ယခုအခါတွင် ခင်ညွှန့် ဗွီဒီယို တတိယပိုင်း ဟုဆိုကာ zip ဖိုင်ဖြင့် ဒေါင်းလုပ် လုပ်ယူရန် လင့်ခ်ပေးနေမှု များအား ဒေါင်းလုပ် လုံးဝ မလုပ်ယူရန် သတိပေးအပ်ပါသည်။
Saturday, December 4, 2010
သတိပေးချက်
ယခုအခါတွင် ခင်ညွှန့် ဗွီဒီယို တတိယပိုင်း ဟုဆိုကာ zip ဖိုင်ဖြင့် ဒေါင်းလုပ် လုပ်ယူရန် လင့်ခ်ပေးနေမှု များအား ဒေါင်းလုပ် လုံးဝ မလုပ်ယူရန် သတိပေးအပ်ပါသည်။
ကေအိုင်အေနှင့် နအဖ တိုက်ပွဲဖြစ်
ဗန်းမော်အခြေစိုက် ခလရ(၂၃၆)စစ်ကြောင်းက ကောင်းဆာကျေးရွာကို ဒီကနေ့ နေ့လည်(၂)နာရီ ခွဲမှာ ရောက်ရှိလာပြီး အနီးက ကေအိုင်အေ တပ်ရင်း(၁၆)ရဲ့ရှေ့တန်း စခန်းကို လာရောက် ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်တာလို့ ကေအိုင်အေ သတင်း ရပ်ကွက်က ပြောပါတယ်။
အဲဒီလို ပစ်ခတ်ရတဲ့ အကြောင်းရင်းက ကေအိုင်အေ အဖွဲ့က ဒေသအတွင်း မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေ လုပ်တဲ့ အနေနဲ့ မူးယစ်ဆေး သုံးစွဲသူတွေကို ဖမ်းဆီးနေမှုအပေါ် ခလရ (၂၃၆) စစ်ကြောင်းက ကျေးရွာတွေကို လာရောက် စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျေးရွာထဲ ရောက်ရှိနေတဲ့ ကေအိုင်အေ ရဲဘော်တဦးက ရွာအနီးက ရှေ့တန်းစခန်းကို ထွက်ပြေးခဲ့တာကြောင့် နအဖတပ်တွေက လိုက်လံ ပစ်ခတ်ခတ်ရာ ကေအိုင်အေ တပ်ဖွဲ့ကလည်း ပြန်လည် ပစ်ခတ်တာဖြစ်ပါတယ်။ အခုအချိန်အထိ နအဖတပ်တွေမှာ အဲဒီစခန်းအနီးနားမှာဘဲ နေရာယူထားဆဲဖြစ်ပြီး နောက်ထပ် ပစ်ခတ်မှုတော့ မရှိသေးပါဘူး။
ကေအိုင်အေ ဘက်ကတော့ ထိခိုက်မှု မရှိကြောင်းနဲ့ နောက်ထပ် တိုက်ပွဲဆက်ဖြစ်နိုင်တဲ့ အလားအလာတွေ ရှိနေတယ်လို့ ကေအိုင်အေ သတင်းရပ်ကွက်အရ သိရပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ကေအိုင်အို အဖွဲ့က တာဝန်ရှိသူတွေကို ဖုန်းဆက်သွယ်ပေမယ့် မရရှိ သေးပါဘူး။
ဒီဗွီဘီ
source by : http://burmese.dvb.no
ဝန်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဗွီဒီယို အပိုင်း ၁ + ၂ (အသံပါသည့် ဖိုင်)
ယနေ့ သတင်းများ (၄ ရက် ဒီဇင်ဘာလ၊ ၂၀၁၀)
သတင်း
ညနေ (၄ နာရီ ၃၀ မိနစ်) ယနေ့နေ့လယ် ၂ နာရီခန့်က ဝေါလေဒေသ စူးကလိ ကျေးရွာအနီးတွင် နအဖ စစ်တပ်မှ ၄၀၃ စစ်ကြောင်းနှစ်နှင့် ဒီကေဘီအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နံနက်(၉ နာရီ ၃၀ မိနစ်) ယမန်နေ့က သင်္ကန်းညီနောင်မြို့အထိုင်တပ်ဖြစ်တဲ့ ခမရ ၃၅၆ တပ်ရင်းတွေကို နယ်ခြားစောင့်တပ်(BGF)တွေနဲ့ လဲလှယ်နေကြောင်း သိရပါတယ်။ လဲလှယ်သည့် သင်္ကန်းညီနောင်မြို့ အထိုင်တပ် ခမရ ၃၅၆ ကို တိုက်ပွဲများ ဖြစ်ပေါ်နေသည့် နေရာများသို့ စစ်အင်အားအဖြစ် ပို့ဆောင်မယ်လို့ သိရှိရပါတယ်။
နံနက်(၉ နာရီ ) ယမန်နေ့ည ၁၁ နာရီမှာ ဝေါလေဒေသ ဖလူးကျေးရွာအနီး သံမဏိကုန်းပေါ်ရှိ နအဖ ဗျူဟာအခြေစိုက် စစ်စခန်းတခုကို ဒီကေဘီအေ တပ်များ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ နအဖ ဘက်မှ ထိခိုက်ဒဏ်ရာရမှု များပြားကြောင်း သိရှိရပါတယ်။ မြ၀တီ ဆေးရုံနဲ့ ဘားအံဆေးရုံတွေမှာ နအဖ စစ်သားများ ထိခိုက် ဒဏ်ရာမှုများပြားတဲ့တွက် ထားဝယ်၊ မြိတ်၊ မော်လမြိုင်က ခွဲစိတ်ဆရာဝန်တွေကိုလည်း နယ်စပ်ဆေးရုံများသို့ အကူအညီပေးဖို့ အတင်းအကျပ် ပို့ဆောင်စေလွှတ်မှုတွေ ရှိနေကြောင်း သိရပါတယ်။
နံနက်(၈ နာရီ ၃၀ မိနစ်) နအဖ စစ်တပ် တပ်ရင်း ၂၃၀ မှ စစ်သားတွေက နိုဝင်ဘာလ ၃၀ ရက်နေ့က ဖလူးကျေးရွာ ပြောင်းဖူးဂိတ်အနီးတွင် ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ က ရဲဘော် ၆ ဦး တပ်ဖွဲ့ဝင်တွေကတော့ အခုထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး အာဏာပိုင်တွေဘက်က ပြန်လည် လွတ်ပေးခြင်း မရှိတာကြောင့် ပစ်သတ်ခံလိုက်ရပြီလို့ ယူဆကြောင်း ငြိမ်းချမ်းရေး ကောင်စီကတော့ ပြောဆိုနေပါတယ်။ (ကိုးကား- ဗွီအိုအေ)
source by : http://soneseayar.blogspot.com
WikiLeaks ၀က်ဘ်ဆိုက်ဒ်ရော တည်ထောင်သူပါ ခြိမ်းခြောက်ခံရ
တချိန်တည်းမှာပဲ အသက်အန္တရာယ်ကို ခြိမ်းခြောက် သတိပေးချက်တွေ လက်ခံရရှိနေတဲ့အတွက် လုံခြုံရေးအတွက် ပိုပြီးစီမံနေရတဲ့အကြောင်း ဗြိတိန်နိုင်ငံက Guardian သတင်းစာနဲ့ အင်တာနက်အွန်လိုင်း မေးမြန်းခန်းအတွင်းမှာ WikiLeaks တည်ထောင်သူ Julian Assange ပြောဆိုခဲ့ပါတယ်။
ဝက်ဘ်ဆိုက်ဒ်ရဲ့ မူရင်းစာမျက်နှာဖြစ်တဲ့ WikiLeaks.org ကတော့ ပိတ်သွားပုံလည်း ရပါတယ်။ WikiLeaks စာမျက်နှာအတွက် အင်တာနက် လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့ အမေရိကန်က EveryDNS.net ကလည်း အင်တာနက်တိုက်ခိုက်မှုတွေ ခံခဲ့ရပြီး သူ့ရဲ့ဆက်သွယ်ရေး ယန္တယားတခုလုံးအပေါ် ခြိမ်းခြောက်ခံရမယ့် အခြေအနေအထိ ကြုံခဲ့ရတဲ့အတွက် WikiLeaks အတွက် အလုပ်လုပ်ပေးနေတာကို ကြာသပတေးနေ့ညပိုင်းမှာပဲ ရပ်ဆိုင်းလိုက်ပါတယ်။ ဒါပေမဲ့လည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ လျို့ဝှက် သံတမန်ရေးရာ မှတ်တမ်းပေါင်း ၂ သိန်း ခွဲကျော်ကို ဖွင့်ချခဲ့တဲ့ WikiLeaks ဟာ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် အင်တာနက် ဆာဗာဖြစ်တဲ့ WikiLeaks.ch မှာတော့ ဆက်လက် ကြည့်ရှုလို့ ရနေဆဲ ဖြစ်ပါတယ်။
ဒုတိယပင်လုံအတွက် ရွေးကောက်ပွဲဝင်ပါတီများနှင့် ဆွေးနွေးမည်
ဝန်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဗွီဒီယို (အသံပါသည့် ဖိုင်)
အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ် စောင့်ရှောက်ခြင်း
ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊
ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။
လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီး ကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါ ကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။
ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါ တယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံ တနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တွေကျတော့ ကိုယ့် ဘာသာကိုယ် ကာကွယ်စောင့်ရှောက်ရုံနဲ့တင် မလုံလောက်ပါဘူး။ အသက်အန္တရာယ် လုံခြုံရေးကို အနီးကပ်ကာကွယ် စောင့်ရှောက်ပေးနိုင်သူတွေ၊ သက်တော်စောင့်တွေကို အနီးမှာ ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေကတော့ အုပ်ချုပ်ရေး ယန္တရား တွင်းမှာရှိတဲ့ စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို အသုံးပြုတတ်ကြပါ တယ်။ အစိုးရအဖွဲ့ဝင်မဟုတ်တဲ့ ထင်ပေါ်ကျော်ကြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင် ကြီးတွေကကျတော့ နီးစပ်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်တွေကိုပဲ ဖြစ်ဖြစ်၊ ပရိုက်ဗိတ် လုံခြုံရေးအရာရှိများကို ငှားရမ်းပြီးပဲဖြစ်ဖြစ် တာဝန်ပေးအပ်ရပါ တယ်။ ဒီလိုတာဝန်ပေးအပ်လို့ပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ပါတီဝင်၊ အဖွဲ့အစည်းဝင်များက မိမိတို့ဘာသာ အသိစိတ်နဲ့ပဲဖြစ်ဖြစ် အနီးကပ်ကာကွယ်စောင့်ရှောက်မှုကို ပြုလုပ်တဲ့အ ခါ VIP/ Close Protection နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်လေးတွေ ရှိပါ တယ်။
ဒီလုပ်ကြံမှုဆိုင်ရာ သီအိုရီသဘောတရားတွေကို နားလည်ပြီးမှ လုပ်ကြံသတ်ဖြတ်ခံရ နိုင်တဲ့ risk ရှိတဲ့ နိုင်ငံရေးခေါင်းဆောင်ကို ကာကွယ်စောင့်ရှောက်နိုင်မယ့် contra measures တွေကို ချမှတ်အသုံးပြုရမှာ ဖြစ်ပါတယ်။
အလားအလာရှိသူတွေထဲမှာ အထီးကျန်သမားတွေ၊ ပြိုင်ဘက်တွေ၊ စိတ်ဖောက်ပြန်နေသူတွေ၊ အစွန်းရောက်တွေ ပါဝင် ပါတယ်။
ဒီလုပ်ငန်းဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် အရေးပါသော ခေါင်းဆောင်ရဲ့ လုံခြုံရေးကို အနီးကပ်ကာကွယ်စောင့်ရှောက်ပေးရမယ့် close protect tion အဖွဲ့တခု ဖွဲ့စည်းထားရှိဖို့ လိုပါတယ်။
Friday, December 3, 2010
တပ်မတော်ကို စစ်အုပ်စု လက်ကိုင်တုတ် မလုပ်ရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း
“ရဲဘော်တို့ တပ်မတော်သားတွေဟာ ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ အခြေခံ စိတ်ဓါတ်အောက်မှာ ရှေ့တိုက်ပွဲများအတွင်း ပြည်သူ့ဘက်က ရပ်တည်ကြပါ ပြည်သူကို ရန်သူလို သဘောမထားဖို့ တောင်းပန်ပါရစေ ”
သူ၏ မွေးနေ့မင်္ဂလာ အခါသမယအတွက် ကဗျာဆရာ မောင်စွမ်းရည်နှင့် ငြိမ်းချမ်းသူက ဂုဏ်ပြုကဗျာများ ပေးပို့ထားပြီး မိသားစုဝင်များက တရုတ်နယ်စပ်ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းကျွေး ကောင်းမှုကုသိုလ် ပြုလုပ်ကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇောက ပြောသည်။
မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇော အား အဖဦးပန်း၊အမိဒေါ်တင့်တို့မှ ဒီဇင်ဘာ ၃ ရက်နေ့၊ ၁၉၁၉ ခုနှစ်တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက် သားဖြစ်သည်။
၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိတ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကွန်မင်တန် တရုတ်ဖြူတပ်များ ကျူးကျော် ၀င်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ သူကိုယ်တိုင် ဦးဆောင်ခဲ့သည်။
၁၉၅ရခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။
source by : http://www.mongloi.org
ငါးမင်းဆွေ သို့....(၂)
ငါးမင်းဆွေ....
