Saturday, May 30, 2009

ဓါတ်ပုံများက ပြောသော ဒီပဲယင်း

ဓါတ်ပုံများက ပြောသော ဒီပဲယင်း

Depayin- Photo History

အပြည့်အစုံ ဖတ်ရန် ...

ဒီပဲယင်း ကျောက်စာ

ဒီပဲယင်း ကျောက်စာ




မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, May 29, 2009

ဖိတ်ခေါ်ခြင်း

ဖိတ်ခေါ်ခြင်း

လေးစားရပါသော မိဘပြည်သူများ ၊ဘလော့ဂ်ဂါများ ၊အဖွဲ့အစည်းအသီးသီး မှ တာဝန် ရှိပုဂ္ဂိုလ်များ နှင့် အဖွဲ့ဝင်များ၊ မီဒီယာဖြင့် ဒီမိုကရေစီ တိုက်ပွဲဝင် နေသော ပုဂ္ဂိုလ်များရှင့် .....


အမေရိကန်နိုင်ငံသား ဂျွန်ဝေလီယန်ယက်တော် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်း တိတ်တဆိတ် ဝင်ရောက်လာခြင်း သည်စစ်အစိုးရ၏ လုံခြုံရေး ညံ့ဖြင်းခြင်းကြောင့်သာ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူသားပီသသည့် လူလူချင်း ညှာတာစိတ်ထားသည့် ခေါင်းဆောင်တစ်ဦးပီသသည့် “သူမကြောင့် အခြားသူ တစ်ဦး အာဏာရှင် လက်ထဲ ရောက်မှာ မလိုလားပါဖူး" ဆိုတဲ့ စကားဟာ ယက်တော သူ့ဖာသာ ၀င်ရောက် လာခြင်းကို နအဖလက်ထဲ တိုင်ပြီး အပ်ရမယ့် လုပ်ရပ် ကို သူမ မလုပ်ခဲ့ပါ။ လူလူချင်း ဒုက္ခ ရောက်မယ့် လုပ်ရပ် သူမ မလုပ် နိုင်ပါ ... မြန်မာ ဖြစ်စေ နိုင်ငံခြားသား ဖြစ်စေ မခွဲခြားဘဲ ထားတဲ့ စိတ်ဓါတ်ဟာ ယက်တောရော နိုင်ငံတကာက ပြည်သူတွေရော သိစေချင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြင့်မြတ်သည့်၊ လူသား ပီသသည့်၊ နိုင်ငံကြီးသား ပီသသည့်၊ လူလူချင်း ခွဲခြားဆက်ဆံမှု မရှိသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် ကျွန်မတို့ ဂုဏ်ယူထိုက်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တွင် လုံးဝ အပြစ်မရှိပါ။ ယခုအခါတွင် စစ်အစိုးရတို့ ကြိုတင် ကြံစီထားသည့် အတိုင်း ဒေါ်အောင်ဆန်းစုကြည် အား အကျဉ်းထောင်တွင်း ၌ ဆက်လက် ဖမ်းဆီး ချုပ်နှောင် ထားတော့ မည်။

အထက်မြန်မာပြည်ခရီးစဉ်အတွင်းဖြစ်ခဲ့သည့် ဒီပဲယင်း လုပ်ကြံမှုကြီးမှအစ ယနေ့ အင်းစိန်ထောင် အတွင်း ရောက်နေရသည် အထိ ဒေါ်အောင်ဆန်းစုကြည်၌ လုံးဝ အပြစ်မရှိပါ။ မတရား ဖမ်းဆီးချုပ်နှောင် ထားခြင်းသာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်သို့ ရွေ့ပြောင်းချုပ်နှောင် ထားခြင်း သည် ကျွန်မတို့ အားလုံးနှင့် ပြည်သူတရပ်လုံး၏ မျှော်လင့်ချက်များ အလုံးစုံကို ဖမ်းဆီးချုပ်နှောင် ထားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ကျွန်မတို့အနေနှင့်မိဘပြည်သူများ၊ဘလော့ဂ်ဂါများ၊အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင်များ၊ မီဒီယာဖြင့် ဒီမိုကရေစီ တိုက်ပွဲဝင် နေသော ပုဂ္ဂိုလ်များ အားလုံး ၏ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ထားခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ခံစားချက်များ အားလာရောက် ရေးသားဖို့ ဖိတ်ခေါ်ပါရစေရှင့်။

