စစ်တပ်က အာဏာသိမ်းပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးကို ဖြို ခွဲလိုက်ပြီးနောက်မှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆနပြကျောင်းသားတွေ ထဲက တစ်ဦးဖြစ်တဲ့ ကိုမင်းဌေး ရဲ့ ဘ၀ရုပ်ပုံလွာ ကို ကိုသက် တင်ဆက်ထားပါတယ်။
Wednesday, September 19, 2012
Beyond 8888 - Documentary
Thursday, October 16, 2008
အလှည့် ……
ပန်းခြံရောက်တော့ ကလေးတွေက ကစားကြတယ်၊ ကလေးတွေ ကစားနေတာကို ထိုင်ခုံလေးပေါ်ထိုင်ပြီး ဝယ်လာတဲ့ ချဉ်စပ်အာလူးကြော်လေးစားလိုက်၊ အအေးလေးသောက်လိုက်နဲ့ ထိုင်ကြည့်နေတာပေါ့။
အဲ့ဒီအချိန်မှာ ရာသီဥတုပူတာကို ဂရုမစိုက်အားဘဲ ဝမ်းပူတာကို ဖြေရှင်းဖို့ အပူတပြင်းလုပ်နေတဲ့ ရှဉ့်ကြွက်လေးတကောင် ရောက်လာပြီး သူ့အခက်အခဲကို ကူညီဖြေရှင်းဖို့ မျက်နှာငယ်လေးနဲ့ မော့ကြည့်နေတယ်။
အဲ့ဒါနဲ့ စားနေတဲ့ ချဉ်စပ်အာလူးကြော်လေး ထုပ်ပြီး ကြွေးလိုက်တယ်။ အာလူးကြော်က အစပ်ဆိုတော့ လျှာပေါ်က အပူကို အအေးလေးနဲ့ နှစ်ပါးသွားနေရတဲ့ အချိန်မှာ ဒီအာလူးကြော်ကို စားလိုက်ရတဲ့ ရှဉ့်ကြွက်လေးခမျှာ လျှာပေါ်မှာ တောမီးလောင်သလို ခံစားလိုက်ရတယ်ထင်ပါရဲ့။ သူ့ရဲ့လက်လေးနှစ်ဘက်နဲ့ လျှာကိုပုတ်လိုက်၊ ပြေးပြီးတော့ ကလေးတွေ ကစားထားတဲ့ ရေကိုသောက်လိုက်နဲ့ ရှုပ်ရှက်ခတ်သွားတဲ့ သူ့ကိုကြည့်ပြီး သားအမိတွေ အူတက်မတတ်လောက်အောင် ထိုင်ရယ်ကြတယ်ပေါ့။
အိမ်ပြန်ရောက်လာတော့ ဒီအတွေ့အကြုံလေးတွေ ပြောပြရင်း ရယ်စရာအဖြစ် ရယ်ကြတယ်။ ရယ်စရာ စကားဝိုင်းတွေ ကြုံတိုင်းလဲ ဒီအကြောင်းတွေ ပြန်ပြောဖြစ်တယ်။
ဒီလိုနဲ့ အမှတ်မထင် နောက်တနွေ ပြန်ရောက်လာပြန်ပြီပေါ့။ ပူပြင်းတဲ့နွေရက် တစ်ရက်မှာ အလုပ်က နံနက် ၆ နာရီဝင် ၁ နာရီခွဲ ထွက်ဆိုတော့ စားစရာထမင်းဘူးမပါ၊ အပြင်ရာသီဥတုကပူ၊ ဝမ်းကလဲပူ ဆိုတော့ အိမ်ရောက်ချင်ဇောနဲ့ တစ်နာရီမှာ မိုင်ခြောက်ဆယ်ပေးထားတဲ့ အဝေးပြေးကားလမ်းမကြီးပေါ်မှာ တစ်ယောက်ထဲ မိုင်ခုနှစ်ဆယ်ကျော်နှုန်းဖြင့် အပြင်းမောင်းနှင်းလာခဲ့တာပေါ့။ လမ်းမှာ ရဲနဲ့တွေ့မှာလည်း ကြောက်ရသေးတယ်။
