Sunday, November 28, 2010

စစ်ထောက်လှမ်းရေး ရှိစဉ်က စိတ်ကူးမျိုးဖြင့် NLD ကို နအဖ သွေးတိုးစမ်း

ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာဉ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ အထူး ကိုယ်စားလှယ် အိန္ဒိယ နိုင်ငံသားဗီဂျေနမ်ဘီယား ရန်ကုန်သို့ လာရောက် သော သတင်းစာပိုဒ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခံထားရသည်ဟု ၎င်း၊ ဒေါ်အောင်ဆန်းစုကြည် အား တစ်သီး ပုဂ္ဂလ တစ်ဦး အနေဖြင့် လည်းကောင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ခေါင်းဆောင်များနှင့် ခွဲခြား၍ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

နအဖ သတင်းစာတွင် ထိုကဲ့သို့ ရေးသားဖော်ပြချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားမ၀င်တော့ ဟု ရေးသားရန် မ၀ံ့ရဲသေးဘဲ အကဲစမ်းသည့် အနေဖြင့် ကနဦး ရှေ့တော်ပြေး သွေးတိုးစမ်းကာ ဖော်ပြခြင်း ဖြစ်သည်ဟု ရန်ကုန် မြို့မှာ Second Generation Citizen Journalist တစ်ဦး က Freedom News Group သို့ ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲတွင် ပါဝင် အရွေး ခံခဲ့သည့် ဦးသုဝေ နှင့် ဒေါက်တာသန်းငြိမ်းတို့၏ နာမည် နှင့် ရာထူးများ ကို ယှဉ်တွဲ ဖော်ပြထားသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှုး ရာထူးများကို ယှဉ်တွဲ ဖော်ပြထားခြင်း မရှိချေ။

မြန်မာ စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နှင့် ဒီမိုကရေစီအင်အားစု ကို နည်းမျိုးစုံ ဖြင့် ဖြိုခွဲရန် ကြံစည်သည့် အနေ နှင့် ယမန်နေ့က ရာထူးမှ ဖယ်ရှားခံရသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဟောင်းကို လူမြင်ကွင်းသို့ တစ်ကျော့ပြန် ၀င်ရောက် စေခဲ့ပြန်သည်။

မြန်မာ့ အလင်းသတင်းစာဉ် ယနေ့ ပါရှိလာသည့် သတင်းမျိုးသည် ၂၀၀၄ ခုနှစ် မတိုင်ခင် မြန်မာ့ နိုင်ငံရေး ဉ် စစ်ထောက်လှမ်းရေး ရှိစဉ်က အလေ့အကျင့်မျိုး ဖြစ်သည့် လုပ်နည်း လုပ်ဟန် မျိုး ဖြစ်သည်ဟု မန္တလေး မြို့မှ နိုင်ငံရေး အကျဉ်းသားဟောင်း နှင့် စာရေးဆရာတစ်ဦး ဖြစ်သူက ပြောသည်။

ထိုကဲ့သို့ မြန်မာ စစ်ထောက်လှမ်းရေးဟောင်း ပုံရိပ်ယောင်ဖြင့် အများပြည်သူများကြား တကျော့ပြန် ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး ယမန်နေ့က ဗိုလ်ချုပ် ခင်ညွန့် ဗီဒီယိုကို အနုလုံ ပဋိလုံ ကြည့်ရှု ခဲ့ပြီးသည့် Freedom News Group ၏ Founder တစ်ဦးဖြစ်သူ ကိုငြိမ်းချမ်းငြိမ်းက သူတို့ လက်ခုပ်ထဲက ပြဿနာတစ်ခုကို ရှင်းတဲ့အခါ နအဖ က ဒါမျိုး ဘယ်တော့မှ အသံထွက် မခံဘူး ….သူတို့ချင်းချင်း ခွက်စောင်းခုတ်တာ မဟုတ်ရင် ကြိတ်ပြီး ရှင်းတယ်။ အခု ဒီကိစ္စက ဒီဗီဒီယို ဖိုင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က လွှင့်လိုက် တာလို့ပဲ … သူ့ကို Report လုပ်ထားတဲ့ ဗီဒိယို အခွေရော စက်ရောပါ အပ်ရတာမျိုးဟု သုံးသပ်ပြောကြားသည်။

နောက်တစ်ခုက သူတို့အချင်းချင်းမှာ အမြဲတမ်း တစ်ဦးကို တစ်ဦး Sympathize ရှိတယ်။ ဗိုလ်သန်းရွှေ ကြိုးစင် တက်ဖို့ကို ဗိုလ်ခင်ညွန့် က ဘယ်တော့မှ စဉ်းစားမှာ မဟုတ်ဘူး။ ဗိုလ်ခင်ညွန့်ဟာ တစ်သက်လုံး ဥာဏ်ဏီဥာဏ်နက် များလာခဲ့တာ အခု MEDIA WAVE တွေက အားကောင်းလာလို့ မီဒီယာ ပါးဝနေတဲ့ ဗိုလ်ခင်ညွှန့် ကို ပြန်ဆွဲ သုံးတာ ဖြစ်နိုင်တယ်။ ဒီလူ က Spy အစစ်ပဲ… သေသည် အထိ Spy လုပ်သွားမယ်ဆိုတဲ့ Once Spy, Always Spy တွေ ဟု ဆိုသည်။

မြန်မာ စစ်အစိုးရ သည် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ လူထု ထောက်ခံမှု အား နှင့် ပတ်သက်၍ ဆုပ်လည်း စူး ၊ စားလည်း ရူး ဖြစ်နေသည်။

source by : http://freedomnewsgroup.com