Saturday, August 13, 2011

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သို့မဟုတ် ဧရာဝတီ - အပိုင်း (၃)

ဂါမဏိ| "သောင်းကျန်းသူ နှိမ်နင်းရေး မဟာဗျူဟာ" ဆိုတဲ့ စစ်ရေးအဓိက အမြင်နဲ့ ရေလှောင်တမံတွေ ရေကာတာတွေ တည်ဆောက်သလို စစ်ကစားလှုပ်ရှားနိုင်ဖို့ စစ်ရေးအမြင်နဲ့ဘဲ နည်းပညာ ညံ့ဖျင်းစွာ မြစ်ကူး တံတားကြီးတွေကို တည်ဆောက်ခဲ့တဲ့အတွက် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း မြစ်ကြောင်းပျက်စီးမှုတွေလဲ ဘယ်ခေတ်နဲ့မှ မတူအောင် ဖြစ်ခဲ့ရပါတယ်။

ဧရာဝတီမြစ်ကူးတံတားကြီးဖြစ်တဲ့ ညောင်တုန်းဒေသက ဗိုလ်မြတ်ထွန်းတံတားဟာ ရေလမ်း ထိန်းသိမ်းရေး ဦးစီးဌာနက မဆောက်သင့်ကြောင်း တားမြစ်သည့်ကြားက ဇွတ်အတင်း တည်ဆောက်ခဲ့လို့ ချဉ်းကပ်တံတားနဲ့ ပင်မတံတား ယိုင်နဲ့မှု ဖြစ်ပေါ်လာတယ်။

လေယဉ်ပစ်စက်သေနတ်နှင့် K.I.A စစ်သား

စစ်အုပ်စုဟာ တချက်ခုတ် သုံးချက်ပြတ်အဖြစ် ကိုယ့်အာဏာ စည်းစိမ်မြဲရေး အတွက် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေကို ပိတ်ဆို့ ကန့်သတ်ဖို့တင်မက တရုတ်၊ ကုလား၊ ယိုးဒယားတို့ သဘောကျ စေဖို့နဲ့ နိုင်ငံခြားငွေ ရစေဖို့ နယ်ခြား ဒေသ ရေကာတာကြီးတွေ ဆောက်လုပ်ခဲ့ရာမှာ ဒို့တာဝန်အရေး သုံးပါးကို ထိခိုက်စေမဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာကို ဘေးချိတ် လိုက်ပါတော့တယ်။

ကိုယ့်တိုင်းပြည်က အဓိကပင်မ သယံဇာတတွေကို နိုင်ငံခြားသားလက် ထိုးအပ်တာလောက် အချုပ်အခြာ အာဏာ ထိခိုက်တာ မရှိပါဘူး။ အခုလို ထိုးအပ်လိုက်တာဟာ နိုင်ငံ့ အသက်သွေးကြော ဧရာဝတီမြစ်ကို သေဒဏ် ပေးလိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။


နိုင်ငံ့ရဲ့ အသက်သွေးကြော မြစ်မကြီးတွေ၊ နိုင်ငံ့ရဲ့ အခြေခံ သယံဇာတ ရင်းမြစ်တွေကို ရောင်းစားတာ၊ နိုင်ငံတွင်းက အခြေခံပြည်သူ လူထုတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဘဝတွေကို ပျက်သုဉ်းစေတာဟာ တကယ်တော့ အချုပ်အခြာ အာဏာကို ရောင်းစားတာ ဖျက်ဆီးတာဘဲ ဖြစ်ပါတယ်။ အထွက်ကောင်းလှတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းမှာ အကြီးအကျယ် လိုအပ်နေတဲ့ လျှပ်စစ်မီးရရေး၊ စက်မှုထွန်းကားရေးမှာ မသုံးဘဲ ၈၀% လောက်ကို ထိုးအပ် လိုက်ကတည်းက အချုပ်အခြာအာဏာ ပါသွားခဲ့ပြီဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ အကြီးအကျယ်အော်နေတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အပါအဝင် ဒို့တာဝန် အရေးသုံးပါးနဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ဆိုတာ လိမ်လုံးညာလုံးတွေ ဖြစ်ကြောင်း လယ်ပြင်မှာဆင်သွားသလို ရှင်းလင်းလှပါတယ်။

ရှေ့တန်းထွက်ရန်ပြင်ဆင်နေကြသော K.I.A စစ်သားများ

တကယ်လုပ်ရမှာက သူပုန်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းတာ (ရေကာတာတွေဆောက်လို့ သူပုန်တွေ မထိခိုက် တာကို မိုးဗြဲရေကာတာဝန်းကျင်က ရလလဖ-ပအိုဝ်းနီ၊ ကယန်း နဲ့ ဗကပ သူပုန်တွေက သက်သေပြခဲ့ပါပြီ)၊ တိုင်းရင်းသားတွေကို တန်းတူ အခွင့်အရေး အပြည့်အဝ ပေးတာ၊ မြစ်ဝှမ်းတလျှောက် သစ်တောတွေ ထိန်းသိမ်းတာ ပျိုးထောင်တာ၊ မြစ်ကြောင်းအနေအထား မပျက်ယွင်းစေတဲ့ မြစ်ကူးတံတားကြီးတွေ တည်ဆောက်တာ၊ မြစ်ကြောင်းပျက် အဆိပ်သင့်စေတဲ့ ရွှေတူးမှု ယူရေနီယမ် တူးမှုတွေကို ကန့်သတ်ကြီးကြပ်တာ၊ မြစ်ကြောင်းတခုလုံးကို ခေတ်မှီယန္တရား စက်ကြီးတွေနဲ့ သောင်တူး သောင်ဖြိုပစ်တာတွေ လုပ်ရမှာ ဖြစ်ပါတယ်။

လျှပ်စစ် ဓာတ်အားအတွက်လဲ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ၊ ရေကာတာ ပညာရှင်တွေ၊ ဒေသခံ လူထုတွေဆီက သေသေချာချာ အကြံဉာဏ်ရယူပြီးမှ (လျော်ကြေးလဲ လောက်လောက်ငှငှ ပေးပြီးမှ) တည်ဆောက်ရမှာ ဖြစ်ပါတယ်။


ဒါတွေကို ဗဟိုအစိုးရကဘဲ လုပ်နိုင်မှာဖြစ်ပေမဲ့ လက်ရှိဗဟိုအစိုးရ စစ်အာဏာရှင်တွေကတော့ တိုင်းပြည့်အချုပ်အခြာ အာဏာကို ရောင်းစားနေတာဖြစ်လို့ အခုအခါ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO က တပြည်လုံးအကျိုးအတွက် သူ နိုင်သလောက်ကို လုပ်နေပါတယ်။ အဲဒါကတော့ စစ်အစိုးရကို ရဲရဲကြီးအာဏာ ဖီဆန်ပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲ လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရာဇဝင်များရဲ့သတို့သမီးကို အထည်ကြီးပျက်မုဆိုးမ မဖြစ်အောင် ကယ်တင်ဖို့တိုက်ပွဲ ဖြစ်တဲ့အပြင် ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာ ပြန်လည်ရယူရေး တိုက်ပွဲလဲ ဖြစ်ပါတယ်။


တချိန်ကတော့ လောပိတ မဟာဓာတ်အားလိုင်း ဖြတ်သွားတဲ့ ကရင်နီပြည် ရှမ်းပြည်က လူထုတွေအဖို့ စိုင်းထီးဆိုင် သီချင်းထဲကလို "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်ခဲ့ပေမဲ့ အခုတော့ ကချင်၊ ဗမာ၊ ရှမ်း၊ မွန်၊ ရခိုင် စတဲ့ တနိုင်ငံလုံးက ပြည်သူလူထုတွေအတွက် လျှပ်စစ်လိုင်းကြိုးတွေနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ "ဖြတ်သာသွားတယ် မနားတယ်" ဖြစ်လာပါပြီ။


အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲအောင် မလုပ်တဲ့ စစ်အစိုးရ လက်ထက်မှာ ဗမာပြည် ဗဟိုချက် မန္တလေးမြို့တော်ရဲ့ မြေယာအိုးအိမ်တွေ နောက်တိုး'လူဝါ'များ လက်ထဲရောက်သွားတာ တဆက်တစပ်တည်း ဖြစ်လာပါတယ်။ သီပေါ မင်းလက်ထက် ၁၈၈၄-၈၅ ခုမှာ မန္တလေးလူဦးရေ တသိန်းနီးပါးမှာ တရုတ်ဦးရေက ၇၀၀၀ ရှိခဲ့ပါတယ်။ ဒီကနေ့ မန္တလေး လူဦးရေတသန်းမှာ တရုတ်လူဦးရေက ၄ သိန်းနီးပါးရှိနေပြီး သခင်လူတန်းစားသစ် ဖြစ်လာပါတယ်။

ရှေ့တန်းနယ်မြေမှ K.I.A စစ်သားများ

အချုပ်အခြာအာဏာဆိုတာ ဒြဗ်မဲ့ မဟုတ်ပါ။ အကောင်အထည်ရှိတဲ့ ရေ၊ မြေ တွင်းထွက် နဲ့ လူသားတွေကို ထိန်းချုပ်တာဟာ အချုပ်အခြာအာဏာကို ထိန်းချုပ်တာဖြစ်ပါတယ်။ အခု ဒါတွေကို ဘယ်သူက ထိန်းချုပ်ထားသလဲဆိုတာ မန္တလေးသားတွေ သိပါတယ်၊ ကချင်ပြည်သားတွေ၊ ရခိုင်ပြည်သားတွေ၊ ရှမ်းပြည်သားတွေ၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ် ဆန့်ကျင်ရေး အစဉ်အလာ ကြီးမားတဲ့ မြန်မာနိုင်ငံသားတွေ သိကြပါတယ်။


ဒါကြောင့် ဒီကနေ့ ဒီအချိန်မှာ ဧရာဝတီကို ကယ်တင်ဖို့ဆိုရင် ကေအိုင်အိုရဲ့လက်နက်ကိုင် တိုက်ပွဲကို ပြည်တွင်းပြည်ပ အားလုံးက ဝိုင်းရံပံ့ပိုးပြီး ဧရာဝတီ၊ တပိန်၊ ရွှေလီ၊ သံလွင်၊ ချင်းတွင်းမြစ်တွေပေါ်က ရေကာတာ စီမံကိန်းတွေကို ရိုက်ချိုးဖျက်သိမ်းပစ်ရမှာ ဖြစ်ပါတယ်။


ကေအိုင်အိုရဲ့ ဧရာဝတီအရေးတော်ပုံကို တပြည်လုံးအနှံ့ လက်နက်ကိုင် တိုက်ပွဲတွေ လူထုတိုက်ပွဲတွေ တပ်တွင်း ပုန်ကန်မှုတွေနဲ့ ပေါင်းစပ်ဖို့ နည်းမှတပါး အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အခြားလမ်းမရှိပါ။


source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီချက် ၄ ချက်(အသံဖိုင်)

နားဆင်ရန်
081211 by Shan Gyi


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Friday, August 12, 2011

ပဋိပက္ခ အမြင်ရှောင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်စုနှင့် အစိုးရ သဘောတူညီ

နယူးဒေလီ(မဇ္ဈိမ) ။ ။ ပဋိပက္ခ အသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန်ကူညီ ပူးပေါင်း ဆောင်ရွက်သွားရန် အပါအဝင် သဘောတူညီချက် ၄ ချက်ပါ ပူးတွဲကြေငြာချက်ကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ သောကြာနေ့ တွေ့ဆုံမှု အပြီးတွင် ထုတ်ပြန် လိုက်သည်။

အစိုးရသစ်၏ ဒုတိယအကြိမ် ဖိတ်ကြားချက်ဖြင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဂေဟာ၌ နေ့လည် ၁ နာရီမှ စတင်ကာ မိနစ် ၅၀ ကြာ တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲကြေငြာချက်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က သတင်းထောက်များကို ဖတ်ကြားပြခဲ့ခြင်း ဖြစ်သည်။

တိုင်းပြည်တည်ငြိမ်ရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီထွန်းကားရေးနှင့် စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုးစေရန် အပြုသဘော ပူးပေါင်းရန်နှင့် တွေ့ဆုံမှုများ ဆက်လက်ပြုလုပ်သွားရန် ကြေငြာချက်၌ ပါဝင်သည်။

