Saturday, May 16, 2009

Open Letter to the President of the United States of America for Free Aung San Suu Kyi

Open Letter to the President of the United States of America for Free Aung San Suu Kyi

အပြည့်အစုံ ဖတ်ရန် ...

Global Action for Burma: Free Aung San Suu Kyi

Global Action for Burma: Free Aung San Suu Kyi

On 6th of May, an American citizen was detained by Burmese military regime after secretly swimming across Inya Lake, Rangoon to gain access to the Nobel Laureate’s House. According to the official Burmese media, he was identified as 53-year old former military serviceman John William Yettaw of Falcon, Missouri, USA. On 13th of May, American diplomat was allowed to meet with him. Although his motives for the alleged lake exploits remain unclear, it caused the Nobel Peace Prize winner, Aung San Suu Kyi to serve jail terms under the anti-subversion laws.

Aung San Suu Kyi has spent most of the past 19 years detained in virtual isolation in her crumbing compound since the junta refused to recognize her party’s landslide victory in the country’s last election in 1990. Her last period of detention at her home expires at the end of May. This expiration of six years of house arrest, without trail or charge or even figleaf of legal respectability, was to have yanked away from the generals.

Now, due to the uninvited access to her compound by American citizen, the military generals no longer need to trouble themselves with legal niceties and it has given them a ready-made reason to imprison the most prominent political prisoner up for at least another five years. It would perfectly play into the hands of the junta if the United States of America and international community do not stand up with the People of Burma who have been oppressed by the junta for several years.

Therefore, we call upon the international community and overseas Burmese people around the world to the global action for Free Aung San Suu Kyi. Demonstrations and a number of activities will take place in different countries. We would like to encourage everyone to join with us to show solidarity and unity.

“Add your voice to a call for Free Aung San Suu Kyi”

Independence Campaign
Global Action for Burma
www.globalactionforburma.blogspot.com

www.gab-burma.weebly.com

Please contact the following persons for detailed information.

Mr. Myo Thein (UK), Tel: +44 208 493 9137, Email: myothein19@gmail.com
Mr. Yin Aye (USA) , Tel: + 1 301 905 7591, Email: yindbso@gmail.com
Mr. Ko Ko Aung (Japan), Tel: + 81 090 1506 2893, Email: kokoaung_dfbjp@yahoo.com
Mr. Kyaw Than (India), Tel: +91 9810601506, Email: absl_india88@yahoo.com
Mr. Yin Htwe (Thailand), Email: yinhtway@gmail.com
Mr. Si Thu (Canada), Email: oneloveoneburma@gmail.com
Ms. Khin Ma Ma Myo (Scotland), Tel: +44 1224 524 077, Email: khinmamamyo@gmail.com
Ms. Nang Thida Aye, Email: ntda.dwg@gmail.com
Mr Sai Myo Win, Tel: +66 835 823 490, Email: ida0072@gmail.com


(Independence campaign is a results-oriented coalition dedicated to Free Aung San Suu Kyi campaign to share information about the activities. Please kindly contact Mr. Sai Myo Win (ida0072@gmail.com) and Ms. Nang Thida Aye (ntda.dwg@gmail) for campaigns update and campaigns information if your country is not listed in the above list.)

အပြည့်အစုံ ဖတ်ရန် ...

ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက်

ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက်

Gab Burma (Dassk)

အပြည့်အစုံ ဖတ်ရန် ...

Thursday, May 14, 2009

ဒေါ်စု အမှုနှင့် သူတို့အသံများ

ဒေါ်စု အမှုနှင့် သူတို့အသံများ

ကိုဝိုင်း
ကြာသပတေးနေ့၊ မေလ 14 2009 17:43 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား နအဖ စစ်အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ယနေ့ တရားစွဲဆိုလိုက်ခြင်းနှင့် ပတ်သက်၍ နိုင်ငံရေး ခေါင်းဆောင်အချို့၏ အမြင်သဘောထားများကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းတင်ပြထားပါသည်။

ဦးအေးသာအောင်
(အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားပြု ကော်မတီ - စီအာပီပီ)

ကန့်သတ်ချက်ကို ချိုးဖောက်တယ် ဆိုတာက ကျနော့်အမြင် ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အထိန်းသိမ်း ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေမှာ သူတို့ ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်ရဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်။ အဲဒီတော့ အမေရိကန် နိုင်ငံသားဆိုတဲ့ ပုဂ္ဂိုလ်က ခိုးပြီး ဝင်ရောက်လာနိုင်တယ်ဆိုတာ လုံခြုံရေး တာဝန်ရှိတဲ့ လူတွေမှာပဲ တာဝန်ရှိတယ်။ အကယ်၍ပေါ့၊ လူတယောက်က ဝင်ပြီးတော့ အမျိုးသမီးတွေပဲ ရှိနေတဲ့နေရာဆိုတော့ ဘာမှ ထိထိရောက်ရောက် ခုခံနိုင်မယ့် အနေအထားက မရှိဘူးလေ။

