Friday, August 13, 2010

ရွေးကောက်ပွဲကျင်းပမည့်ရက် နအဖကြေညာပြီ


NEJ | အနှစ်နှစ်ဆယ်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့် ရွေးကောက်ပွဲ ကျင်းပရက်ကို နအဖ ရုပ်သံနှင့် အသံလွှင့်မီဒီယာမှ ယနေ့ကြေညာသည်။

ယခုနှစ်အတွင်း ပြုလုပ်မည်ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက် (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည်ဖြစ်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းခြင်းနှင့် မှတ်ပုံတင်ကြေး ပေးသွင်းခြင်းတို့ကို သြဂုတ် (၁၆) ရက်မှ သြဂုတ်လကုန်ထိ လက်ခံပေးမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်ကို ကြေညာသွားခြင်းဖြစ်သည်။


ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၄၇) ဖွဲ့ရှိပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အားစာရင်း တင်ပြကြရာတွင် ပါတီ (၁၄) ပါတီသာရှိသေးကြောင်း ကော်မရှင်၏ တရားဝင်စာရင်းများအရ သိရသည်။

သြဂုတ် (၁၂) ရက် ယမန်နေ့ကလည်း အစိုးရပိုင်သတင်းစာများတွင် မဲဆန္ဒနယ်မြေပေါင်း (၃၃၀) သတ်မှတ်ကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း (၉၀) ခန့်အလိုတွင်မှ နအဖစစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်မည့်ရက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

“ကျင်းပရက်ကို ကြေညာတာကတော့ ရက်ပေါင်း (၉၀) လောက် ရှိတာပေါ့နော်၊ ဒါပေမယ့်လည်း စည်းရုံးရေးတွေလုပ်ဖို့နဲ့ နယ်တွေကိုဆင်းဖို့ကျတော့ ကာလက တိုတယ်။ ကာလတိုတာထက် ဆိုးတာက စည်းရုံးခွင့်ကို လွတ်လွတ်လပ်လပ် လုပ်ခွင့်မရတာဘဲ။ ဒါ့ကြောင့် အခက်အခဲတော့ တွေ့နိုင်တယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ပါတီဝင်တဦးက ပြောသည်။

နအဖ လက်အောက်ခံပါတီများမှလွဲ၍ လူထုကိုစည်းရုံးရန် အခြားပါတီများတွင် အခွင့်အလမ်းမရှိကြောင်း၊ ရွေးကောက်ပွဲဝင်ရန် အတိအကျ မပြောနိုင်သေးသော၊ ကြိုးစား၍ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်မည်ဆိုသော ပြည်ထောင်စုဒီမိုကရေစီပါတီမှ ပါတီဝင်တဦးကလည်း ပြောဆိုသည်။

ပြည်တွင်း နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တဦးကလည်း “စာရင်းတင်ပါဆိုတော့ တချို့ပါတီတွေ ပါတီဝင်စာရင်းတွေတောင် မတင်နိုင်ကြသေးဘူး။ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်မရတာက အရာရာကို နှောင့်နှေးစေတယ်ဗျာ” ဟု ပြောသည်။

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ခေါင်းဆောင်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကသာ ရန်ကုန်မြို့နှင့် မြန်မာတနိုင်ငံလုံးတွင် တရားဝင် ဟောပြောစည်းရုံးခွင့် ရထားသည်ကို ပါတီအများစုက မကျေမနပ်ဖြစ်နေကြသည်။

ရန်ကုန်မှ နိုင်ငံရေးသတင်းအယ်ဒီတာတဦးကမူ ယခုစစ်အစိုးရ၏ လုပ်ဆောင်ချက်အရ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ခြင်း မရှိမည်မှာ သေချာသလောက်ဖြစ်နေပြီဟု ပြောဆိုသည်။

