောင်း ပြောလိုက်ပါတယ်။ သူနဲ့အတူ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမ တို့လည်း လိုက်ပါလာတယ်။

အဲဒီနောက် မနက် ၁၁ နာရီခန့်မှာ မစ္စတာယက်ထောရဲ့ အမှုအတွက် တရားသူကြီး တဦးက အမှုဖြစ်စဉ်နဲ့ ချမှတ်တဲ့ အမိန့်ကို စဖတ်ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာပါ တားမြစ်ချက်တွေကို ချိုးဖောက်တဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။ စည်ပင်ဥပဒေအရ ရေကူးခွင့်မရှိတဲ့ အင်းလျားကန်မှာ ရေကူးတဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ် တယ်လို့ တရားသူကြီးက ဖတ်ကြားတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချဖို့ တရားသူကြီးက ပြင်ပါတယ်။ အဲဒီအချိန်မှာတော့ သံတမန်တွေ၊ သတင်းထောက်တွေက လှုပ်လှုပ်ရှားရှား ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက် ချမယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက မတ်တပ်ရပ်ပြီး တရားသူကြီးကို အရိုအသေပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ခဏလေး မတ်ရပ်ပြီး ပြန်ထိုင်တယ်။ သူ့ပုံစံက အတော်ကို တည်ငြိမ်ပါတယ်။ အဲဒီအချိန်မှာ မစ္စတာ ယက်ထောကတော့ မတ်တပ်ရပ်နေတဲ့ သူ့ရှေ့နေဘေးနားမှာ ခေါင်းငုံ့ပြီး ထိုင်နေတယ်။

တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဖြစ်စဉ်ကို တော်တော်ကြာကြာ ပြန်လည်ဖတ်ကြားပါတယ်။ အဲဒီလို ဖတ်ကြားပြီးတဲ့ နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ တင်ပြခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပယ်ဖျက်ပြီးတယ်ဆိုတာ မဟုတ်မှန်ဘဲ ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်း စုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမတို့ကို ၁၉၇၅ ခုနှစ် နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးလိုသူများ ကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၂ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ်ဆီ ချမှတ်တယ်လို့ အမိန့်ချလိုက်ပါတယ်။

ဒါ့အပြင် မစ္စတာယက်ထောကိုလည်း အဲဒီပုဒ်မ ၂၂ အရ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် အမိန့်ထပ်မံချမှတ် လိုက်ပါတယ်။

အဲဒီအချိန်မှာ သံတမန်တွေ၊ သတင်းထောက်တွေ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး တရားသူကြီးကတော့ တရားခွင်ကနေ ချက်ချင်းပြန်ထွက် သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေနဲ့ စကားပြောရင်း တရားရုံးကနေ ပြန်လည် ထွက်ခွာဖို့ ပြင်နေချိန်မှာပဲ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတရားရုံးထဲဝင်လာပြီး ပြောစရာရှိသေးလို့ ခဏလောက် စောင့်ဆိုင်းပေးဖို့ သံတမန်တွေနဲ့ သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ကို တရားရုံးက ပြစ်ဒဏ်ချမှတ်ရင် ပြစ်ဒဏ်တ၀က် လျော့ပေါ့ပေးဖို့နဲ့ လျော့ပေးတဲ့ပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့ထားပြီး နေအိမ်မှာ ခံဝန်စည်းကမ်းချက်တွေနဲ့ နေရင် ဆိုင်းငံ့ပြစ်ဒဏ် ကာလ တ၀က် မကျော်လွန်သေးတဲ့ အချိန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမိန့်ကို ဖတ်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့ လိုက်နာရမယ့် စည်းကမ်းတွေကတော့ တက္ကသိုလ် ရိပ်သာလမ်း မှာရှိတဲ့ နေအိမ်မှာပဲ နေရမယ်၊ ခြံဝင်းအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိမယ်၊ ကျန်းမာရေးအတွက် ဆရာဝန်၊ သူနာပြုများနဲ့ ပြသခွင့်ရမယ်၊ သက်ဆိုင်ရာ ခွင့်ပြုချက်နဲ့ ဧည့်သည် တွေ့ခွင့် ရှိမယ်၊ မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြား ကြည့်ရှုခွင့်ရှိမယ်၊ မြန်မာနိုင်ငံထုတ် နေ့စဉ်သတင်းစာတွေနဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေ ဖတ်ခွင့်ရမယ်၊ မိမိရဲ့ လိုအပ်ချက်တွေကို စာနဲ့ ရေးသား တောင်းဆိုခွင့်ရမယ်၊ ဒီစည်းကမ်းချက်တွေ အပြင် တခြားကိစ္စတွေ ဆောင်ရွက်လိုရင်လည်း သက်ဆိုင်ရာကို ခွင့်ပြုချက် တောင်းခံပြီး ဆောင်ရွက်ခွင့်ရှိမယ် လို့ ဆိုပါတယ်။ အဲဒီအချက် ၈ ချက်နဲ့ နေအိမ်တွင် ၁၈ လကြာ နေထိုင်ရမယ်လို့ ဗိုလ်ချုပ်မောင်ဦးက ဆိုပါတယ်။