အိမ်ရောက်တော့ ဖိနပ်ချွတ်ပြီး တံခါးဖွင့်လိုက်တာနဲ့ ခင်ပွန်းသည် ချက်ပြုတ်ထားတဲ့ ဟင်းအနံ့က အဝတ်အစား လဲခွင့်တောင်မပေးဘဲ မီးဖိုထဲ ဆွဲခေါ်သွားခဲ့တယ်။ မီးဖိုထဲရောက်တော့ ပုဂံထဲ အသင့်ထည့်ထားတဲ့ ဟင်းကိုတွေ့လိုက်တာနဲ့ ကောက်နှိုက်ပြီး ပါးစပ်ထဲ ထည့်လိုက်ချိန်မှာ “…အား…” လို့မအော်အားဘဲ ရေခဲသေတ္တာနား အပြေးအလွှားသွားပြီး အအေးခံထားတဲ့ရေကို အကူအညီတောင်းပြီး လျှာပေါ်မှာ မီးထလောင်သလို ခံစားလိုက်ရတဲ့ အပူအစပ်ကို ငြိမ်းလိုက်ရတယ်။
အဲ့ဒီအချိန်ကျမှ ဝမ်းပူတာကို ဖြေရှင်းဖို့ ကိုယ့်အရှေ့ရောက်လာတဲ့ “ရှဉ့်ကြွက်လေး” ကိုပြန်ပြီး သတိရသွားတယ်။
လူသားချင်းမပြောနဲ့၊ ဒီရှဉ့်ကြွက်လေးနဲ့တောင် “…အလှည့်…” ဆိုတာ ပြန်လာတတ်တယ်နော်။
မီးအိမ်ရှင်
Thursday, October 9, 2008
… အချိန်…မရောက် သေး သော…အချိန်…
ကျမတို့မိသားစုဟာ ခရစ်ယာန်မိသားစုဆိုတော့ ဆန်းဒေးမှာ ဘုရားကျောင်းသွားကြတယ်။ မှတ်မှတ်ရရ တနေ့သောဆန်းဒေးမှာ မိသားစု စုံစုံလင်လင် နံနက်စာ စား သုံးကြပြီး ဘုရား ကျောင်းသွားကြတယ်။
ဘုရားကျောင်း အစီအစဉ် ပြီးလို့ မိသားစု စုံစုံ လင်လင် အိမ်ပြန် ရောက်လာကြတယ်။ အဲ့ ဒီအချိန်မှာ အဖေက အဝတ်အစားလဲ ပြီး ရေနွေးအကြမ်း တခွက်သောက် လိုက်တယ်။ ပြီးတော့, ဖိုးခွား အမေ, ငါ့အကိုဆီငါ ခဏသွား လိုက် အုံးမယ်လို ပြောပြီး ထွက်သွားလိုက် တယ်။
အဖေ့ မှာ ညီအကိုလို ချစ်ခင်ရတဲ့ ဦးလေး နှစ်ယောက်ရှိတယ်။ တယောက်က ကျမတို့နဲ့ တရွာ တည်းမှာပဲ နေထိုင်ပြီး ကျန်တဲ့တယောက်က ကျမတို့နဲ့ သုံးနာရီလောက် လမ်းလျှောက်ရတဲ့ ရွာလေးမှာ နေထိုင်ပါတယ်။ ကျမလဲ အပြင်မှာ ထိုင်ရင်း ထွက်သွားတဲ့ အဖေ့ ကျောပြင်ကို ကြည့်လိုက်တယ်။ အဖေ့  အရိပ် ပျောက်သွား တာနဲ့  ခွဲစိတ်ထားပြီးသော သစ်ပြား အပြည့်  တင်ထားတဲ့  သစ်ကား တစီး လာရပ် ပြီး ဦးလေး တယောက် ဆင်းလာတာ ကျမ တွေ့ လိုက် တယ်။သူကတော့ အဖေရဲ့ ညီလို အဖေ ချစ်ခင်ရတဲ့ ၊ကျမတို့နဲ့ သုံးနာရီလောက် လမ်းလျှောက်ရတဲ့ ရွာလေးမှာ နေထိုင်တဲ့ ဦးလေး ပါ။ အဲ့ ဒီ ဦးလေး က ကျမ ကိုတွေ့ လိုက်တာနဲ့  သမီး နေကောင်း လား? ၊ အဖေ ကော လို့ , ကျမကို မေးခွန်း တွေ ထုတ် လိုက်တယ်။