ဦးခွန်မြင့်ထွန်း
(နိုင်ငံရေးအကျဉ်းသမားဟောင်း)
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်ဒီ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် - ၁)

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့သူတွေကို ဒီပဲယင်းမှာ တကယ်ကို အသေသတ်ဖို့ ကြံခဲ့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်က ကံကြီးလွန်းလို့ အသက်ရှင်ခဲ့တာကိုး။ ဒီပဲယင်း လုပ်ကြံမှုဖြစ်ကတည်းက ကျနော်တို့ ဗမာပြည်မှာ တွေ့ဆုံဆွေးနွေးရေးကို နအဖ က လက်မခံဘူးဆိုတာကို ပြတ်ပြတ်သားသား ပြလိုက်တာ။ နောက်တခါ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာကနေ ထပ်ပြီးတော့မှ အမှုဆင်ပြီးတော့ ဒီလို ထပ်ပြီးတော့ လုပ်ကြံ စွပ်စွဲပြီးတော့ ထောင်ဒဏ်အပြစ်ပေးမယ် ဆိုတာကတော့ နအဖ က ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို အတိအလင်း ချိုးဖောက်ဖျက်ဆီးလိုက်တာ ဖြစ်တယ်။

ပြီးတော့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ သူ့မှာ ဘယ်လိုမှ သဘောထားမရှိဘူးဆိုတာ အားလုံးသိအောင် ရှင်းရှင်းလင်းလင်း ပြောတာဖြစ်ပါတယ်။ နောက် ဒီတိုင်းပြည်မှာ ကိုမင်းကိုနိုင်တို့၊ ဦးဂမ္ဘီရတို့၊ ဦးခွန်ထွန်းဦးတို့ အပါအဝင်ပေါ့၊ ပုဂ္ဂိုလ်တွေက တကယ့်တကယ် အပြစ်ရှိလို့ ထောင်ကျနေတာ မဟုတ်ဘူး။ အားလုံးက ဒီလို အမှုဆင်ပြီး ထောင်ချတာဖြစ်တယ်။ နအဖ အနေနဲ့ကတော့ ဒီဥစ္စာ Crime against Humanity ဥပဒေကို ချိုးဖောက်တာပါပဲ။ အပြစ်မရှိတဲ့သူကို အပြစ်ရှာပြီး ထောင်ချတာကိုက ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်ပြီ ဆိုကတည်းကိုက ထောင်ချဖို့ကတော့ သေချာပါပြီ။ သူတို့ ထောင်ချမှာပဲ။

ရဲဘော်ဖိုးသံချောင်း
(ပြောခွင့်ရ ပုဂ္ဂိုလ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ)

ပြောချင်တာကတော့ အချက်အလက် ကျနော်တို့ သိရတာ သိပ်နည်းသေးတယ်။ နအဖ ကလည်း သေချာကို ဖုံးထားတဲ့ သဘောမျိုး ရှိတယ်။ နအဖ ဖုံးထားတယ်ဆိုတဲ့အထဲမှာ ဒီလူအကြောင်းကို ဒေါက်တာတင်မျိုးဝင်း report လုပ်ပြီးသားဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး နအဖ က အဲဒါကို အပြည့်အစုံ ဖော်ထုတ်ရမယ်။ ဘာတွေ report လုပ်ခဲ့တယ်ဆိုတဲ့ဟာ။ ဒေါက်တာတင်မျိုးဝင်း report လုပ်ပြီးသားဆိုရင် သူတို့ ဘာလို့ ဗီဇာထုတ်ပေးသလဲ။ တကယ်လို့ ဒီလူအကြောင်း နအဖ သိထားလို့ရှိရင် ဘာလို့ ဗီဇာပေးပြီး အဝင်ခံလဲ။ ဒီလူကို ဗီဇာငြင်းပယ်လိုက်ရင် ရတဲ့ဟာကို။ တိုင်းပြည်ထဲကို ခိုးဝင်လာတာမှ မဟုတ်ဘဲ။ သံသယ ရှိစရာတွေ အများကြီး ရှိနေတယ်။