အဲ့တော့ ကျွန်တော်က အဓိက ကျတဲ့၊ ခင်ဗျား ဘာမှ နားမလည်ပဲ အရူးချီးပန်း ပြောထားတဲ့ အကြောင်း အရာလေးတွေကိုပဲ ပြန်ဖော်ပြပြီး ခင်ဗျားအသိတရား ရအောင် ရှင်းပြသွားမယ်။
ကျွန်တော့် စကားတွေက ကြမ်းချင်ကြမ်းနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားလို အာဏာရှင်တွေ မြှောက်ပေးတိုင်းေ_ွးတက်အောင် က တတ်တဲ့ ငတုံးကို ဒီလို ခပ်ကြမ်းကြမ်း၊ ခပ်ရိုင်းရိုင်း ပြောနိုင်မှ နားဝင်မယ်လို့ ယူဆလို့ ပဲဗျ..။
"မစုခင်ဗျား.......... ၁၉၉၅ အမျိုးသားညီလာခံ ကြီးကျင်းပနေချိန်မှာ ထိုစဉ်က ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မယ်ဒလင်းအောဘရိုက် မစုထံ ရောက်လာပါတယ်။ မစုနဲ့ နှစ်ယောက် ချင်းတွေ့ဆုံခဲ့ကြပါတယ်။ ကျင်းပနေဆဲ အမျိုးသားညီလာခဲ့မှာ မြန်မာနိုင်ငံအတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြုဆိုတဲ့ အချက်ကို ထည့်သွင်းဆွေးနွေးနေပါတယ်။ ဤအချက်ကို အမေရိကန်အစိုးရက မလိုလားခဲ့ပါဘူး။ ဤအချက်ဟာ အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပါတယ်။ နောက်ပြီး အဲ့ဒီ့အချိန်မှာ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့ထဲဝင်ခွင့် ရအောင် ကြိုးပမ်း ဆောက်ရွက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ထဲပါဝင်လာမှာကို အမေရိကန်အစိုးရက မလိုလားပါဘူး။
မြန်မာနိုင်ငံ အာဆီယံထဲ ပါဝင်လာရင် အမေရိကန်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေတယ်လို့ အမေရိကန်အစိုးရက ယူဆပုံ ရပါတယ်။ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်တော်သံ အမတ်ကြီး မက်ဒလင်းအောဘရိုက် က အမျိုးသားညီလာခဲ့ကြီး ပျက်ပြားသွားအောင် NLD အနေဖြင့် အမျိုးသားညီလာခံကြီးက ထွက်ခွာဖို့ မစုကို အကြံပြု ခဲ့ပုံရပါတယ်။
မယ်ဒလင်းအောဘရိုက် ပြန်သွားပြီးတာနဲ့ မစုရဲ့ တစ်ချက်လွှတ် အမိန့်နဲ့ NLD ကိုယ်စားလှယ် တွေဟာ အမျိုးသားညီလာခံကြီးကနေ ထွက်ခွာခဲ့ကြပါတယ်။ အချိန်တည်းမှာပဲ မယ်ဒလင်းအောဘရိုက် နဲ့ မစုတို့ တိုင်ပင် စည်းဝါးကိုက်ထားတဲ့ အတိုင်း အမေရိကန်နှင့် အနောက်အုပ်စုတွေက မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ဖို့ မစုတောင်းဆိုခဲ့ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ မြန်မာနိုင်ငံကို မလာရောက်ကြဖို့ မစု ဟန့်တားခဲ့ပါတယ်။
အမေရိကန်နှင့် အနောက်နိုင်ငံတွေကလည်း မစုရဲ့ အလိုတော်ကျအတိုင်း မြန်မာနိုင်ငံကို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ မစုရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံနှင့်လူမျိုးကို ထိခိုက်နစ်နာစေခဲ့ပါတယ်။ အဲ့ဒီ့တုန်းကသာ NLD ကိုယ်စားလှယ်များ အမျိုးသားညီလာခံကြီးက မထွက်ခွာခဲ့ပါလျှင် ခုလောက်ဆို ကျွန်တော်တို့ နိုင်ငံဟာ ယခုထက်မက အခြေတကျဖွံ့ဖြိုးတိုးတက်နေပါပြီ မစု။ " တဲ့......။
ဒီတခါတော့ အမျိုးသားညီလာခံ အကြောင်းက စ လိုက်ကြတာပေါ့ဗျာ။
ခင်ဗျား ဆိုလိုချင်တာက အမေရိကန်က အကြံပြုခဲ့လို့ပဲ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကြီးကို ညီလာခံကနေ ထွက်ခိုင်းတယ်ပေါ့လေ..။
ဒါက ဘာလဲဗျ..?
ခန်မှန်းပြီး ပြောတာလား…? ဒေါ်အောင်ဆန်းစုကြည်က သူများတကာ ပြောတိုင်း နားထောင်တတ်တဲ့ ခေါင်းဆောင်မျိုးလို့ ခင်ဗျား ကိုယ်တိုင် စွပ်စွဲလိုက်တာလား..?
ခင္ဗ်ား …ေ_ာက္ရူးပဲ!!!!
အဲ့ဒီ အမျိုးသားညီလာခံမှာ အာဏာရူးတွေ ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုတာ ခင်ဗျား မသိတာလား..?
NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမျိုးသားညီလာခံမှာ ပါဝင်လာအောင် စစ်တပ်က ဘယ်လို ကတိတွေပေးခဲ့သလဲ..?
အဲ့ဒီ ကတိတွေ တည်ခဲ့ရဲ့လား…?
တိုင်ရင်းသား ခေါင်းဆောင်တွေ ပါဝင်လာအောင် ကတိတွေပေး၊ စည်းရုံး..၊ ညီလာခံ တက်တော့မှ သောက်တလွဲတွေ လုပ်။ တိုင်းရင်းသား ကိုယ်စားလှယ်အချို့ နဲ့ NLD ပါတီ အမျိုးသားညီလာခံ ကနေ ထွက်ရတာ ဒါတွေကြောင့်ဗျ…။ခင်ဗျားနားလည်လား..?
အာဏာရူးတွေ ကတိမတည်လို့ ဒါမျိုးဖြစ်ရတာ။ မသိရင် သေချာပြန်လေ့လာ။
ကဲ…ကျွန်တော်မေးမယ်..။
အမျိုးသားညီလာခံကို ဘာ့အတွက်ကြောင့် လုပ်ရတယ်လို့ ခင်ဗျားထင်နေလဲ…?
အမျိုးသားညီလာခံ လုပ်တယ်ဆိုတာ တိုင်းရင်းသား ပြည်သူလူထုရဲ့ ရပိုင်ခွင့်၊ လွတ်လပ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေး… စတာတွေကို ဥပဒေနဲ့အညီ ကာကွယ်ဖို့၊ ဥပဒေပြဌာန်းဖို့အတွက် အစိုးရ၊ အတိုက်အခံ၊ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲဖို့ လုပ်တာဆိုတာကိုတော့ ခင်ဗျားသိသင့်တယ်။ အားလုံးစုံညီ စည်းဝေးပြီး တိုင်းပြည်တွင်းမှာရှိမဲ့ ပြည်သူတွေအတွက် သင့်တော်မဲ့ဥပဒေတွေကို တိုင်တိုင်ပင်ပင်နဲ့ အားလုံးအခွင့်အရေး တန်းတူ ရအောင် ရေးဆွဲရမှာဖြစ်တယ်။
ခုတော့ေ_ာက်တလွဲ အစိုးရက တိုင်းရင်းသားကိုယ်စားလှယ်တွေ တင်ပြဆွေးနွေးတာ ဘာ တခုမှနားမထောင် လက္မခံတာတင်မဟုတ်ပဲ၊ ဘယ်သူနဲ့မှ တိုင်ပင်ခြင်းမရှိပဲ သူတို့ စိတ်ကြိုက်ရေးဆွဲပြီးသား ဥပဒေတွေကို အတိုက်အခံတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေကို အတင်းထောက်ခံခိုင်းနေလို့ NLD က အမျိုးသားညီလာခံ ကနေ ထွက်လာခဲ့ရခြင်းပဲ ဖြစ်တယ်။
အမျိုးသားညီလာခံ ပြီးဆုံးအောင် တက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဟာလည်း ဥပဒေပိုင်းဆိုင်ရာတွေ ဘာတခုမှ ဆွေးနွေးခွင့် မရခဲ့ပါပဲနဲ့ သမိုင်းတရားခံတွေအဖြစ် သတ်မှတ်ခံ လိုက်ကြရပါတယ်။
ခင်ဗျားပြောသလို ဒေါ်အောင်ဆန်းစုကြည် ကြောင့် အမျိုးသားညီလာခံကနေ NLD ပါတီကြီး ထွက်လိုက်တယ် ဆိုရင်တောင် ဒါဟာ တကယ်မှန်ကန်တဲ့ လုပ်ရပ်ပါ။ NLD ပါတီဝင်တွေရဲ့ ဆုံးဖြတ် ရပ်တည်ချက်ဟာ ပြည်သူအကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက် မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ပါတယ်…။
ခင်ဗျားလို သာရာကူးမဲ့ ရပ်တည်ချက်မရှိတဲ့ ငတုံးလို လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ ရပ်တည်ချက် အကြောင်း ရှင်းပြနေလည်း နားလည်မယ်လို့တော့ မထင်ဘူး။
economic sanctions ကိစ္စ...။
ခင်ဗျား ရေးခဲ့တာက.....
"စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ လူသားတွေကို သေစေနိုင်တဲ့အထိ ဖြစ်ပေါ်စေတဲ့ အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရနိုင်ပါဘူး။ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက်တိုက်ခိုက်ခြင်း မဟုတ်ဘူးလို့ မစု ငြင်းမှာလား၊ ခိုင်လုံတဲ့ အကြောင်းပြချက်နဲ့ တကွ လူသိရှင်ကြား မစု ငြင်းနိုင်ပါတယ်။ ဒီလိုမှ မငြင်းပယ်နိုင်လျင်တော့ စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဟာ အကြမ်းဖက် တိုက်ခိုက်ခြင်းဖြစ်တယ်လို့ လူသိရှင်ကြား မစု ဝန်ခံရပါလိမ့်မယ်။ ဒီလို စီးပွားပိတ်ဆို့ ဒဏ်ခတ်ခြင်းဆိုတဲ့ အကြမ်းဖက်မှုကြီးဖြစ်ပေါ်အောင် အားပေးလှုံ့ဆော် တောင်းဆိုခဲ့တဲ့ မစုရဲ့ မိုက်မှားခဲ့တာတွေကို လူသိရှင်ကြား မြန်မာပြည်သူတွေကို မစု တောင်းပန်ဖို့ လိုပါလိမ့်မယ်" တဲ့...။
ခင်ဗျားလို ငတုံးနားလည်အောင် အလွယ်ကူဆုံး ဥပမာနဲ့ ပြောပြမယ်။
ရပ်ကွက်တစ်ခုမှာ ပစ္စည်းရောင်းဝယ်ဖို့ ဆိုင်များစွာ ရှိနေပါလျက် ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ ကိုယ်ကျိုးရှာသမားဦးစီးတဲ့ ဆိုင်မှာ လူအများ ရောင်းဝယ်လေ့ ရှိ မရှိ ဆိုတာကိုပဲ ခင်ဗျား အရင်လေ့လာ....။
အဲ့ဒီဆိုင်ရှင် အသုံးမကျလို့ သူနဲ့ အရောင်းအ၀ယ် မလုပ်ဘူး၊တခြားသူတွေကိုလည်း အရောင်းအ၀ယ်မလုပ်ဖို့ တိုက်တွန်းတယ်...အဲ့ဒီအတွက် သူ့အိမ်သားတွေ အနေအစား ဆင်းရဲတယ်။
သဘောတရားက ဒါပဲ...!!!!!
သူသာ သူ့ အိမ်သူအိမ်သား တွေကို ချစ်တယ်ဆိုရင် လူအများနဲ့ ရောင်းဝယ်ခွင့်ရအောင် သူလုပ်ရမှာပဲ...။
ခုလည်းကြည့်....။ အာဏာရူးတွေ လုပ်ပုံကို..။ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်၊ အတိုက်အခံတွေကို မတရား ဖမ်းဆီးထောင်ချတယ်၊ ပြည်သူတွေကို အမျိုးမျိုး နှိပ်စက်လုပ်နေလို့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်တာ။ ဒါကို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည် အပေါ်အပစ်ပုံချတယ်။
ခင်ဗျားခေါင်းထဲမှာရှိနေတာကဘာလဲ....??
ပြောတော့ ဈေးကွက်စီးပွားရေး စနစ်တဲ့..။ အဲ့အာဏာရူးတွေ ဘယ်လောက်ေ_ာက်ကျင့်ယုတ် ကိုယ်ကျိုးရှာသလဲ ကျွန်တော်ပြောပြမယ်..။
မကြာသေးခင်ကမှ တိုင်းပြည်ကနေ ပြန်လည်ရုတ်သိမ်းသွားတဲ့ ဂျပန်က TOYOTA ကားကုမ္ပဏီ ကိစ္စကို ကြည့်။
အဲ့ကုမ္ပဏီက ပြည်တွင်းမှာအစိုးရနဲ့ ဖက်စပ် လုပ်ကိုင်ဖို့ စာချုပ်နဲ့ ၀င်ရောက်လာတာပဲ။ ဒါပေမဲ့ တကယ်တန်း ကားထုတ်လုပ်တဲ့အခါ ဒီကားဝယ်ယူခွင့်ကို အစိုးရ၀န်ကြီးတွေနှင့် ဗိုလ်ချုပ်တွေဝယ်ဖို့ပဲ ခွင့်ပြုခဲ့တယ်။ ကားထုတ်လုပ်မှုကလည်း နှစ်စဉ် အစီးရေ အနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် ကုမ္ပဏီက ပြည်သူအများစီးနိုင်ရန် ရည်ရွယ်ပြီး ပြည်သူများသို့ လစဉ်ပေးချေ စနစ်ဖြင့် ရောင်းချခွင့်ပြုဖို့ တင်ပြတဲ့အခါ ပြည်သူတွေကို လူလိုသဘောမထားတဲ့ အာဏာရူးတွေက ခွင့်မပြုတဲ့အတွက် ပြန်လည်ရုတ်သိမ်းသွားရတာပဲ။
နောက် မလေးရှားနိုင်ငံက တယ်လီဖုန်းလိုင်း ကုမ္ပဏီက ပြည်သူတွေ ဆက်သွယ်ရေး လွယ်ကူစေဖို့ ၀င်ရောက် လုပ်ဆောင်ခွင့် တောင်းတာလည်းလက္မခံ ခဲ့ပြန်ဘူး။ ဒါပေမဲ့ စစ်အစိုးရနဲ့ ရင်းနှီးတဲ့လုပ်ငန်းရှင်(တေဇ)ကို လုပ်ပိုင်ခွင့် ချပေးပြီး အမြတ်ကြီးစား ရောင်းချနိုင်အောင် လုပ်ပေးတယ်။
ဓာတ်ဆီ ကိစ္စလည်း..ဒီအတိုင်းပဲ..။ petronas က မြန်မာပြည်အနှံ့ အရောင်းဆိုင်တွေ ဖွင့်ခွင့်တောင်းတာ လက္မခံဘူး…။ အခု ဓာတ်ဆီဈေးကွက် ဘယ်လိုဖြစ်နေသလဲ ဆိုတာကိုသာ ကြည့်….။
ဒီအစီအစဉ်တွေသာ ဖြစ်ပေါ်အောင်မြင်ခဲ့မယ်ဆိုရင် ပြည်သူအများ အဆင်ပြေစေမှာ မလွဲပါဘူး။
ကိုယ်တိုင်ကလည်း မဖန်တီးနိုင်၊ ဖန်တီးနိုင်မဲ့ သူကိုလည်း အားမပေးတာ၊ မကူညီတာဟာ ဘာသဘောလဲ...?
တိုင်းပြည်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး အတွက် သုံးစွဲတဲ့ငွေ ပမာဏဟာ စစ်အသုံးစရိတ်နဲ့ နှိုင်းယှဉ်ရင် အလွန်ကွာခြားနေတာ၊ စီးပွားရေးတွင် တိကျသော မူဝါဒမရှိပဲ လက်သင့်ရာ စားတော်ခေါ်နေတာ၊ စစ်ဗိုလ် စစ်တပ်နှင့်နီးစပ်တဲ့ သူတွေကပဲ စီးပွားရေးလောကတွင် ကြီးစိုးနေတာတွေကြောင့်သာ ပြည်သူတွေ ဆင်းရဲ နေရခြင်းဖြစ်တယ်။
အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားလဲ အိန္ဒိယ၊ တရုတ် လိုနိုင်ငံမျိုးတွေကို အလုံးအရင်းနဲ့ ၀င်ရောက် လုပ်ကိုင်ခွင့်ရနေတာပဲ။ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြည်သူတွေ ဆင်းရဲ ရတယ်ဆိုတာ ဦးနှောက်ရှိတဲ့ ဘယ်လူကမှ မပြောဘူး...။
ဒါပေမဲ့ အဲ့ဒီပိတ်ဆို့မှုတွေကြောင့် အာဏာရူးတွေရဲ့ အနောက်နိုင်ငံတွေမှာ သိမ်းထားတဲ့ ပိုက်ဆံတွေ ပြန်ထုတ်မရတာ၊ လွှဲပြောင်းမရတာတွေ ဖြစ်နေတာတော့ အမှန်ပဲ။ ဒါ့ကြောင့် ပိတ်ဆို့မှုကို ဖွင့်ဖို့ အတင်း အော်နေကြတာသာ ဖြစ်တယ်။
ခင်ဗျားတို့လို ကောင်တွေရဲ့ ပါးစပ်တွေကပဲ အမျိုးမျိုးပြောနေကြတယ်။ ပထမ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလို့ စီးပွားရေး ပိတ်ဆို့တယ်....တဲ့။
နောက်တခါကျတော့ အနောက်နိုင်ငံတွေက သူတို့အတွက် အကျိုးအမြတ်မရှိရင် ဘယ်နိုင်ငံကိုမှ အကြောင်းမဲ့ မကူညီဘူး.. တဲ့..။
အဲ့တော့...သေချာ စဉ်းစားကြည့်ကြရအောင်...။
ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုယုံနဲ့ စီးပွားရေးပိတ်ဆို့တယ်ဆိုရင် သူတို့အတွက် ဘာအကျိုးအမြတ်မှ မဖြစ်ပဲ အနောက်နိုင်ငံတွေက ကူညီပါ့မလား..? တောင်းဆိုတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် က မနေ့တနေ့ကမှ နေအိမ်အကျယ်ချုပ်က လွတ်လာတာနော်။ ဒေါ်အောင်ဆန်းစုကြည် ပြောယုံနဲ့ သူတို့က လုပ်ပေးရအောင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကို အာဏာရူးတွေလို ငတုံးတွေလို့ ထင်နေလို့လား...?
ဒေါ်အောင်ဆန်စုကြည် အာဏာရလာရင်ပဲ သူ့ကျွန်ဘ၀ ချက်ခြင်း ပြန်ရောက်တော့မလို၊ ပြည်တွင်းက အမျိုးသမီးတွေပဲ ဘ၀ပျက်ကြရတော့မလို ပြောနေကြတယ်။
ခင်ဗျားတို့ ဘာဦးနှောက်တွေနဲ့ ပြောနေကြတာလဲ..?
နောက်တခု.. အမေရိကန်က ပြည်တွင်းမှာ စစ်အခြေစိုက်စခန်း လာဖွင့်ချင်နေတယ်ဆိုတဲ့ကိစ္စ...။ ခင်ဗျားတို့လို ကောင်တွေ ပြောနေကြတဲ့ စကားတွေပါပဲ။
ဟုတ်ချင်လည်းဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူးပေါ့ဗျာ။
ဒါပေမဲ့ ဖြစ်နိုင် မဖြစ်နိုင်ပဲ စဉ်းစား...။
ဒေါ်အောင်ဆန်းစုကြည် ဆိုတာက လူထုရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ပါ။ ကမ္ဘာ့နိုင်ငံကြီးတွေက တန်ဖိုးထားရတဲ့ ဒီမိုကရေစီ ပြရုပ်ပါ။
(ဒီမိုကရေစီ အခြေခံအချက်တွေကို(၁)မှာ သွား ပြန်ကြည့် လိုက်ပါ။)
ဒီလို ခေါင်းဆောင်မျိုးက သူ့ရဲ့ ပြည်သူလူထုကို ခင်ဗျားတို့ပြောသလို အဖြစ်ခံမယ် ထင်နေလား..?