ကျမ လဲ အပါး မရှိဘူး လို့ ပြန်ဖြေ ရင်း ဦးလေးကို အိမ်ထဲဝင်ဖို့ ခေါ်လိုက်ချိန်မှာ အိမ်ခန်းထဲမှ အလုပ် ရှုပ် နေတဲ့အမေ တယောက် ထွက်လာပြီး ဟေ့ … ကေဗရယ် နင့် အစ်ကို တယောက် အခု ပဲ သူ့ အစ်ကို ဆီသွားတယ်,လို့ပြန်ပြောလိုက်တယ်။ အဲ့ ဒီ ဦးလေးကလဲသူ့  မှာ ပါလာတဲ့အထုပ် တွေချရင်း ‘‘ မြို့က ကျွန်တော့ အသိတယောက် သစ်တွေမှာလာတာ ကျွန်တော်သွားပို့ မလို့ ” အစ်ကိုကြီးတွေကိုခေါ်သွားမလို့ , လို့ ပြန်ဖြေ လိုက်တယ်။
အမေကလည်း ‘‘ ရတယ်လေ, ဘယ်နှစ်ရက်ကြာမှာလဲလို့ ” ပြန်မေးလိုက်တယ်၊ ဦးလေး ကလည်း မသိ ဘူး လို့ပြန်ပြော ရင်း ရေချိုး ဖို့ ပြင် နေတာ ကို ကျမတွေ့ လိုက်တယ်။
အဲ့ ဒါ နဲ့ အမေ က ကျမကို သမီး နင့် အပါး သွားခေါ် လို့ ပြော လိုက် ချိန် မှာ ဦးလေးက ရတယ်...သမီး မသွားနဲ့ ဦး ပဲ သွားလိုက်မယ်၊ သူတို့ နှစ်ယောက်လုံးကို ခေါ်သွားမလို့  ,လို့  ကျမ ကို ထပ်ပြောပြန် တယ်။
ဦးလေး လဲ ရေချိုး အဝတ်အစား လဲပြီး အဖေ သွားတဲ့  ဦးမိုးဇက် တို့ အိမ် ကို သူ လိုက် သွားလိုက် တယ်။ တစ်နာရီ လောက် အကြာ မှာဦးလေး တယောက် ပြန် ရောက် လာပြီး အစ်ကို ကြီးတို့ မရှိ ဘူး၊ ဘယ်သွား မှန်း မသိဘူး။
ကျွန်တော် ဒီမှာပဲ စောင့်နေတော့မယ်လို့ အမေ့ကို ပြောပြီး ဧည့်ခန်းထဲမှာလှဲရင်း အိပ်ပျော်သွားတယ်။ မွန်း လွဲ သုံးနာရီ လောက် ည နေစာ အတွက် အမေ နဲ့  အစ်ကို က မီးဖို ခန်းမှာ ချက်ပြုတ်ရင်း အလုပ် ရှုပ် နေ ကြ တယ်။ ဦးလေးလဲ နိုးလာပြီး ကျမနဲ့ ဟိုပြော ဒီပြောပေါ့။ အဲ့  ဒါနဲ့  မီးဖို မှာ အလုပ် ရှုပ် နေတဲ့အမေ ထွက် လာပြီး ည နေစာ စား ဖို့ ကျမ တို့ ကို ခေါ် လိုက်တယ်။
ကျမ တို့ လဲ အဖေ မပါ တဲ့ ထမင်းဝိုင်း မိန်ရှိုက် စွာနဲ့ ပြီးသွားကြ တယ်။ ထမင်း စား ပြီး ကျမ က ရေနွေးးအကြမ်း နဲ့  ကွမ်းဘူး ယူပြီး ဦးလေး ကိုချ ထား ပေးလိုက် တယ်။ အဲ့ ဒီ အချိန် မှာညနေ ဝတ်ပြု ဖို့  ဘုရား ကျောင်းမှ ပထမ အကြိမ် ခေါင်းလောင်းသံ ထွက်လာတယ်။ကျမ တို့ က