Saturday, March 10, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ် မြင်ကွင်း (ရုပ်/သံ)



source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

မဲစာရင်းတွေ မှားနေတာ သေးသေးလေးပဲလား၊ ကြီးကြီးလား


ဇာတ်လမ်းအရှုပ်တော်ပုံကတော့ စပါပြီ။ ခုတလော အသံတွေ ကျယ်ကျယ်လောင်လောင် ကြားနေရတာ နေရာတိုင်းမှာ မဲစာရင်းမှားယွင်းမှုများပဲ ဖြစ်ပါတယ်။ မဲစာရင်းကို ထုတ်ပေးတာ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကဖြစ်လို့ သူတို့မှာ တာဝန်ရှိပါတယ်။

တော်တော်ဆိုးနေတာက သေတဲ့ လူတွေ၊ အဲဒီရပ်ကွက်မှာ မနေတဲ့ လူတွေနဲ့အတူ လူတယောက်ထဲက ၁၀ ကိုယ်ခွဲ၊ ၂၀ ကိုယ်ခွဲတွေ ဖြစ်နေခြင်းပါပဲ။ မှတ်ပုံတင်နံပါတ် တခုထဲနဲ့ လူ ၂၀ ကျော် ခွဲထားတာကတော့ မသမာမှုကြီးပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းကို အခြေခံထားတယ်ဆိုတော့ အဲဒီ ရွေးကောက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ ကြိုတင်မဲတွေကတော့ စိတ်ချရပါ့မလား၊ မှန်ကန်သန့်ရှင်းတယ်လို့ ပြောလို့ရမလား၊ အဲဒီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေ၊ ကိုယ်စားလှယ်တွေကို ပြန်စစ်ဆေးမယ် ဆိုရင်ရော ခံနိုင်ပါ့မလား၊ စုံစမ်းရေးကော်မရှင် မဖွဲ့သင့်ဘူးလား။

တချို့နေရာတွေက မဲစာရင်းတွေထဲမှာ လူအမည်၊ အဘအမည်တွေ လွဲမှားနေတာ၊ မှတ်ပုံတင် နံပါတ်တွေ လွဲမှားနေတာတွေလည်း ရှိနေတာကြောင့် အဲဒီမှားယွင်းမှုတွေကို ဘယ်သူ တာဝန်ယူမှာလဲ။ ဘယ်သူက တာဝန်အရှိဆုံးလဲ။ ဘယ်သူတွေက ယုတ်မာပက်စက်ကြတာလဲ။ တရားဥပဒေကို ဘယ်သူတွေ ချိုးဖောက်ရဲတာလဲ ဆိုတာတွေက စဉ်းစားရခက်ပါတယ်။

“မဲစာရင်းမှားမှုတွေကို လေ့လာကြည့်ရင် သေတဲ့လူတွေ စာရင်းထည့်တာ၊ မနေတဲ့လူတွေ စာရင်းပါတာ၊ လူတယောက်တည်းက မှတ်ပုံတင်တခုထဲနဲ့ နေရာစုံ မဲစာရင်းတွေ ရှိနေတာတွေဟာ မသမာမှုများပဲ ဖြစ်ပါတယ်။ မတော်တဆ မှားနေတာ မဟုတ်ဘူးဆိုတာ ရှင်းနေပြီ မဟုတ်လား။ ပြတ်ပြတ်သားသား အရေးယူဖို့ပဲ ရှိပါတော့တယ်။”

အခု မဲစာရင်းမှားယွင်းမှုတွေက သေးသေးလေးပဲလား၊ ကြီးကြီးလား၊ ဘယ်လောက်အထိ နစ်နာသွားတယ် ဆိုတာလည်းသိရဲ့လား။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ မဲစာရင်းကို ကူးချင်ရင် လူတယောက်အတွက် ကျပ် ၂၀၊ လူတသိန်းအတွက် ကျပ်သိန်း ၂၀ ကုန်ကျမယ်လို့ သတ်မှတ်ထားတဲ့၊ ငွေနဲ့ ဖိပြီး နှိပ်စက်ထားတဲ့ စနစ်ဆိုးက ရှိနေတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းစိုးကို ဘယ်လောက်ယုံကြည်ရမှာလဲ။