ထိုရေးသားချက်များအား “ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီး ချုပ်နှောင်ခံရခြင်း နှင့် စစ်အစိုးရ၏ ယုတ်မာမှု အပေါ် ပြည်သူများ၏ ခံစားချက်” အမည်ဖြင့် စာအုပ် ထုတ်ဝေပြီးနိုင်ငံ အသီးသီး ၏ ခေါင်းဆောင်များ ၊ မြန်မာနိုင်ငံ အကြောင်း စိတ်ဝင်စားသူများ ထံ ပေးပို့သွားမှာ ဖြစ်ပါတယ်ရှင့်။


ရေးသားရန်လိပ်စာ -
Burmese Show Their Feeling >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။



ဝပ်ဆိုဒ်လိပ်စာ - www.news-shrc.org



လေးစားစွာဖြင့်


ဒေါက်တာ - နန်းသီတာအေး

ဒုဥက္ကဌ

ဓနုအမျိုးသားကောင်စီ

www.news-shrc.org

Ph - 08-2758-1156

မှတ်ချက် ။ ။ မိမိစိတ်ကြိုက်ဘာသာစကားဖြင့်လာရောက်ရေးသားနိုင်ပါသည်။


မျှဝေခြင်း ။ ။ Fwd Mail

အပြည့်အစုံ ဖတ်ရန် ...

Thursday, May 28, 2009

အဖွဲ့ချုပ်ရုံးတွင် ရွေးကောက်ပွဲ အောင်ပွဲနေ့ ကျင်းပ ဒေါ်အောင်ဆန်းစုကြည် ၏ တရားရုံးရေးသားဖေါ်ပြချက် ထုတ်ပြန်

အဖွဲ့ချုပ်ရုံးတွင် ရွေးကောက်ပွဲ အောင်ပွဲနေ့ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ၏ တရားရုံးရေးသားဖေါ်ပြချက် ထုတ်ပြန်




NEJ / ၂၇ မေ ၂၀၀၉



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယနေ့ကျင်းပသည့် (၁၉) နှစ်မြောက် ရွေးကောက်ပွဲအောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ တရားရုံးသို့ ရေးသားတင်ပြချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ပါ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားတင်ပြချက် တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုအမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းရင်းမှာ လုံခြုံရေးလစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့်စပ်လျဉ်းပြီး အရေးယူခြင်းမရှိဘဲ ၎င်းကိုသာ အရေးယူတရားစွဲခြင်းမှာ ဘက်လိုက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၀၃ ခု မေ (၃၀) ရက်တွင် ဒီပဲယင်းမြို့အနီးတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် နအဖစစ်အစိုးရက ၎င်းတို့အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ထိုသို့ထိန်းသိမ်းထားစဉ်အတွင်း ယခုနှစ်မေလတွင် ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို့ အမေရိကန်နိုင်ငံသား မစ္စတာယက်တောက တိတ်တဆိတ်ရေကူးဝင်ရောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ခေတ္တနေခွင့်ပြုခဲ့သဖြင့် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အမှုစစ်ဆေးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ယင်းအမှုကို မကျူးလွန်ကြောင်း ယမန်နေ့က တရားရုံးတွင် စာရေးသားထွက်ဆိုခဲ့ပြီး ယင်းထွက်ဆိုချက်ကို ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည့်က ယမန်နှစ် နိုဝင်ဘာ (၃၀) ရက်တွင် ပထမအကြိမ် မစ္စတာယက်တော ၎င်း၏ နေအိမ်ခြံအတွင်းရောက်ရှိခဲ့စဉ်က ဒေါက်တာတင်မျိုးဝင်းမှတဆင့် ယင်းအဖြစ်အပျက်အား အာဏာပိုင်များ သတင်းပေးပို့ခဲ့သော်လည်း အာဏာပိုင်များက စုံစမ်းမေးမြန်းခြင်းမလုပ်ခဲ့ဟုလည်း ဖော်ပြထားသည်။