၎င်းက “ဥပမာ ကချင်ပါတီ (၃) ခုကို ဖွဲ့စည်းခွင့် မပေးခဲ့လို့။ နောက်တချက်က မကြာသေးခင်ကမှ မှတ်ပုံတင်ခွင့်ရတဲ့ ပါတီတချို့ဆိုရင် ပါတီဝင်အရေအတွက် ပြည့်အောင် စုဆောင်းရမလား၊ ကိုယ်စားလှယ်လောင်းစာရင်းပဲ တင်ရမလား၊ နိုင်ငံရေးစာစောင် ထုတ်ဝေခွင့်ကိုပဲတင်ရမလား၊ ဘာမှ လုပ်ဖို့အချိန်မရနိုင်တော့ဘူး။ နောက် တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေဆိုလည်း ပြည်နယ်တွေမှာ ပါတီဝင်စုဆောင်းရတာနဲ့ နေပြည်တော်ကို အခေါက်ခေါက် အခါခါ သွားနေရတာနဲ့ပဲ အချိန်ကုန်နေတယ်။ ဒီလ မကုန်ခင်မှာ ဘယ်ပါတီမှ ကိုယ်စားလှယ်ဦးရေ သိပ်များများစားစား တင်နိုင်ကြမှာမဟုတ်ဘူး။ ငွေရေးကြေးရေးအရရော အချိန်အရရော အခက်အခဲ ဖြစ်ကြလိမ့်မယ်” ဟု ရှင်းပြသည်။

ပြည်တွင်းမှ နိုင်ငံရေးသမားအများစုကမူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်ရက်သည် လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင်ဖြစ်ပြီး ယင်းလွတ်ရက်မတိုင်မီ နအဖက ရွေးကောက်ပွဲပြုလုပ်မည်ဟု ယခုကဲ့သို့ ကြေညာလိုက်သည့်အပေါ် ဝေဖန်မှုများရှိနေသည်။

“ဒေါ်စုကို သူတို့အကြောင်းရှာပြီး ချုပ်ထားရမယ့် အခြေအနေမရှိတော့ဘူး။ ဒေါ်စုလွတ်လာရင် ပြည်တွင်းရေးအနေအထားက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သေချာပေါက် တခုခုပြောင်းလဲသွားနိုင်တယ်။ အစိုးရကလည်း ရွေးကောက်ပွဲကို ဒီနှစ်မှာ လုပ်ကိုလုပ်မယ်ဆိုတာ နိုင်ငံတကာမှာ အကြိမ်ကြိမ်ပြောဆိုပြီးနေတော့ ဒေါ်စုလွတ်ရက်မပြည့်ခင်မှာ ရွေးကောက်ပွဲလုပ်ဖို့ တရားဝင်ကြေညာတာဖြစ်နိုင်တယ်” ဟု နိုင်ငံရေးသမားဟောင်းတဦးက ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်၌ ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မေလ (၂၇) ရက်တွင် ကျင်းပခဲ့ရာ ပါတီပေါင်း (၉၃) ပါတီမှ ကိုယ်စားလှယ်ပေါင်း (၂,၂၀၉) ဦးနှင့် တသီးပုဂ္ဂလ (၈၇) ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီက (၈၂) ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။


source by :NEJ

အပြည့်အစုံ ဖတ်ရန် ...

Thursday, August 12, 2010

ကမ္ဘာ့အဆင့် အမြင့်ဆုံး ရွေးကောက်ပွဲ

ဟန်လေး ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃ဝ ဟု ကော်မရှင် သတ်မှတ်


မဇ္ဈိမ | မြန်မာနိုင်ငံ တဝှန်းလုံးရှိ မြို့နယ်တိုင်းတွင် မဲဆန္ဒနယ်တခုစီ သတ်မှတ်၍ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ပေါင်း ၃၃ဝ သတ်မှတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာလိုက်သည်။

ရှမ်းပြည်နယ်မှာ မဲဆန္ဒနယ် အများဆုံးဖြစ်ပြီး ၅၅ ခု၊ ရန်ကုန်တိုင်းက ၄၅ ခုဖြင့် ဒုတိယအများဆုံး၊ ထို့နောက်တွင် စစ်ကိုင်းတိုင်း ၃၇ ခု၊ မန္တလေးတိုင်း ၃၆ ခုတို့ဖြစ်ကာ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ ၉ ခုစီဖြင့် အနည်းဆုံး ဖြစ်သည်။

