Saturday, October 3, 2009

သီတင်းကျွတ် လပြည့်ည

သီတင်းကျွတ် လပြည့်ည




Photobucket

မှတ်ချက် ။ ။ ပေးပို့သူ >>> ညီငယ် CO 2 အား အထူးကျေးဇူးတင်ရှိပါ၏...

အပြည့်အစုံ ဖတ်ရန် ...

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု
သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

NEJ / ၃ အောက်တိုဘာ ၂၀၀၉


ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သိမ်တသိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော်တပါးကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။

“အခုသပိတ်က တတိယအကြိမ် သပိတ်ဖြစ်ပါတယ်။ တကယ်သပိတ်ရဲ့ အောင်မြင်ခြင်းကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေကတည်းက ဒါတကယ့်ကို အောင်မြင်ပြီးသားပါ။ အဲဒီသပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေးပါဘူး။ ပထမနဲ့ ဒုတိယအကြိမ်တွေမှာ မှောက်ထားတဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွားစေဖို့၊ အားလုံးကလည်း ဒီသပိတ်မလှန်ရသေးဘူးဆိုတာ သိသွားစေဖို့၊ ဆက်ပြီးအောင်အောင်မြင်မြင် ပြုလုပ်နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။

ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, October 2, 2009

ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို

ရွေးကောက်ပွဲဝင်မယ်ဆို လမ်းခွဲကကြို


ရဲဘော်ဖိုးသံချောင်း
၂ အောက်တိုဘာ ၂၀၀၉


ဗမာပြည်က မီဒီယာတွေကို ဖတ်ကြည့်တဲ့အခါ ဗမာပြည်နိုင်ငံရေးမှာ ရှုပ်ထွေးစရာတွေပေါ်လာမယ့် လက္ခဏာတွေ တော်တော်တွေ့လာနေရပါတယ်။ ဒီကြားထဲ အမေရိကန်နိုင်ငံက ပေါ်လစီပြောင်းမယ်ဆိုတဲ့ သတင်းကလည်းရှိနေတော့ မကြာခင်မှာ အသံတွေပိုစီညံလာဦးမှာ သေချာနေပါတယ်။

ဒါပေမယ့် ဘယ်လိုလေသံတွေပဲဖြစ်နေနေ၊ အဆုံးမှာသတ္တုချလိုက်ရင်တော့ ပြောဆိုနေကြတာဟာ နအဖက ကျင်းပမယ့် လာမယ့် ရွေးကောက်ပွဲကို ၀င်မလား၊ မ၀င်ဘူးလားဆိုတဲ့နှစ်ခုပါပဲ။ ကြားမရှိဘူးလို့တောင် ပြောရင်ရပါတယ်။

ဒီရွေးကောက်ပွဲကိုဝင်ဖို့ တိုက်တွန်းသူတွေထဲမှာ ကိုယ်တိုင်ဝင်မယ့်လူလည်းရှိ၊ ကိုယ်တိုင်မ၀င်ဘဲ ဟောပြောတရားချတာ သက်သက်လုပ်နေသူတွေလည်းရှိ၊ လူအမျိုးအမျိုးပဲဆိုတာ တွေ့ရမှာပါ။ ဒီအထဲက တချို့ကဆိုရင် အိုဘားမားနဲ့ ဒေါ်ကလင်တန်တောင်မှ သူတို့ရဲ့နောက်ကို လိုက်လာတယ်လို့ ပြောချင်ဟန်ရှိပါတယ်။

ဒီလိုရွေးကောက်ပွဲအတွက် တောခြောက်ပေး၊ ဘေးတီးပေးသူတွေအထဲမှာ တချို့က ဒီလိုလုပ်တာဟာ သူတို့ ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး၊ သူတို့ကိုယ်တိုင်လည်း ဒီရွေးကောက်ပွဲကိုမ၀င်ပါဘူးလို့ ဆိုကြပါတယ်။ ဟုတ်ပါတယ်။ သူတို့ရဲ့အသက်အရွယ်အရ ဖြစ်စေ၊ သူတို့ရဲ့သုညနားကပ်နေတဲ့ နိုင်ငံရေးဂုဏ်သိက္ခာအရပဲဖြစ်စေ၊ သူတို့ဟာ ရွေးကောက်ပွဲကို ၀င်ချင်လို့လည်း ၀င်လို့မရပါဘူး။ သူတို့ဟာ ဒီနေ့ နအဖရဲ့ အဓိကရန်ဘက်စာရင်းမှာပါနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကပ စတာတွေထဲမှာ ပါဖူးပါတယ်။ လက်နက်လည်းချဖူးကြပါတယ်။ ဒီတော့ “တခါလက်နက်ချဖူးရင် အကြိမ်ကြိမ်လက်နက်ချနေရတယ်” ဆိုတဲ့ လက်နက်ချတို့ရဲ့ အစဉ်အလာအတိုင်း မသေမချင်း တိုင်းပြည်မှာအရေးကြီးတဲ့ ကိစ္စပေါ်လာတိုင်း စစ်အုပ်စုက လိုအပ်တယ်ဆိုရင် ထောက်ခံစာတွေ ရေးပေးနေရတာပါပဲ။ သူတို့ကိုယ်တိုင်ကတော့ လူထုအပေါ်ဘာသြဇာမှမရှိတော့ပါဘူး။ ဒါပေမယ့် သူတို့က အင်္ဂလိပ်စကားလုံးတွေနဲ့ သဘောတရားတွေထုတ်တတ်တော့ နအဖကိုလည်းဖားချင်၊ ဘာသဘောတရားအကြောင်းပြချက်နဲ့ ဖားရမှန်းမသိဖြစ်နေသူတွေအတွက် အထောက်အကူ ဖြစ်စေပါတယ်။ နောက်ပြီး နအဖကိုဖားချင်လို့ဖြစ်စေ၊ ပညာတတ်ဂိုက်ဖမ်းချင်လို့ဖြစ်စေ သူတို့ရေးတာတွေကို ဖော်ပြပေးနေတဲ့ မီဒီယာတွေလည်း ရှိနေပါတယ်။ ဒါကြောင့် သူတို့ရေးတာ၊ ပြောတာတွေဟာ တချို့လူတွေအတွက်တော့ အသုံး ၀င်တန်ဖိုးရှိတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။ ပြည်တွင်းက မြို့ပေါ်မှာနေသူတွေဆိုတော့ သူတို့ဟာ သူတို့နဲ့ပြိုင်ငြင်းလို့ မရမှန်းသိထားတဲ့အတိုင်း လူတကာကိုတိုက်ခိုက်တာ ဆွတာတွေလုပ်ကြပါတယ်။ တခါတလေမှာ သက်တော်ရှည် ဆရာ ဒဂုံတာရာကို သေဖော်ညှိတာလည်း လုပ်ကြပါတယ်။ ဆရာ့ခမျာ ဒင်းတို့မို့ပေကိုးဆိုပြီး မသိဟန်ဘဲ ဆောင်နေရဟန် တူပါတယ်။ ဒါပေမယ့် သူတို့ခမျာ ဖားသာဖားရ မျက်မာန်ရှမှာကိုတော့ ကြောက်နေရတဲ့ လက္ခဏာတွေလည်း မြင်နေရပါတယ်။