ယခုနှစ် မေလ (၄) ရက် ဒုတိယအကြိမ် မစ္စတာယက်တော ၎င်း၏နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုတွင် ၎င်းအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီးအချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခေတ္တခိုလှုံခွင့်ပေးခဲ့ကြောင်း တင်ပြထားသည်။

ယင်းကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ လစဉ်ဆေးစစ်ဆေးရန်လာသည့် ဒေါက်တာတင်မျိုးဝင်းမှတဆင့် သက်ဆိုင်ရာသို့အကြောင်းကြားရန် ရည်ရွယ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များသာရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့်မရခဲ့ကြောင်းလည်း ဖော်ပြထားသည်။

(ယင်းစာအပြည့်အစုံကို ကြည့်ရန်) >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆို စစ်ဆေးမှု ဖြစ်စဉ်မှတ်တမ်း

ဒေါ်အောင်ဆန်းစုကြည် အား တရားစွဲဆို စစ်ဆေးမှု ဖြစ်စဉ်မှတ်တမ်း

It Did Happen in Burma - Record on Trial of DASSK

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမား တောင်းဆို


ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန်
အမေရိကန်သမ္မတ အိုဘားမား
တောင်းဆို




NEJ / ၂၇ မေ ၂၀၀၉


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားက မြန်မာစစ်အစိုးရ အာဏာပိုင်များကို ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားခြင်းနှင့်ဖမ်းဆီးထိန်းသိမ်း ထားခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်း သမ္မတအိုဘားမားက ယမန်နေ့က စာရေးသားထုတ်ပြန် တောင်းဆိုခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ဖမ်းဆီးထားမှုနှင့် အခြေအမြစ်မရှိသည့် တရားစွဲဆိုမှုများသည် နိုင်ငံတကာအသိုင်းအ၀န်းတွင် တာဝန်သိနိုင်ငံတခုအဖြစ် မြန်မာနိုင်ငံ၏ရပ်တည်မှုကို အလွန်သံသယဖြစ်စရာ ကောင်းသည်ဟုလည်း အမေရိကန် သမ္မတက ထောက်ပြထားသည်။

ယခုလ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျမ်ယက်တောကို နေအိမ်တွင် လက်ခံခွင့်ပြုသည့်အတွက် တားမြစ်ကန့်သတ်မိန့်ကို ချိုးဖောက်သည်ဟုဆိုကာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယမန်နေ့က တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်အား စတင်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က မိမိ၌ အပြစ်မရှိကြောင်း ချေပသွားခဲ့သည်။

ယမန်နေ့နံနက်ပိုင်း၌ ရဲချုပ်ခင်ရီနဲ့ ရဲမှူးချုပ်မြင့်သိန်းတို့က ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်သက်တမ်း နောက်ထပ် (၆) လထပ်မံတိုးမြှင့်နိုင်သော်လည်း သက်ညှာသောအားဖြင့် တားဆီးမိန့် (၁၀/ခ) ကို ရုပ်သိမ်းကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများရှေ့၌ ဖတ်ကြားခဲ့သည်။

နေအိမ်အကျယ်ချုပ်ကို ပယ်ဖျက်လိုက်ပြီဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မစ္စတာယက်တောအား လက်ခံမှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရကာ တရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, May 26, 2009

ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ချေပ

ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ချေပ

Tuesday, 26 May 2009 20:23 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား စွဲချက်တင်ထားသော တားဆီးကန့်သတ်မိန့် ချိုးဖောက်မှုနှင့် ပတ်သက်ပြီး မည်သည့် ဥပဒေကိုမျှ ကျူးလွန် ချိုးဖောက်ခြင်းမရှိကြောင်း အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယနေ့ ထွက်ဆိုသွားသည်။

အဆိုပါ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ၎င်း၏ အိမ်သို့ ရေကူးဝင်ရောက်သည့် အမှုနှင့်ပတ်သက်ပြီး တရားရုံးက စစ်ဆေး မေးမြန်းသည်ကို ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် မည်သည့် ဥပဒေမျှမချိုးဖောက် ခဲ့ဟု တရားခွင်သို့ရောက်ရှိနေသော သတင်းထောက်များနှင့် သံတမန်များ၏ ရှေ့မှောက်တွင် ပြန်လည်ဖြေ ကြား သွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျွန် ဝီလျံ ယက်ထောအမှုနှင့်ပတ်သက်ပြီး ရှင်းလင်းချက်များကို Statement (ကြေညာချက်) တစောင် ရေး၍ တရားရုံးသို့ တင်ပြပြီး တရားရုံး၏ စစ်ဆေး မေးမြန်းချက်များကို ခုခံဖြေဆို သွားသည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း ပြောဆိုသည်။

“သူ့ Statement မှာ ဘယ်လိုပြစ်မှုမှ မကျူးလွန်ကြောင်း အခိုင်အမာ ပြောထားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ သူဟာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ အထိန်းသိမ်းခံနေရသူ တဦးဖြစ်နေတယ်လို့လည်း ဆိုပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျွန် ယက်ထော ၎င်းအိမ်ဝင်ရောက်လာခြင်းနှင့် ပတ်သက်ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်း တို့ သားအမိကိုလည်း အသိအပေးနှိုးဆော်ထားသည်ဟု ဆိုသည်။

“ကျမ သူ့ကို ခဏတာ ခွင်ပြုခဲ့ပါတယ်”ဟု တရားရုံး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားလိုက်ပြီး အစားအစာများလည်း ဂျွန်ယက်ထောကို ကျွေးမွေး ခဲ့ကြောင်း ပြောဆိုခဲ့သည်။

၎င်း ဂျွန် ယက်ထော ဝင်ရောက်လာခြင်းအား သက်ဆိုင်ရာသို့ သတင်းပို့မှုမရှိခြင်းနှင့် ပတ်သက်ပြီး တရားရုံး၏ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် လုံခြုံရေးများဖြင့် အကျဉ်းချခံထားရသူတဦးဖြစ်၍ သတင်းမပို့နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဦးဉာဏ်ဝင်းက“သူ မစ္စတာ ယက်ထောကို ဘယ်လို တွေ့ဆုံတယ်၊ ပထမ အကြိမ် မတွေ့ဘူး၊ ဒုတိယအကြိမ် တွေ့တယ်၊ သူက ခေတ္တခွင့်ပြုခဲ့တာတွေ၊ ဒါ သူဘာကြောင့်လုပ်တယ်၊ အဲဒါတွေ သူရှင်းပြထားတယ်၊ ဒါနဲ့ပတ် သက် ပြီး သတင်းမပို့ လို့ ဆိုပြီးစွဲတာကို၊ ဘာဖြစ်လို့ ဒီလိုလုပ်သလဲဆိုတော့ သူ့အနေနဲ့ သတင်းမပို့တာ မှန်တယ်၊ ဘာကြောင့် မပို့ဘူးလဲဆိုတော့ သူကိုယ်တိုင် အကျဉ်းကျနေတယ်၊ ဒီအချိန်မှာ အဲဒီလိုသတင်းပို့တဲ့အလုပ်မျိုး နိုင်ငံရေးယုံကြည်ချက်ကြောင့် သူမလုပ်နိုင်ဘူးလို့ တရားရုံးကို Statement နဲ့ ရှင်းပြပါတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောသည် အင်လျားကန်ဘက်က လာသည်ကိုသာ သိရှိခဲ့ပြီး မည်သည့် လမ်းဘက်က လာသည်ကိုမူ အလင်းရောင်မရှိသည့်အချိန်ဖြစ်၍ မသိရှိဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယနေ့တွင် ၇ ရက်မြောက် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ရာ တရားခွင်သို့ ပြည်တွင်းပြည်ပ သတင်းဌာနများမှ မြန်မာနိုင်ငံသား သတင်းထောက် ၁၀ ဦးခန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် ကို စစ်အာဏာပိုင်များက ဒုတိယ အကြိမ် လာရောက်ခွင့်ပြုခြင်းဖြစ်သည်။

