Saturday, June 30, 2012

လူထုခေါင်းဆောင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်မှ ပြန်လည် ရောက်ရှိ (ရုပ်/သံ)

အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ ဥရောပခရီးစဉ် ပြီးဆုံးပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀း၃၀ နာရီခွဲ အချိန်တွင် TG 303 ထိုင်းအဲယားဝေးလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။

 ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူ လူထုများမှ လေဆိပ် ဝဲယာ လမ်းမတလျှောက် လှိုက်လှဲစွာ စောင့်ကြိုနှုတ်ဆက်ခဲ့ကြပါသည်။

အလားတူပင် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင်လည်း ပြည်သူ လူထုမှ လာရောက် စောင့်ဆိုင်း ကြိုဆိုခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူ လူထုအား ပြန်လည် နှုတ်ဆက် ခဲ့ပါသည်။



source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)



ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ
(ကဗျာရှင် နေရဲနီ)

တရံရောအခါ ဗာရာသနင်း
ဗြဟ္မဒတ်မင်းသည် သူ၏ဆင်တပ် ရေသက်ဖို့ရာ
ဂင်္ဂါကမ်းသို့စေလေ၏။

ရဲရင့်ဝံ့ကြွား ဆင်အများတို့ အေးမြကြည်လင်
မြစ်ဂင်္ဂါ၏ ရေအလျင်ကို
မြင်သော်ခဏ အားရဝမ်းသာ
ဂင်္ဂါမြစ်တွင်း ဆင်းလေသော်
ရုတ်ချည်းမူရာ ပြောင်းလဲကာလျှင်
တစ်ကောင်မျက်နှာ တစ်ကောင်ကြည့်ကာဖြင့် ရုတ်တရက်လျှင်
ကျိုးကျိုးကျည်ကျည် အော်ကာမြည်လျက်
ဖရိုဖရဲတပ်ပျက် အသွင် ပြေးကာလျင်သည်
ဂင်္ဂါကမ်းမှ ဝေးရာတည်း။

ဆင်အပေါင်း၏ ထူးခြားဖြစ်အင် မြင်သော်ခဏ
စုံစမ်းကြသော် မြစ်ဂင်္ဂါ၏ အထက်အညာ
ဟိမဝန္တာ မြိုင်ရပ်သာတွင် ဘုန်းရှိန် သမ္ဘာပြည့်စုံစွာသား
ရတနာဆင်ဖြူ ပေါ်ထွန်းမူ၍
ဆင်ဖြူဘုန်းကံ အရှိန်ဒဏ်ကို ဆင်မည်းမခံနိုင် ၍လန့်ကြောက်အသွင် အပြေးနှင်သည်
အုတ်အော်သောင်းနင်း ဖြစ်သတည်း။

မင်းဗြဟ္မဒတ် ရာဇာမြတ်လည်း သူ၏ဆင်တပ် ရေသက်ဖို့ရာ
ကြံကာတွေးသော် ဆင်ဖြူ့အညစ်ကြေး မစင်ချေးကို
ရေနှင့်ဖျော်၍ ဆင်မည်း ကိုယ်ပေါ်လောင်းသော်ခဏ ဆင်အပေါင်းလည်း
သောင်းသောင်းဖျဖျ အားရဝမ်းသာ ရွှင်မြူးကာလျှင် မြစ်ဂင်္ဂါ၏ရေတွင်လူးသည်
အုံးအုံးကျွက်ကျွက် ညံလေသတည်း။

နိပါတ်တော်လာ ထိုပုံဝတ္ထု ပမာပြု၍
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
ဆိုရိုးစကား ရှေးကထားသည်
လက်ထက်တော်က စလေသတည်း

ဤသို့လျှင် ဘုန်ကံနိမ့်ပါး လူ့အန္တတို့
မိန်းမသားပင် ဖြစ်လင့်ကစား ဘုန်းမြင့်မားမူ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့သို့
မသိကျိုးကျွံ ပြုကြတုံသည် လူမိုက်တို့ထုံးနှလုံးတည်း။

ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းသားပြည်သူ များရှင်လူတို့
ဂုဏ်ယူဖွယ်သား နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏
ဥရောပခရီး ကမ္ဘာ့မီဒီယာ အသီးသီးတွင်
သူ့ထက်ငါဦး အလုအယက် ရေးသားနေချိန်
နိုင်ငံပိုင် မီဒီယာ မြန်မာ့အသံ ရုပ်မြင်သံကြား
မြန်မာအလင်းကြေးမုံ အဖုံဖုံတွင် တစိုးတစိမျှ
မရေးကြသည် ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာသည်
ပုဂ္ဂိုလ်ရေးခရီး အကြောင်းပြချက်တည်း။

နေရဲနီ
source by :  http://www.demowaiyan.org

အပြည့်အစုံ ဖတ်ရန် ...

အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတွေက သတင်းမီဒီယာတွေကို တရားစွဲဆိုမှု (ရုပ်/သံ)




source by : http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

အင်္ဂလိပ်ဘာသာနဲ့ ဘားမား သုံးနှုန်းမှု ဖွဲ့စည်းပုံကို မထီမဲ့မြင်ပြုရာ မရောက်


မြန်မာနိုင်ငံကို အင်္ဂလိပ်ဘာသာနဲ့ ဘားမားလို့ ခေါ်ဝေါ်သုံးနှုန်းတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မထီမဲ့မြင်ပြုရာ မရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောကြား လိုက်ပါတယ်။

Photo courtesy of The Mirror
နိုင်ငံတော်အမည် ပြောဆိုသုံးနှုန်းမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာဖော်ပြချက်။

နိုင်ငံတော်အမည်ကို Burma ဘားမား ဆိုပြီး ဒေါ်အောင်ဆန်း စုကြည် ပြောဆို သုံးနှုန်းနေတာကို မြန်မာလို့သာ ခေါ်ဆိုအသုံးပြုဖို့ အသိပေး အကြောင်းကြားထားကြောင်း ဒီကနေ့ အစိုးရထုတ် သတင်း မီဒီယာတွေမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းက AP သတင်းဌာနကို အခုလို တုံ့ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီအခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အခုလို အသိပေး အကြောင်းကြားတဲ့ ကိစ္စဟာ ပြဿနာကြီးတရပ် မဟုတ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က အခုလို သတိပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ကို RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး နှင့်
ဆက်သွယ် မေးမြန်းချက်အား နားဆင်ရန်

Myanmar, Burma ဒေါ်အောင်ဆန်းစုကြည် သုံးနှုန်းတာကို သတိပေးတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်ထဲ နားဆင်နိုင် ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင် နှင့်

source by :  http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး


ဗမာနိုင်ငံ နဲ့ မြန်မာလူမျိုး
တူမောင်ညို။ ဇွန် ၃၀၊ ၂၀၁၂
မြန်မာ ဆိုတာ လူမျိုးရဲ့နာမည်

ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ စာအုပ် စာမျက်နှာ (၁၀၃- ၁၀၄) တွင် ယခုလိုဖေါ်ပြထားပါသည်။

“မြန်မာလို့ခေါ်ရင်အစပထမလူမျိုးကိုပဲခေါ်တာဖြစ်တယ်။ နောက်တစ်နေရာ တစ်နေရာတည်းမှာပဲ မြန်မာတွေ အနေကြာတော့ သူတို့နေတဲ့ နေရာကိုပါ မြန်မာစု၊ မြန်မာရွာ၊ မြန်မာပြည်လို့ခေါ်တယ်၊ မွန်ကျောက်စာ (ခရစ် ၁၁၀၂ ) ထဲမှာ မြန်မာ ကို မိရ်မာ (မွန်ကျောက်စာ ၉ခ/၄၂၊ဒီ ၂၄၊ အိပ်ခ်ျ ၁၂) လို့ရေးထားတာတွေ့ရတယ်။ ထိလိုင်မင် (၁၀၈၄ – ၁၁၁၃) လက်ထက် နန်းသစ် ဆောက်တဲ့ အခါ မွန်၊ ပျူနဲ့ မိရ်မာ လက်သမားတွေပါတယ်လို့ ဆိုပါတယ်။

အဲဒါ မြန်မာနိုင်ငံရဲ့ကျောက်စာတွေထဲမှာ အစောဆုံးတွေ့ရတဲ့ မြန်မာ အကြောင်းပဲဖြစ်ပါတယ်”

“မြမ္မာ” လို့ရေးတာလည်းတွေ့ရတယ်လို့ဆိုပါတယ်။
ဒီတော့ “မြန်မာ” ဆိုတာ မြန်မာလူမျိုးရဲ့မူလနာမည်ပဲ။ တိုင်းပြည်နာမည် မဟုတ်ပါ။

ဗမာနိုင်ငံ၊မြန်မာလူမျိုး

တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)၊ အခန်း ၇၊  စာမျက်နှာ (၂၁၃-၂၁၇)တွင် ယခုကဲ့သို့ဖေါ်ပြထားပါသည်။
         