2kyimet

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ အစိုးရသစ် လက်ထက် ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှုအဖြစ် ရန်ကုန်မြို့အစိုးရ ဧည့်ရိပ်သာတွင် တွေ့ဆုံ ဆွေးနွေးမှုအပြီး တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

တွေ့ဆုံ ဆွေးနွေးမှု၌ တိုးတက်မှု ရှိ၊ မရှိ သတင်းထောက်များ၏ မေးမြန်းချက်ကို “ပူးပေါင်း ဆောင်ရွက်မယ် ဆိုလို့ ရှိရင် တိုင်းရင်းသား ကိစ္စတွေမှာလည်း တိုးတက်မှု ရှိရမှာပါပဲ။ ဘယ်ဘက်မှာ မဆို တိုးတက်မှု ရှိရမှာပဲလေ။ မီဒီယာ အပါအဝင်ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်က “ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်အောက်တွင် အဆိုပါ ကိစ္စရပ်လည်း ပါဝင်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

နားဆင်ရန်
081211 by ShanGyi


“ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော်တို့ နိုင်ငံအတွက် တကယ် လိုအပ်တဲ့ အဓိက ပြဿနာ တခုပါ။ ဒီကိစ္စ ပြေလည် သွားပြီ ဆိုတဲ့ အချိန်ကျရင် ကျန်တဲ့ ကိစ္စတွေ အားလုံးကိုလည်း အလွယ်တကူ ဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်ကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးအပြင် အလုပ်သမား ဝန်ကြီး ဖြစ်သော ဦးအောင်ကြည်နှင့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင်လ ၂၅ နေ့တွင်လည်း အလားတူ တွေ့ဆုံမှု ပြုလုပ်ခဲ့ သေးသည်။

ထိုစဉ်က နှစ်ဖက်စလုံးက အပြုသဘောဆောင်သော ဆွေးနွေးပွဲ ဖြစ်သည်ဟု ထုတ်ဖော် ပြောဆိုခဲ့သော်လည်း ဆွေးနွေးမှု အသေးစိတ်ကိုမူ နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုသို့ တွေ့ဆုံခဲ့ပြီးနောက် ၃ ရက် အကြာတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ ငြိမ်းချမ်းရေး အိတ်ဖွင့် ပေးစာနှင့် သြဂုတ်လ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းများ အပေါ် စိုးရိမ်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယခုတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပဲခူး ခရီးစဉ် မတိုင်မီ ၂ ရက် အလိုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမ၏ နယ်ခရီးစဉ် လုံခြုံရေးအတွက် အစိုးရ အာဏာပိုင် အဖွဲ့များနှင့် ညှိနှိုင်းမှုများ ရှိကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျောင်းသားများ အပါအဝင် သဘောထား တင်းမာ ပြတ်သားသော အတိုက်အခံ အင်အားစုများကလည်း ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ဦးအောင်ကြည်မှာ ယခင် စစ်အစိုးရ လက်ထက်တွင် ဆက်ဆံရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်နှင့် ၂၀၀၇ ခုနှစ်မှ စတင်၍ တွေ့ဆုံ ဆွေးနွေးမှုပေါင်း ၉ ကြိမ် ဆွေးနွေးမှုပြုခဲ့ပြီး ဖြစ်သည်။

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

တြိဂံတိုင်းစစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ

သျှမ်းပြည် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အခြေစိုက်တြိဂံ တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထွန်းဦးကို ယခုလ ၈ ရက်နေ့ က လာဘ်စားမှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း နေရာတွင် အနောက်တောင်တိုင်း တိုင်းမှူးဗိုလ်မှူးချုပ် စိုး သိမ်းဖြင့် အစားထိုးခန့် အပ်လိုက်ကြောင်းသိရ သည်။

ယခုအခါ မြန်မာစစ်တပ်မှ အခြားထိပ်တန်းအရာရှိ ၄ ဦးလည်း ရာထူးမှ ဖယ်ရှားခံထားရပြီး လစ်လပ်သွား သော နေရာများ ၌ လူစားထိုးနိုင်ခြင်း မရှိသေးကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ကျိုင်းတုံမြို့အဝင် ဆိုင်းဘုတ်

“အကုန်လုံးက လာဘ်စားမှုတွေနဲ့ချည်းပဲ ကစထမှူး ၆ ယောက်ရှိတဲ့ အထဲက အခုနှစ်ယောက်ပဲကျန်တော့ တယ်၊ တိုင်းမှူး ထဲက တြိဂံတိုင်းမှူးက ပြုတ်သွားပြီ၊ သူ့နေရာကို အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်စိုးသိမ်း သွား တယ် ” ဟု သူ က ဆိုသည်။

လတ်တလော ကစထမှူး ၄ နေရာနှင့် တောင်ပိုင်းတိုင်း၊ ကမ်းရိုးတန်းတိုင်းနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နေရာများ လစ်လပ်နေကြောင်း သိရသည်။

“အနောက်တောင်တိုင်းရယ်၊ ဗိုလ်ချုပ်မျိုးသန်းရဲ့ တောင်ပိုင်းတိုင်းရယ်၊ တိုင်းမှူး ခင်မောင်ဌေး ကို ခေါ်စစ်နေ တော့ ကမ်းရိုး တန်းတိုင်းရယ် လွတ်နေတယ် (ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး) ကစထမှူး ၄ နေရာလည်း လွတ်နေတယ်” ဟု သူက ဆက်ပြောသည်။

ကာကွယ်ရေး ဦးစီးချုပ်သစ် ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လက်ထက် ယခုထိပ်တန်း စစ်အရာရှိများအား ရာထူးမှ ဖယ်ရှားမှုသည် ယခင် နအဖ စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ထွန်းကြည် ၊ ဗိုလ်ချုပ်ကျော်ဘနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့် တို့အုပ်စုများအား ရာထူးမှ ဖယ်ရှားခဲ့ပြီး နောက်ပိုင်း အကြီးမားဆုံး ဖြစ်သည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တိုင်းရင်းသားအရေး - အပိုင်း (၁)

ဗိုလ်မှူး အောင်လင်းထွဋ်| စစ်အာဏာရှင် အစိုးရသည် ၁၉၈၉ ခု နှစ်မှစ၍ ၂၀၁၀ ခုနှစ် အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနီးပါး သေနတ်သံဆဲသွားအောင် မည်သည့် အစိုးရနှင့်မှမတူဘဲ ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်သည်ဟု ပြည်တွင်းပြည်ပကို ဂုဏ်ယူ ၀ံ့ကြွားစွာ ပြောဆိုနေမှုများ ယနေ့အချိန်ခါတွင် ချုပ်ငြိမ်းသွားပြီ ဖြစ်ပါသည်။

အနှစ် ၂၀ ကျော် ပြည်တွင်းပြည်ပ၌ နိုင်ငံရေး လက်နက်အဖြစ် အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့ နှင့် ပြေလည်အောင် ဆောင်ရွက်နေပါသည် ဆိုသည့် စကားလုံးကို တွင်တွင်ကြီး အသုံးပြုခဲ့ပါသည်။ လက်နက်ကိုင် (၁၇) ဖွဲ့ ဆိုသော်လည်း အမှန်စင်စစ် ရေတွက်ကြည့်ပါက (၁၇) ဖွဲ့ထက် ပိုသည်ကို တွေ့ရပြီး မွန်၊ ထိုင်း၊ ခွန်ဆာအဖွဲ့လိုမျိုး လက်နက်လုံးဝချလိုက်သော အဖွဲ့များ မပါသည်ကို တွေ့ရပါသည်။


အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးအရ ထိုးနှက်ရာတွင် အများဆုံး အသုံးပြုခဲ့သော စကားလုံးဆိုလျှင် မှားမည် မထင်ပါ။ ကျွန်တော် မှတ်မိ နေပါသေးသည်။

ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ခင်ညွန့်တို့ နိုင်ငံခြားခေါင်ဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ ၊ တပ်မတော်သားများနှင့် တွေ့သည့်အခါတိုင်း ´ ငါတို့က ဘယ်ခေတ် ဘယ်အခါ ဘယ်အစိုးရများမှ မလုပ်ဆောင်နိုင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ငြိမ်းချမ်းအောင်လုပ်ပြီး ခေတ်မှီဖွံ့ဖြိုး တိုးတက်အောင် လုပ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကသာ မြန်မာနိုင်ငံ တိုးတက်သာယာဖွံ့ဖြိုးရေးကို အနှောက်အယှက်ပြုနေသည်၊ အဆိုးမြင်ဝါဒကြီးသက်သက် ကြည့်နေသည်၊ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံနေသည်၊ တပ်မတော်ကို ပြိုကွဲအောင်လုပ်နေသည် ´ ဟု စသဖြင့် အစဉ်တစိုက် နိုင်ငံရေးအရ ထိုးနှက်ခဲ့ပါတယ်။


ယနေ့ စစ်ဗိုလ်ချွတ် အာဏာရှင်အစိုးရ ခေတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတောင် အစိုးရနှင့် ပူးတွဲ လုပ်နေပြီဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကသာ လူမျိုးရေး အမြင်ကျဉ်းမြောင်းသည့် စိတ်ဓါတ်နှင့် အကြမ်းဖက် လုပ်ငန်းကို လုပ်နေခြင်း ဖြစ်သည်ဟု ပြည်တွင်း ပြည်ပကို ၀ါဒဖြန့်နိုင်ရေး လုံးပမ်း ကြိုးစားနေကြောင်း သတင်းများအရ သိနေပါသည်။



ယခင်အနှစ် ၂၀ ကနှင့်မတူ ပြောင်းပြန် (Reverse) လုပ်ဖို့ ယခု အစိုးရ ခြေလှမ်းပြင်နေပါသည်။ ယနေ့မြန်မာအစိုးရတွင် ယခင်စစ်အစိုးရ၏ ဂတိမတည်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ပွဲများ ပြန်ဖြစ်လာရခြင်း၊ အစိုးရအသစ်ပေါ် တရုတ်နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံများ၏ အပြည့်အ၀ထောက်ခံမှု ယုံကြည်မှုမရခြင်း၊ တပ်မတော်အတွင်း အရာရှိအရာခံ အကြပ် တပ်သားများနှင့် မိသားစုများ၏ စားဝတ်နေရေး အဆင်မပြေမှုများကြောင့် စစ်တပ်အတွင်း အက်ကြောင်းများ ပေါ်လာခြင်း အစရှိသည့် ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရပါသည်။

အဆိုပါ ကိစ္စများကြောင့် စစ်ဗိုလ်ချွတ်အစိုးရသည် ရုပ်ရှင် ဒါရိုက်တာ အနေဖြင့် အသုံးပြုနေကြ နိုင်ငံရေးနည်းနာ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးအတွက် သရုပ်ဆောင် အဖြစ်တင်ပြီး နိုင်ငံရေးရုပ်ရှင် ရိုက်ကူးကာ ပြည်တွင်းပြည်ပကို ၀ါဒဖြန့်ဖို့ စတင် ဆောင်ရွက်နေပြီ ဆိုတာ တွေ့မြင်နေရပြီ ဖြစ်ပါသည်။


န၀တ၊ နအဖခေတ် များကကဲ့သို့ပင် ပြည်တွင်းပြည်ပ၏ ဖိအားများ များလာတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံတာမျိုး၊ လွှတ်ပေးတာမျိုး၊ လုပ်ပေးတာမျိုးကို ယခု စစ်ဗိုလ်ချွတ် အစိုးရသည်လည်း ဒီလမ်းကြောင်း အတိုင်း လိုက်နေပြန်သည်ကို တွေ့မြင်နေရပြီ ဖြစ်ပါသည်။

ယခင်ဆက်ဆံရေးဝန်ကြီး ယခု လူမှုဝန်ထမ်း ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အား တွေ့ဆုံမှုဖြစ်စဉ်သည် လည်းကောင်း စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားထားသည့် ဖြစ်စဉ်သည် လည်းကောင်း ရိုးသားမှု မရှိကြောင်း တွေ့မြင်ရပါသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အများပြည်သူမှ (NLD) ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးပြီး ထောက်ခံခဲ့မှုကို လစ်လျူ မရှု နိုင်သောကြောင့် လည်ကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီ မကြသော အချို့အချက်အလက်များ ပါဝင်နေမှုကြောင့် လည်ကောင်း ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို ရွှေဂုံတိုင် ကြေညာချက်ဖြင့် ကန့်ကွက်ခဲ့ပြီး ပါတီ မှတ်ပုံတင်ရန် ငြင်းဆိုခဲ့သည်။

