ငါ့ရုပ်ခန္ဓာဟာ
Wednesday, January 15, 2014
"ငါ ဆက်လျှောက်မယ်"
ငါ့ရုပ်ခန္ဓာဟာ
Saturday, October 20, 2012
Saturday, June 30, 2012
ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ရှာ (ကဗျာရှင် နေရဲနီ)
Sunday, April 22, 2012
စစ်ပွဲတွေကြားမှာ
ကလေးငယ်လေးတွေက
အဖေပျောက်
အမေပျောက်ကို
ရှာဖွေနေကြတယ်။
စစ်ပွဲတွေကြားမှာ
လက်နက်ကိုင်ထားသူတွေက
အိမ်သူသားမယား
မိဘမောင်ဘွားကို
သတိရနေကြတယ်။
စစ်ပွဲတွေကြားမှာ
ဒဏ်ရာရသူတွေက
ဆေးဝါးအစုံအလင်နဲ့
အကြင်နာလက်တွေကို
ငံ့လင့်နေကြတယ်။
စစ်ပွဲတွေကြားမှာ
သေနတ်သံတွေ
ထွက်လာတိုင်း
လူ့အသက်တွေ
ဆုံးရှုံးနေကြတယ်။
စစ်ပွဲတွေကြားမှာ
မိုင်းကွဲသံတွေ
ထွက်လာတိုင်း
ခြေလက်အင်္ဂါတွေ
ဆုံးရှုံးနေကြတယ်။
စစ်ပွဲတွေကြားမှာ
ယမ်းငွေ့တွေနဲ့အတူ
နာကျည်းစိတ်တွေ၊
ရန်လိုစိတ်တွေ၊
လက်စားချေစိတ်တွေ၊
အမုန်းတရားတွေ
ပေါက်ဖွားနေကြတယ်။
စစ်ပွဲတွေကြားမှာ
အသက်တွေ၊
ဘ၀တွေနဲ့
ခန္ဓာတွေ
ပျက်စီးခဲ့ရတယ်။
စစ်ပွဲတွေကြားမှာ
ပူပန်မှုတွေ၊
မျက်ရည်စက်တွေနဲ့
သောကတွေ
ပင်လယ်ဝေခဲ့ရတယ်။
သြော်-
ဒီစစ်ပွဲတွေကိုပဲ
အမျိုးအမည်
တပ်လို့ကောင်းနေကြဆဲ၊
ပြည်တွင်းစစ်
ကမ္ဘာစစ်
ကျူးကျော်စစ်
ခုခံစစ်
တော်လှန်စစ်
တရားသောစစ်
မတရားသောစစ်
------------စစ်
------------စစ်တွေ တဲ့လေ။
ဆုတောင်းမိတယ်- ကလေးရယ်၊
မင်းတို့ခေတ်ကျရင်
စစ်ပွဲတွေ
မကျန်ရစ်ပါစေနဲ့။
Tuesday, April 3, 2012
“ေဇယ်တုပါ အေမစုရာ”
၁။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့ချွေး
ပန်းနှယ်ယမင်း
ရနံ့သင်းနေဆဲပါ အမေ။
၂။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့သွေး
ပြည်သူ့ရင်ထဲ စီးဆင်းနေဆဲပါ အမေ။
၃။ ကုန်လွန်ခဲ့သည့် အနှစ်နှစ်ဆယ်
ပေးဆပ်ခဲ့သည့် အမေ့ဘဝ
စစ်ဖိနပ်ဒဏ်ရာများ
စစ်ဘက်နက်ဒဏ်ရာများ
စစ်သေနတ်ဒဏ်ရာများ
ပြည်သူ့ချွေးတွေနဲ့ ဆေးကြော
ပြည်သူ့မျက်ရည်နဲ့ ယုယ
ပြည်သူ့သွေးတွေနဲ့ ကုသ
အမေ နေသာပါပြီလား အမေ။
၎။ ၂၀၁၂-ရဲ့ ဧပြီလ
ဧပြီညရဲ့ တန်ခူးလ
အဘိုးတွေလည်း ပျော်ကြ
အဘွားတွေလည်း ပျော်ကြ
အမျိုးသားတွေလည်း ပျော်ကြ
အမျိုးသမီးတွေလည်း ပျော်ကြ
လူငယ်တွေလည်း ပျော်ကြ
လူရွယ်တွေလည်း ပျော်ကြ
ကျောင်းသားတွေလည်း ပျော်ကြ
ကျောင်းသူတွေလည်း ပျော်ကြ
ကလေးတွေလည်း ပျော်ကြ
လူကြီးတွေလည်း ပျော်ကြ
စာသင်သားတွေလည်း ပျော်ကြ
စာချဆရာတွေလည်း ပျော်ကြ
ပြည်သူတွေလည်း ပျော်ကြ
သံဃာတွေလည်း ပျော်ကြ။