ယင်း သံတမန်များနှင့် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ ရောက်ရှိလာချိန်တွင် လေးစားမှုပြသည့် သင်္ကေတ အနေဖြင့် မတ်တတ်ရပ်ပေးကြကြောင်း၊ တာဝန်ကျ လုံခြုံရေး ရဲက ထိုင်ခိုင်းသော် လည်း မထိုင်ကြဘဲ ဒေါ်အောင်ဆန်းစုကြည် ထိုင်မှ ထိုင်ကြကြောင်း သတင်းထောက် တဦး ကပြောပြသည်။

ထို့နောက် နေ့လယ် ၂ နာရီ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည် အမှုစစ်ဆေးခြင်းကို ရုပ်သိမ်းလိုက်၍ သံတမန် များ၊ သတင်းထောက်များနှင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ ပြန်ခဲ့ကြသော်လည်း မစ္စတာ ယက်ထောကို ဆက် လက် စစ်ဆေးနေကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲ ခန့် အထိ စစ်ဆေးမေးမြန်းခဲ့ပြီး ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ စသည့် စစ်ဆေးရန်ကျန်ရှိသူများကို မနက်ဖြန်သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ တရားခွင်နှင့်ပတ်သက်ပြီး“ကျနော့် အမြင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Statement ကလည်း သူ ကိုယ်တိုင်ရေးတာ၊ Statement ရော ထွက်ဆိုချက်ရော အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို ရိုးရိုးသားသားနဲ့ အမှန်ကိုအမှန်အတိုင်း သတ္တိရှိရှိ ပြောပြနေတယ်လို့ ကျနော် အဲဒီလိုမြင်တယ်”ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ယင်းမေလ ၁၈ ရက် တနင်္လာနေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး ယနေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစောင် ထုတ်ပြန်ရာတွင်“ဤအမှုကို လွတ်လပ်ပြီး တရား မျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကိုလည်း အရေးယူ တရား စွဲဆိုထားခြင်း တစုံတရာ မရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဘန်ကောက်ပို့စ်ပါ ထိုင်းနိုင်ငံ၏ တုံ့ပြန်ချက် မြန်မာပြည်သူများ အထူးစိတ်ဝင်စား