တစ်ဆက်တည်းမှာပင် (NLD) မှနေ၍ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင် မှာပင် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် တို့ဦးဆောင်သည့် (NDF) အဖွဲ့ဆိုပြီး ကွဲထွက် သွားခဲ့သည်။

(NLD) ကို တရားဝင် ပါတီအဖြစ် အသိအမှတ်ပြုမှုကို ရပ်ဆိုင်းခဲ့ပြီး (NLD) ဟာ ပျက်သွား သယောင် ပြည်တွင်းပြည်ပကို သတင်း လွှင့်ထုတ်ခဲ့ပါသည်။

အပိုင်း(၂) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, August 11, 2011

ဒေါ်အောင်ဆန်းစုကြည်၏ “ဧရာဝတီအတွက် ပန်ကြားချက်” (အပြည့်အစုံ)



source by : http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, August 10, 2011

လက်ရှိမြန်မာအစိုးရအပေါ် ထောက်လှမ်းရေးမှန်းခြေ - အပိုင်း (၂)

ဗိုလ်မှူးအောင်လင်းထွဋ်| တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ လက်ရှိ အစိုးရအဖွဲ့အတွင်း သဘောထား ပျော့ပြောင်းသော သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်း တို့အုပ်စု၊ သဘောထား တင်းမာသော ဒုသမ္မတ သီဟသူရဦးတင်အောင်မြင်ဦး၊ ဦးခင်အောင်မြင့် တို့အုပ်စု၊ ကြားနေ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နှင့် တပ်မတော်အုပ်စု၊ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ချေမှုန်းလိုသော လူယုံ ဦးအောင်သောင်းနှင့် ကြံ့ဖွံ့ပါတီ အုပ်စု ဆိုပြီး မတူညီသော အုပ်စုများ ရှိနေကြပါသည်။


လက်ရှိအစိုးရအဖွဲ့အတွက် DKBA နှင့် ဦးပန်ဖ ဦးစီးသော SSA တပ်မဟာ (၁) တို့သည် စစ်ရေးသက်သက် သဘောမျိုးအဆင့်သာ ရှိသဖြင့် ကိုင်တွယ်ရ မခက်ခဲခဲ့သော်လည်း KIA အဖွဲ့သည် စစ်ရေးရော နိုင်ငံရေးကို ထိထိရောက်ရောက် ကောင်းစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အစိုးရအဖွဲ့အတွင်း သဘောထားကြီးမားစွာ ကွဲခဲ့ကြပါသည်။

KIA ကိစ္စတွင် အစိုးရဘက်မှ ပြည်တွင်းပြည်ပ စစ်ရေးရော နိုင်ငံရေးပါ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဒုသမ္မတ သီဟသူရဦးတင်အောင်မြင်ဦး အား အပြစ်တင်ခဲ့သလို စစ်တပ် အကျအဆုံးများမှုကြောင့်လဲ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့် တပ်မတော်အဖွဲ့ ဒေါသူပုန်ထကာ စစ်အင်အား အလုံးအရင်း အသုံးပြုချေမှုန်းရေး ခွင့်ပြုချက် တောင်းနေသည်ဟု သိရပါသည်။

ထို့ကြောင့် နည်းဗျူဟာပြောင်း၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ လူယုံတော် ဦးအောင်သောင်းနှင့် ဦးသိန်းဇော် တို့ (၂) ဦးကို ကချင်ပြည်နယ် စေလွှတ်ပြီး ယာယီအပစ်ခတ်ရပ်စဲရေး ဆွေးနွေးရန် ညွှန်ကြားခဲ့ပါသည်။

တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ ယခုအချိန်ထိ တိကျသော သဘောထားချမှတ်ထားခြင်း မရှိသေးဘဲ အခြေအနေကြည့်လုပ်ဆိုသည့် အဆင့်သာ ရှိနေသေးပါသည်။ တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်ပြီး အသင့်ပြင်ထားရန် အမိန့်ပေးထားကြောင်း သိရပါသည်။



ပြည်တွင်းနိုင်ငံရေးတွင် တိုင်းရင်းသား လက်နက်ကိုင် အရေးသည် အရေးကြီးသလို ပြည်ပနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးသည် အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် လျော့တွက်ခဲ့ပြီး ယခင်ကလောက် ထောက်ခံမှု အင်အားမရနိုင် ဟု တွက်ချက်ခဲ့ကြပါသည်။ သို့သော် ကမ္ဘာကြီး၏ ပြောင်းလဲနေသော ခေတ်မှီ ဆက်သွယ်ရေး စံနစ်ကွန်ယက်ကို ဒေါ်အောင်ဆန်းစုကြည်သည် Media များ ပံ့ပိုးမှုဖြင့် ပြည်တွင်း ပြည်ပ၌ အသုံးချနိုင်ခဲ့မှုကြောင့် ထောက်ခံမှုများ ယခင်ကထက် ရခဲ့သလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည်လည်း ပါတီမှတ်ပုံမတင်ဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး တစ်စစ အင်အားကောင်းလာခဲ့ပါသည်။

ယနေ့ အာရပ်ကမ္ဘာတွင် ဖြစ်ပျက်နေခဲ့သော လူထု လှုပ်ရှားမှုဖြင့် အာဏာရှင် အစိုးရများကို ဖြုတ်ချနေသည့်အချိန်လဲ ဖြစ်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို သတိကြီးကြီးနှင့် အစိုးရအနေဖြင့် ကိုင်တွယ်နေသည်ဟု သိရပါသည်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရေးအရာ ကိစ္စများနှင့် ပတ်သက်၍ သရေကွင်းပေါ်လစီ (Rubber Ring Policy) တင်းလျင် လျော့ပေး လျော့ပြီး မေ့လောက်မှပြန်တင်း ဆိုသည့် ပေါ်လစီကို ကျင့်သုံး လျက်ရှိ နေသည်ကို တွေ့နေရပါသည်။


အစိုးရအာဏာပိုင် အဖွဲ့စည်းများအတွင်း၌လည်း အာဏာများပြန့်ကြဲသွားမှုကြောင့် စစ်တပ်နှင့် အရပ်ဘက် စစ်ဝတ်ချွတ် ဗိုလ်ချုပ်များအကြား ပြဿနာများ ရှိလာနေပြီ ဖြစ်ပါသည်။ စစ်ဘက်တွင် ဖြစ်တောင့်ဖြစ်ခဲ ကာကွယ်ရေးဝန်ကြီး လျာထားခံရသူ ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင် ၊ ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး တိုင်းချုပ် ဟုခေါ်သော ဗိုလ်ချုပ်တင်ငွေ၊ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းတို့ ဖြုတ်ချမှုများ ဖြစ်ခဲ့ပါသည်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်ဘက်တွင် တပ်မတော်ဘက်မှ အကျအဆုံး များနေမှုကြောင့် တိုက်ခိုက်ရေး တပ်ရင်းများအကြား၊ အမိန့် နာခံရန် ငြင်းဆန်မှုရှိနေကြောင်း တပ်ရင်းဌာနချုပ်များတွင်လည်း မိသားစု စားဝတ်နေရေး ပြဿနာများ ကြီးထွားလာမှုကြောင့်၊ စစ်ခေါင်းဆောင်များ အကြားတပ်မတော်အတွင်း ပုန်ကန်မှု များပေါ်ပေါက်လာမည်ကို အထူးစိုးရိမ်ကြောင့်ကျလျက် ရှိနေကြပါသည်။ အငယ်ပိုင်းဗိုလ်ချုပ်များ အနေဖြင့် လက်ရှိပြဿနာအပေါ် ဖြေရှင်းလိုကြသော်လည်း ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအနေဖြင့် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ကွပ်ကဲမှုအောက်တွင်သာ ရှိနေသေးသဖြင့် အားမလိုအားမရ ဖြစ်နေကြကြောင်း သိရပါသည်။

သုံးသပ်ချက်

တိုင်းရင်းသား လက်နက်ကိုင်များအရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အရေး၊ တပ်မတော်အတွင်း တည်ငြိမ်မှု ရှိရေးတို့သည် တစ်ခုနှင့် တစ်ခု ဆက်စပ်မှုများ ရှိနေပါသည်။

တိုင်းရင်းသား လက်နက်ကိုင်များ ကိစ္စကို လက်နက်ဖြင့် ဖြေရှင်းမည်ဆိုပါက လုံးဝ မအောင်မြင်နိုင်သည့်အပြင် မိမိတပ်မတော် အတွင်းတည်ငြိမ်မှုကိုလည်း ထိခိုက်လာနိုင်ပါသည်။ ထို့ပြင် ယခင်က ပိတ်ပင်ထားခဲ့သော တိုင်းရင်းသား လက်နက်ကိုင် များသည်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပေါ် ထောက်ခံမှုများ ဖြစ်လာနိုင်ပါသည်။

ထို့အပြင် နိုင်ငံတကာ၏ ကြင်နာမှု ထောက်ခံမှု များရလာနိုင်ပါသည်။ အကယ်၍ အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ယခင်ကကဲ့သို့ ဖမ်းဆီးချေမှုန်းမည် ဆိုပါက ပြည်တွင်းပြည်ပ၏ ဖိအားကို ယခင်ကနှင့်မတူ အပြင်းအထန် ဖိအားပေးမှု ခံရမည်ဖြစ်ပါသည်။ တစ်ပြိုင်တည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ လှုပ်ရှားမှု ပိုမိုများလာနိုင်ပြီး တပ်မတော်အတွင်း မိသားစု စားဝတ်နေရေးကို အကြောင်းပြုပြီး အာခံမှုများ ဖြစ်လာနိုင်ပါသည်။


ထို့ကြောင့် လက်ရှိအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ငြိမ်းချမ်ရေး ဆွေးနွေးမည်ဟု အကြောင်းပြကာ ပုစ္ဆာတစ်ခု ပေးထားပြီး လက်ရှိ ဖိအားများကို ပြေလျော့သွားရေး အချိန်ဆွဲ ထားမည် ဖြစ်ပါသည်။ တစ်ဖက်မှလည်း စစ်အင်အားပြကာ ခြောက်လှန့်ထားမည့် နည်းဗျူဟာကို ကျင့်သုံးနိုင်ပါသည်။

နိုင်ငံတကာနှင့် ပြည်တွင်း မြန်မာနိုင်ငံ လူထုအား ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးနေသည်ကို အကြောင်းပြ၍ ၂၀၀၈ဖွဲ့စည်းပုံ နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိရှိ အသိအမှတ် အပြုခံရရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လက်ရှိ အစိုးရ အနေဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို လှည့်ပတ် ရှောင်ရှားနိုင်ရန် နည်းဗျူဟာမျိုးစုံဖြင့် ကြံစည်ဆောင်ရွက်မည် ဖြစ်ပါသည်။

နောက်ဆုံး စစ်တပ်ကို အာဏာ သိမ်းခိုင်းသည့် ပုံစံမျိုးထိ ထိပ်ပိုင်း ခေါင်းဆောင်များ အနေဖြင့် စဉ်စားထားကြောင်း သိရပါသည်။ မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် လက်ရှိအစိုးရအား ပြန်လည် တန်ပြန်နိုင်ရေး ပီပီပြင်ပြင် မဟာဗျူဟာရေးဆွဲပြိး နည်းလမ်း နည်းဗျူဟာ များအလိုက် အသီးသီး ကိုယ့်တာဝန် ကိုယ်ယူကာ ညီညီညွတ်ညွတ် ဆောင်ရွက်ဖို့ လိုပါမည်။

မည်သို့ပင်ဆိုစေကာမူ လက်ရှိ အခြေအနေတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူပြီး မြန်မာနိုင်ငံသားအားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း သုံးသပ် တင်ပြအပ်ပါသည်။


source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ပြစ်မှုဆိုင်ရာ အကျဉ်းသားများ - အပိုင်း (၃)

မြန်မာနိုင်ငံက ထောင်နဲ့ ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းသား ဟောင်းတွေထဲမှာ၊ နှစ်ရှည် ထောင်ဒဏ် တွေ ကျခဲ့သူတွေ ကျနေဆဲ သူတွေနဲ့၊ ထောင်ထဲကို တကြိမ် နှစ်ကြိမ် မက ၀င်ရောက် ခဲ့ရသူတွေ အများအပြားရှိ ခဲ့ ရှိနေဆဲ ဖြစ်ပါတယ်။