သူနဲ့ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်ကိုတော့ ပြန်လည်စစ်ဆေးဖို့ ခုံရုံးဖွဲ့သင့်တယ်။ အဲဒီ ဦးသိန်းစိုးဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တပည့်ရင်းဖြစ်လို့ သူ့ကို အရေးယူဖို့ ခက်နေမယ်။ ထိရဲပါ့မလား။ အခုအချိန်မှာ ဦးသိန်းစိုးက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌအဖြစ် ခန့်အပ်ထားခြင်းခံရတယ်။ အဲဒါလည်း ကြိုတင်ကာကွယ်ထားတာမဟုတ်လား။

နောက်ပြီး မူမမှန်တာ၊ မသမာမှုတွေ ရှိနေတာကို တိုင်ရင် ငွေတင်ပြီး တိုင်ရတယ်။ တိုင်တဲ့လူ ရှုံးရင် အဲဒီ တင်တဲ့ငွေ ဆုံးရော။ ငွေနဲ့ ဖိနှိပ်ကန့်သတ်ထားတာ။ ငွေမရှိတဲ့ ပါတီတွေကို မတရားတဲ့နည်းနဲ့ စီးပွားဖြစ်နေတဲ့ ပါတီကြီးတခုက အနိုင်ကျင့်ခွင့် ရရှိအောင် အဲဒီ ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က ဖန်တီးထားတာတွေက ရိုးသားမှုရှိပါတယ်လို့ ဘယ်သူက အာမခံမှာလဲ။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ကတော့ သူကိုင်တွယ်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ် မျှတမှု ရှိစေရမယ်လို့ အာမခံ ထားတယ်။ တကယ်လို့ သူရဲ့လုပ်ဆောင်ချက်တွေ မှားတယ်လို့ သတ်မှတ်ရင် အပြုတ်ခံမယ်လို့ ကြွေးကြော်ထားတယ်။

ဘာပဲဖြစ်ဖြစ် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာက စောင့်ကြည့်နေတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေကို လုံးဝလက်မခံခဲ့ဘူး။ ကျွမ်းကျင်တဲ့ လေ့လာသူတွေကို ကြောက်တယ်။ ဘာကြောင့် ကြောက်တာလဲ။ မဟုတ်တာတွေ မမှန်တာတွေ လုပ်မှာမို့ပေါ့။ ရှင်းရှင်းလေးပါ။ လွတ်လပ်ခြင်း တရားမျှတခြင်း မရှိဘဲ ရွေးကောက်ပွဲ ပြီးသွားတယ်။ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်။ အဲဒီလွှတ်တော်တွေမှာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေတဲ့ ကန့်သတ်ချက်၊ တားမြစ်ချက်၊ အမိန့်ပေးချက်တွေ ရှိနေတာမို့ ရှေ့ရေးကတော့ ရင်လေးစရာပါပဲ။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြည်သူများ ရဲရဲဝံ့ဝံ့ သတ္တိရှိကြပါလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ ဖေဖော်ဝါရီ ၂၂ ရက်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေ အတိတ်ကို ပြန်လည်သုံးသပ်ပြီး ယနေ့နဲ့ အနာဂတ်အတွက် သင်ခန်းစာ ယူစေချင်ကြောင်း၊ ဖြည့်စွက်ပြီး လုပ်စရာရှိတာတွေကို ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်ဆောင်ဖို့လိုကြောင်း၊ လွှတ်တော်ရောက်လာသူများဟာ အဲဒီခံယူချက်နဲ့ စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန် တိုက်တွန်းသွားပါတယ်။

အဲဒီလို ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့အကျိုးအတွက် သတ္တိရှိကြဖို့ လိုတယ်ဆိုတဲ့ စကားဟာ ထောက်ခံရမှာဖြစ်ပြီး တကယ်လည်း လက်တွေ့မှာ ကျင့်သုံးကြရမှာဖြစ်လို့ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲမသမာမှုတွေကို ပြည်သူတွေက ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ ဖော်ထုတ်ကြဖို့ လိုပါတယ်။ ဒါမှလည်း လွှတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာပါ။

ဒီမိုကရေစီရဲ့ အသက်သွေးကြောဟာ တရားဥပဒေစိုးမိုးမှုပဲ ဖြစ်ပါတယ်။ အခုလို ဥပဒေမဲ့ မဲစာရင်း မှားယွင်းမှုတွေဟာ ရိုးသားစွာ မတော်တဆ မှားယွင်းနေတာ မဟုတ်ဘူး။ ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ သတင်းမီဒီယာသမားတွေက ၀ိုင်းဝန်း ဖော်ထုတ်ပေးရမှာပါ။