ကျနော်တို့ ကတော့ ဒီကိစ္စကို ကိုယ့်ပြည်တွင်း ပြည်သူလူထုနဲ့ ဘယ်လို စည်းရုံးရမလဲ။ ပြည်တွင်း ပြည်သူလူထုရဲ့ အင်အားနဲ့ ဒီကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်။ ပြည်ပက မတတ်နိုင်ဘူး။ နအဖ အကွက်ထဲကို ကွက်တိပဲ ဝင်နေတာ။ ဆန္ဒပြရမယ်ဆိုပြီး ကျနော် အတိအကျကြီး ပြောနေတာမဟုတ်ဘူး။ ပြည်သူလူထုက သူတို့ရဲ့ နိုးကြားမှုကို ဖော်ပြတဲ့၊ သူတို့ရဲ့ စိတ်ဝင်စားမှုကို ဖော်ပြတဲ့၊ သူတို့ရဲ့ ဆန့်ကျင်မှုကို ဖော်ပြတဲ့ နည်းနာပေါင်းစုံသုံးပြီး ဒီကိစ္စ လုပ်မှရမယ်လို့ ထင်တယ်။

ဦးမဟော်ခွန်ဆာ
(အထွေထွေအတွင်းရေးမှူး၊ တိုင်းရင်းသားလူမျိုးများ ကောင်စီ - အီးအန်စီ)

ကျနော်တို့မြင်တာက ဒေါ်စုက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ နိုင်ငံရေးအရလည်း ယုံကြည်မှုရှိကြတယ်။ ဒေါ်စုရဲ့ သြဇာလည်း လွှမ်းမိုးနိုင်တယ်။ စစ်အစိုးရက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် ၂ဝဝ၈ အခြေခံဥပဒေကို လုပ်လိုက်တယ်။ အဲဒီ ဥပဒေအရ ၂ဝ၁ဝ ခု ရွေးကောက်ပွဲကို လုပ်မှာဖြစ်တယ်။ ဒေါ်စုအပိုင်းနဲ့ ပတ်သက်လို့ ကျနော်တို့ သိထားတာက သူ့ကို ချုပ်ထားတဲ့ ဥပဒေဟာ၊ ချုပ်ထားမှုဟာ အခု မေလအတွင်းမှာ ဒီကိစ္စက ပြည့်သွားမယ်။ ပြည့်သွားမယ်ဆိုရင် ဘာပဲပြောပြော ဒေါ်စုကို ပြန်လွှတ်ပေးရမယ်။ ပြန်လွှတ်ပေးရမယ်ဆိုတော့ သူ့ရဲ့ သြဇာအရှိန်အဝါကို သိတဲ့အတွက်ကြောင့်မို့လို့ သူတို့အနေနဲ့ ဒေါ်စုကို ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အနှောင့်အယှက် အဟန့်အတားမဖြစ်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီးတော့မှ ဖမ်းဆီးလိမ့်မယ်လို့ ကျနော်တို့ နဂိုကတည်းက တွက်ထားတယ်။ အဲဒါကြောင့် အခု ဒီဖမ်းဆီးမှုဟာလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမှာ စိတ်ကြိုက် လုပ်ချင်သလို လုပ်နိုင်ဖို့အတွက် ဒေါ်စုကို ထိန်းသိမ်းနိုင်ဖို့၊ ဖမ်းဆီးထားနိုင်ဖို့အတွက် ဒါအကြောင်းပြုပြီးမှ လုပ်တာပဲလို့ ကျနော်တို့က ယူဆတယ်လေ။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်ကို “သီးသန့်ဧည့်ဂေဟာ” တွင် ထိန်းသိမ်းထား

ဒေါ်အောင်ဆန်းစုကြည်ကို “သီးသန့်ဧည့်ဂေဟာ” တွင် ထိန်းသိမ်းထား

Thursday, 14 May 2009 18:32 သန်းထိုက်ဦး

စစ်အစိုးရက ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်၍ တရားစွဲဆိုခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်ကို အင်းစိန် ထောင်ပရိဝုဏ် အတွင်းရှိ သီးသန့် ဧည့်ဂေဟာတွင် ထိန်းသိမ်းထား ကြောင်း ရှေ့နေကြီးဦးကြည်ဝင်းက ပြောသည်။

ဓာတ်ပုံ - အေပီ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယခုလဆန်းပိုင်း၌ တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက ယနေ့နံနက်ပိုင်းတွင် အကျယ် ချုပ်ထားရာ နေအိမ်မှဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တရားစွဲဆိုခဲ့ပြီးနောက် ယခုကဲ့ သို့ ထိန်းသိမ်းထားခြင်းဖြစ်သည်။