အဲဒီလို ပုဂ္ဂိုလ်တွေထဲမှာ အပါအ၀င် ဖြစ်ခဲ့တဲ့၊ လက်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဗဟိုကော်မီတီဝင်တွေ ဖြစ်ကြသူ၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး ဦးကျော်ဆန်းနဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်း ထိန်တို့ရဲ့ ထောင်တွင်း ဖြတ်သန်းမှု အတွေ့အကြုံတွေကို ဦးရော်နီညိမ်းက ဆွေးနွေးမေးမြန်းပြီး၊ ဒီသီတင်း ပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့၊ နိုင်ငံခြား မီဒီယာတွေမှာ တအံ့တသြ ဖေါ်ပြကြတာကတော့၊ နိုင်ငံရေးသမားတွေ မဟုတ်ပဲ၊ အဖမ်းခံ နေကြရသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်နေလို့ ပါပဲ။

လူတန်းစားအလွှာ အသီးသီးဖြစ်ကြတဲ့ ခေါင်းရွက် ဗျတ်ထိုးဈေးသည်၊ အလုပ် သမား၊လယ်သမား၊ကျောင်းသား၊ စစ်သား၊ စစ်ဗိုလ်၊ ကျောင်းဆရာ၊ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ စာရေး ဆရာ၊ Rapper ၊ စတဲ့သူ တွေ၊ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပါဝင်နေကြပါတယ်။

အဲဒီလို နိုင်ငံရေးသမား မဟုတ်သူတွေကို နိုင်ငံရေးနဲ့ နွယ်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီး သလိုပဲ၊ နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်၊ ကျောင်းသားခေါင်းဆောင်၊ တိုင်းရင်းသား ခေါင်းဆောင်၊ နိုင်ငံရေးပါတီ ခေါင်းဆောင်၊ စ တဲ့သူတွေကိုတော့ ရာဇ၀တ် ပြစ်မှုမျိုးစုံနဲ့ ဖမ်းဆီး အကျဉ်းချ ပါတယ်။

ဒီအထဲက နိုင်ငံရေးအကျဉ်းသားတဦးဖြစ် သူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းတိုင်း စည်းရုံးရေးကော်မီတီဥက္ကဋ္ဌ၊ ၁၉၉၀ ရွေးကောက်ပွဲ တန့်ဆည် မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အငြိမ်းစားဒုတိယဗိုလ်မှူးကြီးဦးကျော် ဆန်းဟာ၊ စုစုပေါင်း ထောင်ဒဏ် (၁၅)နှစ်ကျော် ကျခံခဲ့ရပါတယ်။ ဒုတိယအကြိမ် ထောင်ကလွတ်မြောက်လာ ပုံနဲ့၊ လေးလအကြာမှာ တတိယအကြိမ် ဖမ်းဆီးခံရပုံကို၊ ဦးကျော်ဆန်းက ဗီအိုအေကို အခုလို ပြောပြပါတယ်။

ဦးကျော်ဆန်း ။ ။ ကျနော်က ၂၀၀၄ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့မှာ၊ အမျိုးသားထောက်လှမ်းရေး ရဲ့ မလျော်မကန် လုပ်ဆောင်မှုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတာ ဖြစ်တယ်ဆိုပြီး၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီရဲ့ အမိန့်နဲ့၊ ဒီပြစ်ဒဏ်ချထားတာကို အဲဒီအချိန်က စပြီး ရပ်စဲလိုက်တယ်ဆိုပြီး၊ ကျနော့်ကို ပြန်လွှတ်လိုက်တာပါပဲ။ ကျနော့်သားသမီးတွေက မြ၀တီမှာနေပြီး စီးပွားရေးလုပ်နေကြတာဆို တော့၊ DKBA (Democratic Karen Buddhist Association တိုးတက်သော ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာ သာ အစည်းအရုံး) ကော၊ ဌာနဆိုင်ရာတွေကော၊ ရဲကော၊ ကုန်ကုန်ပြောရရင် တောထဲက လူတွေကော၊ တွေ့ ရင် ကြောက်ကြရပြီး၊ သူတို့တောင်းရင် ပေးကြရတာက၊ အဲဒီဒေသသားတွေ ရှောင်လို့လွှဲလို့ မရတဲ့၊ ဟာတွေ ပါ။ အဲဒီအထဲမှာ ကျနော့်သားသမီးတွေဘ အပါအ၀င်ပါ။ အဲဒီမှာ DKBA က၊ (ရန်ကုန်က) သူတို့ရဲ့ ဂိုဒေါင်မှာ ပြည့်နေလို့ပါ။ ဒီညတညတော့ သူတို့ ပစ္စည်းတွေ တင်လာတဲ့ကားကို၊ ကျနော့်ခြံထဲမှာပဲ တည သိပ်ပါရစေ၊ မနက်ကျမှ သူတို့ ပစ္စည်းတွေကို အကုန်ထုတ်ပြီး ရှင်းပါမယ်ဆိုပြီး၊ ကားကိုလာထား ချင်တယ်ပြောတယ်။ ကျနော့်သားကလဲ DKBA နဲ့ ခင်နေတော့၊ ကဲ ထားလေဆိုပြီးတော့၊ ဖြစ်တယ်။ အဲဒါ ထားပြီး၊ နောက်တနေ့ (၂၀၀၅ မတ်လ) (၁၅) ရက်နေ့မှာ တနေကုန် သူတို့ ပစ္စည်းတွေ သယ်ထုတ်ကြတယ်။ ဘယ်အာဏာပိုင်ကမှ လာပြီး၊ ဘာမှ မလုပ်ဘူး။ ဒါပေမဲ့ (၁၅) ရက်နေ့ ညဦးပိုင်းကျတော့၊ ရဲတွေက ကျနော့်အိမ်ကို သူပုန်စခန်းကို လာဝိုင်းသလို၊ ၀ိုင်းတယ်။ ကျနော် က၊ ထွက်ပြီး မတွေ့ဘူး။ နောက်တရာက် (၁၆) ရက်နေ့ကျတော့၊ သူတို့က ပစ္စည်းတွေကို စစ်တယ်။ (၁၇) ရက်နေ့ကျတော့၊ ကျ နော့်ကို စစ်ဆေးချင်လို့ ခဏလိုက်ခဲ့ပါလို့ ပြောတယ်။ စစ်ဆေးချင်လို့လို့ မပြောနဲ့ဗျာ၊ ဖမ်းတယ်ဆိုရင်လဲ၊ ဖမ်းပြီလို့သာပြော၊ ကျနော် (အ၀တ်အစား၊ အိပ်ယာလိပ်) ပစ္စည်းကောက်ပြီး သိမ်းတော့မယ် ဆိုပြီး၊ အဲဒီမှာ ကျနော် ပစ္စည်းကောက်ပြီး လိုက်သွားတာ။ ကျနော့်အဖေ အမေတွေက အညာသူအညာသားတွေကိုး။ မန္တလေးမှာ ကျနော်သွားပြီး မိဘနှစ်ပါးအတွက် ကုသိုလ်သွား လုပ်တာ၊ နှစ်ပတ်လောက်ကြာပြီး၊ ရန်ကုန်ကို မန္တလေးကနေ ပြန်လာတဲ့ညမှာ၊ DKBA က ကားကို လာထား တာ။ ကျနော်က မန္တလေးက လာတဲ့လူပဲ။ အဲဒါ DKBA ပစ္စည်းတွေကို တရားမ၀င်ပစ္စည်းသယ်ဆောင်မှု ပုဒ်မ (၅/၁) နဲ့ စွဲတယ်။ DKBA တပ်မဟာ (၉၉၉) ရဲ့ တပ်မှူးကြီး၊ ဗိုလ်မှူးကြီးစောချစ်သူ ဆိုတာ၊ ကျနော်လည်း မတွေ့ဖူးပါဘူး။ အဲဒါ သူကိုယ်တိုင်၊ ဒီပစ္စည်းတွေဟာ DKBA မိသားစုတွေ စားဝတ်နေရေးအတွက်၊ သူတို့လုပ် နေတာပါ၊ ဦးကျော်ဆန်းနဲ့ မည်သို့မျှ မပတ်သက်ပါ၊ ဒါတွေကို ပြန်ပေးပါဆိုပြီး၊ အဲဒီအချိန်က ရန်ကုန်တိုင်း အတွက် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ကစထ (၅) က၊ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ (ယခု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်) ဆီကို ဗိုလ်မှူးကြီးစောချစ်သူ စာတင်တယ်။ ဗိုလ်ချုပ်မြင့်ဆွေဆိုတာ၊ ကျနော့်ရဲ့ ရဲဘော်ရဲဘက်ပါပဲ။ အမှတ် (၁၁) ခြေမြန်တပ်ရင်းမှာ ကျနော် တပ်ရင်းမှူးဖြစ်တုန်းက၊ ကျနော့်ရဲ့တပ်ရေးဗိုလ်ကြီးနဲ့ ထောက်လှမ်း ရေးအရာရှိ လုပ်သွားခဲ့တာပါ။ ဒီလူက လူကောင်းပါ။ သူ့ဆီကို စာပို့ပေမဲ့၊ ကျနော် ထောင် (၇)နှစ် ကျပါတယ်။ ၂၀၀၅ ခုနှစ် ဇွန်လ (၆) ရက်နေ့မှာပါ။ အဲဒီတော့၊ ကျနော့်ရဲ့ ထောင်ဒဏ် က လာမဲ့နှစ် ၂၀၁၂ ခုနှစ် ဇွန်လ (၆) ရက်မှာမှ (၇) နှစ် ပြည့်မှာပေါ့လေ။ ဒါပေမဲ့ လျှော့ရက်အရ၊ သူတို့ရဲ့ Long Row လို့ ခေါ်တဲ့ မှတ်တမ်းစာအုပ်ကြီးထဲမှာတော့၊ ကျနော့်ရဲ့ သာမန်လွတ်ရက်က၊ ၂၀၁၂ မတ်လ (၁၇) ရက် ဖြစ်ပါတယ်။ ရှေ့နှစ်ပေါ့။ အခု ၂၀၁၁ မေလ ဆိုတော့၊ (၁၀) လ စောပြီး၊ သမ္မတကြီး ဦးသိန်းစိန်ရဲ့ မဟာကရုဏာရှေ့ထားပြီး၊ ဒီ (၁၀) လကိုပါ လျှော့ရက်ပေးလိုက်လို့၊ အခု (၆) နှစ်နဲ့ (၂) လ ပြည့်တဲ့၊ ဒီနေ့မှာ လွှတ်တာပါ။

ဦးရော်နီညိမ်း ။ ။ မကြာသေးခင်က အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ဦးကျော် ဆန်းက၊ သူ့ရဲ့ အခု နောက်ဆုံးအကြိမ် ထောင်တွင်း ဖြတ်သန်းခဲ့ပုံတွေနဲ့၊ အမှုရင်ဆိုင်ခဲ့ပုံတွေကို အခုလိုပြော ပြပါတယ်။