 တို့ဗမာ အစည်းအရုံးသည် မူလတည်ထောင်စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသောစကား၊ “ဗမာ”ဟူသောစကား၊ “ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ် ဟူသော အမည်နာမ တပ်ဆင်ခဲ့ဖြင့် သိသာ ထင်ရှားပေသည်။
         
သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည် ဆိုသော စကားမှာ မြန်မာလူမျိုးနေထိုင်သောမြန်မာနိုင်ငံဟု အဓိပ္ပါယ်ရောက်သည်။
         
 မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံကို မြန်မာပြည်ဟုမသုံး၊ ဗမာနိုင်ငံ ဗမာပြည် ဟုသုံး သည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။

ဗမာနိုင်ငံတွင်နေထိုင်ကြသော တိုင်းရင်းသားအားလုံးကို ဗမာဟုခေါ်သည်။
        
 မွန်လူငယ် မွန်သင်းလှိုင်၊ မွန်သန်း၊ မွန်ထွန်းဦးစသည်တို့သည် သခင်သင်းလှိုင်၊ သခင်သန်း၊ သခင်ထွန်းဦး
         
ထားဝယ်လူငယ် ကိုဗသိန်းတင်၊ကိုစံဝင်း၊ ကိုဗဆွေ စသူတို့သည် သခင်ဗသိန်းတင်၊ သခင်စံဝင်း၊ သခင်ဗဆွေ
         
ရခိုင်လူငယ် ကိုအောင်ကြီး၊ ကိုစန်ရွှေ၊ ကိုဗတင် စသူတို့သည် သခင်အောင်ကြီး၊ သခင်စန်ရွှေ၊ သခင်ဗတင်
         
 ရှမ်းလူငယ် ကိုခွန်တီး၊ ကိုခင်မောင်၊ ကိုငွေ ကိုသစ် စသူတို့သည် သခင်ခွန်တီး၊ သခင်ခင်မောင် (ကမာရွတ်)၊ သခင်ငွေ (ဗိုလ်စောအောင်)၊ သခင်သစ် (ဗိုလ်စောနောင်)
        
 ချင်းလူငယ် ကိုဝမ်းသူမောင်၊ ကိုအောင်မင်း စသူတို့သည် သခင်ဝမ်းသူမောင်၊ သခင်အောင်မင်း
            ပအိုးလူငယ် ကိုသိမ်းမောင်၊ ကိုဗရွှေ စသူတို့သည် သခင်သိန်းမောင်၊ သခင်ဗရွှေ
         
 ကရင်လူငယ် ကိုဘိုးကွယ်(မြောင်းမြ) ၊ ကိုစိုန်ရွှေ(မြောင်းမြ) တို့သည် သခင်ဘိုးကွယ်၊ သခင်စိန်ရွှေ ဟူ၍ သခင်အမည်ခံ ယူ ခဲ့ကြသည်။
         
 ထို့အတူ မစ္စတာနာရရန်ဆင်၊ နာရီဒူး၊ ဆင်းဂုပ္ပတား၊ ဘဲလျား၊ အပ္ပနား စသော အိန္ဒိယအမျိုးသားများသည် သခင်နာရရန်ဆင်၊ သခင်နာရီဒူး၊ သခင်ဆင်းဂုပ္ပတား၊ သခင်ဘဲလျား၊ သခင်အပ္ပနား
        
 ကိုတိတ်ဂွမ် (ရန်ကုန်)၊ ကိုဇေယျခေါ် အင်ပီး (မြောင်းမြ)၊ စူးတူး (ခေါ်) ကံဆင့်(မြောင်းမြ)၊ ချိန်တိတ်(ညောင်ဦး)၊ ဂင်စိန်(မြိတ်) စသော တရုတ်အမျိုးသားများသည် သခင်တိတ်ဂွမ်၊ သခင်ဇေယျ၊ သခင်ကံဆင့်၊ သခင်ချန်တိတ်၊ သခင်ဂင်စိတ် စသဖြင့် သခင်ဘွဲ့ခံယူပြီး တို့ဗမာအစည်းအရုံးတွင် ဝင်ရောက်ကာ တိုက်ပွဲအမျိုးမျိုးကို ဆင်နွှဲခဲ့ကြသည်။
         
ထို့ကြောင့်ပင် တို့ဗမာသီချင်းတွင်

 “ တို့ဗမာ— ၊ ဟေ့— တို့ဗမာ၊ ဗမာပြေတဝှမ်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲဒါ တို့ဗမာ”ဟု ထည့်သွင်းသီဆိုခဲ့ကြသည်။ ထို့အတူ မူလနိုင်ငံတော် သီချင်းတွင်လည်း “ဗမာပြေ”ဟုသာ ထည့်သွင်းရေးသားသီဆိုခဲ့ကြသည်။
         
 နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြသည့်ပါတီအဖွဲ့အစည်းများ၏ အမည်များကိုလည်း ဤသို့ ရေးသား ဖေါ်ပြခဲ့ကြပါသည်။

-       ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ)
-       ဗမာ့ထွက်ရပ်ဂိုဏ်း
-       ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)
-       ဗမာ့လက်ရုံးတပ်
-       ဗမာ့လွတ်လပ်ရေးတပ်မတော်
-       ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး — သဖြင့်ဖြစ်သည်။
တို့ဗမာအစည်းအရုံးဝင် တိုင်းရင်းသားလူငယ်များကလည်း ၄င်းတို့အမည်ကို ဤသို့ပြောင်းလဲခဲ့ကြသည်။

သမိုင်းကိုပြင်တာမဟုတ်၊ ဖျက်ဆီးနေတာ

ယင်းသို့ သမိုင်းအချက်အလက်များ တိတိကျကျ၊ ထင်ထင်ရှားရှားရှိခဲ့ပါလျက် (နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် ယင်းကဲ့သို့သော သမိုင်းအချက်အလက်မှန်များကို ပြောင်းပြန်ဇောက်ထိုး ဖြစ်အောင် လုပ်ခဲ့ကြသည်။ ထင်သလို ပြင်ဆင်ခဲ့ကြသည်။

 တကယ်တော့သမိုင်းကို သမိုင်းအချက်အလက်တွေကို ဖျောက်ဖျက်နေခြင်း၊ ဖျက်ဆီးနေခြင်းသာဖြစ်သည်။

မည်သည့်လူမျိုးပင်ဖြစ်ပါစေ အခြားလူမျိုး၏ ဘာသာစကားနှင့်အသံထွက်ကို အတိအကျပြောဆို အသံထွက်နိုင်လိမ့်မည် မဟုတ်၊  အနီးစပ်ဆုံးသာ ပြောဆိုအသံထွက်နိုင်ပါလိမ့်မည်။

“အသံထွက်မပီကလာပီကလာဖြင့်” မြန်မာကို (Burma/ဘားမား) လို့အသံထွက်တာ၊ (Burma)လို့ သုံးတာဟာ “လူမျိုးရေး သွေးကွဲစေရန်” အစီအမံရှိတာဖြစ်တယ်ဟု ဆိုသော ပြောဆိုရေးသားမှုများဟာ ဆီလျော်မှုမရှိတဲ့ ဇင်နိုဖိုဘီးယား (Xenophobia) အကြောင်းပြချက်များသာဖြစ်ပါသည်။

မြန်မာဆိုတာ လူမျိုးရဲ့နာမည်သာ ဖြစ်တယ်ဆိုတာ ကျောက်စာအထောက်အထားနဲ့ အခြားအိမ်နီးချင်းခေတ်ပြိုင် အထောက် အထားတွေမှာ (Mien-tien) (မီရန်တင့် ) အထင်အရှားတွေ့မြင်နေရပါလျက် မြန်မာ ဆိုသည်မှာ တိုင်းရင်းသားအားလုံးကိုကိုယ်စားပြုပြီး ဗမာ ဆိုသည်မှာ လူမျိုးတစ်မျိုး၏အမည်လို့ ပြောင်းလဲလိုက်ခြင်း/ ပြောင်းလဲလိုခြင်း ကသာလျှင် သမိုင်းကို ပြောင်းပြန်ဇောက်ထိုးပြုလုပ် ခြင်းဖြစ်ပါသည်။   မိမိတိုင်းပြည်သမိုင်းနှင့် လူမျိုးသမိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါသည်။

(နဝတ)စစ်အစိုးရက (၁၈ – ၆- ၁၉၈၉) နေ့တွင် နိုင်ငံတော်သီချင်းတွင်ပါဝင်သည့် “ဗမာ” ဆိုသည့် စကားရပ်ကို “မြန်မာ” ဆိုသည့်စကားရပ်ဖြင့် ပြောင်းပြန်ဖြစ်အောင်ပြောင်းခဲ့သည်။ (နဝတ) စစ်အစိုးရဥပဒေအမှတ် (၁၆/၈၉) ဖြင့် (Burma) ကို (Myanmar) ဟု တစ်ဖက်သတ်ထင်သလို ပြောင်းလဲခေါ်ဝေါ်စေခဲ့ကြခြင်းသာဖြစ်သည်။

