Saturday, March 13, 2010

ပညာတော်သင် တဲ့လား … အပိုင်း (၁)

ဆောင်းပါးရှင် - မြန်မာပြည်သား (ရုရှားရောက် မြန်မာပညာတော်သင်တစ်ဦး)

ကျနော့်အနေနဲ့ နိုင်ငံရေးကို ကောင်း ကောင်း နားမလည်ပါ။ ဘယ်သူတွေ အုပ်ချုပ်စေချင်ပါတယ် ဘာတွေပြောင်းလဲ စေချင်ပါတယ်လို့လည်း မပြောတတ်ပါ။

ရုရှားရောက် ပညာတော်သင်များ မိန်းကလေးဝတ်စုံဖြင့် ကခုန်နေပုံ

ကျနော်သိတာက ကျနော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အလယ်ကို မပြောနဲ့ အရှေ့တောင်အာရှမှာကို နိမ့်ပါး နေခဲ့ရပါပြီ။ ကျနော်တို့ အားလုံး ၀ိုင်းဝန်းကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကြိုးလည်း ကြိုးစားချင်ကြပါတယ်။ ဒါပေမယ့် အဲလို ကြိုးစားခွင့် ကိုပဲ ရရှိအောင် အမျိုးမျိုးသော ဖိနှိပ်မှုတွေကြားကနေ စွမ်းနိုင်သလောက်လေး သန်မာပြနေကြရတယ် မဟုတ် ပါလား။

ကျနော့်အနေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ ဘယ်လိုရည်ရွယ်ချက်မှန်း မသိနိုင်တဲ့ လုပ်ရပ်တွေကို ပြောပြချင်ပါတယ်။ နိုင်ငံရေးဝက်ဘ်ဆိုဒ်များရဲ့ ဆောင်းပါးတွေ သတင်းတွေ အရ နိုင်ငံတော်ဟာ နျူးကလီးယားအတွက် ရုရှားနိုင်ငံကို ပညာတော်သင် (စစ်ဗိုလ်) အများအပြားအား နိုင်ငံခြားငွေတွေ အမြောက်အများ အကုန်အကျခံပြီး လွှတ်နေတယ်လို့ ဖတ်ရပါတယ်။ ရုရှားနိုင်ငံနှင့် ၁၀ နှစ် စာချုပ်ချုပ်ဆိုတယ်လို့ သိရတာကြောင့် စာချုပ်သက်တမ်းဆုံးတဲ့ အပတ်စဉ်ဟာ ဗိုလ်သင်တန်း အပါတ်စဉ် (၅၀) က နောက်ဆုံး အသုတ် ဖြစ်ပါတယ်။

ဒါပေမယ့် ထူးခြားမှုအနေနဲ့ ၂၀၀၈ ခုနှစ်မှာ အရပ်ဘက် ပညာတော်သင်တွေကိုပါ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ အရပ်ဘက် အနေနဲ့မှာ သိပ္ပံနဲ့ နည်းပညာ ၀န်ကြီးဌာနက ကထိက ဆရာများနဲ့ အဆင်မြင့်ပညာ ဦးစီးဌာနက နည်းပြ သရုပ်ပြ ဆရာတွေကို အယောက် (၂၀၀) နီးပါး ရွေးချယ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ဘယ်ကို ဘာ ရည်ရွယ်ချက်ဖြင့် ဘာသွားသင်ရမှန်း မသိအောင် သတင်းမိုးမှောင်ချထားခဲ့လို့ တချို့ သူငယ်ချင်းတွေဆို ထင်ကြေးမျိုးစုံနဲ့ အပြစ်အမျိုးမျိုးခံယူကာ မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့ပါ တယ်။ နိုင်ငံခြားကို လာသူတွေများထဲမှာ ဆန့်ကျင်ရင်လည်း အပြစ်ခံယူရမှာ စိုးရိမ်လို့ လာကြသူတွေ များသလို၊ နိုင်ငံခြားကို ရောက်ချင်လို့၊ ခန့်အပ်ပေးတဲ့ ရာထူးကို မက်မောလို့ လာဖြစ်ခဲ့ကြသူတွေလည်း အထိုက်အလျောက် ပါပါတယ်။ နိုင်ငံတော်အတွက် ရသလောက် ပညာယူမယ်ဆိုတဲ့သူ လုံးဝ မရှိသလောက်ကို ရှားလှပါတယ်။

ပေးအပ်တဲ့တာဝန်အရ ပညာကိုရအောင် ယူမယ်ဆိုတဲ့ ဆန္ဒဟာ အရပ်ဘက်မပြောနဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ သားကောင်းစစ်သည် စစ်ဗိုလ် တစ်ယောက်ချင်းစီကို ရှိ မရှိ လိုက်မေးကြည့်စေချင်ပါတယ်။ ထွက်နေတဲ့ သတင်းတွေလို ဒီရုရှားပြန် ပညာရှိတွေကိုသာ နျူးကလီးယားဓါတ်ပေါင်းဖို တည်ဆောက်ရေးတွေ၊ တည်ဆောက်ပြီးသားတွေမှာသာ ထည့်သွင်း ကိုင်တွယ်စေရင်ဖြင့် မတွေးဝံ့စရာသာ ဖြစ်ပေတော့တယ်။ ရုရှားပညာတော်သင် ဆိုလို့ အထင်ကြီးပြီး ချီးမွန်း မစောလိုက်ပါနဲ့ ဘာတွေ သင်ယူခဲ့လဲ၊ ဘာတွေ ရယူနိုင် ခဲ့လဲဆိုတာ ရုရှားပြန်တွေကို အရပ်ဘက် ပါမောက္ခကြီးများအား လွတ်လပ်စွာ စစ်မေးခွင့် ပေးကြည့် စေချင်ပါတယ်။

အပိုင်း ( ၂ ) ကို ဆက်လက် ဖေါ်ပြပါမည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

တပ်မတော် အကြီးအကဲများထံသို့ ပေးစာ - အပိုင်း (၃)

ပေးပို့သူ - ပြည်တွင်းမှ ရေတပ်နှင့် နီးစပ်ကျွမ်းဝင်သူ ဒုတပ်ရင်းမှူး တစ်ဦး

အပိုင်း ( ၂ ) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

နောက်တစ်ခုက တဆက်စပ်တည်းကို တင်ပြချင်တာ တစ်ခု ရှိပါ သေးတယ်… ဒါကတော့ ကိုယ့်တူရဲ့ ဂျူနီယာ အရာရှိ ငယ်လေး တွေပါ အကုန် ပါတယ်။

တပ်မတော် (ကြည်း/ရေ/လေ) ဒီမောင်တွေကို နိုင်ငံခြားသို့ ပညာသင် စေလွှတ်ခြင်း ခံရတယ်။ ကံဆိုးတာ ဘာလဲဆိုတော့ နိုင်ငံတော်အစိုးရက ယခင်ကဆိုရင် မည်သည့်နိုင်ငံသွားသွား တစ်လ အမေရိကန်ဒေါ်လာ (၂၀၀) လစာ ထောက်ပံ့တယ်။ တခြား ထောက်ပံ့ကြေး တွေနဲ့ပေါင်းရင် နိုင်ငံခြားမသွားခင် ဒေါ်လာ (၇၀၀) နီးပါးရတယ်။ လစဉ်ကိုလည်း ဒေါ်လာ (၂၀၀) ရတယ်။ ရုရှားဆိုရင် ဒေါ်လာ (၂၅၀) ရတယ်။ အဲဒါ အရင်တုန်းကပါ .. နိုင်ငံခြားသွားသူတွေ အခက်အခဲမရှိ ချောင်ချောင် လည်လည်နဲ့ သွားနိုင်၊ ပညာသင်နိုင်ကြပါတယ်။

အခုတော့ အဲလို မဟုတ်တော့ဘူး။

ရုရှားနိုင်ငံက လွဲလို့ ကျန်တဲ့ တရုတ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေမှာ ပညာတော်သင် သွားသူတွေကို လစဉ်ထောက်ပံ့တဲ့ ဒေါ်လာ (၂၀၀) ကို မပေးတော့ဘူး။ အဲဒီ့မှာ ပြဿနာ စတာပဲ။ တရုတ်နိုင်ငံက လွဲလို့ ကျန်တဲ့ နိုင်ငံတွေမှာ သင်တန်း သွားတက်သူတွေဟာ နိုင်ငံတော် အစိုးရက ပေးလိုက်သော ဒေါ်လာငွေ မလုံလောက်မှု ပြဿနာ စတွေ့ ရပါတယ်။

တူလေးရဲ့ ဂျူနီယာတစ်ယောက် ပြောပြတာကတော့………

သင်တန်းကာလ တစ်လျှောက်လုံး ဒေါ်လာ (၇၀၀) နဲ့ ပဲ သုံးရတယ်။ တချို့ သင်တန်းတွေဆိုရင် ၉ လ တက်ရတဲ့ သင်တန်းတွေ ရှိတယ်။ ပိုက်ဆံလုံးဝ (လုံးဝ) မလောက်ဘူးတဲ့။ နိုင်ငံခြားမှာ သင်တန်းသွားတက်ပြီး ပညာသင်သူတွေ ဖြစ်တဲ့အတွက် မိမိမြန်မာနိုင်ငံအတွက် သင်တန်း အထောက်ကူပြုမဲ့ စာအုပ်တွေ စာပေတွေကို မိတ္တူဆွဲရတာမျိုးနဲ့ ၀ယ်ယူရတာမျိုးတင် ဒေါ်လာ (၅၀၀) လောက်က ကုန်သွားကြတယ်တဲ့။

မိတ္တူက မဆွဲလို့ မဖြစ်ဘူးလေ။ နို့မို့ဆိုရင် နိုင်ငံခြား ပညာသွားသင်တာ အလကားပဲတဲ့။ ပညာရပ်၊ ဘာသာရပ် တစ်ခုမှ မကျန်အောင်တော့ စုံစုံလင်လင် မိတ္တူဆွဲရမယ်။ အဲဒီတော့ သူများ နိုင်ငံတွေက သင်တန်းသားတွေဟာ ရုံးပိတ်ရက်တွေဆိုရင် ကိုယ်ပိုင်အချိန်မှာ မုန့်စား ဘာစား အပြင်သွား လုပ်နိုင်ကြပေမဲ့ မြန်မာသင်တန်းသားတွေ ခမျာမှာတော့ အိပ်ဆောင် အခန်းထဲမှာ ကြိတ်ပြီး အိမ်က ထည့်ပေးလိုက်တဲ့ အကြော်လေးနဲ့ အပေါစား ပေါင်မုန့် ခပ်ကြမ်းကြမ်းကို ရေနဲ့ မျိုချပြီး အခန်းအောင်း နေရတယ်တဲ့။

စာကို အဓိကထား ကြိုးစားတဲ့အခါ အဲဒီလို အထွေထွေ အခက်ခဲလေးတွေက အနှောင့်အယှက် ဖြစ်စေတယ်။ တခြားနိုင်ငံက အရာရှိတွေ လူတန်းစေ့ သုံးစွဲနိုင်တဲ့ အချိန်မှာ မြန်မာအရာရှိ သင်တန်းသားတွေမှာ လွန်စွာ မျက်နှာငယ်ကြရကြောင်း၊ အနှိမ်ခံရကြောင်း၊ နဂိုကမှ မြန်မာနိုင်ငံကို အပြစ်ပြောချင် နေတာမို့ ပိုဆိုးကုန်တာပေါ့။ နိုင်ငံခြားသင်တန်း သွားတက်တဲ့ မြန်မာအရာရှိများမှာ ခေါင်းမဖေါ်ရဲအောင် ဖြစ်ခဲ့ကြရပါတယ်တဲ့။

နောက်ဆုံးရ သတင်းကတော့ ဘာလဲဆိုရင် (အကုန်လုံးတော့မဟုတ်ပါ) တချို့သော မြန်မာအရာရှိတွေဟာ ထောက်ပံ့ကြေး ကုန်သွားလို့ သုံးစရာ ငွေမရှိတော့တဲ့အတွက် ပညာတော်သင်သွားတဲ့ နိုင်ငံမှာ ၀င်ငွေ အနည်းငယ်ရသော အချိန်ပိုင်း အလုပ်သမား အလုပ်ကို ၀င်လုပ်ဖို့တောင် ကြိုးစားကြတယ် ဆိုတာပါပဲ။ ဘယ်လောက် သနားဖို့ကောင်းလဲ။ ကိုယ့်နိုင်ငံတော် အစိုးရကမှ မထောက်ပံ့တော့လည်း ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်ဖို့ နည်းလမ်းရှာ ကြိုးစားရတော့တာပေါ့။ အဲ့ဒီတော့ မြန်မာဆိုရင် နိုင်ငံခြားတိုင်းပြည်တွေက လုံးဝကို အထင်မကြီး ကြတော့တာပါ။

ဒါက နိုင်ငံတော် အစိုးရက လစဉ်ထောက်ပံ့နေကျ ဒေါ်လာ (၂၀၀) ကို ဖြတ်တောက်လိုက်တဲ့ အကျိုးကျေးဇူး ရလာဒ်ကောင်းတွေပါ။ ဒီလို အပြင်မှာ အလုပ်ထွက်လုပ်မဲ့ လုပ်ရပ်မျိုးက တိုင်းပြည်ဂုဏ် ညှိုးနွမ်းစေတယ် ဆိုပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ၊ ဒါဟာ အဲဒီ အရာရှိတွေရဲ့ အပြစ်မဟုတ်ပါဘူး။ သူတို့မှာ စစ်သားဖြစ်နေတော့ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန် ကိုလည်း ကျေပွန်အောင် မမှိတ်မသုန် ထမ်းဆောင်ကြရတယ်။ ရင်ဆိုင်နေရတဲ့ ငွေမလောက် ငှတဲ့ အခက်ခဲကိုလည်း မိမိဖာသာ မိမိဖြေရှင်းနေရတယ်။

စစ်အသုံးစရိတ်ကိုတော့ တပ်မတော်က နိုင်ငံတော်ဘဏ္ဍာနဲ့သုံးစွဲကြတယ်။ နိုင်ငံတော်ငွေကို တဖက်လှည့်ယူပြီး ချမ်းသာနေကြတဲ့ ဗိုလ်ချုပ်များသည်လည်း မိမိသားသမီး ကောင်းစားဖို့ ကျတော့ ကြည့်ကြတယ်။ နိုင်ငံတော် ပိုက်ဆံဖြင့် ဗိုလ်ချုပ်သားသမီးများ Singapore, Bangkok, Australia စတဲ့ နိုင်ငံတွေကို အပျော် shopping ထွက်ကြတယ်။ ရန်ကုန်မြို့ရှိ နာမည်ကြီး night club, KTV တို့တွင်လည်း လူကြီးသားသမီးများဟာ သူ့အဖေ ဗိုလ်ချုပ်တွေရှာပေးသော နိုင်ငံတော် ပိုက်ဆံကို စပါယ်ရှယ် သုံးဖြုန်းကြတယ်။

(BME, Pioneer, DJ Bar, Olympic စသည့် club များ၊ 5 star hotel များတွင် တိုင်းမှူး သား၊ တိုင်းမှူး သမီး၊ ၀န်ကြီးသား၊ ၀န်ကြီးသမီးများ သောင်းကျန်းနေကြသည်ကို ညစဉ်လိုလို တွေ့မြင်နိုင်တယ်။ မယုံရင် club manager, hotel manager များကို ခေါ်ယူစစ်ဆေး မေးမြန်း ကြည့်နိုင်သည်) တိုင်းမှူး သားသမီး၊ ၀န်ကြီးသားသမီးတွေ ကတော့ဖြင့် အပျော်တွေ လွန်ပြီး သုံးဖြုန်းနေကြတယ်။ ၄င်းတို့မှာ အမှန်တကယ် နိုင်ငံတော် ပိုက်ဆံနှင့် မကင်းရှင်းကြပါ။ သို့သော် နိုင်ငံတကာ ရှေ့မှောက်တွင် တကယ်တမ်း လက်တွေ့ကျကျ နိုင်ငံတော်အတွက် အမှန်အကန် အလုပ်လုပ်နေကြရသော သင်တန်းသား အရာရှိများမှာမှု ဒုက္ခတွေ ပင်လယ်ဝေ နေကြသည်ကို ကျွန်တော်တို့၏ နိုင်ငံတော်အကြီးအကဲ တပ်မတော်အကြီးအကဲ ၂ ယောက် သိပါလေစ။

နိုင်ငံခြား သင်တန်းသွား အရာရှိတွေကို သက်ဆိုင်ရာ သံရုံးတွေက မထောက်ပံ့ဘူးလား၊ မစောင့်ရှောက်ဘူးလား ဆိုတဲ့ အမေးရှိပါတယ်။

သံရုံးက မေးတော့မေးရှာပါတယ်။ ၀တ်ကျေတန်းကျေပဲ “အဆင်ပြေလား၊ သင်တန်းမှာ ကြိုးစားနော်၊ ပိုက်ဆံရော လောက်လား..”

မလောက်လည်း သူပေးမှာမှ မဟုတ်တာ။ တကယ်လို့ သံရုံးက ပိုက်ဆံထုတ်ပေးတယ်ပဲ ထားဦး။ အဲဒီ့ ပိုက်ဆံ အသုံးစာရင်းက မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနရောက်ပြီး သံရုံးရဲ့ စိုက်ငွေ ဘတ်ဂျက်အဖြစ် ၀င်သွားကာ နောက်ဆုံးတော့ စစ်သံမှူးရဲ့ အိပ်ကပ်ထဲကိုပဲ ရောက်သွား ရတာပါပဲ။ ကဲ ကောင်းလား... ?

နောက်တစ်ခုက နိုင်ငံခြားရှိ မြန်မာနိုင်ငံရဲ့ စစ်သံမှူးတော်တော်များများသည် ယင်းနိုင်ငံ၏ မြန်မာသံအမတ်နှင့် အဆင်မပြေကြသည်က များပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာတော့ မသိပါ။

ဒါ့အပြင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူးနှင့် မေဖီးလ် (ရုရှားကကျောင်း) ကျောင်းအုပ်ကြီးတို့ မတည့်ကြပါ။ ရန်သူတွေ ဖြစ်ကြတယ်တဲ့။ သူတို့ ခတ်ကြတာ ကြားက မြေစာပင်အနေနဲ့ သင်တန်းသား အရာရှိများမှာ စာမေးပွဲကျပြီး မြန်မာပြည်ကို မှင်နီနဲ့ ပြန်ရတဲ့ အထိပါပဲ။

ပါကစ္စတန် နိုင်ငံဆိုင်ရာ စစ်သံမှူးနှင့် သံရုံးလည်း မတည့်ပါ။ အဘယ်ကြောင့်ဆိုသော် မြန်မာစစ်သံရုံးက ရုံးလုပ်ငန်းဆိုင်ရာ စာအ၀င်အထွက်များ နောက်ကျခြင်း၊ အချိန်မှီ မရရှိခြင်း၊ ချက်ချင်း အကြောင်းမပြန်ခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရှိရပါတယ်။

သံရုံးနှင့် ပတ်သက်၍ သတင်းပို့ တင်ပြရမည်ဆိုလျှင် တခြားသော နိုင်ငံများမှ သံရုံးများဟာ မိမိနိုင်ငံသားကို စောင့်ရှောက်တယ်၊ ကူညီတယ်။၊ အခက်အခဲရှိရင် ဖြေရှင်းပေးတယ်။ မြန်မာသံရုံးကတော့ အဲလိုမဟုတ်ပါ။ မြန်မာအရာရှိတစ်ယောက် စစ်သံမှူးကို သွားရောက် ဂါရ၀ပြုမည် ဆိုရင်ပဲ ရုံးအုပ်ဆိုသည့် အခြားအဆင့် တပ်ကြပ်ကြပ်ကြီးလို ကောင်က သင်တန်းသား အရာရှိကို ကောင်းကောင်း brain wash လုပ်လိုက်တယ်။ နောက်ဆုံး သင်တန်းသား အရာရှိများမှာ မြန်မာသံရုံးသို့ အခက်ခဲ တင်ပြပြီး အကူအညီ မတောင်းရဲ ကြတော့ပါ။

ကျွန်တော် ယခု တင်ပြခဲ့တာတွေကတော့ .. လက်ရှိ အချိန်မှာ နိုင်ငံဝန်ထမ်း တပ်မတော်သားများ အမှန်တကယ် ကြုံတွေ့ နေရသည့် အခက်ခဲ ပြဿနာများကို ... အမှန်တရားအား ဖုံးကွယ်ပြီး ကောင်းသည် တော်သည်ဟု လိမ်ညာ ခံနေရသော တပ်မတော် အကြီးအကဲများ သိရှိစေရန် သတင်းပို့ တင်ပြခြင်းဖြစ်ပါသည်။ မည်သည့် ရည်ရွယ်ချက်မှ မပါဝင်ပါ။

ဖြစ်စဉ် အကြောင်းအရာ အကျဉ်းချုပ်ကို တင်ပြရမည်ဆိုရင်…….

