Tuesday, November 2, 2010

နေပြည်တော်တွင် စစ်ခေါင်းဆောင်ပိုင်းတွင် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေ


QuantcastSpecial Report : ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အိမ်အနီးတွင် တနင်္လာနေ့ ညက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်။

FNG မှ နောက်ဆုံးကြားသိရသည့် သတင်းအရ နေပြည်တော်ရှိ စစ်ခေါင်းဆောင်ပိုင်းတွင် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေပြီး နေပြည်တော်ရှိ အင်တာနက် ဆက်သွယ်ရေး စနစ်မှာလည်း နေရာအချို့တွင် ပြတ်တောက်လျှက်ရှိကာ ပြည်ပ ဖုန်းခေါ်ဆိုမှုများကိုလည်း နေရာအချို့တွင် ဖြတ်တောက် ထားသည် ဟု သတင်းးရရှိသည်။

နိုင်ငံတ၀ှမ်းတွင် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်မှုများ ရှိသော်လည်း နေပြည်တော်တွင်မူ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ကြေငြာထားသည့် စစ်ဗိုလ်ချုပ်များမှာ ငြိမ်ချက်သား ကောင်းနေသည် ဟု သတင်းရရှိသည်။

စစ်အစိုးရ ရုံး စိုက်ရာ နေပြည်တော်တွင် စနေနေ့ ညကတည်းက လုံခြုံရေး အင်အားများ ပိုမိုချထားပြီး ကာကွယ်ရေး ၀န်ကြီးဌာန နှင့် ပြန်ကြားရေး ၀န်ကြီးဌာန ရုံးများသို့ ၀င်ထွက်သွားလာမှုများ အား တင်းကျပ် စွာ စစ်ဆေးမေး မြန်းလျှက် ရှိသည်။

အတည် မပြု နိုင်သည့် သတင်းများအရ နေပြည်တော်ရှိ နေရာ အချို့ တွင် ည မထွက်ရ အမိန့် ထုတ်ထား သည် ဟု သတင်းရရှိသည်။

နောက်ဆုံးရ သတင်းများအရ နေပြည်တော်တွင် ဗိုလ်ချုပ် ဆယ်ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး မည်သူက မည်သူ ကို ဖမ်းဆီး ထားသည်ကိုမူ FNG မှ ဆက်လက်စုံစမ်း လျှက်ရှိပါသည်။


source by : http://freedomnewsgroup.com