တို့ဗမာအစည်းအရုံးသမိုင်းတွင်ဖေါ်ပြသကဲ့သို့ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသောနာမည်ဖြစ်သည်။
ထိုပဒေသရာဇ်များသည်သူတလူငါတမင်းဖြင့် အဖကိုသားသတ်၊ ညီကအကိုကိုသတ် စသဖြင့် သွေးခင်း၍ နန်းလုခဲ့ကြသည်။

နောက်ဆုံးတွင် ပဒေသရာဇ်ဘုရင်ကို ကိုလိုနီနယ်ချဲ့သမားက ရာဇပလ္လင်ပေါ်ကဆွဲချပစ်ခဲ့သည်။ ကြက်ကလေးငှက်ကလေး သဖွယ် ပါတော်မူသွားကြရသည်။ ထိုပဒေသရာဇ်များ၊ ထိုပဒေသရာဇ် သက်ဦးဆံပိုင်စနစ်၏ အစဉ်အလာများကို အဘယ့်ကြောင့်ဖက်တွယ် လွမ်းဆွတ် တသနေကြမည်နည်း။ ကိုးကွယ်နေကြမည်နည်း။

တန်ဖိုးထားကြမည်ဆိုလျှင် ကိုလိုနီနယ်ချဲ့သမားများကို ဆန့်ကျင်ခဲ့ကြသည့် သမိုင်းနှင့် ယင်းသို့တောက်ပြောင်သော သမိုင်း အစဉ်အလာများကိုသာ တန်ဖိုးထားကြရမည်မဟုတ်ပါလော။

အုပ်စိုးသူအစိုးရအဆက်ဆက်သည် နယ်ချဲ့ဆန်ကျင့်ရေး၊ ဖက်ဆစ်တော်လှန်ရေးသမိုင်းနှင့် သမိုင်းဝင်အဖွဲ့အစည်းများ၊ ရဟန်း ရှင်လူပုဂ္ဂိုလ်များ၊ သမိုင်းအချက် အလက်များ၊ အထိမ်းအမှတ်များကိုတော့ ကွယ်ပျောက်၊ ပျက်ပျယ်၊ မှုံဝါးသွားစေရန် စနစ်တကျ စီမံ လုပ်ဆောင်ခဲ့ကြသည်။ လုပ်ဆောင်နေဆဲလည်း ဖြစ်သည်။

(နဝတ-နအဖ) စစ်အစိုးရနှင့် လက်ရှိအစိုးရသည် သက်ဦးဆံပိုင်ပဒေသရာဇ် အစဉ်အလာများကိုသာ ဖက်တွယ်ထားလိုကြသည်။ သူတို့သည် သူတို့မမြင်ဖူးခဲ့သော (အနော်ရထာ၊ဘုရင့်နောင်၊ အလောင်းဘုရား) ဘုရင်များကို အရုပ်ထု၍ ကိုးကွယ်နေကြသည်။ ဂုဏ်ယူ နေကြသည်။

ဗြိတိသျှကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့တွန်းလှန်ခဲ့သော “စစ်သူကြီးမဟာဗန္ဓုလ”ကို နေပြည်တော်မှာ အရုပ်ထုပြီး ဘာကြောင့် မကိုး ကွယ်ရတာလဲ။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှကိုလိုနီနယ်ချဲ့သမားကို ဆန်ကျင့်ခဲ့သူ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သူ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး(ပင်လုံစာချုပ်) တည်ဆောက်ခဲ့သူဖြစ်ပါသည်။

ဗိုလ်ချုပ်၏ ယင်းသို့ တောက်ပြောင်ခမ်းနားသော နယ်ချဲ့ဆန်ကျင့်ရေးဖက်ဆစ်တော်လှန်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး သမိုင်းအစဉ်အလာအမွေကို မျိုးဆက်သစ်လူငယ်များ ဆက်ခံရမည်မဟုတ်ပါလား။

ယခုတော့ သမိုင်း နှင့် မျိုးဆက်သစ်လူငယ်များကို အဆက်ဖြတ်ပစ်နေကြသည်။ အဆက်ပြတ်အောင်လုပ်နေကြသည်။

လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဟု လက်ရှိအစိုးရ “ပါးစပ်”က ပြောနေသော်လည်း နေပြည်တော်တွင် ဗိုလ်ချုပ် အောင်ဆန်းရုပ်ထု မရှိပါ။ ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံထည့်သွင်း ရိုက်နှိပ်ခြင်းမရှိပါ။

