စာပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ။

 | သူခိုးဓားပြထက် ဆိုးတဲ့ပါတီက (“ကျေးဇူးတင်လွှာ” တဲ့ ဗျား) 0 Comments - 05 Dec 2010 ကြံ့ဖွံ့ ပါတီအနေနဲ့ တကယ်ကျေးဇူးတင်ရမှာက ပြည်သူ မဟုတ်တာသိပ်သေချာပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒေါ်စုရဲ့ NLD အနိုင်ရတော့ ပြည်သူတွေ အုံးအုံးကြွက်ကြွက်နဲ့ ပျော်မြူးခဲ့ကြပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲမှာကြံ့ဖွံ့ နိုင်တော့ တနိုင်ငံလုံး တစပြင်ကဲ့သို့ ခြောက်ကပ်ကပ်နဲ့ ။ လူထုရဲ့ ကျေနပ်မှုများ ပျောက်ရှနေတာ ကြာပါပြီ။ ... More Link |
 | ဗိုလ်ခင်ညွန့် နဲ့ နောက်လိုက်တွေရေ ဝဋ်မှာအမြဲငရဲမှာအပတဲ့ 1 Comments - 05 Dec 2010 ဗိုလ်ခင်ညွန့်ရဲ့ဗီဒီယိုကြည့်ပြီးတော့ ကျနော်ဟာ ဟိုးလွန်ခဲ့တဲ့ နှစ် (၃၀) ကာလက မော်လမြိုင်ကောလိပ်မှာ ကျနော်တို့ကို စာသင်ပေးခဲ့တဲ့ ဆရာသမားတွေကို သတိရမိလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ကတည်းက ခရစ်တော်ရဲ့ ရင်ခွင်မှာ ငြိမ်းချမ်းစွာအိပ်ပျော်နေပြီဖြစ်တဲ့ ကျနော့်ဆရာဟောင်း ကထိကဟောင်း “ဒေါက်တာ--” ရဲ့ အမြဲတမ်း ပြုံးနေတဲ့ မျက်နှာဟာ ကျနော့်ရဲ့စိတ်အာရုံမှာ ပေါ်လာခဲ့ပါတယ်။ ဗိုလ်ခင်ညွန့်ရဲ့ သားကောင် ဖြစ်ခဲ့ရလို့ အလွန်မြတ်နိုးလှတဲ့ တက္ကသိုလ်ဆရာဘဝကို စွန့်လွှတ်လိုက်... More Link |
 | ၀ိကိလိခ်စ် တည်ထောင်သူရဲ့ ဘ၀ ရုပ်ပုံလွှာ 0 Comments - 05 Dec 2010 ရဲမြင့်ကျော် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူနာမီပြီး လျှင် အကြီးဆုံးဟုဆိုရမည့် ငလျင်ကြီး တစ်ခု ဖြစ်ခဲ့သည်။ ထိုငလျင်က မြေ ပေါ်တွင်မဟုတ်၊ မိုးပေါ်တွင်ဖြစ်ခဲ့သည် မို့ အားလုံးအတွက် ထူးဆန်းနေသည်။ အထူးသဖြင့် ငလျင်ဗဟိုချက်က အမေရိကန် နိုင်ငံရေးနဲ့ သံတမန်အသိုင်းအ၀ိုင်းကို အကြီးအကျယ်အထိနာစေခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လုံခြုံရေး၊ သံတမန်ရေး လျှို့ဝှက်ချက် လေးပုံတစ်ပုံကျော် ဖောက်ချ လိုက်တဲ့ ၀ိကိလိခ်စ် (WikiLeaks) အွန်လို... More Link |
 | “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” 0 Comments - 05 Dec 2010 လွတ်လပ်တဲ့အာရှအသံက စီစဉ်တင်ဆက်သောအပတ်စဉ် အမေး အဖြေ အစီအစဉ် (ဒီဇင်ဘာ ၃ရက်၊ ၂၀၁၀)(မိုးမခ)ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး ကောင်းမှသာလျှင် အားလုံးက နေပြီးတော့ ကွန်ယက်ကြီး သဖွယ် ဒီမိုကရေစီ ရရှိရေးအတွက် ဆောင်ရွက်သွား နိုင်မယ်လို့ ယုံကြည်တာကြောင့် မို့လို့၊ ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းအောင်လို့ တတ်နိုင်သမျှ လူငယ်များက ကူညီပေးပါလို့ မေတ္တာရပ်ခံ ချင်ပါတယ်။မေးခွန်းမေးသူ။ ။ ဦးပညာဇောတ (သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံဆရာတော်)Q: ဒီနေ့၊ ဒီအခ... More Link |
ကြံ့ဖွံ့ ပါတီအနေနဲ့ တကယ်ကျေးဇူးတင်ရမှာက ပြည်သူ မဟုတ်တာ သိပ်သေချာပါတယ်။
