Saturday, November 6, 2010

တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု

23:00
ရွေးကောက်ပွဲနေ့ မြစ်ကြီးနား မဲရုံတချို့

မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ) မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ) မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ) မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် မဲရုံ အမှတ် ၁၃ တွင် သူနာပြုကျောင်းမှ ကျောင်းသူများ မဲပေးရန် စာရင်းသွင်းနေပုံ (ဓာတ်ပုံ - မဇ္ဈိမ)  မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် မဲရုံ အမှတ် ၅၇ တွင် မဲပေးရန် မဲစာရင်းရှာနေသော အမျိုးသမီးကြီး (ဓာတ်ပုံ - မဇ္ဈိမ) မြစ်ကြီးနားမြို့ အလယ်ကုန်းရပ်ကွက်ရှိ မဲရုံ အမှတ် ၅၂ တွင် မဲရုံအတွင်း မဲထည့်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)

22:25
မဲဆန္ဒရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ

မြန်မာ့ရုပ်မြင်သံမှ ထုတ်လွင့်သွားသော စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နေပြည်တော် ဇေယျာသီရိ မြို့နယ်တွင် တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က မဲပေးနေသောပုံ။ စစ်အစိုးရ ထူထောင်ထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၅၂ ဦးသည် ပြိုင်ဘက်မရှိသဖြင့် အလိုအလျောက် နိုင်သွားကြောင်း နိုင်ငံပိုင် မြန်မာ့ရုပ်သံက  ယနေ့ညတွင် ကြေညာသည်။

22:10
ပြိုင်ဘက်မရှိ ၅၂ နေရာ ကြံ့ဖွံ့နိုင်

နိုင်ငံတဝှန်း မဲဆန္ဒနယ် ၅၂ နယ်မှာ ပြိုင်ဘက်မရှိတာကြောင့် ကြံ့ဖွံ့အမတ်လောင်းတွေ အနိုင်ရသွားပြီလို့ စစ်အစိုးရ ရုပ်သံလိုင်း MRTV က ဒီကနေ့ ည ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ် လောက်ကိုင်၊ နမ့်ဆန်၊ ကုန်ကြမ်း၊ ကရင်ပြည်နယ် မြဝတီနဲ့ တနင်္သာရီတိုင်း ကျွန်းစုမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေ အပါအဝင် ၅၂ နေရာမှာ ဝင်ပြိုင်တဲ့ တခြားအမတ်လောင်းတွေ မရှိလို့ အလိုလျောက် အနိုင်ရခြင်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၉၊ အပိုဒ် ၄၁ (က) တွင် ’’မဲဆန္ဒနယ်နယ် တနယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးတည်းသာရှိလျှင် ယင်းနယ်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်း မပြုတော့ဘဲ ထိုသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ကြောင်း’’ ဖော်ပြထားပါတယ်။

22:00
ပုဇွန်တောင်မှာ ဒေါက်တာ တင်ထွန်းဦး အနိုင်ရ

ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကြံ့ဖွံ့အမတ်လောင်း ဒေါက်တာ တင်ထွန်းဦး အနိုင်ရကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော်ပြောဆိုပါတယ်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ဒေါက်တာ တင်ထွန်းဦးဟာ ဒုတိယ မဲအများဆုံးရသူကို မဲ ၂ဝဝ လောက်အသာနဲ့ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ သူ့ရဲ့ မဲအရေအတွက် အတိအကျနဲ့ နောက်က ကပ်လိုက်သူရဲ့ အမတ်လောင်း ဘယ်သူဖြစ်တယ်လို့တော့ မသိရသေးပါဘူး။

ပုဇွန်တောင်မှာ ဒေါက်တာ တင်ထွန်းဦး၊ တစညမှ ဦးလှစိန်၊ အမျိုးသား ဒီမိုကရေစီအင်အားစု NDF မှ ဦးအောင်ဒင်နဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဦးရန်ကျော်တို့ ဝင်ပြိုင်ခဲ့ပါတယ်။

22:00
ကျောက်မဲမှာ ကျားဖြူ အနိုင်ရ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ - SNDP က လွှတ်တော် ၃ ရပ်စလုံးတွင် အနိုင်ရရှိသွားကြောင်း ပါတီ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက ပြောသည်။

ပါတီ မဲရုံကိုယ်စားလှယ်များ၏ သတင်းပေးပို့ချက်အရ ကျောက်မဲ ပြည်သူ့လွှတ်တော်တွင် ဦးစိုင်းဆောင်ဆီ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၄ တွင် ဦးစိုင်းသန့်ဇင်၊ ပြည်နယ်လွှတ်တော် အမှတ် ၁ တွင် ဦးစိုင်းခမ်းကျော်နှင့် အမှတ် ၂ တွင် ဦးစိုင်းသန်းမောင်တို့ အနိုင်ရရှိခဲ့ကြောင်း SNDP ဒု ဥက္ကဋ္ဌက ပြောဆိုခြင်း ဖြစ်သည်။

သို့သော် အနိုင်ရရှိခဲ့သည့် မဲအရေအတွက် အသီးသီးနှင့် ဒုတိယ မဲအများဆုံးဖြင့် အရေးနိမ့်ခဲ့သည့် ပါတီများကို မသိရသေးချေ။ ကျောက်မဲတွင် SNDP အပါအဝင် တအောင်း (ပလောင်)၊ တစညနှင့် ကြံ့ဖွံ့ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။

ထို့ပြင် ရှမ်းပြည်နယ် သိန္ဒီမြို့ပြည်နယ်လွှတ်တော်၌လည်း SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အနိုင်ရရှိခဲ့ကြောင်း SNDP က ပြောပါတယ်။

19:48
ဒဂုံမြို့နယ်တွင် မဲရေတွက်

ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင်  မဲရေတွက်မှုကို နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း သတင်းစာဆရာများ  ရှေ့တွင် ရေတွက်နေသည်ကို တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင်  တွေ့ရစဉ်။ ဓာတ်ပုံ-  မဇ္ဈိမ။ ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင်  မဲရေတွက်မှုကို နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း သတင်းစာဆရာများ  ရှေ့တွင် ရေတွက်နေသည်ကို တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင်  တွေ့ရစဉ်။ ဓာတ်ပုံ-  မဇ္ဈိမ။ ရန်ကုန်မြို့ ဒဂုံမြို့နယ်တွင် မဲရေတွက်မှုကို နိုင်ငံခြား သံတမန်များနှင့် ပြည်တွင်း သတင်းစာဆရာများ ရှေ့တွင် ရေတွက်နေသည်ကို တနင်္ဂနွေနေ့ နိုဝင်ဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။

19:48
ကားမိုင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး နိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်နေရာ ယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုယ်စားလှယ် ဦးအုန်းမြင့်ကို ၄၂ မဲအကွာနဲ့ အမျိုးသားဒီမိုကရေစီအင်အားစု ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာ ရှုံးနိမ့်သွားတယ်လို့ အန်ဒီအက်ဖ် သတင်းရပ်ကွက်က ပြောပါတယ်။

ကြံ့ခိုင်ရေးအမတ်က ၃၇၃ မဲ၊ ဒေါ်ဘောက်ဂျာက ၃၃၁ မဲ ရတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင် ဦးရေ ၁၇ဝ၆ ယောက် အနက် ၇ဝဝ လောက်ပဲ ဒီနေ့ မဲလာထည့်ခဲ့ပြီး ကြိုတင်မဲကြောင့် ရှုံးနိမ့်ရတာလို့ ဒေသခံ အန်ဒီအက်ဖ်စည်းရုံးရေးမှူးတယောက်က စွပ်စွဲပါတယ်။

19:40
မူဆယ် အမှတ် ၅ မှာ ကျားဖြူနိုင်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မဲဆန္ဒနယ် အမှတ် ၅ မှာ ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP အမတ်လောင်း ဦးစိုင်းဖုန်းမြတ်က အမျိုးသား လွှတ်တော်မှာ မဲအရေအတွက် ၇ဝဝ နဲ့ အနိုင်ရတယ်လို့ SNDP ရန်ကုန်ရုံးချုပ်က မဇ္ဈိမကို ပြောပါတယ်။ ကြံ့ဖွံ့က ၅၉ မဲနဲ့ ဒုတိယ လိုက်တယ်လို့ သိရပါတယ်။

19:10
ဗျပ်ကြီးမဲ ကြံ့ဖွံ့ အလေးသာ

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဗျပ်ကြီးရွာမှာ ဆေးလိပ်ခုံပိုင်ရှင်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ကိုယ်စားလှယ် ဦးကိုကိုဋ္ဌေးကို မဲအပေးများကြောင်း ဒေသခံမဲဆန္ဒရှင်တွေဆီကနေ သိရပါတယ်။

ဒီနေ့ညနေ ၄ နာရီ ဆက်သွယ်ချိန်အထိ “အခုမဲပေးလာတဲ့ လူတွေက ခြင်္သေကို မဲအပေးများလာကြတယ်လို့ အများက ပြောကြတာပဲ။ အဲဒီမှာက ခြင်္သေ့ရယ်၊ ဦးထုပ်ရယ်၊ စပါးနှံရယ်ဆိုပြီးတော့ ၃ ခု ပေးထားတာလေ။ အဲဒါ ခြင်္သေ့ကို အပေးများတယ်” လို့ သူက မဇ္ဈိမကို ပြောပါတယ်။

မဲရုံရှိရာ ဗျပ်ကြီး အလယ်တန်းကျောင်းရှေ့မှာ ကြံ့ဖွံ့ပါတီဝင်တွေ ရောက်နေပြီး လုံခြုံရေး ရဲ ၁၅ ယောက် ထက်မနည်း ချထားတာကို တွေ့ရတယ်လို့ မဲပေးခဲ့သူ တယောက်က ပြောဆိုပါတယ်။

“ဟုတ်တယ်၊ ဒီမှာ မဲသွားထည့်တဲ့ လူတွေကို မေးကြည့်တိုင်း ခြင်္သေ့ကိုပဲ ပေးကြတယ်ပြောတယ်။ ဒီမှာက သူတို့ပါတီဝင်လူ များတာကိုး” သူက ဆိုပါတယ်။

မဲရုံထဲမှာ ဘယ်ပါတီကို မဲပေးစေလိုတယ်ဆိုတဲ့ တစုံတရာ ဖိအားပေးမှုမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

18:47
လမ်းမတော်မှာ NDF နိုင်ဖွယ်ရှိဟု ဆို

မဲရေတွက်ဆဲဖြစ်ပေမယ့် ရန်ကုန်တိုင်း လမ်းမတော်မြို့မှာ မဲရုံ ၂၁ ရုံအနက် ၉ ရပ်ကွက်ကလွဲပြီး ကျန်မဲရုံတွေမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အမျိုးသားလွှတ်တော် အမတ်လောင်း ဒေါက်တာတင်ရွှေနဲ့ သူ အနိုင်ရဖို့ သေချာသလောက်ပဲလို့ ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးခင်မောင်ဝင်းက မဇ္ဈိမကို ပြောပါတယ်။

ရပ်ကွက်အများစုမှာ မဲပေးပိုင်ခွင့်ရှိသူ ၆ဝ ရာခိုင်နှုန်းကျော် မဲလာပေးပြီး၊ တချို့ရပ်ကွက်တွေမှာ ၈ဝ ရာခိုင်နှုန်းလောက် လာပေးတယ်လို့ သိရပါတယ်။ လမ်းမတော်မှာ ကြိုတင်မဲအရေအတွက်က အင်မတန် နည်းတဲ့အတွက် အခြေအနေကောင်းပြီလို့ ဆိုနိုင်ကြောင်း ဦးခင်မောင်ဝင်းက ပြောပါတယ်။

18:43
လုံခြုံရေးနဲ့ ဘီးလင်းမဲ

မွန်ပြည်နယ် ဘီးလင်းမြို့ရဲ့ ဒီကနေ့ ရွေးကောက်ပွဲကို စစ်သားတွေက လှည့်ပတ်ပြီး လုံခြုံရေးယူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကား ၂ စီးနဲ့ ပတ်နေတယ်။ အနက်ရောင်နဲ့။ ကားပေါ်မှတော့ စစ်သားတွေက သေနတ်တွေနဲ့ အလုံးကြီး ခြေထောက်တွေ (အမြောက်) လည်း တွေ့တယ်။ လိုအပ်ရင် သုံးမယ့် သဘောမျိုးပေါ့။ မနက်ကတော့ လူတော်တော်ကျတယ်၊ ညနေဘက်ကတော့ လူတော်တော် ကျဲသွားတယ်’’ လို့ ဒေသခံတယောက်က ပြောပါတယ်။

မဲရုံတွေကိုတော့ ရယက ကော်မရှင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ၊ ဆရာမတွေ၊ ကြက်ခြေနီတွေ၊ ပြည့်သူ့စစ်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက စောင့်ကြပ်ပေးပါတယ်။ ဘီးလင်းမှာ ကြံ့ဖွံ့နဲ့ တစည နှစ်ပါတီပဲ ယှဉ်ပြိုင်ကြမှာပါ။

“ကျနော်ကတော့ ကြက်ခြေခတ် ထည့်ခဲ့တယ်။ ပထမတော့ သွားမထည့်ဘူးလို့ နေတာ။ သူတို့ဆီမှာ စာရင်းရှိနေတော့ မထည့်ရင် တခုတခု လုပ်မှာ ကြောက်တယ်လေ။ မထည့်ဘူးဆိုရင် တခုခုဖြစ်မှာ စိုးရိမ်ပြီး သွားထည့်လိုက်တာ” ဘီးလင်းမြို့ပေါ်မှ မဲဆန္ဒရှင် တယောက်က မဇ္ဈိမကို ပြောပါတယ်။

18:40
ကြံ့ခိုင်ဖွံ့ဖြိုးရေး ဒီနေ့ မဲဆွယ်၊ တောင်ကြီးမြို့ခံ ပြော

ရှမ်းပြည်မြို့တော် တောင်ကြီးမှာ ရွေးကောက်ပွဲကျင်းပရက် ဒီနေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကားတွေပေါ် အသံချဲ့စက်တွေ တင်၊ အလံတွေ လွှင့်ပြီး ခြင်္သေ့ကိုပဲ အမှန်ခြစ်ဖို့ ဆော်သြခဲ့တာကို တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့မဈေးကြီးမှာ ပရိုဂျက်တာကြီး တပ်ဆင်ပြီး နိုင်ငံတော်က လမ်းဖောက်၊ တံတားဆောက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နိုင်ခဲ့တာတွေကို တောက်လျှောက်ဖွင့်ပြထားတယ်လို့ သိရပါတယ်။