တနေ့တခြား လေသံကျယ်လာတဲ့ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးကို အနှောက်အယှက် ဖြစ်စေတဲ့ မဲစာရင်းမှားယွင်းမှု၊ မဲလိမ်မှု၊ မဲခိုးမှု၊ မလျော်သြဇာကို သုံးပြီး ခြိမ်းခြောက် မဲပေးခိုင်းမှုတွေ မရှိသင့်တော့ပါဘူး။ အသက်ပြည့်ပြီး စာရင်းမ၀င်သေးတာတွေလည်း အများကြီးရှိတယ်။

ဒီကနေ့ တွေ့နေရတဲ့ မဲစာရင်းမှားယွင်းမှုဟာ သေးသေးလေး မဟုတ်ပါဘူး။ ပြဿနာဖြစ်လာမယ့် ကြီးကြီးမားမားကြီးပါ။ မဲဆန္ဒနယ်မြေ ၄၈ ခုက နည်းပါတယ်။ ဒါပေမယ့် နေရာ နည်းနည်း များများ လွတ်လပ်မျှတမှုရှိမှ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီမှာပါ။ မဲဆန္ဒ နည်းနည်းမှာ တရားမျှတမှုရှိမှ နောက်ထပ် ရင်ဆိုင်ရမယ့် မဲဆန္ဒနယ်များများကို ရင်ဆိုင်နိုင်မှာပါ။

မဲစာရင်းမှားမှုတွေကို လေ့လာကြည့်ရင် သေတဲ့လူတွေ စာရင်းထည့်တာ၊ မနေတဲ့လူတွေ စာရင်းပါတာ၊ လူတယောက်တည်းက မှတ်ပုံတင်တခုထဲနဲ့ နေရာစုံ မဲစာရင်းတွေ ရှိနေတာတွေဟာ မသမာမှုများပဲ ဖြစ်ပါတယ်။

မတော်တဆ မှားနေတာ မဟုတ်ဘူးဆိုတာ ရှင်းနေပြီ မဟုတ်လား။ ပြတ်ပြတ်သားသား အရေးယူဖို့ပဲ ရှိပါတော့တယ်။

စိန်သံလုံး

source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Friday, March 9, 2012

မိတ္ထီလာမြို့ အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်းတွင် နေထိုင်ကြသော ရွာသူ ရွာသားများအား စစ်တပ်မှ ရွာလုံးကျွတ် အတင်း အဓ္မ ပြောင်းရွှေ့ ခိုင်းမှု

မိတ္ထီလာမြို့ အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်းတွင် နေထိုင်ကြသော ရွာသူ ရွာသားများအား စစ်တပ်မှ အမြှောက်စက်ပစ်ကွင်း မလွတ်ဟု ဆိုကာ (၅.၃.၂၀၁၂)နေ့ (၁၂)နာရီ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန်အတွက် သတိပေး ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

စစ်တပ်အနေဖြင့် ၁၉၉၇ ခုနှစ် ဧပြီ လောက်မှ စတင်ကာ အင်ပင်ဝကျေးရွာ (ရွာဟောင်း)အတွင်းရှိ ရွာသူ ရွာသားများအား စက်ပစ်ကွင်းနှင့် မလွတ်ဟု ဆိုကာ ရွှေ့ပြောင်း ခိုင်းထားပြီး ကျေးရွာသူ ရွာသားများအနေဖြင့် ပြောင်းရွှေ့နေရာချထားပေးသော ရွာသစ်တွင် တောင်ကျ ချောင်းရေကြောင့် လူ၊ နွားများ ချောင်းရေထဲမျောပါခြင်း လူနှင့် တိရိစ္ဆာန်များအတွက် သောက်သုံးရေ မရှိခြင်း၊ မိမိတို့ တောင်ယာ လုပ်ကိုင်သောနေရာနှင့် ၁၆ မိုင်ခန့် ကွာဝေးခြင်း သွားလာရ ခက်ခဲခြင်း သီးနှံစိုက်ပျိုး၍ မရခြင်းတို့ကြောင့် မူလ ဆင်းရဲသထက် ဆင်းရဲကာ ဆိတ်၊ နွား၊ ရွှေငွေအရင်းအနှီးများ ရောင်းချလိုက်ရသဖြင့် အခက်ခဲပေါင်းများစွာဖြင့် ကြုံတွေ့ ခဲ့ရသောကြောင့် မူလနေထိုင်သော အင်ပင်ဝကျေးရွာအနီးသို့ ပြန်လည် နေထိုင်ခြင်း ပြုခဲ့ကြပြီး ထိုကျေးရွာကိုလည်း အင်ပင်ဝကျေးရွာ (ရွာသစ်)ဟု ခေါ်တွင်ခဲ့ပါသည်။