(၁) စစ်တက္ကသိုလ်တွင် လက်ရုံးဝန်ထမ်းတပ်ဖွဲ့ ရွေးချယ်သည့်အခါ မည်သည့် အနှောင်အဖွဲ့ သံယောဇဉ်မှ မပါပဲ၊ ဘယ်မျက်နှာမှ မလိုက်ပဲ၊ မှန်မှန်ကန်ကန် အရည်အချင်းရှိသူနှင့် သင့်တော်သူကို ရွေးချယ်စေလိုပါသည်။

(၂) လက်ရှိ ရေတပ်တွင် ဖြစ်ပွားနေသော နေရာကောင်းများရှိ အရာရှိလူလည်များနှင့် မကောင်းသော နေရာများရှိ အရာရှိငမွဲများကို မျှတမှုရှိအောင် ဆောင်ရွက်ပေးစေလိုပါသည်။ နှစ်ကာလ အပိုင်းအခြား ကန့်သတ် သတ်မှတ်၍ စနစ်တကျ posting ကို ရေးဆွဲ စေလိုပါသည်။

(၃) စစ်ရေး အမြင်အရ ရခိုင်ရေတပ်စခန်းတွင် အရာရှိအင်အား မြောက်မြားစွာ လိုအပ် လျက်ရှိသောကြောင့် ၄င်းရေတပ်စခန်းတွင် စစ်ရေယာဉ်မှူး အရာရှိ များစွာဖြင့် နယ်စပ်ဒေသ ပိုင်နက်ရေပြင်ကို ကာကွယ်ရာရောက်မည် ဖြစ်ပါသည်။

(၄) နိုင်ငံခြားသင်တန်းသား အရာရှိများ တန်းတူရည်တူ အခွင့်အရေးရရှိပြီး၊ ရုရှားကဲ့သို့ လစဉ်ထောက်ပံ့ကြေးများ ယခင်အချိန်များကလို ပြန်လည်ထုတ်ပေး ထောက်ပံ့မည်ဆိုပါက ပညာသင်သွား အရာရှိများ စိတ်ဓါတ်ပျက်ပြားခြင်း မှ ကင်းဝေးမည်ဖြစ်ပါသည်။

(၅) ယခု အချိန်တွင် မဟာရန်ကုန်မြို့တော်တွင် ဗိုလ်ချုပ် သားသမီးများ အလွန်တရာမှ ဆိုး ၀ါး နေကြပါသည်။ အထူးသဖြင့် ဗိုလ်ချုပ် သမီးများမှာ အဆိုးဆုံးဖြစ်ကြသည်။ night club များ၊ 5 star hotel များ၊ KTV များ၊ pub များတွင် ဗိုလ်ချုပ်သမီးများနှင့် အပေါင်း အသင်းများသည် ဘေးပတ်ဝန်းကျင် အမြင် မသင့်တော်လောက်အောင်ကို အသားကုန် သောင်းကျန်း နေကြပါသည်။ ဗိုလ်ချုပ်သားသမီးများ ဖြစ်ကြသောကြောင့် ဆိုင်ပိတ်ခံရမှာ အလုပ်ဖြုတ်ခံရမှာ ကြောက်ရွံ့၍သာ ဆိုင်ရှင်များ မပြောရဲပဲ ငြိမ်နေကြရပါသည်။

နိုင်ငံတော် အကြီးအကဲများ အနေဖြင့် ဗိုလ်ချုပ်သားသမီးများကို ယခုလို ဖြစ်ချင်တိုင်းဖြစ် သောင်းကျန်းနေသည့် ပြည်သူလူထု အကြည်ညိုပျက်စေသော ကိစ္စမျိုးမဖြစ်ရန် ထိန်းသိမ်း ပေးကြစေလိုကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှ တဆင့် တင်ပြလိုက်ရပါသည်။



နိုင်ငံတော်နှင့် တပ်မတော်ကောင်းစားရေး မြင်တွေ့လိုသူ
ပြည်တွင်းမှ ရေတပ်နှင့် နီးစပ်ကျွမ်းဝင်သူ ဒုတပ်ရင်းမှူး တစ်ဦး


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Friday, March 12, 2010

အတွင်းကြေ မြန်မာ့တပ်မတော်ထဲက လက်ရှိ တပ်ပြေးပြဿနာများ

နေမင်းသူရ (တပ်မတော်အရာရှိဟောင်းတဦး)

မနေ့တနေ့ကမှ တပ်ထဲက ထွက်လာတဲ့ ဂျူနီယာအရာရှိ ညီငယ်တယောက်နဲ့ စကားပြောဖြစ်ကြရင်း သူပြောပြတဲ့ လက်ရှိတပ်ထဲက အခြေအနေတွေကို ကြားရတော့ စစ်သားဖြစ်ခဲ့တဲ့ ကိုယ်တောင် ရှော့ခ်ရသွားပါတယ်။ ပြင်ပမီဒီယာက ပြောနေကြတာတွေ မလွန်ဘူးဆိုတာ သူကိုယ်တိုင် ၀န်ခံသွားပါတယ်။ သူ့အမြင်ကို ထပ်ပြီးအကျယ်ဖွင့်တော့မှ ကျနော်တို့တပ်မတော်ကြီး အတွင်းကြေ ကြေနေပါရော့လားလို့ ကိုယ်တိုင်ခံစားမိလာ ခဲ့ရတဲ့အတွက် ကိစ္စလေးအချို့ကို ဆက်ဖောက်သည်ချချင်လာမိပါတယ်။ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဆိုတဲ့ ဆောင်ပုဒ်ကို ရိုက်ချိုးပစ်တော့မယ့် တပ်ပြေးပြဿနာတွေကနေ အစချီပြီး ပြောသွားပါမယ်။

၂၀၀၉ ခုနှစ်အတွင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေက နအဖတပ်တွေထဲမှာ တပ်ပြေးတွေကို တမင်ပစ်သတ်မှုတွေ များလာတာဟာ နောက်ထပ် တပ်ပြေးမှုတွေ ပိုတိုးစေတဲ့ ကိစ္စတခုပါ။ ပုံမှန်အတိုင်း စစ်တရားရုံး၊ ခုံရုံးတွေမှာ တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၈ (ခ)၊ ပုဒ်မ (၄၀) တို့နဲ့ ထောင်ဒဏ်ပေး ဖြေရှင်းရမယ့်ကိစ္စကို စစ်ဘက်ဥပဒေအရ မဖြေရှင်းဘဲ ရှေ့တန်းမှာ ကိစ္စပြီးပြတ်အောင် အမြန်နည်းနဲ့ လုပ်ကြဖို့ အထက်က အမိန့်ပေးနေတာမို့ အလွန်အကျွံတွေဖြစ်ကုန်ပြီး ကိုယ့်အချင်းချင်း ပြန်ပစ်သတ်နေကြတာပါ။ ဇာတ်တူသားစားရင်း အားလုံးပျက်စီးသွားကြတဲ့ ဟင်္သာကိုးသောင်းဇာတ်မျိုးခင်းမယ့် ဒီလိုတပ်မတော်ထဲမှာ ဘယ်စစ်သားက ဆက်နေချင်ပါ့တော့မလဲ။

တပ်ပြေးဖြစ်လာရင် ပြေးတဲ့လူ ပြန်မလိုချင်ဘူး၊ ပါသွားတဲ့ ဒုတ်(သေနတ်) ပြန်ရရင်တော်ပြီ။ ပြေးတဲ့ကိစ္စကို အထက်မသိအောင် ဖုံးထားသင့် ဖုံးထားလို့ဖြစ်ပါတယ်။ ပြေးတဲ့လူ ဒါမှမဟုတ် ပြုန်းတီးအင်အားစာရင်းက တလမှာ (၂) ယောက်ထက် ပိုသွားမယ်ဆိုရင် အဲဒီလက ပြေးတဲ့ကောင်တွေကို နောက်တလစာရင်းမှာ ထည့်တင်ကြပါတယ်၊၊ ဒီလိုမျိုးမလုပ်ရင်လည်း (၄) လပတ် ဆွေးနွေးပွဲမှာ တပ်ရင်းမှူးပဲ ထုချေလွှာတင် အပြစ်ပေးခံရမှာ။ အရင်မဆလခေတ် တပ် (ဖွဲ့စည်းပုံအရရှိတာ အင်အား (၅၅၀) အမှန်တကယ် ရှေ့ထွက်အင်အား (၃၇၅-၄၂၀) ဦးနဲ့ အရာရှိ (၁၈-၂၃) ဦးစီ ပါဝင်ပါတယ်) ထဲမှာ ပြေးတဲ့လူရှိခဲ့ရင် စာရင်းမတင်ဘဲ တပ်ပြေးလစာငွေကို တပ်ရင်းမှူး၊ ခွဲမှူးတွေက ဖြတ်ထုတ်စားလေ့ရှိကြပြီး တပ်ပြေးစာရင်းတွေ အမှန်တိုင်း အထက်ကို တင်ပြလေ့မရှိကြပါဘူး။

နအဖတို့ခေတ်မှာလည်း လစာထုတ်စားဖို့ထက်ကို အထက်က အပြစ်ပေးမခံရဖို့က အရေးကြီးတဲ့အတွက် တပ်ရင်းမှူး၊ တပ်ခွဲမှူးတိုင်း တပ်ပြေးစာရင်းတွေ ဆက်လိမ်ညာတင်ပြနေရဆဲလို့ သိရပါတယ်။ ဒါတွေကို အထက်ဌာနက ရိပ်မိသွားလို့လည်း အချုပ်ကျ စစ်သည်တွေကို (၄၈) နာရီကျော်လွန်ပြီး ချုပ်မထားဘဲ စစ်ခုံရုံးတင်ဖို့ အမြဲညွှန်ကြားနေရပါတယ်။ ဒါကြောင့် ရှေ့တန်းမှာ တပ်ပြေးမှုဖြစ်ရင် ပါသွားတဲ့ သေနတ်မဆုံးရင် တော်ပါပြီ။ လူသစ်ကိစ္စက တပ်ရင်းရန်ပုံငွေထဲက စိုက်ခံပြီး လူသစ်ကို လိုက်ရှာဝယ်၊ နောင်မှ အခြေအနေကြည့် ဖြေရှင်းလို့ဖြစ်တယ်ဆိုပြီး တပ်ရင်းမှူးတွေကိုယ်တိုင် ရဲဘော်စိတ်ကင်းမဲ့စွာ ပြေးတဲ့သူတွေကို ပစ်သတ်ဖို့အရေး ဆုံးဖြတ်ချက်တွေ ပေးနေရတဲ့ အခြေကို ဆိုက်ရောက်နေရပါပြီ။

ဒီလို ကိုယ့်အချင်းချင်း ပစ်သတ်ရတဲ့ကိစ္စကို သာမန် လူသစ် စစ်သားတွေတင်သာမက အရာခံ၊ အကြပ်ကြီး တွေကပါ မကျေနပ်ကြပါဘူး။ ပုံမှန်စစ်ဆင်ရေးကာလထက်ပိုပြီး ရှေ့တန်းမှာ အနေကြာတာ (ရှေ့တန်း ကျဆုံးထိခိုက်မှု၊ တပ်ပြေးမှု စတဲ့ အုပ်ချုပ်မှု ဖြစ်စဉ်တွေများခဲ့ရင် အထက်က တမင်ညစ်ပြီး စစ်ဆင်ရေးကာလ ထပ်တိုးတာ) ကြောင့် နောက်တန်းမိသားစု အခက်အခဲ ပိုကြီးစေတာမို့ ရှေ့တန်းရောက် စစ်သားတွေ စိတ်သောကရောက်ပြီး တပ်ပြေးမှု ပိုတိုးစေပါတယ်။ ဒီ့အပြင် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့တိုင်း သတ်မှတ် ဖွဲ့စည်းပုံအပြည့် မလှုပ်ရှားနိုင်တာကြောင့် လုပ်ငန်းခွင်ထဲက စိတ်ဖိစီးမှုဖြစ်စဉ် တွေကလည်း တပ်ပြေးပြဿနာရဲ့ အဓိကသော့ချက်တခုပါပဲ။

ရှေ့တန်းထွက် စစ်အင်အားစုစုပေါင်း (၁၃၀-၁၄၀) ရှိတဲ့ တပ်ခွဲတခွဲမှာ လူ (၃၀) တောင်မပြည့်လို့ (၂) ခွဲစစ်ကြောင်း (၂) ခုဖွဲ့ပြီး တရင်းကို တပ်ခွဲ (၄) ခွဲ၊ လူအင်အား (၁၂၀) လောက်နဲ့ ထွက်လှုပ်ရှားကြရတာမို့လည်း စစ်ဆင်ရေးတာဝန် ထိထိရောက်ရောက် မထမ်းဆောင်နိုင်တဲ့အပြင် အချိန်ကုန် လူပန်းဖြစ်ပြီး စစ်ရေးစရိတ်တွေ တက်တာပဲ တိုင်းပြည်အတွက် အဖတ်တင် ကျန်ခဲ့ပါတယ်။

ဖွဲ့စည်းပုံအတိုင်း လူမပြည့်တော့ ရှေ့တန်းလှုပ်ရှားရာမှာ စစ်သည်တွေ ပိုပြီးပင်ပန်းရသလို အင်အားမပြည့်တဲ့ တပ်ရင်း၊ တပ်ခွဲတွေနဲ့ နယ်မြေအကျယ်ကြီးကို ထိန်းရတာမို့ မနိုင်မနင်းဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့ရင်တောင် ထိထိရောက်ရောက် ပြန်လည် မတိုက်ခိုက် နိုင်လို့လည်း တိုက်ပွဲဖြစ်ပြီဆိုရင် စစ်သည်တွေ သေကြေ ဒဏ်ရာရမှုတွေက အရင် မဆလ ခေတ်ထက်ကို ပိုများလို့ နေပါတယ်။ ဘယ်စစ်သားမှ ရှေ့တန်းမှာ တိုက်ခိုက်လိုစိတ်အပြည့်နဲ့ ထွက်မတိုက်ချင်ကြတဲ့အပြင် နအဖခေတ်မှာ မြန်မာ့တပ်မတော်ရဲ့ ကျဆင်းနေတဲ့ စစ်ရေး စွမ်းရည်ကလည်း စစ်သားတွေ စိတ်ဓာတ်ပိုကျပြီး တပ်ပြေးဖြစ်စေတဲ့ ကူးစက် ရောဂါတမျိုးလိုပါပဲ။ စစ်ပညာ၊ လက်နက်အရည်အသွေးနဲ့ နည်းပညာ ချို့တဲ့မှုတွေကြာင့် စစ်သားတွေ ကိုယ်တိုင် ကိုယ့်တပ်မတော်အပေါ် အထင်မကြီးလာတော့တဲ့ အကြောင်းကလည်း တနေ့တခြား စစ်ပြေးတွေ ပိုများ စေပြန်ပါတယ်။

၁၉၉၀ လွန်နှစ်တွေနောက်ပိုင်း ငြိမ်းချမ်းရေးအဖွဲ့အသီးသီး ပေါ်လာလို့ ဒေသအတော်များများ ငြိမ်းချမ်းသွားပြီး စစ်ဆင်ရေးမရှိလို့ စစ်သားတွေ ပြေးတယ်ဆိုတဲ့ အကျိုးအကြောင်းမျိုးကိုလည်း ပြလို့မရပါဘူး။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေက ဆက်ရှိနေဆဲပါ။ နေ့စဉ် သေနတ်သံတွေ ကြားနေရသလို နှစ်ချုပ်တိုက်ပွဲ စာရင်းတွေမှာလည်း ထောင်ချီ သေကျေ ဒဏ်ရာတွေ ဖြစ်ပွားနေဆဲပါ။၂၀၀၉ ခုနှစ် ကရင်ပြည်နယ်စစ်ဆင်ရေး နိဂုံးချုပ်မှာ တိုက်ပွဲပေါင်း (၁,၁၈၃) ကြိမ်ဖြစ်ပွားပြီး နအဖဘက်က စစ်သည်အရာရှိ စုစုပေါင်း (၅၄၀)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့က (၁၈၃) ဦး အသီးသီး ကျဆုံးသလို ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကလည်း တပ်မတော်ဘက်က အရာရှိ စစ်သည် (၁,၁၄၃) ဦး သေကျေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

နောက်တချက်ကတော့ ပေးထားတဲ့ လစာ ခံစားခွင့် နည်းပါးမှုနဲ့ ကိုယ့်အထက်က အခွင့်ထူးခံ အရာရှိတွေ ကောင်းစားဖို့ပဲ လုပ်ပေးနေရတယ်လို့ ခံစားနေရတဲ့ စိတ်ဓာတ်ကြောင့် ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်ချင်စိတ်၊ အသက်စွန့်လိုစိတ် ကင်းမဲ့နေမှုတွေပဲဖြစ်ပါတယ်။ တပ်တွင်းက အထက်နဲ့အောက် ကွားခြားချက် တွေကလည်း မမျှော်မှန်းရဲလောက်အောင်ကို ကြီးမားနေပါတယ်။ အောက်ခြေရဲဘော်တွေသာမက ဗိုလ်ကြီး၊ တပ်ရင်းမှူးအဆင့်အထိတောင် နအဖ ထိပ်သီးခေါင်းဆောင်တွေနဲ့ လူနေမှုဘ၀အဆင့်အတန်း ကွာဟမှု ဒဏ်တွေကို မကျေမနပ် ကြိတ်ခံစားနေကြရတာပါ။

သာမန်လစာငွေ (၂၁,၀၀၀) ကျပ်ရလို့ အဆင်မပြေတဲ့ စစ်သည်တွေ လစာတိုးပြီး (၄,၁၀၀၀) ကျပ် ဖြစ်လာသည့်တိုင် စားဝတ်နေရေး အဆင်မပြေဆဲဖြစ်နေသလို (၁၆၀,၀၀၀) ကျော်ရတဲ့ ဗိုလ်ကြီးတွေခမျာလည်း ရတဲ့လစာ မလောက်လို့ အိမ်ကမှာပြီး အိတ်စိုက်သုံးနေရကြောင်း ထုတ်ပြောနေကြပါပြီ။ စစ်သားတိုင်းအတွက် တပ်မတော်က ထောက်ပံ့ပေးနေကျ ပစ္စည်းမျိုးစုံ ထောက် (၂၅) မျိုးကိစ္စတွေမှာလည်း အထက်က မဖြေရှင်းပေးလို့ ကိုယ့်ငွေနဲ့ စိုက်သုံးမှပဲ ရှေ့တန်းမှာ အလုပ်ဖြစ်ပါတယ်။ လတ်တလော စစ်ဆင်ရေးထွက်ဖို့ လိုအပ်တဲ့ ဖိနပ်၊ မိုးကာတွေ မပါရင် ရှေ့တန်းမှာ အခက်ခဲရှိတာမို့ တပ်ခွဲမှူးတွေကပဲ ကိုယ့်အစီစဉ်နဲ့ ကိုယ့်တပ်ခွဲကိစ္စ ဖြေရှင်းပေးနေရပါတယ်။

ဒီ့အပြင် ရာထူးမြဲ၊ တပ်ပြောင်း၊ အဆင့်တိုး ကိစ္စတွေမျိုးစုံအတွက်လည်း အထက်ကို လာဘ်ထိုးနေရပါသေးတယ်။ အလုပ်အကိုင်ရှားပါးလွန်းလို့ မဖြစ်သာလို့ မနှစ်သက်ဘဲ အပြင်မှာ ရတဲ့လစာလောက်နဲ့ တမင်ရွေးချယ်စရာ လမ်းမရှိလို့သာ တပ်ထဲမှာ စစ်သားဝင်လုပ်နေရတာ၊ ဒါမှမဟုတ် အဓမ္မသိမ်းသွင်းခံရလို့၊ ပြီးတော့လည်း ပြန်ထွက်ချင်၊ ပြေးချင်ပေမယ့် ပြေးလို့မဖြစ်လို့ဆိုတဲ့ အကြောင်းအမျိုးမျိုးတွေကလည်း ရှိပါသေးတယ်။ စစ်သည်တွေအတွက် ရပိုင်ခွင့်၊ ကိုယ့်လုပ်ငန်းတာဝန်ပေါ် လေးစားမှု၊ တပ်တွင်းနေပျော်စေတဲ့ စစ်သည်ဘ၀အာမခံချက် အဲဒီအချက်တွေ မရှိလို့တော့ တပ်ထဲက တပ်ပြေးတွေ ထပ်တိုးလာနေဦးမှာပါ။