နောက်တမျိုးက စီးပွားရေးလုပ်ငန်းရှင်၊ ပညာတတ်လို့ ဆိုရမယ့်သူတွေဖြစ်ပါတယ်။ သူတို့က မဝေးလှတဲ့ ကုန်လွန် လေပြီးတဲ့သမိုင်းမှာ ဗိုလ်ခင်ညွန့်နဲ့နီးစပ်၊ ပတ်သက်ဖူးတယ်လို့ နားလည်ရပါတယ်။ သူတို့က ငွေကြေးတတ်နိုင်တော့ ကိုယ်ပိုင်မီဒီယာလည်းရှိတယ်၊ ပြည်ပအဆက်အသွယ်တွေလည်း ရှိပါတယ်။ ကမ္ဘာအနှံ့ရှိ ရှုပ်ထွေးလှတဲ့ အန်ဂျီအိုကွန် ရက်တွေနဲ့လည်း ပတ်သက်နေကြပါတယ်။ သူတို့က ရွေးကောက်ပွဲကို ၀င်မယ့်လက္ခဏာတွေဖော်ပြနေပါတယ်။ ဒါပေမယ့် ငွေကြေးရှင်လည်းဖြစ်၊ ပညာတတ်လည်းဖြစ်ဆိုတော့ သူများလိုပြာပြာသလဲမဖြစ်၊ တည်တည်ငြိမ်ငြိမ်နဲ့ပြောနိုင်၊ လှုပ်ရှား နိုင်ကြပါတယ်။ သူတို့မှာက နအဖစစ်အုပ်စုထဲက ဘယ်ထိပ်သီးနဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အရည်အသွေးမျိုးတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲနဲ့ သူတို့ရဲ့စီးပွားရေးတိုးချဲ့မှုဟာ ကင်းမှကင်းရဲ့လားလို့ တချို့က တွေး နေကြပါတယ်။ သူတို့ပြောတဲ့ သဘောတရားတွေမှာ နားယောင်စရာ ရှိကောင်းရှိနိုင်ပေမယ့် သူတို့ဘာကြောင့် ဒီရွေးကောက် ပွဲကို ထောက်ခံပါဝင်ချင်ကြတယ် ဆိုတာကတော့ ရှင်းနေတယ်လို့ ထင်ပါတယ်။

ဒီလိုအမျိုးအစားတွေခွဲပြောပြီဆိုရင် တစညလို တပ်မတော်အရာရှိဟောင်းများကိုလည်း ချန်ထားလို့မဖြစ်ပါဘူး။ သူတို့ကိုချန်လှပ်လို့မရပေမယ့် သူတို့ရဲ့တွေးခေါ်နည်း၊ ပြောကြားချက်စတာတွေကတော့ လူတိုင်းအဖို့ဘာမှမဆန်း၊ ရှုပ်ထွေး စရာလည်းမရှိတာမို့ ဒီဆောင်းပါးထဲမှာ ချန်လှပ်ထားခဲ့ပါမယ်။ တစညပဲ၊ ဒီလိုပဲ ပြောတော့မပေါ့လို့သာ မှတ်ထားလိုက်ကြပါစို့။

ဒါ့အပြင် နောက်တမျိုးကတော့ လူသစ်တန်းလို့ပြောရင် ရမလားပါပဲ၊ သူတို့က ပိုခြေသွက်ပါတယ်။ ပိုပြီးမျက်နှာပြောင်တယ်လို့ ပြောရင်တောင်ရမလားပါပဲ။ တကယ်က သူတို့ထဲက တချို့ဟာ ရှစ်လေးလုံးအရေးတော်ပုံတုန်းက အဖွဲ့အစည်းတချို့မှာ တတိယတန်းခေါင်းဆောင်လောက်လုပ်ဖူးပြီး အခြေအနေဆိုးလာတော့ ထိုင်သွား၊ ငုပ်သွားသူတွေ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ရှစ်လေးလုံးခေါင်းဆောင်တွေအပေါ် အာဃာတတွေထားကြောင်း ဖော်ပြတာလည်း တခါတရံမှာ တွေ့ရပါတယ်။ ဒီအမျိုးအစားထဲမှာ သတိမပြုဘဲမနေနိုင်တဲ့ ဒွေးရောယှက်တင်ဖြစ်နေသူတွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ကြံ့ဖွံ့လိုဟာ၊ သတင်းပေးလိုဟာတွေပါ ရောပါနေတာဖြစ်ပါတယ်။ အခုဖော်ပြခဲ့သူ အားလုံးထဲမှာ သူတို့ဟာ အပြတ်သားဆုံးလို့ တောင်ဆိုနိုင်ပါတယ်။ သူတို့က ဘာမှမကြောက်ဘူး ဆိုတာမျိုးလည်း ကြုံတိုင်းလိုလို ဖော်ပြကြပါတယ်။ အင်တာနက်မှာလည်းကျက်စား၊ သူတို့ရဲ့ဖုန်းနံပါတ်တွေကိုကြေညာ၊ ကိုယ့်ကိုယ်ကိုယ် အပြတ်ကြော်ငြာနေကြပါတယ်။ ဒါ့အပြင်သူတို့က ပြည်ပမီဒီယာတွေထဲမှာ “စိမ်ခေါ်လို့ကတော့ တိမ်ပေါ်ကိုတောင်တက်ထိုးမယ်” ဆိုတာမျိုးကိုလည်း ပြောကြပါတယ်။ သူတို့ဦးတည်တာက နအဖဆန့်ကျင်သူ အားလုံးကို ဖြစ်ပါတယ်။ ဒီလိုအခါမှာ သူတို့ကို နအဖက လိုလားဟန်လည်းဖော်ပြနေတော့ သူတို့က ပိုကမ်းတက်တယ်လို့ ပြောနိုင်ပါတယ်။

ဒီ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလနဲ့ ပတ်သက်လို့ ပြည်ပမှာ ဖော်ပြချက်တွေလည်း တိုးတိုးတဖုံ၊ ဗြောင်တမျိုး အမျိုးမျိုးပေါ်လာနေပါတယ်။ တချို့ကဆိုရင် “မောင်မောင်အခေါ်” စောင့်နေကြတာပါ။ ကြိုပြီး တိတ်တဆိတ် ဖျာခင်းတာတွေ လုပ်တယ်လို့လည်း ကြားနေရပါတယ်။ သူတို့က နိုင်ငံခြားပညာရှင်ကြီးတွေရဲ့အဆိုအမိန့်တွေကို ကိုးကားပြီး ဗမာပြည်နိုင်ငံရေးကို ချဉ်းကပ်ပါတယ်။ ဒါပေမယ့် မရဲတရဲနဲ့ အချိန်မရွေးပြန်ဆုတ်လို့ရအောင် ပြောဆိုပြင်ဆင်နေကြတာလည်း သတိထားမိပါတယ်။ ကြည့်ရတာ သူတို့ဟာ နအဖရဲ့ကြိုးကိုင်ဒီမိုကရေစီရဲ့အရသာကို မြည်းစမ်းချင်ကြတဲ့ သဘောပါပဲ။ ကြိုးကိုင်ညင်သာရင် ပြည်တွင်းကကွင်းမှာကစားမယ်၊ ကြိုးကိုင်ကြမ်းရင်တော့ ပြည်ပမှာပဲနေမယ်ဆိုတဲ့ သဘောပါပဲ။ သူတို့အနေနဲ့ အန်အယ်လ်ဒီကို အပြစ်တင်တာဟာ မလုပ်မဖြစ်လုပ်ရတဲ့ ကြိုတင်လမ်းခင်းခြင်းလို့ဆိုရင် မမှားပါဘူး။
ဒီလိုလူမျိုးတွေ၊ ဒီလိုအစိုးရနဲ့ ဒီလိုရွေးကောက်ပွဲမျိုးကို ကြည့်ရတာ ပျော်စရာတော့ အကောင်းသားလို့ပဲ အောက်မေ့ရပါတယ်။ ဇာတ်က ဘုန်းကြီးရူးနဲ့လှေလူးထက် ပိုပြီးဟာသမြောက်မှာပါ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မနက်ဖြန် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်