၅။ အသက်အရွယ် မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အဆင့်အတန်းတွေ မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အမျိုးအနွယ် မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
ဘာသာတရား မတူညီကြပေမယ့်
တူညီတာ တစ်ခုရှိတယ်။
အဲဒါဟာ “အမေစု”ဆိုတဲ့ ဟစ်ကြွေးသံပါပဲ။
NLD-နိုင်ပြီ။
အမေစု နိုင်ပြီ-တဲ့ အမေ။
၆။ သူတို့ပျော်မြူး သားကြည်နူး
သူတို့အက သားဘဝ
အပျော်တွေ ကူးစက်ခံရပေမယ့်
မျက်ရည်စက်တို့ ဝေ့ကာဝဲ။
အမေလည်း ဒီလိုနေမှာပဲနော်။
၇။ လေးဆယ်ကျော် နေရာအတွက် ဒီပျော်ပွဲ
မရေရာတဲ့ နေရာလေးတွေ အတွက်နဲ့တောင်
ပြည်သူတွေ ဒီလောက်တောင် ပျော်ကြရင်
အထွေထွေ ရွေးကောက်ပွဲကြီးမှာ
အမှတ်အသာနဲ့ နိုင်ခဲ့ရင်
နိုင်ငံတစ်ဝှမ်းလုံး ခြိမ့်ခြိမ့်သဲ
ပြည်သူတစ်ရပ်လုံး ပျော်ရွှင်ပွဲ
အားခဲလို့ နွှဲပုံများ
ရှုစားရမည့် ထိုအချိန်
အမေ့အတွက် သားဆုတောင်း
“ေဇယ်တုပါ အေမစုရာ”
“အောင်ပါစေဗျာ အောင်စေဗျာ”
ဦးပဉ္စင်းဝီရသူ
source by : http://www.naytthit.net
Sunday, January 29, 2012
ကိုမင်းကိုနိုင်ရဲ့ ကဗျာ
ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။
ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။
ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။
ကျနော်တို့မှာ ... လိုအပ်တာ
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။
ယုံကြည်တဲ့ ...
မင်းကိုနိုင်
source by : http://drlunswe.blogspot.com
Friday, January 13, 2012
စစ်ဘီလူးများကြားက ခွပ်ဒေါင်း
စစ်ဘီလူးများကြားက ခွပ်ဒေါင်း
(အေးနန္ဒာအောင်-JAPAN)
Saturday, November 19, 2011
ဤခရီး မနီးသေးပါ
တိုက်ပွဲက ခုမှအစပျိုးတယ်
မောင်ပါလ
Sunday, August 21, 2011
သဘာဝမင်းသား
ကျနော်ငယ်ငယ်က
သူ့ကိုအားကျပြီး
လွယ်အိပ်ကိုဖုထုံးထုံး
လွယ်ခဲ့ဖူးတယ်...။
'တပြည်သူမရွှေထား'
'အကြွေး' နဲ့ 'ဒိုး' ဇာတ်ကား
စသဖြင့်ပေါ့....
သူ့သရုပ်ဆောင်ချက်တွေကို
နှစ်သက်ခဲ့ဖူးတယ်။
ဒါပေမယ့်.......အခုမှ
သူ.... တကယ်မင်းသားဖြစ်သွားတယ်ဆိုရင်
မိတ်ဆွေတို့ အံ့သြသွားမလား
ဟုတ်တယ်........
သူ့နှလုံးသားနဲ့ သူ့အနုပညာ
တကယ်ပဲ ခုမှထပ်တူကြသွားတာ
အနုပညာဆိုတာ ပြည်သူ့အတွက်
သူ... လုံးဝ လေးနက်ခဲ့တယ်
ပြည်သူ့ခံစားချက်ကို
ထပ်တူပြုပြီး သူပေးဆပ်ခဲ့တယ်
မိတ်ကပ် ဆက်တင် ဇာတ်ညွှန်း
ဘာတခုမှ သူ့အတွက်မလို
လူထုက သူကို ဒါရိုက်တာလုပ်တယ်
သူက... သူ့နှလုံးသားနဲ့ တကယ်ပေးဆပ်တယ်။
မြန်မာပြည်ရဲ့...