လင်ခေးမြို့မှာတော့ မဲရုံ ၂၁ ရုံ ရှိရာမှာ တရုံမှာပဲ မဲရေတွက်ပြီးခါနီးလို့ အနိုင်ရဖို့ များတယ်လို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စပ်ယွန်းပိုင်က ပြောပါတယ်။ ကျန်မဲရုံတွေတော့ ရေတွက်ဆဲပါပဲ။

17:56
မဲစာရင်းထဲ မပါလည်း မဲထည့်ခွင့်ရဟု မဲဆန္ဒရှင်တဦးပြော

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့ မန်ကျည်းတန်းတောင်-အနောက်ရပ်ကွက်မှာ မဲစာရင်းနဲ့ အိမ်ထောင်စု စာရင်းထဲ မပါပေမယ့် ဒီနေ့မနက် ရယက ရုံးမှာ မဲထည့်ခွင့် ရခဲ့တယ်လို့ ကာယာကံရှင်တွေက မဇ္ဈိမကို ပြောပြပါတယ်။

မဲပေးခွင့်ရသူတွေက အထက်အညာဒေသကဖြစ်ပြီး၊ လူစုအိမ်ငှားနေရင်း ကြည့်မြင်တိုင် ညဈေးအနီး ကုန်ခြောက်၊ ကုန်စိမ်းနဲ့ သီးနှံတွေ ရောင်းချအသက်မွေးနေသူတွေ ဖြစ်ပါတယ်။

“မဲပေးခဲ့ရပါတယ်ရှင့်။ သမီးက အညာကပါရှင့်။ မဲပေးတော့ မှတ်ပုံတင် ပြရပါတယ်ရှင့်။ အိမ်ထောင်စုစာရင်း သမီးတို့မှာ မပါဘူး။ အဲဒီတော့ မပြရဘူး”

“ကော်မရှင်လားဘာလား မသိဘူး။ ရယက ဥက္ကဋ္ဌပဲ။ မဲထည့်မှာလားလို့ပဲ မေးတယ်။ ထည့်မယ်ပေါ့။ သမီးရဲ့ မှတ်ပုံတင် စစ်ကြည့်ရော။ သမီးတို့ ၇ ယောက်။ အိမ်မှာတော့ လူအများကြီးရှိတယ်။ ဒါပေမဲ့ ၇ ယောက်ပဲ ပေးခွင့်ရှိတယ်လို့ သူက ပြောတယ်”

“သမီးတို့ အိမ်ရှင်ကိုပေါ့နော်။ သမီးတို့က ပြောတာပေါ့။ မဲထည့်ချင်တယ်လို့။ သူများတွေ ကဒ်ဝေ နေပြီပေါ့။ ညကျတော့သွားပြီးပြောတာ။ သမီးတို့အိမ်က အကြီးကို သွားပြောခိုင်းတာပေါ့။ ထည့်ချင် လို့ရှိရင် ၇ ယောက် ထည့်ခွင့်ရှိတယ်လို့ ပြောတယ်။ သမီးတို့အိမ်မှာက လူက ၂၁ ယောက်ရှိတယ်။ မှတ်ပုံတင်ရှိတဲ့ ၇ ယောက်ပေါ့နော်”

“ဒီမနက် ၁၁ နာရီထိုးတော့ ရုံးကို သွားလိုက်တယ်။ သူက ကိုယ်ကြိုက်တာထည့်။ အဲလိုပဲပြောတယ်။ စာရွက်ပေးတယ်။ လက်မှတ်ထိုးခဲ့ရတယ်။ ပုံးထဲမှာပဲ ထည့်ခဲ့ရတာပဲ”

“သမီးက ရန်ကုန်ရောက်တာ ၄ နှစ်ပြည့်တော့မယ်။ အညာကလူက သမီးတို့ ရွာတင်ပဲ လူ ၁ဝဝ ကျော်ရှိတယ်။ သမီးတို့ရွာနားက ၄ ရွာရှိတယ်။ ၇ဝဝ-၈ဝဝ လောက်ရှိတယ်။ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံတွေမှာ ရှိတယ်”

“မဲသွားထည့်တဲ့ အချိန် (မနက် ၁၁ နာရီကျော်) မှာ အများကြီးတော့ မရှိဘူး။ သမီးတို့က ၇ ယောက်။ အဲဒီထဲမှာ ၄-၅ ယောက်ပဲ တွေ့တယ်။ မဲရုံမှာတော့ မဲဆွယ်တာ မရှိဘူး”

17:40
မန္တလေး မဲပေးမှု

မန္တလေးမြို့ မဲပေးတဲ့ အခြေအနေနဲ့ ဘာကြောင့် မဲပေးကြတယ်ဆိုတာကို မြို့ခံစာရေးဆရာက မဇ္ဈိမကို ပြောပြတာကို တင်ပြလိုက်ပါတယ်။

"လွန်ခဲ့တဲ့ နိုင်ဝင်ဘာ ၃ ရက်နေ့လောက်ကစပြီး မဲကြိုကဒ်ဆိုတာ ထုတ်ပေးတယ်။ တအိမ်တက်ဆင်း လိုက်ပေးတယ်။ ဘယ်သူမှလည်း ကိုယ့်မဲစာရင်းပါမပါ ပေးထားတဲ့ ကဒ်တွေ မစစ်ကြဘူး။ ဒီနေ့မှာပဲ တချို့ကလည်း သူများပေးလို့ လိုက်ပေး။ အဲဒီတော့ ဘာတွေ ဖြစ်ကုန်လဲဆိုတော့ တချို့စာရင်းတွေ လိုနေတာပေါ့။ ကျနော့်အိမ် မိသားစုမှာ ၅ ယောက်ရှိတယ်ဆိုရင် ကျန်တဲ့ ၄ ယောက်ပဲ ပါလာတယ်"

"မဲသွားပေးမယ်လို့ ဆုံးဖြတ်တဲ့သူ နှစ်မျိုးရှိတယ်လေ။ ဘာမှ နားမလည်ဘဲ သွားပေးတာ၊ သူတို့ကို ကြောက်လို့ ပေးတာမျိုး။ နောက်တမျိုးကတော့ သူတို့ကို ဆန့်ကျင်ပြီးတော့ ဒီမိုကရက်ကို သွားပေးတာမျိုးက ရှိတယ်လေ။ ကြိုတင်မဲကတော့ သူတို့မဲ သေချာတယ်။ အခု သွားပေးတဲ့ မဲကတော့ သူတို့မဲ မသေချာဘူး"

မန္တလေးခရိုင် ၇ မြို့နယ်မှာ မဲဆန္ဒရှင် ၈ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၆ဝဝ ကျော် ရှိပါတယ်။ ကြံ့ဖွံ့၊ တစည၊ ၈၈ ကျောင်းသား၊ NDF ၊ ဝံသာနု NLD နဲ့ တသီးပုဂ္ဂ အမတ်လောင်းတွေ ဝင်ပြိုင်ပါတယ်။

17:25
ရန်ကုန်မြို့မှ မဲဆန္ဒရှင်တယောက် ပြောကြားချက်



17:00
ပြည်ကြီးတံခွန်မှာ ၈၅ ရာနှုန်း မဲပေး

မန္တလေးတိုင်း ပြည်ကြီးတံခွန်မှာ မဲရုံတရုံ မဲပေးခွင့်ရှိသူ ၂ ထောင်လောက် ရှိတဲ့အနက် ၈၅ ရာခိုင်နှုန်း လောက်က ဒီကနေ့ မဲပေးခဲ့တယ်လို့ အမျိုသားဒီမိုကရေစီအင်အားစု NDF ရဲ့ ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်း ဦးအောင်ခိုင်က ပြောပါတယ်။

"နေ့လည် ၂ နာရီကနေ ၃ နာရီဝန်းကျင်လောက် မဲရုံတွေကို သွားကြည့်ဖြစ်ပါတယ်။ မဲရုံတိုင်းကို လိုက်ကြည့်တော့ လူ ၁၉ဝဝ လောက် စာရင်းရှိတဲ့ မဲရုံမှာလည်း ၁၅ဝဝ၊ ၁၇ဝဝ လောက် လာပြီး မဲပေးကြတယ်။ ကျနော်သွားတဲ့အချိန် သိရတဲ့ စာရင်းဇယားအရ ၈၅ ရာခိုင်နှုန်းလောက်ကို လာပြီး မဲပေးကြပါတယ်" လို့ သူက ပြောပါတယ်။ လွတ်လပ်တဲ့ လျှို့ဝှက်မဲပေးစနစ်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကလည်း အတိအကျ လုပ်ကိုင်တယ်လို့ ဆိုပါတယ်။

မနက်ပိုင်းမှာ ကြိတ်ကြိတ်တိုး မဲထည့်ခဲ့ကြောင်းနဲ့ ၃ မဲ မထည့်ဘဲ တမဲထဲနဲ့ လှည့်ပြန်သူတွေ ရှိခဲ့ကြောင်း သူက ပြောပါတယ်။

ပြည်ကြီးတံခွန်မှာ ပြည်သူ့လွှတ်တော်အတွက် NDF ဦးအောင်ခိုင်အပြင် ကြံ့ဖွံ့ ဦးမောင်ကို၊ တစည ဦးမောင်စိုး၊ ဝံသာနု NLD ဒေါက်တာ သန်းထိုက်ဦးနဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) မှ ဦးမြင့်ခိုင်တို့ ဝင်ပြိုင်ကြပါတယ်။

16:35
မန္တလေး မဲပေးပုံ လွတ်လပ်

မန္တလေးတိုင်း ချမ်းမြသာစည်နဲ့ မဟာအောင်မြေ မြို့နယ်တွေမှာ မဲပေးရတာ လွတ်လပ်မှုရှိပြီး လုံခြုံရေးချထားတာလည်း နည်းပါတယ်လို့ ကိုယ်တိုင်မဲထည့်ခဲ့သူ ဒေသခံတွေ အဆိုအရ သိရပါတယ်။

"လုံခြုံရေးက သိပ်တော့ မရှိပါဘူး။ အလွန်ဆုံးမှ ၅ ယောက်၊ ၈ ယောက်လောက်ပေါ့။ တနေရာနဲ့ တနေရာ မတူဘူး ထင်တယ်။ ကျနော်တွေ့တဲ့ မဲရုံမှာတော့ လုံခြုံရေးက မများပါဘူး။ သူတို့ မဲပေးပုံတော့ လွတ်လပ်ပါတယ် အေးဆေးပဲ" လို့ ချမ်းမြသာစည်မြို့ခံက ပြောပါတယ်။ ကိုက် ၅ဝဝ ကို မဲရုံတရုံနှုန်း ရှိတာကြောင့် မနက် ၉ နာရီတုန်းက ကျွဲဆည်ကန် ကားကွင်းနားရှိ မဲရုံမှာ မဲပေးသူ ၅ဝ လောက် တွေ့ခဲ့ရပြီး၊ နေ့လည်အရောက် လူပြတ်သွားတယ်လို့ ဆိုပါတယ်။

ချမ်းမြသာစည်မှာ ပြည်သူ့လွှတ်တော်အတွက် တစည၊ ကြံ့ဖွံ့၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF နဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီတို့ ဝင်ပြိုင်ကြပါတယ်။

မဟာအောင်မြေမြို့မှာတော့ ပြည်သူ့လွှတ်တော်အတွက် တစည၊ ကြံ့ဖွံ့၊ အမျိုးသားဒီမိုကရေစီအင်အားစု NDF ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဝင်ပြိုင်မှာပါ။ အဲဒီမှာလည်း မဲထည့်ရတာ လွတ်လပ်တယ်လို့ မဲထည့်သူ ဒေသခံက ပြောပါတယ်။

"အနားမှာ ရဲတချို့မြင်ခဲ့တယ်။ တခြားဝင်ခွေနေရင်တော့ မသိဘူး။ မြင်ခဲ့ရတော့ ၄ ယောက်တိတိပဲ။ မဲရုံပိတ်ချိန်က ညနေ ၆ နာရီအထိ။ တစစ လာပေးနေကြတာပေါ့။ ထည့်ရတာ လွပ်လပ်ပါတယ်။ လျှို့ဝှတ်ခန်းရှိတယ်လေ။ ရပ်ကွက်ထဲမှာတော့ ခမောက်ရယ်၊ ကဒေါင်းရယ် တော်တော်ထည့်ထားတယ် ပြောတယ်။ မဲရုံနားမှာ ပြည်ခိုင်ဖြိုးက မဲဆွယ်တာတော့ မတွေ့ခဲ့ပါဘူး" လို့ သူက ဆိုပါတယ်။

15:37
မဲရုံအလုပ်ပါ ကြံ့ခိုင်ရေး ဝင်လုပ်ဟုဆို

ကြံ့ခိုင်ဖွံ့ဖြိုးရေး မဲရုံကိုယ်စားလှယ်တွေဟာ မဲရုံအလုပ်တွေပါ ဝင်လုပ်နေတယ်လို့ မန္တလေးတိုင်း အမရပူ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှာ ဝင်ပြိုင်တဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဒေါက်တာသန်းမြင့်ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ကိုညီညီကျော်က ပြောပြပါတယ်။



"မဲရုံစောင့် ကြံ့ခိုင်ရေးက ၂ ဦးစီ ရှိတယ်။ မဲရုံတခုမှာ ၆ ဦး ရှိတယ်။ သူတို့က ရပ်ကွက်သူ ရပ်ကွက်သားတွေဆိုတော့ နဂိုအရှိန်နဲ့ ကြိုဆိုတာ၊ မဲထည့်ခိုင်းတာ၊ လုံခြုံရေးသဘောမျိုး လုပ်တာတွေကို မဲရုံမှူးတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေက သဘောမပေါက်ကြဘူး။ အမှန်တကယ် နားမလည်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေ၊ ကျောင်းအုပ်တွေကို မဲရုံမှူးလုပ်ခိုင်းထားတာကိုး။ ဆရာ၊ ဆရာမတွေဆိုတာက ကြောက်တတ်တယ်လေ။ ဆိုတော့ မဲရုံထဲမှာ တာဝန်ရှိတဲ့ လူနဲ့ ရောထွေးပြီး လုပ်တာမျိုး တွေ့ရတယ်"