စစ်အခြေစိုက် စခန်းဖွင့်ဖို့လိုကိစ္စမျိုးကို ဘယ်သူနဲ့မှ မတိုင်ပင်ပဲ သူ့သဘောနဲ့သူ လုပ်လို့ရမလား..?
နောက်ဆုံး သူက လုပ်ချင်ဦးတော့ဗျာ ၊တခြားလူတွေ ကန့်ကွက်ရင် သူဘာမှ လုပ်လို့ မရဘူးဗျ...။
သူသွားနေတာက ဒီမိုကရေစီ စနစ်..ဗျ။
အာဏာရူး သန်းရွှေလို အာဏာရှင်စနစ် ကျင့်သုံးမှာ မဟုတ်ဘူး။
ခင်ဗျားတို့ ဦးနှောက်ကို ဒီလောက်လေးတွေ တွေးဖို့ကိုတောင် အသုံးမချကြတော့ဘူးလား..?
ဒါမှမဟုတ် ခေါင်းထဲမှာရှိနေတာ ဘာတွေလဲ...?
ခင်ဗျားတို့တွေ တကိုယ်ကောင်းမဆန်ကြပါနဲ့ဗျာ။
အေး.. စေတနာရှေ့ထားပြီး တခုတော့ ခင်ဗျားကို သတိပေးလိုက်မယ်။ စစ်အာဏာရှင်တွေက ချ ကျွေးစရာရှိရင် ခင်ဗျားတို့လို ကောင်တွေကို အရင် ချ ကျွေးသွားမှာနော်..။ ညှာနေမှာ မဟုတ်ဘူး..။
၈၈ ကို နမူနာ ယူ။
မခံစားနိုင်တော့တဲ့အချိန် ပြည်သူလူထုက သာမန်ဆန္ဒပြယုံ သက်သက်ပဲ။
ခင်ဗျားတို့လိုကောင်တွေ ဖားယားပြီး ယုံကြည်ကိုးစားနေတဲ့ ကောင်တွေကပဲ ခင်ဗျားတို့ကို အရင်ဦးဆုံး ခေါင်းလာဖြတ်မှာ...!!!!!
အချိန်မှီ သတိပေးလိုက်ပါရဲ့ ....။
ငါးမင်းဆွေ သို့ .... (၁) ကို ဒီမှာ ဖတ်နိုင်ပါတယ်။
source by : မြန်မာ့အရေး
ယနေ့ သတင်းများ (၃ ရက် ဒီဇင်ဘာလ၊ ၂၀၁၀)
နေ့လည် (၁ နာရီ ၁၅ မိနစ်) နအဖ စစ်တပ်မှ ရှမ်းပြည်ဘက်မှာလည်း တပ်အားအားတွေ တိုးချဲ့နေပါတယ်။ နေပြည်တော်ကနေပြီး ရှမ်းပြည် ကွန်ဟိန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့က စစ်ကား ၆ ဘီးကား ၅ စီး စစ်သား ၁၀၀ ခန့် မိုင်းနောင် - မိုင်းရှူးဘက်ကို ထွက်ခွာသွားတယ်လို့ သိရပါတယ်။ နအဖ စစ်တပ်မှ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့မှာရှိတဲ့ SSA မြောက်ပိုင်း တပ်မဟာ (၁) ဆက်ဆံရေးရုံးခွဲတွေ ပိတ်ဖို့လည်း တန့်ယန်းမြို့ ဗျူဟာမှူးက ပြောဆို လိုက်ပါတယ်။
ချင်းပြည်နယ်
နေ့လည် (၁ နာရီ ၁၁ မိနစ်) ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်တပ်ဖွဲ့ လှုပ်ရှားမှုများကြောင့် အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်း တီးတိန် တွန်းဇမြို့မှာရှိတဲ့ နအဖ စစ်တပ်စခန်းတွေမှာ စစ်အင်အား သုံးဆ တိုးမြင့် ချထားတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်
နေ့လည် (၁ နာရီ) လွန်ခဲ့တဲ့ ကြာသာပတေးနေ့ကတည်းက ကချင်ပြည်နယ် အရှေ့ဘက်၊ KIO/KIA ဌာနချုပ် ဘေးပတ်ဝန်းကျင်တွင် နအဖ ဘက်မှ စစ်အင်အား၊ လက်နက်အင်အား တိုးမြင့်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နယ်စစ် KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာ၊ အလင့်ဘွမ်Alen Bum)၊ လိုင်ဆင်ဘွမ်(Laisin Bum)၊ မိုင်ဂျာယန်နဲ့ ဗန်မော်ဘက်မှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် လက်နက်ကြီး-ငယ်များ ပို့ဆောင်နေပြီး စစ်အင်အားတိုးမြင့်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။ စစ်အင်အားကို ညအချိန်ရောက်မှ ပို့ဆောင်ခြင်းဖြစ်ပါတယ်။ နအဖ စစ်အစိုးရမှ မြန်မာတစ်နိုင်ငံလုံးရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးများ ပိတ်ပေးရန် နိုဝင်ဘာလ ၂၂ ရက်နေ့ ပြောလိုက်ပြီးနောက် နအဖ ဘက်မှ ယခုကဲ့သို့ စစ်ရေးပြင်ဆင်မှုများ ဖြစ်ပေါ်ပြီး စစ်အင်အားတိုးချဲ့လာတာပါ။
ကရင်ပြည်နယ်
နေ့လည် (၁၂ နာရီ) နအဖ စစ်တပ်က ဒီဇင်ဘာလ ၁ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကေအဲန်ယူ/ ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း ၇၇၇ တပ်ဖွဲ့ဝင် ရဲဘော် ၆ ဦးကို နအဖ တပ်ရင်း ၂၃၀ မှ စစ်သားတွေက သတ်ပစ်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ စရဖ (စစ်ဖက်ဆိုင်ရာ လုံခြုံရေး) ဗိုလ်ရဲမြင့် နှင့် ကေအဲန်ယူ/ကေအဲန်အယ်အေ ငြိမ်းချမ်းရေးကောင်စီက ဗိုလ်မှူးချုပ်ထိန်မောင်တို့ ဆွေးနွေးပွဲ ဗွီဒီယိုဖိုင်ပါ တင်ပေးလိုက်ပါတယ်။
Thursday, December 2, 2010
အနုပညာရှင် ၁၁ ဦး FM တွင် တားမြစ်ခံရ
နယူးဒေလီ (မဇ္ဈိမ) | အနည်းဆုံး အနုပညာရှင် ၁၁ ဦး၏ ဖျော်ဖြေတင်ဆက်မှုနှင့် အင်တာဗျူးများ မပြုလုပ်ရန် နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း ၈ ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း FM အသံလွှင့်ဌာနတခု အပြောအရ သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း အားလုံးသို့ အကြောင်းကြားစာ ပေးပို့ရာတွင် အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်နှင့် မဇ္ဈိမလှိုင်း ဂီတဝိုင်းမှ Bass တီးခတ်သူ ကိုရဲလွင်၊ ရုပ်ရှင်ဒါရိုက်တာများဖြစ်သည့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီးနှင့် ချိုတူးဇော်၊ သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့၏ သီချင်းများ အသုံးမပြုရန်နှင့် အင်တာဗျူး မလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။
“ဒီလူ၊ ဒီလူတွေရဲ့ အင်တာဗျူးတွေ၊ သီချင်းတွေကို
ရပ်ဆိုင်းရမည့် အချိန်ကာလကို တိကျစွာ သတ်မှတ် ဖော်ပြထားခြင်း မရှိသလို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းသည်ကိုလည်း ဖော်ပြ ထားခြင်း မရှိဟု သူက ပြောသည်။
အပိတ်ပင်ခံရသူများကို မဇ္ဈိမက ဆက်သွယ်သော်လည်း တဦးသာလျှင် ဆက်သွယ်၍ ရခဲ့ပြီး၊ အမည်မဖော်ပြရန် မေတ္တာရပ်ခံသည်။
"အခုက နယ်ပယ်စုံက အနုပညာရှင်တွေကို ပိတ်လိုက်တာလေ။ ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ အနုပညာရှင်တွေအနေနဲ့ သူတို့ စိတ်ဝင်စားတာတွေ လုပ်ကြည့်တယ်၊ ပြောကြည့်တယ်။ ဒါတွေ အရှိန်တက်မလာအောင်လို့ သင်ခန်းစာ ပေးလိုက်တဲ့ သဘောပါပဲ” ဟု သူက ပြောသည်။
ပိတ်ပင်မှုကို အနုပညာသည်များကိုလည်း အကြောင်းကြားခြင်း မရှိပေ။ ရန်ကုန်ရှိ အနုပညာလောကနှင့် စာပေနယ်တွင်ပါ ထင်ကြေးပေးပြောဆိုမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံမှုနှင့် ဆက်စပ်နေသလို အာဏာပိုင်များကို အပြစ်တင်သလိုဖြစ်စေသော သရော်မှုများကြောင့် စစ်အစိုးရက တုံ့ပြန်မှုဟု ပါရှိသည်။
အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် အပါအဝင် အဆိုတော်အချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသော HIV/AIDS ကုသစောင့်ရှောက်မှုပေး တောင်ဒဂုံရှိ ၃၇၆ ဂေဟာတွင် သွားရောက် လှူတန်းခဲ့သည်။
နာရေးကူညီမှုအသင်း ဦးစီးသူ ဝါရင့်သရုပ်ဆောင် ဦးကျော်သူကို အတိုက်အခံ နိုင်ငံရေးလှုပ်ရှားမှုနှင့် နီးစပ်သဖြင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ထားသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်မှ လွတ်မြောက်ပြီး နောက်တရက်တွင် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။
ထို့ပြင် ယခုလ ၂၁ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ဖျော်ဖြေခဲ့သော ထာဝရနှင်းဆီ အငြိမ့်တွင် မြန်မာပြည်၏ လက်ရှိအခြေအနေကို သရော်သော ပြက်လုံးများ ထုတ်ခဲ့သဖြင့် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် နေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနှင့် မိုးမိုးတို့လည်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။
နေတိုးက “မှန်ရာကို သစ္စာဆိုပါမည်၊ လမ်းတွေကို အလွယ်ခင်းပါသည်၊ ဒါပေမဲ့လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်းတော့ သွားရအလွန်ခက်သည်” ဟူ၍ ပြက်လုံးပြက်ခဲ့ရာ လူကြိုက်များခဲ့သည်။
“မူကြမ်းသွားတင်တော့ ထာဝရနှင်းဆီထဲက လူရွှင်တော်တယောက်ရဲ့ အင်တာဗျူး ပါသွားတယ်။ အဲဒါကို ဖြုတ်ခိုင်းရင်းနဲ့ သူတို့ ၅ ယောက်နဲ့ မောင်မျိုးမင်း အကြောင်းပါ မထည့်ဖို့ စာစစ်မှူးက ပြောလိုက်တာ” ဟု ဂျာနယ်သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။
နိုင်ငံတဝှန်းတွင် ရန်ကုန် စီးတီး၊ မန္တလေး စီးတီး၊ ပိတောက်မြေ၊ ရွှေ၊ ပတ္တမြား၊ ပဉ္စဝတီ၊ ချယ်ရီနှင့် ပုဂံ FM ဟူ၍ FM အသံလွှင့်လိုင်းများ ရှိသည်။
source by : http://www.mizzimaburmese.com
ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ပြောကြားသွားခဲ့ရာမှာတော့
ဒီပွဲကို နိုင်ငံခြားသံတမန်တွေ၊ ကိုရဲလွင်အပါအဝင် အနုပညာသည်တွေနဲ့
မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ ကျင်းပတဲ့ အခမ်းအနားမှာ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က အခမ်းအနားမှူးအဖြစ် တာဝန်ယူပြီး၊ NLD ရဲ့ ဒုဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ဖျော်ဖြေရေး အစီအစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းမှလည်း “Blowing in the wind” သီချင်းကို သီဆိုခဲ့ပြီး၊ ကဗျာဆရာ ကိုငြိမ်းသစ်မှလည်း ကိုယ်တိုင်ရေးစပ်တဲ့
“စစ်ပြီးရင်း စစ်
ငါတို့ လူမဖြစ်တော့ဘူး
ပြည်တွင်းစစ်တွေ ရပ်ပါတော့