ဦးကျော်ဆန်း ။ ။ ဒီတခေါက်ထောင်ထဲကို ၀င်စမှာလဲ၊ (၁) လလုံးလုံး ကျနော် အစာငတ်ခံ ဆန္ဒပြတာ၊ ၂၀၀၅ မတ်လ (၁၇) ရက်ကနေ ဧပြီ (၁၇) ရက်နေ့အထိပဲ။ ကျနော့်ကို မတရားဖမ်းဆီးထားတာကို ကန့်ကွက် တာရယ်၊ အစိုးရနဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေးရေးရယ်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ် မြောက်ရေးရယ်၊ အဲဒါတွေ အတွက် အဓိဌာန်နဲ့ ကျနော် (၁) လ၊ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ အဲဒီ (၁) လအ တွင်းမှာ၊ အမှုကို စစ်ပါတယ်။ စစ်ပြီးတော့၊ မြို့နယ်တရားရုံးက ထောင် (၇)နှစ် ချလိုက်တယ်။ ဒါနဲ့ ခရိုင်တရား ရုံးကို အယူခံဝင်တော့၊ ထုံးစံအတိုင်း ပယ်ချ လိုက်တာပဲ။ ကျနော့် ဓါတ်ပုံဘေးနားမှာ NLD ဆိုတဲ့ မှတ်ချက် ရေးထားတယ်။ သဘောကတော့ NLD ကို၊ သူတို့ရဲ့ ရန်သူလိုပဲ။ NLD လို့ ဘာရေးစရာလိုလဲ။ ကျနော့်ကို ဦး ကျော်ဆန်းဖြင့် ဦးကျော်ဆန်းပေါ့၊ သို့မဟုတ် အငြိမ်းစားဒုတိယဗိုလ်မှူးကြီးကျော်ဆန်းပေါ့။ တခါ တိုင်းတရား ရုံးကို အယူခံတက်ပြန်တော့လဲ၊ ကျနော် ပြစ်မှုကျူးလွန်တာ၊ ဘာမှ မတွေ့ရပါဘူးတဲ့။ သို့ရာတွင် အောက်ရုံးရဲ့ အမိန့်ကို မလွန်ဆန်လိုသဖြင့်၊ အောက်ရုံးရဲ့အမိန့်ကို အတည်ပြုလိုက်ပါသည်တဲ့။ ကျားကြောက်လို့ ရှင်ကြီး ကိုး၊ ရှင်ကြီး ကျားထက်ဆိုး၊ အောက်ရုံးရဲ့အမိန့်ကို မကျေနပ်လို့ အထက်ရုံးတက် တယ်။ အောက်ရုံးရဲ့ အမိန့် ကို မလွန်ဆန်လိုသဖြင့်၊ အောက်ရုံးရဲ့အမိန့်ကို အတည်ပြုလိုက်ပါသည်၊ ဆိုတော့၊ ကျနော့်အတွက် ဒါက၊ သဲလွန်စ ဖြစ်လာပြီ။ ကျနော့်မှာ အပြစ်မရှိကြောင်း၊ ဒါကို အထောက်အထား လုပ်ပြီး ဗဟိုတရားရုံးကိုတက် တယ်။ အဲဒီမှာလည်း၊ ကျနော့် ဓါတ်ပုံဘေးနားမှာ NLD ဆိုတဲ့မှတ်ချက် ရေးထားတယ်။ ဒါဟာ မလုပ်ကောင်း တဲ့ ကိစ္စ။ fair မဖြစ်ဘူး၊ မမျှတဘူး။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး၊ No One Is Above The Law ဆိုတာနဲ့၊ ဖျောင်ဖျောင့်ကြီး ဆန့်ကျင်ပါတယ်။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိရဘူး၊ ဆို ရင်၊ ကျနော့်ကို NLD မို့လို့ဆိုတာမျိုး၊ ပြောစရာ မလိုပါဘူး။ ပြောရရင်တော့၊ ကျနော့်ခံစားချက်က၊ ကျနော်တို့ အပေါ် အာဃာတကြီးတယ်၊ အငြှိုးနဲ့လုပ်တယ်လို့၊ ကျနော့်မှာ ဝေဒနာတွေ ဒီကနေ့အထိ၊ နှာခေါင်းမြုပ်နေပါ တယ်။ အဲဒီလို ခံရတော့၊ ဒီ့ပြင်လူတွေ ထောင်ကျရင်၊ ဒီ့ပြင်လူဆိုတာ ထောင်ထဲမှာ ပြောကြသလို၊ လွယ်လွယ် နဲ့ ပြောရရင်၊ ခိုး-ဆိုး-တိုက်ပေါ့ဗျာ၊ သူခိုးတို့ ဓါးပြတို့၊ မုဒိန်းတို့၊ လူသတ်မှုတို့ ထောင် (၇)နှစ်ကျရင်၊ (၇)နှစ် မနေရဘူး၊ (၅)နှစ်နဲ့ (၅)နှစ်ခွဲ၊ အာဏာကုန်ပဲ။ ကျနော်က (၇) နှစ် ကျတာမှာ၊ (၆) နှစ် (၂) လ နေခဲ့ရတယ်။ တကယ်တော့ အမှန်မှာ၊ ကျနော် လွတ် သင့်တာက၊ သူများလိုဆို ရင်၊ ကျနော်ဟာ (၅)နှစ်နဲ့ (၄)လ သို့မဟုတ် (၆)လ လောက်မှာ လွတ်ရမှာ။ အခု ကျနော် နောက်ဆုံးအကြိမ် ထောင်(၇)နှစ် ကျတာမှာ၊ (၆)နှစ် (၂)လ ကြာ မှ၊ ကျနော် လွတ်တာပါ။

ဦးရော်နီညိမ်း ။ ။ အန်ကယ် ထောင် လေးကြိမ်ကျတာမှာ၊ ထောင်ထဲမှာ စုစုပေါင်း ဘယ်လောက်နေခဲ့ ရပါလဲ။

ဦးကျော်ဆန်း ။ ။ ကျနော် အရင်ဆုံးမူလ ထောင်ကျတာ၊ ပုဒ်မ ၅(ည)နဲ့ ကျတာ။ ဒေါ်အောင်ဆန်းစု ကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ တာကို၊ ကျနော်က ထောက်ခံလို့၊ ချီးကျူးလို့၊ ဂုဏ်ပြုလို့၊ မှတ်တမ်း တင်လို့ ဆိုပြီး၊ အဲဒါ(၇) နှစ် ချတယ်။ စီရင်ချက်မချခင် ချုပ်ရက်က (၇)လ။ အဲဒါ စုစုပေါင်း (၇)နှစ်နဲ့ (၇)လ နေ ခဲ့တယ်။ (၇)နှစ်နဲ့ (၇)လပြည့်တဲ့ နေ့မှာ၊ စာရွက်ပေါ်မှာ အလွှတ်ပြတယ်။ ပြီးတော့မှ ပုဒ်မ(၁၀-က) နဲ့၊ ပြန်ချုပ် တယ်။ တခါ အဲဒီလိုချုပ်တာကို (၂)လ တကြိမ်၊ နောက်ပိုင်း (၁)နှစ် တကြိမ် သက်တမ်းတိုးသွားတာ၊ (၁၀-က) နဲ့ (၁) နှစ်နဲ့ (၉) လ၊ ကြာပါတယ်။ စုစုပေါင်း ၅(ည)နဲ့ (၁၀-က)နဲ့ ပေါင်းရင်၊ ပထမဆုံးအကြိမ် ထောင်ထဲမှာ၊ (၉)နှစ်နဲ့ (၃)လ ကြာပါတယ်။ အခုတခါ (၆) နှစ်နဲ့ (၂)လ ဆိုတော့၊ စုစုပေါင်း၊ ထောင်ထဲမှာ (၁၅)နှစ်နဲ့ (၅)လ နေ ခဲ့ပါတယ်။ ကျနော့်အယူအဆကတော့၊ မေတ္တာနဲ့ ရင်းပါမယ်။ ဓမ္မနဲ့ ရင်းပါမယ်။ တရားဥပဒေဘောင် အတွင်းမှာ လုပ်ပါမယ်။ ပြီးတော့၊ anti-army ဆိုတာလဲ၊ ကျနော်လုပ်စရာ အကြောင်း မရှိပါဘူး။ ကျနော်ကိုယ် တိုင်က စစ်သားဘ၀နဲ့ နှစ်ပေါင်း (၃၆)နှစ် တာဝန်ထမ်းဆောင်လာခဲ့တာပါ။ ကျနော့်မှာ တပ်မတော်ကို ဘာမှ ရန်ရှာစရာအကြောင်း မရှိဘူး။ ကျနော်က အဓမ္မ၀ါဒသာ မကြိုက်တာ။ အနိုင့်အထက် ၀ါဒ၊ ဗိုလ်ကျစိုးမိုးတဲ့ဝါဒ ကို ကျနော် မကြိုက်ဘူး။ ဒါတွေကို စစ်တပ်က လုပ်မှ မဟုတ်ဘူး၊ ဘယ်သူလုပ်လုပ် ကျနော် မထောက်ခံပါ ဘူး။ အဲတော့ ဓမ္မ၀ါဒအောင်မြင်ရေးအတွက်၊ တနည်းအားဖြင့် အချုပ်အခြာအာဏာကို တကယ် အစစ်အမှန်၊ အပေါ်ယံရေပေါ်ဆီ ရောက်တာမျိုး မဟုတ်ပဲ၊ အတုအယောင်ရောက်တာမျိုး မဟုတ်ပဲ၊ တကယ့်အစစ်အမှန်ကို ရောက်တဲ့အထိ၊ ကျနော်တို့ရဲ့ခေါင်းဆောင်တွေနဲ့၊ ဆိုးတူကောင်းဘက် ကျနော် ကျန်းမာနေသမျှ၊ ကျနော် အသက်ရှင်နေသမျှ၊ ကျနော် လုပ်နိုင်စွမ်းရှိသမျှ လုပ်မယ်လို့၊ ကျနော် သံဓိဌာန်စိတ်ချထားပြီးသားပါ။

ဦးရော်နီညိမ်း ။ ။ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဆန်းရဲ့ အတွေ့အကြုံတွေကို တင်ပြပြီးတဲ့ နောက်၊ နှစ်ရှည် နိုင် ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်တဲ့၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ထပ်မံဆက်သွယ် ပြီးတော့၊ ကုလသမဂ္ဂက၊ ကမကထ ပြု လုပ်ပြီး၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီး၊ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတဲ့၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အ ရေးကိုယ်စားလှယ် ထောမတ်(စ်) အိုဟေး ကင်တားနား (Tomas Ojae Quintana)ရဲ့ အယူအဆနဲ့ ပတ်သက် ပြီးတော့၊ ဦးဝင်းထိန်နဲ့ မေးမြန်းဆွေးနွေးကြည့်ခဲ့ပါတယ်။

ဦးဝင်းထိန် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့၊ ကင်တားနားပြောထားတဲ့ကိစ္စကို ကျနော် သဘော တူတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အချက်ကို၊ ပိုပြီးတော့ ထောက်ခံတယ်။ ဘာကြောင့် လဲ ဆိုရင်၊ မြန်မာပြည်မှာ နောင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ရပ်တန်းက ရပ်သွားအောင်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းတဲ့ကော်မရှင် ဖွဲ့ရမယ်၊ စုံစမ်းသင့်တယ်၊ အဲဒီ စုံစမ်းတဲ့ကိစ္စဟာ လက်သားချေဖို့လဲ မဟုတ်ဘူး၊ ချိုးဖေါက်ခဲ့တဲ့လူတွေကို အပြစ်ပေးဖို့လည်း မဟုတ်ဘူး။ နောင်မှာ ဒါမျိုးတွေ မဖြစ်အောင် ဟန့် တားမယ့်၊ အမှန်တရားဖေါ်ထုတ်ရေးကို ရည်ရွယ်တယ်၊ ဆိုတဲ့ဟာကို၊ ကျနော် ပိုပြီးတော့၊ သဘောတွေ့နှစ် ခြိုက်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန်အနေနဲ့ နှစ်ပေါင်း (၂၀) လောက်၊ ထောင်ထဲမှာ နေခဲ့ရတာမှာ၊ ပုဂ္ဂလိက ခံစားချက် အရ၊ ဒါတွေဟာ လူပုဂ္ဂိုလ်တွေက ပြုတယ်၊ ဦးဝင်းထိန်တို့က ခံရတယ်။ ဒါပေမဲ့၊ အဲ့ဒီ့လူ့အခွင့်အ ရေး ချိုးဖေါက်မှုတွေကို ပြုနေတဲ့ ပုဂ္ဂိုလ်တွေကို၊ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။ သူတို့တွေ လူ့အခွင့်အရေးချိုး ဖေါက်နေကြတာဟာ၊ စနစ်ကြောင့်လား၊ မိမိသဘောနဲ့ မိမိလား၊ ဦးဝင်းထိန် ဘယ်လို သဘောရပါသလဲ။