အမရပူရ တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှာ ဦးသိန်းဝင်း (တစည) နဲ့ ဦးမိုးနိုင်ကျော် (ကြံ့ဖွံ့) တို့ ယှဉ်ပြိုင်ကြပါတယ်။

15:35
ရွှေပေါက်ကံ မဲပေးနောက်ကျ

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကံရပ် မဲရုံမှာ ပြည်သူ့လွှတ်တော်အတွက် ဝင်ပြိုင်တဲ့ တသီးပုဂ္ဂလ အမတ်လောင်း ဦးဘတင့်ဆွေကို မဲထည့်နိုင်ဖို့ မဲကဒ်ပြားတွေ မရှိလို့ မဲစတင်ပေးချိန် နောက်ကျသွားရတယ်လို့ ဦးဘတင့်ဆွေက ပြောပါတယ်။

“ကျနော့်ကို မဲပေးမယ့်လူ ၂ဝ လောက်က မဲရုံမှာ တန်းစီနေတာပေါ့။ စထုတ်ပေးတဲ့အခါ အမျိုးသားလွှတ်တော် မဲကဒ်ပြား ထုတ်ပေးတယ်။ ကျနော့်နာမည် မပါဘူးပေါ့ဗျာ။ ထည့်မယ့်လူတွေက ဘယ်မှလဲ ဘတင့်ဆွေရော မေးတော့မှ ကျနော့်ရဲ့ ပြည်သူ့လွှတ်တော်အတွက် မဲကဒ်ပြားတို့၊ မဲစာရင်းတို့ ထုတ်တဲ့ဟာတွေ မပါလာဘူး သူတို့က။ အဲဒီတော့မှ ပြန်ထုတ်ရတာ မျိုးဖြစ်တယ်” လို့ သူက ပြောပါတယ်။

“မြောက်ဥက္ကလာမှာက မဲရုံတွေနားမှာ ရဲ၊ အရံမီးသတ်၊ ကြက်ခြေနီတွေ ချထားတယ်လေ။ ရဲကတော့ အပွင့်ပါတဲ့ လူကတော့ ခြောက်လုံးပြူး ပါတာပေါ့ဗျာ။ ခါးချိတ်ပြီးတော့။ ပန်းဆိုးတန်း၊ ကျောက်တံတားတို့၊ ပန်းပဲတန်းတို့၊ ကားတွေတောင် ခပ်ခြောက်ခြောက်လို့ ပြောတယ်။ မြောက်ဥက္ကလာမှာ ကျနော်တို့ ထင်တာထက် ပိုပေးတဲ့သဘော ရှိတယ်ဗျ။ တချို့မဲရုံတွေ အခုနေ့ခင်း တဝက်နဲ့ပဲ မဲပေးမယ့်လူတွေ ကုန်သလောက် ဖြစ်နေပြီလေ။ ကြားတာကတော့ ၂-၃ ရုံ ရှိနေပြီဗျ” လို့ သူက ဆိုပါတယ်။

မြောက်ဥက္ကလာတွင် မဲရုံက ၃၃၃ ရုံ၊ မဲပေးခွင့်ရှိသူ ၂ သိန်း ၅ ထောင်လောက် ရှိတယ်လို့ သိရပါတယ်။

15:35
ကိုကျော်သူ မဲမပေး

kyaw-Thuရွေးကောက်ပွဲ မဲပေးရက်မှာ သေဆုံးသူ တယောက်မှ မရှိရင် မဲထည့်သွားမှာလို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မင်းသား ကျော်သူက ပြောပါတယ်။

“ကျနော်တို့က နာရေးအသင်းလုပ်နေတာလေ။ အဲဒီတော့ မဲလည်း မလုပ်နိုင်ဘူး၊ မဲလည်း မပေးဘူး။ မပေးဘူးဆိုတာ ဒီမှာ နေ့စဉ် တနေ့ကို အလောင်း ၅ဝ လေ။ ဥပမာ ဒီနေ့လိုရက်မျိုး တယောက်မှ မသေသေးဘူးဆိုရင် သွားထည့်ရင် ထည့်မှာပေါ့ဗျ၊”

”အခုထက်ထိ အားလုံး တိတ်နေတယ်၊ ငြိမ်နေတယ်၊ ကားအသွားအလာတွေ လူတွေကလည်း အပြင်မထွက်ဘူး။ အိမ်ထဲပဲ နေနေတယ်။ ညနေလောက်ကျမှ ထူးခြားမယ်ထင်တာပဲ။ ညနေ မဲရေတော့မှပဲ အဲဒီမှာ ထိုးပွဲကြိတ်ပွဲတွေ ဖြစ်မယ်ပဲ ကျနော် ထင်တယ်”

15:30
အော်ပီကျယ်ရဲ့ အမြင်နဲ့ အတွေး

နာမည်ကျော် ကာတွန်းဆရာကြီး အော်ပီကျယ်ရဲ့ ဒီကနေ့ ရွေးကောက်ပွဲ မဲပေးအတွေ့အကြုံ၊ မဲရုံမြင်ကွင်း ပါတီတွေအပေါ် သဘောထားနဲ့ အတွေးစတချို့ကို တင်ပြလိုက်ပါတယ်။

“ကျနော် မနက် ၇ နာရီလောက်ကတည်းက ပေးတာ။ မြန်မြန်ပေးပြီးရင် ပြီးတာပဲလေ။ ကိုယ်နဲ့ တပြိုင်ထဲ မဲပေးတဲ့ သူကတော့ တယောက်မှ မရှိပါဘူး။ တန်းတွေ ဘာတွေလည်း မစည်ရဘူး”

“လူတော်တော်များများ ပြောနေတာတော့ ကြံ့ဖွံ့ပါတီနဲ့ တစည ကိုတော့ သူတို့ ကောင်းတယ်၊ မကောင်းဘူးဆိုတာကို သူတို့သိတယ်ပေါ့လေ။ ကျန်တဲ့ပါတီတွေကျတော့ သူတို့ကျတော့လည်း သိပ်ပြီး မသိဘူးလေ။ ကျနော်တို့တောင် ရေဒီယို နားထောင်လို့ သိတာ”

“တော်တော်များများက သူတို့မကြိုက်တဲ့ ပါတီကို ဖယ်လိုက်ကြတယ်။ ဒါပေမဲ့ ကြိုက်တဲ့ဟာကျတော့လည်း မရှိဘူးလေ။ ကြိုက်ဖို့ကလည်း ဘာသတင်းအချက်အလက်မှ မရှိတာ။ ဒါတွေ မဲရုံရောက်မှ ကြားဖူးတာ”

“ကျနော်တို့ Referendum (ဆန္ဒခံယူပွဲ) တုန်းက ရပ်ကွက်တခုကို မဲရုံတခုပဲပေါ့။ အခုဟာက ကျနော့် အိမ်နားပတ်ဝန်းကျင်ကို ၄ ခုလောက် ရှိတယ်။ ဘာလို့ ခွဲလိုက်မှန်း မသိဘူး။ အခြေခံဥပဒေတုန်းကလည်း ဒီလူဦးရေပဲလေ။ အခုက မဲရုံတွေကို အများကြီး ပွစိတက်နေတာပဲ”

14:28
ဒေါက်တာဇော်ဦးနှင့် အင်တာဗျူး

ဗဟို ဖွံ့ဖြိုးတိုးတက်ရေး အင်စတီကျူ့ ဒါရိုက်တာ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မေးမြန်းထားတာ ဖြစ်ပါတယ်။



14:25
လွတ်လပ်တဲ့ လားရှိုး

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မဲရုံတွေ မဲပေးခွင့် လွတ်လပ်တယ်လို့ မြို့ခံဆရာဝန် တယောက်က ပြောပါတယ်။

“မနက် ၆ နာရီကတည်းက စတယ်။ မြို့ပေါ်မှာတော့ ဘာမှမရှိပါဘူး။ အခြေအနေ ကောင်းပါတယ်။ ဒီမြို့ပေါ်က လူတွေကလည်း နိုင်ငံရေး စိတ်မဝင်စားဘူးလေ” ဟု သူက မဇ္ဈိမကို ပြောသည်။

14:15

ငပုတော ၁ မှာ NDF အားသာနေဟု ပြိုင်ဘက်ပြော

ဧရာဝတီတိုင်း ငပုတောမြို့ မဲဆန္ဒနယ် ၁ မှာ မဲဆန္ဒရှင် တဝက်လောက် မဲပေးပြီးဖြစ်လို့ ဒီနယ်မှာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF အခြေအနေ ကောင်းတယ်လို့ ပြိုင်ဘက်တဦးဖြစ်တဲ့ ငပုတော ကရင်ပြည်သူ့ပါတီ KPP ကိုယ်စားပြု ပြည်သူ့လွှတ်တော် အမတ်လောင်း မန်းထွန်းတင်က မဇ္ဈိမကို ပြောပါတယ်။

“ငပုတောမြို့ပေါ် မဲဆန္ဒနယ် အမှတ် ၁ မှာတော့၊ တဝက်လောက် ထည့်ပြီးသွားပြီ။ အဲဒီမှာ မဲဆန္ဒရှင်တွေ ပြောတာက NDF ကို မဲထည့်တာများတယ်ဗျ။ ဒီမှာတော့ လွပ်လွပ်လပ်လပ် မဲပေးလို့ ရပါတယ်” လို့ သူက ဆိုပါတယ်။

ငပုတောမြို့နယ်မှာ NDF ၊ တစည ၊ ကြံ့ဖွံ့နဲ့ KPP တို့ ဝင်ပြိုင်နေတာပါ။

13:50

မုံရွာမဲရုံ မဲထည့်သူနည်း

စစ်ကိုင်းတိုင်း မုံရွာမြို့ လှည်းတန်း ရပ်ကွက်ထဲက အမက မူလတန်းကျောင်းရှိ မဲရုံကို ဒီကနေ့ နေ့လည် ၁ နာရီကျော်မှာ မဲထည့်သွားသူက မဲရုံမှာ လူရှင်းနေတယ်လို့ ဆိုပါတယ်။

’’ဒီနေ့ မဲသွားပေးတယ်။ မြင်ကွင်းလည်း ရှင်းတယ်၊ လူလည်း ရှင်းတယ်။ အခုပဲ မဲထည့်ပြီးတော့ ပြန်လာတယ်။ မဲလာပေးတဲ့လူက ၃-၄ ယောက်လောက်ပဲ ရှိတယ်။ မဲရုံးပတ်ဝန်းကျင်မှာ ဘာမှ မရှိဘူး။ ဆရာ၊ ဆရာမတွေပဲ ရှိတယ်။ အမျိုးသား ဒီမိုကရေစီ အင်အားစုနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုပဲ မဲထည့်ခဲ့တယ်။ တာဝန်အရ သွားပြီး ထည့်လိုက်တာပါ’’ လို့ သူက ပြောပါတယ်။

မုံရွာမှာ သူထည့်ခဲ့တဲ့ ၂ ပါတီအပြင် တစည၊ ကြံ့ဖွံ့နဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော်အတွက်တော့ တစည နဲ့ ကြံ့ဖွံ့ပဲ ပြိုင်ကြတာပါ။

13:40

အေးစက်စက် မြဝတီမဲ

ကရင်ပြည်နယ် မြဝတီမြို့မှာ မဲပေးသူ နည်းတယ်လို့ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိ တယောက်က ဆိုပါတယ်။

“မြဝတီဆိုတာလည်း သိတဲ့အတိုင်းပဲ။ လူတွေက ဗုံးကွဲမှာကို အဓိက ကြောက်နေကြတာရယ်၊ ဒီမဲဆိုတာကြီးကို စိတ်မဝင်စားကြတာရယ်ပေါ့လေ။ တာဝန်ရှိတဲ့ လူတွေကတော့ အိမ်ထောင်စုရှိသူ၊ မဲပေးခွင့်ရှိသူတွေကို မဲမထည့်မနေရ ပုံစံမျိုးတော့ လုပ်ထားတာပဲ။ အခုချိန်ထိတော့ မဲရုံမှာတင် အေးတာမဟုတ်ဘူး၊ ကျောက်လုံးကြီးတို့ ရွှေမင်းဝံဘုရားတို့နဲ့ လမ်းမတွေပေါ်မှာကို လူမရှိတာ” ဟု သူက မဇ္ဈိမကို ပြောပြပါတယ်။

မြို့တွင်းမှာ လုံခြုံရေးတွေကို နေရာအနှံ့ ချထားတယ်လို့ မြဝတီမြို့ခံ ကုန်သည်ကြီး တယောက်ကလည်း မဇ္ဈိမကို ပြောပါတယ်။

13:30

မဲပေးဖို့ တိုးဝင်ရ

ချင်းပြည်နယ် မတူပီမြို့ ဟန်ဘောင်ရပ်ကွက် မဲရုံမှာ မဲပေးသူ များလွန်းလို့ တိုးဝင်ရတယ်လို့ ကိုယ်တိုင်မဲပေးခဲ့သူ အမျိုးသမီး တယောက်က ပြောပါတယ်။

“ကျမကတော့ မဲပေးပြီးပြီ။ မနက် မိုးလင်းကတည်းက ပေးတာ။ ဘယ်ပါတီကို မဲပေးတာကိုတော့ မပြောဘူး။ မဲရုံမှာ လွတ်လွတ်လပ်လပ်နဲ့ ပေးလို့ရတယ်။ ရဲတွေ၊ ဘာတွေ လုံခြုံရေးလည်း မရှိဘူး။ အထက ၂ ကျောင်းမှာ ပေးရတာပါ။ သူတို့ ပေးခိုင်းတဲ့အတိုင်း ပေးတာပေါ့ဟာ။ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားရယ်၊ ပြည်နယ်ရယ် အဲလိုပေါ့။ မဲပေးတဲ့သူတွေ များပါတယ်။ မဲရုံမှာ လူအများကြီးပဲ။ တိုးပြီးတော့ ဝင်ကြတာ။ မဲရုံမှာ ဘာထူးခြားမှုမှ မရှိဘူး။ တိတ်ဆိတ်နေပါတယ်” လို့ သူက ဆိုပါတယ်။