ယခင် နှစ်ပေါင်း (၂၀) ကျော်က မဆလစစ်တပ်တွေမှာ တပ်ခွဲတခွဲ လူ (၄၀-၅၀) လောက် ကျဆုံး ဒဏ်ရာရှိခဲ့ရင်တောင် တပ်ရင်းအနေနဲ့ စစ်ဆင်ရေးဆက်ဝင်လို့ ဖြစ်ပါသေးတယ်။ သူတို့ခေတ်တုန်းက တပ်ရင်းတရင်း လူ (၄၅၀) အပြည့် ရှေ့တန်းထွက်နိုင်တာပါ။ စစ်သည် (၄၀၀) ကျော် (၅၀၀) နီးပါး အင်အားမှာ အရာရှိ (၁၈) ယောက်ကနေ (၂၃) ယောက်သာ ရှိခဲ့တာပါ။ အခု လူပေါင်း (၁၄၀) လောက်ရှိတဲ့ နအဖခေတ် တပ်ရင်းတရင်းမှာ လူ (၁၀) ယောက်လောက် ထိခိုက်ဒဏ်ရာဖြစ်ပြီဆိုရင် နောက်တန်းပြန်စုဖွဲ့ လေ့ကျင့်မှပဲ ဖြစ်ပါတော့တယ်။ ဒါမှမဟုတ်ရင် တပ်ပြေးစာရင်းက ရှေ့တန်းမှာ ဆုံးရှုံးသွားတဲ့ အင်အားထက် ပိုပြီးများ သွားမှာမို့ပါ။

ဖွဲ့စည်းပုံမပြည့်တဲ့ တပ်ရင်းတွေကို တိုးချဲ့ဖွဲ့စည်း တာဝန်ပေးလာရာကနေ ရာထူးနဲ့ တာဝန် မညီမျှတာတွေလည်း ဖြစ်ပေါ်နေပါပြီ။ တပ်ရင်းမှူး၊ တပ်ခွဲမှူးအဆင့် အုပ်ချုပ်သူတွေကလည်း အရင်လို အရည်အချင်းပြည့် ဗိုလ်တွေ မဟုတ်ကြသလို နှစ်စဉ် စစ်တက္ကသိုလ်ကနေပြီး ကြက်ဥဖောက်စက်လို မွေးထုတ်ကျောင်းဆင်းလိုက်တဲ့ အရာရှိလောင်း အင်အားကလည်း အလျော့မရှိ (၂,၀၀၀)ကျော် ရှိနေပါတယ်။ သင်တန်းဆင်း ဗိုလ်လောင်းတွေကို တပ်ရင်းအသီးသီး ပို့ပြီး နှစ်စဉ် ရာထူးခန့် တာဝန်ပေးနေလေတော့ ဒီကနေ့ မြန်မာ့တပ်မတော် တပ်ရင်းတခုရဲ့ အင်အား (၁၃၀-၁၄၀) မှာ အရာရှိအင်အားစာရင်းက (၄၀) နီးပါးဖြစ်နေပါပြီ။ ဒီအရာရှိ (၄၀) ကျော်မှာလည်း သင်တန်းအမျိုးမျိုး သွားတက်နေတဲ့သူ၊ နောက်တန်း ဗာဟီရလုပ်ငန်းမျိုးစုံအတွက် တာဝန်ချထားရသူ ဒါတွေဖယ်လိုက်ရင် ရှေ့တန်းစစ်ထွက် အရာရှိဟာ အရင်မဆလခေတ်က နှုန်းအတိုင်းပဲ ပြန်ဖြစ်နေတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ မဆီမဆိုင် လုပ်ငန်းတွေအတွက် ရာထူးရှိပြီး တာဝန်အတည် သတ်မှတ်ပေးထားခြင်းမရှိတဲ့ စစ်ဗိုလ်တွေ ဖောင်းပွနေတာကို ကျနော်တို့ မြန်မာ နအဖတပ်မတော် မှာပဲ တွေ့ရမှာပါ။

နအဖ တပ်ရင်းတရင်းမှာ လူအင်အား (၁၃၀) အတွက် ရှေ့တန်းထွက် အရာရှိက (၁၅-၁၈) ယောက် ၀န်းကျင်လောက်သာ ပါရှိကြတာပါ။ ဒီတော့ စစ်သား (၈) ယောက် အရာရှိ (၁) ယောက်နှုန်းလောက် သွားကျနေပါတယ်။ ဒီအချိုးအတိုင်း တပ်မတော်ကို ဖွဲ့စည်းထားတာမို့ မကြာခင် စစ်သား (၁) ယောက် ဗိုလ် (၁၀၀) ဆိုတဲ့ ကိန်းကို ဆိုက်တော့မှာမလွဲပါဘူး။ နောက်တမျိုးက တပ်ထဲမှာ ပေါများလာနေတဲ့ အရာရှိတွေရဲ့ အနိုင်ကျင့်မှုအပေါင်းကို အရေအတွက်နည်းတဲ့ စစ်သားတွေ လှိမ့်ခံရတဲ့ကိစ္စပါ။ ရှေ့တန်းက အထက်အရာရှိကို ဖီဆန်ပြဿနာတက်လို့ စစ်ပြေးမှုတွေဖြစ်ပြီး အသတ်ခံရ၊ ထောင်ကျခံရတဲ့ အကြောင်းခံကလည်း ဗိုလ်လုပ်သူတွေ အနိုင်ကျင့်တဲ့အတွက်ကြောင့်ပါပဲ။

အရာရှိတွေတင်မက အရင်ခေတ် ဗိုလ်ကတော်တွေနဲ့ မတူတဲ့ နအဖခေတ် ဗိုလ်၊ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်ကတော် အသီးသီးကလည်း စစ်သည်ရဲမေ အိမ်ထောင်သည်တွေအပေါ် ပိုပြီး အနိုင်ကျင့်တာတွေ ရှိနေပြန်ပါသေးတယ်။ စစ်သည်ကိုသာမက စစ်သားမယားနဲ့ မှီခိုသူအားလုံးကိုပါ လွှမ်းမိုးချုပ်ကိုင် ဗိုလ်ကျ အနိုင်ကျင့်လို့ရအောင် တပ်ရင်းနောက်တန်းအသီးသီးမှာ စည်းကော် ကော်မတီဆိုတာကို ဖွဲ့စည်း ပေးထားပြန်ပါတယ်။ ဒီစည်းကော်လို့ခေါ်တဲ့ အမျိုးသမီးရေးရာအဖွဲ့တွေရဲ့ လုပ်ပိုင်ခွင့်ဟာ တပ်ရင်းမှူးထက် ပိုပြီး လက်ဝါးဇောင်း ထက်တယ်လို့ ကြားနေရပြန်ပါတယ်။

တိုင်းမှူး၊ တပ်မမှူးတွေ တပ်ရင်းကို လာစစ်ရင် တခြားကိစ္စတွေထက် သူတို့နဲ့ အတူပါလာကြမယ့် တိုင်းမှူး၊ တပ်မမှူးကတော်တွေရဲ့ စည်းကော်အစီရင်ခံစာမှာ နာမည်ပျက် မပါသွားဖို့ အရေးကြီးနေပါတယ်။ တပ်ရင်းက အရာရှိစစ်သည်တွေ တပ်အစစ်ဆေးခံဖို့ထက် ရဲမေစစ်သည်၊ အိမ်ထောင်သည် မှီခိုတွေပါမကျန် အကုန်လုံး စည်းကော်အစစ်ခံချက်မှာ အမှတ်ကောင်းရဖို့ လိုပါတယ်။ အဆင်မချောရင် တပ်ရင်းမှူးနဲ့ တပ်ရင်းပါ အမှတ်တွေ အလျှော့ခံသွားရနိုင်ပါတယ်။

တပ်အစစ်ဆေးခံတယ်ဆိုတာက သတ်မှတ်ထားတဲ့အတိုင်း ဗဟိုကင်း၊ လက်နက်တိုက် စားဖိုဆောင် စတာတွေမှာ အကုန်ပြင်ဆင်ထားရင်၊ ကျွေးမွေးဧည့်ခံတာ ကောင်းရင် ဖြစ်ပါပြီ။ ဒါကလည်း ဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ကိုယ့်တပ်ကို အထက်က တိုင်းမှူး၊ တပ်မမှူးတွေ မရောက်ခင် တခြားတပ်ကို စစ်နေကတည်းက ကြိုပြီး ဘယ်လိုဘယ်ပုံ ဖြေရှင်းသလဲဆိုတာ သိထားပြီးသားမို့ တပ်ရင်းတခုနဲ့တခု မထူးမခြား မကွာမလှမ်း အစစ်ဆေး ခံနိုင်ကြပါတယ်။ ဘာမှ မခက်ပါဘူး။ အဲ … ခက်တာက တိုင်းမှူး၊ တပ်မမှူးကတော်ရဲ့ စည်းကော် အစစ်ဆေးခံနိုင်ဖို့ရာက တပ်ရင်းမှူးတိုင်းအတွက် အတော်ခေါင်းစားတဲ့ ကိစ္စတခုပါပဲ။ တပ်ဆိုင်ရာ လုပ်ငန်းတွေထဲမှာ စည်းကော်ကိစ္စအတွက် တပ်မမှူးကတော်ကိုယ်တိုင် အပ်ချုပ်စက်တွေ၊ အခမ်းအနား ၀တ်စုံတွေအတွက် ရှော့ပင်းထွက် ဈေးဝယ်တဲ့ အလုပ်မျိုးကိုတောင် အထက်ကို တရားဝင် ကြေးနန်းတင်ပြ ခွင့်ပြုချက်တင်ပြီးမှ လုပ်ကြတာမျိုးတွေ ဖြစ်လာနေပါပြီ။

ပေးပို့ = စည်းကော်၊ လက္ခံ တပ်မ (---) မှူး၊ မိတ္တူ --- ( xxx) တိုင်း … ဆိုတဲ့ ကြေးနန်းမျိုးတွေ ထွက်နေပါပြီ။ တပ်ထဲက အမျိုးသမီးရေးရာတွေရဲ့ စည်းကော်လုပ်ငန်းကော်မတီ စည်းရုံးရေးအစီရင်ခံစာ (ဦး /၅) ကြေးနန်းတွေကိုပဲ ဆသရ စစ်သည်တွေက အထူးအရေးထား (ဆ/င) အဖြစ် အလေးထား ပို့ပေး နေကြရပါတယ်။ စစ်သည်တွေ စိတ်ဓာတ်ပျက်ပြား တပ်ပြေးများရတဲ့ အကြောင်းများစွာထဲမှာ စည်းကော်ကိစ္စတွေလည်း ကြားက တမှောင့်ပါပဲ။ တချို့စစ်သည် အရာရှိတွေက သူတို့ကို ‘တပ်ပျက်မမ’ တွေလို့ ကွယ်ရာမှာ နောက်ပြောင်လေ့ ရှိကြပါတယ်။ ရှေ့တန်းစစ်ဆင်ရေး၊ အုပ်ချုပ်ရေးကိစ္စထက်ကို နောက်တန်း ကိစ္စမျိုးစုံအပြင် မိန်းမတွေရဲ့ စည်းကော်အလုပ်တွေကိုပါ အပိုထပ်ဆောင်း တာဝန်ထမ်းနေရတာမို့ ဆက်သွယ်ရေး တပ်ဖွဲ့တွေလည်း စိတ်ဓာတ်ကျနေရပါပြီ။

နေ့တိုင်း အရေးမပါတဲ့ (အပလာ) ကြေးနန်းတွေထဲမှာ စည်းကော်ကိစ္စတွေပါ ထည့်ပို့ နေရတာကြောင့် စစ်ဆင်ရေးကိစ္စလည်း မဟုတ်တဲ့ နောက်တန်း ကြေးနန်တွေနဲ့ပဲ (၂၄) နာရီလုံး သူတို့ အလုပ်ရှုပ် နေကြရပါတော့တယ်။
ဒါကြောင့်လည်း ရှေ့တန်းမှာ စစ်သားတွေ စိတ်ဓာတ်ပျက် တပ်ပြေးကြသလိုမျိုး နောက်တန်းမှာ စစ်သည်နဲ့ အိမ်ထောင်သည်ကြားမှာလည်း တပ်ပြေးတွေ စ ပေါ်နေပါပြီ။ မကြာခင် တပ်ကနေ ထွက်ပြေးလာတဲ့ သူတွေအထဲမှာ တပ်သားအဆင့်သာမက အရာရှိတွေလည်း ပါဝင်နေတာကို တွေ့ရသလို ပြေးလာသူတွေ ပြောပြချက်အရ နောက်တန်း ဒါမှမဟုတ် သင်တန်းတွေကနေ ပြေးတာက ပိုပြီးလွယ်ကူပါတယ်တဲ့။

ပြေးလာသူ စစ်သည်နဲ့ အရာရှိတွေအားလုံး ရာထူးအဆင့်တွေ ကွဲပြားပေမယ့် သွားတူညီနေတဲ့ အချက်တခုက သူတို့အားလုံး ခံစားခွင့် နည်းပါးနေကြတာပါ။ အထက်ဌာနအပေါ် ယုံကြည်မှု နည်းပါးကင်းမဲ့တာ အနာဂတ်မျှော်လင့်ချက် နည်းပါးတာ … စတဲ့ အထွေထွေ နည်းပါးခြင်း ကပ်ဆိုက်ရောက်နေတဲ့ မြန်မာနအဖတပ်မတော်တွင်းက တပ်ပြေးတွေ အစုလိုက်အပြုံလိုက် ဆက်ထွက်လာဦးမှာ အသေအချာပါပဲတဲ့။ မြေကြီးကို လက်နဲ့ ခတ်မိလို့ လွဲရင်တောင် လွဲနေပါလိမ့်ဦးမယ် အဲဒီခန့်မှန်းချက်ကတော့ လုံးဝကို မလွဲနိုင်ဘူးလို့ ပြောနေကြပါတယ်။ ။


source by : http://www.khitpyaingnews.org

အပြည့်အစုံ ဖတ်ရန် ...

မတရားတဲ့ ဥပဒေ အရေးယူ တုံ့ပြန်ဖို့ ဒေါ်စု တိုက်တွန်း

VOA | မြန်မာစစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့အတွက် ဒီလို မတရားတဲ့ ဥပဒေကို ပြည်သူလူထုနဲ့ နိုင်ငံရေး အင်အားစုတွေ တညီတညွတ်တည်း အရေးယူ တုံ့ပြန်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။

မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦှးဉာဏ်ဝင်း က ဒေါ်အောင်ဆန်းစုကြည် ဘက်က သဘောထားကို ပြန်လည် ပြောပြခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ပုဂ္ဂိုလ်တဦး တယောက်ထည်းကို ရည်ရွယ်ရေးတယ်လို့ ထင်စရာ ရှိတဲ့အတွက် ဒီလို လူပုဂ္ဂိုလ်တဦး တယောက်ကို ရည်ရွယ်ရေးတယ်ဆိုရင် ရှက်ဖို့ ကောင်းတဲ့အကြောင်း၊ ဒီကိစ္စဟာ မဖြစ်သင့်ဘဲ ဥပဒေ ရဲ့ သိက္ခာ ကျဆင်းစေတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာကို ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။ အသေးစိတ်ကို မညိုညိုလွင်က တင်ပြပါလိမ့်မယ်။



source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မတ်လ သူရဲကောင်းများသို့ အမှတ်တရ

ဒီဇိုင်း ကိုမျိုး


ကျောင်းသားအတ္ထုပ္ပတ္တိ


(၁)

မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။

ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။

(၂)

ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ် အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။

(၃)

ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒို့ ကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။

“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။

(၄)

အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။

ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….

(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့ တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့ တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့ … လှလို့ …
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့ …………
လှလို့ ပါပဲ…………………ညီလေးရယ်…။


( ရွှေဘုန်းလူ )

တာရာမင်းဝေ အမှတ်တရစာစုများမှ ထုတ်နှုတ် ဖော်ပြသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 11, 2010

၂၂နှစ်မြောက် ကိုဖုန်းမော် နှစ်ပတ်လည် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့နှင့် တံတားနားနီ နှစ်ပတ်လည် အခမ်းအနားဖိတ်ကြားခြင်း (အွန်လိုင်း)

အပြည့်အစုံ ဖတ်ရန် ...

စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်စု တိုက်တွန်း

VOA | ရွေးကောက်ပွဲ ဥပဒေဟာ NLD ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ပြည်သူတွေအားလုံး ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သွားတွေ့ခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့် ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“ဒေါ်စုပြောတာက ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ အဲဒီလို ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်ဆိုရင် အလွန်ရှက်ဖို့ ကောင်းတာပဲတဲ့။ ဒီဥစ္စာ မဖြစ်သင့်ဘူးတဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။

“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”

အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ်ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။

“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီတွေးခေါ်မှုတွေကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လိုဝေဖန်တာမျိုး ရှိပါသေးလဲ။

“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန်တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။

“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေးယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်ဆိုတာ ပြောချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်သွယ် မေးမြန်းချက် အပြည့်အစုံ ကို နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ရဲဘော်ကြီး ဖုန်းမော် ကျဆုံးခြင်း ၂၂ နှစ်မြောက် အမှတ်တရ

သန္ဓေမှသည်


မြေတူးမိုးလှန်
မြင့်မြင့်ပျံ၍
ဒေါင်းသံဟိန်းကြွ
ဘုန်းမော် ထအံ့
လောက ကောင်းချီးပေးပါလေ……….။


ရဲထိန်



ရဲဘော်ကြီး ဖုန်းမော် ကောင်းရာ သုဂတိ လားပါစေ...။

အပြည့်အစုံ ဖတ်ရန် ...