အဓမ္မစစ်တွေ ရပ်ပါတော့” စာသားပါတဲ့ ပြည်တွင်းစစ်၏ ဆိုကျိုးကို ပုံဖေါ်ရေးသားထားတဲ့ “ငုံနေတဲ့ မနက်ခင်း” ကဗျာကို ရွတ်ဆိုခဲ့ပါတယ်။
အခမ်းအနားကို မဖြူဖြူသင်းတို့က ကျန်းမာရေး စောင့်ရှောက်မှုပေးထားတဲ့ HIV နဲ့ အသက်ရှင်နေထိုင်သူများ ၁၂ဝ ခန့်၊ တောင်တွင်းကြီး၊ မကွေး၊ ဖျာပုံ နဲ့ နယ်မှ လာရောက်ကြတဲ့ HIV နဲ့ အသက်ရှင်နေထိုင်သူ ၁၃ဝ ခန့်၊ ဧည့်ပရိသတ် ၁ဝဝ ကျော် တက်ရောက်တယ်လို့ HIV နဲ့ အသက်ရှင် နေထိုင်သူတွေကို ကူညီဆောင်ရွက်ပေးနေသူ မဖြူဖြူသင်းက မဇ္ဈိမကိုပြောပြပါတယ်။
WHO, UNAIDS, UNICEF တို့ ၂ဝဝ၈ ခုနှစ် အောက်တိုဘာလအတွင်းက ပူးပေါင်းထုတ်ပြန်တဲ့ ကပ်ရောဂါဗေဒဆိုင်ရာ အချက်အလက်စာတမ်းမှာတော့ မြန်မာနိုင်ငံမှာ HIV ကူးစက်ခံထားရသူပေါင်း ၂၄ဝ,ဝဝဝခန့်ရှိပြီး HIVကူးစက်ခံထားရသူ ၂၄ဝ,ဝဝဝရဲ့ သုံးပုံနှစ်ပုံမှာ အသက် ၂၄ နှစ်အောက် လူငယ်များဖြစ်တဲ့အကြောင်း UNICEF က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးအရေအတွက် ခန့်မှန်းခြေ ၁သိန်းခန့်ဟာလည်း HIVကူးစက်ခံထားရပြီး သူတို့တွေက မွေးဖွားလာမယ့် ကလေးငယ်တွေဟာလည်း HIV ကူးစက်ခံရမှု အန္တရာယ်ရှိနေတဲ့အကြောင်း UNICEF ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကိုငြိမ်းသစ် ယနေ့ရွတ်ဆိုခဲ့သည့် “ငုံနေတဲ့ မနက်ခင်း” ကဗျာ
မနက်ခင်းဟာ
စပယ်ပန်းတွေ ပွင့်လေမလားလို့ 
ငေးကြည့်ရင်းနဲ့ 
သူ့ အသက်ရှူသံတွေ တိမ်နေတော့တယ်
လူတွေ မြို့ဆန်နေပုံကလည်း
နားမျက်စိတွေ ပြန့်ကားပြီး
ကြောက်ကြောက်နဲ့  အစာကောက်နေရတဲ့
ငှက်တကောင်အဖြစ်လိုပ။
ဒို့သွေးချင်းတွေကျတော့ကော
ရိုးရာပွဲတွေ ကင်းပ
သူတို့ဘဝ သူတို့ မရကြဘူး
လုံးတက်လာတဲ့ မီးခိုးအလိပ်လိပ်တွေထဲက
သူတို့ ရွာ၊ သူတို့ စပါးတွေကို
ငေးဆနေပေမပေါ့၊
ဟိုတောင်ကြော တောင်မတွေထဲက
စစ်ရှောင်ပုန်းရင်းနဲ့ 
ခိုးလုပ်ရတဲ့ လယ်ကွက်ကလေး
ကြည့်စမ်း
သေနတ်သံမကြားရင်
ဟောဒီ စပါးတွေ
ဘယ်လောက် သန်လိုက်မလဲ၊
ယမ်းငွေ့ မလွှမ်းရင်
ဟောဒီ တောပန်းတွေ
ဘယ်လောက် ပွင့်လန်းလိုက်မလဲ၊
အဲဒီ မြည်တမ်းမှုတွေ ကြေမွ
ငါတို့ သက္ကရာဇ်တွေ ပြန်မရသေးဘူး၊
ရွာဦးကျောင်းက တုံးမောင်းဟာလည်း
ကျည်ဆံရာ ဗရပွနဲ့ ထုံအနေပါပြီ၊
အမိုးပွင့်နေတဲ့ စာသင်ကျောင်းက ကလေးတွေ
ဗုံးခိုကျင်းတွေထဲမှာ ဆွံ့ အ
ဘယ်က အစာလာချမလဲ
မျှော်တနေရော့မယ်
စစ်ပြီးရင်း စစ်
ငါတို့ လူမဖြစ်တော့ဘူး
ပြည်တွင်းစစ်တွေ ရပ်ပါတော့
အဓမ္မစစ်တွေ ရပ်ပါတော့။
source by : http://www.mizzimaburmese.com
ဒေါက်တာစင်သီယာမောင်၏ (၅၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စာပေ အနုပညာနှင့် စကားရည်လုပြိုင်ပွဲ၊ မူကြိုကလေးများ ကဗျာရွတ်ပြိုင်ပွဲ ဖိတ်ကြားလွှာ
AIDS တိုက်ဖျက်ရေးနေ့ အခမ်းအနား

ဒေါက်တာဦးမြင့် (အလယ်) နှင့်အတူ ကိုထိန်လင်းက Blowing in the Wind သီချင်းကို အတူဆိုနေစဉ်

source by : http://www.irrawaddyblog.com
Wednesday, December 1, 2010
အမျိုးသားရေး အောင်ပွဲအတွက် နိုင်ငံသားအားလုံး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း
NLD ရုံးချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အမှုဆောင် လူကြီးအချို့။ (ဒီဇင်ဘာ ၁၊ ၂၀၁၀) ဓာတ်ပုံ - ASSOCIATED PRESS
အမျိုးသားအောင်ပွဲဆိုတာ တကြိမ်တည်းနဲ့ ရောင့်ရဲ တင်းတိမ်နေလို့ မရဘဲ ဆင့်ကဲဆင့်ကဲ အောင်ပွဲတွေရအောင် ဆက်တိုက် ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ တမျိုးသားလုံး ချမ်းချမ်းမြေ့မြေ့ နေချင်ရင် အားလုံးက ၀ိုင်းဝန်းပြီး တက်ညီ လက်ညီ လုပ်ဆောင်ကြရမယ်လို့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီကနေ့ ကျရောက်တဲ့ နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဒီကနေ့မနက် ရန်ကုန်မြို့မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ကျင်းပခဲ့ကြတာပါ။ အခမ်းအနားမှာ တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းကြဖို့ အခမ်းအနား သဘာပတိဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာစကား အဖြစ်နဲ့ စတင် ပြောကြားခဲ့ပါတယ်။
“အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ ထိုသို့ ကြိုးပမ်းရာမှာ အမျိုးသား ညီညွတ်ရေး မလွဲမသွေ လိုအပ်နေပါတယ်။”
အမျိုးသားအောင်ပွဲနေ့ ဆိုတာဟာ တရားမမျှတတဲ့၊ ခွဲခြားထားတဲ့ ပညာရေး ဥပဒေကို ခေါင်းငုံ့မခံဘဲ တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်ခဲ့ရာက တမျိုးသားလုံး အမျိုးသား စိတ်ဓာတ်တွေ နိုးကြားလာရာက စတင်ပေါ်ပေါက်လာတာ ဖြစ်တဲ့အကြောင်း သဘာပတိ ဦးတင်ဦး ပြောကြားသွားတဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ဆက်ပြောပါတယ်။
“တက္ကသိုလ်ဥပဒေကို တက္ကသိုလ်ကျောင်းသား လူငယ်တသိုက်က ငုံ့မခံဘဲ သပိတ်မှောက် တော်လှန်ခဲ့ကြရာကနေ တမျိုးသားလုံး အမျိုးသားရေး နိုးကြားမှုကြီး စတင်ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာပြီး ပြည်သူတရပ်လုံး အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာခဲ့တယ်။ အဲဒီ စိတ်ဓာတ် နိုးကြားလာခဲ့တဲ့ တမျိုးသားလုံးကို လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင် ထိန်းသိမ်းပြီးတော့၊ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ လမ်းညွှန်မှု ပေးပြီးတော့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲသွားခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။
“ဒါကြောင့် ကျောင်းသား လူငယ်များရဲ့ စွမ်းအားဟာ မြန်မာနိုင်ငံ ခေတ်ပြောင်းသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သင်ခန်းစာ ယူစရာပဲ။ ပြီးတော့ တမျိုးသားလုံး ညီညွတ်စွာ ပါဝင်လှုပ်ရှား ကြိုးပမ်းကြမယ်ဆိုရင် ဘယ်လောက်ခက်ခဲတဲ့ ရည်မှန်းချက် ဖြစ်စေ အောင်မြင်နိုင်တယ် ဆိုတာလည်း သင်ခန်းစာ ယူစရာ ဖြစ်တယ်။
“ဒီနေ့လည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတရပ်လုံးက ပါဝင် ကြိုးပမ်းနေကြတယ်။ အဲဒီမှာ အမျိုးသား ညီညွတ်ရေးရအောင် ကြိုးပမ်းပြီးတော့ စွမ်းဆောင်သွားမယ်ဆိုရင် တိုင်းပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် မုချ ပေါ်ထွန်းလာမှာ ဖြစ်တယ်ဆိုတာ ဒီသမိုင်းတွေက သက်သေထူနေတယ်၊ ကြိုးပမ်းသွားရမယ်၊ အဲဒီလို တိုက်တွန်းပါတယ်။”
အခမ်းအနား သဘာပတိဖြစ်တဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောကြားပြီးတဲ့ နောက်မှာတော့ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားပါတယ်။
အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ သဘာပတိက အကျယ်တ၀င့် ပြောကြားသွားပြီး ဖြစ်တဲ့အတွက် သူမအနေနဲ့ အသေးစိတ် မပြောလိုတော့တဲ့အကြောင်း အစချီပြီး အမျိုးသားရေးဆိုတာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အကြောင်းနဲ့ ပြည်သူတွေ လိုချင်နေတဲ့ ချမ်းချမ်းမြေ့မြေ့ နေနိုင်ရေးအတွက် လိုအပ်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို စပြောပါတယ်။
“ကျမအနေနဲ့ သိပ်ပြီးတော့ ပြောဖို့ မလိုပါဘူး။ အမျိုးသားရေး ဆိုတာလေးတော့ တခုပြောချင်ပါတယ်။ ကျမတို့ဟာ အမျိုးသားရေးဆိုတာ ဘာလဲဆိုရင် တမျိုးသားလုံးနဲ့ ဆိုင်တယ်၊ တနည်းအားဖြင့် ပြောရရင် ဒီနိုင်ငံကို မှီတင်းနေထိုင်သူ အားလုံးနဲ့ ဆိုင်တဲ့အရေးလို့ ပြောတာပါ။ ဒီတော့ ဒီနိုင်ငံကို မှီတင်းနေထိုင်တဲ့သူ အားလုံးကနေပြီးတော့ ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တခုတော့ ရှိပါတယ်။ အားလုံးကနေပြီးတော့ ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်။ ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ ဘာတွေလိုအပ်သလဲ ဆိုတာ တဆင့် ထပ်ပြီးတော့ မေးလို့ရှိရင် လုံခြုံဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်၊ စိုးရိမ်ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့မှ ကင်းဝေးဖို့ လိုအပ်ပါတယ်။ အဲဒီဟာတွေ အားလုံး လိုအပ်လို့ ကျမတို့က ကြိုးစားရမှာပါ။”
ဒါ့အပြင် အားလုံးရဲ့ အရေးဖြစ်တဲ့ အမျိုးသားရေးကို တခါတည်း အောင်ပွဲခံရုံနဲ့တင် မပြီးဘဲ မြန်မာနိုင်ငံ တည်ရှိနေသ၍ ဆက်တိုက် အောင်ပွဲခံနိုင်အောင် ၀ိုင်းဝန်း ကြိုးပမ်းကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။
“တဦးတည်းရဲ့ အရေး မဟုတ်ဘူး၊ အားလုံးရဲ့အရေး၊ ၀န်ထမ်းတွေရဲ့ အရေးလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ ပါတီအဖွဲ့အစည်းတွေ အားလုံးလည်း ပါဝင်ပါတယ်။ တဦးချင်း တဦးချင်း ပုဂ္ဂိုလ်အားလုံးလည်း ပါဝင်ပါတယ်။ အဲတော့ ကျမတို့ အားလုံးဟာ ဒီအမျိုးသားရေးကို အောင်ပွဲခံနိုင်ဖို့ဆိုရင် စောစောက သဘာပတိကြီး မိန့်သွားသလိုပဲ ညီညွတ်ရမယ်၊ ဇွဲ ၀ီရိယ ရှိရမယ်၊ သတ္တိရှိရမယ်၊ ဆက်ပြီးတော့ လုပ်ရမယ်။