13:20

မဲပေးသူ များတယ်လို့ ကြံ့ခိုင်ဖြိုး ကိုယ်စားလှယ် ပြော

ရန်ကင်းနဲ့ တောင်ဥက္ကလာပကို သွားခဲ့တဲ့ ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား လူမျိုးစုအတွက် ယှဉ်ပြိုင်ရတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာ ထွန်းဇံအောင်က မဲပေးသူ များတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

’’မဲရုံပိတ်တာနဲ့ မဲရုံ ကိုယ်စားလှယ်များရှေ့ ရေတွက်ပြီး မဲများကို မြို့နယ်ကော်မရှင်ကို ပို့ရမှာဖြစ်ပါတယ်။ အနိုင်အရှုံး ကြေညာမယ့် ရက်ကိုတော့ မသိဘူး’’ လို့ သူက ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း မဲရုံပေါင်း ၁ဝဝဝ ကျော် ရှိသည်။

9:49
လှိုင်မှာတော့ ပျင်းဖို့ကောင်း

ရန်ကုန်တိုင်း လှိုင်မြို့နယ်ထဲမှာ မဲထည့်သူ နည်းနေပြီး ဆိုင်တွေလည်း ပိတ်ထားလို့ ခြောက်ကပ်နေတယ်လို့ ၁၃ ရပ်ကွက်နေ ဒေသခံ အိမ်ရှင်မတယောက်က ပြောပါတယ်။

“ကျမ အိမ်နားက မဲရုံ အလယ်တန်းကျောင်းမှာတော့ ရပ်ကွက်လူကြီးတွေနဲ့ ရဲ တယောက်နှစ်ယောက် စောင့်နေတာပဲ ရှိတယ်။ လူတွေ သိပ်လာထည့်မတာ မတွေ့ဘူး။ ကျမကတော့ မထည့်တော့ဘူး။ လာထည့်တဲ့ သူတွေကလည်း ဒီမြို့နယ်မှာ ဧည့်စာရင်းနဲ့ နေကြတဲ့ သူတွေလောက်ပဲ တွေ့ရတယ်။ မနက်စောစောကတည်းက အင်းယားက လမ်းလျှောက်ပြီး ပြန်လာတော့လည်း တွေ့ခဲ့တဲ့ မဲရုံတွေမှာ လာထည့်တဲ့ သူတွေ မတွေ့ခဲ့ဘူး။ မနက် ၈ နာရီလောက်ကပေါ့။ တရုန်းရုန်းလည်း မတွေ့ဘူး။ ဆိုင်တွေလည်း ပိတ်ထားတော့ ခြောက်ကပ်နေတာ။ ပျင်းစရာတောင် ကောင်းနေတယ်။ အနီးအနားမှာလည်း ဘယ်ပါတီမှ မတွေရဘူး၊ အခုပြောနေတဲ့ ၁၀ နာရီခွဲထိတောင် လူတွေ ခြောက်ကပ်နေတယ်” ဟု သူက မဇ္ဈိမကို ပြောပါတယ်။

9:49

ဖလမ်းမဲရုံ လွတ်လပ်ပါတယ်လို့ ကော်မရှင်ဝန်ထမ်းပြော

ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျင်မွဲလ်ရပ်ကွက် မဲရုံမှာ ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေရှေ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်တယ်လို့ အဲဒီရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲရုံစောင့်တယောက်က မဇ္ဈိမကို ပြောပါတယ်။

“ချင်းတိုးတက်ရေးပါတီ CPP ကို ပေးတယ်။ မနက် ၉ နာရီလောက်မှာ ပေးတယ်။ ပေးတဲ့သူ များတယ်။ ကျနော် အခု ထမင်းစားပြန်လာတာပါ။ ဒီမနက် ပေးတဲ့သူတွေက လူပေါင်း ၄ဝဝ ကျော်ရှိပြီ။ လွတ်လွတ်လပ်လပ်ပေးလို့ ရတယ်။ လုံခြုံရေး မတင်းကျပ်ပါဘူး။ ကျနော်တို့တွေပါပဲ။ မဲရုံမှာ တာဝန်ကျတဲ့သူ ၄ဝ လောက်ရှိမယ်၊ ကော်မရှင်တွေ၊ မဲရုံမှူးတွေ၊ ကိုယ်စားလှယ်တွေ၊ လုံခြုံရေးမှာတော့ မီးသတ်နည်းနည်းပါတယ်။ ဘယ်ပါတီကို မဲပေးတဲ့သူများလဲဆိုတာ ပြောလို့ မရဘူး။ ဘုရားကျောင်းမတက်ခင်မှာ လူများတယ်။ အခုတော့ နည်းနည်းလူနည်းသွားပြီ။ ပါတီတိုင်းက မဲရုံကိုယ်စားလှယ်တွေ အကုန်ရှိတယ်။ အမတ်လောင်းကိုယ်တိုင်တော့ မတွေ့ဘူး” လို့

ဖလမ်းမှာ ချင်းတိုးတက်ရေးပါတီ CPP အပြင် ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ ယှဉ်ပြိုင်ပါတယ်။

11:51

မဲပေးရန် စောင့်ဆိုင်းနေသူမျာ

ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် မဲရုံတရုံတွင် မဲပေးရန်  စောင့်ဆိုင်းနေသူများကို တနင်္ဂနွေ နိုဝင်ဘာ ၇ ရက်နေ့တွင် တွေရစဉ်။ ဓာတ်ပုံ-  မဇ္ဈိမ

11:37

မလုံမခြုံ မဲရုံ

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် မဲရုံတွေမှာ မဲပေးသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ မလုံမခြုံဖြစ်နေတယ်လို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကနေ အဲဒီမြို့နယ်မှာ ဝင်အရွေးခံမယ့် ပြည်သူ့လွှတ်တော် အမတ်လောင်း ဦးအောင်မျိုးဦးက ပြောပါတယ်။

“မဲပေးရင် ကျနော်တို့ သိတာက ဆန္ဒပြုခန်းဆိုတာ သပ်သပ်ရှိရမယ်။ သူက ရောနေတယ်။ အင်တာနက်ကဖေးမှာ ကွန်ပြူတာထားသလို အကန့်လေးတွေနဲ့ ကာထားတယ်။ ဘေးနားတွေမှာ မဲစာရွက်ထုတ်ပေးတဲ့လူတို့၊ မဲစာရင်းပြုလုပ်ပေးသူတို့ ထိုင်နေကြတယ်။ လုံခြုံမှု သိပ်မရှိဘူးပေါ့ဗျာ။ တမင်သက်သက် လုပ်တယ်လို့ ထင်တယ်။ လျှို့လျှို့ဝှက်ဝှက် မဟုတ်ဘူး။ လုံခြုံမှု မရှိဘူးဆိုတာက မဲပေးတဲ့လူရဲ့ စိတ်ပိုင်းဆိုင်ရာမှာ သူ့ကိုများ အနောက်က ကြည့်နေမလား၊ ဘယ်ပါတီကို ထည့်လိုက်ရင် ဘယ်သူကများ တွေ့သွားမလဲဆိုတဲ့ သံသယဆိုတာ ရှိတယ်။ မဲပေးတဲ့လူက စိတ်လှုပ်ရှားမှု ဖြစ်တယ်ဆိုရင် မကောင်းဘူးပေါ့ဗျာ” လို့ သူက ဆိုပါတယ်။

ဒီလ ၅ ရက်နေ့ ကြိုတင်မဲကောက်ရာ မန်ကျဉ်းမြောက် (အရှေ့) ရယကရုံးမှာ ကော်မရှင်တာဝန်ရှိသူက မဲပေးသူကို ကြံ့ဖွံ့ပါတီ လက်ညှိုးထိုးထောက်ပြပြီး ထည့်ခိုင်းတယ်လို့လည်း သူက ပြောပါတယ်။

သူမဲထည့်ရတဲ့ မန်ကျည်းတန်းတောင် (အနောက်) မှာ မဲထည့်ခွင့်ရှိသူ ၂ဝ၆၈ ယောက်ရှိပြီ၊ ကြည့်မြင်တိုင်မှာ မဲရုံပေါင်း ၄၅ ရုံနဲ့ မဲရုံခွဲတွေလည်း ရှိပါတယ်။ ဒီကနေ့ မဲရုံတွေကို ကော်မရှင်တာဝန်ရှိသူတွေနဲ့ ရဲ ၁-၂ ယောက် ချထားပါတယ်။ မဲပေးသူကတော့ ကွက်တိကွက်ကြား ရှိနေပါတယ်။

11:27

စစ်တွေ မောလိပ်မဲရုံ လုံခြုံရေးမရှိ၊ မဲထည့်သူ များ
ရခိုင်ပြည်နယ် စစ်တွေမြို့ မောလိပ်ရပ်ကွက်မှာ လုံခြုံရေး ချထားတာမျိုး မရှိသလို၊ မဲထည့်သူဦးရေလည်း များပါတယ်လို့ မောလိပ်ရပ်ကွက် ဒေသခံက ဆိုပါတယ်။

“လူတွေကတော့ သွားဖြစ်ကြပါတယ်။ မဲရုံက မနက် ၆ နာရီ ဖွင့်ပါတယ်။ လုံခြုံရေးတွေတော့ ချမထားပါဘူး။ ပါတီက ကိုယ်စားလှယ်တွေလည်း မမြင်ပါ။ လူတွေကတော့ များပါတယ်။ ကျနော်ကတော့ မသွားဖြစ်သေးဘူး’’ လို့ သူက ပြောပါတယ်။

11:26

မရမ်းကုန်းမဲရုံ မှတ်ပုံတင်နဲ့မတိုက်

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် မဲရုံအမှတ် ၄ မှာ မဲလာပေးသူတွေကို နိုင်ငံသားစိစစ်ရေး မှတ်ပုံတင်နဲ့ တိုက်မစစ်ဘဲ မဲထည့်ခိုင်းတာတွေ ရှိနေတယ်လို့ မြို့ခံ ဌာနဆိုင်ရာ အရာရှိတယောက်က မဇ္ဈိမကို ပြောပါတယ်။

“မဲပေးနေတဲ့လူတွေ အခုတွေ့နေရတာကတော့ ၁ဝဝ ကျော်လောက် ရှိတယ်ခင်ဗျ။ လုံခြုံရေးကတော့ အေးအေးဆေးဆေးပါပဲ။ အခုဟာက မှတ်ပုံတင်စစ်တာတွေ ဘာတွေလည်း မရှိတော့ဘူး။ အဲတော့ လာပေးတဲ့ လူတွေဟာက အစစ်အမှန် ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာက ဆန်းစစ်ရခက်တာပေါ့လေ” လို့ သူက ဆိုပါတယ်။

“သူတို့က မဲလက်မှတ်တွေ လာဝေထားတယ်လေ။ အဲဒီမဲလက်မှတ်လေးတွေက နံပါတ်နဲ့ ဘာနဲ့ပေါ့။ အဲဒီလက်မှတ်ရှိတဲ့လူ ပေးလို့ရတဲ့ သဘောပါပဲ။ စနစ်တကျ မရှိဘူးပေါ့ဗျာ။ မြန်မြန်လာပေးပြီးရောဆိုတဲ့ သဘောလုပ်ထားတာလို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ တိုက်ညှိခြင်း၊ စိစစ်ကြပ်မတ်ခြင်း မလုပ်နိုင်လို့ မဲလိမ်မှုဖြစ်မှာကို သူက စိုးရိမ်နေပါတယ်။

11:06

ဟားခါးမှာလည်း မဲပေးနေ

ချင်းပြည်နယ် မြို့တော်ဟားခါးမှာလည်း ဒီနေ့မနက် ၆ နာရီကစပြီး မဲထည့်နေပါပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“၆ နာရီကနေ မဲပေးလို့ရတယ်။ ကျမလည်း မနက် ၇ နာရီခွဲလောက်က မဲသွားပြီးပြီ။ ကြံ့ခိုင်ရေးပါတီကို ပေးလိုက်တယ်။ ကြံ့ဖွံ့ပါတီကို အမှန်ခြစ်ပြီးတော့ မဲပုံးထဲ ထည့်လိုက်တာပဲ။ အနာဂတ်အတွက် ကောင်းမယ်ထင်လို့ ပေးလိုက်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ပြီးတော့မှ ဖြည်းဖြည်းချင်းနဲ့ ဒီမိုကရေစီကို ဒီကနေ လျှောက်ရင် ကောင်းမလားထင်လို့ ပေးတာပါ။ လွတ်လွတ်လပ်လပ်ပဲ ပေးလို့ရတယ်။ ကျမသွားတုန်းက စောစောဆိုတော့ လူမများသေးဘူး။ အခုလောက်ဆိုရင် လူများတော့မှာ။ ရဲရုံမှာ လုံခြုံရေးတော့ ရှိတယ်။ မဲရုံအပြင်ဘက်မှာ ရဲတွေ ရပ်နေကြတယ်” လို့ သူက ဆိုပါတယ်။

10:50

မဲရုံကိုယ်စားလှယ် ဘောလ်ပင်၊ စာအုပ် မကိုင်ရ

နိုင်ငံရေးပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေကို ဘောလ်ပင်နဲ့ မှတ်စုစာအုပ်တွေကို မြို့နယ်ကော်မရှင်က ကိုင်ခွင့်ပြုပေမယ့် ဒီနေ့မှာတော့ ရပ်ကွက်ကော်မရှင်က ကိုင်ခွင့်မပေးဘူးလို့ ဧရာဝတီတိုင်း အမျိုးသား လွှတ်တော်ကနေ ဝင်ပြိုင်မယ့် တစည ပါတီ လွှတ်တော်အမတ်လောင်း မန်းထိန်ဝင်းစိန်က မဇ္ဈိမကို ပြောပြပါတယ်။