UWSA အား နအဖ က ပစ်မှတ်ရှာနေမှု သတင်း

ရှမ်းပြည်နယ်တွင် ယခုတလော နအဖက စစ်ရေးပြင်ဆင်မှု ပြုလုပ်နေကြောင်း၊ UWSA အပေါ် နအဖက သည်းမခံနိုင်ကြောင်းတို့ကို စစ်ဖက်နဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

မိတ္ထီလာမြို့ရှိ လေကြောင်းအတတ်သင် (လကသ - ရှမ်းတဲ) မှာ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေးရဲ့ ညွှန်ကြားချက်အရ လေတပ်မှ တရုတ်လုပ် A-5 ဂျက်တိုက်လေယာဉ်တွေနဲ့ ရုရှားလုပ် MiG-29 ဂျက်တိုက် လေယာဉ်တွေဟာ မြေပြင်တိုက်ခိုက်မှု လေ့ကျင့်ခန်းများကို ပြင်းပြင်း ထန်ထန် ဆောင်ရွက် နေကြကြောင်း သတင်းရရှိပါတယ်။ လေ့ကျင့်ခန်း ကာလကတော့ ၈-၃-၂၀၁၀ ရက်နေ့မှ ၁၁-၃-၂၀၁၀ ရက်နေ့ (ယနေ့အထိ) ဖြစ်ပါတယ်။

အလားတူ တောင်ငူ လေတပ်စခန်း ဌာနချုပ်တွင်ရှိသော တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်များလည်း လေ့ကျင့်ခန်း ဆောင်ရွက်နေကြပါတယ်။ A-5 နှင့် F-7 ဂျက်တိုက်လေယာဉ် အများစုဟာ Hour ကုန်လုနီးပါးလေယာဉ်များ ဖြစ်ကြသော်လည်း ပိုင်းလော့လေယာဉ်မှူးများမှာ ဘုရားဖက်ပြီး ကြိတ်မှိတ် လေ့ကျင့်နေကြရပါတယ်။


ဒါ့အပြင် လေတပ်က မကြာမီ ၀ယ်ယူတော့မယ့် ရုရှားလုပ် Mi-35 ရဟတ်ယာဉ် (ရုရှားပြည်တွင်းသုံး Mi-24) တို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့အတွက် နိုင်ငံခြားသင်တန်း စေလွှတ်ရန် အရာရှိ/ စစ်သည် စုစုပေါင်း ၂၀၀ ဦးခန့်ကို ရွေးချယ်ထားပြီး ဆေးစစ် နေကြကြောင်းလည်း သတင်းရရှိပါတယ်။

ဝေဟင်မှ မြေပြင်ပစ် Missile လက်နက်များပါ ၀ယ်ယူမည်ဖြစ်ပြီး ရည်ရွယ်ချက်မှာ UWSA “၀” တပ်ဖွဲ့များကို ချေမှုန်းဖို့ အမြန်ဆုံး စီစဉ်နေတယ်လို့ သိရှိရပါတယ်။ ရှမ်းပြည်နယ်မှာ ငြိမ်းချမ်းရေး ရယူခဲ့စဉ်က ကိုးကန့်နဲ့ တိုက်ပွဲမဖြစ်ခင်ကာလ အထိ ရှမ်းပြည်နယ်တစ်ခုလုံးကို တပ်မနှစ်ခုဖြင့်သာ ထိန်းကွပ်ထားရာမှာ ယခုဆိုလျှင် တပ်မ (၃၃)၊ (၅၅)၊ (၇၇)၊ (၉၉) စသည့် တပ်မများ အလုံးအရင်းနဲ့ ရောက်ရှိနေရာယူနေကြပြီ ဖြစ်ပါတယ်။

ဗကပနဲ့ တိုက်ပွဲဖြစ်ခဲ့စဉ်က အတွေ့အကြုံများအရ ကျားကုတ်ကျားခဲ တိုက်ရဲကြတဲ့ “၀” တပ်ဖွဲ့တွေကို တပ်မတော်သားများဟာ အကြောင်းသိနေကြပြီးဖြစ်လို့ တိုက်ပွဲထပ်မံ ဖြစ်ပွါးပါက အသက်၊ သွေး၊ ချွေး တော်တော်ရင်းကြရမှာ ဖြစ်ကြောင်းလည်း သိရှိနေကြပါတယ်။

UWSA “၀” ခေါင်းဆောင်များအား နအဖက မူးယစ်ဆေးဝါး အကြောင်းပြပြီး မိမိအစီအစဉ်နဲ့ တိုက်မှာလား၊ အမေရိကန်ရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရယူပြီးမှ တိုက်မှာလား ဆိုတာကတော့ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ မူလကမှ UWSA ကို နအဖက ပစ်မှတ်ရှာနေချိန်မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီးလိုက်ချိန်၌ ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာကို တပ်မတော်သားများက စိုးရိမ်တကြီး စောင့်ကြည့် နေကြရကြောင်း စစ်ဖက်နဲ့ နီးစပ်သူ အသိုင်းအ၀ိုင်း ရပ်ကွက်က သတင်း ပေးပို့လာပါတယ်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ ဥပဒေ ဒေါ်စု အပေါ် ကန့်သတ်မှု လွန်ကဲ

VOA | မြန်မာစစ်အစိုးရက နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တဲ့ ဥပဒေကို ဒီနေ့ ထုတ်ပြန်ကြေညာလိုက်တဲ့ နေရာမှာ မြန်မာနိုင်ငံက အဓိက အတိုက်အခံ ပါတီကြီးတခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို အဓိကကျသူတွေ ပါဝင်ခွင့်တွေကိုတော့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီ့အတွက် NLD ပါတီက စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နိုင်မယ့် အခြေအနေ ရှိ၊ မရှိ ဆိုတာကိုတော့ မကြာသေးခင်ကမှ နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့ ပါတီ ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဦးတင်ဦးကို ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မေး။ ။ ဒီကနေ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို တရားဝင် ကြေညာချက် ထုတ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘဘအမြင် သိပါရစေ။

NLD ပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး။ ( မတ် ၁၀၊ ၂၀၁၀ )

ဖြေ။ ။“အခု သူတို့ ကြေညာချက်က ၁၉၉၀ ရွေးကောက်ပွဲက ထုတ်ပြန်ထားတဲ့ ကြေညာချက်ထက် ပိုပြီးတော့ အကန့်အသတ်၊ အပိတ်အပင်၊ အတားအဆီးတွေ များတာပေါ့ဗျာ။ Act တင်မဟုတ်တော့ဘူး၊ Rules and Regulations တွေကိုပါ Act အဖြစ် ထည့်ထားတဲ့သဘော များနေတယ်။ ကျနော်တို့က ဒါနဲ့ ပတ်သက်လို့ အားလုံး လေ့လာတုန်းလေ။ အဲဒါကို ကျနော်တို့ CEC ခေါ်ပြီး အားလုံး သေချာလေ့လာရမယ်၊ ညှိနှိုင်းကြမယ်။”

မေး။ ။ အခု ဒီထဲမှာ ဥပဒေ ပုဒ်မ ၄ ရော၊ ၁၀ မှာပါ ပါတီထူထောင်လိုတဲ့သူတွေ၊ ပါတီဝင်တွေဟာ ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း ဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်ပြီး အန်တီစုကလည်း နေအိမ်အကျယ်ချုပ်ထဲမှာပဲ ရှိနေတယ်၊ NLD က ခေါင်းဆောင် တော်တော်များများကလည်း အကျဉ်းထောင်တွေမှာ ကျခံနေရတယ်ဆိုတော့ ဒါနဲ့ပတ်သက်ပြီး ဘဘအမြင် ပြောပြပေးပါ။

ဖြေ။ ။ “အမှန်ကတော့ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပုဂ္ဂိုလ်အတွက်နဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ပိုလုပ်တာ ပါလာတာပေါ့ဗျာ။ သူက ရေးထားတာက ပြစ်ဒဏ်ကျခံပြီးရုံတင် မဟုတ်သေးဘူး၊ ပြစ်ဒဏ်ကျခံတာနဲ့ ပတ်သက်ပြီးတော့ အယူခံတင်သွင်းတဲ့ အချိန်အခါ၊ ပြင်ဆင်ချက် တင်တဲ့အခါ၊ ဆက်လက်ပြီးတော့ အထက်တရားရုံးကို တင်နေတဲ့ အချိန်အခါ အတောအတွင်း အထိပါ အကျုံးဝင်တယ် ဆိုထားတာကိုး။

“အမှန်ကတော့ လူတယောက်ဟာ အပြစ်ဒဏ် အောက်က ချပြီးပေမဲ့ ဟိုး ဗဟိုတရားရုံးထိပ် တက်ကြည့်တဲ့သူက မဆုံးဖြတ်သမျှ ကာလပတ်လုံး ဒါဟာ အပြစ်ရှိတယ်လို့ မယူဆတဲ့သဘော ရှိတာပေါ့ဗျာ။ အောက်ရုံးတော်က အပြစ်ဒဏ် ပေးထားတာတော့ မှန်တယ်ပေါ့။ ဒါပေမဲ့ အထက်ရုံးတွေ၊ အထက်ရုံးတွေနဲ့ ကျနော်တို့က အယူခံဝင်တာတို့၊ ပြင်ဆင်ချက် ၀င်တာတို့ လုပ်ထားတာပါ။ အဲတော့ အဲဒါတွေပါ အကျုံးဝင်တယ်ဆိုတော့ သူက အကြောင်းအမျိုးမျိုးနဲ့ အတားအဆီး၊ အကန့်အသတ်တွေ များလာတဲ့သဘော ဖြစ်တာပေါ့ဗျာ။

“သူတင်မကဘူး၊ အခြားအခြားသော အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးလည်း အလားတူပဲ သက်ရောက်အောင် လုပ်ထားတဲ့သဘော ရှိတာပေါ့။ အကန့်အသတ် များလွန်းတယ်၊ အချုပ်အချယ် များလွန်းတယ်လို့ပဲ မှတ်ယူရမှာပေါ့ဗျာ။”

အခု ပုဒ်မ ၆ အရဆိုရင် ၂၀၀၈ မှာ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရမယ်လို့ ပါပါတယ်။ NLD အနေနဲ့ကလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ခိုင်းထားတယ် ဆိုတော့ NLD ပါတီရဲ့ သဘောထားကို သိပါရစေ၊ ဒီပုဒ်မနဲ့ ပတ်သက်ပြီး။

“ကျနော်တို့က အခုထက်ထိ ရွှေဂုံတိုင် ကြေညာစာတမ်းကို ရပ်တည်ထားလျက်ပါပဲ။ အခုကတော့ အဲဒီအတိုင်းပဲ ရပ်တည်နေတယ်။ ဒီနေ့လည်းပဲ သံတမန်တွေ အများကြီး မေးကြပါတယ်။ ကျနော်တို့ကလည်း အဲဒီအတိုင်းပဲ ရပ်တည်လျက် ရှိတယ်ဆိုတာပဲ ဖြေပေးတာပေါ့လေ။ အရေးကြီးဆုံးက တခြားမဟုတ်ဘူးဗျ၊ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သက်ဆိုင်ရာ စစ်ဘက်အကြီးအကဲဆီကို စာပို့ထားတာ ရှိတယ်လေ။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံး စုံညီနဲ့လည်း တွေ့ပြီးတော့ ဆွေးနွေးချင်တယ်။ ပြီးတော့ အဲဒီကတဆင့် သက်ဆိုင်ရာ အကြီးအကဲလုပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း ဆွေးနွေးချင်တယ်၊ ဒီလိုပြောထားတာကို ဘာမှ ပြန်ခြင်း ပြုခြင်း မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။

“အဲတော့ မပြန်ဘဲနဲ့ အခု ဒါကို ထုတ်တယ်ဆိုတော့ သူတို့အနေနဲ့ကတော့ ဒီအတိုင်း ဆက်သွားမယ်ဆိုတဲ့ အတိုင်းပေါ့။ ဒီအတိုင်း ဆက်သွားမယ်ဆိုတာ ကျနော်တို့က အရင်ကတည်းက သိပါတယ်လေ။ သို့သော်လည်း ကျနော်တို့ဘက်က လမ်းပွင့်အောင် လိုက်လံပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စအ၀၀ကိုလည်း အဖွဲ့မရှိတဲ့ သဘောမျိုးလို ဖြစ်တဲ့သဘောကျတော့ ဒီအပေါ်မှာ မူတည်ပြီးတော့လည်း ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းထားပြီးတော့ အဲဒီအပေါ်မှာ အကျေအလည် ဆွေးနွေးပြီးရင် ကျနော်တို့ကလည်း ပြောစရာရှိတဲ့ ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့ အချက်အလက်ကို ပြတ်ပြတ်သားသား ပြောဖို့တော့ ကျန်တာပေါ့ဗျာ။

“အဲတော့ အချိန်အနေနဲ့ကလည်း အကန့်အသတ်ရှိတော့ ဒီအချိန်အတောအတွင်းမှာ တခုခုတော့ ကျနော်တို့ လုံလောက်တဲ့ အချိန်ယူပြီး ပြောမယ်ဆိုတဲ့ သဘောတော့ စဉ်းစားထားတာ ရှိပါတယ်လေ။

“နောက် ကျနော်တို့ CC ကလည်း ဖွဲ့စည်းထားတော့ CC အဖွဲ့အစည်းက လူတွေကလည်း နယ်တွေမှာ ဆင်းပြီးတော့ နယ်တွေနဲ့လည်း တွေ့နေတဲ့ အခြေအနေရှိတော့ အားလုံး နယ်သူနယ်သားတွေနဲ့ အဖွဲ့ဝင်တွေ အားလုံးရဲ့ သဘောထားတွေကိုလည်း ကျနော်တို့က ကျေကျေလည်လည် ကျေညက်အောင် လေ့လာပြီးမှ တခုခုတော့ ဆုံးဖြတ်ချက် ပေးရမယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ဆုံးဖြတ်ချက် ပေးနိုင်မှာ ဖြစ်တယ်။”

မေး။ ။ အခု သူက သတ်မှတ်ထားတာ ပုဒ်မ ၂၅ မှာဆိုရင် ရက်ပေါင်း ၆၀ အတွင်းမှာ ကော်မရှင်ကို မလျှောက်ထားရင် နိုင်ငံရေးပါတီ အဖြစ်က အလိုအလျောက် ပယ်ဖျက်ပြီးသား ဖြစ်မယ်ဆိုတော့ ရက်ပေါင်း ၆၀ အတွင်းမှာ အဘတို့ အခုလုပ်မယ်လို့ စီစဉ်ထားတဲ့ အဖွဲ့အစည်း အသီးသီးနဲ့ တွေ့ဆုံတာတွေ ပြီးမြောက်မယ်လို့ ယုံကြည်ပါသလား။

ဖြေ။ ။ “ပြီးပါတယ်။ တနင်္လာနေ့ဆိုရင် အပြည့်အစုံ CEC ခေါ်ပြီး အကျေအလည် ပြောကြမှာပဲ။ အဲဒီနောက်ပိုင်း တနင်္လာနေ့မှာလည်း ထပ်ပြီးတော့ ဒီ ထူးခြားတဲ့ မှတ်ပုံတင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင် ဥပဒေပေါ့၊ အဲဒါလည်း ထုတ်ထားတာရှိတော့ အဲဒီအပေါ်တွေမှာ၊ နောက် ထွက်မယ့် ဥပဒေတွေ၊ အကြောင်းချင်းရာတွေ အပေါ်မှာ၊ နောက်လည်း သူတို့ Candidates တွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ရွေးတာတွေ ဘာတွေ ထွက်ဦးမှာကိုး။ နောက် ပြည်နယ်နဲ့ တိုင်း၊ အထူးဒေသကြီးအတွက် ကိုယ်စားလှယ်များနဲ့လည်း ထွက်ဦးမှာကိုး။

“အဲဒါတွေအားလုံး ခြုံငုံပြီးရင်တော့ တခုခုကို ပြောဖို့လိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို မလွဲမသွေ တွေ့ခွင့်၊ ဆွေးနွေးနိုင်ခွင့်၊ ပြီးတော့မှ အဲဒီကတဆင့် နိုင်ငံတော် အကြီးအကဲနဲ့ တွေ့ဆုံနိုင်ခွင့် လုပ်ဖို့ဆိုတဲ့ဟာကို ကျနော်တို့ လေးလေးနက်နက် တောင်းဆိုထားတာ ရှိတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ပေါ် မူတည်ပြီးတော့ ကျနော်တို့က ပြတ်ပြတ်သားသား၊ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်မှာ ဖြစ်တယ်လို့တော့ ပြောချင်ပါတယ်။”

ဆက်သွယ် မေးမြန်းချက် အပြည့်အစုံ ကို နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Tuesday, March 9, 2010

ဝ အား နအဖ အင်အားသုံး ခြေမှုန်းတော့မည်လော

သျှမ်းသံတော်ဆင့် | ၀ ပြည်သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် တို့ တန့်ယန်း ၌ တွေ့ဆုံ ဆွေးခဲ့သော်လည်း အပေါင်း လက္ခဏာ မဆောင်ဘဲ စစ်ရေးအပြိုင် ဖြည့်တင်းလာ ခဲ့သည်။ “နအဖ ခြိမ်းခြောက်ထားတဲ့အတိုင်း တကယ် လုပ်မယ်ဆိုရင် ဒီလ 15 ရက် နောက်ပိုင်း တိုက်ပွဲ ဖြစ်နိုင်တယ်” - ဟု ၀စစ်ဘက် ရေးရာ အရာရှိ တဦးကပြော၏။

ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီးနောက်ပိုင်း ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် က ယူနန်ပြည်နယ် တရုတ်အာဏာပိုင်များ ထံ ယခုလစောစောပိုင်းက စာရေးအကြောင်းကြား ခဲ့သည်ဟု ဆို၏။

1. ၀ တပ်ဖွဲ့ အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း တစုံတရာ လိုက်လျောခြင်း မရှိသည့်အပြင် ထိုင်းနယ်စပ်အခြေစိုက် ၀ တပ်ဖွဲ့များ၊ နအဖ ဖွဲ့စည်းပုံအရ မိုင်းယန်းမြို့နယ် မိုင်းဖျဲန် နှင့် မိုင်းပေါက်ဒေသ အခြေစိုက်တပ်များ အားလုံးရုပ်သိမ်းပေးရန်။

2. မတ်လ 10 ရက် ထက် မကျော်ဘဲ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် ချွင်းချက်မရှိ သဘောတူ လက်ခံရန်။ (ဧရာဝတီသတင်းဌာန ထုတ်ပြန်ချက်တွင်လည်း တရုတ်နိုင်ငံခြားရေးဌာန ၀မ်ကြားရူး မတ်လ 4 ရက် နေပြည်တော်ရောက်စဉ် နအဖ တို့ ပြောကြား ခဲ့သေးသည်ဟုဆို၏။)

3. နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မတ်လ 15 ရက်နေ့ အထိ အကြောင်း မပြန်ပါက အင်အားသုံး တိုက်ခိုက်ကောင်း တိုက်ခိုက် ရလိမ့်မည် ဆို၏။

မတ်လ 3 ရက် နေ့ တွင် ယူနန်ပြည်နယ် တာဝန်ရှိ တရုတ် ဆက်ဆံရေးအဖွဲ့ကလည်း ၀ ဌာနချုပ် ပန်ဆန်းသို့ ရောက်လာပြီး စစ်မဖြစ်ရေးအတွက် အပေးအယူ အလျှော့အတင်းပြုပြီး ညှိနှိုင်း ဆွေးနွေး အဖြေရှာ ကြပါရန် ပြောကြား တိုက်တွန်း ခဲ့သေးသည်ဟု စုံစမ်းသိရှိရပါသည်။

“ နအဖ ဖွဲ့စည်းပုံက ကျနော်တို့ ၀ အမျိုးသားတွေအတွက် ဘာအခွင့်အရေးမှ ပေး မထားဘူး။ လုံးလုံး လက်ခံ လိုက်မယ်ဆိုရင် အခွင့်အရေးဆိုတာ ဘာမှ ရှိမှာ မဟုတ်ဘူး။ တိုင်းရင်းသား တန်းတူအခွင့်အရေးအတွက် ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက တိုက်ပွဲဝင်ခဲ့ကြတာဘဲ” - ဟု ၀ ထိပ်ပိုင်းခေါင်းဆောင် များက ပြန်လည် ပြောကြားကြောင်း အမည်မဖေါ်လိုသည့် ၀ အရာရှိတဦး က ပြောပါသည်။

လက်ရှိ ၀ ပြည်သွေးစည်းရေးတပ်မတော် ထိန်းချုပ်နယ်မြေ

“ လဆန်းပိုင်း 3-4 ရက် နေ့လောက်မှာ ဗမာတပ် တပ်မ 77 က စစ်အင်အားအချို့နဲ့ စားနပ်ရိက္ခာ အပြည့် ကားအစီး 100 ထက်မနည်း သုံးဖက်သုံးတန်ခွဲပြီး ၀ နယ်ခြားဘက် ဦးတည်သွားတယ်။ ညဘက်ဘဲ ခရီးထွက် တယ်၊သူတို့ အပြောက က တော့ တပ်အပြောင်းအလဲတဲ့။ အမှန်တော့ တပ်မ 77 က အသစ် ထပ်တက်လာ တဲ့ တပ်တွေ” – ဟု လားရှိုးဒေသခံတဦးက ပြောပြပါသည်။

တပ်မ 77 နှင့် 33 စစ်ယာဉ်တန်းသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးတွင် လမ်းသုံးသွယ်ခွဲ၍ ၀ နယ်ဘက် အသီးသီး ခရီးဆက်ကြကြောင်း၊
(၁) လားရှိုး - သိန္နီ - ကွန်လုံ - ဟိုပန် (မိုင်းမော၊ နမ့်တစ် ၀ နယ် ၏ အနောက်မြောက်ဘက် တလွှား)၊

(2) လားရှိုး - မုန်းယော် - တာ့ဆိုင်းလျဲန် (သံလွင် ကူးတို့ဆိပ်)၊

(3) လားရှိုး - နမ့်ပေါင့် - တန့်ယန်း (တာ့ကောင်း အက် မြစ်ကူးသံတား) လမ်းဘက်သို့ ဦးတည် နေသည် ဟုဆို၏။

“ဗမာ့စစ်တပ်က သူခြိမ်းခြောက်တဲ့ အတိုင်း တကယ်လုပ်ရဲမယ်ဆိုရင် 80% က တိုက်ဖို့ များနေတယ်၊ အလ ကား သက်သက် ခြိမ်းခြောက်ရင်တော့ မပြောတတ်ဘူး။ အခု အခြေအနေက မပေါက်ကွဲရင် မပြီးဘူး” – ဟု အဆိုပါ အမည် မဖေါ်လိုသည့် ၀ အရာရှိကပြောပါသည်။

လက်ရှိ အခြေအနေအရ နအဖတပ်က စားနပ်ရိက္ခာများလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း တိုက်ပွဲ ဆင်နွှဲ မည်ဆိုပါက အမြန်ဆုံး အင်အားဖြည့် တိုက်ခိုက်နိုင်ရန် အတွက်ဖြစ်ကြောင်း စစ်ရေးအကဲခတ်များက ဆိုသည်။