တကယ့်အရှိတရားကို
သူတင်ပြခဲ့တယ်...။
လူထုနဲ့သူ့ကြား
မင်းသားနဲ့ ပရိသတ်
လုံးဝ ကွဲပြားမသွားဘူး
လူထုဘ၀နဲ့ တထပ်တည်းကျအောင်
သူ.... နေထိုင်တယ်
သူ..... ပေးဆပ်တယ်
သူ.... တကယ်ရိုးရှင်းတယ်။
သူဟာ....
ပြည်သူတကယ်ချစ်တဲ့မင်းသား
ကျနော်တို့ မြန်မာပြည်မှာ
သဘာဝမင်းသားတလက်
တကယ်ရှိတယ်ဆိုတာ
ကျနော်တို့အားလုံး
လုံးဝ...
ဂုဏ်ယူတယ်ဗျာ...။
(မင်းသားကြီး ကိုကျော်သူသို့ ဂုဏ်ပြုခြင်း)
N.M.T (ညီမင်းသစ်)
source by : http://mgpala.blogspot.com
ပြည်သူကိုချစ်သော ပြည်သူကချစ်သော သူ
(ယနေ့တိုင်အာဏာရှင်တို့၏ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသော ကဗျာဆရာနှင့် ဘလော့ဂ္ဂါ ကိုနေဘုန်းလတ်က ဒေါ်စုအား ထောင်တွင်းမှ အောက်ပါအတိုင်း ဂုဏ်ပြုရေးဖွဲ့ပေးခဲ့သည်။)
အဲဒီမျက်ဝန်းရဲ့
နူးညံ့ပြတ်သားသောအကြည့်တွေအောက်မှာ
စိုးရွံ့အားငယ်စိတ်တွေပြေလျော့ကွယ်ပျေက်သွား...
အဲဒီနှုတ်ခမ်းက
ဝံ့စားချိုမြိန်သောအပြုံးတွေဖူးအပွင့်မှာ
မျှော်လင့်ချက်အသေတွေပြန်ရှင်သန်လန်းစွင့်လာ…
အဲဒီနှလုံးသားက
ပြေပြစ်ညင်သာသော ရင်ခုန်သံစည်းချက်မှ
အသွယ်သွယ်သောလားရာတွေပေါင်းဆုံရှေ့ဆက်ကြ...
သူ့မျက်ဝန်းတွေက ငါတို့အတွက် စွမ်းအား
သူ့နှုတ်ခမ်းက ငါတို့ကိုအပ်တဲ့အလင်းရောင်
သူ့နှလုံးသားက ငါတို့ဖွေရှာနေတဲ့အလှတရား
သူဟာ…ပိတ်ထားခံရတဲ့တံခါးအထပ်ထပ်ကို
ရင်နဲ့ရင်းပြီးတိုးဖွင့်တိုးထွက်သူ
သူဟာ…ရဲရင့်ခြင်းပြယုဂ်ကို ထုဆစ်ဖန်ဆင်း
စိတ်ဝိညာဉ်တွေကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေသူ
သူဟာ…မေတ္တာလက်နက်ကို အပြုံးမပျက်ကိုင်စွဲ
အမုန်းတံတားတွေကို ငြိမ်းချမ်းခြင်းနှင့်ပြိုလဲစေသူ
သူ…..