ဦးဝင်းထိန် ။ ။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂကရော၊ တခြားအဖွဲ့အစည်းတွေကရော၊ ထုတ် ထားတဲ့ စာရွက်စာတမ်းတွေ ရှိတယ်။ အဲဒါတွေကို သူတို့ အကစ (အကျဉ်းဦးစီးဌာန) ထောင်ဝန်ထမ်း တွေကို၊ လူ့အအခွင့်အရေးဆိုတာ၊ ဘာလဲ ဆိုတာ၊ သေသေချာချာ သင်တန်းပေးဖို့၊ကောင်းတယ်လို့၊ ကျနော် အကြံပြုချင်တယ်။ အဲ ဒီပုဂ္ဂိုလ်တွေက လူ့အခွင့်အရေးဆိုတာကို ဘာမှ နားမလည်ပဲနဲ့။ နောက်တခုက ကျနော် တို့ အကျဉ်းသားတွေကို အမျိုးမျိုးနှိပ်စက်ညှင်းပန်းတယ်ဆိုတာ၊ အထက်ကပုဂ္ဂိုလ်တွေရဲ့ သဘောထားလဲ ဆိုင်တယ်။ စနစ်ပေါ့။ နောက်တခုက သက်ဆိုင်ရာထောင်ဝန်ထမ်းရဲ့ စိတ်နေသဘောထားနဲ့လဲ ဆိုင်တယ်။ တချို့ကျတော့လဲ၊ သူများကို ညှင်းဆဲလိုက်ရမှ ကျေနပ်တဲ့ ပုဂ္ဂိုလ်ရှိသလို၊ လူနည်းစုကတော့ မျှမျှတတဆက် ဆံတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ များသောအားဖြင့်၊ ထောင်ဝန်ထမ်းတွေကတော့၊ ထောင်ထဲရောက်လာတဲ့ ဘယ် သူ့ကိုမဆို၊ ငါတို့အပိုင်ပဲဆိုပြီး အကျင့်တွေက စွဲနေတာ၊ ပျောက် ဖို့တော့ မလွယ်ပါဘူး။ အမှန်ကတော့ သိပ် တော့လည်း ခက်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာမှာဆိုလည်း၊ ဗြဟ္မစိုရ် တရား လေးပါး ရှိတယ်။ အဲဒါနဲ့အ ညီ လူတွေကို ဆက်ဆံဖို့ သေသေချာချာ သွန်သင်ဆုံးမမယ်ဆိုရင်တော့၊ အကျဉ်း ထောင်ထဲ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ၊ တဖြည်းဖြည်းလျော့ပါးလာစရာ အကြောင်းရှိပါတယ်။ အရင်အစိုးရတွေတုန်းကလည်း၊ နိုင်ငံ ရေးအကျဉ်းသား မရှိဘူးလို့ ပြောတယ်။ ဒီအစိုးရလည်း၊ နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ပြောတယ်ဆိုတော့၊ သူတို့ ပြောပြောနေတဲ့ ပြောင်းတယ်ဆိုတာ၊ ဘာပြောင်းတာလဲ။ နောက်တခုက မတတ်သာလို့ (၁)နှစ်ပဲ လျှော့ ရက်ပေးတယ်ဆိုတော့၊ ထောင်ဒဏ် (၆၅)နှစ်တို့၊ နှစ်(၁၀၀)တို့ (၂၀၀)တို့ ကျနေတဲ့လူတွေက၊ လျှော့ရက် (၁) နှစ်နဲ့ ဘာသွားလုပ်မှာလဲ။ ရယ်စရာ မကောင်းဘူးလား။ ဒါမျိုးတွေကြောင့်၊ သူတို့မှာ အပြောင်းအလဲ ဖြစ်တယ် ဆိုတာ၊ ကျနော်တော့ ယုံကြည်လက်ခံလို့ မရပါဘူး။ သူတို့ ဖြစ်သင့်တာကတော့၊ သူတို့ တကယ် အပြောင်းအ လဲ ဖြစ်သွားပြီ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အစိုးရကနေ၊ ဦးသိန်းစိန်ရဲ့ အရပ်သား အစိုးရကို ပြောင်းပြီ ဆိုရင် တော့၊ ဒို့လက်ထက်မှာတော့ ခ၀ါချမယ်ဟေ့ ဆိုပြီးတော့၊ general amnesty ခေါ်တဲ့ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ပေးကိုပေးရမယ်။ ပေးလည်း ပေးသင့်တယ်။ အဲဒါတော့ မလုပ်ပဲနဲ့၊ သမ္မတကြီးဦးသိန်းစိန်က ထောင်ဒဏ်လျှော့ရက် (၁)နှစ်ထဲ ပေးတာကတော့၊ သူ့စိတ်ထဲမှာ သူပဲ သိပါလိမ့်မယ်။ ကျနော်တို့ကတော့ ဘာ့ကြောင့်လဲ ဆိုတာ၊ မှန်းဆလို့ ရပါတယ်။ အဲဒီလောက်ပဲ ပြောချင်ပါတယ်။

ဦးရော်နီညိမ်း။ ။ နိုင်ငံရေးအကျဉ်းသားများဟောင်းတွေ ဖြစ်ကြတဲ့၊ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ဦးကျော်ဆန်း နဲ့၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်တို့ကို၊ ဆက်သွယ်မေးမြန်း တင်ပြခဲ့တာပါခင်ဗျာ။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မလုံခြုံတဲ့ လေတပ်စစ်သည်တွေရဲ့ဘဝ (Breaking News )

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် (ကရခ) တိုင်းမှူး ဗိုလ်မှူးချုပ် ခင်မောင်ဌေး

ဖောင်စီးရင်း ရေငတ်၊ လေတပ် စစ်သည်ဖြစ်ပြီး လေယာဉ်စီးခွင့် မရလို့ အသက်ပျောက်ရတဲ့ လေတပ်စစ်သည်တွေရဲ့ ဘဝအကြောင်း လေတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့လာပါတယ်။

မြိတ် လေတပ်စခန်းဌာနချုပ်မှ ခွင့်ပြန်စစ်သည် တစ်ဦးဟာ ထားဝယ်နှင့် ရေးအကြား လက်နက်ကိုင် အဖွဲ့တဖွဲ့မှ ခရီးသည်တင်ကားအား ပစ်ခတ်မှုတွင် သေဆုံးသွားခဲ့တာကြောင့် စစ်သည် မိသားစုများ မကျေနပ် လျက်ရှိကြောင်း သိရှိရပါတယ်။

အဲဒီဖြစ်စဉ်မှာ ၂၈-၆-၂၀၁၁ က Y-8 လေယာဉ်ဖြင့် လိုက်ပါခွင့်မရသော စစ်သည်ဖြစ်ပြီး၊ ခွင့်ပြန်စစ်သည်များ Y-8 လေယာဉ်ကြုံဖြင့် မလိုက်ရ ဟူသော ဌာနချုပ်မှူးရဲ့ တားမြစ်ချက်ကြောင့် ထိုသို့ ကားလမ်းဖြင့် ပြန်ရာမှ နယ်မြေ မအေးချမ်းမှုရဲ့ သားကောင်ဖြစ်သွားရတယ်လို့ မိသားစုများက ရင်ထုမနာ ပြောကြားခဲ့ပါတယ်။

လေတပ်ရဲ့ င်္သချိုင်းတစ်ခုဖြစ်တဲ့ မြိတ် လေတပ်စခန်းဌာနချုပ်လိုမျိုး ဝေးလံခေါင်ဖျား တပ်များမှ စစ်သည်များ သွားလာမှု အဆင်မပြေခြင်းများအား အရာရှိများက ဂရုတစိုက် ပြုလုပ်ပေးခြင်းမရှိဘဲ ပစ်ပယ်ထားခြင်းဟာ ရက်စက်ရာကြကြောင်း စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်သို့ လေတပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သတင်းပေးပို့လာပါတယ်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, August 9, 2011

လက်ရှိ မြန်မာအစိုးရ အပေါ် ထောက်လှမ်းရေး မှန်းခြေ - (ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်) အပိုင်း (၁)

ဗိုလ်မှူးအောင်လင်းထွဋ်| စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် စစ်တပ် အာဏာအဆက်ဆက် မြန်မာနိုင်ငံတွင် အဓွန့်ရှည် တည်တံ့စေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ၏ ဦးတည်ချက်တွင် အနာဂါတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ဦးဆောင်မှု အခန်းကဏ္ဍရှိရမည် ဟူသော အချက်ကို အလေးအနက်ထား၍ အဓိပ္ပါယ်ရှိရှိ ထည့်သွင်းခဲ့ပါသည်။

၁၉၉၆ ခုနှစ် အမျိုးသားညီလာခံမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နုတ်ထွက်ခဲ့ပြီး ညီလာခံ အကန့်အသတ်မရှိ ရပ်ဆိုင်း၍ ကျောင်းသားအရေးခင်းများ ပေါ်လာချိန်တွင် စစ်ခေါင်းဆောင်ကြီးအနေဖြင့် စစ်ဝတ်စုံဝတ် ဆက်လက် အုပ်ချုပ်ရန် ညွှန်ကြားခဲ့သလို အရပ်ဘက် နယ်ဘက်ဝန်ကြီးဌာနများ မယက ၊ ခယက၊ ပယက နယ်ဘက် အုပ်ချုပ်ရေးများတွင် တာဝန်ထမ်းဆောင်နေသော အငြိမ်းစား စစ်တပ် အရာရှိများကိုပင် စစ်တပ်ရာထူးအဆင့်အတိုင်း စစ်ဝတ်စုံဝတ်ရန် ခွင့်ပြုခဲ့ပါသည်။

၂၀၀၃ ခုနှစ် ဒီပဲရင်း အရေးခင်း ပေါ်ပေါက်လာပြီး နောက်ပိုင်း မဖြစ်မနေ နိုင်ငံရေး အခင်းအကျင်း ပြောင်းရမည့် အခြေအနေရောက်မှ ၂၀၀၄ ခုနှစ်တွင် အမျိုးသားညီလာခံ ပြန်လည် ကျင်းပခဲ့ပါသည်။

ဒီပဲရင်း အရေးအခင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားရန် ရည်ရွယ်၍ အမျိုးသားညီလာခံ ပြန်လည် ကျင်းပခဲ့သည် ဆိုလျှင် မှားမည်မဟုတ်ပါ။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်း ပေါ်ပေါက်လာပြီးနောက်မှသာ အမျိုးသားညီလာခံ အမြန်ပြီးအောင် ပြုလုပ်ခဲ့ပါသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်အပြီး ရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ဆိုကာ ဇွတ်အတင်း အတည်ပြုခဲ့ပါ၏ ။


စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ၂၀၀၉ ခုနှစ် အစောပိုင်းမှစ၍ မြန်မာ့နိုင်ငံရေးတွင် အဓိက ကျသော တိုင်းရင်းသား လက်နက်ကိုင် အရေး ကိစ္စကို နယ်ခြား စောင့်တပ်ဖြင့် ဖြေရှင်းရန် ဆောင်ရွက် ခဲ့သော်လည်း အောင်မြင်မှု မရသည်ကို တွေ့ရပါမည်။

၂၀၀၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးမည့် မူလအစီစဉ်ကို ပြင်ဆင်ပြီး နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက်ထားရှိရေး ဖန်တီးဆောင်ရွက်ခဲ့ကြပါသည်။ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ဖွဲ့စည်းပုံတွင် နိုင်ငံတကာ စစ်အာဏာရှင်များ ဇာတ်သိမ်း မကောင်းသည်ကို စိုးရွံ့၍ နောက်ကြောင်းပြန် အရေးမယူရေး ဥပဒေကို ထည့်သွင်းပြီး အဆိုပါ ဥပဒေကို ပြည်တွင်းပြည်ပ၏ တရားဝင် အသိအမှတ်ခံရရေး အထူးလိုလား ခဲ့ပါသည်။

သို့သော် အောင်မြင်မှု မရခဲ့ပါ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို မစည်းရုံးနိုင်ခဲ့သလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် မစည်းရုံးနိုင်ခဲ့ပါ။

၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကို အကြွင်းမဲ့ အနိုင်ရရန် ဆောင်ရွက်ခဲ့သည်။ စစ်ဝတ်ချွတ် အယောင်ဆောင် အရပ်သားအစိုးရကို အနာဂါတ် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှု အခန်းကဏ္ဍရှိရမည် ဟူသော အချက်အား အလေးအနက်ထား၍ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။

သို့သော်လည်း အစိုးရအသစ် ဖွဲ့စည်းပြီးကာမှ မြန်မာနိုင်ငံ၏ အခြေအနေသည် အာဏာပိုင် အဖွဲ့အစည်းအတွင်း သဘောထား မတူညီမှုများ ၀ိရောဓိများ ရှိလာခဲ့သလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ပွဲများဖြစ်လာမှု၊ အစိုးရအသစ်အပေါ် နိုင်ငံတကာ၏ ယုံကြည်မှု ယခင် န၀တ ၊ နအဖ အစိုးရခေတ်ထက်ပင် ကျဆင်းလာခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အင်အား ပြန်ကောင်းလာခြင်း တို့သည် လက်ရှိအစိုးရအတွက် ကြုံတွေ့နေရသော အကြပ် အတည်းများပင် ဖြစ်ပါသည်။