“အမျိုးသားရေးဆိုတာ ဘယ်နှစ်ခါပဲ အောင်ပွဲခံခံ ပြီးသွားတယ်ရယ်လို့ မရှိဘူး။ အောင်ပွဲဟာ တခုပြီးတခု ဆက်ပြီးတော့ ခံသွားရမှာပဲ။ ဒီနိုင်ငံ တည်ရှိနေသ၍ အမျိုးသားရေးဆိုတာ တည်ရှိနေမှာပဲ။ အမျိုးသားရေး တည်ရှိနေသ၍ ဒီအမျိုးသားရေးတွေကို အောင်ပွဲခံနိုင်ဖို့ ကျမတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အဲဒါလေးကိုပဲ တိုတိုပြောရင်းနဲ့ ကျမ နိဂုံးချုပ်ပါရစေ။”
NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။
အခမ်းအနားမှာ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်နဲ့ နှစ်စဉ်လိုပဲ ကဗျာဖတ်၊ စာပေ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကိုယ်စား ကိုလေး (အင်းဝဂုဏ်ရည်) ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့ ကျင်းပတဲ့ နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကိုတော့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးတွေ၊ တခြား တိုင်းရင်းသားပါတီတွေ အပြင် နယ်က ရောက်လာကြတဲ့ NLD အဖွဲ့ဝင်တွေနဲ့ ကမာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အပါအ၀င် ဧည့်ပရိသတ်ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
မနက်ဖြန် ကြာသပတေးနေ့ NLD ရုံးချုပ်မှာ ကျင်းပမယ့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ကိုတော့ နိုင်ငံတကာက သံတမန်တွေ၊ INGO လို့ခေါ်တဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနဲ့ တခြား လူမှုအသင်းအဖွဲ့တွေကို စုံစုံညီညီ ဖိတ်ကြားထားတဲ့ အကြောင်းနဲ့ ဒီကိစ္စဟာ လူမှုရေးကိစ္စ ဖြစ်တာမို့ အားလုံး စုံစုံညီညီ တက်ရောက်ကြမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း NLD က သတင်းထုတ်ပြန်ပါတယ်။
source by : http://www.voanews.com
အမျိုးသားအောင်ပွဲနေ့ အခမ်းအနား
![]() | ![]() | ![]() | |
![]() | ![]() |
အခမ်းအနားအမှုး အဖြစ် ဦးအုန်းကြိုင်က ဆောင်ရွက်ပြီး သဘာပတိအဖြစ် အန်အယ်ဒီဥက္ကဌ ဦးတင်ဦးက ဆောင်ရွက်ကာ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားနေ့ အမှာစကားကို ပြောကြားသည်။ ထို့နောက် အမျိုးသားနေ့ စာပေဟောပြောပွဲ အဖြစ် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)က ဟောပြောခဲ့ပြီး အခမ်းအနားသို့ ရဟန်းရှင်နှင့်လူ စုစုပေါင်း ၃ဝဝခန့် တက်ရောက် ခဲ့သည်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဒီ - ဒီလောက်နဲ့တော့
မို - မိုကဖြင့်
က - လိုက်ချင်သေး
ရေ - မပေးလဲ ထမင်းမကြွေးလဲ ချုပ်နှောင်ထားလဲ
စီ - စီရီရီ ပန်းတွေ ပန်ဦးမည်တဲ့
ခေါင်း - ခေါင်းထိတတ်
ဆောင် - သယ်ရွက်က
ဒေါ် - လေးသည်လဲ
အောင် - မြင်မှာပါ
ဆန်း - ပြားထွေလာ သူ့ မာယာကို
စု - စည်းတင်ပြ ကမ္ဘာကျအောင်
ကြည် - ကြည်လင်လင် အစီရင်ခံမည်
ဒီမိုကရေစီ အောင်ရမည်။
ဗိုလ်ချုပ်ခင်ညွန့် တကျော့ ပြန်လာဦးမလား (စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ပြောကြားချက်များ)
ဒီဗွီဒီယိုကို ဘယ်တုန်းက ရိုက်ထားသလဲဆိုတာ အတိအကျ ခန့်မှန်းနိုင်ဖို့ ခက်ခဲနေသလို ဘာကြောင့် ဒီအချိန်မှာ ထွက်လာသလဲဆိုတာကိုလည်း ခန့်မှန်းဖို့ ခက်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးအဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိလည်းဖြစ်၊ ဝါရှင်တန် သံမှူးလည်းဖြစ်ခဲ့တဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် ကတော့ ဒီဗွီဒီယိုကို လွန်ခဲ့တဲ့ သတင်းပတ်တွေအတွင်းကမှ ရိုက်ကူးထားတာဖြစ်နိုင်ပြီး ဒီအချိန်မှာ ထုတ်ပြန်တာကတော့ တိုင်းရင်းသားပြဿနာ အထူးသဖြင့် ငြိမ်းအဖွဲ့တွေနဲ့ မပြေမလည်ဖြစ်နေချိန်မှာ ငြိမ်းတွေနဲ့ အဆင်ပြေတဲ့ ဗိုလ်ချုပ်ခင်ညွန့်ကို ပြန်ထုတ်သုံးချင်တဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။
“ဗွီဒီယိုထဲမှာကြည့်ရင် မိုးတွင်းဆိုတာတော့ ထင်ရှားတယ်။ ၂ဝဝ၉ ခုနှစ်က ဟာတော့ မဖြစ်နိုင်ဘူး။ ညဘက်မှာ ကိုမြင့်သိန်းတို့ ကိုခင်ရီ တို့လာတွေ့တဲ့ အတွက်ကြောင့်မို့ ၂ဝ၁ဝ မိုးတွင်းလို့ ယူဆပြောရရင် အောက်တိုဘာ နိုဝင်ဘာ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးမှတော့လည်း မဖြစ်လောက်ဘူး။
အဓိက က တိုင်းရင်းသားရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နအဖမှာ တော်တော် အကျပ်အတည်း ဖြစ်တယ်။ ကျနော် ပြောခဲ့ဖူးတယ်။ တိုင်းရင်းသား ၁၇ဖွဲ့၊ ၁၇ဖွဲ့က သူတို့နဲ့ ပေါင်းပြီးတော့မှ ပြည်ထောင်စုအစိုးရ အနေနဲ့ လုပ်နေပါတယ် ဆိုတဲ့ဟာက သူတို့ရဲ့ ဝါဒဖြန့်တဲ့ စကားလုံးတွေ။ အခု တကယ့်တကယ် တိုင်းရင်းသားအရေးကို တည်ဆောက်တဲ့အခါမှာ ထင်ရှားတဲ့ အဖွဲ့အစည်းရဲ့ တိုင်းရင်းသား ခေါင်းဆောင်ကမှ သူတို့အပေါ်မှာ မယုံကြည်ဘူး။ ကျနော်သိသလောက်လည်း တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်တွေ ဗိုလ်မှူးကြီးတွေ တချို့လည်း ထောင်ထဲမှာ ရှိပါတယ်။ ဒီလူတွေကိုလည်း တိုင်းရင်းသားရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ ထောင်ထဲထိကို သွားပြီးတော့မှ တောင်းတယ်ဆိုတဲ့ သတင်းများ ရရှိထားတာ ရှိပါတယ်။”
ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ပြောဆိုချက်အရဆိုရင် ဒီလိုမတွေ့ခင် လွန်ခဲ့တဲ့နှစ် ၂ဝဝ၉-နှောင်းပိုင်း တုန်းကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လူယုံတော် ကထစမှူးနဲ့ ထောက်လှမ်းရေးမှူး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးမြင့်ဆွေနဲ့ အဖွဲ့ကလည်း ဗိုလ်ချုပ်ခင်ညွန့်ကို နေအိမ်မှာ လာဆွေးနွေး ခဲ့တယ်လို့သိရပါတယ်။
နအဖ နဲ့ ပြန်ပေါင်းပြီး အလုပ်လုပ်ဖို့ ဗိုလ်ချုပ်မြင့်ဆွေက တင်ပြီး ဗိုလ်ချုပ်ခင်ညွန့်ကတော့ ဖမ်းဆီးခံနေရတဲ့ သူ့လူတွေကို အရင်လွှတ်ပေးဖို့ တောင်းဆိုတဲ့အတွက် ဆွေးနွေးပွဲ အဆင်မပြေခဲ့ဘူး လို့ပြောပါတယ်။ အဆင်မပြေတဲ့ကြားက အခုတကြိမ် ဘာကြောင့် ထပ်ဆွေးနွေးဖို့ဖြစ်လာသလဲ။ နေအိမ် အကျယ်ချုပ်ကနေ ဘယ်ကိုခေါ်ပြီး ဆွေးနွေးတာလဲ ဆိုတဲ့အမေးကိုတော့ ဒါဟာ ကမ္ဘာအေး ဘုရားလမ်းမှာရှိတဲ့ လက်ရှိ အကျယ်ချုပ် ချထားတဲ့ အိမ်ကနေ ပဲခူးရိုးမတောင်ခြေအနီးရှိ တပ်မ ၁၁ ဌာနချုပ်ဝန်းကျင်က ရဲမွန် ဧည့်ရိပ်သာဆီ ခေါ်သွားတာဖြစ်ပြီး နအဖ ရဲ့ အဆိုပြုချက်ကို လက်ခံလာအောင် ထပ်ဆွေးနွေးမယ့် သဘောမျိုး ဖြစ်တယ်လို့ သူက အခုလို ဆက်ပြောပါတယ်။
“ဗိုလ်ချုပ်ခင်ညွန့်ကို လာဆက်သွယ်တာ နအဖအနေနဲ့ အောက်ခြေပိုင်းအရ တပ်မတော်ထဲမှာရှိတဲ့ တချို့လူငယ်ပိုင်းတွေက ဗိုလ်ချုပ်ခင်ညွန့်ကို သဘောကျကြတာ များတယ်။ ဗိုလ်ချုပ်ကြီး မောင်အေးတောင်မှ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ နီးစပ်မှုရှိတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တယောက်ပဲ။ ဒါကလည်း သူတို့အချင်းချင်း အဓိက ကတော့ သူတို့ကြားထဲမှာရှိတဲ့ ကျနော်တနေ့ကပြောတဲ့ ဦးအောင်သောင်းတို့လို ပုဂ္ဂိုလ်မျိုးတွေက ပုဏ္ဏားလုပ်ပြီးမှ ကုန်းချော ကုန်းတိုက် လုပ်တဲ့အတွက်ကြောင့်မို့ ဒီလိုဖြစ်ကုန်တဲ့ အနေအထားမျိုး ဖြစ်တာခင်ဗျ။
အဲတော့ ဗိုလ်ချုပ်ခင်ညွန့်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးတော့မှ လုပ်ကြမယ်ဆိုရင် ဗမာပြည်အတွက်က အကောင်းဆုံးဖြစ်လာမယ်လို့ တပ်မတော်တွင်းကော တပ်မတော်တွင်းက မိသားစုကော အမြင် အဲလိုရှိကြတယ်။ ဒါကြောင့်မို့လည်း အခုတကြိမ် ထပ်ကြိုးစားတဲ့အနေနဲ့ ဦးခင်ညွန့်ကို လာခေါ်တာလည်း ဖြစ်နိုင်တယ်။
ဒုတိယ အချက်အနေနဲ့က နိုင်ငံတကာရေးရာ ကိစ္စပါ။”
သူဆက်ပြောတဲ့ နိုင်ငံတကာရေးရာ ဆိုတာကတော့ အခု အာဏာကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဦးအောင်သောင်း တို့အဖွဲ့ဟာ တိုင်းရင်းသားကိစ္စကို မကိုင်တွယ်နိုင်တဲ့အပြင် နိုင်ငံတကာ ဆက်ဆံရေး ကိုလည်း အတွေ့အကြုံမရှိတဲ့အတွက် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က တိုင်းရင်းသား ကိစ္စကိုင်ဖူးပြီး အခုတရားထိုင်နေတဲ့ ဗိုလ်ချုပ်ကျော်ဝင်းနဲ့ ဗိုလ်ချုပ်ကျော်သိန်း၊ နောက် ထောင်ထဲမှာရှိနေတဲ့ ဗိုလ်ချုပ်စန်းပွင့်၊ ဗိုလ်မှူးကြီး သက်တင်စိန်တို့နဲ့ လက်ရှိထောက်လှမ်းရေးတွေ သွားရောက် ဆွေးနွေးခဲ့ကြောင်း၊ နောက်တခါ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က အမေရိကန်နဲ့ နိုင်ငံတကာ ဆက်ဆံရေးကိုင်ခဲ့ပြီး အခုထောင်ထဲမှာ ရှိနေဆဲဖြစ်တဲ့ ဗိုလ်မှူးကြီးလှမင်းနဲ့ ဗိုလ်မှူးချုပ်သိန်းဆွေ၊ နောက်တခါ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကို ကိုင်ခဲ့ပြီး အခုထောင်ထဲမှာ ရှိနေတဲ့ ဗိုလ်မှူးချုပ်သန်းထွန်း တို့ကိုလည်း လက်ရှိ ထောက်လှမ်းရေးနဲ့ နိုင်ငံခြားရေးက ပုဂ္ဂိုလ်တွေ သွားရောက်ချည်းကပ် အကြံဥာဏ် တောင်းခဲ့တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပါတယ်။