မနက်ဖြန် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်မည်

မင်းနိုင်သူ / ၂ အောက်တိုဘာ ၂၀၀၉


သံဃာတော်များ၏ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲကို မနက်ဖြန်တွင် ပြည်တွင်း၌ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သံဃာ့အဖွဲ့ချုပ်က မိန့်ဆိုလိုက်သည်။

“ဦးဇင်းတို့ မြို့(၉) မြို့မှာ ကံဆောင်ပွဲလုပ်ပါမယ်။ လုပ်ဆောင်ရမယ့် သိမ်တွေကို ရွေးချယ်ပြီးပါပြီ။ သိမ်တခုမှာ အနည်းဆုံး သံဃာ (၉) ပါးနဲ့ ကံဆောင်ကြဖို့ စီစဉ်ထားတယ်” ဟု သံဃာ့အဖွဲ့ချုပ်မှ အရှင်ပါရမီခန္တီက မိန့်ဆိုသည်။

မည်သည့်မြို့တို့တွင် စီစဉ်ထားသည်ကိုမူ လုံခြုံရေးအခြေအနေအရ ထုတ်ဖော်ခြင်း မပြုနိုင်သေးဟုလည်း ၎င်းကမိန့်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုအဖွဲ့က မြန်မာတနိုင်ငံလုံးမှ သံဃာတော်များ အောက်တိုဘာလ (၃) ရက် သီတင်းကျွတ်လပြည့်နေ့မှစ၍ တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်ကြရန် နှိုးဆော်ထားသည်။

ယင်းသို့ နှိုးဆော်လျှောက်ထားချက် ထုတ်ပြန်ခဲ့ပြီးနောက် နအဖစစ်အစိုးရက သံဃာတော်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်သတင်းယူမှု ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့ ရွှေစေတီကျောင်းတိုက်မှ လက်ထောက်ဆရာတော် ဦးဝါယမကို နအဖစစ်အစိုးရက သြဂုတ် (၂၇) ရက်တွင် ဖမ်းဆီးခဲ့ပြီး ရန်ကုန် ငါးထပ်ကြီးဘုရားမှ ဆရာတော်အရှင်ဃောသိတကိုလည်း ထိုင်ဝမ်နိုင်ငံမှ ပြန်လာစဉ် လေဆိပ်၌ပင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ဆရာတော်များအပါအ၀င် လွန်ခဲ့သောလပိုင်းအတွင်း ခေါ်ယူစစ်မေးခံရသော သံဃာတော် (၁၀) ပါးခန့် ရှိနေပြီဖြစ်သော်လည်း ကံဆောင်ပွဲကို ဖြစ်မြောက်အောင် ကျင်းပမည်ဖြစ်ကြောင်း အရှင်ပါရမီခန္တီက မိန့်သည်။

၎င်းက “ကံဆောင်ပွဲကို မနက်ဖြန် မွန်းလွဲ (၃) နာရီမှာ စကြမယ်။ လုံခြုံရေးတွေက အများကြီးရှိနေတော့ တပြည်လုံး အတိုင်းအတာထိတော့ မဖြစ်နိုင်သေးဘူးပေါ့။ လူထုက ကံဆောင်သပိတ်ကို မနက်ဖြန်လုပ်ပြီး ပြီးသွားမယ် ထင်နေကြမယ်။ အဲလိုမဟုတ်ဘူး။ မနက်ဖြန်ကစလို့ စစ်အစိုးရက သံဃာတော်တွေကို ၀န်ချတောင်းပန်သည်အထိ နောက်ဆုံး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီး ဖြစ်လာရေးအထိ ဦးဇင်းတို့ လုပ်ဆောင်သွားကြမှာပါ။ လူတိုင်းလူတိုင်း အမှန်တရားဘက်က ရပ်တည်ပြီး ၀န်းရံပေးကြဖို့ လိုပါတယ်” ဟု ဆက်လက်မိန့်ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာ (၅) ရက်နေ့တွင် ပခုက္ကူမှ သံဃာ (၅၀၀) ကျော်က ကုန်ဈေးနှုန်းကျဆင်းရေး၊ တိုင်းပြည်အေးချမ်းရေး တို့အတွက် မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့ရာ နအဖစစ်အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး သံဃာ (၃) ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက်နှက်ခဲ့သောကြောင့် သံဃာတော်များက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြသည်။

ထိုကဲ့သို့ ကံဆောင်မှုကို နအဖစစ်အစိုးရက တောင်းပန်မှုမပြုဘဲ ငြိမ်းချမ်းစွာ မေတ္တာပို့သ ဆန္ဒပြကြသော သံဃာနှင့်လူထုကို ၂၀၀၇ စက်တင်ဘာတွင် ပစ်ခတ်နှိမ်နင်းသတ်ဖြတ်ခဲ့ပြီး သံဃာနှင့် သီလရှင်များကို ဖမ်းဆီးတရားစွဲကာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ

ဒေါ်အောင်ဆန်းစုကြည် အယူခံ ငြင်းပယ်ခံရ


Friday, 02 October 2009 18:39 ကိုထွေး


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ်လိုက်ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

ယင်းအယူခံကို ယနေ့ နံနက် ၁၀ နာရီမှ စတင်ကြားနာခဲ့ပြီး ၁၁ နာရီကျော်တွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။



“အယူခံကို ပယ်တယ်၊ ဗဟို တရားရုံးမှာ ပြင်ဆင်မှုသွင်းမယ်၊ ပြင်ဆင်မှုသွင်းဖို့ စာရွက်စာတမ်းတွေကို မိတ္တူ ကူးနေတယ်၊ အမြန်ဆုံး ကျနော်တို့ လုပ်နေပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းကလည်း“ ရက်ပေါင်း ၆၀ အတွင်းမှာ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုကို တင်ရမယ်၊ ဟိုတုန်းကတော့ လွတ်လွတ် လပ်လပ် တရားစီရင်နိုင်တယ်၊ အခု တရားရုံးကတော့ မလွတ်လပ်ဘူးလို့ မြင်နိုင်ထင်နိုင်တယ်၊ ရှေ့နေတွေမှာ မျှော်လင့်ချက် ရှိတယ်” ဟုဆိုသည်။

အယူခံလွှာတွင် ဥပဒေကြောင်းဆိုင်ရာ အချက် ၁၁ ချက်ပါဝင်ပြီး၊ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေဆိုင်ရာ နှင့် ဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ပါဝင်သည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အယူခံကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့ တွင် လက်ခံခဲ့ပြီး လျှောက်လဲချက် ကြားနာရန် အောက်တိုဘာလ ၂ရက်နေ့တွင် ရုံးချိန်းပေးထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သြဂုတ်လ ၁၁ရက်နေ့တွင် တိုင်းတရားရုံးက နေအိမ် အကျယ်ချုပ် ၁နှစ်ခွဲ ချမှတ်ခဲ့သည့် အပေါ် ယခုကဲ့သို့ အယူခံဝင်ခြင်း ဖြစ်သည်။