သမ္မတ ဦးသိန်းစိန် အနေဖြင့် ၄င်း၏ စိတ်ရင်း စေတနာအမှန်ဖြင့် ကိုယ်တိုင် Guide Line ပေး၍ သမ္မတ အကြံပေးအဖွဲ့မှ ရေးသားပေးခဲ့သော မိန့်ခွန်းဖြင့် အစိုးရသစ်ကို စခဲ့ပါသည်။ အဆိုပါမိန့်ခွန်းသည် ပြည်တွင်းပြည်ပမှ အားလုံး လှိုက်လဲစွာ ကြိုဆိုခြင်းခံ ခဲ့ရပါသည်။

သို့သော် ထိုမိန့်ခွန်းအပေါ် ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရမလား ဆိုပြီး သတင်းစာ မျက်နှာဖုံးမှ ကွယ်ပျောက်ပြီး ကန့်လန့်ကာ နောက်ကွယ်တွင် ရှိနေသော စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ခေါ်ယူပြောဆိုခြင်း ခံခဲ့ရသည်ဟု သိရှိခဲ့ရပါသည်။

လက်ရှိအစိုးရ အာဏာပိုင်အဖွဲ့တွင်း သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ ၊ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနှင့် အဖွဲ့ ၊ သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်အဖွဲ့ ၊ ဦးခင်အောင်မြင့်နှင့် အမျိုးသားလွှတ်တော်အဖွဲ့ ၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တပ်မတော်အဖွဲ့ ၊ ဦးအောင်သောင်းနှင့် ကြံ့ဖွံ့ပါတီအဖွဲ့ ဟူ၍ ကွဲပြဲသွားကြသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရှိခဲ့ရပါသည်။

သို့သော် ထိုအဖွဲ့များသည် မိမိတာဝန်အလိုက် ဆောင်ရွက်ခွင့် ရှိခဲ့ကြသော်လည်း မူဝါဒပိုင်းဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍မူ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ သဘောတူညီချက်မရဘဲ ဘာမှလုပ်ပိုင်ခွင့် မရှိကြောင်း သိရပါသည်။

ပုံမှန်မဟုတ်သော်လည်း အပတ်စဉ်လစဉ် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး နေထိုင်ရာ ဧက ရာချီ ကျယ်ဝန်းသော စိုက်ခင်းများအကြား စံနေအိမ်သို့ အထက်ပါ အဖွဲ့များဆိုင်ရာ လုပ်ငန်းများကို ကိုယ်စီကိုယ်စီ သွားရောက် သတင်းပို့နေရဆဲ ဖြစ်ပါသည်။ ပုဂ္ဂိလ်ရေးအရ ဦးအောင်သောင်းသည် နေ့စဉ်နီးပါး စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးထံ သွားလေ့ရှိပါသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး DKBA နှင့် တိုက်ပွဲ စတင်ဖြစ်ခဲ့မှုသည် နဂိုကမှ ယုံကြည် စိတ်ချမှု လျော့နည်းနေသော ဗိုလ်ချုပ်ကြီး သူရရွှေမန်း အထိနာခဲ့သည်။

DKBA စဖွဲ့စည်းစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် တပ်မ (၁၁) တပ်မမှူးအနေဖြင့် အနီးကပ် တာဝန်ယူခဲ့ရသူ ဖြစ်သည့်အပြင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပြောလျင် DKBA အဖွဲ့မှ နားထောင်ပြီး လိုက်လုပ်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကို DKBA တို့မှ စတင်ဖျက်ဆီးခဲ့၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ ဆူပူမှုကို ခံခဲ့ရပါသည်။

အကျိုးဆက်အနေဖြင့် DKBA ကို ချေမှုန်းရန် တာဝန်ပေးခံရသော ကာကွယ်ရေး ဦးစီးချုပ်အဖြစ် လျာထားသည့် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်သည် DKBA နှင့် တပ်မတော် ဖြစ်ပွားသော တိုက်ပွဲများတွင် တပ်မတော်ဘက်မှ အကျအဆုံး များမှုကြောင့် ပြစ်တင်အကြိမ်းမောင်း ခံခဲ့ရပြီး အစိုးရသစ်အဖွဲ့အတွင်း အပို့ခံခဲ့ရပြီးနောက်ပိုင်း အခြားမကျေနပ်မှုများနှင့် စုပေါင်း၍ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်အထိ အရေးယူခံခဲ့ရပါသည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ခဲ့သော ဦးပန်ဖ ဦးစီးသော SSA တပ်မဟာ(၁) နှင့် KIA အဖွဲ့ကို ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးသည် ယခင် လာရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူး တာဝန်ယူစဉ်ကတည်းက မကျေလည်မှုများကို ရန်ညှိုးထား၍ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး၏ အကြိုက် စစ်ရေး နိုင်ငံရေး အမြတ်ထုတ်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု တာဆန်းရေကာတာ လျှပ်စစ် ဓါတ်အား ထုတ်လုပ်ရေး စီမံကိန်းရှိ KIA တပ်စခန်းကို ၀င်ရောက် တိုက်ခိုက်ခွင့်ရရေး ဦးဆောင် လှုံ့ဆော်ခဲ့သူ ဖြစ်ပါသည်။

အပိုင်း(၂) ကို ဆက်လက် ဖေါ်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သို့မဟုတ် ဧရာဝတီ အပိုင်း (၂)

ဂါမဏိ| အထက်တစ်နေရာမှာ တင်ပြခဲ့တဲ့ ရေကာတာတွေဟာ မြန်မာ ပြည်သူတွေ အတွက် လျှပ်စစ်ဓာတ်အား ဖောဖောသီသီ သုံးနိုင်ဖို့၊ မြန်မာပြည် စက်မှုလုပ် ငန်းတွေ ထွန်းကားဖွံ့ဖြိုးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ တရုတ်အရင်းရှင်၊ ကုလားအရင်းရှင်တွေ အကျိုးအတွက် ဖြစ်နေပါ တယ်။

K.I.A စစ်ဌာနချုပ် လိုင်ဇာ

ဒါတွေကိုကြည့်ရင် ဧရာဝတီ-ချင်းတွင်း တို့ရဲ့ရေတွေကို ပိတ်ဆို့လိုက်ပြီး တရုတ်နဲ့ ကုလား လက်ထဲ ထည့်လိုက်မယ့် ပမာဏဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ တရုတ်နဲ့ လုပ်ငန်း တွေက စတင်နေပြီဖြစ်ပြီး အိန္ဒိယနဲ့ လုပ်ငန်းတွေကတော့ မစနိုင်သေးပါဘူး။ ဒါကြောင့် ဧရာဝတီကို တရုတ်က စတင် မုဒိမ်းကျင့်နေပြီ လို့ ပြောနိုင်ပါတယ်။

ဒါတွေနဲ့ ယှဉ်ကြည့်ရင် ပြည်တွင်းမှာ သုံးစွဲဖို့ ဆောက်လုပ်ထားတဲ့ ဆောက်လုပ်နေတဲ့ ရေအား လျှပ်စစ်စီမံကိန်းတွေက ကလေးကစားစရာလို ဖြစ်နေပါတယ်။

ပြည်တွင်းမှာ အကြီးဆုံး တည်ဆောက် ထားတဲ့ ရေကာတာတွေက ရဲရွာ (မီဂါဝပ် ၇၉၀)၊ ပေါင်းလောင်း (မီဂါဝပ် ၂၈၀)၊ လောပီတ - မိုးဗြဲ (မီဂါဝပ် ၂၀၀) တို့လောက်ဘဲရှိပြီး ကျန်တာတွေက မီဂါဝပ် ၁၀၀ အောက် ၅၀ အောက်တွေချည်း ဖြစ်ပါတယ်။

အိမ်နီးချင်း တိုင်းပြည်တွေကို လျှပ်စစ်ဓာတ်အား ရောင်းစား ဖို့ရည်ရွယ်ချက်နဲ့ တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်၊ ထိုင်းနယ်စပ်တို့မှာ ဆောက်နေတဲ့ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း ရေကာတာတွေကတော့ မီဂါဝပ် ထောင်ချီပြီး ထွက်မယ့် ဧရာမ ရေကာတာကြီးတွေ ဖြစ်နေပါတယ်။ အသေးဆုံးက တောင် မီဂါဝပ် ရာဂဏန်းအထက် ထွက်မယ့် ရေကာတာတွေ ဖြစ်နေပါတယ်။

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ

စစ်အာဏာရှင်အုပ်စုရဲ့ ရေကာတာ ဆောက်လုပ်ရေး ရည်ရွယ်ချက်က အပေါ်ယံအားဖြင့်တော့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လျှပ်စစ်ဓာတ်အား ပြည်ပတင်ပို့ရေး၊ လယ်ယာ မြေတွေအတွက် ရေပေးဝေရေး လို့ပြောနေပေမဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ် ချက်တခုလဲ ရှိပါတယ်။

အဲဒါကတော့ တော်လှန်ရေး အင်အားစုများ အနေကြုံ့စေရေး၊ တားဆီး ကန့်သတ်ရေး ဖြစ်ပါတယ်။ ပြည်တွင်းမှာ တည်ဆောက်တဲ့ ရေကာတာ အငယ်တွေကော၊ နယ်စပ်ဒေသ အနီးအနားမှာ တည်ဆောက်တဲ့ ရေကာတာကြီးတွေပါ ဒီရည်မှန်းချက်တွေ ထားပါတယ်။

ဒါ့အပြင် အများသိပြီးဖြစ်တဲ့ နောက်ကွယ်ရည်ရွယ်ချက် နှစ်ခုကတော့ ရေမြုပ်ဧရိယာက သစ်တောတွေ ခုတ်လှဲ ရောင်းစားဖို့၊ ရေကာတာ တည်ဆောက်ရေးမှာ သုံးတဲ့ ဘိလပ်မြေ၊ သံချောင်း၊ ဒီဇယ်ဆီ စတာတွေ ရောင်းစားပြီး သူဌေးဖြစ်ကြ ဖို့လဲ ဖြစ်ပါတယ်။

မဆလခေတ်မှာ ပထမဆုံးဆောက်ခဲ့တဲ့ မိုးဗြဲဆည်ဟာ ရှမ်းပြည်တောင်ပိုင်း အင်းဒေသက ကွန်မြူနစ်တွေနဲ့ ပအိုဝ်း တော်လှန်ရေးတွေရဲ့ အခြေခံဒေသ ပျက်ပြားဖို့၊ မြန်မာပြည်အတွင်းပိုင်း ထိုးဖောက်ရေးကို အဟန့်အတားဖြစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။

ပဲခူးတိုင်းမှာ ဆောက်ခဲ့တဲ့၊ ဆောက်နေတဲ့ တောင်နဝင်း မြောက်နဝင်း ပဲခူးချောင်း ရဲနွယ် ဇောင်းတူ ကွန်ချောင်း ဖြူးချောင်း ခပေါင်း စတဲ့ ရေကာတာတွေဟာလဲ ပဲခူးရိုးမမှာ ကွန်မြူနစ်နဲ့ ကရင်တော်လှန်ရေးသမားတွေ ပြန်လည် အခြေမခံနိုင်အောင်၊ စစ်တောင်းမြစ်ကူးလာပြီး ကွင်းထဲကနေရိုးမပေါ် တက်ရ ခက်အောင်၊ ရိုးမပေါ် သွားလာရ ခက်အောင်၊ ရိုးမပေါ်ကနေ အဓိကကွင်းဒေသတွေကို ထိုးဖောက် ဝင်ရောက်ရ ခက်အောင် တည်ဆောက်ခဲ့တာဖြစ်ပါ တယ်။

