ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ခင်ဗျား
အီဂျစ် နိုင်ငံ တွင် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး အတွက် လူထု ဆန္ဒပြ လှုပ်ရှားမှုများ နှင့် ပါတ်သက်၍ ကျနော်တို့ Generation Wave ( မျိုးဆက်သစ် လူငယ်များ အစည်းအရုံး) မှ ရဟန်းရှင်လူ မိဘပြည်သူများ နှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်တွန်း နှိုးဆော်လိုက်ပါသည်။
ကျနော်တို့၏ လှုပ်ရှား ဆောင်ရွက်ချက်များ၊ သဘောထားများနှင့် ရဟန်းရှင်လူ မိဘ ပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမများသို့ တိုက်တွန်း နှိုးဆော်ချက်များကို ပူးတွဲပါ ဖိုင်တွင် ဖတ်ရှု့နိုင်ပါသည်။
Generation Wave (မျိုးဆက်သစ် လူငယ်များ အစည်းအရုံး)www.generationwave.org
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အင်အားစုများ အဖွဲ့များ အပါအ၀င် ပြည်သူ လူထု ရဟန်း သံယာတော်များ ကျောင်းသား လူငယ်များ သိသာစေရန် ယခု အိတ်ဖွင့် ပေးစာအား ပေးပို့ပါသည်။ ကျွန်တော်သည် စစ်အာဏာရှင် တိုက်ဖျက်ရေး လူထု လှုပ်ရှားမှု ကော်မတီတွင် ပါဝင်သော ၂၀၁၀ လှုပ်ရှားမှု ကော်မတီ (ပြည်တွင်း)၏ တာဝန်ခံ ဖြစ်ပါသည်။
၁၀.၁၀.၂၀၁၀ ရက်နေ့တွင် ထုတ်ပြန် ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့၏ ထုတ်ပြန် ကြော်ငြာချက်အား ဖတ်ရှုရသောအခါ ကြော်ငြာချက်တွင် ပါဝင်သော တောင်းဆိုမှု သုံးချက်သည် လက်ရှိ ပြည်တွင်း နိုင်ငံရေးအတွက် အဓိကကျသော တောင်းဆိုမှုများ ဖြစ်သည့်အတွက် ထိုတောင်းဆိုမှုများအား လေးနက်စွာ ယုံကြည်ထောက်ခံပါသည်။ သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့တွင် ပါဝင်သော လုပ်ဖော်ကိုင်ဖက်များကိုလည်း လေးစားပါသည်။ သို့သော် လည်း ၁၃.၁၀.၂၀၁၀ ရက်စွဲဖြင့် သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့ဟု ဒုတိယမြောက် ထုတ်ပြန် ကြော်ငြာချက်ကို ထပ်မံ ဖတ်ရှု ရပါသည်။
ဒုတိယမြောက် ကြော်ငြာချက်တွင် ပြည်သူ့ ကိုယ်စားလှယ်များ ဒီမိုကရေစီ ခေါင်းဆောင်များကို စော်ကား ထားသည့်အပြင် မတရားသည့် ဥပဒေဖြင့် ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ထောက်ခံ ရန်လည်း ရေးသားထားပါသည်။ ထို့ကြောင့် ကြောငြာချက် နှစ်ခုတွင် ဒုတိယမြောက် ကြော်ငြာချက်သည် ပထမ ကြော်ငြာချက်ကို ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့အား စော်ကား ပုတ်ခက် နိုင်ငံရေး သိက္ခာ ချရန် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်း တစ်ခုခုမှ လုပ်ကြံ ရေးသားထားသော ထုတ်ပြန်ချက် ဖြစ်ကြောင်းတွေ့ရှိ ရသည်။
ထို ဒုတိယမြောက် ကြော်ငြာချက်အား လုပ်ကြံရေးသားခဲ့သူ နိုင်ငံရေး သစ္စာဖောက် အားမိမိတို့ ၂၀၁၀ လှုပ်ရှားမှု ကော်မတီမှ ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း၊ ပထမ ကြော်ငြာချက် ထုတ်ပြန် ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့အား လေးနက်စွာ ယုံကြည် ထောက်ခံကြောင်း ရေးသားပေးပို့ လိုက်ပါသည်။ ယခုကိစ္စနှင့် ပတ်သက်ပြီး ၁၀.၁၀.၂၀၁၀တွင် ထုတ်ပြန်ခဲ့သော သုံးရောင်ခြယ် ကျောင်းသားများ အဖွဲ့မှလည်း နိုင်ငံရေးသစ္စာဖောက်တရားခံအား ရှာဖွေဖော်ထုတ် ပေးပါရန် တောင်းဆိုပါသည်။ (ကြော်ငြာချက် နှစ်ခုအား ပူးတွဲ ဖတ်ရှုနိုင် ပါသည်။)
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
နိုင်ငံတကာ လူ့အခွင့်အရေးနေ့ သဝဏ်လွှာ (Joint Statement)
Joint Statement No.8 2009 Bur မှတ်ချက် ။ ။ http://myatlayngon.blogspot.com မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
အကောင်းဆုံး မြေသြဇာ အဖွဲ့မှ ထုတ်ပြန် ကြေငြာချက်
၁။ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ် အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီ
(ယာယီလိပ်စာ) အမှတ် - ၈ - ရှင်စောပုဘုရားလမ်း၊ စမ်းချောင်း၊ရန်ကုန်မြို့။
၂။ အန်အယ်ဒီ ဗဟို အပါအဝင် မြို့နယ်၊တိုင်း ရုံးခွဲများ ။
၃။ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီး များ ။
၎။ တပ်ရင်း တပ်ဖွဲ့များ/တိုင်း စစ်ဌာနချုပ်များ ။
၅။ ဝန်ကြီး ဌာနများ ။
ဦးဝင်းနိုင်၊ ဦးသုဝေ၊ ဦးအောင်ရွှေ၊ ဦးခင်မောင်ဆွေ၊ ဦးဥာဏ်ဝင်း၊ သခင်ချန်ထွန်း တို့ပါ မကျန် စာအိပ်ပေါင်း(၇၅) အိပ် တိတိကို စာတိုက်မှတဆင့် ဝေငှ ဖြန့်ဖြူး ကန့်ကွက် ရှုတ်ချ လိုက်ပါသည်။
မှတ်ချက် ။ ။ http://www.ngunngemoe.co.cc မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂ(ပြည်တွင်း) ၏
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၂ )နှစ်မြောက်နေ့ ထုတ်ပြန်ကြေညာချက်
Statement
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...
မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း

ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့် ယခု-၀ါတွင်းကာလအတွင်း ဖြစ်ပေါ်နေသော သံဃာတော်များအား (နအဖ)တာဝန်ရှိပုဂ္ဂိုလ်များမှ သြဂုတ်လအတွင်း ဖိအားပေး လိုက်လံဖမ်းဆီးလိုက်ခြင်းသည် သာသနာတော် ညှိနွမ်းကွယ်ပျောက်စေသည့် ဆောင်ရွက်မှုဟုလက်ခံ ယုံကြည်ထားသောကြောင့် အောက်ဖော်ပြပါ ရဟန်းသံဃာတော် (၃)ပါးဖမ်းဆီးလိုက်ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံချလိုက်သည်။
(၁) ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိမလအား ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ နေ့လည်တွင် (နအဖ)မှ ဖမ်းဆီးသွားခြင်း ခံခဲကြရသည်။(၂) ပခုက္ကူမြို့၊ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော်ဦးဝိသုဒ္ဓအား ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၈ရက်နေ့၊ သောကြာနေ့ညပိုင်းတွင် (နအဖ)၏ ဖမ်းဆီထိန်းသိမ်းခြင်း ခံခြဲ့ကရသည်။
(၃) ရေနံချောင်းမြို့၊ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၇ရက်နေ့ ကြာသပတေးနေ့တွင် (နအဖ)၏ ဖမ်းဆီးအထိန်းသိမ်းခြင်း ခံခဲ့ကြရသည်။ဝါတွင်းကာလအတွင်း အထက်ပါ သံဃာ(၃)ပါးကို (နအဖ)စစ်အုပ်စုမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းသည် မြတ်စွာဘုရား၏ ၀ိနည်းတော်ကို ချိုးဖောက်စော်ကားရာ ရောက်ပေသည်။
ထိုကြောင့် ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ (နအဖ)ထံသို့ အထက်ပါ သံဃာတော်(၃)ပါးအား ၎င်းသံဃာတော်တို့ သီတင်းသုံးရာကျောင်းထိုင်ဌာနသို့ အမြန်ဆုံးပို့ဆောင်ရန်နှင့် သံဃာထုတစ်ရပ်လုံးအား ၀န်ချတောင်းပန်ရန်ပြင်းထန်စွာ တောင်းဆိုလိုက်သည်။
(နအဖ)စစ်အုပ်စုအနေဖြင့် သာသနာနှင့်သာသနာတော်စောင့်ရှောက်ကာကွယ်နေသူ သံဃာတော်များပါမက မြတ်စွာဘုရား၏ အဆုံးအမများကို ယုံကြည်လက်ခံကျင့်သုံး ကိုးကွယ်နေသူ ဒါယကာ - ဒါယကာမ အပေါင်းအား စော်ကားလိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီဖြစ်သည်။
ထိုကြောင့်အထက်ပါ တောင်းဆိုချက်အား(နအဖ)စစ်အုပ်စုမှ တုန့်ပြန်ဖြည့်စီးမှုမပြုပါက သံဃာထုတစ်ရပ်လုံးနှင့် အတူ ဒါယကာ-ဒါယကာမများ ပူးပေါင်းကာ သာသနာတော်ကို ညှိးနွမ်းပျောက်ကွယ်စေရန် ဆောင်ရွက်နေကြသည့် စစ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား၊ ကျနော်တို့ GenerationWave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ မြတ်စွာဘုရားသားတော်များဖြစ်ကြသော သံဃာများနှင့် ပြည်သူ လူထုတစ်ရပ်လုံးဖြင့် ပူးပေါင်းကာ ၂၀၀၉ခုနှစ်အတွင်း (နအဖ)စစ်မိစ္ဆာများအား ပစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်။
“ငါတို့လူငယ် ညီအစ်ကိုမောင်နှမများနှင့်အတူ ဗုဒ္ဓမြတ်စွာသာသနာတော်ကို
အသက်ပေး၍ ကာကွယ်ကြစို့”
မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။
အပြည့်အစုံ ဖတ်ရန် ...
ပြန်ခေါက်ထားခဲ့ပါဗျားးးးး...