ထို့အတူ 2009 နှစ်ဦးပိုင်းက စတင်ချဲ့ထွင်ပြင်ဆင်သည့် မိုင် 40 ခန့် ရှည်သော မိုင်းရှူး - တာ့ဝန်းနောင်း ကျောက်ခင်းလမ်းလည်း 80% ကျော် ပြီးစီးနေပြီ ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ဗမာပြည် ကွန်မြူနစ်ပါတီ ခေတ်ကတည်းက ဖေါက်လုပ်ထားသော်လည်း နှစ်ပေါင်း 20 ကျော် လမ်းဟောင်း လမ်းပြတ် အဆင့်ထားပြီး ယခုမှ ပြန်လည် ပြုပြင်လာခြင်း သည် စစ်ရေးမဟာဗျူဟာအတွက် အသုံးပြုဖို့ သာဖြစ်ကြောင်း သုံးသပ်သူများ က ပြောဆိုနေကြပါသည်။

“အခုကျောက်တွေ သဲတွေ အထပ်ထပ် ခင်းတယ်၊ ပြီးတဲ့ အဆင့်ဖြစ်နေပြီ။ မိုင်းရှူးကနေ ကားမောင်းရင် 4 နာရီ လောက်ဘဲ သံလွင်မြစ်ကို ရောက်ပြီ၊ အဲ့မှာ ကားတွေတင်နိုင်တဲ့ သံလွင်မြစ်ကူး စက်လှေအကြီးစားလဲ 3 စင်း လောက်ရှိနေပြီ” - ဟု ဒေသခံများက ပြောပြပါသည်။

အဆိုပါ လမ်းပိုင်းတည်ဆောက်မှုတွင် ဒေသခံ လုပ်အားပေးခေါ်ခြင်း မပြုလုပ်ကြောင်း။
နေ့စဉ် လုပ်အားခ ငွေ ပေးချေပြီး (စစ်တပ်/သား နှင့် မိသားစုများသာ ငှားလုပ်သော) တရက် အလုပ်သမား 200-300 ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ 3 ရက် ကလဲ အမည်မသိ လူတစုက အဆိုပါလမ်းပြုပြင်ရေးတွင် အသုံးပြုသည့် လမ်းကြိတ်စက်တစီး မီးရှို့ဖျက်ဆီး ခဲ့သေး သည်ဟု ဒေသခံများကဆက်ပြောပြပါသည်။

ဝ တပ်ဘက် ပြန်ကြည့်မည်ဆိုပါက ဖေဖေါ်ဝါရီ 25 ရက် တန့်ယန်း တွေ့ဆုံပွဲပြီး နောက်ပိုင်း နအဖ ဘက် က စစ်ရေးပြင်ဆင် သကဲ့သို့ ၀ ဘက်ကလည်း အဆင်သင့်ပြင်ဆင်မှု ရှိနေကြောင်း ပန်ဆန်း ဒေသခံတဦး က ဤကဲ့သို့ ပြောပြပါသည်။

“အရင်တုန်းက တပ်မဟာမှူးတွေက အလုပ်သိပ်မများရင် ဌာနချုပ်ဘဲ လာနေလေ့ရှိတယ်လေ၊ အခုတော့ အဲ့လို မဟုတ်ဘူး။ ဗမာတပ် နဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ နမ့်တစ်ဘက်၊ မန်းဆိုင်၊ မော်ဖှ၊ မိုင်းပေါက်၊ မိုင်းဖျဲန် ဘက်မှာ အသင့်အနေအထား အတွက် ရှေ့တန်းစစ်မျက်နှာစာမှာဘဲ အချိန်ပြည့် သွားကွပ်ကဲနေကြတယ်”

ဝ နယ် တောင်ဘက်ပိုင်းတွင် စစ်ရေးပြင်ဆင်မှု မထင်ရှားသော်လည်း မြောက်ပိုင်းဌာနချုပ်နှင့် နအဖ ဆက်ဆံရေး မပြေလည် သောကြောင့် စစ်ရေးအတွက် စိုးရိမ်နေရသည်ဟု မိုင်းတုံဒေသခံတဦး ကလည်းပြော၏။

တောင်ပိုင်းဝ တပ်မှူးတဦးက အဆိုပါ မိုင်းတုံဒေသခံအား နအဖ စစ်ယာဉ်တန်းများ ထူးထူးခြားခြား သံလွင်အရှေ့ ဘက်ခြမ်းသို့ ကူးလာသည်ဟု သတင်းရလျှင် ရချင်း မဆိုင်းမတွ သတင်းပို့ ပေးရန် အကူအညီတောင်း ထားသည် ဟုလည်းဆို၏။

“တကယ်လို့ ဗမာတပ်တွေ အမြောက်အများကူးလာရင် တကယ်တိုက်တော့မယ် ဆိုတဲ့သဘော။ သူတို့ ၀ တပ် မိသားစု အချိန်မှီ အပြောင်းအရွှေ့ လုပ်နိုင်အောင်ပေါ့” - ဟု အဆိုပါ မိုင်းတုံဒေသခံ က ပြောပြပါသည်။

တောင်ပိုင်း ၀ နယ်မြေ အမှတ် 171 စစ်ဒေသတွင် မိုင်းဆတ် မြို့နယ်ရှိ ၀မ်ဟုံ့ မိုင်းယွန်းဒေသ၊ မိုင်းတုံမြို့ နယ်ရှိ ဟွေ့အော့ နှင့် မိုင်းကျွတ် ဒေသများမှ မြောက်ပိုင်း ၀ နယ် တို့ တပ်ရုပ်ပေးရန်။
ထို့အတူမြောက်ပိုင်း ၀ နယ်ရှိ(မိုင်းယန်း မြို့နယ်) မိုင်းဖျဲန် မိုင်းပေါက် ဒေသအားလည်း နအဖ ဖွဲ့စည်းပုံအတိုင်း ၀ ဘက်မှ တပ်ရုပ် ပေးရန်။
ထိုတောင်းဆိုချက် အတိုင်း ယခုလ 10 ရက် မှ 15 ရက် အတွင်း ၀ တပ်ဖွဲ့ လိုက်နာခြင်းမရှိက အင်အားသုံး တိုက်ခိုက် နိုင်ခြေရှိသောကြောင့် ယခုကဲ့သို့ ရာဇဒဏ် ပေးလာခြင်းဖြစ်သည်။

တန့်ယန်း တွေ့ဆုံပွဲ မတိုင်မီ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် ၀ နယ်ထဲ တပ်မနှစ်ခု စေလွှတ် မည်ဟု စစ်အစိုးရ ခြိမ်းခြောက်ချိန်မှစ၍ ၀ ပြည် သွေးစည်းရေး တပ်မတော်ကလည်း “မည်သည့် တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်းကျွံဝင် လာပါက မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ ပစ်မိန့် ပေးထားတယ် ” - ဟု ၀ စစ်ဘက် ရေးရာ အရာ ရှိတဦး ကလည်းပြောဖူး၏။

ဝ နယ်ခြားမျဉ်း တလျှောက် ပြီးခဲ့သည့် အပတ်က ၀င်လာသည့် တပ်မ 77 အပြင် ပန်လုံ ဟိုပန် ဒေသ (၀ နယ် မြောက်ဘက် ပိုင်း) တပ်မ 99 ၊ တပ်မ 33 နှင့် 55 အချို့ကလည်း အပစ်ရပ် သျှမ်းပြည် တပ်မတော်နယ်မြေ အတွင်းတွင် ၀င်ရောက် နေရာယူထားပြီး ဖြစ်သည်ဟု စစ်ရေးလေ့လာသူများက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

နအဖ ၏ 2008 ဖွဲ့ စည်းပုံတွင် ဟိုပန်၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ မိုင်းမော နှင့် ပန်ဆန်း 6 မြို့ နယ်အား ၀ ကိုယ်ပိုင် အုပ်ချုပ်ရ ဒေသတိုင်းအဖြစ် သတ်မှတ်ထားသည်။ သို့သော် တဘက်တွင်လည်း ရှိရင်း ၀ တပ် အင်အား 3 သောင်းခန့် အား တပ်ရင်း 5 ရင်း (တစ်ရင်းအင်အား 320 ယောက်) အထိ လျှော့ချပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်၊ထိုတပ်ရင်း တိုင်းတွင်လည်း နအဖ အရာရှိ အယောက် 30 ပါဝင်ရန် နအဖ က ကန့်သတ် ထားသည်။ ထိုဖိအားအတိုင်း လိုက်နာဆောက်ရွက်ရန်၊ သို့မဟုတ် အင်အားသုံး တိုက်ခိုက်မည် ဟု ဤကဲ့သို့ ဖိအား ပေးလာခြင်းဖြစ်သည်။

အဆိုပါ ဖိအားပေးမှုအပေါ် ပေါက်ယူချမ်းခေါင်းဆောင်သည့် ၀ တပ်ဖွဲ့ ကလည်း ၀ ပြည်သည် ပြည်ထောင်စု အစိတ် အပိုင်းတခုဖြစ်ကြောင်း၊ ခွဲထွက်ရန်လည်းဆန္ဒမရှိကြောင်း၊ သို့သော် တန်းတူအခွင့်အရေးအရ ၀ အမျိုးသားတို့အတွက် လက်ရှိ ၀ နေထိုင်နေသည့်အတိုင်း ၀ ပြည် သတ်မှတ်ရန်၊ အသွင်ပြောင်းတပ်တွင် ထိပ်ပိုင်းခေါင်းဆောင် နေရာမှတပါး အခြားအရာရှိများ အုပ်ချုပ်ရေး ယန္တရားအဖွဲ့များ လက်မခံသည့် အပြင် ၀ ပြည်သူ့ ရဲတပ်ဖွဲ့၊ ပြည်သူ့ စစ်တပ်ဖွဲ့ ထားရှိရေး နှင့် ပင်စင်ယူမည့် ပုဂ္ဂိုလ် (5 နှစ် လစာ တခါတည်းပေးရန်) စားဝတ် နေရေးအတွက် နအဖ မှ တာဝန်ယူဖြေရှင်းပေးရန် -- ဟူသည့် အချက် 9 ချက် တောင်းဆို ထားသည်။

ဝ တို့ ၏တောင်းဆိုချက်များ အားလုံး နအဖ က လုံးဝ ပါယ်ချထားပြီး 2008 ဖွဲ့စည်းပုံအတိုင်း ဖြစ်မြောက်ရန် အတွက် တဘက်သက် ဖိအားပေးနေခြင်း ဖြစ်သည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

Monday, March 8, 2010

တပ်မတော် အကြီးအကဲများထံသို့ ပေးစာ - အပိုင်း ( ၂ )


ပေးပို့သူ - ပြည်တွင်းမှ ရေတပ်နှင့် နီးစပ်ကျွမ်းဝင်သူ ဒုတပ်ရင်းမှူး တစ်ဦး


အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

အဲ... နောက် ရခိုင်မှာ တာဝန် ထမ်းဆောင်ရတဲ့ ဗိုလ်တွေကျတော့ စားရမဲ့ သောက်ရမဲ့ အခြေအနေနဲ့ရင်ဆိုင်ရတယ်။

တပ် တည်ဆောက်ရေးတွေမှာ ပါရတယ်၊ စိတ်ဓါတ်တွေကျပြီး စုတ်ပြတ်သတ်နေအောင် ခံကြရတယ်။ သူတို့ကျတော့ ဒီ မွဲတဲ့ ၀ဲဂယက်ထဲကနေ ရုန်းလို့ကို မထွက်နိုင်တော့ဘူး။ ဗိုလ်ဘ၀လည်း ရခိုင်မှာ၊ ဗိုလ်ကြီး ဖြစ်သွားပြန်တော့လည်း ရခိုင်မှာပဲ၊ စစ်ရေယာဉ်မှူး ဖြစ်တော့လည်း ရခိုင်ပဲ ပြန်ရောက်ကြတယ်။

ကဲ.. သူတို့ကိုယ် သူတို့ သတ်သေချင်စိတ်တွေ ပေါက်ကုန်ကြတယ် ဆိုတာ ဘာဆန်းလို့လဲ။ ပြီးတော့ ရခိုင်ကို ဆိုရင် ကက (ရေ) က pressure အရမ်းပေးတယ်။ အလုပ်ကို နွားနီးပါး လုပ်ရတယ်။ အဲဒီတော့ ရေတပ် အရာရှိတွေဟာ ကုလားနဲ့ ရခိုင်တွေကြားမှာ စိတ်ဓါတ်ကျစွာနဲ့ သူတို့ရဲ့ မရေရာတဲ့ အနာဂတ်ကို စမ်းတ၀ါးဝါးနဲ့ လျှောက်နေကြရတယ်။ ဒေသက ဆိုးဝါးလွန်းတော့ အိမ်ထောင်သည်လည်း ဇနီးသားမယားကို ခေါ်ထားလို့ မရဘူးလေ။ မိသားစုကို သက်သက် ခေါ်ဒုက္ခပေးသလို ဖြစ်နေမယ်လေ။ သားတကွဲ မယားတကွဲပေါ့။

သူတို့ မျှော်လင့်ရင်း အချိန်တွေကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရတာက .. အဆိုးဆုံးနေရာကို ရောက်နေကြတယ်၊ ပုံမှန် ထုံးစံအရ ၂ နှစ်တာဝန် ထမ်းဆောင်ပြီးရင်တော့ တပ်ပြောင်းတာဝန် ထမ်းဆောင်ကြရတယ်။ အဲဒီ့ တပ်ပြောင်း တာဝန် ထမ်းဆောင်ရမဲ့ အပြောင်းအရွှေ့ အမိန့်ထွက်မဲ့ရက်ကိုပဲ စောင့်မျှော် နေကြရတယ်။

အဲဒီလို ရခိုင်မှာ နေပြီးသွားလို့ ကတန်ကျွန်း၊ မြိတ်ကျွန်းစတဲ့ နေရာလေးများ ရောက်မလား အောက်မေ့ပါတယ်။ ဒါပေမဲ့ ကတန်မှာ ရှိပြီးသား အရာရှိတွေက သူတို့ နေရာကို လုံးဝ ဖယ်မပေးဘူး။ စစ်ရုံးက စစ်ဦးစီးမှူး ပထမတန်း (G-1)၊ စစ်ဦးစီးမှူး ဒုတိယတန်း (G-2)၊ စစ်ဦးစီးမှူး တတိယတန်း (G-3) တို့ကို “ရိုက်” ပြီး extension ထပ်ဆွဲကြတယ်။

ကတန်ကျွန်းက အရာရှိကြီးတွေကိုလည်း ..“ အဘ ကျွန်တော် မပြောင်းချင်သေးဘူး၊ ဒီမှာပဲ ဆက်နေချင်သေးတယ်၊ ကျွန်တော် ရခိုင်ရောက်မှာ ကြောက်တယ်.. ” ဆိုပြီး တနသာင်္ရီ ရေတပ်စခန်း ဒုတိယ ဌာနချုပ်မှူးနှင့်တကွ အရာရှိကြီးများကို ရှိခိုးကန်တော့ပြီး ခပ်တည်တည်နဲ့ ဆက်နေကြတယ်။

အဲဒီ ဒုတိယ ဌာနချုပ်မှူးကလည်း ဒီအရာရှိ မရှိရင်ပဲ ရေတပ်ကြီး ပျက်တော့မဲ့ ပုံစံနဲ့ သူ့လက်အောက်ကနေ မပြောင်းသွားရအောင် ဖန်တီးပေးတယ်။ သူ့ကိုလည်း အရာရှိတွေက “ရိုက်” ထားတယ်လေ။ ဒါကြောင့် သူက ဟန်ကိုယ့်ဖို့နဲ့ .. “ဌာနချုပ် စစ်ဦးစီးမှူး တတိယတန်း (G-3) လုပ်နေတဲ့ ကောင်လေးက လုပ်တတ်ကိုင်တတ်တယ် မဆိုးဘူး၊ သူ့ကို ငါ့လက်အောက်မှာ ဆက်ထားမယ်” ဆိုပြီး စစ်ရုံး စစ်ဦးစီးမှူး ပထမတန်း (G-1) ထံကို ဖုံးဆက်ပြောပေးတယ်။

စစ်ဦးစီးမှူး ပထမတန်း (G-1) ကလည်း သူ့ကို “ရိုက်” ထားပြီးသား အရာရှိဖြစ်နေတော့……..

“ရပါတယ်.. အဘ။ အဘ .. အဆင်ပြေတယ်ဆိုရင် ခေါ်ထားပါ။ တခြားတပ်မှာလည်း လူမလိုသေးပါဘူး၊ ခေါ်သာခေါ်ထားပါ၊ ကောင်လေးက အားကိုး ရတယ် မလား” စသဖြင့် အတိုင်အဖောက်တွေညီပြီး အရာရှိတွေ လာဘ်ထိုး “ရိုက်” ထားတာတွေ စားကာ ၀ါးကာနဲ့ အဆင်ပြေနေကြတယ်။

တချို့ အရာရှိတွေဆိုရင် ၅ နှစ်ကျော်သွားတာတောင် လုံးဝ အပြောင်းအရွေ့မပါဘူး၊ “ရိုက်” ချက်က ကမ်းကုန်ပါတယ်.. ...တချို့ Plan ဆွဲထားတဲ့ လူလည်ကြီးများ အရာရှိတွေကတော့ ဗိုလ်-ဗိုလ်ကြီး-စစ်ရေယာဉ်မှူး-အထိ ကတန်မှာ ၄ နှစ်ကျော်လောက်နေမယ်၊ ပြီးရင် နေပြည်တော်မှာ လူကြီး နားနေရဖို့ “ရိုက်” ကာ စစ်ရုံးကို စစ်ဦးစီးမှူး တတိယတန်း (G-3) နဲ့ တက်မယ်။ ပြီးလို့ officiating မှူး/ဗက (ဗိုလ်ကြီးမှ ဗိုလ်မှူးအကူး) ကို ကတန်ကျွန်းမှာ ပြန်ဆင်းမယ်။

အဲ……ပြီးရင် ဗိုလ်မှူး စီနီယာဖြစ်သည်အထိ ကတန်မှာနေပြီး စစ်ရုံးကို စစ်ဦးစီးမှူး ဒုတိယတန်း (G-2) နဲ့ပြန်တက်မယ်။ ပြီးရင် ဒုတိယဗိုလ်မှူးကြီး officiating ကို ကတန်မှာပဲ ပြန်ဆင်းမယ်၊ ပြီးရင် စစ်ဦးစီးမှူး ပထမတန်း (G-1) နဲ့ ပြန်တက်မယ်။ ကတန်မှာ ၁ ခါ ၂ ခါလောက်တာဝန် ကျပြီးသွားရင် ရခိုင်သွားပြီး တပ်က ထွက်လို့ရပြီဖြစ်လို့ စစ်ဦးစီးမှူး ပထမတန်း (G-1) လောက်ဆိုရင် ပိုက်ဆံကုန်တဲ့ စစ်ဦးစီးတက္ကသိုလ် (ဥစတ) မတက်တော့ပဲ၊ တပ်ကထွက်တော့မယ် ဆိုပဲ…။ ရေတပ် အရာရှိတချို့ရဲ့ အဲဒီလို မဟာဗျူဟာ ရည်မှန်းချက် ကို အကောင်အထည်ဖေါ်နိုင်ဖို့ အကျင့်ပျက် ခြစား လာဒ်ထိုးတာ ခေတ်စားတဲ့ ကနေ့ တပ်မတော်ကြီးထဲက အရာရှိကြီးတွေက အင်တိုက်အားတိုက် ကူညီရင်း ၀ါးစေ ဝေစားကြတယ်။ တချို့ကျတော့လည်း ဗိုလ်ကြီး လောက်မှာ ကတည်းက အဆင်ပြေပြီး တပ်က ထွက်ဖို့ ကြိုးစားကြတယ်....