“ပါတီကိုယ်စားလှယ် မဲရုံတရုံကို ၈ ယောက် ကော်မရှင်က ဝင်ခွင့်ပေးထားပါတယ်။ အဲဒီဝင်ခွင့်ရှိတဲ့ ၈ ယောက်သည် ဘောလ်ပင်တချောင်းနဲ့ မှတ်စုစာအုပ်တခု ပေးထားတယ်။ အဲဒါကို သူတို့ကိုင်ခွင့်မပေးပါဘူး။ ပြောတော့လည်း မပေးပါဘူး။ ကျနော်ပြောပါတယ်၊ ပန်းတနော် ကော်မရှင်နဲ့ အဆက်အသွယ်ရှိတယ်၊ ပန်းတနော် ကော်မရှင်က ညွှန်ကြားချက်အတိုင်း လုပ်တာပါလို့။ ကျနော်တို့ အငြင်းပွားနေပါတယ်၊ ပြည်ထောင်စု ကော်မရှင်အထိ ကန့်ကွက်မယ်” လို့ သူက ပြောပါတယ်။

10:41

ရွှေဘိုကမဲ အေးဆေး

မန္တလေးတိုင်း ရွှေဘိုမြို့နယ်၊ အမှတ် ၄ ရပ်ကွက်တွင်လည်း ယနေ့မနက် ၆ နာရီကနေ စပြီ မဲပေးနေပြီလို့ အဆိုပါ မြို့နယ် တာဝန်ရှိသူ တယောက်က မဇ္ဇျိမကို ပြောသည်။

“ကျနော်တို့ဆီမှာတော့ မနက် ၄ နာရီကတည်းက စပေးတယ်။ ဒီလိုပါပဲ ဈေးသူဈေးသားတွေဆိုတော့ စောစော သွားပေးလိုက်ကြတာပါပဲ။ ဒီမှာတော့ ကောင်းပါတယ်။ ဘာမှ တင်းကျပ်တာ မရှိပါဘူး။ အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါပဲ’’ လို့ သူက ပြောပါတယ်။

9:49

ပန်းတနော်မြို့နယ် မရမ်းရွာ လူမျိုးစုလွှတ်တော်အတွက် မဲပေးခွင့်ပျောက်နေ

ပန်းတနော်မြို့နယ် မရမ်းရွာ မဲဆန္ဒနယ် အမတ် ၁ တွင်၊ ကရင် တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲဆန္ဒရှင်တချို့ မဲပေးခွင့်ပျောက်နေကြောင်း ဒေသခံ တယောက်က ပြောပါတယ်။ မဲပေးခွင့်စာရင်း တွေကို ကော်မရှင်က မနေ့က ထုတ်ပေးခဲ့ပြီး ဒီစာရင်းမှာတော့ တိုင်းရင်းသား လူမျိုးစု လွှတ်တော်အတွက် မဲပေးခွင့်စာရင်းပါရှိပြီး ဒီနေ့မဲသွားပေးတော့မှ မဲပေးခွင့်မရှိတဲ့အကြောင်း ဒေသခံတွေ ကပြောပါတယ်။

သွားမေးတော့ ကျေးရွာလူကြီး ဥက္ကဋ္ဌ က မသိဘူးလို့ပြောပြီး စာရေးကတော့ ရာအိမ်မှူးဆီက စာရင်းတက်လာကတည်းက မပါတာလို့ပြောတယ်လို့ ဒေသခံတဦးက မဇ္ဈိမကို ကပြောပြပါတယ်။

9:25



9:07

ဘုရားကျောင်း ဝတ်ပြုပြီးမှလာမည့် မဲဆန္ဒရှင်များ

မြစ်ကြီးနားမြို့ ယနေ့ နံနက် ၆ နာရီမှ စတင်၍ မဲရုံများ ဖွင့်လှစ်ခဲ့ရာ ဒေသခံများက မဲရုံသို့ လာရောက်သူ နည်းပါးကြောင်း မဲရုံနှင့် နီးစပ်သူတဦးက ပြောသည်။

“ဒီမနက်တော့ သွားတာလဲ မတွေ့ဘူး။ လူက တဦးချင်းလာနေတာ။ လုံခြုံရေးက မဲရုံအနီးတဝိုက် မီးသတ် ၄ ဦးတော့ စောင့်နေတယ်။ ဒေသခံတွေက အေးတိအေးစက် ဖြစ်နေကြတယ်။ တချို့ မဲစာရင်းတုံကင်သဘော လာမပေးလို့ သွားမပေးဘူးဆိုတဲ့ လူတွေလည်းရှိနေတယ်”ဟု စီတာပူရပ်ကွက်မှ ဒေသခံ တဦးက ပြောသည်။

မနက်ပိုင်း သွားမထည့်ဘဲ ဘုရားကျောင်း ဝတ်ပြုမှု ပြီးမှ မဲ သွားထည့်မည် ဆိုသည့် ဒေသခံများသာ များပြားသည်။

စနေနေ့၊ နိုဝင်ဘာလ ၀၆ ရက် ၂၀၁၀ ခုနှစ်

23:59
ပြည်ပတွင် ပြည်သူ့လွှတ်တော် ဖွဲ့စည်း

ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး ဦးတည်သော ခြေလှမ်းတရပ်ဟု ဆိုကာ လက်နက်ကိုင် တိုင်းရင်းသား အတိုက်အခံ အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အမတ်အချို့က ပြည်သူ့လွှတ်တော် တရပ်ကို ပြည်ပတွင် ဖွဲ့စည်းလိုက်ကြသည်။

ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတိနှင့် ကရင်နီ တိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်များနှင့် အမတ်များသည် ကရင်နီပြည်နယ် ဂေ့ဖိုးဒူးဒမ်းခမတွင် နိုဝင်ဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ပြုလုပ်သော အစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

”စစ်အာဏာရှင် စနစ်ကို တရားဝင် သက်ဆိုးရှည်စေမည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းရန်” စစ်အစိုးရက လုပ်ဆောင်နေသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို ထောက်ခံသည်ဆိုသော လွှတ်တော်သည် လက်ရှိ စင်ပြိုင်အစိုးရ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရကို ဆက်လက် အသိအမှတ်ပြုသည်ဟုလည်း ပါရှိသည်။

ထို့အပြင် စင်ပြိုင်ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကလည်း ပြည်သူ့လွှတ်တော် ဖွဲ့စည်းရေး ထောက်ခံကြောင်း သဘောထားပေးသူ ၄၄ ဦးတွင် ပါဝင်သည်ဟုလည်း ဖော်ပြထားသည်။

သို့သော်လည်း လွှတ်တော်အဖွဲ့ဝင် မည်မျှပါဝင်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ရှေ့လုပ်ငန်းစဉ်များတွင် စစ်အစိုးရကို ကုလသမဂ္ဂမှ ဖယ်ရှားရေးနှင့် နိုင်ငံတကာမှ အသိအမှတ်မပြုရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

23:48

ရွှေဘုံသာလမ်းရှိ မဲရုံတခု၏ အတွင်းပိုင်း

ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ မဲရုံတခု၏ အတွင်းပိုင်းကို မဲပေးရန် တရက်လို စနေနေ့ နိုဝင်ဘာ ၆ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

18:45

နေပြည်တော်မှာ ည ၆ နာရီဆို ဆိုင်တွေပိတ်

ရွေးကောက်ပွဲ နီးကပ်လာလို့ နေပြည်တော်မှာရှိတဲ့ ဈေးဆိုင်တွေကို ညနေ ၆ နာရီထိုးရင် ပိတ်ကြဖို့ လွန်ခဲ့တဲ့ ၄ ရက်ကတည်းက အာဏာပိုင်တွေ ညွှန်ကြားခဲ့ပါတယ်။

"ဆိုင်ခန်းတွေ ညနေ ၆ နာရီဆိုရင် ပိတ်ရတယ်။ ၄ ရက် ရှိပြီ။ စားသောက်ဆိုင်တွေ ပိတ်ရတယ်။ ညနေ ၆ နာရီ ဆိုင်တွေ ပိတ်ပေမယ့် အပြင်တော့ သွားလို့ရပါတယ်" လို့ နေပြည်တော် မြို့မဈေးမှ ဆိုင်ရှင်တယောက်က မဇ္ဈိမကို ပြောပါတယ်။

ည ၁၁ နာရီကျော်မှ ပိတ်လေ့ရှိတဲ့ ဘီယာဆိုင်တွေကတော့ လွန်ခဲ့တဲ့ ၃-၄ ရက်မှာပဲ ည ၉ နာရီဆို ပိတ်ကြရပါပြီ။ ဒါပေမဲ့ သူတို့ကိုလည်း မနေ့ကစပြီး ညနေ ၆ နာရီအထိပဲ ခွင့်ပြုပါတော့တယ်။

"ဆိုင်ပိတ်ဖို့ ရယက က လာပြောတာ။ တမြို့လုံးက ဆိုင်တွေ အကုန်ပိတ်ရတယ်။ မနေ့ကစပြီး ၆ နာရီ ပိတ်ခိုင်းတာ။ ဒီနေ့လည်း ၆ နာရီထိုး ပိတ်ရမယ်။ ဟို ၃ ရက်၊ ၄ ရက်က ည ၉ နာရီမှ ပိတ်ရတယ်။ မနက်ပိုင်းကတော့ ဘယ်အချိန်ဖွင့်ဖွင့် ရတယ်။ အခုက အရေးကြီးတဲ့ကာလမို့လို့ ပိတ်ခိုင်းတာလို့ ပြောတယ်" လို့ ဘီယာဆိုင်တဆိုင်မှ စားပွဲထိုးခေါင်းဆောင် တယောက်က ဆိုပါတယ်။

18:18

NDF အရှိန်မြင့် မဲဆွယ်

ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ ရန်ကုန်တိုင်း တောင်ဥက္ကလာပတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က မဲဆွယ်ကင်မ်ပိန်း နောက်ဆုံးရက်အဖြစ် နိုဝင်ဘာလ ၆ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ယနေ့တွင် အရှိန်မြှင့်လုပ်ဆောင်နေသည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြားပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။

18:18

ကြံ့ခိုင်ရေးနဲ့ ဒီမိုကရက်တို့ အချေအတင်ဖြစ်

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့် မြို့နယ်မှာ မဲစာရင်းကိုင်ပြီး တအိမ်တက်ဆင်း သွားနေတဲ့ ကြံ့ခိုင်ရေးပါတီက အဖွဲ့နဲ့ ဒီမိုကရက်တစ်ပါတီ တို့ စကားအချေအတင် အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ က ပြောပါတယ်။ မဲစာရင်း နဲ့ အတူ ခြင်္သေ့ရုပ်ပုံကို အမှန် ခြစ်ထားတဲ့ မဲစာရွက်ကို ကိုင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲ ပုံစံနဲ့ မလိမ့်တပတ် မဲညာ ယူနေတယ်လို့ ဒီမိုကရက်တစ် ပါတီက စွပ်စွဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။


မဲစာရင်း နဲ့ အတူ ခြင်္သေ့ရုပ်ပုံကို အမှန် ခြစ်ထားတဲ့ မဲစာရွက်ကို ကိုင်ပြီး ကြံ့ခိုင်ရေးပါတီအတွက် ကြိုတင်မဲ ပုံစံနဲ့ မလိမ့်တပတ် မဲညာ ယူနေတယ်လို့ ဒီမိုကရက်တစ် ပါတီက စွပ်စွဲ


ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီ ဆီကနေတော့ တုံ့ပြန်ချက် တစုံတရာ မရရှိသေးပါဘူး ။

15:36

ဒူကထောင် ကြိုတင်မဲ မရိုးသားဟုဆို

မြစ်ကြီးနားမြို့နယ် ဒူကထောင်ရပ်ကွက်မှာ မနေ့တုန်းက ကြိုတင်မဲကောက်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်က မသမာမှု ရှိခဲ့တယ်လို့ ပြိုင်ဘက်ပါတီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစည ကိုယ်စားလှယ် ဦးလနန်ဘောက်က ပြောပါတယ်။

မဲထည့်တော့ မဲဆန္ဒရှင် ၅ဝ လောက်ကို လျှို့ဝှက်မဲပေးစနစ် မဟုတ်ဘဲ လူအများရှေ့မှာတင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကိုယ်တိုင် ရေးခြစ်ပေးခဲ့တာကို ရပ်ကွက်ကော်မရှင် ဥက္ကဋ္ဌက လျစ်လျူရှုခဲ့တာကြောင့် ဒီမဲကောက်ခံမှုကို တရားမဝင် ကြေညာပေးဖို့ မြို့နယ်ကော်မရှင်ကို တိုင်တန်းထားတယ်လို့ သူက မဇ္ဈိမကို ပြောပါတယ်။

စွပ်စွဲခံရသူတွေကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူးဟာ ဦးဒိုင်ဟူးနဲ့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဂျန်မာထွဲဝါ ဖြစ်ပါတယ်။

15:12
၆ဝ ရာခိုင်နှုန်း မဲပေးမယ် (မဇ္ဈိမစစ်တမ်း)

မြန်မာနိုင်ငံသား ၆ဝ ရာခိုင်နှုန်းက ၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲပေးဖို့ အစီအစဉ်ရှိနေပြီး ၃ဝ ရာနှုန်းကတော့ မပေးဘူးလို့ မဇ္ဈိမက ကောက်ယူထားတဲ့ စစ်တမ်းကနေ သိရပါတယ်။

စစ်တမ်းကို ကယားပြည်နဲ့ကလွဲလို့ ပြည်နယ်နဲ့ တိုင်း ၁၃ ခုမှာ ရှိတဲ့ ပြည်သူ ၄ ထောင်ကျော်ကို မေးမြန်းကောက်ခံထားတာကြောင့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လတ်တလော ပြုလုပ်ထားတဲ့ မြန်မာနိုင်ငံက လွတ်လပ်တဲ့သတင်းမီဒီယာတွေထဲမှာ အကြီးမားဆုံး စစ်တမ်းကောက်ခံမှုတခုလို့ ပြောလို့ရနိုင်မှာဖြစ်ပါတယ်။