ဒါကြောင့် (နဝတ-နအဖ) စစ်အစိုးရအုပ်စိုးခဲ့တဲ့ကာလ (၁၉၈၈ – ၂၀၁၁) ကို ဗိုလ်ချုပ်အောင်ဆန်းသမိုင်း သေးသိမ် မှေးမှိန် အောင်လုပ်ခဲ့တဲ့ကာလလို့ ပြောမယ်ဆိုရင် အပြောလွန်ရာကြမည်မထင်ပါ။

ထို့အပြင် လက်ရှိ ဦးသိန်းစိန်အစိုးရကလည်း Burma ပါလျှင် “ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ)” တရား ဝင်ဖွဲ့စည်းခွင့်ကို  လက်မခံသလို၊ (ဗကသ) လှုပ်ရှားမှုကိုလည်း ဟန့်တား၊ ပိတ်ပင်၊ ခြိမ်းချောက်နေပါသည်။

နိဂုံးချုပ်ရလျှင်

ကျောက်စာအထောက်အထား၊ အိမ်နီးချင်းနိုင်ငံ၏ခေတ်ပြိုင်မှတ်တမ်းများအရ လူမျိုးကို “မြန်မာ”(Myanmar) ဟု ခေါ်ဝေါ်ခြင်း ကသာ မှန်ကန်ပါမည်။

ထိုနည်းတူပင် နိုင်ငံကိုလည်း သမိုင်းအစဉ်အလာကြီးမားသော တို့ဗမာအစည်းအရုံးကြီးက စနစ်တကျ တီထွင် ပေးအပ်ခဲ့ သော၊ ကျွန်သဘောက်ဘဝကို ရွံမုန်းပြီး၊ သခင်တိုင်းပြည် သခင်လူမျိုးများ ဘဝရောက်ရှိလာအောင် (သခင်မျိးဟေ့ ဒို့ဗမာ) ရဲတင်းသံ ပေးခဲ့သော၊ တိုင်းရင်းသား ပေါင်းစုံကို ကိုယ်စားပြုသော “ဗမာနိုင်ငံ” (Burma)ဆိုသည့် အမည်ကို တိတိကျကျ ခေါ်ဝေါ်သုံးစွဲခြင်းကသာ လျှင် မှန်ကန် ဆီလျော် ကိုက်ညီပါလိမ့်မည်။

မြန်မာလူမျိုး၊ ဗမာနိုင်ငံလို့ခေါ်ကြစို့။

(၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်)

ကိုးကား
-       တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ) ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၇၆
-       ဒေါက်တာသန်းထွန်း- မြန်မာသမိုင်းရှာတော်ပုံ ပထမအကြိမ်၊ ၂၀၀၃၊ အောက်တိုဘာ၊ ဒေါင်းစာပေ

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, June 28, 2012

မြန်မာ့ဂုဏ်ဆောင် နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူထုဖြင့် ကြိုဆိုရန်စီစဉ်

ရန်ကုန် (မဇ္ဈိမ) | ဥရောပ ငါးနိုင်ငံသို့ ၁၆ ရက်ကြာ ခရီးလှည့်လည်ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လူအမြောက် အများဖြင့် ကြိုဆိုရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်လမ်းတလျှောက် ဝဲယာတွင် အင်္ကျီ အနီရောင်များ ဝတ်ဆင်ကာ ခွပ်ဒေါင်းအလံနှင့် မြန်မာနိုင်ငံအလံများ ကိုင်ဆောင်၍ ပြည်သူ များက ကြိုဆိုရန် စီစဉ်နေသည်ဟု စီစဉ်နေသူတဦးဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေမျိုးဇင် က ပြောသည်။

“ပြည်သူလူထုကြီးကို ကိုယ်စားပြုပြီး နိုင်ငံအတွက် ဂုဏ်ယူဖွယ် ဆောင်ရွက်ခဲ့သူကို ပြည်သူ တသန်းခန့်က ဂုဏ်ပြုကြိုဆိုကြမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရန် နှစ်ရက်အလိုတွင် ကြိုဆိုမည့် လူပေါင်း သိန်းဂဏန်းအထိ စာရင်းရရှိထား သည်ဟု ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်နှင့်အတူ စီစဉ်နေသူများက ပြောသည်။

“အခုတောင် စာရင်းပေးထားတဲ့သူတွေက အတော်များနေပြီ။ အချို့ဆို ဟိုတယ်တခုလုံးက ဝန်ထမ်းတွေက ကြိုဖို့ရှိပါတယ်” ဟု generation wave မှ တာဝန်ရှိသူတဦးက ပြောသည်။