ရှေ့နေကြီးဦးကြည်ဝင်းက“ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ပရိဝုဏ်အတွင်းမှာရှိတဲ့ ထောင်အာဏာပိုင် တွေ ညီလာခံတို့ အစည်းအဝေးတို့လာတက်ရင်နေတဲ့ အဆောက်အဦးမှာထားတယ်”ဟု ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားရင်ဆိုင်ရန် မေလ ၁၈ ရက်နေ့သို့ ရက်ချိန်း သတ်မှတ်ထားကြောင်းသိရ သည်။

အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်အပါဝင် အတူနေသော အမျိုးသမီးတို့ကိုလည်း ပုဒ်မ ၂၂ /၁၀၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။ အဆိုပါ စွဲဆိုထားသည့် ပုဒ်မများသည် ပြစ်မှုထင်ရှားပါက ၃ နှစ်မှ ၅ အထိ ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀ ကျခံနိုင်ဖွယ် ရှိကြောင်း ရှေ့နေများ ပြောပြချက်အရ သိရ သည်။

စစ် အာဏာပိုင်များ စွဲဆိုထားသည့် ဥပဒေပုဒ်မနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိတွင်အပြစ်မရှိဟု ယုံကြည်ထားကြောင်း ဦးကြည်ဝင်းက ပြောသည်။

ရှေ့နေ ဦးကြည်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်တွေ့ဆုံရာ၌ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး နှင့် စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်ကြောင်း သိရသည်။

ဦးကြည်ဝင်းက“ကျနော်က သူ့ကိုအားပေးရမှာ သူက ကျနော်ကိုပြန်ပြီးအားပေးနေတယ်”ဟု ဆိုသည်။

ရန်ကုန် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ရေကူး၍သွားရောက်ခဲ့သူ ဂျွန် ၀ီလျံ ယက် ထော(Mr. John William Yettaw) ကိုလည်း ယနေ့အတူ ရုံးထုတ်ခဲ့ကြောင်းသိရှိရသည်။

ယမန်နှစ်ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ နိုင်ငံခြားသားတဦးက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာဘ်ငွေပေးပြီးဝင်ရောက်ရန်ကြိုးစားခဲ့သဖြင့် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက အာဏာပိုင်များထံတိုင် ကြားခဲ့ဖူးကြောင်း ၊ သို့ရာတွင် သက်ဆိုင်ရာအာဏာပိုင်များက မည်သို့မျှအရေးမယူခဲ့ကြောင်းသိရှိရသည်။

NLD အဖွဲ့ဝင်များအဆိုအရ ရေကူးဝင်ရောက်လာသော ဂျွန် ၀ီလျံ ယက်ထောကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံဘဲ နှင်လွှတ်ခဲ့ကြောင်း၊ သို့ရာတွင် ၎င်းကအလွန်ပင်ပန်းနေသဖြင့် ခေတ္တနားခိုခွင့်တောင်းပြီး တစ်ည တည်းခိုသွားခဲ့ကြောင်း သိရသည်။

ဂျွန် ၀ီလျံ ယက်ထောနှင့်ပတ်သက်ပြီး အာဏာပိုင်များက လေ့လာသိရှိထားပြီးဖြစ်ရာ လုံခြုံရေးတင်းကျပ်ထား သည့် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်ခြံဝင်းအတွင်းသို့ ယခုလိုရေကူးဝင်ရောက်သွားနိုင်သည့်အပေါ် လေ့လာ သူများ အနေဖြင့် မေးခွန်းထုတ်စရာဖြစ်နေသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် ၎င်း ဂျွန် ၀ီလျံ ယက်ထောအား အမေရိကန် သံရုံးမှ ဒုတိယ အတွင်းဝန် (ကောင်စစ်ဝန်) Mr. Colin P. Furst နှင့် အဖွဲ့က ရန်ကုန်မြို့ရှိ အောင်သပြေ ရိပ်သာ၌ ကောင်စစ်ဆိုင်ရာတွေ့ ဆုံမှု ပြုလုပ်ခဲ့ကြောင်းနှင့် ဂျွန် ၀ီလျံ ယက်ထော၏ ကိုယ်ရေး အကျဉ်းတို့ကို ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါသတင်းကို စိတ်ဝင်စားသူ ပြည်တွင်းသတင်းထောက်များအနေဖြင့် အခက်အခဲများစွာ ကြုံနေရ ကြောင်းသိရသည်။