အဆိုပါ အယူခံ ကြားနာရာသို့ အာဏာပိုင်များက ဒေါ်အောင်ဆန်း စုကြည်အား ကိုယ်တိုင် တက်ရောက်ခွင့် မပြုခဲ့ပေ။

ယနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် ဒေါက်တာ တင်မျိုးဝင်းကို အာဏာပိုင်များက ထပ်မံခွင့်ပြုလိုက်သည်ဟု ကြားသိရကြောင်း သို့သော်လည်း အတည်မပြု နိုင်သေးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က ဒေါက်တာတင်မျိုးဝင်း သွားရောက် စစ်ဆေးစဉ်ကမူ ဒေါ်အောင်ဆန်းစုကြည် သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိသော်လည်း သွေးပေါင် အနည်းငယ် ကျနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလအတွင်း ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံ သား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင်တရားစွဲခံခဲ့ရခြင်းဖြစ်သည်။

ထိုအမှုတွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ကျခံရမည့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ စီရင်ချက် ချမှတ်ခံခဲ့ရသည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းအရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက်လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ် သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

တရုတ်မြန်မာဆက်ဆံရေး ရှေ့အလားအလာ

တရုတ်မြန်မာဆက်ဆံရေး ရှေ့အလားအလာ

2009-10-01 (RFA )

အမေရိကန်အစိုးရနဲ့ မြန်မာစစ်အစိုးရကြား ဆက်ဆံရေး နီနီးကပ်ကပ် ရှိလာနေချိန် အတွင်း တဖက်မှာ တရုတ်နဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး အနေအထားက အေးစက်စက် ဖြစ်လာနေပုံ ပေါ်တယ်ဆိုတဲ့ အပြောအဆိုတွေ ကြားလာရပါတယ်။

မြန်မာခေါင်းဆောင်တဦး လာရောက်စဉ်အတွင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ တိန်အန်မင်ရင်ပြင် ပြည်သူ့ခန်းမကြီးရှေ့တွင် တရုတ်နှင့် မြန်မာအလံများ လွှင့်ထူထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

တရုတ် မြန်မာနှစ်နိုင်ငံ လတ်တလော ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသူတွေရဲ့ အမြင်တွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြ ထားပါတယ်။

စုစည်းတင်ပြချက် အပြည့်အစုံအား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 1, 2009

ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်

ဗကသ က အဝါရောင် လှုပ်ရှားမှု စတင်

ဖနိဒါ
ကြာသပတေးနေ့၊ အောက်တိုဘာလ 01 ရက် 2009 ခုနှစ် 20 နာရီ 04 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို လှုံ့ဆော်သောအားဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က အဝါရောင်လှုပ်ရှားမှုတခု ယနေ့ ပြုလုပ်လိုက်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောသည်။

ဗကသ ဦးဆောင်မှု အောက်ရှိ ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂက ရန်ကုန်မြို့မှ ဗိုလ်ချုပ်ဈေး၊ သီရိမင်္ဂလာဈေး၊ တာမွေဈေး၊ တောင်ဥက္ကလာဈေး၊ မြောက်ဥက္ကလာဈေးစသည့် လူစည်ကားရာ နေရာများတွင် အဝါရောင် တီရှပ်အင်္ကျီ များ ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

“ရွှေဝါရောင် နှစ်ပတ်လည်နေ့မှာ သံဃာတွေနဲ့အတူ တသွေးတသားထဲ ရှိတယ်ဆိုတာကို ပြတာပါ။ ကျနော်တို့က လပြည့်နေ့အတွက် ကုသိုလ် ယူတာပါလို့ ပြောပြီးတော့ ဈေးထဲသွားဝေပြီး အမြန်ပြန်ထွက်လာလိုက်တယ်။ တီရှပ် အဝါရောင် ဗြောင်ပဲ။ အားလုံး ၂၀၀ လောက် ဝေလို့ရတယ်” ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုမင်းသွေးသစ်က မဇ္ဈိမကို ပြောသည်။

အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်လွှတ်ပေးရန်၊ ၂၀၀၇ ခုနှစ် စက်တင်ဘာ မေတ္တာပို့ ဆုတောင်းပွဲ၌ သံဃာတော်များအား ဖမ်းဆီးသတ်ဖြတ်ထားမှုအတွက် ယခုလ ၂ ရက်နေ့ နောက်ဆုံးထား တောင်းပန်ရန် နအဖ စစ်အစိုးရအား သတိပေးသည့် မြန်မာနိုင်ငံ သံဃာ့ တပ်ပေါင်းစုအဖွဲ့၏ ယခင်လ ထုတ်ပြန်ချက်အား ထောက်ခံသည့် လှုပ်ရှားမှုတခုလည်း ဖြစ်ကြောင်း သိရသည်။

သံဃာတော်များ၏ ထုတ်ပြန်ချက်၌ အကယ်၍ နအဖ စစ်အစိုးရက သတိပေးချက်ကို မလိုက်နာပါက ယခုလ ၃ ရက်နေ့တွင် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှု အရေးတော်ပုံ၌ ကျဆုံးသွားသော အာဇာနည်များကို ရည်စူး၍ ၁၉၉၀ ခုနှစ်တွင် မန္တလေးမြို့၌ လှူဒါန်းသော သံဃာ့ဒါန ဆွမ်းလောင်းပွဲကို စစ်အစိုးရ တပ်ဖွဲ့များက ပစ်ခတ်ဖြိုခွင်းရာတွင် သံဃာတော်များ ပျံလွန်တော်မူခဲ့သဖြင့် ပထမအကြိမ် သပိတ်ဆင်နွှဲ ခဲ့သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပခုက္ကူမြို့ သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်သည်ကို နအဖ စစ်တပ်က ဖမ်းဆီးခြင်း၊ ဓာတ်တိုင်တွင် ကြိုးနှင့်တုပ်၍ သေနတ်ဒင်ဖြင့် ထုခြင်း၊ စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းဖြင့် စော်ကားခဲ့သောကြောင့် ဒုတိယအကြိမ် သပိတ်မှောက် ကံဆောင် ခဲ့ကြသည်။

လာမည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုကို အောင်မြင်စွာ လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ ပြောခွင့်ရသူ ဦးဓမ္မဝံသက မိန့်ကြားသည်။

“ကံမြောက်မှာပါ။ ၃ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့မှာ ဦးဇင်းတို့က သိမ်တခုထဲမှာ သွားပြီးတော့ ကမ္မဝါစာ ပြုတဲ့အချိန်မှာ သံဃာတွေက သမဂ္ဂီဖြစ်နေတာ။ အားလုံးက စုစုစည်းစည်း၊ ညီညီညွတ်ညွတ်နဲ့ ဖြစ်နေချိန်မှာ ကမ္မဝါ ညှပ်တယ်ဆိုတော့ ကံမြောက်နိုင်တယ်။ လူတွေ ထင်နေတာက အရင်စက်တင်ဘာလို လုပ်မယ်လို့ ထင်နေကြတယ်။ အဲဒီပုံစံတော့ မဟုတ်ဘူး” ဟု ဦးဓမ္မဝံသက မဇ္ဈိမကို မိန့်သည်။