အဘိုးအဘွားတို့ရဲ့…..သမီးစု
ဦးဦး ဒေါ်ဒေါ်တို့ရဲ့…….မစု
မောင်တို့မယ်တို့ရဲ့…..အန်တီစု
သားတို့သမိးတို့ရဲ့…..အမေစု
တိုင်းပြည်နဲ့လူမျိုးရဲ့….အောင်ဆန်းစုကြည်
သူဟာ….မိသားစုတိုင်းရဲ့မိသားစုဝင်
အပေးအယူမဲ့ မြတ်နိုးချစ်ခင်ခြင်းတွေနဲ့
အပြန်အလှန်မေတ္တာသက်ဝင်ခဲ့ကြ…
ပြည်သူကိုချစ်သော…ပြည်သူကချစ်သောသူ့ကို
ပြည်သူ့လူထုရဲ့နှလုံးသားတွေထဲကနေ
ဘယ်လိုမှဖယ်ထုတ်လို့မရပေဘူး။ ။
(နေဘုန်းလတ်)
မူရင်း https://www.facebook.com/notes/sophia-sofia-chan
Tuesday, July 12, 2011
Monday, June 27, 2011
တော်ကီတွေအပေးများလို့ ကော်ဖီတွေအေးသွားရသလိုပဲ
‘‘သီးခံခြင်းသည် အောင်မြင်ရာ၏” ဆိုတဲ့စကားအတိုင်း
အထီးကျန်တိုင်းပြည်ထဲက အကျည်းတန်မှုတွေကို
တရားမှတ်သလို သည်းခံမှတ်ရှုနေရမှာလား
အကောင်းစားဆောင်းပါးတပုဒ်အတွက် အပေါစားအချပ်ပိုတရွက်ကို
သည်းခံပြီး ကျော်ဖတ်နေရမှာလား
သည်းခံပြီးနားထောင်နေရမှာလား
ရုပ်ရှင်တွေထဲ ရုပ်ရှင်ထပ်ရိုက်ပြနေတာကို
သည်းခံပြီးကြည့်နေရမှာလား
ကြော်ငြာတွေထဲ ကြော်ငြာထပ်ဝင်နေတာကို
သီးခံပြီးကြည့်နေရမှာလား
ပန်းချီကားချပ်တွေထဲမှာပဲ စိမ်းလန်းတဲ့ရှုခင်းတွေကို
သည်းခံပြီး ခံစားနေရမှာလား
ရာဇဝင်ထဲမှာရွှေထီးဆောင်းခဲ့တဲ့ ပုံပြင်တွေကို
သီးခံပြီးနားထောင်နေရမှာလား
ဓာတ်ပုံအဟောင်းတွေထဲက နေ့ကောင်းရက်မြတ်တွေကို
သီးခံပြီးရေတွက်နေရမှာလား
မဂ္ဂဇင်းတချို့တွေထဲက လုပ်ကြံတိုးတက်မှုတွေကို
သည်းခံပြီးဖတ်ရှုနေရမှာလား
တလလုပ်မှတရက်စားရပြီး
လက်မလှုပ်နိုင်ရင် အသက်ပြုတ်နိုင်တဲ့ မြို့ပြလူမှုဘဝအခြေအနေကို
သည်းခံပြီး လက်ပိုက်ကြည့်နေရမှာလား
ယမ်းငွေ့ကျည်ဆံတွေနဲ့ စာချုပ်ချုပ် တဲထိုးနေထိုင်နေရတဲ့ တောနေလူမှုဘဝအခြေအနေကို
သည်းခံပြီး လက်ပိုက်ကြည့်နေရမှာလား
အနာရောဂါထက်ပိုကြီးတဲ့ ဆေးဖိုးဝါးခတွေနဲ့ သည်းခံပေါင်းသင်းနေရပြီး
အစာအိမ်နဲ့အစေးမကပ်တဲ့ ကုန်ဈေးနှုန်းတွေနဲ့ သည်းခံမိတ်ဖွဲ့နေရတဲ့
အခြေခံလူတန်းစားတွေအကြောင်းကို
သည်းခံပြီးနားထောင်နေရမှာလား
ဘာမဆိုလုပ်တိုင်းဖြဖစ်နေတဲ့ လူယုတ်လူရိုင်းတွေရဲ့ မသမာတဲ့ခေတ်ကြီးကို
သည်းခံပြီးလစ်လျူရှုနေရမှာလား
နေရာဒေသအချိန်ကာလမရွေး
လမ်းဘေးကချောင်းပစ်တတ်တဲ့ အဆံချောင် လေသေနတ်သံကြောင်တွေကို
သည်းခံပြီးနားထောင်နေရမှာလား
ဒေါနမှာ ကျောချစရာနေရာမရှိအောင် သစ်ပင်သစ်တောပြောင်နေတာကို
သည်းခံပြီးကြည့်နေရမှာလား
နာဂစ်မှာ ဖာဖြစ်ကျန်ခဲ့တဲ့ ကလေးမလေးတွေအကြောင်းကို
သည်းခံပြီးနားထောင်နေရမှာလား .... ....
အဲသလို .... ... ပြောရင်းဆိုရင်း
အခု ခင်ဗျားနဲ့ ကျနော့်လက်ထဲက တိုင်းရေးပြည်ရာ အနှစ်၂၀ ကျော်ဟာ
တော်ကီတွေအပေးများလို့ ကော်ဖီတွေအေးသွားရသလိုပဲ ။ ။
ဆောင်းယွန်းလ
source by : http://moemaka.com
Sunday, June 12, 2011
အမေ့လက်ဖြင့်
နီလွင်သွေး (ဒဿနိက)
ဇွန် ၁၂၊ ၂၀၁၁
အို အမေ ...