ဘန်ကောက်ပို့စ်ပါ ထိုင်းနိုင်ငံ၏ တုံ့ပြန်ချက် မြန်မာပြည်သူများ

အထူးစိတ်ဝင်စား


NEJ / ၂၆ မေ ၂၀၀၉


အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်သည်ဟူသော နအဖစစ်အစိုးရ၏ စွပ်စွဲချက်ကို လက်မခံဘဲ ထိုင်းနိုင်ငံက ပြန်လည်ငြင်းဆိုထားကြောင်း ရေးသားထားသည့် ထိုင်းနိုင်ငံမှ ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာပါ သတင်းဖော်ပြချက်ကို ရန်ကုန်မြို့ခံများ အထူးစိတ်ဝင်တစား ရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် အာဆီယံဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံက မေ (၁၈) ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သဖြင့် အာဆီယံ၏ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ ပြည်တွင်းရေးကို ၀င်စွက်သဖြင့် ကန့်ကွက်ကြောင်း စစ်အစိုးရက ယမန်နေ့ထုတ် ပြည်တွင်းသတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ပိုင်ရွန်ရာက ထိုင်းနိုင်ငံက ထုတ်ပြန်ခဲ့သည် ကြေညာချက်သည် အာဆီယံအဖွဲ့ဝင်များ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်သဘောထားဖြစ်သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်ကို ဘန်ကောက်ပို့စ်တွင် ရေးသားထားခြင်းဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်ကို အာဆီယံအဖွဲ့တွင်း နိုင်ငံခြားရေးဝန်ကြီးဌာများမှ အဆင့်မြင့်အရာရှိကြီးများ၏ ထောက်ခံမှုဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

“ဒါဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်တာ မဟုတ်ပါဘူး” ဟု မစ္စတာကဆစ်က အာရှ-ဥရောပ (အာဆမ်)အစည်းအဝေးကျင်းပနေသည့် ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့မှ ပြောကြားလိုက်ပြီး မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်နေချိန်မှာ ထိုင်းနိုင်ငံအနေဖြင့် မည်သည့်အတားအဆီးကိုမှ မမြင်လိုကြောင်း ကိုပါ ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးပြန်လွှတ်ပေးရေးသည် မြန်မာနိုင်ငံတွင် ရှေ့နှစ်ကျင်းပမည့် ရွေးကောက်ပွဲနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးသည်ဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။ အာဆီယံဥက္ကဋ္ဌ၏ကြေညာချက်ကို ဥရောပသမဂ္ဂကလည်း ထောက်ခံ ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ယနေ့ မေလ (၂၆) ရက် ထုတ်ပြန်သော သတင်းများကို အစဉ်စောင့်ကြည့်နေသော စာဖတ်ပရိသတ်များသည် အင်တာနက်ဆိုင်များတွင် အချိန်ပြည့်လိုလိုရှိနေသည့်အတွက် အဆိုပါ ဘန်ကောက်ပို့စ် သတင်းစာပါသတင်းကို
ရန်ကုန်တွင် အတော်များများ သိနေကြပြီဟု ရန်ကုန်မြို့မှ အင်တာနက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်မြို့ခံတဦးကလည်း “ကျနော်တို့ကတော့ ပြည်ပကရေးတဲ့ သတင်းတွေကိုပဲ စောင့်ဖတ်ပါတယ်။ နားထောင် တယ်။ ဘာလို့လဲဆိုတော့ အချိန်နဲ့ တပြေးညီ သိရလို့ပါပဲ” ဟု ပြောသည်။

ရန်ကုန်ရှိ ၀ါရင့်သတင်းစာဆရာကြီးတဦးကမူ “ပွဲကတော့ ဘယ်လိုလာမယ်ဆိုတာ ခန့်မှန်းလို့တောင် မရနိုင် လောက်အောင်ပါပဲ။ ဒါပေမယ့် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချတာ၊ ဒါမှမဟုတ် တနည်းနည်းနဲ့ အကျယ်ချုပ်သက်တမ်းတိုးတာ တို့လုပ်မှာပဲ။ ဒါကတော့ သေချာတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ အာဆီယံအပေါ်သဘောထားကို အာဆီယံဥက္ကဋ္ဌဖြစ်နေသည့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံးအိမ်နီးချင်း ထိုင်းနိုင်ငံက ပြန်လည်ပြောဆိုသည့်အတွက်လည်း ရန်ကုန်ရှိ မီဒီယာအသိုင်းအ၀န်းကပါ အံ့အားသင့် အထူးစိတ်ဝင် စားလျက်ရှိကြောင်း သိရသည်။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နေပြည်တော်ဘူတာတွင် ချိန်ကိုက်မိုင်း တလုံးတွေ့