သံဃာတော် အနည်းဆုံး ၄ ပါးခန့်က သိမ်ကျောင်းဆောင်အတွင်း၌ ကမ္မဝါ စာရွတ်ဆိုပြီး တမ္ဘာလုံးရှိ သံဃာတော်များ အား အကြောင်းကြား လိုက်လျှင် သံဃာများက ပြုသည့်ကံ ဖြစ်သောကြောင့် သံဃာမှန်သမျှ လေးစားလိုက်နာ ရကြောင်းနှင့် မလိုက်နာပါက သံဃာဝိနည်း၊ မြတ်စွာဘုရား၏ ဝိနည်းတော်ကို ချိုးဖောက်ရာကျကြောင်း သံဃာတော်များက မိန့်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့လမ်းလျှောက်ပွဲ နှစ်ပတ်လည် ကာလတွင် သံဃာတော် များ၏ လှုပ်ရှားမှုများကို တားဆီးနိုင်ရန် စစ်အစိုးရက ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်နေသည်။

ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃၀ ကျော်အား ဖမ်းဆီးခဲ့ရာ ထိုအထဲတွင် သံဃာတော် ၁၄ ပါး ပါဝင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) က ပြောဆိုသည်။

ယမန်နေ့ကလည်း ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ် ထန်းတောကျေးရွာမှ သက်တော် ၅၀ နှစ် အရွယ်များ ဖြစ်ကြသည့် ဇေယျသီရိန် ကျောင်းထိုင်ဆရာတော် ဦးမုနိန္ဒနှင့် ဇေယျာသိမ် ကျောင်းတိုက်မှ ဦးဇင်း ဦးအဂ္ဂတို့အား မြို့နယ်ကောင်စီ မယက ဥက္ကဋ္ဌ အပါအဝင် အထူးရဲ သတင်းတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ဟု ထန်းတောကျေးရွာ ဒေသခံတဦးက ပြောသည်။

“နှစ်ပါးစလုံးကို ကမ္ဘာအေး ဘုရားမှာ ထားတယ်လို့ ပြောတယ်။ ဒီနေ့ ကွမ်းခြံကုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးကို အရှင်ဦးအဂ္ဂက ဖုန်းဆက်လာတယ်လို့ ပြောတယ်။ ပြန်လွတ်လာ မလားတော့ မသိသေးဘူး” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။

အဆိုပါ သံဃာတော် နှစ်ပါးသည် မန္တလေးမြို့စာသင်တိုက်များတွင် ဘာသာရေးဆိုင်ရာ ဆည်းပူး ခဲ့ဖူးသူများဖြစ်ပြီး ၂၀၀၇ စက်တင်ဘာလအတွင်း သံဃာတော်များ မေတ္တာပို့ ဆုတောင်းရာတွင် ပါဝင်ခဲ့ကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ သံဃာတပါးက မိန့်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရကို အရေးယူဖို့ ကနေဒါ အမတ်တွေ တိုက်တွန်း

စစ်အစိုးရကို အရေးယူဖို့ ကနေဒါ အမတ်တွေ တိုက်တွန်း

2009-10-01 (RFA)

ကနေဒါနိုင်ငံက လွှတ်တော်အမတ် ၇ဝ ကျော်က မြန်မာ စစ်အစိုးရဟာ မြန်မာပြည်သူတွေအပေါ် လူသားထုအပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန်ခဲ့တဲ့အတွက် အထူးစုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ်ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

စစ်တပ်က အဓမ္မ ပေါ်တာဆွဲပြီး အထုပ်အပိုးများ ထမ်းခိုင်းသော ကရင် ရွာသူရွာသားများကို တိတ်တဆိတ် ချောင်းမြောင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

ခုလိုတောင်းဆိုတာနဲ့ပတ်သက်ပြီး သတင်းစာရှင်းပွဲကို မနေ့က ကနေဒါနိုင်ငံ အော်တဝါးမြို့ ပါလီမန် အဆောက်အအုံမှာ ပြုလုပ်ခဲ့ပါတယ်။

ကုလသမဂ္ဂကို တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး မြန်မာ့မိတ်ဆွေ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ဥက္ကဋ္ဌ ကနေဒါ ပါလီမန်က လွှတ်တော်အမတ်တဦးဖြစ်သူ Mr. Larry Bagnell က ကုလသမဂ္ဂကို အထူးစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ တောင်းဆိုတာမှာ ကနေဒါလွှတ်တော်က အမတ် ၇၅ ဦး လက်မှတ်ထိုးခဲ့ကြောင်း ၊ တခြားနိုင်ငံတွေက ပါလီမန်တွေကလည်း တောင်းဆိုထားတာ ရှိပေမဲ့ ကနေဒါနိုင်ငံက ပါလီမန် အမတ်အများဆုံး လက်မှတ်ရေးထိုး တောင်းဆိုခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

သူတို့တောင်းဆိုထားတဲ့ စာမှာ မြန်မာစစ်အစိုးရဟာ တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာပေါင်း ၃ဝဝဝ ကျော်ကို ဖျက်ဆီးခဲ့သလို အသက်မပြည့်သေးတဲ့ လူငယ်များစွာကိုလည်း အဓမ္မ စစ်ထဲသွင်းခဲ့ကြောင်း၊ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတချို့မှာ စစ်အစိုးရတပ်တွေဟာ မုဒိန်းကျင့်တာကို လက်နက်သဖွယ် သုံးခဲ့တယ်လို့လည်း ရေးထားပါတယ်၊ ဒါ့အပြင် မြန်မာလူမျိုး သန်းပေါင်းများစွာကို အဓမ္မအလုပ်စေခိုင်းခြင်း နည်းတွေနဲ့ ခေတ်သစ် ကျွန်စံနစ်ကို အကောင်အထည်ဖော်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်၊ ဒါအပြင် သိန်းနဲ့ ချီတဲ့ မြန်မာနိုင်ငံသားတွေ နိုင်ငံက ထွက်ပြေးရတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။

ဒီဆောင်ရွက်ချက်တွေရဲ့ တာဝန်ရှိသူဟာ စစ်အစိုးရဖြစ်တာကြောင့် ဒီကိစ္စတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ ကနေဒါနိုင်ငံက အမတ်တွေက ကုလသမဂ္ဂကို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်

အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်

၁။ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ
(ယာယီလိပ်စာ) အမှတ် - ၈ - ရှင်စောပုဘုရားလမ်း၊ စမ်းချောင်း၊ရန်ကုန်မြို့။
၂။ အန်အယ်ဒီ ဗဟို အပါအဝင် မြို့နယ်၊တိုင်း ရုံးခွဲများ ။
၃။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီး များ ။
၎။ တပ်ရင်း တပ်ဖွဲ့များ/တိုင်း စစ်ဌာနချုပ်များ ။
၅။ ဝန်ကြီး ဌာနများ ။

ဦးဝင်းနိုင်၊ ဦးသုဝေ၊ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဦးဥာဏ်ဝင်း၊ သခင်ချန်ထွန်း တို့ပါ မကျန် စာအိပ်ပေါင်း(၇၅) အိပ် တိတိကို စာတိုက်မှတဆင့် ဝေငှ ဖြန့်ဖြူး ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။




မှတ်ချက် ။ ။ http://www.ngunngemoe.co.cc မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, September 30, 2009