ဧရာဝတီသူရဲကောင်း ... ခွပ်ဒေါင်းမိခင်။
အမေ့လက်ဖြင့် ...
ချိုးငှက်တမန် ... သံလွင်ခက်ကိုချီလျှက်
ငြိမ်းချမ်းရေးတေးကိုသီပါ။
အမေ့လက်ဖြင့် ...
စစ်မက်အရေး ... သွေးချင်းတို့ရဲ့စစ်
ချစ်ကြည်ရေးနဲ့ရပ်ပါ။
အမေ့လက်ဖြင့် ....
ဆာလောင်ငတ်မွတ်လင့်ကစား ... စားစရာမဲ့နေတဲ့ပြည်သူတွေ
အနာသိလျှက် ... ဆေးမရှိတဲ့ပြည်သူတွေ
အမေပေးသနားပါ။
အမေ့လက်ဖြင့် ...
အမှောင်သင့်နေတဲ့တိုင်းပြည်ထဲက
လူ့ဘ၀ကိုသင်းသတ်ခံထားရတဲ့ ... လွတ်မြောက်ရေးတိုက်ပွဲထဲက
မလွတ်မြောက်သေးတဲ့ ဘ၀ထောင်းသောင်းထဲက
မိတကွဲ ဖတကွဲဘ၀တွေ
အမေ့နွေဦးလရောင်နဲ့ ... အမှောင်ကင်းပါစေ။
အမေ့လက်ဖြင့် ....
နွေဦးကိုစမ်းစစ်လက်တို့ ... ဒေါင်းတို့သစ္စာ
အမေဟာ ဗေဒါပွင့်ဆိုလျှင် .... ကျနော်တို့က ဗေဒါပွင့်ဖတ်
အမေ့နှလုံးသားနဲ့မှတ်ပါ ။
အမေ့လက်ဖြင့်
မြစ်လက်တိုင်းမှာ ... အမေ့သစ္စာလွင့်ပျံ့စီးဆင်း
အမေ့ကြောင့် ၀င်းပနေတဲ့မျက်နှာတွေ
ဒေါင်းတို့ရဲ့ အထောင်အသောင်းသောနွေဦးနဲ့အတူ
အမေ့အသက်ရှူသံနဲ့ပေါင်းစည်း ... အမေကောင်းချီးပေးပါ။
အမေ့လက်ဖြင့်
အမေ့အသက်ခြောက်ဆယ့်ခြောက်
ဒေါင်းရောင်တောက်တဲ့ဧရာဝတီမှာ
အမေအသက်ရာကျော်ရှည်ပါစေ ...။ ။
(၁၉ ၊ ၆ ၊ ၂၀၁၁ မှာ ကျရောက်မယ့် အမေ့မွေးနေ့ အမှတ်တရ)
သရုပ်ဖော် - မင်းကျော်ခိုင်
Tuesday, June 7, 2011
အိပ်ပျော်နေဆဲ အမှန်တရား
သေသေသပ်သပ်
ချန်လှပ်ထားတဲ့ ဖြစ်ရပ်တွေ
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်
ကသောကမျော စီးဆင်း
ဒီလိုနဲ့ ကြီးပြင်းခဲ့ရတဲ့ ခရီးမှာ
အကွေ့တရာ။
မမေ့သာတဲ့ အဖြစ်အပျက်တွေက
ရာဇ၀င်တွင်ရစ်မယ်။
ထားလိုက်ပါ
သူ့သမိုင်းသူရေးတာ
သဘာဝလှိုင်းကြီးထဲ
ဒုက္ခကြတော့
အညီအမျှအချိုးကျတဲ့
မျက်ရည်ကျတာချင်းအတူတူတောင်
ဟန်ဆောင်ကောင်းသူတွေပဲ
လူသိရှင်ကြား အကယ်ဒမီဆုတွေရ။
ဘယ်သူဖော်တဲ့ဆေးလဲ
သောက်မိမှ ငတ်မပြေ
ဝေဒနာတွေလေ
ပိုပိုပြီး ရင့်မှည့်စေခဲ့။
ဝတ်မှုန်ကူးတဲ့ လိပ်ပြာ
ဗျာများနေတုန်း
အလိုလိုပန်းတွေပွင့်
စိတ်တထင့်ထင့်ဖြစ်နေရင်း
ချစ်ခြင်းတရားခမျာ အာစေးမိနေလေရဲ့
တည့်တည့်တိုးတဲ့ ဒုက္ခ
ဘယ်သူရရ သပိတ်ဝင်အိတ်ဝင်