လူတွေ့မေးတာကော၊ တယ်လီဖုန်းနဲ့မေးမြန်းတာပါ လုပ်ခဲ့တဲ့ စစ်တမ်းမှာ ပြည်သူ ၅၉ ရာခိုင်နှုန်းက သူတို့ဒေသက နိုင်ငံရေးပါတီတွေ၊ ပါတီနဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေ အကြောင်း သဲသဲကွဲကွဲ မသိကြဘူးဆိုတာကို တွေ့ရှိရပါတယ်။

ပါတီတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ရေပန်းအစားဆုံး ဖြစ်ပါတယ်။ သူ့နောက်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကပ်လိုက်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ကတော့ တတိယနေရာမှာ ရှိတယ်လို့ မဇ္ဈိမ စစ်တမ်းမှာ တွေ့ရပါတယ်။ စစ်တမ်းထဲက ၈၆ ရာခိုင်နှုန်းက မဲပေးဖို့အတွက် မကြောက်ဘူးလို့ ဆိုထားပါတယ်။

လူ ၃ ထောင်ကျော်ကို မျက်နှာချင်းဆုံမေးပြီးတော့ ၁၅ဝဝ ကျော်ကိုတာ့ တယ်လီဖုန်းကနေ မေးထားတာဖြစ်ပါတယ်။

14:42
မတူကွဲပြားပါတီ ဘာတွေ ဆင်ဆာထိလဲ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ရုပ်မြင်သံကြားနဲ့ ရေဒီယိုကတဆင့် ဟောပြောစည်းရုံးဖို့အတွက် ပြောကြားမယ့် စကားတွေကို ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာဖြတ်တောက်လို့ ဟောပြောရေး အစီအစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက မဇ္ဈိမကို ပြောပါတယ်။

“ဖြတ်ခံရတဲ့ဟာက အနှစ်သာရ၊ ကျနော်တို့ ပါတီရဲ့ နိုင်ငံရေးသုံးသပ်ချက်။ နိုင်ငံတခု ပြောင်းလဲလိုတဲ့ ကိစ္စတွေ အများကြီးထဲက တချို့” လို့ ပြောရင်း ဟောပြောရေး ဖျက်သိမ်းဖို့ လုပ်ရပုံကို ဦးနေမျိုးဝေက ရှင်းပြပါတယ်။

ဆင်ဆာဖြတ်ခံရတဲ့ အကြောင်းရင်းတွေထဲမှာ လွှတ်တော်အတွင်းမှာ ဥပဒေဟောင်းပြင်ဖို့၊ ဥပဒေသစ်ပြဋ္ဌာန်းဖို့အတွက် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရင် ဗြောင်မဲခွဲရေး ကျင့်သုံးဖို့ တင်ပြထားတဲ့ စာသားတွေ ပါဝင်ပါတယ်။

“ပြည်သူကို စည်းရုံးရေးဆင်းစဉ် ကာလက တမျိုး၊ လုပ်တော့ တမျိုး မလုပ်ဖို့သာ အဓိက ကျပါတယ်။ ပြည်သူက သိကို သိနေမှ နောက်ထပ်တဖန် ရွေးကောက်ပွဲအတွက် ထောက်ခံကန့်ကွက် စဉ်းစားနိုင်ပါလိမ့်မယ်” လို့ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဗြောင်မဲဆန္ဒကို အသုံးပြုသင့်လဲဆိုတာကို ထဲ့သွင်းပြောထားတာကို တွေ့ရပါတယ်။

မတူကွဲပြားပါတီ ဆင်ဆာဖြတ်ခံရသည့် အကြောင်းအရင်း အပြည့်အစုံကို ဖတ်ရှုရန်အတွက် ဤလင့်ခ်ကို နှိပ်ပါ။


13:01
ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ဆင်သေကန်

ရွေးကောက်ပွဲဆန့်ကျင်တဲ့ အမှတ်အသား ကြက်ခြေခတ်တွေကို ကျောက်ပန်းတောင်းမြို့နားက ဆင်သေကန် ရထားဘူတာရုံမှာ မှုတ်ဆေးနဲ့ ရေးထားတာကို အောက်တိုဘာ ၃ဝ ရက်နေ့က မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေဖြစ်ပါတယ်။ ဗကသ ဆိုတဲ့ စာသားလည်း တွေ့ရှိရတာကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက အဖွဲ့ဝင်တယောက်က ရေးသွားတယ်လို့ ယူဆရပါတယ်။

ဒီရွာဟာ မြောက်ကိုရီးယားလူမျိုးဆရာတွေရှိတဲ့ စစ်ဘက်စီမံကိန်းနဲ့ နီးပါတယ်။

အိမ်ခြေ ၂ဝဝ လောက်ရှိတဲ့ ဆင်သေကန်ရွာဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုမှာ ရွာလုံးကျွတ် ဆန္ဒပြခဲ့ပြီး ယခုအချိန်အထိ စစ်အစိုးရကို ဆန့်ကျင်တဲ့ အမာခံဒေသတခုလို့ ဒေသတွင်းမှာ ကျော်ကြားပါတယ်။ အနီးအနားရွာတွေမှာ စီဒီအမ်အေ တယ်လီဖုန်းတလုံးစီ စစ်အစိုးရက ချထားပေမယ့် ဆင်သေကန်ကိုတော့ တမင်သက်သက် ချန်လှပ်ထားတယ်လို့ ရွာသားတွေက စွပ်စွဲပြောပါတယ်။





source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ မနက်ပိုင်းအသံများ

ယနေ့ ရွေးကောက်ပွဲ မြင်ကွင်းတစ်ခု ဓာတ်ပုံ AP

အဖွဲ့ချုပ် စီအီးစီအဖွဲ့ဝင် ဦးဥာဏ်ဝင်း။..။ လောလောဆယ် အန်ကယ်သိရသလောက် မဲပေးတဲ့သူ နည်းတယ်လို့သိရတယ်.. လောလောဆယ် အခြေအနေကတော့ ရန်ကုန်မြို့တွင်းက တာမွေနဲ့ အန်ကယ်တို့ ပုဇွန်တောင် ရေကျော်ဘက်မှာ မဲပေးတဲ့သူနည်းတယ် ဆိုတာသိရတယ်.. ယခုလောလောဆယ်တော့ ဒီလောက်ဘဲသိရပါသေးတယ်...

ရန်ကုန်မြို့တွင်းမှ တက်ကြွလူငယ်တစ်ဦး။...။ ဒီနေ့မနက်တည်းက ရွေးကောက်ပွဲ သွားကြပါစို့ သီချင်းဖွင့်နေတာ နားကိုငြီးနေတာပဲ.. လူငယ်တွေထက် လူကြီးတွေကတော့ နေ့လည် နေပူမှာ စိုးလို့ စောစောသွားကြတာ တွေ့တယ်.. ကြောက်ကြတာလည်းပါမယ်.. လမ်းပေါ်မှာတော့ ကြံ့ဖွတ်တွေ တရုံးရုံး.. အမြင်ကပ်စရာ နောက်တိုက်ပုံတွေတောင် ကြိုဝတ်ထားတယ် သူတို့နိုင်မယ်ဆိုပြီး ရူးများရူးနေလားမသိဘူး.. လားရှိုးက သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ကြည့်တော့ လားရှိုးမှာ ကျားဖြူပါတီကိုပဲ ထည့်ကြတယ်တဲ့ ကြံ့ဖွတ်က တိုးလို့မရဘူးတဲ့.. ဒါပေမယ့်ဒီကောင်တွေ သမ္မတတောင် ကြိုရွေးထားတယ် ဆိုတော့ ဘာတွေ အကောက်ကြံဦးမလဲ မသိဘူး....

တောင်ဥက္ကလာမှ လူငယ်တစ်ဦး။....။ ဒီနေ့ တောင်ဥက္ကလာမှာတော့ မဲလာပေးတဲ့သူတွေတော့ တွေ့တယ် .. အဓိကက ဦးအောင်သိန်းလင်းကို မုန်းပြီး တစ်သီးပုဂ္ဂလ ကောင်းမြတ်ထွဋ်နဲ့ NDF ကိုပေးကြတာများတယ် ပြောတယ်.. မဲလာပေးကြတာက တော်တော်များများက ကြောက်ကြတာများတယ်.. မထူးဘူးဆိုပြီး ကြံ့ဖွတ်ကလွဲရင် တစ်ခြားသူပေးမယ် ဆိုတာလည်းပါတယ်..။ ဓာတ်ပုံကတော့ ရိုက်မရဘူး.. မြို့ထဲခဏနေ လှည့်ကြည့်လိုက်ဦးမယ်.. ပြန်လာမှ ထပ်ပြီးပြောမယ်..။

တောင်ဒဂုံ ၆၉ရပ်ကွက်မှ အမျိုးသမီးတစ်ဦး။....။ တောင်ဒဂုံမြို့နယ် မှာကြံ့ဖွတ်က ခင်းပေးထားတဲ့ လမ်းလေးလမ်းရှိတယ်..။ တဝက်တပျက်ပဲ ရှိသေးတယ်..။ အဲ့ဒီလမ်းလေးလမ်းက ဆန္ဒမဲပေးခွင့်ရှိတဲ့လူတွေ ဒီနေ့ မဲပေးဖို့သွားတော့ မဲလက်မှတ်တွေ မပေးဘူး.. မဲပေးဖို့ စာရင်းမရှိဘူးဆိုပြီး ပြောတယ်..။ နောက်ကော်မရှင်ကို သွားပြောတော့လည်း မပါရင်မထည့်နဲ့ မထည့်လည်းရတယ် ကိုယ်နဲ့မဆိုင်တာ မစုံစမ်းနဲ့လို့ ရင့်ရင့်သီးသီးပြောပါတယ်.။ နောက်မဲပေးခွင့်ရှိတဲ့ လူငယ်တွေ သွားတော့လည်း မဲရုံမှာ လူရှင်းနေရဲ့သားနဲ့ နေ့လည်၂နာရီမှ လာလို့ပြောပြီး ပြန်လွတ်လိုက်တာ တွေရှိပါတယ်..။

တာမွေသားတစ်ဦး။....။ တာမွေ ၄ ရပ်ကွက်အတွင်းရှိ မဲရုံတရုံမှာ နံနက် ၁၀ နာရီခွဲ အချိန်ထိ မဲလာပေးသူ တဦးမှ မရှိပါဘူး..။ မဲစာရင်း စစ်သူမှာ စားပွဲပေါ်တွင် ခေါင်းတင်အိပ်ပြီး စောင့်နေရတာ တွေ့ခဲ့ရပါတယ်..။

အဖွဲ့ချုပ်လူငယ် ခေါင်းဆောင်တစ်ဦး။....။ ကျွန်တော်တို့ ဒီနေ့ မနက်ပိုင်းက မဲရုံတွေကို လိုက်ပတ်ကြည့်ပါတယ်.. မဲရုံတွေမှာ လူတော်တော်နည်းပါတယ်..။ အဲ့ဒါက အခုဖြစ်နေတဲ့ ပြဿနာ.. နောက်တစ်ခုက ကြံ့ဖွတ်က သူတို့ကို မဲမပေးရင် ဖမ်းမယ်ဘာညာဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်... ကျွန်တော်တို့ ညနေဘက် မဲရေတွက်တဲ့ အချိန်သွားကြည့်ပါဦးမယ်.. မတရားမှုတွေကို အထောက်အထားတွေနဲ့ ခိုင်ခိုင်လုံလုံ တင်နိုင်အောင် ကြိုးစားနေပါတယ်...။

လတ်တလောရရှိတဲ့ သတင်းများအား ဆက်လက် ဖော်ပြသွားပါမည်...။


source by : http://www.demowaiyan.co.cc

အပြည့်အစုံ ဖတ်ရန် ...

တစည ပါတီက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တရားစွဲမယ်ပြော

RFA | ကြိုတင်မဲ ကောက်ယူတာတွေနဲ့ ပတ်သက်ပြီး တစည ပါတီက ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီကို တခြားပါတီတွေနဲ့ ပေါင်းပြီး တရားစွဲဆိုမယ်လို့ RFAကို ပြောပါတယ်။

မြန်မာစစ်အစိုးရက အားပေး ထောက်ပံ့ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရန်ကုန်မြို့ရှိ မြို့နယ်ရုံးခွဲတခု ဖြစ်ပါသည်။ (Photo: AFP)

တောင်တွင်းကြီးမြို့နယ်အတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရပ်ကွက်ကော်မရှင်၊ ရပ်ကွက်ဥက္ကဋ္ဌ စတဲ့ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မြို့နယ်အတွင်း ရွာသူရွာသားတွေဆီကနေ ကြိုတင်မဲတွေကို နည်းမျိုးစုံနဲ့ ရယူနေတာ တွေ့ရတယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းဒေသကြီးမှာ တစည ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒေါက်တာကျော်ဆွေက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့ ညက ကျောင်းကုန်းရွာမှာ ဖြစ်ပျက်ခဲ့တာကို ခုလိုပြောပါတယ်။

“ဟောပြောပွဲ သွားတဲ့နေရာမှာ အဲဒီက ရွာမှာ ညကြီးကို အချိန်မဟုတ်ဘဲနဲ့ ကြိုတင်မဲ ဆိုပြီးတော့ မဲတွေ ခေါ်ပေးနေတာ။ သူ့ရဲ့ ဥက္ကဋ္ဌရယ် ရယက ဥက္ကဋ္ဌရယ် နှစ်ယောက်ထဲ၊ ရွာထဲက လူတွေ အကုန်ခေါ်ပြီး မဲပေးခိုင်းနေတာ။ ကျနော်တို့ မြို့နယ်က တခြားပါတီ ကိုယ်စားလှယ်လောင်းတွေနဲ့ ညှိပြီးတော့ တရားစွဲဖို့ လုပ်ထားတယ်”

အခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စကို မြို့နယ်ကော်မရှင်ကို နှုတ်နဲ့ တိုင်ကြားပေမယ့် ဒေသတွင်းမှာ ကြိုတင်မဲ ကောက်ယူတာတွေ မရှိတော့ဘူးလို့ ပြောတယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၅၇) ကနေ (၆၀) အထိ အကုန်လုံး ချိုးဖောက်တာလို့။ အဲဒါကြောင့် ဒါ တရားမစွဲလို့ မရဘူး စွဲမှာ။ ဒြီ့ပင်နေရာတွေမှာလည်း ဒါမျိုးတွေ အများကြီး ဖြစ်နေတာ။ အဲဒါကြောင့် တောင်တွင်းကြီးမြို့နယ်ထဲမှာ မဲရုံ စိုက်မယ့် နေရာတွေ အကုန်လုံး ကျနော်တို့ ပါတီက ကိုယ်စားလှယ် လွှတ်ထားတယ်။ ကျနော်တို့ ကိုယ်စားလှယ် မရှိတဲ့ မဲရုံ ၂ ရုံပဲ ရှိတယ်။ အဲဒီက ကိုယ်စားလှယ်တွေကလည်း ခု ထပ် သတင်းပို့ထားတာ အခု အရမ်းများနေတယ်။ အဲဒါကြောင့် အကုန်လုံးစုပြီးတော့မှ တိုင်မယ်လို့ လုပ်ထားတာ။ မဲရုံမှာ မျက်မြင်သက်သေ လိုက်မယ့်သူတွေရော။ ကျနော်တို့ကိုယ်စားလှယ်တွေက ကိုယ်စားလှယ်လုပ်၊ ဟိုလူတွေက သက်သေလုပ်ပြီး တော့ ဒီလူတွေကို တရားခံ အဖြစ်နဲ့ တိုင်ကို တိုင်မှာ”

တောင်တွင်းကြီးမြို့နယ်အတွင်း ပါတီစုံက ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၄ ဦး ရှိတဲ့အနက် ၄ ဦးဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်တာကြောင့် ကိုယ်စားလှယ်လောင်း ၁၀ ဦး စုပေါင်းတိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ နည်းဥပဒေအရ မသမာမှုတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအပြီး ၁၅ ရက်အတွင်း တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ မကျင်းပရသေးခင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အောင်ပွဲခံဖို့ စီစဉ်နေပြီလို့ ပါတီနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ မနက်ဖြန် ကျင်းပမယ့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်း အောင်ပွဲခံ အခမ်းအနားတခု ကျင်းပဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ နီစပ်သူတဦးကခုလိုပြောပါတယ်။

“ကြံ့ခိုင်ရေးက လူ ၃ ထောင်နဲ့ အောင်ပွဲခံဖို့ အကုန်လုံး ဖိတ်ထားပြီးပြီ။ ၈ ရက်နေ့ည။ GTI နေရာကို ကြံ့ဖွံ့ဆေးရုံဆိုပြီး လုပ်ထားတာ မကြာသေးဘူး။ အဲဒီဆေးရုံမှာ ရန်ကုန်တတိုင်းလုံးက စည်းရုံးရေးမှူး၊ ကိုယ်စားလှယ်အားလုံး လူ ၃ ထောင် ညစာစားပွဲ အကြီးအကျယ်ခင်းမယ်။ အောင်ပွဲခံမယ်။ ၈ ရက်နေ့ည”

ခုလို အောင်ပွဲခံနိုင်တာ လက်ရှိ ကောက်ခံရရှိပြီးဖြစ်တဲ့ ကြိုတင်မဲနဲ့တင် အနိုင်ရနေပြီ ဖြစ်တာကြောင့်လို့ ခန့်မှန်း ပြောဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တယ်လီဖုန်း ကိုင်မယ့်သူ မရှိပါဘူး။

ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပတ်သက်ပြီး မေးမြန်းစရာ ရှိတာတွေကို မေးမြန်းနိုင်ဖို့ သတင်းပြန်ကြားရေး တာဝန်ခံတဦး ထားရှိပေးဖို့ ပြီးခဲ့တဲ့အပတ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း ဂျာနယ်သတင်းထောက်တွေက တောင်းဆိုထားပေမယ့် ခုချိန်အထိ ပြန်ကြားရေးဌာန ဖွင့်လှစ် မပေးသေးသလို ပါတီနဲ့ ပတ်သက်ပြီး တာဝန်ခံ ပြောဆိုသူလည်း မရှိကြောင်း သိရပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာရွေးကောက်ပွဲများ စတင်ပြီ



အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ၏ ရန်ကုန်မြို့ ရုံးချုပ်ရှေ့တွင် တွေ့ရသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာကြီး။ နိုဝင်ဘာ ၆၊ ၂၀၁၀။
ဓာတ်ပုံ ASSOCIATED PRESS
VOA | မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်းပထမဆုံးလုပ်တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မကြာခင်ကပဲ မဲရုံတွေကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မဲရုံတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ရန်ကုန်၊ မန္တလေး၊ဘားအံနဲ့ နေပြည်တော်က မြို့ခံတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ တချို့မဲရုံတွေမှာတော့ မဲပေးသူ အနည်းငယ်တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာပြည်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းမီယာတွေက သတင်းထောက်တွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က စီစဉ်ပေးတဲ့ကားတွေနဲ့ ရန်ကုန်မြို့တွင်းက မဲရုံ ၁၅ ရုံကို လေ့လာဖို့ ထွက်သွားကြပြီလို့ အခုပဲရတဲ့ သတင်းတွေအရ သိရပါတယ်။ သူတို့ အနေနဲ့ အစိုးရ စီစဉ်ပေးတဲ့အတိုင်းသာ သွားရောက် သတင်းယူရမယ်လို့ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ် ညွှန်ကြားထားပါတယ်။

ဒီနေ့ရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်သလို စစ်အစိုးရလက်ထက်မှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေအတွက် ပါတီပေါင်း ၃၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ကြနေကြပါတယ်။ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသားတွေဒေသတွေက မြို့နယ်ပေါင်း ၃၉ မြို့နယ်မှာတော့ မဲဆန္ဒနယ်တွေကို ပယ်ဖျက်တယ်လို့ စစ်အစိုးရက ကြေညာခဲ့တဲ့အတွက် ပြည်သူပေါင်း သန်းချီ မဲပေးခွင့်ရကြမှာ မဟုတ်ပါဘူး။

ဒီရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရတာဝန်တွေကို ယူထားကြသူ အများစုပါတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ ဝင်ပြိုင်နေပါတယ်။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီက တခြားပါတီတွေထက် အခွင့်အရေးတွေ ပိုရခဲ့သလို တဖက်သတ်အနိုင်ရအောင် ဆောင်ရွက်မှုတွေရှိတယ်လို့ ပြည်သူတွေက ပြောပြကြပါတယ်။ ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်လမ်းတကျဖြစ်ရဲ့လား ဆိုတဲ့အပေါ်မှာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

ပြည်ခိုင်ဖြိုးပါတီကလွဲလို့ တခြားနိုင်ငံရေးပါတီတွေ အနေနဲ့ အကန့်အသတ်နဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ရသလို ရွေးကောက်ခံကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လဲ လွတ်လွတ်လပ်လပ် မဲဆွယ်ဟောပြောမှုတွေ လုပ်ခွင့်မရခဲ့ကြပါဘူး။ ကိုယ်စားလှယ်လောင်း တယောက်နဲ့တယောက်ကြား အခြေအတင် ဆွေးနွေးမှုတွေလဲ မရှိခဲ့ပါဘူး။ နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတဝှမ်းမှာ ကြိုတင်မဲတွေ ကောက်ခံနေတာမှာ စစ်အစိုးရ ကြောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ကျယ်ကျယ်ပြန့်ပြန့် မဲမသမာမှုတွေ ရှိခဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားဖို့ လုပ်နေတယ်လို့ အဓိက ဒီမိုကရေစီပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဗွီအိုအေ မြန်မာပိုင်းကို မနေ့ကပဲပြောပါတယ်။

ဒီနေ့ရွေးကောက်ပွဲကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား သံကိုယ်စားလှယ်တွေ လေ့လာဖို့အတွက် စစ်အစိုးရက စီစဉ်ပေမဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံကြီးတချို့က အစိုးရရဲ့ အစီအစဉ်ကို လက်မခံနိုင်ကြတဲ့အတွက် လေ့လာမှာမဟုတ်ဘူးလို့ ပြောကြပါတယ်၊ နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့လဲ ရွေးကောက်ပွဲ သတင်းတွေကို လာရောက် သတင်းယူခွင့် မရကြပါဘူး။ အခုရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ အတွက် ရွေးကောက်ပွဲကို မဝင်ပါဘူး။ စစ်အစိုးရ ပထမတကြိမ် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD က မဲအပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက NLD ကိုအာဏာလွှဲ မပေးခဲ့ပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲဟာလဲ စစ်အစိုးရရဲ့ ဟန်ပြ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ နိုင်ငံတော်တော်များများက ပြောကြပါတယ်။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ABSDF ဥက္ကဠ ရဲဘော်သံခဲ အား BCJP မှ အင်တာဗျူး









source by : http://burmacampaign.net

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက် ကျောင်းသားများ (ပြည်ပ) ၏ ပြည်သူသို့ ပန်ကြားလွှာ

အပြည့်အစုံ ဖတ်ရန် ...

Friday, November 5, 2010

ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်

နိုင်ငံတကာက တရားမမျှတ၍ လူတိုင်းပါဝင်ခွင့် မရနိုင်သည့် ရွေးကောက်ပွဲဟု ဝေဖန်ခံနေရသော ၂၀၁၀ ရွေးကောက်ပွဲအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ သပိတ်မှောက်ပွဲ၊ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ပြင်ဆင်နေမှုများနှင့်စပ်လျဉ်း၍ NLD ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်ကို ဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ် မေးမြန်းထားပါသည်။

မြန်မာ စာနယ်ဇင်းလောက၏ အထင်ကရ သတင်းစာဆရာ တဦးဖြစ်သူ ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ်က NLDကို စတင်တည်ထောင်သူများထဲတွင် ပါဝင်ခဲ့သူဖြစ်ကာ စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်ကာ အင်းစိန်ထောင်အတွင်း ၁၉ နှစ်ကျော်ကြာ ထိန်းသိမ်းထားခဲ့သူဖြစ်သည်။



source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ သပိတ်မှောက်ရေး မန္တလေးတိုင်းမှာ လှုပ်ရှား

RFA | နိုဝင်ဘာ ၅ ရက် ဒီကနေ့ မန္တလေးတိုင်းက မြို့နယ် ၂၀လောက်မှာ ရွေးကောက်ပွဲမှာ မဲမပေးပဲ နေကြဖို့ NLD အဖွဲ့ဝင်တွေ ဒီနေ့ နိုဝင်ဘာ ၅ ရက်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။


ရွေးကောက်ပွဲကို မဲမပေးပဲ သပိတ်မှောက်ရန် စည်းရုံးလှုံ့ဆော်သူများ (တီရှပ်ဖြူ) ကို ရဲတပ်ဖွဲ့ဝင်များက နှောင့်ယှက် တားဆီးခြင်း၊ လိုက်လံ စောင့်ကြည့်ခြင်းများ ပြုလုပ်ကြပါသည်။ (Photo: RFA Listener)

မန္တလေးတိုင်း မိတ္တီလာ၊ ဝမ်းတွင်း၊ သာစည်၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း စတဲ့ မြို့နယ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့ ဓာတ်ပုံတွေ ပါတဲ့ အင်္ကျီအဖြူဆင်တူ ဝတ်ပြီး၊ ဒီနေ့ မနက်ပိုင်းက လက်ကမ်း စာစောင်တွေ ဝေခဲ့ကြတာလို့ သိရပါတယ်။
မိတ္တီလာမြို့မှာတော့ ဒီနေ့မနက် ၉နာရီကနေ ၁၁ နာရီအထိ မိတ္တီလာဈေးတဝိုက်မှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေရာမှာ မြို့ခံလူထုက အားတက်သရော လက်ကမ်းစာစောင်တွေကို တောင်းခဲ့ကြတယ်လို့ သိရပါတယ်။ မြို့နယ်ရဲမှူးအပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ၊ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့ဝင်တွေက နှောင့်ယှက်တာနဲ့ ကြုံခဲ့ရတယ်လို့ မိတ္တီလာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးက ပြောပါတယ်။
အလားတူ ကျောက်ပန်းတောင်းမြို့မှာလည်း ဒီနေ့မနက်က ကျောက်ပန်းတောင်းဈေး တဝိုက်မှာ လက်ကမ်းစာစောင် နှစ်ထောင်လောက် ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်းမှာလည်း မြို့နယ်ရဲမှူးနဲ့ လုံခြုံရေးအဖွဲ့က ဆိုင်ကယ်အစီး ၂၀ လောက်နဲ့ တောက်လျှောက် လိုက်ကြည့်ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကျောက်ပန်းတောင်း အဖွဲ့ဝင် ကိုအေးခိုင်က ပြောပါတယ်။
မဲမပေးရေး လှုပ်ရှားမှုတွေကို လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဆောင်ရွက်သွားမယ်လို့ NLD မြို့နယ် အဖွဲ့ဝင်တွေက RFA ကို ပြောပြပါတယ်။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဒီလာမဲ့ ရွေးကောက်ပွဲမှာ ကိုယ်ကြိုက်တဲ့ ပါတီမရှိရင် မဲမပေးပဲလည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့ နိုင်ငံသား အခွင့်အရေး နှိုးဆော်ချက်ကို လက်ကမ်းစာစောင်တွေအဖြစ် ဝေငှနေတာ ဖြစ်ပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 4, 2010

ရွေးကောက်ပွဲ နီးလေ လုံခြုံရေး တင်းကျပ်လေ

ရန်ကုန် မြို့တော်ခန်းမအနီး လုံခြုံရေး ချထားစဉ်။

ရန်ကုန် မြို့တော်ခန်းမအနီး လုံခြုံရေး ချထားစဉ်။ နိုဝင်ဘာ ၄၊ ၂၀၁၀။
ဓာတ်ပုံ ASSOCIATED PRESS