မြန်မာဝန်ကြီးချုပ်က ကုလမိန့်ခွန်းကို ပြောနေကျ အတိုင်းပြော

မြန်မာဝန်ကြီးချုပ်က ကုလမိန့်ခွန်းကို ပြောနေကျ အတိုင်းပြော


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 30 ရက် 2009 ခုနှစ် 11 နာရီ 07 မိနစ်


မဇ္ဈိမသတင်းဌာန ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ယခင်ပြောနေကျ အတိုင်းပင် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်က စစ်အစိုးရ၏ ကြာရှည်စွာ စွဲကိုင်ထားသော နိုင်ငံရေးအမြင်နှင့် စစ်အစိုးရ၏ စံကျသော အတွေးအခေါ်ကို ပဲ့တင်ထပ်ကာ ဓာတ်ပြားဟောင်းကြီး အတိုင်း တိုတိုတုတ်တုတ်ပင် ပြောကြားသွားသည်။

`ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်လက်ဆောင်ရွက်နေပါတယ်။ ကျနော်တို့ အာရုံစိုက်လုပ်နေတာက တဦး တယောက်၊ တသင်းတဖွဲ့၊ ပါတီတရပ် စတဲ့ ကျဉ်းမြောင်းတဲ့ အကျိုးစီးပွားအတွက် လုပ်နေတာမဟုတ်ဘဲ တနိုင်ငံလုံးက ပြည်သူတွေရဲ့ ကျယ်ပြန့်တဲ့ အကျိုးစီးပွားအတွက် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်´ ဟု သူတို့တလျှောက်လုံး စွဲကိုင်ခဲ့သည့် စစ်တပ်၏ အကျိုးစီးပွားသည် နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တထပ်ထဲပင် ဖြစ်သည်။ နိုင်ငံတော် မပြိုကွဲရေးအတွက် အစဉ်အမြဲ စောင့်ကြပ်ကြည့်ရှုနေရမည်ဟူသော အယူအဆအတိုင်း ပြောဆိုသွားခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင် ကျင်းပခဲ့သော ဖွဲ့စည်းပုံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ ခိုင်မာတရားဝင်မှုကို သူက ထပ်လောင်းအတည်ပြု ပြောဆိုခဲ့ပြီး မဲဆန္ဒရှင် ၉၂.၄၈ ရာခိုင်နှုန်းက အတည်ပြုထောက်ခံခဲ့သည်ဟု ပြောသည်။ ဤမြန်မာကိုယ်စားလှယ်က သူတို့၏ `ဒီမိုကရေစီလမ်းပြ မြေပုံ´ အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို သံသယဖြစ်ဖွယ်မလိုအောင်ပင် ပြောဆိုသွားခဲ့သည်။ သို့သော် ယင်းလမ်းပြမြေပုံကို မြန်မာ့ဒီမိုကရေစီအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေခဲ့ကြသည်။

`ဒီမိုကရေစီကို ပြင်ပမှ သွတ်သွင်းပြဋ္ဌာန်းခြင်း မပြုနိုင်ဘဲ မြန်မာနိုင်ငံနှင့် သင့်လျော်သော ဒီမိုကရေစီစနစ်သည် မြန်မာ့လူ့အဖွဲ့အစည်း အတွင်းမှသာ ပေါ်ထွက်လာနိုင်သည်´ ဟုလည်း ဦးသိန်းစိန်က ပြောကြားခဲ့သည်။

မြန်မာဝန်ကြီးချုပ်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းသည် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် ထားရှိသော နိုင်ငံခြားရေး မူဝါဒ၏ တရားမျှတမှုမရှိခြင်းနှင့် အကြမ်းဖက်မှုပင် ဖြစ်သည်ဟု အပြင်းအထန် ထိုးနှက်တိုက်ခိုက်ခဲ့သည်။

`ပိတ်ဆို့အရေးယူမှုများကို ထင်သလို အရမ်းကာရော ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းပိတ်ဆို့အရေးယူမှု ကိုယ်တိုင်ကပင် အကြမ်းဖက်မှု ဖြစ်နေသည်။ ယင်းကို လူ့အခွင့်အရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးအတွက် လက်နက်အဖြစ် အသုံးပြုခဲ့သည်ဟု တရားဝင် ယူဆရန် မဖြစ်နိုင်ပါ´ ဟု ဝန်ကြီးချုပ်က ဒေါကြီးမောကြီး ပြောကြား သွားသည်။ ပိတ်ဆို့အရေးယူမှုများကို သမိုင်းရေးနှင့် ယဉ်ကျေးမှုရေးရာ နောက်ခံများအရ ထည့်သွင်း စဉ်းစားခြင်းမပြုဘဲ နိုင်ငံရေးနှင့် စီးပွားရေးတွင် သြဇာလွှမ်းမိုးမှုရှိစေရန် အသုံးချခဲ့ခြင်းသာဖြစ်သည်ဟု သူက ပြောသည်။

ဤသို့ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်နေမည့်အစား ဖွံ့ဖြိုးပြီးနိုင်ငံများသည် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများကို တရားဝင် တိုက်ရိုက်အကူအညီ (ODA) ကို ပိုမိုပေးအပ်သင့်သည်ဟု မြန်မာကိုယ်စားလှယ်က ပြောသွားသည်။ ဤသို့သော ချဉ်းကပ်မှုမျိုးသည် တရုတ်နိုင်ငံက မကြာသေးမီ နှစ်များအတွင်း ကျင့်သုံးခဲ့သော နိုင်ငံခြားရေးမူဝါဒ၏ အဓိကအချက် ဖြစ်သည်။ ယင်းပုံသေနည်းကို ဆန့်ကျင်သူများက လူ့အခွင့်အရေး ပြဿနာများကို လျစ်လျူရှုထားသည်ဟု ဝေဖန် ကြသည်။

အထွေထွေ ညီလာခံသို့ တက်ရောက်လာသော အခြားနိုင်ငံ အများအပြားနည်းတူပင် ကုလသမဂ္ဂကို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန်၊ ဆုံးဖြတ်ချက်ချမှတ်သည့် ဖြစ်စဉ်တွင် ပိုမို၍ ဒီမိုကရေစီရှိစေရေး ရည်ရွယ်ချက်ထားရှိရန် ဦးသိန်းစိန်က ပြောဆိုသွားသည်။

သို့သော် မြန်မာကိုယ်စားလှယ်က မကြာသေးခင်က ကျင်းပပြီးစီးသွားသော လုံခြုံရေးကောင်စီ ထိပ်သီးအစည်းအဝေး ကို သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သော အမေရိကန်သမ္မတ အိုဘားမားကိုမူ နျူကလီးယားလက်နက်များ ပပျောက်ရေး ဦးစားပေး ပြောကြားခဲ့သည့်အတွက် ချီးကျူး ပြောကြားခဲ့သည်။

`နျူကလီးယားလက်နက်များ လုံးဝပပျောက်ရေး ကြန့်ကြာနေသည့် အတွက် ကျနော်တို့အနေဖြင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခြင်း မရှိသော နိုင်ငံများအတွက် လုံခြုံရေး အာမခံချက်ရှိစေမည့် တကမ္ဘာလုံး လွှမ်းခြုံသည့်၊ ခြွင်းချက်မရှိသည့်၊ တရားဝင် စည်းနှောင်မှုရှိသည့် စာချုပ်တရပ် ပေါ်ပေါက်လာရေး ဦးတည်ကြိုးပမ်းသင့်သည်ဟု ယူဆပါကြောင်း´ ဦးသိန်းစိန်က ပြောသွားသည်။ ထို့ပြင် နိုင်ငံတိုင်းသည် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ခွင့်လည်း ရှိသင့်သည်ဟု သူက ပြောဆိုသွားသည်။