အဖိတ်အစင်နည်းအောင် ကြိုးစားရင်း
အမှန်တရားဟာ
သပွတ်အူကမ္ဘာထဲ
အိပ်ပျော်နေဆဲပေါ့။
ပီကေယူ
source by : http://www.naytthit.net
Sunday, May 15, 2011
နောက်ဆုံးထွက်သက်
ဝင်သူဝင်
ထွက်သူထွက်၊
ထိုင်သူထိုင်
ငိုင်သူငိုင်နဲ့
ဒီမိုကရေစီတော်လှန်ရေး
ခရီးရှည်ထဲမှာ
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
ကိုင်စွဲရင်း
အလံမလှဲစတမ်း
ရင်မှာစိုက်ထူထားခဲ့သူ။
ကိုးဆယ့်ရှစ်ခုရဲ့
တစ်ခုသော
နွေကာလဆီမှာ
‘အကျဉ်းသားထု
အခွင့်အရေး
အပြည့်အ၀ရရှိရေး၊
‘အကျဉ်းသားထု
အခွင့်အရေး
ကာကွယ်ရေး’
တောင်းဆိုချက်တွေနဲ့
အစာငတ်ခံ
တိုက်ပွဲဝင်ရင်း၊
ရန်သူ့အစာသွင်းပိုက်
ဆေးထိုးပိုက်တွေကို
နောက်ဆုံးကျန်
ခွန်အားတို့နဲ့
ဆွဲဖြုတ်ပစ်ခဲ့သူ။
‘အစာစားမလား၊
အသေခံမလား’တဲ့၊
လူမဆန်စွာ
ခြိမ်းခြောက်တဲ့စကားကို
ယုံကြည်ချက်
သစ္စာတရားတို့နဲ့
ခေါင်းခါယမ်းတုံ့ပြန်ခဲ့သူ။
သူဆိုသည်ကား-
ရဲဘော်အောင်ကျော်မိုး
(သို့မဟုတ်)
နောက်ဆုံးထွက်သက်အထိ
ယုံကြည်ချက်အလံကို
လွင့်ထူခဲ့တဲ့သူရဲကောင်း။
ဒီမိုကရေစီ
တော်လှန်ရေးဆိုတာ
သူရဲကောင်းတွေရဲ့
နှလုံးသွေးစက်တွေနဲ့
တည်ဆောက်ထားတဲ့အရာ၊
လူထုထဲကလာတဲ့
ပြည်သူ့နှလုံးသည်းပွတ်။
ဘာမဟုတ်တဲ့
အပေါ်ယံ
အခွင့်အရေးတွေအတွက်
လူ့သိက္ခာကို
ရောင်းစားတတ်သူတို့
ဆွမ်းဆန်ထဲ
ကြွက်ချေးရောကာ
ရှိနေတတ်ပေမယ့်၊
နောက်ဆုံးထွက်သက်အထိ
ဒူးမထောက်၊ အညံ့မခံ
ယုံကြည်ချက်အလံကို
စွဲကိုင်ထားခဲ့တဲ့
ရဲဘော်အောင်ကျော်မိုးတို့လို
သူရဲကောင်းတွေလဲ
ရှိခဲ့ဖူးပါရဲ့။
သူရဲကောင်းတွေရဲ့
တော်လှန်ရေး
ကျဆုံးရိုး
ထုံးစံမရှိ။
တစ်နေ့သော
ကာလဆီမှာတော့
ပန်းတိုင်သို့
ရောက်ရမည်မလွဲ။
ခင်မမမျိုး (၂၀၀၇)
(၁၉၉၈ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် သာယာဝတီထောင်တွင်း၊ အစာငတ်ခံ တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့သော၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး သူရဲကောင်း ရဲဘော်အောင်ကျော်မိုးအား ဤကဗျာဖြင့် ဦးညွတ်ပါ၏)
Tuesday, May 3, 2011
" ဟော- ဟိုမှာ "
ဟော- ဟိုမှာ
ကလေးငယ်လေးတစ်ယောက်၊
မန္တလေးမြစ်ဆိပ်က