ဘုရား ကျောင်း သွားဖို့  အသီးသီးပြင် ဆင် ကြ တယ်။ ဦးလေးလဲ အမေ့  ကို အစ်မ…ကျွန်တော် အစ်ကိုတို့ကို မစောင့်တော့ဘူး ကျွန်တော် သွားတော့မယ်လို့ ပြောပြီး သွားလိုက်တယ်။ ကျမတို့လဲ ဘုရားကျောင်းကို သွား လိုက် ကြ တယ်။ ဘုရား ကျောင်းရောက်တော့ အစီအစဉ် မစ သေးလို့ အပြင်မှာစကား တွေ ပြော နေ ကြတယ်။ စကား ဝိုင်း တခု မှာ အ ဖေ့ ကို ကျမ တွေ့  လိုက်တယ်။
ကျမ လဲ အဖေ့  ဆီသွား ပြီး …အပါး ဦးလေး အပါး ကို လာ စောင့်  နေတာ တနေ့  ကုန်ပဲ,အပါး ကို မြို့  ခေါ် သွားဖို့  တဲ့ ..လို့  သွား ပြော လိုက် တယ်။ အဖေ လဲ ကျမ ကို…ဟုတ်လား …အပါး ပြန် လာ တော့  အိမ်ရှေ့  မှာ သစ်ကား တစ်စီး ရပ်ထားတာ တွေ့ လိုက်တယ်..အချိန် မရှိတော့လို့  အပါး အိမ် ထဲ မဝင်တော့ ပဲ ဘုရား ကျောင်း တမ်း လာလိုက် တယ်..အခု သူ သွားလိုက်ပြီ လား..သူ အပါး ကို စိတ် ဆိုး တော့ မှာပဲလို့  ပြောပြီး ဘုရား ကျောင်း အစီအစဉ် စ တော့  မှာ မို့  အထဲ ဝင် လိုက် တယ်။ ဘုရား ကျောင်းအ စီစဉ် ပြီးပြီ မို့  ကျမ တို့  မိသား စု အစုံ အလင် အိမ် ကို ပြန် ရောက် လာ တယ်။ အိမ်ရောက် တော့  မိသား အစုံ အလင် စကား ဝိုင်းထိုင် ကြ ရင်း အမေ က မိသားစု အိမ်မှာပုတီး စိပ်၊ ဆု တောင်း ဖို့  အစီအစဉ် စဖို့  အစ်ကို ကို ပြောလိုက် တယ်။ ကျမ တို့  လဲအစီအစဉ် စ ဖို့  လုပ် နေ ချိန် မှာ ဘုရား ကျောင်း မှ ခေါင်း လောင်း အသံ တခု ထပ်ကြားလိုက် တယ်။ အဲ့  ဒီအချိန် မှာ ကျမ တို့  မိသားစု တယောက် မှ အသံ မထွက်၊ မျက် လုံးအဝိုင်း သား နှင့်  တယောက် မျက် နှာတယောက် ကြည့် ရင်း ငြိမ် နေခိုက် အပြင် မှာတခါး ခေါက် သံ တခု ကြား လိုက် တယ်။ အဖေ လဲ တခါး ထပ် ဖွင့် လိုက် ချိန် မှာဦးလေးဝင် လာ တယ်။ အဖေလဲ တခုခုပြောဖို့  ပါးစပ် ဟ လိုက်ချိန်မှာ ဦးလေး ပြန်ပျောက်သွားတာ ကျမတို့ မိသားစု တစုလုံး တကယ်ကို တွေ့လိုက်ရပါတယ်။ အဲ့  ဒီအချိန်ကျမ တို့  မိသားစု တခု လုံး အသက်မဲ့ တဲ့  ကျောက် ရုပ် လို ဖြစ် သွား ကြ ပါတယ် ။