လက်ရှိ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် ပတ်သက်၍မူ ဝန်ကြီးချုပ်က လက်ရှိကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ကြောင့် ပြည်တွင်းတွင် စားနပ်ရိက္ခာနှင့် လောင်စာဈေးနှုန်းများ တက်ခြင်းကဲ့သို့သော လူမှုရေးရောဂါများ ဖြစ်ပွားစေခဲ့သည်ဟု ပြောဆိုသွားသည်။ ထိုသို့ အစားအသောက်နှင့် လောင်စာဈေးနှုန်းများ တက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်က ရွှေဝါရောင်တော်လှန်ရေးဟု ခေါ်ကြသည့် လူထုဆန္ဒပြပွဲများကို ဖြစ်ပွားစေခဲ့သည်။

စကားပြောစင်မြင့်မှ ပြန်လည်မထွက်ခွာမီ ဦးသိန်းစိန်က ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သော အဖျက်စွမ်းအား ကြီးမားလှသည့် နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်များကို ချီးကျူး ပြောဆိုခဲ့ သည်။

နာဂစ်နှင့် ဆက်နွယ်သော နာလန်ထူရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သော စီမံကိန်း ရန်ပုံငွေများ ပေးအပ်ပါရန်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြားပြောဆိုခဲ့သည်။ နာဂစ်လွန် နာလန်ထူရေးနှင့် အသင့်ပြင်ရေး စီမံကိန်း (PORNREPP) အတွက် လိုအပ်သော ဒေါ်လာ ၆၉၁ သန်းအတွက် အလှူရှင် နိုင်ငံများက ထက်ဝက်မျှသာ ထည့်ဝင်ရသေးသည်ဟုလည်း သူက ပြောသည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။


အပြည့်အစုံ ဖတ်ရန် ...

နယူးရော့ခ် မြို့ ဆန္ဒပြပွဲ ဓါတ်ပုံများ

နယူးရော့ခ် မြို့ ဆန္ဒပြပွဲ ဓါတ်ပုံများ





မှတ်ချက် ။ ။ ဓါတ်ပုံများကို http://www.ngunngemoe.co.cc/ မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, September 29, 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်နဲ့ ပေါက်ခံရ

နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ဖိနပ်နဲ့ ပေါက်ခံရ (ရုပ်/သံ)

ဗီအိုအေ ။ ။ မြန်မာ ဝန်ကြီးချူပ် ဗိုလ်ချူပ်ကြီး သိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လာပြီး မိန့်ခွန်းပြောတဲ့အချိန်မှာ နယူးရော့ခ် (New York) မြို့မှာ ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ကုလသမဂ္ဂရုံး အပြင်ဖက်မှာ စုဝေးဆန္ဒ ပြခဲ့ကြပါတယ်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့  တည်းခိုတဲ့ နယူးရော့ခ်မြို့ 39 လမ်းမှာရှိတဲ့ East Gate ဟိုတယ် ရှေ့မှာလဲ ၂၈ ရက်နေ့ မနက်က ဆန္ဒ ပြခဲ့ကြရာမှာ စိတ်မထိန်းနိုင်တဲ့ ဆန္ဒပြသူ တချို့က နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့ ပါသွားတဲ့ ကားကို ဖိနပ်၊ ကော်ဖီခွက်တွေနဲ့ ပစ်ပေါက် တာတွေ လုပ်ခဲ့ ကြပါတယ်။

အဲ့ဒီ အခြေအနေတွေ အားလုံးကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ (မြန်မာ) ဝိုင်းတော်သူ မစုမြတ်မွန်က အပြည့်အစုံကို ပြောပြပါလိမ့်မယ်။




မှတ်ချက် ။ ။ http://www.voanews.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, September 28, 2009

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင် ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း နယူးယောက်တွင်
ရှုးဖိနပ်များဖြင့် ပစ်ပေါက်ခံရ


ဖနိဒါ

တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 23 နာရီ 57 မိနစ်


မဇ္ဈိမ (ချင်းမိုင်) ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ရောက်ရှိနေသည့် မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် ဝန်ကြီးချုပ် ဦးသိန်းစိန်တို့အား မြန်မာ့အရေး လှုပ်ရှားသူများက ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပြီး ပြန်လာသူ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့အား သူတို့ တည်းခိုနေသော နယူးယောက်မြို့ရှိ East Gate Hotel ရှေ့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၃၀ ခန့်က ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“သိန်းစိန်နဲ့ ဦးဥာဏ်ဝင်းကို ဆန္ဒပြတယ်။ ဟိုတယ်ရှေ့မှာ ၇ နာရီ (မနက်) ကနေ ပိတ်ပြီး စောင့်နေတာ။ ၉ နာရီထိ လုပ်မယ်။ ကျနော်တို့က လူဦးရေ ၃ဝ လောက် ရှိတယ်။ ဘုန်းကြီး ၂ ပါး ကြွလာတယ်။ ဦးဥာဏ်ဝင်းက ထွက်လာတော့ ဖိနပ်နဲ့ ပေါက်လိုက်တယ်။ ဒို့ထဲက တယောက် ဖမ်းခံထိတယ်။ လုံခြုံရေးတွေ အများကြီးပဲ” ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ဝင်းက မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲတွင် သာသနာ့ဥသျှောင်အဖွဲ့ သံဃာများ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့ (Free Burma federation)၊ Women on the move for Burma စသည့် အဖွဲ့များက ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲအား လက်မခံကြောင်း၊ ဗိုလ်ချုပ်ပေးသည့် စစ်ပညာ ကျောင်းသားပြည်သူ သတ်ရန် မဟုတ်၊ Free Burma ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်လွှတ်ပေး” စသည်တို့ကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

မြန်မာပြည် လွတ်မြောက်ရေးအဖွဲ့မှ တာဝန်ခံ ဦးမိုးသီးဇွန်ကလည်း “ဒီစစ်အစိုးရက တရားမဝင် သူတို့ ကုလသမဂ္ဂမှာ စကားပြောခွင့် မရှိဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတယ်။ ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြတာပဲ” ဟု မဇ္ဈိမကို ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် ယခုလ ၂၇ ရက်နေ့တွင် နယူးယောက်သို့ ရောက်ရှိခဲ့သည်။

ယခုလ ၂၃ ရက်နေ့တွင် ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အရှေ့အာရှ ဆပ်ကော်မတီ မစ္စတာ ဂျင်မ်ဝက်ဘ် Jim Webb တွေ့ဆုံခဲ့သည်။

မစ္စတာဝက်ဘ်သည် ပြီးခဲ့သည့်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ရာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ ခိုးဝင်ရောက်သူ မစ္စတာယက်တောကိုလည်း အမေရိကန်သို့ ပြန်လည် ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, September 27, 2009

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ
အမြန်ပြန်လာရန် တရုတ်က နှိုးဆော်ထား

ခိုင်လင်း / ၂၈ စက်တင်ဘာ ၂၀၀၉

မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်ရှိ အပစ်ခတ်ရပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် သက်ဆိုင်ရာ နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက နှိုးဆော်ထားသည်။