ကျူးကျော်ရပ်ကွက်လေးမှာ
သူနေတယ်။
သူ့အလုပ်က
"ညဘက်ဆိုရင်
ကုန်စိမ်းဒိုင်ကိုလာတဲ့
ကုန်ကားတွေပေါ်က
ဂေါ်ဖီထုပ်တွေ၊ ပန်းမုန်လာတွေကို
အလစ်သွားသုပ်တယ်၊
နံနက်ဘက်ကျတော့
အမှိုက်ကောက်တယ်၊
နေ့လည်ကျတော့
တောင်းစားတယ်" တဲ့လေ။
ပညာသင်ပေးချင်တဲ့
စေတနာဆရာမလေးကို
သူပြောလိုက်တဲ့စကားက
"စားဖို့တောင် အနိုင်နိုင်
စာဘယ်လိုသင်နိုင်မှာလဲ
အစ်မရယ်" တဲ့။
ဘ၀အမောတွေနဲ့
နွမ်းလျနေတဲ့
ဒီကလေးငယ်လေးကို
အချိုရည်လေး တခွက်နဲ့
အမောဖြေစေတော့
"အဖွားကို တိုက်ချင်လို့
အိတ်နဲ့ထည့်ပေးလို့ ရလား" တဲ့။
သြော်- ခေတ်စနစ်ဆိုးရဲ့
အရိပ်မည်းတွေအောက်မှာ
ကလေးငယ်လေးတွေရဲ့
အနာဂတ်တွေလဲ
ပျောက်ဆုံးလို့။
ခင်မမမျိုး (၂၊ ၅၊ ၂၀၁၁)
Tuesday, April 12, 2011
အတာရေနဲ့အတူ
နှစ်ကူးချိန် အခါသမယ
အတာရေသွန်းလောင်းချိန်မှာ
ရွှေရည်စိမ် အပြုံး
ရွှေရည်စိမ် စေတနာ၊
ရွှေရည်စိမ် အမုန်း
ရွှေရည်စိမ် မေတ္တာ၊
ရွှေရည်စိမ် မောင်နှမ
ရွှေရည်စိမ် သစ္စာ၊
ရွှေရည်စိမ် ဘဝ
ရွှေရည်စိမ် မိတ်သဟာ၊
ရွှေရည်စိမ် ဖွဲ့စည်းပုံ
ရွှေရည်စိမ် ဒီမိုကရေစီတို့
အတာရေနဲ့အတူ
ကွယ်ပျောက်ပါစေသား။
မြန်ပြည်သူတို့ ဘဝ
အေးချမ်းပါစေသား။
Friday, February 18, 2011
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်
တိုင်ထိပ်က…
ရုန်းရင်းကန်ရင်း ပျံနေရတဲ့အလံမှာ
စစ်ဖိနပ်ရာ ထင်နေတယ်။
လိပ်ပြာဖြစ်နိုင်သူများလည်း
ပိုးတုံးလုံးဘဝနဲ့ ရေတိမ်နစ်ခဲ့။
လွတ်လပ်ခွင့်လား
ဖိနပ်ချွတ်နားအထိတော့
ပေါလစ်တိုက်ပေးမယ့်သူတွေအဖြစ်
ခေါင်းငုံ့ဝင်ခွင့်ပေးပါလိမ့်မယ်။
စည်းပေါ်မှာတော့
ဥပဒေမျက်နှာဖုံးနဲ့
ဆာလောင်နေတဲ့ ဓားတုံးတုံးတွေက
ကျွံထွက်လာမယ့် လက်တွေဆို ဖြတ်ဖို့အသင့်။
လက်ပူတိုက်အမတ်တယောက်ကတော့
နောက်ပြန်လဲတော့မယ့် အနေအထားကိုတောင်
ရင်ကော့နေဟန်ဆောင်ပြီး
ထုံးစံအတိုင်း အော်လိုက်တယ်
ငါ့လှေငါလှော် နေပြည်တော်ရောက်ရောက်တဲ့
ခရီးသည်တွေရဲ့ ဘဝကိုတော့မေ့နေတယ်။
စိတ်ဝင်စားဖို့တော့ ကောင်းတယ်
ပြိုကျပြီးသားအရာကို
ဘယ်လိုထပ်ပြီးဖြိုချမလဲ။
စိတ်နာဖို့လည်းကောင်းတယ်။
အငိုဝပြီးသားလူတွေ
ဘယ်လိုထပ်ပြီးငိုရမလဲ။