အောက်လွှတ်တော်အတွက် မဲဆန္ဒနယ်မြေများ စာရင်းကြေညာမှုကို ကော်မရှင်က ယမန်နေ့ကပင် ထုတ်ပြန်သော်လည်း နိုင်ငံပိုင် သတင်းစာများတွင်သာ ယနေ့ ဖော်ပြခွင့်ရခြင်း ဖြစ်သည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကိုတော့ စစ်အစိုးရက မထုတ်ပြန်သေးပေ။ ရွေးကောက်ပွဲရက်နှင့် ပတ်သက်၍ ရေပန်းစားနေသော ယခုနောက်ဆုံး ခန့်မှန်းချက်တခုမှာ ဒီဇင်ဘာလအတွင်း ဖြစ်နိုင်သည် ဆိုခြင်း ဖြစ်သည်။


ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များ
(၁) ကချင်ပြည်နယ်၁၈
(၂) ကယားပြည်နယ် (ကရင်နီပြည်နယ်)
(၃) ကရင်ပြည်နယ်
(၄) ချင်းပြည်နယ်
(၅) စစ်ကိုင်းတိုင်း၃၇
(၆) တနင်္သာရီတိုင်း၁၀
(၇) ပဲခူးတိုင်း၂၈
(၈) မကွေးတိုင်း၂၅
(၉ ) မန္တလေးတိုင်း၃၆
(၁ဝ) မွန်ပြည်နယ်
၁၀
(၁၁) ရခိုင်ပြည်နယ်၁၇
(၁၂) ရန်ကုန်တိုင်း
၄၅
(၁၃) ရှမ်းပြည်နယ်
၅၅
(၁၄) ဧရာဝတီတိုင်း၂၆
မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းက ငါးလုပ်ငန်း ဦးစီးဌာနတွင် ပြုလုပ်သော ဆီမီနာတခုတွင် ဒီဇင်ဘာလတွင် အင်မတန်မှ အလုပ်ရှုတ်မည်ဟု ဆိုခြင်းအပေါ် အဓိပ္ပာယ် ဖွင့်ဆိုကြခြင်း ဖြစ်သည်။ ယခင်ကတော့ စစ်အစိုးရကို ကယ်ဆယ်ပေးနိုင်မည့် အမှတ်အသားဖြစ်သော ၁ဝ ရက်၊ ၁ဝ လ၊ ၂ဝ၁ဝ တွင် လုပ်လိမ့်မည်ဟူသော ခန့်မှန်းချက် ထွက်ပေါ်ခဲ့သေးသည်။

နောက်ရက်များတွင် အထက်လွှတ်တော်ဖြစ်သော အမျိုးသား လွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော်များ၏ မဲဆန္ဒနယ်များကိုလည်း နေ့စဉ် သတင်းစာများမှပင် ကြေညာမည် ဖြစ်သည်။

စစ်အစိုးရ၏ ရုပ်သေးဖြစ်သည်ဟု ဝေဖန်ခံရသော ကော်မရှင်အနေဖြင့် မဲပေးခြင်းနှင့် မဲရုံကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ သင်တန်းများ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် လိုက်လံပေးနေသည်ကို မဇ္ဈိမက စုံစမ်း သိရှိရသည်။

သို့သော်လည်း ပြည်သူလူထုအတွင်း မဲပေးနည်း၊ မဲစည်းကမ်း သတ်မှတ်ချက်များကို ရှင်းလင်းပြောဆိုထားမှု အားနည်းနေရာ နိုင်ငံရေးပါတီအချို့ မဲပေးသူများကို ပညာပေးရေးလုပ်ငန်းများ ဝင်ရောက် လုပ်ကိုင် လာနေသည်ကိုလည်း တွေ့ရသည်။


source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...