အပစ်ခတ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသအတွင်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ကိုင်နေကြသူများနှင့် လောင်းကစားလုပ်ကြသူများအားလုံး ပြန်လာကြရန် အပစ်ခတ်ရပ်အဖွဲ့များမှတဆင့် တရုတ်အာဏာပိုင်များက ယခုလ (၂၅) ရက်တွင် နှိုးဆော်ထားသည်ဟု ကိုးကန့်ဒေသရှိ ချင်းရွှေဟော်မြို့မှ ကုန်သည်တဦးက ပြောသည်။

၎င်းက “ဘာလက်မှတ်မှမရှိဘဲ နေနေကြတဲ့ တရုတ်တွေကို ပြန်ခိုင်းနေတာ။ လက်မှတ်တွေ ဂိတ်မှာလုပ်ခဲ့ပြီး ပြန်ဝင်လို့တော့ ရတယ်။ ဒီဘက်ထဲမှာရှိနေတဲ့ သူတို့တရုတ်တွေကို ပြန်ပြီးစာရင်းကောက်ချင်တဲ့ သဘောနဲ့တူတယ်။ (၁၅) ရက်စာ နေထိုင်ခွင့်ပဲ ပေးတယ်။ ဈေးဆိုင်လာဖွင့်တဲ့သူတို့၊ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတို့ အားလုံး (၁၅) ရက်တခါ တရုတ်ဂိတ်တွေမှာ နယ်စပ် ဖြတ်ကျော် လက်မှတ်လုပ်ရမယ်။ ပြီးရင် ဒီဘက်ကို ပြန်ဝင်ပေါ့” ဟု ပြောသည်။

တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်ထွက်သွားလာမှုအပေါ် နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက ဝင်ထွက်ခွင့် လက်မှတ်ကို အစောပိုင်းကာလများကဲ့သို့ အလွယ်တကူ ထုတ်မပေးတော့ဘဲ တင်းကျပ်မှုများရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားဒေသအတွင်း ရှိနေကြသည့် တရုတ်နိုင်ငံသားများနှင့် ရှမ်းပြည်နယ်၊အထူးဒေသ(၂) ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းနှင့် မိုင်းမောမြို့အပါအဝင် ဒေသအတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့်လည်း အလားတူ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ရယူပြီးမှသာ နေထိုင်ခွင့်ရှိသည်ဟု အဆိုပါဒေသအတွင်းရှိ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်တွင် တရုတ်နိုင်ငံသား(၁)ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များ က တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

၂ဝဝဝ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လီနင်မင် ဦးဆောင်သည့် မုံးကိုးကာကွယ်ရေး တပ်ဖွဲ့တွင် ကြေးစားစစ်သားအဖြစ် ဝင်ရောက်လုပ်ခဲ့ကြသူများ အပါအဝင် တရုတ်နိုင်ငံသား အနည်းဆုံး (၅ဝ) ထက်မနည်း သေဆုံးခဲ့သည်ဟု မုံးကိုးတပ်ဖွဲ့ အာဏာသိမ်းအရေးအခင်းကို စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားကြသည်။

တရုတ်အာဏာပိုင်များက တိုက်ပွဲများ တစုံတရာဖြစ်လျှင် တရုတ်နိုင်ငံသားများ တိုက်ပွဲဖြစ်ရာဒေသအတွင်း မည်ရွေ့မည်မျှ ရှိနေသည်ကို သိရှိနိုင်ရန် ယခုကဲ့သို့ ကြိုတင်စာရင်းပြုစုချင်သကဲ့သို့ အပစ်ခတ်ရပ်အဖွဲ့နယ်မြေထဲ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားချင်ပုံရကြောင်း တရုတ်-မြန်မာနယ်စပ် အကဲခတ်များက ယူဆနေကြသည်။

မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက်

အကျယ်ချုပ် စစ်ဆေးခံနေရတဲ့ ရန်ကုန်တိုင်းရဲမှူးကြီး ထွက်ပြေးလွတ်မြောက်

2009-09-27 ( RFA )

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွင်း အကြီးမားဆုံး အဂတိလိုက်စားမှုကြောင့် နေပြည်တော်မှာ အကျယ်ချုပ်ချ စစ်ဆေးခြင်းခံနေရတဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းနိုင် မကြာခင်က ထွက်ပြေးသွားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတဦးက အာအက်ဖ်အေ ကို အတည်ပြု ပြောဆိုပါတယ်။

လက်အောက်ခံ ရန်ကုန်တိုင်း ရဲမိသားစုဝင်တွေကို ရဲမှူးကြီးဝင်းနိုင် ပိုင်တဲ့ အလှပြင်ဆိုင်တွေအတွက် နေ့စဉ် ဆက်ကြေးကောက်တဲ့ကိစ္စ ပေါ်ပေါက်အပြီး ရဲမှူးကြီးဝင်းနိုင်ကို နေပြည်တော်မှာ ရာထူးချ စစ်ဆေးနေတုန်း ခုလို ထွက်ပြေးသွားတာ ဖြစ်ပါတယ်။

ဦးစိန်ကျော်လှိုင်က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက် အပြည့်အစုံအား နားဆင်ရန် >>>>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အော်ရီဂွန်က ဒီမိုကရေစီရေး လှုပ်ရှားမှု

အော်ရီဂွန်က ဒီမိုကရေစီရေး လှုပ်ရှားမှု

စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး မြန်မာ့ဒီမိုကရေစီအင်အားစုများ အော်ရီဂွန်ပြည်နယ်မှ ရွှေဝါရောင်တော်လှန်ရေး (၂)နှစ်မြောက်နှင့် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စက်တင်ဘာလ(၂၇)ရက်နေ့က အော်ရီဂွန်ပြည်နယ်မှာ စုပေါင်းကျင်းပ ခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုမှာ အော်ရီဂွန်ပြည်နယ်ရောက် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ဆင်နွှဲလှုပ်ရှား ခဲ့ကြပြီး Burma Action Committee မှ မစ်္စ တာရာ၊ BABC မှ မစ္စတာအီရမ် နှင့်အခြားသေား အမေရိကန်မိတ်ဆွေများပါ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လုံးဝလွတ်မြောက်ရေးနှင့် စစ်မှန်သောဒီမိုကရေစီ စနစ်ပေါ်ပေါက်ရေးအတွက် တောင်းဆိုချက်များ၊ကြွေးကြော်သံများနှင့် တောင်းဆိုဆန္ဒဖေါ်ထုတ်ခဲ့ကြသလို လာရောက်အားပေးတဲ့ နိုင်ငံတကာမိတ်ဆွေများကိုလဲ မြန်မာ့အရေးကို ရှင်းလင်ပြောဆိုခဲ့ကြပါတယ်။
နံနက် (၁၁)နာရီ မှ နေ့လည် (၁)နာရီ အထိ ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များမှ တက်ကြွစွာ ဒီမိုကရေစီရေးအတွက် လှုပ်ရှားလာတာကို ဒီကနေ့ လှုပ်ရှားမှုမှာ တွေခဲ့ကြရပြီး လှုပ်ရှားမှုကို နိုင်ငံရေးအနှစ်သာရ ရှိရှိဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ(ပြည်တွင်း) ၏ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၂ )နှစ်မြောက်နေ့ ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ(ပြည်တွင်း) ၏
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၂ )နှစ်မြောက်နေ့ ထုတ်ပြန်ကြေညာချက်
Statement

အပြည့်အစုံ ဖတ်ရန် ...