ဆယ့် ငါး မိနစ် လောက် ကြာ မှ အဖေ့  ဆီ မှ မကြေ မနပ် …“သွား ပြီ ငါ့  ညီ သွားပြီ ”…ဆို တဲ့  အသံ နှင့်  အတူ အဖေ တခါး ဖွင့်  ထွက်သွားမှ ကျမ တို့ သတိ ပြန် ဝင် လာကြ ပြီး အသံ ပြိုင် အမိုး လို့  ခေါ် မိကြ တယ်။ အမေလဲ ကျမ တို့ ကို ဘာမှ မပြောနိုင် ပဲ ကြေ ကွဲ စွာ နဲ့  ခေါင်း ကလေး ငုပ် ထား လိုက် တယ်။ သိပ်မကြာပါဘူး ,အဖေတယောက် ပြန် ရောက် လာပြီး ဦးလေး သတင်း ပြောပြ တယ်။
ကျမ တို့ ရွာ နဲ့  သုံးနာရီလောက် ကား မောင်း ရတဲ့  ခရီး တနေရာမှာ ဦးလေး တို့ ကား မှောက် ပြီး ဦးလေး ဆုံးသွားတဲ့  ဝမ်းနည်း ကြေ ကွဲ ဖွယ် သတင်း ဖြစ် ပါတယ်။ ဦးလေး အတွက် စိတ် မကောင်းပေမဲ့,အဖေ အတွက် ကျမ ဘုရား သခင် ကို ကျေးဇူး တင်လိုက် တယ်။ဘုရား ရဲ့လက်ထဲ မှာ သာ ရှိ တဲ့ …အချိန်…မပေး လိုက် သေး တဲ့အတွက် ၊ လူတွေပြောတဲ့ “ ကံ ကောင်းတယ် ”ဆိုတဲ့ ..အချိန်..လေး အတွက်ဖြစ်ပါတယ် ။ အဖေ ကိုယ်တိုင်…ဩ..ငါ့ ညီ သွား တာငါ့ ကို ပါ ခေါ် သွား ချင်တာ ကို…ဘုရား သခင် က ငါ့ အတွက် အချိန် မတန် သေး တော့ မ ထည့်  ပေး တာ ဖြစ် မယ်..လို့ ပြော ပါ တယ်။ အခု လဲ ကျမ အဖေ မရှိတော့ ပါဘူး။
နောက် ခုနှစ်နှစ်, လောက် အသက် ဆက်ရှင်ခွင့် ...“ အချိန်… ”ပေး ပြီး ခေါ် သွား လိုက်ပါ တယ်။ ကျမ တို့  လဲ လောကမှာ ဒေါသ,မောဟ တွေ နဲ့  ရုန်းကန်နေစဉ်အတွင်းမှာ “ ဒီ…အချိန်…” ဆို တာ ဘုရား က ဘယ် ပုံ စံ ၊ ဘယ်နေရာမှာ ချမှတ် ပေးမယ် ဆိုတာလေး တွေး မိ ကြ ပါ စေ ။
မီးအိမ်ရှင်
Saturday, September 27, 2008
ရဲဘော်တစ်ယောက်ရဲ့... သတိ ...
အဖြစ်အပျက်လေးကတော့ နေမင်း ဘယ်ကထွက်လာလို့ ဘယ်ကိုပြန်ဝင်သွားမှန်းမသိ၊ လေတိုက်ရင် တရှဲရှဲမြည်နေတဲ့ဝါးရွက်တွေ၊ တပင်နဲ့တပင် ပွတ်တိုက်မိရင် အသံမျိုးစုံပေးတဲ့ ဝါးပင်ကြီးတွေနဲ့ ရေက သစ်ပင်ကြီးတွေရဲ့အောက်မှာပေါ့။
အမိုးက တောင်အုန်းရွက်၊ အကာဝါးခြမ်းနဲ့ မိုးမလုံ လေမလုံ၊ အဝင်တိုက် အထွက်တိုက် “…အဟီး…” သူ့အရပ်ရှည်တော့ ပိုဆိုးတာပေါ့။ တိုက်လေးမှာ သူနဲ့ မီးအိမ်ရှင် ကြင်စဦး ဇနီးမောင်နှံ နေထိုင်ကြတယ်။ အဲ့ဒီတဲလေးမှာနေရင်း လေး ငါး လ လောက်အကြာ လူကြီးတွေလာစုံကြတယ်။ သူ့လူကြီးက “…ဟေး…….. နင်တို့ပျင်းနေမှာပေါ့ ပျားရည်ဆမ်း ခရီးထွက်ကြပါလားတဲ့ ”