ထိုကျေးရွာသို့ စက်ပစ်ကွင်းနှင့် မလွတ်ဟုဆိုကာ ယခုတစ်ဖန် ထပ်မံ၍ ပြောင်းရွှေ့ခိုင်းပြန်ပါသည်။ တစ်ကယ်တမ်းတွင်ကျေးရွာအတွင်းသို့ ကျည်ဆံတစ်ချက်မှ ကျရောက်ခြင်းမရှိသလို မည်သူ တစ်ဦးတစ်ယောက်၊ ကျွဲနွားတစ်ကောင်မှလည်း ယနေ့အချိန်ထိ ထိခိုက်ခြင်းမရှိပဲ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခြင်းအတွက် ရွာသားများအနေဖြင့် အဆင့်ဆင့် တင်ပြသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းမပေးပဲရှိနေပါသည်။

ထိုကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိကာ လူဦးရေပေါင်း ၁၅၀၀ ကျော်ခန့်ရှိပါသည် လယ်မြေဧက ရှစ်သောင်းကျော် ရှိပါသည်။

လက်ရှိအချိန်တွင် အရပ်သား အစိုးရ တစ်ရပ်အနေဖြင့် ပြောင်းလဲ အုပ်ချုပ်နေပြီး ခေတ်ပြောင်းသွားပြီ၊ စနစ် ပြောင်းသွားပြီ၊ အုပ်ချုပ်မှုပုံစံတွေ ပြောင်းသွားပြီဟု ပြောဆိုနေကြသော လွှတ်တော်တွင်းအသံနှင့် ယခုဖြစ်ရပ်သည် လုံးဝ ဆန့်ကျင်လျှက် ရှိပါသည်။

လက်ရှိအချိန် မြန်မာနိုင်ငံ၏ အနေအထားသည် နိုင်ငံတကာမှ စောင့်ကြည့်နေသော အခြေအနေဖြစ်သလို တိုင်းပြည်အတွက် လမ်းဆုံ လမ်းခွရောက်နေသော ကာလလည်းဖြစ်ပါသည်။ လည်းကောင်းကာလတွင် ယခုဖြစ်ရပ်သည် များစွာရုပ်ဆိုး အကျဉ်းတန်လွန်းလှပါသည်။

ယခုအစိုးရသည် အရပ်သားအစိုးရ ဖြစ်သလို စစ်အာဏာရှင် အုပ်ချုပ်မှု မဟုတ်သော ဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းနေသော အချိန်အခါလည်း ဖြစ်ပါသည်။

ထို့ကြောင့် လည်းကောင်းကိစ္စရပ်အား အမြန်ဆုံးဆောင်ရွက်ပေးရန် မီဒီယာမှတဆင့် အသိပေး အကြောင်းကြားလိုက်ပါသည်။

ရွာသူ ရွာသားများအနေဖြင့်လည်း ထိုနေရာမှ ရွှေ့ပြောင်းခိုင်းမည့်အစား သတ်ပစ်လိုက်ပါဟု စာအဆင့်ဆင့် တင်ထားသော်လည်း အထက်လူကြီးများအနေဖြင့် မသိကျိုးကျွန်ပြုကာ ဥပက္ခာပြုလျှက် ရှိနေပါသည်။

ထိုကျေးရွာတွင်နေထိုင်သော လူထုအား အိမ်ထောင်စု စာရင်း ထုတ်မပေးဟုလည်း ကြားသိရပါသည်။

ကျေးရွာလူထု၏ အခက်ခဲများကို အသိအမှတ်ပြုသောအားဖြင့် မူလနေထိုင်သော နေရာ အင်ပင်ဝကျေးရွာ (ရွာသစ်) အား ဆက်လက်နေထိုင်ခွင့်ပြုရန် တင်ပြလိုက်ပါသည်။




အသံဖိုင် အပိုင်း ၁



အသံဖိုင် အပိုင်း ၂


သတင်းပေးပို့သူ ညီလေး
ကောင်းမြတ်ကို အထူးပဲ ကျေးဇူး တင်ရှိပါသည်၊၊

အပြည့်အစုံ ဖတ်ရန် ...