ကောင်းကင်ကို
source by : http://kaungkinko.blogspot.com
Sunday, February 13, 2011
“ဆွံ့ အခြင်း”
ဗိုလ်ချုပ်ရေ
ဗိုလ်ချုပ်ရေ လို့ တကြော်ကြော်
အော်ခေါ်ချင်ပေမယ့်
အသံဟာ ရင်ဝမှာတစ်ဆို့ သွားတယ်…
အဘပေးခဲ့တဲ့ တိုင်းပြေမှာ
အဘမွေးခဲ့တဲ့ အာဇာနည်စိတ်ဓါတ်နဲ့
အဘ သားမြေးတွေ အာဇာနည်ဆန်ဆန်
တိုက်ပွဲဝင်နေကြရတုန်းပါအဘ…
အဘချစ်ခဲ့တဲ့ လူမျိုး
ဒီတခေတ်မှာ အဖြစ်ဆိုး
လေနှင်ရာပါသွားတဲ့ ဖုန်မှုန့်လေးတွေလို
နေရာအနှံ့ပြန့်ကျဲ
အမျိုးဂုဏ်ဟာ အဘမြှင့်ခဲ့သလို
မမြင့်နိုင်တော့တာ အဘသိများသိရင်…
သခင်အောင်ဆန်း
သခင် ၊ သခင်မတွေ
သခင်တွေလက်နဲ့ စိုက်ခဲ့တဲ့ စိတ်ဓါတ်သစ်ပင်
ကျောက်ဖြစ်ရုပ်ကြွင်းတခုလိုသာ
ပြတိုက်မှာ တွေ့နိုင်တော့တာများ
အဘတို့များ မြင်ရင်…
ကြားယောင်နေမိတုန်း
ရွာကယောင်ထုံးနဲ့ဘိုးလေးရဲ့စကား
အားနဲ့ မာန်နဲ့ သူပြောလိုက်ပုံများ
“ငါ့မြေး ကမ္ဘာမှာ မြန်မာဟာ ဂုဏ်မငယ်ပါဘူးကွာ”တဲ့
ကဲ…
ရဲဝင့်သူ
source by : http://www.yewintthu.co.cc
Wednesday, January 26, 2011
ဇာဂနာ ကဗျာ ဒေါ့ကွန်း
အငြိမ့် အနုသဘင်
သုခုမ ရင်ခွင်၊ ရုပ်ရှင် ဂီတ
ဘ၀နဲ့ ရင်း၊ လမ်းသစ်ထွင်း၍
တေးချင်းညည်းတယ်။
ကြောက်မွှေးပါ၊ ဇာဂနာနဲ့ နှုတ်
အယုတ်အမြတ်၊ အလတ်မရွေ့း
ကြွေးကြော်သံပေးတယ်။
လူထုအပူ၊ လူထုဝေဒနာ
တရားရှာ၊ ကိုယ်မှာတွေ့ တယ်။
အဘိဓမ္မာ၊ ဋီကာမချဲ့ 
အားနွဲ့ သူရှေ့ရှိနေတယ်။
သံဃံသရဏံ ဂန်းစာမိတော့
မချိတင်ကဲ မျက်ရည်ဝဲတယ်။
အမှန်အကန် အဖန်ဖန်သစ္စာရှိကြဖို့ 
သံဃံသရဏံ ဂစ္ဆာမိကြပါတော့
အနှစ်ဗလာ အခါခါမိုက်ကြဆဲဟာမို့ 
ပလာတာမကြိုက်တဲ့ နွားငမိုက်တွေမှာတော့
ဘုရားရိုက်တာသာ ခံကြပေရော့လို့ 
မလျော့မပို အသော့ဆိုလိုက်ချင်သတဲ့
ဇာဂနာရဲ့  မှာတော်ပုံ
မြေ၀သုန်ကို သစ္စာထားခဲ့တယ်။
ထောင်အပြင် တန်းလား၊
သွားစမ်းပါတဲ့
အားလည်းနာတယ်၊ ခင်လည်းခင်တယ်။
စစ်ခွေးတိုက်ညစ်၊ မြစ်ကြီးနားမဲဇာ
ဇာဂနာလေ
သေတောင်ဒူးမထောက်နိုင်ဘူး။
ကဲ စစ်ဗိုလ်တအုပ်
ဇာဂနာကို၊ ကဗျာလုပ်တယ်
ဘာပုဒ်မနဲ့  ဖမ်းမလဲ။
မောင်လွမ်းဏီ
၂၅ - ၁ - ၂၀၁၁
source by : http://soneseayar.blogspot.com