အဲဒါ ကတန်မှာနေတဲ့ အရာရှိတွေရဲ့ long plan ပါ ။ ကဲ… ဘယ်လောက်ကောင်းတဲ့ plan လဲ။ သူတို့ဘ၀မှာ မြန်မာပြည်ကမ်းရိုးတန်းရဲ့ အထက်ပိုင်း ရခိုင်ဆိုတာ ဘာမှန်းမသိဘူး။ ဟိုင်းကြီးကျွန်းဆိုတာ ဘာမှန်းမသိဘူး။ ကိုကိုးကျွန်းနှင့် ပါလီပါလဲ့ကျွန်းဆိုတာ မြေပုံထဲမှာပဲ မြင်ဘူးတယ်။ အဲလိုဖြစ်နေတယ်။ ရခိုင်မှာနေတဲ့ ဗိုလ်စုတ်ပြတ်တွေကျတော့ အသားအရေ မွဲခြောက်ခြောက်နဲ့ စုတ်ပြတ်သတ်ပြီး လူရုပ်တောင်မပေါက်၊ ကျောက်ဖြူ မီးတောင်အောက်က ရေတပ်စခန်း ဌာနချုပ်မှာ ပူပူလောင်လောင်နဲ့ နေ့စဉ်ရုန်းကန်ရင်း အသက်ဆက် နေထိုင် နေရတယ်။

ကြုံကြိုက်တုန်း သတင်းပို့စရာလေး တစ်ခုရှိသေးတယ်………

အဲဒါက…... တလောက ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်မှာ တင်းမာမှုတွေဖြစ်တော့ ရခိုင် ရေတပ်စခန်းက သဘောင်္တွေ တော်တော်နဲ့ အချိန်မီ မထွက်နိုင်ခဲ့ဘူး။

အဲဒါကတော့ အရာရှိစစ်သည်တွေကို မအားရအောင် အလုပ်ပေးထားတဲ့ ကြက်ဆူပင် စိုက်ပျိုးနေရတာက တစ်ကြောင်း၊ ဘယ်အရာရှိမှ မလာချင်တဲ့ နေရာဖြစ်လို့ အရာရှိအင်အား နည်းနေတာက တစ်ကြောင်းကြောင့် ချက်ချင်း စစ်ဆင်ရေး မထွက်နိုင်ဘူး ဖြစ်သွားခဲ့ရတယ်။

ကိုယ်လည်း အင်တာနက်မှာ ဘင်္ဂလားဒေ့ရှ် မီဒီယာတွေ ရေးသားတဲ့ စာမျက်နှာတွေမှာ ဖတ်လိုက်ရတယ်။ မြန်မာရေတပ်ကို အထင်မကြီးဘူးတဲ့၊ ဘာလို့ လဲဆိုတော့ သူတို့နဲ့ အနီးဆုံး နေရာမှာရှိတဲ့ ရခိုင်ရေတပ်စခန်း ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ အနည်းငယ်သာ ရှိတယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ် ရေတပ်ထောက်လှမ်းရေးက (ထောက်လှမ်းရေးသတင်း ခန့်မှန်းခြေအဆင့် ခ-၂) သတင်းစုံစမ်း ရရှိချက်က ခိုင်မာပေတယ်။

ဘယ်လောက်တောင်လဲဆိုရင် ရခိုင်ရေတပ်စခန်း ဌာနချုပ်မှူး အဆင့်/နာမည်၊ လက်အောက်ခံ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်ရဲ့ အဆင့် နာမည်၊ စစ်သဘောင်္ အရေအတွက်ကအစ ဘင်္ဂလားဒေ့ရှ် ရေတပ်ဌာနချူပ်က သတင်းအတိအကျ ရရှိထား တယ်လို့ ဖေါ်ပြထားတယ်။

ပြီးတော့ နယ်စပ်ဒေသ ရေပိုင်နက်ဖြစ်တဲ့ နတ်မြစ်ဝနဲ့ ဘူးသီးတောင် မောင်းတော မြစ်ချောင်းတွေထဲက စစ်သင်္ဘောတွေမှာလည်း ကွပ်ကဲမဲ့သူ စစ်ရေယာဉ်မှူး ဗိုလ်ကြီး မရှိပါဘူး။ ဘာလို့လဲဆိုတော့ ရေတပ်ရဲ့အရာရှိ ၃ ပုံ ၂ ပုံ ဟာ ကတန်ကျွန်း (မြိတ်) ကျွန်းမှာ စုပြုံနေကြလို့ပါ။ သာမာန် ငြိမ်းချမ်းချိန်ကတော့ ကိစ္စမရှိပေမဲ့ နှစ်ဖက်ရေတပ်တွေ ထိပ်တိုက် ရင်ဆိုင်ထားချိန်မှာတော့ မြန်မာ့ရေတပ်ဟာ တော်တော့်ကို အခြေအနေ ဆိုးပါတယ်။

ဒါကြောင့် နိုင်ငံတော် အကြီးအကဲများအနေနဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ရေပိုင်နက် ပြဿနာ ဖြေရှင်းလို့ မပြီးခင် စပ်ကြားကာလတွင် နယ်စပ်ဒေသဖြစ်သော ရခိုင်ဒေသရှိ ရေတပ်စခန်းဌာနချုပ်တွင် အရာရှိအင်အား၊ စစ်ရေယာဉ်မှူးဗိုလ်ကြီး အင်အား များစွာ တိုးချဲ့ရန် လိုအပ်ကြောင်းလည်း တင်ပြလိုပါတယ်။

ဒါက စစ်ရေးနှင့်ပတ်သက်လို့ပါ……..

စိတ်ဓါတ်ရေးရာနှင့် ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ယခု ရခိုင်တွင် တာဝန် ထမ်းဆောင်နေကြသော အရာရှိကြီး၊ ငယ်၊ လတ် မရွေးသည် အပြောင်းအရွှေ့ကို မျှော်လင့် စောင့်စားနေကြပါတယ်။

ဒါကြောင့် တာဝန်ထမ်းဆောင်သည့် နှစ်ပြည့်ပြီးသူများအား ပြောင်းရွှေ့ ပေးခြင်းအားဖြင့် စိတ်ဓါတ်များ ပြန်လည်မြင့်မားလာပြီး လုပ်ချင် ကိုင်ချင်စိတ်များ ပြန်လည်ရရှိ လာမည် ဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲများ အနေနဲ့ တပ်မတော်အတွင်းမှာပင် သာတူညီမျှ တရားမျှမျှတတ အုပ်ချုပ်နိုင်ပါရန် တင်ပြအပ်ပါတယ်။

အပိုင်း (၃) မှာ နိုင်ငံခြား သင်တန်းကိစ္စတွေကို ဆက်လက် တင်ပြသွားပါမယ်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ

မဇ္ဈိမသတင်းဌာန| ချင်းမိုင်။ ။ စစ်အစိုးရက မနက်ဖြန်တွင် သတင်းစာမှတဆင့် ထုတ်ပြန်မည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ မိတ္တူကို မဇ္ဈိမက လက်ခံရရှိထားသည်။

ဥပဒေအရ ကော်မရှင်တွင်

ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးကို ခန့်အပ်တာဝန်ပေးနိုင်ကြောင်း ဖော်ပြထားပြီး ကော်မရှင်လူကြီးများသည် အသက် ၅၀ နှစ် ပြည့်ပြီးသူများ ဖြစ်ရမည်၊
ထင်ပေါ်ကျော်ကြားပြီး ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် စစ်အစိုးရက ယူဆသူဖြစ်ရမည်၊
နိုင်ငံရေးပါတီဝင် မဟုတ်သူဖြစ်ကာ လစာ၊ စရိတ်ကြေးငွေရသော အခြား မည်သည့်ရာထူးကိုမျှ လက်ခံခြင်း မပြုသူ ဖြစ်ရမည် ဟူသော အချက်များလည်း ပါဝင်သည်။

ဥပဒေအရ

လက်ရှိ မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု တို့နှင့် လက်အောက် အဆင့်ဆင့်တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်များ ဖွဲ့စည်းမည်ဖြစ်ကာ၊ နေပြည်တော် ကော်မရှင်အဖွဲ့ခွဲကိုလည်း သီးခြားထားရှိမည်ဖြစ်သည်။

ကော်မရှင်၏ လုပ်ငန်းတာဝန်များကို ဖော်ပြထားရာတွင်

လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
လွှတ်တော်ရွေးကောက်ပွဲများ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊
မဲဆန္ဒနယ်များ သတ်မှတ်ခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်း၊
လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုလွှာ ထုတ်ပေးခြင်း၊
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးနိုင်ရေးအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့ခွဲများအတွက် ရန်ပုံငွေ ခွဲဝေချထားပေးခြင်း၊
အသုံးစရိတ်များ ကြီးကြပ်ခြင်း၊
နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်းတို့ ပါဝင်သည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောကြားရာတွင် အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းအစီအစဉ် မအောင်မြင်လျှင် ထိုဒေသများကို ရွေးကောက်ပွဲမပြုလုပ်ဘဲ ချန်လှပ်ထားရန် စစ်အစိုးရက နည်းလမ်းတခုအဖြစ် စဉ်းစားထားကြောင်း ပါရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊
အား အကောင်းဆုံး ငြိမ်းချမ်းရေးအဖွဲ့ဟု အများက သတ်မှတ်ထားသော ဝ' တို့လည်း နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းလဲရန် ငြင်းဆန်ထားသော အဖွဲ့များတွင် ပါဝင်သည်။

ပြည်တွင်းပြည်ပတွင် လူအများက ကျယ်ပြန့်စွာ ကဲ့ရဲ့ခံနေရသော ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံ၍ စစ်အစိုးရသည် ရွေးကောက်ပွဲကို ကျင်းပရန် လုပ်ဆောင်လျက်ရှိသည်။

ရွေးကောက်ပွဲကို ဝေဖန်သူ အနောက်နိုင်ငံ အစိုးရများက ဒေါ်အောင်ဆန်းစုကြည် ကို အစိုးရရာထူး မယူနိုင်အောင် ပြုလုပ်ထားမှုကိုလည်း ထောက်ပြထားကြသည်။

ထို့ပြင် အခြေခံဥပဒေသည် စစ်တပ်ကို တိုင်းရေးပြည်ရာများတွင် ပါဝင် ချယ်လှယ်နိုင်ရန် အာမခံချက် ပေးထားသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ စစ်အစိုးရကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်စေရေး နှင့် ဘက်စုံ ပါဝင်နိုင်ရေး တောင်းဆိုထားကာ လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကိုလည်း လွှတ်ပေးရန် တောင်းဆိုထားသည်။

source by : http://burmese.mizzimamedia.com

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ပြီး တပ်တွင်းပြင်ဆင်မှုသတင်းနှင့် ပြည် (၃) ပြည်

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေ အတွက် နအဖက မတ်လ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သတင်းကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ သိရှိရပါတယ်။

နအဖရဲ့ အမိန့်အမှတ် ၁/၂၀၁၀ အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၂/၂၀၁၀ အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၃/၂၀၁၀ အရ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၄/၂၀၁၀ အရ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ နအဖရဲ့ အမိန့်အမှတ် ၅/၂၀၁၀ အရ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်ကြောင်း သတင်းရရှိပါတယ်။



မကြာသေးမီကလေးကမှ “စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်” သို့ဝင်လာတဲ့ တပ်တွင်း မိသားစု အသိုင်းအ၀ိုင်းများရဲ့ သတင်းပေးပို့ချက်အရ

တပ်မိသားစုတွေကို ရွေးကောက်ပွဲအတွက် “မဲ” ပေးရမည့်စာရင်း စတင်ကောက်ယူမည် ဖြစ်ကြောင်း၊

တပ်မတော် (ကြည်းတပ်/ရေတပ်/လေတပ်) တို့မှ အရာရှိ ၂၀၀၀ နီးပါးကို ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့အသင်း)၊ ပြည်ထဲရေး ၀န်ကြီးဌာနနဲ့ ပြည်သူ့လွှတ်တော်သို့ ပြောင်းရွှေ့ပေးကာ အသွင်ပြောင်းဖို့ လျာထားခဲ့ပြီး ဖြစ်ကြောင်း၊

အဆိုပါ ဌာန (၃) ခု အား ပြည် (၃) ပြည်လို့ ပြောဆိုတင်စားပြီး ထိုအရာရှိများကို အသွင်ပြောင်းဖို့ မတ်လထဲမှာ စစ်ရာထူးခန့်ချုပ်ရုံးမှ အရာရှိများ ပြောင်းရွေ့အမိန့် မကြာခင် ထုတ်ပြန် လာမည်ဖြစ်ကြောင်း၊

ထိုအထဲတွင် ဒုဗိုလ်မှူးကြီးအဆင့် အများစုပါဝင်ပြီး လေတပ်မှ အရာရှိ (၁၀၀) ဦး ခန့်လည်း ပါဝင်ကြောင်း၊

NDC (အမှတ်စဉ် - ၉) သင်တန်းဆင်း ဗိုလ်မှူးကြီး (၄၀) ဦးကိုလည်း လွှတ်တော် နှစ်ရပ်တွင် ရွေးကောက်ပွဲဝင်ရန် မလိုသည့် (စစ်တပ်က အုပ်ချုပ်မည့်) လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထဲမှာ ပါဝင်ရန် ရွေးချယ် စီစဉ်ထားရှိပြီးဖြစ်ကြောင်း၊

၎င်းတို့ကိုလည်း နေပြည်တော်တွင် သတင်းပို့ခိုင်းထားကြောင်း၊

စတဲ့ပြင်ဆင်မှု သတင်းများကို ခိုင်လုံတဲ့ စစ်ဖက်သတင်းရပ်ကွက်မှ ပေးပို့လာပါတယ်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, March 7, 2010

သိုးထိန်းရဲ့ ဘ၀ကောက်ကြောင်း တစ်စိတ်တစ်ဒေသ - အပိုင်း( ၂ )

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။


အဲဒီပုဂ္ဂိုလ်များ (ယာဉ်တိုက်မှုကို ကြည့်ဖို့လာနေတဲ့ ပုလိပ် ၂ ယောက်) အား အားကိုးတကြီးနဲ့ ကျွန်တော်က အမောတကော ပြောလိုက်ရပါတယ်…

“အကိုတို့ လုပ်စမ်းပါဦး၊ ကျွန်တော့်ဘက်က လမ်းကြောင်းအမှန်ကြီးကို ဖြတ်တိုက်သွားတယ်” ဆိုပြီး ပိန်ရှုံ့နေပြီဖြစ်တဲ့ ကျွန်တော့်ကားတံခါးကို ပြန်ဖွင့်လိုက်မိတာပေါ့။ အဲဒီမှာ သကောင့်သား နှစ်ကောင်က ဘာပြောသလဲဆိုတော့……

“ညီလေးကားကို ဖြူနီကြားမှာ ရပ်လို့မရဘူး၊ မင်းရဲ့ လိုင်စင် ပေး” တဲ့။

“ဘုရား၊ ဘုရား”

ဒီလောက်ထူပူနေတာ ဖြူနီကြားမှန်း ဘာမှန်း ဘယ်သိပါ့မလဲ၊ ပိုဆိုးတာက ကျွန်တော့်မှာ ယာဉ်မောင်း လိုင်စင် မရှိခြင်းပင်။ မရှိဆို ကျွန်တော့် အသက်က (၁၇) နှစ်ကျော်ရုံသာ ရှိမည်။ (၁၃) နှစ်သားထဲက ကားကို မြို့ပတ်မောင်းနေတာ ဘာ ယာဉ်တိုက်မှုမှ မဖြစ်သလို တခါတလေ ကိုယ့်ကိုကိုယ် ယာဉ်မောင်းလိုင်စင် ရှိမှ မောင်းလို့ရတာကို မေ့နေသည်။ ဒါကို ရိပ်မိ သွားတဲ့ ပုလိပ်က -

“မင်းတို့က လိုင်စင်မရှိဘဲ မောင်းချင်တာကိုးကွ” ဆိုပြီး ကားလိုင်စင်တွေ၊ သော့တွေကို သိမ်းကာ ကားနံပါတ် မှတ်လိုမှတ်၊ အတိုက်ခံရတဲ့ ကားကိုဘဲ အမှုစစ်တော့မယ့် ပုံစံမျိုး။ ပြီးမှ -

“ပိန်တာလောက်တော့ ပြင်လိုက်ပေါ့ကွာ၊ မင်းကို တိုက်သွားတဲ့ကားမှာ ဗိုလ်မှူးချုပ် အေးမြင့်ကြူ ပါတယ်ကွ၊ ရုံးရောက် ဂတ်ရောက်ဆို မင်းနာသွားမယ်” တဲ့။

အမျိုးသား ညီလာခံ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် ဗိုလ်အေးမြင့်ကြူအား တွေ့ရစဉ် (ညာအစွန်)

ကျွန်တော် ဘာပြောနိုင်ပါတော့မှာလဲ။ ဒါနဲ့ ကျွန်တော်လည်း “ဘာမှ မဖြစ်ရင် ပြီးတာဘဲ ထပ်လဲ မပြောတော့ပါဘူး” လို့ ပြောပြီး ခုနက သိမ်းထားတဲ့ ကားလိုင်စင်တွေ၊ သော့တွေ ပုလိပ်တွေ ယူထားတာကို ကားပေါ်တက် မောင်းမယ်လုပ်ပြီးမှ သွားယူဖို့ သတိရပါတော့တယ်။ ဟိုဘက်ခြမ်းက ဒင်းတို့ကို ဖွင့်ပြမိတဲ့ ကားတံခါးကို ပြန်မပိတ်ရသေးဘူး။ ကျွန်တော် တော်တော် စိတ်ညစ်သွားပါတယ်။ ဒီကောင်တွေရှေ့မှာ ကြာကြာနေလို့မကောင်း။ တော်ကြာ ဆက်ရစ်နေမှ အခက်။

ဒါပေမဲ့ ကားတံခါး ပွင့်ရက်ကြီးနဲ့ ဘယ်လိုမောင်းမလဲ။ အဲဒါနဲ့ ကျွန်တော်လည်း ကားပေါ်က ကဗျာကယာဆင်း၊ ပိန်ရှုံ့နေတဲ့ ကားတံခါးကို ပြန်ပိတ်တော့ ဖွင့်တုန်းက ဖွင့်လို့ရတဲ့ တံခါး ပြန်ပိတ်တော့ မရတော့ဘူး။ မော့ကြည့်လိုက်တော့ မြန်မြန် မသွားသေးဘူးလား၊ ပြဿနာ ရှာချင်တာလား ဆိုတဲ့ ပုံစံတွေနဲ့ ပုလိပ်နှစ်ကောင်က ရပ်နေတုန်း၊ ကျွန်တော့်မှာ ဒီကောင်တွေရှေ့က အမြန်ဆုံး ထွက်ချင်နေပြီ။ နောက်ဆုံး ကားဒက်ရှ်ဘုတ်ထဲက ကျွတ်ကျွတ်အိတ်ကြိုးနဲ့ ပိတ်မရတဲ့ တံခါးကို ကားနဲ့ တွဲချည်ပြီး ကားပေါ် မြန်မြန်တက် စက်နှိုး လိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော်လည်း ဘယ်ရမလဲ၊ ကားထွက်ခါနီးမှ အဲဒီ ပုလိပ် နှစ်ကောင်ကို စကားတစ်ခွန်းပြောဖြစ်အောင် ပြောလိုက်သေးတယ်။

“ကျေးဇူးပဲ အကို” လို့။

အင်း…… ကိုယ်လဲ အတိုက်ခံရသေး၊ ကိုယ်က ပြန်ကျေးဇူးတင်နေရတဲ့ ပုံစံမျိုး၊ သူတို့ ရှေ့က အထွက်မှာတော့ အကြောက်တရားက ပျောက်လာပြီး မခံချင်စိတ် ဒေါသက ပြန်လွှမ်းမိုးလာတယ်။ အပြန်လမ်းတစ်လျှောက်လုံး ကြွပ်ကြွပ်အိတ်ကြိုးနဲ့ တွဲချည်ထားတဲ့ ကားတံခါးရဲ့ တဒုတ်ဒုတ်မြည်သံဟာ ကျွန်တော့်ရင်ထဲက ဒေါသကို တနုံ့နုံ့ ဖြစ်စေခဲ့တယ်။ ကားမောင်းရင်းနဲ့

“မင်းတို့ အပွင့်ကြီးကြီး ယူနီဖောင်းဝတ်တိုင်း ရန်ကုန်မြို့လယ်ခေါင်က လမ်းပေါ်မှာတောင် စည်းကမ်း မရှိ၊ မောင်းချင်တိုင်း မောင်း၊ တရားဥပဒေရဲ့ စီရင်မှုကို မျက်ကွယ်ပြုကာ တဖက်သားကို အနိုင်ကျင့်လို့ရသွားပြီလား။ ယူနီဖောင်းဝတ် အချင်းချင်း ဆိုရင်ရော ဒီလိုတဖက်သတ် အနိုင်ကျင့်လို့ ရဦးမလား” ဆိုတဲ့ မေးခွန်းများ ခေါင်းထဲမှာ အစီအရီ ထွက်လာခဲ့တာတော့ ၀န်ခံရမယ်။ အဲဒီရဲ့ စိတ်ခံစားမှုများက ကျွန်တော့်ကို စစ်ဗိုလ် လုပ်ဖို့ရာ တွန်းအားတစ်ရပ် ဖြစ်စေခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်မိဘတွေကို ဖွင့်ပြောကာ စစ်တက္ကသိုလ် တက်ဖို့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချလိုက်ပါတော့တယ်။


စာကြွင်း။

အဲဒီယာဉ်တိုက်မှု ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမြင့်ကြူနဲ့ ပုလိပ်နှစ်ကောင်တွေကို သတိပေးချင်တာက အခု ကျွန်တော့်ရဲ့ဆောင်းပါးလေးကိုများ ဖတ်မိခဲ့ပါရင် အဲဒီတုန်းက ၀ိုင်းအနိုင်ကျင့်ခံခဲ့ရတဲ့ ချာတိတ်လေးဟာ အခုဆိုရင် စစ်ဗိုလ်ကြီး ဖြစ်လို့ ခင်ဗျားတို့ကို “မတရားမှုဟူသည် ကံကြမ္မာအလှည့်အပြောင်း တစ်ကွက်တော့ ပြန်ပေါ်တတ်သည်” ဆိုတဲ့ စကား ဘယ်လောက် မှန်ကြောင်း သက်သေပြနေပြီဆိုတာ ခင်ဗျားတို့ သိရင် အံ့သြသွားမလား၊ ခင်ဗျားတို့ စစ်ဗိုလ် တစ်ဦးကို နောက်ကြောင်း ရှင်း/မရှင်း လိုက်ဖို့အတွက် နီးစပ်ရာ ဆွေမျိုးသားချင်းတွေကိုသာ စုံစမ်းနိုင်ပါတယ်။ အဲဒီ စစ်ဗိုလ်တစ်ဦးရဲ့ ကိုယ်ပိုင် နာကြည်းမှု ခံစားချက်ကိုတော့ ဘယ်လိုမှ မလိုက်နိုင်ပါဘူးလေ၊ အဲဒီလို ကိုယ်ပိုင် နာကြည်းချက်တွေနဲ့ စစ်ဗိုလ်တွေကို ခင်ဗျားတို့ ဘယ်လောက်တောင် မွေးထုတ်ခဲ့ပြီးပြီလဲ။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း ပြောခဲ့တဲ့ “ဥပဒေ အထက်တွင် မည်သူမှ မရှိစေရ” ဆိုတဲ့ စကားဟာ ဗိုလ်မှူးချုပ် အေးမြင့်ကြူအတွက် မှန်ပါသလား..?