သံတမန်တွေဘက်ကို လှည့်ပြီး စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာက နည်းနည်း ညှိုးနွမ်း နေတာကလွဲလို့ တည်ကြည်နေပြီး သူ့မျက်ဝန်းတွေက လင်းလက်တောက်ပ နေပါတယ်။

တရားရုံးက ပြန်ထွက်လာတဲ့အချိန်မှာတော့ နေ့လယ် ၁၂ နာရီ ခွဲခါနီးနေပါပြီ။

အင်းစိန်ထောင်နား ပတ်ဝန်းကျင်နဲ့ အင်းစိန်မြို့မဈေးရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေ အပါအဝင် ပြည်သူလူထု တထောင်ကျော်လောက် စုဝေးနေပြီး စွမ်းအားရှင်တွေ၊ လုံထိန်းတွေလည်း ဖွေးဖွေးလှုပ်အောင် တွေ့နေရပါတယ်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို ယာယီထိန်းသိမ်း

ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူများကို ယာယီထိန်းသိမ်း

Tuesday, 11 August 2009 16:09 သန်းထိုက်ဦး

ရန်ကုန်မြို့ အင်းစိန်ထောင်အနီးတွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်အားပေးသူ လူ ၅၀ ခန့်ကို လုံထိန်းရဲများ အပါအဝင် အာဏာပိုင်များက ယာယီထိန်းသိမ်း၍ ပြန်လွှတ်ပေးခဲ့ သည်ဟု မျက်မြင်သက်သေများ က ပြော သည်။

အဆိုပါ လူ ၅၀ ခန့်ကို အာဏာပိုင်များက ထိန်းသိမ်းခေါ်ဆောင်သွားပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်အနီးတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အမှုစီရင်ချက်ချတဲ့ အင်းစိန်ထောင် အနီးမှာ စောင့်ကြည့်တဲ့ လူ ၅၀ ကျော်ကို ဒိုင်နာ ကား နဲ့ ခေါ်သွားတယ်၊ပြီးတော့ အဖွဲ့ချုပ်ရုံးနားမှာပြန်လွှတ်ပေးခဲ့တယ်” ဟု မြို့ခံ မျက်မြင်တဦးက ပြောသည်။

အင်းစိန် ခုံးတံတား၌ ရဲကား ၁၀ စီးခန့် အင်အားအပြည့်နှင့် ရှိနေပြီး မီးရထားဝင်းများ၊ လမ်းများပေါ်တွင် ကား ၇ စီးခန့် ရပ်ထားကာ အရပ်ဝတ် လုံခြုံရေးများ မြောက်မြားစွာ ချထားကြောင်းလည်း ၎င်း မျက်မြင်က ဆိုသည်။

NLD လူငယ် တဦးအဆိုရ ယခုကဲ့သို့ ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဆူပူမှုများ ဖြစ်ပွားမည်ကိုကြောက်သည့်အတွက် ဖြစ်နိုင်ကြောင်း ဧရာဝတီ သို့ပြောသည်။

အဖမ်းခံရသူများထဲတွင် NLD အဖွဲ့ဝင် အများစုပါဝင်ပြီး နယ်မှ လာရောက်သူများဖြစ်သည်ဟု လည်းဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်ပြီး ယနေ့ တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက်ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ် အမိန့်ချရန် စီစဉ်ထားသော်လည်း ယင်းသို့ ပြစ်ဒဏ်လျှော့ပေါ့ရခြင်းသည် စစ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်အရဖြစ်ကြောင်း၊ ထိုအမိန့်ကို ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦးက တရားခွင်သို့ လာရောက်ဖတ်ကြားသွားကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနေအိမ် အကျယ်ချုပ်ပြစ်ဒဏ် ၁ နှစ် ခွဲ ချမှတ်ခံထားရသော်လည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပါက လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်ကြောင်းလည်း သိရသည်။

အလားတူပင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းမမ တို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တတွဲတည်း ပြစ်ဒဏ်ချမှတ်ခံရကြောင်း၊ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ယင်းချမှတ်သော တရားခွင်သို့ နိုင်ငံခြားသံတမန်များ၊ သတင်းထောက်များကို ဝင်ရောက်ခွင့် ပြုကြောင်း NLD အဆိုရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ထိန်းသိမ်းဦးမည်

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့်
(၁) နှစ်ခွဲ ထိန်းသိမ်းဦးမည်

NEJ / ၁၁ သြဂုတ် ၂၀၀၉


အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်သော်လည်း နအဖအကြီးအကဲ၏ ကြေညာချက်အရ နေအိမ်အကျယ်ချုပ် (၁၈) လ ဦးစွာကျခံရမည်ဖြစ်သည်။

ထိုကဲ့သို့ အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပြီးနောက် နအဖစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သြဂုတ် (၁၀) ရက် နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးသို့ပေးပို့ခဲ့သော အမိန့်ကြေညာစာကို ဆက်လက်ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်ဆိုင်းငံ့နှင့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို သြဂုတ်လ (၁၀) ရက်နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း မြန်မာ့ရုပ်မြင်သံကြားကလည်း မွန်းလွဲ (၁၂) နာရီခွဲတွင် ထုတ်ပြန်ကြေညာသွားသည်။