၁၉၉၀ ရွေးကောက်ပွဲတုန်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD အနိုင်ရတော့ ပြည်သူတွေ အုံးအုံးကြွက်ကြွက်နဲ့ ပျော်မြူးခဲ့ကြပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ နိုင်တော့ တနိုင်ငံလုံး တစပြင်ကဲ့သို့ ခြောက်ကပ်ကပ်နဲ့ ။
လူထုရဲ့ ကျေနပ်မှုများ ပျောက်ရှနေတာ ကြာပါပြီ။
အောင်မျိုးထွန်းsource by : http://www.dawnmanhon.com
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ရန်ကုန်က အင်တာနက် သုံးသူတွေ ရေရေလည်လည် ဆဲနေကြပြီ။
အင်တာနက် နှေးလို့ မဟုတ်ဘူး။
အင်တာနက် ရပ်နေလို့။
တချို့က အင်တာပျက် လို့တောင် အမည် ပေးထားတယ်။
ဒီလိုအခြေအနေမှာ ဟောဒီသတင်း ဒီနေ့ သတင်းစာမှာ ပါလာတာပဲ။
(အင်တာပျက်ကြောင့် အက်တာနက်ဆိုင်တွေ ပိတ်ထားရတယ် ဆိုတဲ့ အချိန်မှာ ဒီလို ပြပွဲ လုပ်တာ ဟာသရသ မမြောက်ဘူးလား။)
အင်တာနက် သုံးတဲ့သူ တော်တော်များများက ဖုန်းဆက်ပြီး ပြောကြ ဆိုကြ ဆူကြတဲ့အခါ ဆာဗာအတိုက်ခံရတယ်၊ ပြည်ပက တိုက်တယ် ဒါကြောင့် အင်တာနက် ပျက်ရတယ် ဆိုတဲ့ အဖြေကို ရကြပါသတဲ့။
ဒီကနေ့ပဲ အင်တာပျက်သတင်းကို Eleven Media Group ၀က်ဆိုက်မှာ ရေးထား တင်ထားတာ ဖတ်လိုက်ရပါတယ်။ သတင်းမှာ ပါတဲ့ အသံ တခုက စိတ်ဝင်စားစရာ ကောင်းပါတယ်။ Eleven Media Group ရဲ့ CEO ဒေါက်တာသန်းထွဋ်အောင်ရဲ့ အသံပါ။
သူပြောတာက - "Cyber Attack ဖြစ်လို့ပါလို့ ခဏခဏအကြောင်းပြချက် မပေးပါနဲ့။ IT နားလည်တဲ့ Common Sense အသိဥာဏ်ရှိတဲ့သူတိုင်း သိပါတယ်။ မဖြစ်နိုင်ပါဘူး။ အင်တာနက်ကို Monopoly လုပ်ပြီး Freedom of Press ကို ထိပါးတာဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပါတဲ့ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်ကို ထိပါးရာ ရောက်ပါတယ်" တဲ့။
source by : http://www.irrawaddyblog.com
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ကမ္ဘာစစ်က ရန်ငြိုးတွေကြောင့် တရုတ်နဲ့ဂျပန် တစ်ယောက်ကို တစ်ယောက်အမြင်မကြည်ကြဘူးလို့ အလုပ်က ပြည်ကြီးတရုတ် သူငယ်ချင်း တစ်ယောက်ကပြောပြဖူးတယ်။ ဘယ်လောက်ထိတောင် အမြင်မကြည်လဲဆို တရုတ်နာမည်ကြီးဘတ်စကက်ဘောသမား "Yao Ming"ဆိုရင် ဂျပန်က ကမ်းလှမ်းတဲ့ ကြော်ငြာတွေကိုဘယ်တော့မှ လက်မခံပါဘူးတဲ့။ ဒါဆိုရင် မနှစ်က ဂျပန်ကား ရိုက်သွားတဲ့နာမည်ကြီး တရုတ် မင်းသမီး"Zhang Ziyi " ရောလို့ ကျွန်မ မေးတော့အဲဒီမင်းသမီးကို ပြည်ကြီးက တရုတ်တွေ မကြိုက်တဲ့အကြောင်း သူပြောပြတယ်။
နောက်ပြီး သူဆက်ပြောသေးတယ်။ တစ်ခါက တီဗွီ အစီစဉ်တစ်ခုမှာ ကမ္ဘာကျော်တရုတ်မင်းသား "ဂျက်လီ"နဲ့ ထိုင်ဝမ် အဆိုတော် တစ်ယောက်ကိုဂျပန်သတင်းထောက်က အင်တာဗျူးလုပ်သတဲ့။ အင်တာဗျူးမှာ သတင်းထောက်ကအဆိုတော်ကို "ကမ္ဘာစစ်တုန်းက ဂျပန်တွေက တရုတ်လူမျိုး သန်းပေါင်းများစွာကိုသတ်ခဲ့တယ်လို့ ပြောတယ်။ အသတ်ခံရတဲ့ အရေအတွက်ကို ခင်ဗျားတို့ကလိုက်ရေထားလို့လား" လို့ မေးတော့ အဆိုတော်က ဘာပြန်ဖြေရမှန်းမသိဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ မင်းသား ဂျက်လီက ရုပ်ရှင်ထဲက သူ့ရဲ့ ကန်ချက် ထိုးချက်အတိုင်း လျှင်မြန်တဲ့ အတိမ်းအရှောင်နဲ့ အခုလိုဖြေလိုက်ပါသတဲ့။ "ကမ္ဘာစစ်တုန်းက အမေရိကားစစ်သားတွေ ဂျပန်အမျိုးသမီးတွေကိုမုဒိန်းကျင့်ခဲ့တယ်လို့ ပြောတယ်။ ခင်ဗျားတို့က အဲဒီမုဒိန်းကျင့်ခံရတဲ့အမျိုးသမီးတွေကို ဖရီးလာလားလို့ မေးခဲ့လား" လို့ ပြန်မေးလိုက်မှသတင်းထောက်ကြီး ဆွံအသွားသတဲ့။ တီဗွီထဲကရော တီဗွီအပြင်မှာရော ကြည့်နေကြတဲ့ပြည်ကြီး တရုတ်တွေက လက်ခုပ်လက်ဝါး တဖြောင်းဖြောင်း တီးလို့ပေါ့။
စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ " တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ"
ဒုတိယ အကြီးအကဲ " တကယ်လို့ ငါသာ ၅၀၀တန်နှစ်ရွက် ပစ်ချလိုက်ရင် လူနှစ်ယောက်ပျော်ရမယ်"
တတိယ အကြီးအကဲ "တကယ်လို့ ငါသာ ၁၀တန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်"
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့...
"အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး ပျော်ကြမှာပဲ" ဟူတည်း။
စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား... လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင်ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်ကရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီးပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်းမစားချင်ဘူးလားကွ" ဟူတည်း။
စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
တစ်ခါက အမေရိကန်လူမျိုး၊ အင်္ဂလိပ်လူမျိုး၊ တရုတ်လူမျိုးနဲ့ ဂျပန်လူမျိုးတို့ဟာ သူနိုင်ငံ ကိုယ်နိုင်ငံရဲ့ စစ်ရေးစစ်ရာကိုဆွေးနွေးကြတယ်။
ဂျပန်လူမျိုးက "ကျွန်တော်တို့ လူမျိုးက မတွန့်မကြောက် သတ္တိခဲတွေ နိုင်ငံအတွက်ဆိုရင် အသက်ကိုတောင် စွန့်ဝံ့တယ်။ အခု ကျွန်တော်ခေါင်းပေါ်မှာ ပန်းသီးတစ်လုံးတင်ပြီး ခင်ဗျားတို့ရဲ့ အပစ်ကို ခံရဲတယ်" လို့ ပြောပြီးသူ့ခေါင်းပေါ် ပန်းသီးတစ်လုံးတင်ပြီး ကျန်လူတွေကို သေနတ်အပစ်ပြိုင်ခိုင်းလိုက်တယ်။
ပထမဦးဆုံး အမေရိကန်လူမျိုးက နောက်ကို ခြေအလှမ်း၂၀ လှမ်းပြီးကိုယ်ကိုလှည့်ပြီး ပစ်ထည့်လိုက်တယ်။ ဂျပန်ခေါင်းပေါ်မှာ တင်ထားတဲ့ပန်းသီးလေး အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။ အမေရိကန်က သေနတ်ပြောင်းဝကမီးခိုးကို တစ်ချက်မှုတ်ပြီး ပြောလိုက်တယ်.. "I am Hunter" ငါက မုဆိုးတဲ့။
ဒုတိယ အင်္ဂလိပ် လူမျိုးက နောက်ကို ခြေအလှမ်း ၅၀လှမ်းပြီး ကိုယ်ကိုတစ်ပတ်လှည့်ပြီး ပစ်လိုက်ပြန်တယ်။ ပန်းသီးက ဖွာခနဲ့ပဲ။ အင်္ဂလိပ်ကကိုယ့်ကို အထင်ကြီးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်.. "I am Bond" ငါကဂျိမ်းစ်ဘွန်းတဲ့။
နောက်ဆုံး တရုတ် အလှည့်ရောက်တော့ တရုတ်က နောက်ကို ခြေ ၃လှမ်း လှမ်းပြီးပစ်ထည့်လိုက်တယ်။ ဖြာခနဲ့ပဲ ပန်းသီးတော့ မဟုတ်ဘူး။ ဂျပန်ရဲ့ ဦးခေါင်းပါ။ တရုတ်က ဟန်ပါပါနဲ့ ခါးထောက်ပြီး ပြောလိုက်တယ်။
"I am sorry" ငါဝမ်းနည်းပါတယ်တဲ့။
စာရေးသူ ။ ။ အမည်မသိ
တင်ပြသူ ။ ။ နော်မန်
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...