နေပြည်တော်ဘူတာတွင် ချိန်ကိုက်မိုင်း တလုံးတွေ့

မင်းနိုင်သူ / ၂၅ မေ ၂၀၀၉


ပြီးခဲ့သည့် မေ (၂၄) ရက် နံနက် (၄) နာရီခန့်တွင် နေပြည်တော်ဘူတာစင်္ကြံ (၁) ၌ ရပ်ထားသော နေပြည်တော်-ရန်ကုန် အမှတ် (၃၂) အစုန်ရထား အထက်တန်းတွဲအမှတ် (၅) အိမ်သာခေါင်မိုးပေါ်တွင် ချိန်ကိုက်မိုင်းတလုံး တွေ့ရှိခဲ့ကြောင်း နအဖစစ်အစိုးရထုတ် သတင်းစာများတွင် ယနေ့ဖော်ပြသည်။

နအဖစစ်အစိုးရက အကြမ်းဖက်သောင်းကျန်းသူများက နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်သွားမည်ဟု သတင်းများရရှိထားသည်ဟု ဆိုသည်။

ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို ABSDF က ပြည်သူ့တိုက်ပွဲမြှင့်တင်ရေး ကော်မတီဖွဲ့စည်း၍ လုပ်ဆောင် သွားလိမ့်မည်ဟုလည်း သတင်းတွင် စွပ်စွဲထားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ကိုသံခဲက “ဒီနအဖသတင်းစာမှာပါတဲ့ စွပ်စွဲချက်တွေကို ABSDF အနေနဲ့ လုံးဝကန့်ကွက်ပါတယ်။ ဒါဟာ နအဖရဲ့ တဖက်သတ်စွပ်စွဲချက်တွေပဲ ဖြစ်ပါတယ်။ အခုလို အများပြည်သူ ထိခိုက်အောင် ကြံစည်လုပ်ဆောင်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။

နအဖ သတင်းပါ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်မည့်နေရာများကို ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်အမှုကို အင်းစိန်ထောင်အနီးအနားမှ လာရောက်စောင့်ဆိုင်း ဆန္ဒဖော်ထုတ်ရာ အင်းစိန်ဈေးတ၀ိုက်နှင့်အခြားလူစည်ကားရာ နေရာများဟု ပါရှိသည်။ ယင်းလုပ်ရပ်များ လုပ်ဆောင်ရန် ABSDF မှ လူနှစ်ဦးလွှတ်ထားသည်ဟုလည်း နအဖက စွပ်စွဲထားသည်။

“ခုချိန်ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကျောင်းသားပြည်သူအကြားမှာ လှုပ်ရှားမှုတွေ အရှိန်မြင့်တက်နေချိန်ဖြစ်တယ်။ အထူးသဖြင့် အင်းစိန်ပတ်ဝန်းကျင်ဖြစ်သလို မြို့ကြီးတော်တော်များများမှာလည်း လှုပ်ရှားမှုတွေဟာ တနေ့တခြား များပြားလာနေပါတယ်။ အဲလိုအခြေအနေတွေ ရှိနေတော့ လှုပ်ရှားမှုတွေ လုပ်နေတဲ့ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် နအဖက ကြံစည်ဖန်တီးနေတာပါ” ဟု ကိုသံခဲက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင်စွဲဆိုနေမှုကို မရပ်ဆိုင်းဘဲ ယခုထက်ပို၍ ဥပဒေမဲ့ မတရားပြုကျင့် လာပါက ပြည်သူလူထု၏ လှုပ်ရှားမှုများသည် ယခုထက်ပို၍ အရှိန်မြင့်တက်လာမည်ဟုလည်း ABSDF ဥက္ကဋ္ဌ ကိုသံခဲက သုံးသပ်ပြောဆိုသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အနှိုင်းမဲ့ မေတ္တာရှင်

အနှိုင်းမဲ့ မေတ္တာရှင်



မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...