နအဖဥက္ကဋ္ဌ၏ အမိန့်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက မည်သည့်ပြစ်ဒဏ် ချမှတ်သည်ဖြစ်စေ ထိုချမှတ်သည့် ပြစ်ဒဏ်တ၀က်ကိုသာ ကျခံစေရန်၊ ကျန်ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ထားပြီး သူမ၏နေအိမ်၌ပူးတွဲပါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်နေထိုင်ခွင့်ပြုကြောင်း၊ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်ပါက ကျန်ပြစ်ဒဏ်တ၀က်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကြေညာချက်တွင် နအဖစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေရေးအတွက်လည်းကောင်း ရည်စူး၍ မိမိ၏လုပ်ပိုင်ခွင့်အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာထောက်ထားညှာတာမှု ပြုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ယင်းကြေညာချက်အရ နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ကိုလည်း အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့နှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေထိုင်ခွင့်ဖြင့် နေအိမ်အကျယ်ချုပ်ချခံလိုက်ရသည်။

နေအိမ်အတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၇) နှစ် စီရင်ချက်ချမှတ်ခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 9, 2009

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ဖေါ်ဆောင်ရေး ကြေငြာချက် ( အမှတ် - ၂ )

အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု ဖေါ်ဆောင်ရေး ကြေငြာချက် ( အမှတ် - ၂ )
Gab Declaration 2

အပြည့်အစုံ ဖတ်ရန် ...

(၂၁) မြောက်ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံ အခမ်းအနား (အော်ရီဂွန်)

(၂၁) မြောက် ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံ အခမ်းအနား (အော်ရီဂွန်)


(၂၁) မြောက် ရှစ်လေးလုံးဒီမိုကရေစီ လူထုအရေးတော်ပုံအခမ်းအနားကို အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့တွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများလှုပ်ရှားမှုကော်မတီမှ ဦးဆောင်ကျင်းပခဲ့ ပါသည်။ အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ

၁။ ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ မဆလ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်း ပစ်လိုက်နိုင်သော်လည်း စစ်မှန်သောကြားဖြတ်အစိုးရတရပ် ဖော်ဆောင်နိုင်ရေးကို မလုပ် ဆောင်နိုင်ခဲ့ခြင်း။

၂။ ထိုလူထုအရေးတော်ပုံကြီး၏ အဆုံးသတ်တိုက်ပွဲမဆင်နွဲနိုင်မီ စစ်အုပ်စုမှ ရက်စက်စွာ ဖြိုခွင်း အာဏာသိမ်းခဲ့ခြင်း။

၃။ ထိုအာဏာသိမ်းစစ်အုပ်စုမှ တိုင်းပြည်ကို ၂၁ နှစ်တိုင်တိုင် စစ်ကျွန်ပြုအုပ်ချုပ်မှုခံရခြင်း စသည့်အခြေအနေပေါင်းစုံသည် လတ်တလောဗမာပြည်သူလူထုတရပ်လုံး ခံစားနေရသော လက်ငင်းလူမှုရေး အနိဌာရုံများအဖြစ် တည်ရှိနေပေသည်။ ထိုအနိဌာရုံများမှ ပြည်သူလူထု ရေးတရပ်လုံးလွတ်မြောက်ရေးအလို့ငှာ စစ်အာဏာရှင်စနစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲ ဝင်သွားရေးနှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည့် စစ်အုပ်စုအလိုကျ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်သွားရေး၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ရှစ်လေးလုံးစိတ်ဓာတ်ကို ကိုင်စွဲပြီိး ဆက်လက်တွန်းလှန် တိုက်ပွဲဝင်နိုင်ရေးအတွက်ရည်ရွယ်ပြီး ဒီကနေ့အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။

ဒီကနေ့အခမ်းအနားကို အော်ရီဂွန်ပြည်နယ်ရောက် မကဒတရဲဘော်ဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ ဇိုမီးအမျိုးသားကွန်ဂရက်မှ ရဲဘော်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ရိုဟင်ဂျာအမျိုးသားများ၊ ဒီမိုကရေစီလိုလားသော မြန်မာပြည်သူပြည်သားများ စုပေါင်းဆင်နွဲခဲ့ကြတာဖြစ်ပါတယ်။
ဒီကနေ့အခမ်းအနားမှာ အဖွဲ့အစည်းအသီးသီးမှပေးပို့လာသော သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြပြီး ရှစ်လေးလုံးအရေးတော်ပုံကြီး၏ စိတ်ဓာတ်ကိုကိုင်စွဲကာ စစ်အုပ်စုအား ပြတ်ပြတ်သားသားဆန့်ကျင်တိုက်ပွဲဝင်သွားရန် ရဲဘော်အသီးသီးမှ ဆွေးနွေးဟောပြော သွားခဲ့ ကြပါသည်။

အပြည့်အစုံ ဖတ်ရန် ...