အရေးကြီး ပုဂ္ဂိုလ် VIP ဆိုတဲ့ စကားလုံးဟာ ပြည်သူလူထုတွေက ဦးစားပေးရမဲ့၊ အနစ်နာခံပေးရမဲ့ အနေအထားမျိုး ရောက်သွားရင် အခွင့်ထူးခံ လူတန်းစား အာဏာရှင်ဘ၀ကို ရောက်နေတယ်ဆိုတာ ဗိုလ်မှူးချုပ် အေးမြင့်ကြူအား သတိပေး လိုက်ပါတယ်။


source by : http://www.photayokeking.org


အပြည့်အစုံ ဖတ်ရန် ...

တပ်မတော် အကြီးအကဲများထံသို့ ပေးစာ - အပိုင်း (၁)

ပေးပို့သူ - ပြည်တွင်းမှ ရေတပ်နှင့် နီးစပ်ကျွမ်းဝင်သူ ဒုတပ်ရင်းမှူး တစ်ဦး

ကိုယ့်မှာ တူ တစ်ယောက်ရှိတယ်။

သူက စစ်တက္ကသိုလ်ကျောင်းဆင်း အရာရှိငယ် ဗိုလ်ပေါက်စပါပဲ၊ သူက ကြည်းတပ်မှာ တာဝန် ထမ်းဆောင်နေတယ်။ သူ့ရဲ့ စစ်တက္ကသိုလ် Guardian က navy ရေတပ်မှ ဖြစ်တယ်။ ညီအစ်ကိုလို နေကြတော့ ကိစ္စ အခက်အခဲရှိရင် ဖုံးဆက်၊ စာပို့၊ သတင်းလှမ်းမေးနဲ့မို့... အဲဒီ့ သူငယ်လေး ပြောပြတဲ့ အကြောင်းတွေကို သိခဲ့ရတယ်။

အဲဒါကတော့ ဘာလဲဆိုရင်………

ဇာတ်လမ်းစတာကတော့ စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀ လက်ရုံးဝန်ထမ်းတပ်ဖွဲ့ ရွေးရာကနေ စတာလို့ ပြောတယ်။

လက်ရုံးဝန်ထမ်းမှာ ရေတပ် လျှောက်ချင်သူတွေ အနေနဲ့ သတ်မှတ်ချက်တွေရှိပါတယ်တဲ့-


(၁) အင်္ဂလိပ်စာကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ရှိရမယ်။ အင်္ဂလိပ်စာ တော်ရမယ်ပေါ့။
(ရေတပ်မှာ ရှိတဲ့ စာတွေက အင်္ဂလိပ်လိုတွေ ဖြစ်တယ်တဲ့)

(၂) သချာင်္နဲ့သိပ္ပံ အမှတ်ကောင်းရမယ်။ (သို့) ကွန်ပျူတာ သိပ္ပံသမား ဖြစ်ရမယ်။
(ရေတပ်မှာသင်တဲ့ ရေကြောင်းသဘောင်္ မောင်းနှင်မှု ပညာတွေက calculation တွေ science တွေ တွက်ချက်ရတယ်တဲ့)

(၃) အရပ်အမောင်း ကိုယ်နေကိုယ်ထား တင့်တယ် ကောင်းမွန်ပြီး သန်သန်မာမာ ဖြစ်ရမယ်။
(ရေတပ်မှာ နေတဲ့သူက ကျန်းမာ သန်စွမ်း စိတ်ဓါတ်ကောင်းဖို့ လိုလို့တဲ့)

(၄) နောက်ပြီး ရေတပ် ဗဟုသုတဆိုင်ရာ စာပေတွေကို ဘယ်ကစမ်းစမ်း ညာက စမ်းစမ်း နှံ့စပ်တဲ့သူ ဖြစ်ရမယ်။
(ကိုယ်စီးတဲ့ မြင်း အထီးအမ ခွဲတတ်အောင်လို့ ကိုယ်သွားမယ့် တပ်ဖွဲ့အကြောင်းကို စိတ်ဝင်တစားနဲ့ သိမှဖြစ်မယ်တဲ့)

(၅) ဗိုလ်လောင်းသင်တန်းတွင် ရမှတ် အဆင့်ကောင်းပြီး စစ်စည်းကမ်း ကောင်းမွန်သူတွေ ဖြစ်ရမယ်။

ကဲ .. အထက်ပါ အရည်ချင်းတွေနဲ့ ပြည့်စုံသူမှ ရေတပ်ထဲ ၀င်လို့ ရမယ်ဆိုပြီး သတ်မှတ် ထားခဲ့တယ်။

ဒါကြောင့် ရေတပ်ကို ၀င်ချင်တဲ့ စာတော်သူ ဗိုလ်လောင်း ကျောင်းသားလေးတွေဟာ ... အပတ်တကုတ် ကြိုးစား အားထည့်ကြတယ်တဲ့။ ဒါပေမယ့် တကယ်တမ်း ရေတပ်က ခေါ်သွားတာတော့ ဗိုလ်လောင်းသင်တန်း အဆင့်မှာ နောက်ဆုံးအဆင့် (ဘိတ်ချီး) က မောင်တွေ၊ စာမေးပွဲတွေ တဖုံးဖုံးကျပြီး ပြစ်ဒဏ် အကြိမ်ကြိမ်ကျဖူးသူတွေက တန်းစီပြီး ရေတပ်ကို ရောက်ကြတယ်တဲ့။

ပြန်ဆန်းစစ်ကြည့်တော့ Navy family မို့လို့တဲ့၊ ရေတပ်မှာရှိတဲ့ တပ်ကြပ်ကြီးတွေ၊ အရာခံဗိုလ်တွေ၊ စစ်ရုံးက စစ်သည်တွေရဲ့သားသမီးတွေ အများစုကို သိမ်းကျုံးပြီး မျက်နှာလုပ် ခေါ်သွားတာ ဖြစ်တယ်တဲ့။ ကြည်းတပ်မှာ အညာသား ကျောက်ဆည်သားဆို ဘာဖြစ်နေနေ “အိုကေ” ဆိုသလိုပေါ့။ တကယ်တမ်း တစိုက်မတ်မတ်နဲ့ ကြိုးစားသူတွေကတော့ မျက်ရည် စက်လက်နဲ့ ကျန်ခဲ့ကြရရှာတယ်။ ကိုယ့်တူလေးရဲ့ Guardian တောင် ဘာဆွေမျိုးမှ ရေတပ်မှာ မရှိပဲ အင်မတန် ကံကောင်းပြီး ရေတပ်ရသွားတာ။

အဲ.. .. ဟုတ်ပြီ…. စစ်တက္ကသိုလ်ဆင်းပြီး ရေတပ်ရောက်တော့ ရေတပ်မှာ ၁ နှစ်နီးပါး ရေတပ် စာတွေ သင်ကြရတယ်။ အဲဒီကျတော့ အရှုပ်ထုတ်တွေ အကုန်ပေါ်တာပဲတဲ့။ သင်ရတဲ့ စာတွေက အင်္ဂလိပ်လိုတွေဆိုတော့ နဂိုက အင်္ဂလိပ်စာ အခြေခံက မကောင်းတော့ စာမေးပွဲတွေ ကျကုန်ကျတယ်လေ။ အဲဒီတော့ ကျောင်းဆင်း အရာရှိတွေဟာ စိတ်ဓါတ်တွေကျပြီး စာထဲမှာလည်း စိတ်မ၀င်စားကြနဲ့ ပြီးတော့ ရေတပ်လေ့ကျင့်ရေးကျောင်းက စည်းကမ်းတွေ ကိုလည်း မလိုက်နာ၊ စည်းကမ်းဖေါက်တဲ့ သူက ဖေါက်နဲ့ အနာဂတ် ရေတပ်ကြီးက အားရ စရာပါတဲ့။

သူတို့ကို ရေတပ်ထဲဘာလို့ ၀င်လာတာလဲလို့ မေးလိုက်တော့ ဘာပြန်ပြောလဲဆိုရင် ရေတပ်မှာ အဖေရှိတော့ အဆင်ပြေတဲ့တပ်မှာ ကောင်းကောင်းနေလို့ ရလို့တဲ့။ သူတို့ သင်တန်းဆင်းသွားရင် ရေတပ်စာ (ရေတပ်ဆိုင်ရာ အတတ်ပညာ) ကို တတ်တတ် မတတ်တတ် ကိစ္စမရှိဘူးတဲ့။

ကဲ……..ကောင်းလိုက်တဲ့ ခံယူချက်တွေ…ဒီလိုပုံစံနဲ့ အနာဂတ် ရေတပ်မတော်ကြီး ဘယ်လို ရှေ့ဆက်သွားမလဲ။

ပြီးတော့ သိပ်မကြာပါဘူး။ သင်တန်းဆင်းတယ် ဆိုရင်ပဲ .. ရေတပ်မိသားစု (Navy family) က အရာရှိငယ်တွေဟာ သူ့အဖေရဲ့စစ်ရုံးက ရုံးအုပ်ကြီး အဆက်အသွယ်၊ စစ်ဦးစီးမှူး ပထမတန်း (G-1) အဆက်အသွယ်။ ဟိုအဆက်အသွယ် ဒီအဆက်အသွယ်နဲ့ နေရာ ကောင်းကောင်းဖြစ်တဲ့ တနသာင်္ရီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံ ကတန်ကျွန်း (မြိတ်ကျွန်းစု) လို နေရာမျိုးတွေကို အသာလေး လေချွန်ပြီး ရောက်သွားကြတယ်။ ပြောရရင် ကောင်းစားတယ်ပေါ့။

ဘာအဆက်အသွယ်မှလည်း မရှိတဲ့ဗိုလ်တွေ မျက်နှာမွဲတွေကတော့ .. ရေတပ်ရဲ့ အဆိုးဆုံး နေရာဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေက တပ်တွေကို ရောက်ကုန်ကြတယ်။

ရေတပ်မှာ အဲဒီနေရာ ဘယ်သူမှ မသွားချင်ကြဘူး။ ဘာလို့လဲဆိုတော့.. အဲဒီ့ ရခိုင်ဒေသဟာ မဖွံ့ဖြိုး မတိုးတက်တာကတစ်ကြောင်း၊ အစာရေစာ ရှားပါးပြီး ငတ်မွတ်ခေါင်းပါးတာက တစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုံးဆက်သွယ်ရေး အဆင်မပြေတာက တစ်ကြောင်း၊ နောက်ပြီး အခု ဘင်္ဂလားဒေ့ရှ်နဲ့ ထိပ်တိုက် ရင်ဆိုင်နေရတော့ မသွား ချင်ကြဘူး။

မှောင်ခိုပစ္စည်း အ၀င်များပြီး စီးပွားရေး လုပ်ငန်းလုပ်ကွက်ကောင်းတဲ့ ယိုးဒယားနဲ့နီးတဲ့ မြိတ်ကျွန်းစုမှာတော့ အရာရှိတွေ စုပြုံနေတာပဲ။ တချို့ အရာရှိတွေ ဆိုရင် ဗိုလ်ဘ၀ကတည်းက ရောက်တယ်။ နေရာက အရမ်းအဆင်ပြေတော့ မပြောင်းချင်ကြတော့ဘူး။ ဒီတော့ စစ်ရုံးက စစ်ဦးမှူး ပထမတန်း (G-1), စစ်ဦးစီးမှူး ဒုတိယတန်း (G-2), စစ်ဦးစီးမှူး တတိယတန်း (G-3) တွေကို လာဘ်ထိုးပိုက်ဆံပေးပြီး ကတန်ကျွန်းမှာဘဲ ဆက်နေတယ်။

တချို့ဗိုလ်ကြီး ဖြစ်တဲ့အထိအပြင် စစ်ရေယာဉ်မှူး ဖြစ်သည်အထိ ကတန်ကျွန်းမှာ တာဝန် ထမ်းဆောင်တုန်းပဲ။ စားလို့ဝါးလို့ ၀ပြီ၊ ၃၊ ၄၊ နှစ်လောက် ကောင်းကောင်း အိတ်ထဲထည့်လို့ “၀” ပြီ ဆိုရင်တော့ ရေတပ်အခေါ် “ရိုက်” ပြီး ရန်ကုန်လို နေရာမျိုးမှာ ၀င်ခိုလိုက်တယ်။ ဗိုလ်မှူးလောက်ဖြစ်ရင် တခါ “ရိုက်” ပြီး ကတန်ကို ထပ်ဆင်းဦးမယ်ဆိုတာ တနသာင်္ရီ ရေတပ်စခန်းတွင် နေခဲ့သော အရာရှိများရဲ့ Long Plan ဖြစ်နေတယ်။

ကဲ ..... ဘယ်လောက်ကောင်းလိုက်သလဲ... တိုင်းပြည် ကာကွယ်ဖို့ နေနေသာသာ ကိုယ် အဆင်ပြေဖို့ကဘဲ အဓိကတဲ့။ တပ်မတော်ကြီး အမှန်တကယ် ဖြစ်နေတာကို အကြီးအကဲတွေ သိဖို့ တင်ပြတာပါ။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ၂၁ ဦးပါ ပြန်ပေးဆွဲခံ သင်္ဘောနဲ့ ဆက်သွယ်နိုင်ရေး နော်ဝေးကုမ္ပဏီ ကြိုးစားနေဆဲ

VOA | နော်ဝေးနိုင်ငံပိုင် ဓာတုပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းနဲ့ အဲဒီသင်္ဘောပေါ်မှာ ပါတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးဟာ မဒါဂတ်စကား ကမ်းရိုးတန်းမှာ သောကြာနေ့တုန်းက ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲတာကို ခံခဲ့ရတဲ့အကြောင်း ဥရောပသမဂ္ဂ ရေကြောင်းဌာနက စနေနေ့မှာ အတည်ပြု ပြောကြားသွားပါတယ်။ အခုလက်ရှိ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ၊ သူတို့နဲ့ ပတ်သက်လို့ နောက်ထပ် ဘာတွေ ထပ်ကြားထားရသေးလဲ ဆိုတာကို စုံစမ်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

အခု ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲသွားတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးပါ နော်ဝေး ကုန်တင်သင်္ဘောဟာ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ကနေ တန်ဇန်းနီးယားနိုင်ငံကို ဦးတည်ခုတ်မောင်းနေတုန်း မဒါဂတ်စကား ကမ်းရိုးတန်း အလွန်မှာ သောကြာနေ့က ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီသင်္ဘောဟာ UBT Ocean ဖြစ်ပြီး စင်ကာပူမှာ မှတ်ပုံတင်ထားတာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ နော်ဝေး သင်္ဘောကုမ္ပဏီက ပင်လယ်ဓားပြတွေနဲ့ရော သင်္ဘောနဲ့ပါ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲဖြစ်ပြီး အခြေအနေ အသေးစိတ်ကိုတော့ ဘာမှ မသိရသေးတဲ့အကြောင်း စင်ကာပူနိုင်ငံမှာ ရှိတဲ့ နော်ဝေး သင်္ဘောကုမ္ပဏီရဲ့ ကိုယ်စားလှယ် အက်ဝပ်ဒ် အိုင်ယွန် (Edward Ion) က ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။

“ကျနော်တို့ဘက်က ကြိုးစားပြီးတော့ ဆက်သွယ်နေပါတယ်။ ဒါပေမဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ သောကြာနေ့ ကတည်းက ပင်လယ်ဓားပြတွေနဲ့ရော သင်္ဘောနဲ့ပါ ဘာအဆက်အသွယ်မှ မရသေးပါဘူး။ ဒီအချိန်မှာ ကျနော်တို့ရဲ့ နံပါတ်တစ် ဦးစားပေးက သင်္ဘောပေါ်မှာ ပါသွားတဲ့ သင်္ဘောသားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးပါပဲ။ ဒီ့အတွက် ကျနော်တို့ လုပ်နိုင်တာ မှန်သမျှ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သင်္ဘောနဲ့ ပြန်အဆက်အသွယ်ရအောင်၊ သင်္ဘော ဘယ်မှာရှိနေလဲ ဆိုတာကို အတိအကျ သိရအောင်နဲ့ အဲဒီဒေသက တာဝန်ရှိတဲ့ ဌာနတွေ အားလုံးနဲ့ အတူတကွ ပူးပေါင်း ဆောင်ရွက်နေပါတယ်။”

လောလောဆယ် အခြေအနေမှာတော့ သင်္ဘောသားတွေ အနေနဲ့ အန္တရာယ် ပြုခံရသလား၊ ပြီးတော့ ပင်လယ်ဓားပြတွေဘက်က သင်္ဘောကုမ္ပဏီကို ငွေတောင်း၊ မတောင်း ဆိုတာတွေလည်း ဘာမှ မသိရသေးပါဘူး။ ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂကလည်း အခု ပြန်ပေးဆွဲခံခဲ့ရတဲ့ မြန်မာသင်္ဘောသားတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ နောက်ထပ် အချက်အလက်တွေ ရရှိအောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်သူရက ပြောပါတယ်။

“အခုလိုမျိုး ပင်လယ်ဓားပြ အတိုက်ခံရလို့ရှိရင် ကျနော်တို့မှာ အဖွဲ့ချုပ်ရှိပါတယ်၊ အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ITF) ပေါ့။ ITF က ဥရောပမှာလည်း ရှိတယ်၊ အာရှမှာလည်း ရှိတယ်။ ကျနော်တို့ရဲ့ နက်ဝါ့ခ် (Network) သမဂ္ဂ အဖွဲ့တွေ၊ သက်ဆိုင်ရာတွေကို သတင်း ဒီ့ထက်ပိုမိုပြီးတော့ ရအောင် ကျနော်တို့ ဆက်သွယ် မေးမြန်းတာပေါ့။”

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ အခုလို သင်္ဘောတွေ ပြန်ပေးဆွဲ ငွေညှစ်တာမျိုးတွေ လုပ်ပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတာ ဖြစ်ပါတယ်။ အခုလို ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တန်ဇန်းနီးယားနိုင်ငံ ပင်လယ်ကူး သင်္ဘောတစင်းမှာ စက်မှုအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာ သင်္ဘောအင်ဂျင်နီယာ တယောက်က အခုလို ပြောပြပါတယ်။

“ဆိုမာလီ အပြင်ဘက်ထွက်ပြီးမှ အပေါ်ဘက် တက်ဆွဲတာ။ ဒီဘက်မှာက စစ်သင်္ဘောတွေ ရှိတယ်။ စစ်သင်္ဘောတွေရဲ့ အပြင်ဘက်ကို သူက ထွက်တယ်။ ကမ်းနားစပ်မှာ ဘာမှမဖြစ်ဘူး။ အပြင်ကိုထွက်ပြီးမှ ဆွဲတာ များတာ။ ဆိုမာလီနီးရင် စစ်တပ်ရှိတဲ့အတွက်ကြောင့် ဓားပြက နည်းတယ်။”