သူရဲ့ ပြောဆိုချက်တွေ ဘယ်လောက် မှန်သလဲဆိုတာ မသိနိုင်သေးသလို စစ်အစိုးရ ဘက်ကလည်း ဒီဗွီဒီယိုမှတ်တမ်းနဲ့ ပတ်သက်ပြီး အခုချိန်ထိ ဘာမှထုတ်ဖော်ပြောဆိုခြင်း မရှိသေးတဲ့အတွက် ထင်မြင်ချက်မျိုးစုံ ထွက်ပေါ်မှုကတော့ ဆက်ပြီး ထွက်နေဦးမယ်လို့ ထင်ရပါ တယ်။
source by : http://burmese.dvb.no
Tuesday, November 30, 2010
နှစ် ၉၀ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား NLD ဌာနချုပ်မှာ ကျင်းပမည်
နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို မနက်ဖြန် ဒီဇင်ဘာလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့၊ မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက် မနက် ၁၁ နာရီမှာ ဗဟန်းမှာရှိတဲ့ NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါတီခေါင်းဆောင်တွေ၊ အဖွဲ့ဝင် လူငယ်တွေနဲ့ အတူ ဧည့်ပရိသတ်တွေ အပြင် မြန်မာစာပေ ပညာရှင်တွေနဲ့ပါ ပူးပေါင်းကျင်းပဖို့ စီစဉ်ထားတယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။
“မနက်ဖြန် မနက် ၁၁ နာရီမှာ အဖွဲ့ချုပ်ရုံးမှာ နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကြေညာစာတမ်းတစောင် ထုတ်ပြန်ပါမယ်။ ပြီးတော့ နှစ်စဉ်အတိုင်းပဲ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က မြန်မာ့စာပေရေးရာတွေ ဟောပြောပါလိမ့်မယ်၊ စာပေ ဟောပြောပွဲပေါ့။ ကျနော်တို့ တခြား နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေလည်း အကြောင်းကြား ထားပါတယ်။”
NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြသွားတာ ဖြစ်ပါတယ်။
အခု အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ခဲ့တာ နှစ်ပေါင်း ၉၀ ရှိခဲ့ပေမဲ့ နိုင်ငံမှာ အမျိုးသားနေ့ ဆိုတာကို မျိုးဆက်သစ် လူငယ်တွေကြား နိုးကြားမှု နည်းလာသလို အစိုးရပိုင်းတွေမှာလည်း အမျိုးသားရေးစိတ်ဓာတ် ပညာပေးမှုတွေ တိမ်ကောလာတာ တွေ့ရတယ်လို့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က သုံးသပ်ပါတယ်။
“ဒီနေ့ တိမ်မြုပ်ပုံကတော့ ကလေးတွေက ဘာမှမသိတာ။ ဒီဟာကို Educate လို့ခေါ်တဲ့ ပညာပေးတဲ့နေရာမှာ နိုင်ငံတော်နဲ့ ဆိုင်တယ်ကွ။ အမျိုးသားအောင်ပွဲနေ့ ဆိုတာက တမျိုးသားလုံးကို ပြောတာ။ ဗမာအောင်ပွဲနေ့ မဟုတ်ဘူး၊ ကချင်အောင်ပွဲနေ့ မဟုတ်ဘူး၊ ချင်းအောင်ပွဲနေ့ မဟုတ်ဘူး။ အကုန်လုံးရဲ့ အောင်ပွဲကို စဉ်းစားတဲ့အခါမှာ ပြည်ထောင်စုကြီးနဲ့ဆိုင်တာ။”
မြန်မာနိုင်ငံမှာ ၁၉၂၁ မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ဂျီစီဘီအေ ကွန်ဖရင့်ကနေ အမျိုးသားနေ့ သတ်မှတ်ရေး ကိစ္စကို စတင် ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းဝင် နေ့ရက်တွေထဲက ရက်တရက်ကို သတ်မှတ်ဖို့ စဉ်းစားကြရင်း ၁၉၂၀ အင်္ဂလိပ်နယ်ချဲ့ အစိုးရရဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကျောင်းသားတွေ စတင် သပိတ်မှောက်ခဲ့ကြတဲ့ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို မြန်မာနိုင်ငံရဲ့ အမျိုးသားအောင်ပွဲနေ့ အဖြစ် သတ်မှတ်ဖို့ စီစဉ်ခဲ့ကြပါတယ်။
ဒါဟာ အင်္ဂလိပ် နယ်ချဲ့တို့ရဲ့ ကျွန်ပညာရေးစနစ်ကို တက္ကသိုလ် ကျောင်းသားတွေ စတင်တော်လှန် သပိတ်မှောက်ခဲ့ကြတဲ့ နေ့အစလည်း ဖြစ်ပါတယ်။ အဲဒီကစပြီး အမျိုးသားနေ့ကို ၁၉၂၂၊ ဇွန်လ ၁၇ ရက် ရန်ကုန် ဂျီစီဘီအေ အထူးကွန်ဖရင့်မှာ အတည်ပြုခဲ့ပြီး နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်တယ်လို့ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) က ဆိုပါတယ်။
“ဗမာနိုင်ငံမှာ အမျိုးသားအောင်ပွဲနေ့ လုပ်ဖို့ လူကြီးတွေ ၀ိုင်းစဉ်းစားတဲ့အခါ ပါတော်မူနေ့ လုပ်ရကောင်းမလား၊ အမျိုးမျိုး စဉ်းစားကြတာပေါ့။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ၁၉၂၀ ကောလိပ်သပိတ်ကြီး၊ တက္ကသိုလ်သပိတ်ကြီးပေါ့၊ အဲဒီနေ့ကို လုပ်ရအောင် ဆိုပြီးတော့ သဘောတူ ဆုံးဖြတ်တယ်။ အဲဒီတော့ သပိတ်မှောက်တာကို ကောင်းကောင်း အဲဒီတုန်းက မသုံးတတ်သေးဘူး။ အဲဒီတော့ ဘွိုင်းကော့ ဆိုပြီးတော့ အင်္ဂလိပ် စကားလုံးပဲ သုံးတယ်။ Boycott ကို အမှီပြုပြီး ဖြစ်လာတာ။”
အဲဒီမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဘွိုင်းကော့ ဋီကာ ကဗျာကြီးတခု စပ်ဆိုခဲ့ပြီး ဒီကဗျာက အမျိုးသားရေး လက္ခဏာတွေ ပိုပြီး ထင်ရှားလာစေခဲ့တယ်လို့လည်း ဆရာ ဦးကိုလေးက ပြောပါတယ်။
အမျိုးသားအောင်ပွဲနေ့ကို အစိုးရ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် တခုအဖြစ် သတ်မှတ်ထားသလို ဟိုးအရင်တုန်းကတော့ ပွဲလမ်းသဘင်တွေ ဆင်နွှဲ၊ စာပေဟောပြောပွဲတွေနဲ့ စည်စည်ကားကား ကျင်းပခဲ့ပေမဲ့ ဒီလို အခမ်းအနားမျိုးတွေ မြန်မာနိုင်ငံမှာ မကျင်းပနိုင်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီ လို့လည်း သုံးသပ်ကြပါတယ်။
စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့ က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက် အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
လောလောဆယ် တင်းမာမှုနဲ့ ပြင်ဆင်မှု အခြေအနေတွေအရ စစ်ပွဲဖြစ်ပွားဖို့ နှစ်ဖက်စလုံးက အဆင်သင့် ဖြစ်နေတဲ့ အနေအထား တွေ့ရတယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးအောင်ဝါက ပြောပါတယ်။
ကေအိုင်အို အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ သူတို့ရဲ့ ကေအိုင်အေတပ်တွေကို အသင့် အနေအထား ရှိအောင် တပ်လှန့်ထားတာသာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစလို့ စစ်အစိုးရနဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် စစ်အစိုးရရဲ့ ဖိအားပေးမှုကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ အပစ်ရပ် သဘောတူညီချက်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပဲလို့ ကေအိုင်အိုအဖွဲ့ က ပြောပါတယ်။
နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စကို ကေအိုင်အိုက ငြင်းပယ်ခဲ့တဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ ကေအိုင်အို အဖွဲ့တို့ကြား ဆက်ဆံရေး အထူးတင်းမာလာခဲ့ပြီး စစ်အစိုးရဖက်က ကေအိုင်အိုအရာရှိတွေရဲ့ သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့တဲ့ အပြင် မြစ်ကြီးနားမြို့က ကေအိုင်အိုအဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံးကိုပါ မကြာသေးခင်က ပိတ်ခိုင်းခဲ့ပါတယ်။
ဆက်သွယ် မေးမြန်းချက်
နားဆင်ရန်
source by : http://www.rfa.org
ဗိုလ်ချုပ်ဈေး သွားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြည်သူလူထုကြီးမှ သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်
မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ Foreign Policy သို့ ပေးပို့သော ဗွီဒီယို စကားပြောမှတ်တမ်း
အဆိုပါ Foreign Policy မဂ္ဂဇင်းကြီးသို့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ယနေ့ ပေးပို့ခဲ့သော ဗွီဒီယို စကားပြောမှတ်တမ်းနှင့် ပြောကြားချက်မှာ -
Video Message from Daw Aung San Suu Kyi to FP
(Foreign Policy)
But in all these years, the one thought that has stayed with me is that we all have to
When I came out of detention, on the 13th of this month, I suddenly found myself in a new world, as it were. The people who came to support me, to offer me their greetings and their
I do not know what I am supposed to have contributed to the Great Thinkers of this world. All I can say is that I stand ready to be taught, to learn, to learn from the new thinking, to learn from younger people, to learn from those who have spent the years that I have spent in detention out in the free world, seeing what is going on, and from that seeing, learning to think again. We have to think again, and again, and again, and yet, we never come to the end of our thinking. We never come to the final conclusion. That is the beauty of human nature -- that we can go on, we can keep on going
This is not the ideas of a thinker that I am expressing to you. These are just the ideas of someone who has lived apart from most of the world for many years and has now come out to join you and to ask for your support, your help, your advice, and for your friendship.