အနောက်နိုင်ငံများတွင် နိုဘယ်ငြိမ်းချမ်းရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဘွဲများ လက်ခံရယူပြီး ပါလီမန်များ၊ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက တလေးတစား ကြိုဆိုဂုဏ်ပြုခြင်းခံရသော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်အား ပြည်သူများကလည်း ဂုဏ်ယူစွာကြိုဆိုကြသည်ကို ကမ္ဘာက သိစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီစဉ်သူများက ဆိုသည်။

ယခုကဲ့သို့ ကြိုဆိုရေး စီစဉ်ရာတွင် လူမှုရေးအဖွဲ့အစည်းများ အပါအဝင် G Wave မှ လူငယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများကပါ ကူညီ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, June 27, 2012

မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ထိုင်း-မြန်မာနယ်စပ် ဆွေးနွေးပွဲခရီးစဉ် (ရုပ်/သံ)

မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး အဖွဲ့ဟာ ဒီရက်ပိုင်းတွေအတွင်း ထိုင်း-မြန်မာနယ်စပ်မှာ ကရင် အမျိုးသား အစည်းအရုံး KNU အပါအဝင် ပြည်ပ အခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။




source by :  http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ် သမ္မတ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်(ရုပ်/သံ)





source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 26, 2012

လူထုခေါင်းဆောင် ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ရောက်ရှိ (ရုပ်/သံ)



source by :  http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၆ နှစ်မြောက် (ရုပ်/သံ)

မဆလ စစ်အစိုးရ လက်ထက်မှာ ပထမဆုံး ကြိုးပေး အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း (၃၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ အသေးစိတ်ကို RFA အဖွဲ့သား ကိုဂျေက တင်ပြ ပေးမှာပါ။




source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

Monday, June 25, 2012

ရန်ကုန် ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း စီးပွားရေး ကုမ္ပဏီတွေ အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ မူလပိုင်ရှင် လယ်သမားတွေက သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြန်လည် ထွန်ယက်(ရုပ်/သံ)

ရန်ကုန် ဒဂုံဆိပ်ကမ်း မြို့နယ်အတွင်း စီးပွားရေး ကုမ္ပဏီတွေ အဓမ္မ သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ မူလပိုင်ရှင် လယ်သမားတွေက သူတို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဒီလ (၂၂) ရက်နေ့က ပြန်လည် ထွန်ယက်ခဲ့ကြပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။




source by :  http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

Sunday, June 24, 2012

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများကို အခြေပြု ဆွေးနွေးချက်

အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ စကား ဝိုင်း ဆွေးနွေးပွဲ အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပနိုင်ငံတွေ မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေကို အခြေပြု ဆွေးနွေးထားပါတယ်။

အသံဖိုင် နားဆင်ရန်အတွက် နားဆင်ရန် ကို ကလစ် ပါ။


ပါဝင်ဆွေးနွေးကြတဲ့ ဧည့်သည်တွေကတော့ ဗြိတိန်နိုင်ငံ NLD-LA ဌာနခွဲ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းနိုင်၊ နော်ဝေနိုင်ငံက AHRC (မြန်မာတာဝန်ခံ) ဦးမင်းလွင်ဦးနဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းရှိ BADA မြန်မာ အမေရိကန် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်သန်းတို့ပါဝင် ဆွေးနွေးထားပါတယ်။

source by :  http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ရခိုင်ပြည်နယ်ရောက် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မမီးမီးနှင့် မေးမြန်းခန်း

 ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကို မှန်မှန်ကန်ကန် သိနိုင်ဖို့အတွက် စစ်တွေမြို့ အပါအ၀င် ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ ရက်ပေါင်းအတော်ကြာ သွားရောက် လေ့လာနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က မမီးမီးကို မအင်ကြင်းနိုင် (RFA) က ဆက်သွယ်မေးမြန်းထားပါတယ်။



source by : http://soundcloud.com/tibetan-rfa/sz1eqapdlzak

အပြည့်အစုံ ဖတ်ရန် ...