ကြားဖြတ် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်စာရင်းမှာ ပြည်သူများ ချန်လှပ်ခံရ

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေးတာဝန်ခံဖြစ်သည့် ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ ပြည်သူ့လွှတ်တော် နေရာအတွက် မဲပေးပိုင်ခွင့် ရှိသည့်စာရင်းမှာ ချန်လှပ်ခံရတဲ့ လူတွေ အများအပြား ရှိနေသည်ဟု သတင်းရရှိပါသည်။


ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ မဲဆွယ်စည်းရုံးရေး လာရောက်စဉ်

“ကျနော်တို့ မဲပေးချင်တဲ့လူရှိရင် ရုံးရှေ့မှာ နာမည်တွေနဲ့ ကပ်ထားတယ်။ ရပ်ကွက်တွေ ဥပမာ ၄၁၅၊ ၄၃၁ တို့ အကွက်တွေ အများကြီးပဲ ကပ်ထားပါတယ်။

မဲပေးချင်တဲ့လူတွေ လာကြည့်၊ နာမည်မပါရင် လာပြောဖို့ သူတို့ကြေငြာတဲ့အခါ ကျနော်တို့ မတ်လ ၈ ရက်နေ့ ဒီကနေ့ သွားကြည့်တယ်။ အကွက် (၄၀၅) စာရင်းမှာ ကျနော်တို့ တမိသားစုလုံးရဲ့ နာမည် မပါဘူး။

အဲ့ဒီအတွက် ရပ်ကွက်ရုံးကို သွားပြောတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် က ဒီနေ့ မတ်လ ၈ ရက်နေ့ ဖြစ်နေပြီမို့ မဲစာရင်းက ပိတ်သွားပြီ၊ မင်းတို့ မဲပေးပိုင်ခွင့် မရှိတော့ဘူး လို့ ပြန်ပြောပါတယ်” ဟု မိသားစုတစုလုံး မဲစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အကွက် (၄၀၅) နေ ပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့၊ အကွက် (၄၀၅)လက်သမားရပ် (စိန်ပန်း) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ မဲပေးပိုင်ခွင့်ရှိသည့် စာရင်းကို ကပ်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့ အထိသာ လာရောက် ပြင်ဆင်နိုင်ခွင့်ရှိတယ်လို့ ကြေငြာထားတာ ဖြစ်ပါတယ်။

“တချို့လူတွေကျတော့ သွားမကြည့်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာမည်တွေက အများကြီးဆိုတော့ တော်ယုံတန်ယုံ မကြည့်နိုင်တဲ့ လူတွေကျတော့ မဲပေးပိုင်ခွင့် မရှိတော့ဘူး ဖြစ်သွားတာ တော်တော်တော့ များမယ်။

လူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာဆိုတော့ တကူးတကကြီး နာမည် လာရှာမနေနိုင်ဘူး။ စာရင်းတွေကလဲ အများကြီး ကပ်ထားတော့ အများကြီး လိုက်ရှာရမှာ။ တကယ်လို့ ကိုယ့်နာမည်မတွေ့ရင် အိမ်ထောင်စုဇယား ယူ ၊ မှတ်ပုံတင် ယူပြီးတော့မှ သူတို့ဆီ နာမည် ပြန်ပေး၊ အဲကျတော့မှ ကျနော်တို့က မဲထည့်လို့ ရမှာတဲ့၊ အခုကျတော့ မဲပေးခွင့် မရတော့ဘဲ ကျန်ခဲ့တယ်။” လို့ ဆိုပါတယ်။

“ဒါက သူတို့ မသမာမှု ပြုလုပ်တာပဲ၊ မဲထည့်ရမည့်လူတွေကို အလုပ်ရှုပ်အောင် လုပ်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာ သွားပြီး မထည့်ဖြစ်တဲ့လူ၊ မကြည့်ဖြစ်တဲ့ လူနဲ့ သတိမထားမိတဲ့လူတွေက တော်ယုံတန်ယုံကျတော့ သွားမပေးဖြစ်တော့ဘူး၊ မပေးဖြစ်တဲ့ မဲတွေက သူတို့ထဲရောက်ပြီး ကြိုတင်မဲတွေ ဖြစ်သွားမှာ။

ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (NLD) ကို မဲပေးချင်တာလေ။ ကျနော်တို့ ချစ်တဲ့လူ၊ ကျနော်တို့ တကယ်တမ်း အားပေးမည့်လူ သူ့အတွက် နေရာတခုခု မရမှာကို ကြောက်တယ်။ ကျနော်တို့က အမှောင်မှာလဲ နေလာတာ ကြာပြီဆိုတော့ အခုမှ အလင်းတွေ့တာ၊ ကျနော်တို့နိုင်ငံကို ကောင်းတာပဲ ဖြစ်စေချင်ပါတယ်”လို့ ထပ်မံ ပြောဆိုလိုက်ပါတယ်။

မိသားစုတစုလုံး မဲစာရင်းထဲမှာ မပါဝင်တဲ့အတွက် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သွားရောက် ပြောကြားတဲ့အခါ မဲစာရင်း ပိတ်သွားပြီဟုသာ အကြောင်းပြန်ကြားလိုက်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက် မဲပေးခွင့် ဆုံးရှုံးသွားပြီဖြစ်တဲ့ အကွက်(၄၀၅)နေ ပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာ နက်ဝက်ကို ဆက်သွယ်ပြောကြားလာတာ ဖြစ်ပါတယ်။

source by :http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရေဒီယို နဲ့ ရုပ်မြင် ဟောပြောချက် မူကြမ်း ဖြတ်တောက် ခံရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအဖြစ် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ပြောကြားချက် မူကြမ်းထဲက အချက်တချို့ကိုအစိုးရက ကြိုတင် ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုအား မိန့်ခွန်းပြောကြားနေစဉ်။ RFA

စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေနဲ့ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပုံအကြောင်း တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောပါတယ်။

“ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ်ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီတစ်ပိုဒ်တော့ ဖြတ်ပါတယ်”

ဒီကနေ့ည တင်ဆက်မယ့် “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို လာမယ့် မတ်လ ၁၂ ရက်မှာ သွားရောက်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအတွက် ရိုက်ကူးရမယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

နေပြည်တော်မှာ ဒီလှိုင်းဂျာနယ် ဖြန့်ဝေ ရောင်းချ

နေပြည်တော်မြို့နယ်ထဲမှာ မတ်လ ၇ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ဒီလှိုင်း(D.Wave)ဂျာနယ်များကို လိုက်လံ ရောင်းချနေကြတာ ဖြစ်ပါတယ်။

ပုံကို ကလစ်ပြီး အကြီးချဲ့ကြည့်ပါ...။



source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်း လုံခြုံရေးကား လောက်စာလုံးနှင့် ချောင်းမြောင်း ပစ်ခတ်ခံရ (ရုပ်/သံ)

မတ်လ ၆ ရက်နေ့ ည ၇း၁၅ မိနစ်အချိန်မှာ ထန်းတပင်စည်းရုံးရေးခရီးစဉ်က အပြန် နေပြည်တော်လမ်းမပေါ် မိုင်တိုင် ၈၆ အရောက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို လုံခြုံရေး ယူထားတဲ့ ကားတစီး လောက်စာလုံးနဲ့ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရတဲ့အတွက် အရှေ့လေကာမှန် ထိမှန် ကွဲရှပြီး အဆိုပါ မှန်ကွဲစတွေကြောင့် လုံခြုံရေးယူဖို့ လိုက်ပါလာသူ လူငယ်တွေ ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရှိရပါတယ်။


source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲလိမ်မှု

နေပြည်တော် တိုင်းဒေသကြီးထဲမှ မြို့နယ်တချို့မှာ လူတွေနေထိုင်ခြင်း မရှိပါပဲနှင့် တဲအိမ်လေးများ ဖြစ်သလို ဆောက်လုပ်လျှက် လူဦးရေ စာရင်းပြကာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ မဲများကို လိမ်လည် အသုံးချခဲ့ကြပါတယ်။

ပုံကို ကလစ်ပြီး အကြီးချဲ့ကြည့်ပါ...။



source by : http://www.burmavjmedia.net

အပြည့်အစုံ ဖတ်ရန် ...

Tuesday, March 6, 2012

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်



အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာ ပထမအနေဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓ ပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံ သိမြင်သော ဉာဏ်အား ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများ မသိသော၊ အနီးကပ် တပည့်များသာသိသော အချက်များ ရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာ မဟုတ်ပါဘူး။

ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုး ကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ် ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေ ချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံး မှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထားခြင်းအားလည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။

ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန် ပြောဆိုမှုများအားလည်း NBC ရုပ်သံ ဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။

source by : http://shwelone.com

အပြည့်အစုံ ဖတ်ရန် ...