Monday, November 1, 2010

ပြည်တွင်း လှုပ်ရှားမှုများ အတွက် ပြည်ပ ၈၈မျိုးဆက် ကူညီထောက်ပံ့မည်


၂၀၁၀ နအဖ ၏ အတုအယောင်ရွေးကောက်ပွဲ အား ဆန်ဖရန် စစ္စကို ရောက် မြန်မာ များ က ကန့်ကွက်ကြစဉ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်တွင်း လှုပ်ရှားမှုများ အတွက် နိုင်ငံတကာရောက် ပြည်ပ ၈၈ မျိုးဆက် ကျောင်းသားများက ကူညီထောက်ပံ့မှုများ တိုးမြင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားသည် ဟု ဆော့လိပ်မြို့တွင် ကျင်းပသည့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံပွဲတွင် ထိုအခမ်းအနားသို့ တက်ရောက် လာသည့် အော်ရီဂွန် ပြည်နယ် မှ ကို ထွန်းထွန်း က Freedom News Groupသို့ ပြောသည်။

၈၈ မျိုးဆက် များအနေဖြင့် ပြည်တွင်း နှင့် နိုင်ငံတကာ လူငယ်များ နှင့် ပိုမိုချိတ်ဆက် လုပ်ဆောင်နိုင်ရန် လည်း စီစဉ်ထားပြီး မျိုးဆက် ကွာဟမှုများ အခက်အခဲများကို ပိုမိုနားလည်ရန် ကြိုးပမ်းပြီး မျိုးဆက်သစ် များ နှင့် ပိုမို ထိကပ်စွာ လုပ်ဆောင်နိုင်ရန် စီစဉ်ထားသည် ဟု တွေ့ဆုံမှုမှ ဆုံးဖြတ်သည်။




စစ်အစိုးရ၏ မတရားသည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင်ရန် အတွက် တွေ့ဆုံခဲ့သည့် ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံမှုတွင် နိုင်ငံတကာမှ တက်ကြွှသူ ၈၀ ခန့် ပါဝင်ဆွေးနွေး ခဲ့သည် ဟု သတင်း ရရှိသည်။

ထိုအခမ်းအနားသို့ ရဟန်းပျို သမဂ္ဂ ဆရာတော် ဦးခေမာစာရ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများ ဖြစ်သည့် ကိုထွန်းအောင်ကျော်၊ကိုဇာနည်၊ကိုသက်ထွန်း၊ကိုကျော်သန်း၊ကို ကျော်ကျော်ထွတ် နှင့် ကိုဘိုစော အပါအ၀င် နိုင်ငံတကာမှ ၈၈ မျိုးဆက် ကျောင်းသားများ တက်ရောက် ခဲ့ကြသည်။

source by : http://freedomnewsgroup.com