မနှစ်တုန်းကလည်း မြန်မာသင်္ဘောသားတချို့ လိုက်ပါတဲ့ စင်ကာပူနိုင်ငံက PIL ကုမ္ပဏီပိုင် သင်္ဘောတစင်းကို ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်ပေးဆွဲခဲ့ဖူးပြီး ၂ လကြာ ဖမ်းဆီးထားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ သင်္ဘောကုမ္ပဏီရဲ့ ငွေပေးမှုကြောင့် မြန်မာသင်္ဘောသားတွေ ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပြန်လွတ်လာတဲ့ သူ့မိတ်ဆွေ သင်္ဘောသား ပြန်ပြောပြခဲ့တဲ့ ဖမ်းဆီးခံရချိန် အခြေအနေနဲ့ ပတ်သက်လို့လည်း…

“နှိပ်စက်တာတော့ မရှိဘူးပေါ့။ သူတို့ကို နည်းနည်း စိတ်ကျဉ်းကျပ်အောင် ထားပြီးတော့ ပစ္စည်းကတော့ အကုန်ယူတာပဲ။ အိမ်နဲ့တော့ ဆက်သွယ်လို့ရတယ်၊ ဒါပေမဲ့ သူတို့ နေချင်တိုင်း နေလို့မရဘူး။ ထမင်းစားချိန် တက်စား၊ ပြီးရင် အချုပ်သားလို နေရတာ။ ပိုက်ဆံပေးပြီး ရွေးလိုက်တော့ ပြန်လွတ်လာတယ်။”

လက်ရှိ တန်ဇန်းနီးယားနိုင်ငံ ပင်လယ်ကူး သင်္ဘောတစင်းမှာ စက်မှုအင်ဂျင်နီယာအဖြစ် တာဝန်ထမ်းနေတဲ့ မြန်မာ သင်္ဘောအင်ဂျင်နီယာတယောက် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆိုမားလီးယား ပင်လယ်ဓားပြတွေဟာ အစားအသောက် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောမျိုးတွေကို ပစ်မှတ်ထားလေ့ မရှိဘဲ အခုလို ဓာတုဗေဒပစ္စည်းတွေ၊ လောင်စာဆီတွေ၊ လက်နက်ခဲယမ်းတွေ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောမျိုးတွေကိုသာ ပစ်မှတ်ထားပြီး ပြန်ပေးဆွဲလေ့ ရှိပါတယ်။ အခုဆိုရင် ပင်လယ်ဓားပြတွေက သင်္ဘော အနည်းဆုံး ၆ စင်းနဲ့ သင်္ဘောသား ၁၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကမ္ဘာ့လူငယ် ခေါင်းဆောင် ဇိုရာဖန်းနှင့် စကားစမြည်

ဧရာဝတီ | ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) တွင် နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံအဖြစ် ဆောင်ရွက်နေသူ ဇိုယာဖန်းကို မကြာသေးခင်က World Economic ForumကYoung Global leader အရွေးချယ် ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထား သည်များကို ဖော်ပြလိုက်ပါသည်။

အသက်၂၉ နှစ် ရှိ ဇိုယာဖန်းသည် နှစ်ပေါင်း ၆၀ ကျော် မြန်မာစစ်အစိုးရကို တော်လှန်တိုက်ခိုက်နေသည့် ကရင်တိုင်းသား အဖွဲ့ တဖွဲ့ ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးဟောင်း ဖဒိုမန်းရှာ(ကွယ်လွန်)၏ သမီးဖြစ်သည်။


ဇိုရာဖန်း (ဓာတ်ပုံ - ရိုက်တာ)

ဖဒိုမန်းရှာသည် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန် ခဲ့ရခြင်း ဖြစ်သည်။

ဇိုယာဖန်းသည် လက်ရှိတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ နေထိုင်လျက် မြန်မာ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေး ဆိုင်ရာများကို လှုပ်ရှား ဆောင်ရွက်နေပြီး Little Daughter: A memoir of survival in Burma and the west အမည်ရှိ သူ၏ ဘ၀ ဖြတ်သန်းမှု အတွေ့အကြုံများကို ရေးသား ထားသော စာအုပ် တအုပ်ကိုလည်း ထုတ်ဝေထားသည်။

မေး။ ။ World Economic Forumကပေးတဲ့ Young Global leader အရွေးချယ်ခံရတဲ့ အတွက် ဘယ်လိုခံစားရပါလဲ။ ဘာပြောချင်လဲ။

ဖြေ။ ။ ကျမပျော်ရွှင်ပြီးတော့ ကျေနပ်မိပါတယ်၊ ဒါက ကျမရဲ့အောင်မြင်တဲ့ လှုပ်ရှားမှုတွေကို ဖော်ပြတာလည်း ဖြစ်နိုင်တယ်၊ ပြီးတော့ ကျမရဲ့လှုပ်ရှားမှုတွေက အဓိကအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု အားလုံး အတွက်ပေါ့နော် ဒီမိုကရေစီရေးရော၊ လူ့ အခွင့် အရေးရော တိုင်းရင်းသား လူမျိုးစုတွေအားလုံးအတွက် ဖြစ်လို့ ကျမ၀မ်းသာမိ ပါတယ်။

ပြည်တွင်းမှာ နေလို့မရလို့သာ လောလောဆယ် ဗြိတိန်မှာ အခြေစိုက်နေပေမယ့် မြန်မာပြည်အရေးကို Burma Campaign UK နဲ့ လှုပ်ရှားနေပါတယ်၊ ပြည်ပမှာရောက်နေတဲ့ လူငယ်တယောက်အနေနဲ့ပေါ့နော် ကျမရဲ့တိုင်းပြည်ကို ဘယ်တော့မှ မမေ့ပါဘူး၊ အဲဒါကြောင့် အခြား လူတွေနဲ့ တွဲလုပ်ပြီးတော့ လုပ်ရင်းနဲ့ အောင်မြင်မှုတွေ ပိုရလာတယ်လို့ ကျမ ပြောချင်ပါတယ်။

မေး။ ။ ဆုချီးမြှင့်ခြင်းခံရတဲ့ အတွက် မြန်မာ့နိုင်ငံရေးကို ဘယ်လို အကျိုးရလဒ်တွေ ရလာနိုင်လဲ။

ဖြေ။ ။ ပထမအဆင့်အနေနဲ့ မြန်မာပြည်အကြောင်းကို တခါမှ မသိဘူးတဲ့လူတွေက မြန်မာပြည်အရေးကို ပိုသိလာမယ်၊ ပိုနားလည် လာမယ်၊ ဒီ Young Global leader ဆုကနေ တဆင့်ပေါ့၊ အဲဒါဘာဖြစ်လဲဆိုတော့ အစည်းအဝေးတွေမှာ တက်ရောက်လာတဲ့ နိုင်ငံရေး ခေါင်းဆောင်ရော၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ သွားတွေ့ပြီးတော့ မြန်မာပြည် အကြောင်းကို ပြောပြခွင့်ရမယ်၊ တင်ပြခွင့်ရမယ်၊ ဆွေးနွေးခွင့်ရမယ်၊ ဒါကြောင့် မြန်မာပြည်အရေးကို သူတို့ ပိုပြီးတော့မှ သိလာမယ်။

ဒုတိယ အဆင့်ကတော့ သိလာရင် သူတို့ ဘာတွေ ကူညီရမလဲဆိုတာကို ဆုံးဖြတ်မယ်၊ သူတို့ လုပ်ပေးနိုင်တဲ့ အပိုင်းကတော့ ဒုက္ခသည်တွေကို လူသားခြင်း စာနာထောက်ပံ့မှု အကူ အညီ ပေးလို့ရတယ်၊ သူတို့ရဲ့ အစိုးရအသီးသီးကို စစ်အစိုးရအပေါ်မှာ ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ပေးဖို့ တောင်းဆိုပေးလို့ရတယ်၊ ပြီးတော့ ကျမတို့ရဲ့ လှုပ်ရှားမှုတွေကို ကူညီပေးလို့ရတယ်။

မေး။ ။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ ဘာပြောစရာရှိလဲ။
လက်ရှိ နယူးယောက်မှာ လုပ်နေတဲ့ သူတို့ရဲ့လှုပ်ရှားမှုအပေါ် ဘယ်လိုထင်လဲ။

ဖြေ။ ။ ကျမအမြင်ဆိုရင် အရင်တုန်းကထက်စာရင် မြန်မာပြည်မှာ အမျိုးသမီးတွေက အခုဆိုရင် တော်တော်လေး ပြောင်းလဲလာပြီ၊ အရင်တုန်းက ဆိုရင် ကျမတို့က ခံရတဲ့သူတွေ အနေနဲ့ပဲ၊ ဒါပေမယ့် အခုကျတော့ အမျိုးသမီးတွေက ခံရတဲ့သူတွေ မဟုတ်တော့ဘူး၊ သူတို့က ထပြီးတော့ စကားပြောလာတယ်၊ စစ်အစိုးရကို သူတို့ ပြန်ပြီးတော့ အရေးယူနိုင်အောင် နိုင်ငံတကာကိုလည်း သူတို့ အသိပေးပြီ၊ ဥပမာ နယူးယောက်မှာလုပ်တဲ့ဟာက တကယ့်ကို ကောင်းတဲ့ပွဲပဲ။

စစ်အစိုးရ လုပ်တဲ့ဟာက တကယ်ကို နိုင်ငံတကာက ဥပဒေကို ချိုးဖောက်နေတယ်၊ လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်၊ ပြီးတော့ ပြည်တွင်းထဲမှာရှိတဲ့ တိုင်းရင်းသား လူနည်းစုတွေကိုလည်း တိုက်ခိုက်နေတယ်။

အရှေ့ပိုင်းဒေသမှာရှိတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်တွေမှာ စစ်အင်အားသုံးပြီးတော့ ပြည်သူလူထုကို နှိပ်စက်နေတယ်၊ အိုးအိမ်ရွာတွေကို သူတို့ ဖျက်ဆီးတယ်၊ မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်နေတယ်၊ လူထုကို ပေါ်တာ အဖြစ်ဆွဲတယ်၊ အတင်းအဓမ္မ အလုပ်လုပ်ခိုင်းတယ်၊ သတ်တယ်၊ ဖြတ်တယ်၊ ပစ်ခတ်တယ်၊ အဲဒါတွေက နိုင်ငံတကာရဲ့ လူ့အခွင့် အရေးကို ချိုးဖောက်နေတာ၊ အဲဒါကြောင့် အခု အမျိုးသမီးအဖွဲ့ချုပ်( မြန်မာနိုင်ငံ)နဲ့ Nobel Women Initiative အဖွဲ့ ဖွဲ့ပြီးတော့ စစ်အစိုးရကို နိုင်ငံတကာကနေ ထိရောက်စွာ အရေးယူဖို့ ကြိုးပမ်းလုပ်နေတာကို ကျမက တကယ်ကို သဘောကျတယ်၊ အားလည်း အားပေးတယ်။

မေး။ ။ မြန်မာပြည်က လူငယ်ထု အမျိုးသမီးထုက နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားမှု နည်းနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ။ ။ အဲဒါက ကျမတို့ အရင်ကတည်းက မြန်မာပြည်ရဲ့ သဘာဝပေါ့နော်၊ ယဉ်ကျေးမှုပေါ့နော်၊ အမျိုးသမီးတွေက အများအားဖြင့် အိမ်မှာပဲ နေတယ်၊ သားသမီးတွေကို ထိန်းကျောင်းတယ်၊ အိမ်အလုပ်တွေပဲ လုပ်တယ်၊ ဒါပေမယ့် အခုကျတော့ အခြေအနေက ပြောင်းလဲလာပြီ၊ အမျိုးသမီးတွေက နိုင်ငံရေးဘက်မှာ လှုပ်ရှားမှုတွေရှိသလို နည်းတော့ နည်းသေးပါတယ်၊ ဒါပေမယ့် လူမှုရေး ဘက်မှာ အများကြီး ရှိပါတယ်၊ အမျိုးသမီးကဏ္ဍမှာရော၊ လူငယ်ကဏ္ဍမှာရော တော်တော်များများ ရှိပါတယ်။

ရှမ်းပြည်နယ်တို့၊ ကရင်ပြည်နယ်မှာတို့ မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ပျက်မှုတွေ တကယ့် သတင်းတွေကို နိုင်ငံတကာမှာ ရောက်အောင် ထုတ်နေတဲ့ အဖွဲ့ အစည်းတွေက အများအားဖြင့် အမျိုးသမီး အဖွဲ့အစည်းတွေပါ၊ အဲဒါတွေကို အမျိုးသမီးတွေက ဖော်ပြနိုင်ခဲ့တယ်၊ ဥပမာ- Shan Women Action Network၊ ကရင် အမျိုးသမီးအဖွဲ့။ အဲဒါကြောင့် ကျမအမြင်မှာ ဒီလိုမျိုး တဖြည်းဖြည်း ပြောင်းလဲမှု တွေ့ရတော့ နောက်ပိုင်းမှာ အမျိုးသမီးပါဝင်မှု ပိုများလာမယ်လို့ ကျမ မြင်ပါတယ်။

မေး။ ။ ပြည်တွင်း၊ ပြည်ပ မှာရှိတဲ့ မြန်မာ လူငယ်တွေကို ဘာပြောချင်လဲ၊ ဘာအကြံဉာဏ်တွေ ပေးချင်လဲ။

ဖြေ။ ။ ကျမ အဓိက ပြောချင်တာကတော့ အခုလက်ရှိ ကျမတို့ မြန်မာပြည်အခြေအနေကို ပြန်ကြည့်ရမယ်ဆိုရင် အခြေအနေက မပြောင်းလဲသေးတော့ ပိုပြီးတော့ ဆိုးလာတယ်၊ လူထုက အရမ်းဒုက္ခခံရတယ်၊ ဆင်းရဲတယ်၊ အဲသလိုပြန်ကြည့်ရတဲ့ အခါမှာ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေရော ပြည်ပမှာရှိတဲ့ လူငယ်တွေရော လူကြီးတွေနဲ့ အတူတွဲပြီးတော့ တိုင်းပြည်ရဲ့ ပြောင်းလဲမှု တခုခု ဖြစ်လာနိုင်အောင် ကျမတို့ အကုန်လုံး ပူးပေါင်း လုပ်ဆောင်ရမှာ၊ ကချင်၊ ကရင်၊ ရှမ်းဖြစ်ဖြစ် အားလုံးပေါင်းပြီးတော့ ကျန်တဲ့လူမျိုးစု တွေနဲ့ ပေါင်းပြီးတော့ ကျမတို့လုပ်ဆောင်ရမယ်၊ စစ်အာဏာရှင်ကို အမြန်ဆုံးကျဆုံးသွားအောင် လုပ်ဆောင်ရမယ်။

ဒီအတိုင်းဆိုရင် တိုင်းပြည်က ဒီထက်ပိုပြီးတော့ပျက်စီးနိုင်တယ်၊ မျက်စိတွေ၊ နားတွေ ဖွင့်ပြီးတော့ တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာ တခုခု လုပ်ပေးပါလို့ ကျမက တောင်းဆိုချင်ပါတယ်။

မေး။ ။ နိုင်ငံတကာကလူငယ်တွေနဲ့ မြန်မာလူငယ်တွေကြားထဲမှာဘယ်လိုကွာဟ ချက်တွေရှိလဲ။

ဖြေ။ ။ ပြည်တွင်းထဲမှာရှိတဲ့ လူငယ်တွေရော တိုင်းရင်းသားနယ်မြေမှာရှိတဲ့ လူငယ်တွေရော အများအားဖြင့် သူတို့မှာ အခွင့်အရေး တွေ မရှိပါဘူး၊ ဖြစ်နိုင်တဲ့ လူငယ်တွေ အများကြီးရှိပါတယ်၊ လုပ်ချင်တဲ့ ဆန္ဒတွေရှိတယ်၊ ဒါပေမယ့် အခွင့်အရေးမရှိတော့ သူတို့ဘာမှ သိပ်မလုပ်နိုင်ဘူး၊ တချို့ဆိုရင် ဒုက္ခသည် စခန်းမှာမွေးပြီးတော့ ကြီးလာတယ်၊ ကြီးလာလည်း ဒုက္ခသည်စခန်းမှာ နှစ် ၂၀ ကျော်လောက်ရှိပြီ ရှေ့ရေးအတွက် သူတို့ ဘာလုပ်ရမယ်ဆိုတာလည်း မသိဘူး၊ ကျမတို့တိုင်းပြည်က လူငယ်တွေအတွက် အခွင့်အရေး သိပ်မရှိပေမယ့် ကြိုးစားတဲ့သူတွေအတွက်အောင်မြင်မှုရနေတယ်ဆိုတာကို မြင်ရတယ်။

မေး။ ။ အာဖရိကတိုက် တန်ဇန်းနီးယားနိုင်ငံမှာ ဆုရတဲ့သူတွေအားလုံး မေလ ပထမ အပတ်မှာ ဆုံရင်ဘာပြောဖို့ စီစဉ်ထားပါ သလဲ။

ဖြေ။ ။ အဓိက ကျမ ပြောချင်တာကတော့ အခု မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမှာ တက်ရောက်လာမယ့်သူတွေ၊ ခေါင်းဆောင်တွေက မြန်မာပြည်အကြောင်းကို သိပ်ပြီးတော့ သိကြမှာ မဟုတ်ဘူး။

မေး။ ။ အနာဂတ်မှာ ဘာတွေလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။ ။ ပထမပိုင်းက မြန်မာပြည်လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး တို့အတွက် Burma Campaign UK ကနေ နိုင်ငံတကာ လှုပ်ရှားမှုတွေ လုပ်မှာပါ။

ဒုတိယပိုင်းကတော့ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်တယ်။ ကျမ အဖေ၊ အမေအတွက် ကျမတို့ ညီအစ်ကို မောင်နှမတွေ ထူထောင်ထားတဲ့ ဖန်း ဖောင်ဒေးရှင်း ဆိုတဲ့ လူမှုရေးအသင်းကို ကျမတို့က ကရင်ပြည်နယ်မှာ လောလောဆယ် လုပ်ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး နဲ့ ပညာရေးအတွက် လုပ်ပေးဖို့၊ ပြီးတော့ ကရင်တိုင်းရင်းသားတို့ရဲ့ ယဉ်ကျေးမှုကို ပြန်လည် ထိန်းသိမ်း မြှင့်တင်နိုင်ဖို့ ရှိသလို ရှေ့ဆက်ပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်။ ပြီးတော့ တဆက်တည်းမှာပဲ ဗြိတိန်မှာ ရောက်နေတဲ့ ကရင် ဒုက္ခသည် ၅၀၀ ၀န်းကျင်အတွက် ကျမက ဗြိတိန်မှာ ရှိတဲ့ Karen Community Association ဆိုတဲ့ ကရင်အဖွဲ့အစည်းကနေ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ရှိပါတယ်။ အဲဒါကတော့ ကျမရဲ့အခြေခံ အလုပ်အကိုင်တွေပေါ့နော်။

မြန်မာပြည်မှာ လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဥရောပနိုင်ငံတွေက အသိအမှတ် မပြုဖို့၊ မထောက်ခံဖို့ ကျမတို့ ရှေ့ဆက်ပြီး တော့ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။ ဥရောပသမဂ္ဂကနေ စစ်အာဏာရှင်တွေကို ဒီထက်ပိုပြီး ပိတ်ဆို့မှုတွေ လုပ်နိုင်ဖို့ တောင်း ဆိုတယ်။ ပြီးတော့ တဆက်တည်းမှာပဲ နိုင်ငံတကာက မြန်မာစစ်အစိုးရကို လက်နက်ရောင်းချပေးတာတွေကို ရပ်ဆိုင်းဖို့၊ ပြည်တွင်းမှာ ရှိတဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီပေးဖို့အတွက် ကျမတို့က ဗြိတိန် အစိုးရကို တောင်းဆိုတယ်။ ပြီးတော့ ဥရောပကော်မရှင်ကိုလည်း တောင်းဆိုတယ်၊ လှုပ်ရှားမှုတွေ ဆက်လုပ်မယ်။

ပြီးတော့ ကျမတို့ လှုပ်ရှားမှုနောက်တခုက ကမ္ဘာ့ကုလသမဂ္ဂကနေ တဆင့် ကော်မရှင်တခုကို ဖွဲ့ပြီးတော့ မြန်မာစစ်အစိုးရကို ထိရောက်တဲ့ အရေးယူမှု လုပ်ဖို့ တောင်းဆိုတယ်။ အဲဒါကတော့ Crime against Humanity (လူသားတွေအပေါ် ရာဇ၀တ်မှု ကျူးလွန်တာကို ဆန့်ကျင်တဲ့) အဖွဲ့ ပေါ့။ ။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...