I don't know whether this is what a Global Thinker is supposed to be saying, but whatever I have said, it comes from my heart, and I hope that you will look upon it kindly. Thank you very much.
Aung San Suu Kyi
Foreign Policy မဂ္ဂဇင်းကြီးသို့ မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ပေးပို့ခဲ့သော ဗွီဒီယို စကားပြောမှတ်တမ်းအား ဒေါင်းလုပ် လုပ်လိုပါက- http://www.multiupload.com/495GZ8CF6K
၂၀၁၀ ရွေးကောက်ပွဲ စစ်တမ်း ကောက်ခံချက် SNLD မကြာမီ ထုတ်ပြန်မည်
ဒီအချိန်မှာပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကလည်း နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လောက် လွတ်လပ်ပြီး တရားမျှတမှု ရှိသလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အတွင်းက မြို့ပေါင်း ၆၀ လောက်နဲ့ ကချင်ပြည်နယ်အတွင်းက မြို့ ၁၀ မြို့လောက်မှာ စစ်တမ်း ကောက်ယူနေပါတယ်။ ဒီလို ကောက်ယူရရှိတဲ့ သတင်းအချက်အလက်တွေကို နောက်လကုန်လောက်မှာ ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်ထားပါတယ်။
SNLD ပါတီဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပြီးရင် မဲအများဆုံး ရရှိတဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ထပ်မံ မှတ်ပုံမတင်တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
SNLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုပေမဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ စောင့်ကြည့် လေ့လာဖို့အတွက် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
SNLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက သူတို့ပါတီဝင် လူငယ်တွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပို့ချတဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးဆိုင်ရာ သင်တန်းတွေကို တက်ရောက်စေခဲ့ပြီးမှ အခုလို စစ်တမ်းပြုစုတာ ဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ ဒီစစ်တမ်းမှာ အဓိက ကောက်ယူခဲ့တဲ့ အချက်တွေကိုတော့ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။
“အဓိကကတော့ မဲထည့်တဲ့သူ အရေအတွက်၊ ဒီမဲစာရင်း ပေါ်ပေါက်တဲ့လူက ဘယ်လောက်ရှိတယ်၊ တကယ်တမ်း မဲလာထည့်တာ ဘယ်လောက်ရှိပြီးတော့မှ ကြိုတင်မဲ၊ နောက် နောက်တိုးမဲ အဲဒီ မဲမသမာမှုတွေက ဘယ်လို အနေအထားမျိုး ရှိတယ်၊ အဲဒါတွေကို အဓိက ထားတာပေါ့နော်။ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိမရှိကို အဓိက သိချင်တာပါ။ အဓိကကတော့ ရှမ်းပြည်နယ် အားလုံး မြို့ ၆၀ နဲ့ ကချင်ပြည်နယ် ၁၀ မြို့လောက်ကို အဓိကထားပြီး
အခုလို ကောက်ယူတဲ့ နယ်မြေတွေကတော့ ရှမ်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ စစ်တမ်းကောက်ယူမှုဟာ တ၀က်ကျော်လောက် ပြီးစီးနေပြီး ရရှိထားတဲ့ အချက်အလက်တွေအရ ဆိုရင် မြို့တိုင်းနီးပါးလောက်မှာ မဲမသမာမှုတွေကို တွေ့ရတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
“ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လွတ်လပ် တရားမျှတမှုကတော့ မရှိသလောက်ပါပဲ။ လုပ်ပုံလုပ်နည်းခြင်း ကွာခြားပေမဲ့လို့ နောက်ဆုံး နိဂုံးဆွဲချရင်တော့ မဲမသမာမှုက မြို့တိုင်းလိုလို ရှိတယ်၊ အနည်းနဲ့ အများပဲ ကွာပါတယ်။ မြို့တိုင်းလိုလိုမှာ မသမာတဲ့ ကြိုတင်မဲတွေက အဓိက ကျပြီးတော့ နောက်ထပ် ခြိမ်းခြောက်ပြီးတော့မှ မဲလိမ်တာမျိုးတွေပေါ့။ အတင်းအဓမ္မ မဲထည့်ခိုင်းတာတွေ၊ နောက်တခါ မဲထည့်ချင်လျက်နဲ့ ထည့်ပိုင်ခွင့် မရှိအောင်၊ တခါ မဲသွားထည့်လျက်နဲ့ ပယ်မဲဖြစ်အောင် ကြိုတင်ကြံဆောင်ထားတဲ့ အချက်အလက်တွေလည်း တော်တော်များများ တွေ့ရပါတယ်။”
တချို့ပြည်သူတွေဟာ မဲထည့်ချင်ပေမဲ့ ထည့်ခွင့်မရတဲ့ အခြေအနေနဲ့ ကြိုတင်မဲပေးတဲ့ အခြေအနေကိုတော့ ဦးစိုင်းလိတ်က အခုလို ရှင်းပြပါတယ်။
“မဲထည့်ချင်လျက်နဲ့ ထည့်လို့မရဘူး ဆိုတာက အိမ်ထောင်စု တခုမှာ ဥပမာ မိသားစုဝင် ၅ ယောက် ရှိတယ်ဆိုလို့ရှိရင် မဲထည့်ပိုင်ခွင့် ကြိုတင် အကြောင်းကြားတဲ့ လက်မှတ်ကို ၂ စောင်လောက်ပဲ လာပေးထားတယ်၊ မိသားစု ၅ ယောက်ရှိတဲ့ဆီမှာ။ နောက် ကျန်တဲ့ ၃ ယောက် သွားပြီး မဲထည့်မယ် လုပ်တော့ အဲဒီအတွက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထည့်ပြီးသားဖြစ်တယ် ဆိုတာမျိုး၊ နောက်တခါ မဲစာရင်း မပေါ်ပေါက်ဘူး ဆိုတာမျိုး၊ မဲစာရင်း ကြေညာတဲ့ အချိန်မှာ လာပြီး အကြောင်းမကြားလို့ အခု နီးကပ်ချိန်ကျမှ အရေးဆိုတော့ လုပ်မပေးနိုင်ဘူး ဆိုတာမျိုး အဲဒါတွေက အစ တွေ့ရပါတယ်။
“ထူးထူးခြားခြားကတော့ ကြိုတင်မဲကို ဒီမိုကရေစီ အင်အားစုဘက်ကို မဲထည့်လောက်တဲ့ ရပ်ကျေးတွေကို သက်ဆိုင်ရာ ကော်မရှင်ရဲ့ တံဆိပ်တုံး မပါဘဲနဲ့၊ မဲရုံမှူးလက်မှတ် မပါဘဲနဲ့ ကြိုတင်မဲတွေ ပေးလွှတ်လိုက်တာမျိုး ရှိတယ်။ အဲဒါတော့ တော်တော် ထူးထူးခြားခြားကို တွေ့ရပါတယ်။”
ဒီစစ်တမ်းကို ရက်ပေါင်း ၁၀၀ အတွင်းမှာ အပြီးပြုစုပြီး နောက်လကုန်လောက်မှာ အများပြည်သူနဲ့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ သတင်းထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
အခုလို စစ်တမ်းကောက်ယူတာကို SNLD ပါတီက သီးခြားလွတ်လပ်စွာ ဆောင်ရွက်နေတာဖြစ်ပြီး သတင်းထုတ်ပြန်ရာမှာတော့ လုပ်ငန်း ရည်ရွယ်ချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကောင်း ဆောင်ရွက်မယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ မသမာမှုတွေကို စာရင်းပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။
ရွေးကောက်ပွဲ ကာလကတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်း အတော်များများက ရွေးကောက်ပွဲ မသမာမှုတွေကို သတင်းမီဒီယာတွေကနေ တဆင့် ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှု မရှိတာတွေကို ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်လွှာ တင်သွင်းဖို့နဲ့ ပြည်ပ အသံလွှင့်ဌာနတွေ၊ သတင်းမီဒီယာတွေမှာ ပြောဆို ရေးသားတာတွေဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ကန့်ကွက်လွှာ တင်သွင်းမယ် ဆိုရင်တော့ ကျပ်ငွေ ၁၀ သိန်း တရားစရိတ်အဖြစ် ပေးဆောင်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။
source by : http://www.voanews.com