VOA| ရွေးကောက်ပွဲ ကျင်းပဖို့ ၂ ရက်သာ လိုတော့တာမို့ စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော် အပါအ၀င် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ လုံခြုံရေးတွေ ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ချထားပါတယ်။ ဒီလိုမျိုး လက်နက်ကိုင်တွေ တင်ဆောင်ထားတဲ့ လုံခြုံရေးတွေကို တွေ့ရတာကြောင့် လူထုမှာ စိုးရိမ်မှုတွေ ဖြစ်လာတယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်းအတွင်းက ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်း၊ သမိုင်းလမ်းဆုံလို နေရာတွေ အပါအ၀င် လူစည်ကားရာ ဈေးကြီးတွေ၊ ကုန်တိုက်ကြီးတွေနဲ့ လမ်းဆုံတွေမှာပါ လုံခြုံရေးတွေ အများအပြား ပိုပြီးတော့ တွေ့လာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ နက်ပြာရောင် အင်္ကျီတွေ အပေါ်မှာ အနီရောင် လည်ပတ်တွေ ၀တ်ဆင်ထားပြီး လက်နက်တွေ အပြည့် ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတွေ တင်ထားတဲ့ ကားတွေ ၁၅ စီးမက မြို့အတွင်းမှာလည်း လှည့်လည်နေတယ်လို့ ပြောပါတယ်။ ဒါဟာ ၂ ရက်သာ လိုတော့တဲ့ ရွေးကောက်ပွဲအတွက် လုံခြုံရေးတွေ တိုးမြှင့်ချထားတာလို့ အားလုံးက နားလည်ထားပေမဲ့ ဒီလို အခြေအနေတွေကို မြင်ရတာ လူထုစိတ်ထဲမှာ ချောက်ချားမှုတွေ ဖြစ်စေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အခု အများဆုံး ချထားတာတော့ လှည်းတန်း၊ ကြို့ကုန်း၊ မြေနီကုန်း၊ ဘုန်းကြီးလမ်း တောက်လျှောက်ပေါ့၊ အဲဒီမှာ လုံခြုံရေး အကုန် ပြည့်ပြည့်ကျပ်ကျပ် ချထားပြီး လမ်းဆုံ လမ်းပွိုင့်တွေမှာ ရဲယူနီဖောင်း မရှိပေမဲ့လည်း ဆိုင်ကယ်တွေနဲ့ အကုန် တွေ့နေရတယ်။ စစ်ကားကြီးတွေနဲ့ သွားတာ စစ်သားတွေကလည်း စစ်ယူနီဖောင်းတွေနဲ့ မဟုတ်တော့ဘဲ နက်ပြာကြီးတွေ ၀တ်ထားတယ်။ နက်ပြာမှာမှ လည်ပင်းမှာ အနီပတ်တွေ ပတ်ထားတယ်။ အနီပတ်တွေ ပတ်ထားတာ ၀တ်စုံအပြည့်၊ လက်နက်အပြည့်နဲ့ကို ပတ်နေတာ။

“ပထမလို လုံထိန်းကားတွေ မဟုတ်တော့ဘဲ စစ်ကားတွေသွားတော့ လူတွေက အထိတ်တလန့်တွေ အကုန် ဖြစ်ကုန်တာပေါ့။ မနက်ဖြန်ဆိုရင် ဟိန္ဒူဘာသာဝင်တွေ ကျင်းပမယ့် ဒီပါဝလီပွဲ ဖြစ်ပေမဲ့လည်း အခု ဈေးတွေမှာဆို လူတွေလည်း မရှိဘူး။ အရောင်းအ၀ယ်တွေကလည်း အားလုံး အေးနေတယ်ပေါ့။ လူတွေက အထိတ်တလန့် ဖြစ်တယ်ဆိုတာ အားလုံးက တခုခုများ ဖြစ်လာမလားပေါ့။ ဘာကိုမှန်း မသိဘဲ အကုန် ကြောက်နေကြတာ။”

ရန်ကုန်မြို့ခံတဦးက ဒီနေ့ သူတွေ့ရတဲ့ လုံခြုံရေး အခြေအနေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း အတွင်းက လမ်းဘေး ဈေးသည်တွေကိုလည်း မနက်ဖြန် ၅ ရက်နေ့ကစလို့ ဈေးမထွက်ကြဖို့ သက်ဆိုင်ရာ ဈေးစည်ပင်တွေက အကြောင်းကြားထားသလို ညဘက်မှာ ဖွင့်ကြတဲ့ စားသောက်ဆိုင်နဲ့ ဘီယာဆိုင်တွေကိုလည်း ညနေ ၆ နာရီအထိ နောက်ဆုံးဖွင့်ဖို့အတွက်ကိုလည်း အကြောင်းကြားထားပါတယ်။

ညဘက်တွေမှာ မြို့နယ်တွေအတွင်း ဧည့်စာရင်းတွေကို ပိုပြီး စစ်လာတာ၊ ညဘက်သွားကြတဲ့ ကားတွေအပေါ်မှာလည်း တင်းတင်းကျပ်ကျပ် ရှာဖွေတာတွေ ပိုပြီး တွေ့လာနေတယ်လို့ ပြောပါတယ်။

နေပြည်တော်မှာ ဆိုရင်လည်း မြို့ဝင် မြို့ထွက် ကားတွေကို မှတ်ပုံတင်၊ ပစ္စည်းတွေ အားလုံး စစ်ဆေးနေပြီး စားသောက်ဆိုင်၊ အနှိပ်ခန်းတွေ အားလုံးကိုလည်း ညနေ ၆ နာရီမှာ နောက်ဆုံး ပိတ်ဖို့ ညွှန်ကြားထားပါတယ်။

မန္တလေးမှာတော့ ကျုံးဘေးတ၀ိုက် လုံခြုံရေးတွေ လှည့်နေတာ ပိုပြီး တွေ့လာရသလို ကွန်ပြူတာဂိမ်း ဆိုင်တွေနဲ့ ဘုန်းကြီး တရားပွဲတွေကိုလည်း ဒီရက်တွေအတွင်း ပိတ်ထားတယ်လို့ မန္တလေးမြို့ခံ တဦးက ပြောပါတယ်။

“လမ်းတွေပေါ်မှာတော့ လုံခြုံရေးအဖွဲ့တွေ ချထားတာ သိသိသာသာ မတွေ့ရဘူး။ ထူးခြားတာလို့ ပြောရမယ်ဆိုရင် ရဲပတ္တယောင် ကားတွေပေါ့၊ အဲဒါမျိုးတွေ မြို့ကိုလှည့်တာတော့ အရင်ရက်တွေနဲ့ စာရင် ထူးထူးခြားခြား များလာတယ်လို့တော့ ပြောလို့ရတယ်။ နောက်ထပ်တခုကတော့ နက်ဂိမ်းဆိုင်တွေပေါ့၊ အထူးသဖြင့် မန္တလေးတက္ကသိုလ်နားက ဂိမ်းဆိုင်တချို့ကိုတော့ ပိတ်ခိုင်းတယ်လို့ သတင်းကြားရပါတယ်။ ညဈေးတန်းတွေတော့ မပိတ်ဘူးဗျ။

“ဒီမှာပိတ်တာက ဆရာတော်တွေရဲ့ တရားပွဲတွေကိုတော့ ပိတ်တယ်။ ဆရာတော်တွေရဲ့ တရားပွဲတွေကို ကျနော်တို့ သိသလောက်ဆိုရင် ၁ ရက်နေ့လောက်ကစပြီး ခွင့်ပြုချက် မပေးဘူး။ ၁၁ ရက်နေ့လောက်မှ ပြန်ပြီး တရားပွဲတွေ ခွင့်ပြုမယ်။ အဲဒီလို သိရပါတယ်။”

ဒီလို မြို့ကြီးတွေ အပါအ၀င် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ဘက်တွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့် ချထားပါတယ်။ မြန်မာနိုင်ငံတ၀န်းက နယ်စပ်ဂိတ်တွေမှာလည်း လုံခြုံရေးတွေကို တိုးမြှင့် ချထားသလို စစ်ဆေးမှုတွေကိုလည်း တော်တော်လေး တင်းတင်းကျပ်ကျပ် လုပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

နားဆင်ရန်
Photobucket

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ချင်းပြည်နယ်ကြံ့ဖွံ့ပါတီမှ ချင်းတိုးတက်ရေးပါတီအပေါ် မတရားအနိုင်ကျင့်ခြင်း




ချင်းတိုးတက်ရေးပါတီမှ လွတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးဒိုင်ထုန်း (မတူပီမြို့နယ်၊ အမှတ်(၁)မဲဆန္ဒနယ်၊ပြည်နယ်လွတ်တော်ကိုယ်စားလှယ်လောင်း)နှင့် ဦးလျှံကြယ် (မတူပီမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ၊် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်လောင်း)တို့၏ (၂၃.၁၀.၂၀၁၀) ရက်နေ့၌ ချင်းပြည်နယ် မတူပီမြို့နယ် ဟာလ်တူးကျေးရွာတွင် ပြုလုပ်သော ချင်းတိုးတက်ရေးပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး ဟောပြောပွဲတွင် ဒေသခံ ပြည်သူလူထုသို့ ဟောပြောချက်များသည် နအဖနှင့် ကြံ့ဖွံ့ပါတီတို့ အပေါ်ပုတ်ခတ်စော်ကားခြင်း၊ အသရေဖျက်ခြင်းနှင့် နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာ ရောက်သည်ဟူ၍ ချင်းပြည်နယ်ကြံ့ဖွံ့ပါတီမှ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်သို့ (၂၇.၁၀.၂၀၁၀) တွင် တိုင်ကြားခဲ့သည်ဟု သတင်းရရှိပါသည်။

ထိုအမှုနှင့် ပါတ်သက်၍ ချင်းပြည်နယ် ဥက္ကဌဦးဟုန်းငိုင်းမှ ချင်းတိုးတက် ရေးပါတီ၏ နအဖအပေါ် ပုတ်ခတ်စော်ကားခြင်း၊ အသရေဖျက်ခြင်းနှင့်နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ခြင်း ဆိုသည့် အမှုအပေါ် အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ဆေးအရေးယူရန် ပြင်ဆင်နေသည်ဟု သတင်းရရှိပါသည်။ ဦဟုန်းငိုင်းသည် ချင်းပြည်နယ်ကြံ့ဖွံ့ပါတီ ခေါင်းဆောင်အပြင် အနာဂါတ်ချင်းပြည်နယ် ဝန်ကြီးချုပ်အဖြစ် လျာထာခြင်း ခံရသူလည်းဖြစ်သည်။

ထိုအပြင် ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ ချင်းပြည်နယ်ကြံ့ဖွံ့ပါတီ၏ ဆန္ဒအတိုင်း ချင်းတိုးတက်ရေးပါတီအပေါ် ပထမဆုံးအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် (၁.၁၁.၂၀၁၀)တွင် ပြင်းထန်စွာ သတိပေးချက် အမိန့်ထုတ်ပြန်လိုက်သည်ဟု သတင်းရရှိပါသည်။

ချင်းပြည်နယ်ကြံ့ဖွံ့ပါတီသည် မတူပီမြို့နယ်တွင် ချင်း တိုးတက်ရေးပါတီအား အနိုင်ရရှိရန် ယှဉ် ပြိုင်နိုင်ခြင်းမရှိ၍ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ရွေးကောက်ပွဲကော်မရှင်တို့၏ လုပ်ပိုင်ခွင့် အာဏာတို့ကို အလွဲသုံးစားပြု၍ ချင်းတိုးတက်ရေးပါတီ အပေါ် မတရားတဖြင့် အနိုင်ကျင့် ဗိုလ်ကျခြင်း ဖြစ်သည်ဟု ဒေသခံလူထုမှ ဝေဖန်ပြောဆိုနေကြပါသည်။

ကြံ့ဖွံ့ပါတီ၏ တရားလက်လွတ် အပြုအမူများကြောင့် ရွေးကောက်ပွဲလွန်ကာလ တွင်ဖြစ်ပေါ်လာမည့် အတုအယောင် ဒီမိုကရေစီ၏ သရုပ်မှန်ကို ယခုပင် တွေ့မြင်နေရပြီး ဖြစ်၍ ရွေးကောက်ပွဲ အကြိုကာလ တွင်လည်း လွတ်လပ်စွာဟောပြောခွင့် မရှိခြင်းအပေါ် ချင်းပြည်နယ်မှ ပြည်သူလူထုများ စိတ်မချမ်းမသာ ဖြစ်နေကြပါသည်ဟူ၍ သတင်းရရှိပါသည်။


source by : http://myatlayngon.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

မလေးရှားနိုင်ငံ၌ ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြပွဲ

ယနေ့ (၄. ၁၁. ၂၀၁၀ ) မနက် ၁၀ နာရီ မလေးရှားနိုင်ငံ၊ မြန်မာသံရုံးရှေ့တွင် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သော ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

မလေးရှားနိုင်ငံရှိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (မလေးရှားဌာနခွဲ)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-လူငယ် (လွတ်မြောက်နယ်မြေ-မလေးရှား)၊ Burma Campaign Malaysia နှင့် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားနေကြသောသူများ ပူးပေါင်း၍ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားမှု အင်အားစုအဖြစ် ဖွဲ့စည်းကာ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

မလေးရှားအာဏာပိုင်များမှ ဆန္ဒပြသူများအား မြန်မာသံရုံးရှေ့တွင် လုံးဝဆန္ဒပြခွင့်မပြုဘဲ သံရုံးအနောက်ဖက်ရှိ လက်ဖက်ရည်ဆိုင်ရှေ့၌သာ ပိုစတာကမ်ပိန်း ပြုလုပ်ခွင့် ပေးခဲ့သည်။ အာဏာပိုင်များ ခွင့်ပြုခဲ့သော စည်းကမ်းအတိုင်းလိုက်နာ၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာနေရာသို့ သံရုံးမှ ၀န်ထမ်းနှစ်ဦးမှ ဓာတ်ပုံ လာရိုက်၍ မိုက်ရိုင်းစွာ ပြောဆိုမှုကြောင့် ဆန္ဒပြနေသော လူငယ်များနှင့် အခြေအတင် အနည်းငယ်ဖြစ်ခဲ့ပါသည်။

မလေးရှားအာဏာပိုင်များ၏ မည်သည့်အခွင့်အရေးမှ မပေးသည်ကို ထုတ်ဖော်လိုသောအားဖြင့် ဆန္ဒပြသူများသည် မိမိပါးစပ်အား လက်ဝါးနှင့်ပိတ်ကာ အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ လူအင်အား အယောက် ၇၀-ခန့် လာရောက်ဆန္ဒပြခဲ့ကြသည်။









Photobucket







အပြည့်အစုံ ဖတ်ရန် ...