နေအိမ်အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက် ဒေါ်အောင်ဆန်းစုကြည် အယူခံဝင်မည်


တရားရုံးရဲ့ အမွေပိုင်ဆိုင်မှု ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အယူခံဝင်မယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမွေဆိုင် အမှုကို ဇွန်လ ၂၂ ရက်နေ့က ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးကနေ အမိန့်ချမှတ်ခဲ့တာပါ။


ရန်ကုန်မြို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ဖြစ်ပါသည်။(AFP)

အစ်ကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦးက တရားစွဲဆိုထားတဲ့ အမွေဆိုင် ကိစ္စမှာ သားသမီး နှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီ ခွဲဝေယူဖို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေကြောင်းအရ လွဲချော်မှုတွေ ရှိနေတာကြောင့် အယူခံဝင်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ အမွေပစ္စည်းတွေကို မြန်မာဓလေ့ ထုံးတမ်းအရ အညီအမျှ ခွဲဝေလို့ ရပေမယ့်  ၁၉၅၃ ခုနှစ်က ပြဌာန်းထားတဲ့ ဥပဒေအရ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားသား အနေနဲ့ ပိုင်ဆိုင် တောင်းဆိုခွင့် မရှိဘူးလို့  ဦးဥာဏ်ဝင်းက ဆိုပါတယ်။

ဖခင်ဖြစ်သူ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ ပိုင်ဆိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ လက်ရှိ နေထိုင်နေတဲ့ ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက သူ့အနေနဲ့ တ၀က် ပိုင်ဆိုင်တယ် ဆိုပြီး နှစ်အတန်ကြာကတည်းက တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

source by : http://www.rfa.org 

အပြည့်အစုံ ဖတ်ရန် ...

ဦးအောင်ဆန်းဦးရဲ့ စွဲဆိုမှုကို အမိန့်ချမှတ်

 _bbc_304x171
 ဦးအောင်ဆန်းဦးနဲ့ ဇနီး

မြန်မာနိုင်ငံ မှ အပတ်စဉ် စာစောင် Favourite News မှာ ဦးအောင်ဆန်းဦး က ဒေါ်အောင်ဆန်းစုကြည် အပေါ် အမွေပုံ ခွဲဝေ စီမံမှု အရ တရားစွဲခဲ့တာ နဲ့ ပတ်သက်ပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးတော်မှ ဇွန်လ ၂၂ ရက် နေ့ က သား နဲ့ သမီး ဖြစ်ကြလို့ အညီအမျှ ရစေ၊ တဝက်စီ ခွဲဝေယူစေ လို့ အမိန့်ချမှတ် လိုက်ပါတယ်။

မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေ အရ မိဘ အမွကေို ကျန်ရစ်သူ သားသမီး တွေ အနေနဲ့ အမွေပုံ စီမံခန့်ခွဲ ရာမှာ ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း စတာတွေ ခွဲဝေရာမှာ သီးခြား ဥပဒေ ရှိကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

၁၉၅၃ ခုနှစ် မရွှေ့မပြောင်းနိုင် သော ပစ္စည်း များလွှဲပြောင်းရေး ဥပဒေ အရ လိုက်နာ ဆောင်ရွက်ရာမှာ နိုင်ငံခြားသား မှ တောင်းဆိုခွင့် မရပါ။ ရွှေ့ပြောင်း နိုင်သော ပစ္စည်း စတဲ့ မော်တော်ကား၊ လက်ဝတ်ရတနာ၊ အတွင်းပစ္စည်း နဲ့ငွေကြေး စတဲ့ အပေါ် မှာသာ မြန်မာ့ ဓလေ့ ထုံးတမ်းဥပဒေ အရ အညီအမျှ ခွဲဝေ ပေးနိုင်ကြောင်း ဦးမင်းလွင်ဦး က ပြောပါတယ်။

ရွှေ့ပြောင်း နိုင်တဲ့ ပစ္စည်း ဆိုရာမှာ အိမ်ယာမြေ၊မြေပေါ်မှာ စွဲကပ်နေတဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ရင် ၁၉၅၃ ခု ဥပဒေ အရ ဆောင်ရွက်ရာမှာ ဦးအောင်ဆန်းဦးက အမေရိကန် နိုင်ငံသား အဖြစ် ခံယူပြီးပါက မိဘ အမွေကို တဝက်ပိုင်ဆိုင်ရှိ တယ်လို့ ဥပဒေ က ဆုံးဖြတ်ပေမယ့် နေအိမ် ပိုင်ဆိုင်မှု အပေါ် အခွင့်အရေး တောင်းဆို လို့ မရနိုင်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင် မှ မြန်မာ့ အရေး တာဝန်ခံ ဦးမင်းလွင်ဦး က ဘီဘီစီ ကို ရှင်းပြပါတယ်။

source by :http://www.bbc.co.uk

အပြည့်အစုံ ဖတ်ရန် ...