အင်းစိန်ထောင်အနီး သတင်းလိုက်ယူသော သတင်းထောက်များအား ကိုယ်ရေးအကျဉ်း တောင်းဆိုခြင်း ဓာတ်ပုံ ရိုက်ယူခြင်းများ ခံရကြောင်း၊ ထို့အပြင် ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာများကလည်း မိမိတိုက်ရှိ သတင်း ထောက်များကို သတင်းမလိုက်ရန်နှင့် အကယ်၍ ပြသနာ ပေါ်ပါက မိမိပြဿနာ မိမိဖြေရှင်းရန် ညွန်ကြားထား သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှစ၍ နေ အိမ်အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်နှင့် ပတ်သက်သော အယူခံလွှာကို လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၉ ရက် နေ့တွင် နေပြည်တော်သို့ တင်သွင်းခဲ့ရာ ယခုလ ၁ ရက်နေ့က ယင်း အယူခံလွှာကို စစ်အာဏာပိုင်များက ပယ်ချခဲ့သည်။

အယူခံလွှာတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပုဒ်မ ၁၀ (ခ) အရ အရေးယူထားသည်မှာ ဥပဒေနှင့် ညီမညီ၊ အရေးယူထားသည့် ကာလမှာ ဥပဒေနှင့် ညီ မညီ၊အတူနေ ဒေါ်ခင်ခင်ဝင်း သားအမိအနေနှင့်တားဆီးမိန့် အကျုံး ၀င် မ၀င်၊ ကျန်းမာရေးနှင့် ပတ်သက်၍ မိသားစုဆရာဝန်နှင့် ပုံမှန်ဆေးစစ်ခွင့်၊ ရှေ့နေဦးကြည်ဝင်း အတွက်လက် ထောက်ရှေ့နေ ထပ်မံငှားရမ်းခြင်း စသည့် အချက်များပါဝင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ NLD က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ရယူရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား...။


ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယနေ့ထုတ်ပြန်သည့် ကြေညာချက်ရယူရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား...။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေ ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန်အထူးတရားရုံးသို့ ခေါ်ထုတ်

ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန်အထူးတရားရုံးသို့ ခေါ်ထုတ်

NEJ / ၁၄ မေ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့နံနက် (၇) နာရီခန့်တွင် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်း အန်အယ်လ်ဒီလူငယ်အဖွဲ့ဝင် ကိုအေးထွန်းက ခေတ်ပြိုင်သို့ပြောသည်။

“အခုဝင်ဖို့လုပ်နေပါတယ်။ ဦးဉာဏ်ဝင်း၊ ဦးအောင်သိန်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်စောမူ တို့ ၀င်ဖို့လုပ်နေကြပါပြီ။ ကတ်တွေဘာတွေလဲနေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါ်ခင်ခင်ဝင်းတို့သားအမိ ပါလာတယ်လို့ သိရတယ်။ တွေ့တော့မတွေ့ရသေး ဘူးဗျ။ ကျနော်တို့က အခုမှ လိုက်လာကြရတာလေ”ဟု ကိုအေးထွန်းက ပြောသည်။

အင်းစိန်ထောင်ရှေ့တွင် အမေရိကန်သံရုံးမှ ကားတစီးကိုတွေ့ရှိရပြီး အထိန်းသိမ်းခံ အမေရိကန်နိုင်ငံသားကိုပါ စစ်ဆေးမှုပြုမည်မပြုမည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်အကြောင်းကြောင့် အင်းစိန်အထူးတရားရုံးသို့ ခေါ်ဆောင်သည်ကို မသိရကြောင်း အာဏာပိုင်များဘက်မှ လာရောက်အကြောင်းကြားသဖြင့်သာ လိုက်ပါလာခဲ့ကြရခြင်းဖြစ်ကြောင်း အဆိုပါလူငယ်အဖွဲ့ဝင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ယခု မနက်ပိုင်း အင်းစိန်ထောင်ရှေ့ရုံးတွင် တရားရုံးထုတ်ရန် စီစဉ်ထားသည့်အပြင် အင်းစိန်ထောင်အနီး နေအိမ်တခုတွင် ပြောင်းရွှေ့ထားရန် အာဏာပိုင်များက စီစဉ်နေကြောင်း ယမန်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေ့ဆုံခဲ့သည့် ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေသို့ ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယနေ့ မနက် (၁၀) နာရီခွဲတွင် အန်အယ်လ်ဒီမှ ရှေ့နေများသည် အင်းစိန်ထောင်အတွင်း ၀င်ရောက်နေကြကြောင်း ဦးဉာဏ်ဝင်း၏ လက်ကိုင်ဖုန်းကို ကိုင်ဆောင်ထားသူ ကိုအေးထွန်းက ခေတ်ပြိုင်သို့ ပြောသည်။



မှတ်ချက် ။ ။ http://www.khitpyaing.org/news မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...