မီးအိမ်ရှင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ပုဆိုးအထူလောက်ရှိတဲ့ မုဒုံစောင်ပါလေးတစ်ထည်၊ မီးအိမ်ရှင်အတွက် အဝတ်ပိုတစ်စုံ၊ သူ့အတွက် ပုဆိုးအပိုတစ်ထည် လွယ်အိပ်ထဲ ကောက်ထည့်ပြီး သုံးနာရီလောက် လမ်းလျှောက်ရတဲ့ အသိအမတစ်ယောက်ရဲ့ တောင်ယာထဲ သုံးရက်လောက် သွားအပန်းဖြေကြတယ်လေ။ သုံးရက်လောက်နေပြီး ပြန်လာကြတယ်။ ပြန်လာတာ နေဝင်ချိန်မို့ မှောင်ရီဝိုးတဝါးပေါ့။ သွားရတဲ့လမ်းက သစ်ပင် ဝါးပင်အရိပ်အောက်ဆိုတော့ ပိုမှောင်တယ်လေ။
ဗလကောင်းတဲ့သူက လက်နှိပ်ဓါတ်မီးတစ်လက်နဲ့ အရှေ့ကသွားပြီး မီးအိမ်ရှင်ကို အနောက်ကနေ လိုက်ခိုင်းတယ်။ မီးအိမ်ရှင်လည်း မမြင်တမြင်နဲ့ အနောက်ကနေ ဟိုဟိုဒီဒီ အတွေးနဲ့ပေါ့။ ပိုလည်းမှောင်လာပြီဆိုတော့ မီးအိမ်ရှင်တစ်ယောက် ဝါးတပြန်အလိုလောက်မှာ
ကြိုးစားလိုက်လာရင်း အတွေးထဲ စိတ်ကူးတခုဝင်လာမိတယ်။ “ဒီအချိန်မှာ ငါအော်လိုက်ရင် ဒီလူ ငါ့ဆီပြန်ပြေးလာမှာဘဲ” ပြီးမှ “မှောင်တယ် ငါမမြင်ရဘူး၊ ကြောက်လဲကြောက်တယ်” ဆိုပြီး အတူတူသွားမယ်ပေါ့။
အဲ့ဒါနဲ့ မီးအိမ်ရှင်ရဲ့အတွေးစိတ်ကူးကို အကောင်အထည်ဖေါ်ဖို့ “အမလေး” ဆိုတဲ့အသံနဲ့အော်လိုက်ရော၊ မီးအိမ်ရှင်ရဲ့အရှေ့မှာသွးနေတဲ့သူ လူရော ဓါတ်မီးအရောင်ပါ ဘယ်ရောက်သွားမှန်းမသိ။ မီးအိမ်ရှင်တစ်ယောက် အမှေင်ထဲမှာ ငါးမိနစ်လောက်ကြာမှ “ဟေ့… ငါမမြင်ရဘူး၊ ငါ့ကိုလာခေါ်အုံးလို့” အသံပေးလိုက်မှ ဘာကြီးလဲဆိုတဲ့ အသံနဲ့အတူ ဓါတ်မီးရောင်လေးကိုပါ ပြန်မြင်ရတော့တယ်။ မီးအိမ်ရှင်လည်း ဘာမှမပြောဘဲ ပြန်ပြီးခရီးဆက်ချိန်မှာ မီးအိမ်ရှင်ရဲ့ အနောက်ကပြန်ကျန်တဲ့ သူ့ဆီမှ အသံတခုကြားလိုက်တယ်။ “ဘာဖြစ်သွားသေးလဲ…. ရန်သူထင်လို့ မီးပိတ်ပြီး ငါဝပ်နေတယ်တဲ့…”
အသံကြားတာနဲ့ ဘယ်ရောက်သွားမှန်းမသိတဲ့ သူ့ကို မီးအိမ်ရှင်တစ်ယောက် စိတ်ထဲကနေပြုးလျှက် နားလည်ပေးလိုက်တယ်လေ၊ သတိ..... သတိ ဆိုတာလေးကိုပေါ့။
ဖြစ်တတ်ပါတယ်၊ “သတိ” ဆိုတာလေးလဲ ရှိသင့်ပါတယ်။
မီးအိမ်ရှင်