မန္တလေးတိုင်းက ကင်းတား (ညောင်ကြပ်) ဆည်ဟာ ရွာငံ-ရေဦးနယ်ကနေ ကျောက်ဆည်နယ်ကို ဗကပတွေ စိမ့်ဝင် မလာနိုင်အောင် တားဆီးဖို့ ရည်ရွယ်ခဲ့သလို ဆည်တော်ကြီး ဆည်ကတော့ မိုးမိတ် - မိုးကုတ်နယ်ကနေ ဗကပ တွေ၊ ရှမ်း နဲ့ ပလောင် တော်လှန်ရေးတွေ မန္တလေးဘက် မထိုးဖောက်နိုင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည် ရပ်စောက် ဒေသက ဇော်ဂျီရေကာတာဟာ ဗကပတွေနဲ့ ရှမ်းသူပုန်တွေရဲ့ အခြေခံမှု လှုပ်ရှားမှုတွေ၊ မသုံးလုံးဒေသ ထိုးဖောက် ရေးတွေကို ဟန့်တားဖို့ဖြစ်သလို မူးချောင်းဖျား သဖန်းဆိပ် ရေကာတာက ဗကပ၊ ကချင်နဲ့ ကျောင်းသားတော်လှန်ရေး တွေ ကဒူးကနန်းဒေသ မြစ်ဖျားတိုင်းကနေ ရွှေဘို စစ်ကိုင်း မန္တလေးဘက် ထိုးဖောက်မှာကို တားဆီးဖို့ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မြစ်ဆုံရေကာတာ

ဧရာဝတီမြစ်ဆုံနဲ့ မေခ-မလိခမြစ်ပေါ်က ရေကာတာတွေ၊ တပိန်မြစ်ပေါ်က ရေကာတာတွေဟာ ကချင်တော်လှန်ရေး တွေရဲ့ အခြေခံ နယ်မြေသေးကြုံ့ရေးနဲ့ ဆက်သွယ်သွားလာမှု ခက်ခဲရေးကို ရည်ရွယ်သလို ရွှေလီ ရေကာတာတွေဟာ ကချင်၊ ရှမ်း နဲ့ ပလောင်တော်လှန်ရေးတွေ ဆက်သွယ်သွားလာမှု ခက်ခဲစေဖို့၊ နယ်မြေကြုံ့သွားစေဖို့ ဖြစ်ပါတယ်။ ဗကပ၊ ရှမ်း နဲ့ ပလောင် တော်လှန်ရေးတွေ နောင်မှာ ပြန်ပြီးခြေချမရအောင် ရှမ်းပြည်မြောက်ပိုင်းမှာ နမ္မတူ နဲ့ နမ့်လန် ရေကာတာ ဆောက်ဖို့ စီမံကိန်းလဲ ချထားပါတယ်။

အထက်သံလွင်နဲ့ တန့်ယန်း ရေကာတာတွေဟာ ဗကပဟောင်း ကိုးကန့် ဝ လက်နက်ကိုင် အဖွဲ့တွေနဲ့ ရှမ်း-ကချင် တော်လှန်ရေးတွေရှိရာ သံလွင်အနောက်ခြမ်း အဆက်ပြတ်အောင် ရည်ရွယ်ပြီး ရှမ်းပြည်တောင်ပိုင်းက ကျိုင်းတောင်း၊ တိန်းချောင်း၊ တာဆန်း၊ နမ့်ခုတ် (မိုင်းဆတ်) ရေကာတာတွေက ရှမ်းတော်လှန်ရေးတွေကို ခက်ခဲအောင်ရည်ရွယ်တာ ဖြစ်ပါတယ်။ အထက်ပေါင်းလောင်း နဲ့ နန်းချို ရေကာတာတွေ ကတော့ ဗကပ၊ ပအိုဝ်း နဲ့ ကယန်း လက်နက်ကိုင်တွေကို ဟန့်တားဖို့ဖြစ်ပြီး ကရင်နီပြည်က ရွာသစ်၊ နမ့်တဘက်၊ နမ့်ပွန် (ဘောလခဲ)၊ ရှားတော ရေကာတာတွေဟာ အပစ်ရပ်တွေအပါအဝင် ကရင်နီနဲ့ ကျောင်းသားလက်နက်ကိုင် တွေကို ဟန့်တားဖို့ ရည်ရွယ်ချက် ပါရှိပါတယ်။

ကရင်နဲ့ ကျောင်းသား တော်လှန်ရေး အဖွဲ့တွေကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ ရေကာတာတွေကတော့ သောက်ရေခပ်၊ ရွှေကျင်၊ ဘောဂထာ၊ ယွန်းစလင်း၊ ဒေါင်းဂွင်၊ ဝဲကြီး (ကရင်နီ တော်လှန်ရေး ကိုပါ ဟန့်တား နိုင်မယ်)၊ ဟတ်ကြီး၊ ဘီးလင်း နဲ့ တနင်္သာရီ ရေကာတာတွေ ဖြစ်ပါတယ်။

ရခိုင်ပြည်မှာလဲ ရခိုင်လက်နက်ကိုင်အင်အားစုတွေကို ကြိုတင်ဟန့်တားတဲ့ အနေနဲ့ စိုင်းတင် နဲ့ လေးမြို့ ရေကာတာ တွေဆောက်ဖို့ စီမံကိန်းဆွဲထားပါတယ်။


အပိုင်း (၃) ကို ဆက်လက် ဖော်ပြသွားပါမည်။

source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး သို့မဟုတ် ဧရာဝတီ အပိုင်း(၁)

ဂါမဏိ | ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံဧရိယာ စတုရန်းမိုင် (၂၆၁၂၂၈) တခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါတယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေစုစုပေါင်း ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။


မြန်မာနိုင်ငံလို့ ဒီကနေ့ခေါ်နေကြတဲ့ ဧရိယာအတွင်းမှာ လွန်ခဲ့တဲ့နှစ်သန်း ၃၀ လောက်က စပေါ်ထွန်းခဲ့တဲ့ ဧရာဝတီကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ ကျော်ကစပြီး စိုက်ပျိုးရေးကနေ သယ်ယူ ပို့ဆောင်ရေးနဲ့ သောက်ရေသုံးရေအထိ မှီခိုအား ထားခဲ့ကြပါတယ်။ ဧရာဝတီဟာ ကမ္ဘာမှာ ပဉ္စမမြောက် နုံးတင်မြေနု အဖြစ်ထွန်းဆုံး မြစ်ဝကျွန်းပေါ်ဒေသကိုလဲ ပေါ်ထွက်စေခဲ့ပါတယ်။ ဧရာဝတီကြောင့် တကောင်း၊ မိုးကောင်း၊ မိုးညှင်း၊ ဟန်လင်း၊ အင်းဝ၊ မန္တလေး၊ ပုဂံ၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ပုသိမ်၊ မြောင်းမြ၊ တွံတေး၊ ဒလ၊ ဒဂုံ စတဲ့ ရှမ်း၊ ဗမာ၊ ပျူ၊ မွန် မြို့ပြယဉ်ကျေးမှုတွေ ထွန်းကားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်ကျိုးရှာစစ်အာဏာရှင်အစိုးရ အဆက်ဆက်လက်အောက်မှာ ဧရာဝတီကို နင်းချေပစ်ခဲ့လို့ ဧရာဝတီရဲ့ ကျန်းမာရေးဟာ တစတစနဲ့ ယိုယွင်းကျဆင်း လာခဲ့ရပါတယ်။

အဲဒီအခြေအနေကို ကမ္ဘာကြီးပူနွေးလာမှု ကပ်ကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်စိုးရိမ်စရာ ကောင်းတဲ့ အနေအထား ရောက်လာပါတော့တယ်။ ပြီးခဲ့တဲ့ နှစ်ကာလတွေအတွင်းမှာ နွေရာသီတွေဆို ဧရာဝတီဟာ သင်္ဘောသွားလို့ ရနိုင်ပါ့မလားလို့တောင် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ရေအနက် လူတရပ်တောင် မရှိတာတွေ ဖြစ်လာတယ်၊ ဒါ့အပြင် မြစ်အတွင်း ရေ နည်းလာတာတွေဟာလည်း ပိုများ ပိုရှည်ကြာလာ၊ သောင်တွေက ပိုကျယ်ပြော ပိုများပြား ပိုခိုင်မာလာပါတယ်။ အခုဆိုရင် ဧရာဝတီထဲက ငါးဖမ်းရတာတွေဟာ တနှစ်ကို ၃၅% ကျဆင်းနေပါပြီ။


ဒါပေမဲ့ အခုတော့ စိုးရိမ်စရာအခြေအနေကနေ အသည်းအသန် အခြေအနေကို ရောက်လာပါပြီ။ အဲဒါကတော့ ဧရာဝတီ မြစ်ရဲ့ အဖျားပိုင်း သို့မဟုတ် ရေဝေဒေသတွေမှာ လျှပ်စစ် ရေကာတာကြီး ၁၂ ခုထက် မနည်း တည်ဆောက်ဖို့ တရုတ်နိုင်ငံကို ရောင်း စားလိုက်တာကြောင့် ဖြစ်ပါတယ်။

ဧရာဝတီရဲ့ရေတွေကို တရုတ်နိုင်ငံအား ရောင်းစားလိုက်တဲ့ ရေအားလျှပ်စစ်ထုတ် ရေကာတာတွေကတော့ --

(၁) ဧရာဝတီမြစ်ပေါ်မှာ မြစ်ကြီးနားမြောက်ဖက် မိုင် ၂၀ အကွာက မြစ်ဆုံရေကာတာဟာ မီဂါဝပ် ၆၀၀၀ (တနှစ်ကို ဒေါ်လာ သန်း ၅၀၀ နဲ့ ရောင်းစားထားတာ ဖြစ်ပါတယ်)

(၂) ဧရာဝတီရဲ့မြစ်ဖျားတခုဖြစ်တဲ့ မလိခမြစ်ပေါ်မှာ တည်မယ့် လိုင်ဇာရေကာတာက မီဂါဝပ် ၁၉၀၀

(၃) (ဧရာဝတီရဲ့ နောက်မြစ်ဖျားဖြစ်တဲ့ မေခမြစ်ပေါ်မှာ ရေကာတာကြီး ၅ ခု ထပ်မံ တည်ဆောက်မှာ ဖြစ်ပါတယ်။) တောင်ဖက်အကျဆုံး ချီဖွေ ရေကာတာက မီဂါဝပ် ၃၄၀၀

(၄) ပါရှီး (ခေါ်) ဝူဆောက် ရေကာတာက မီဂါဝပ် ၁၈၀၀

(၅) လာကင် (ခေါ်) ယီနန် ရေကာတာက မီဂါဝပ် ၁၄၀၀

(၆) ဖီဇော ရေကာတာက မီဂါဝပ် ၂၀၀၀

(၇) မြောက်ဖက်အကျဆုံး ခေါင်လန်ဖူး ရေကာတာက မီဂါဝပ် ၂၇၀၀

(၈) (ဧရာဝတီမြစ်ဖျားခံရာ မဟုတ်ပေမဲ့ မြစ်ညာအထက်ပိုင်းမှာ ဧရာဝတီထဲ စီးဝင်တဲ့ တာပိန်မြစ် ပေါ်မှာလဲ ရေကာတာ ၂ ခု နဲ့ ပိတ်မှာဖြစ်ပါတယ်။) တာပိန်-၁ ရေကာတာက မီဂါဝပ် ၂၄၀

(၉) တာပိန်-၂ ရေကာတာက မီဂါဝပ် ၁၆၈

(၁၀) (မြစ်ညာအထက်ပိုင်းမှာဘဲ ဧရာဝတီထဲ စီးဝင်တဲ့ ရှမ်းပြည် နယ်မြောက်ပိုင်း ရွှေလီမြစ်ပေါ်မှာလဲ ရေကာတာကြီး ၃ ခုနဲ့ ပိတ်မှာ ဖြစ်ပါတယ်။) ရွှေလီ-၁ ရေကာတာဟာ မီဂါဝပ် ၆၀၀ (တရုတ်နိုင်ငံကို တင်ပို့နေပြီဖြစ်ပါတယ်။)

(၁၁) ရွှေလီ-၂ ရေကာတာက မီဂါဝပ် ၄၆၀

(၁၂) ရွှေလီ-၃ ရေကာတာက မီဂါဝပ် ၃၆၀

ဒါ့အပြင် ဧရာဝတီ အောက်ပိုင်းအတွက် အဓိက ရေဝေဖြစ်တဲ့ ချင်းတွင်း မြစ်ပေါ်မှာလဲ ရေကာတာကြီး ၅ ခု တည်ဆောက်မှာ ဖြစ်ပါတယ်။

ဒါတွေကတော့ စစ်ကိုင်းတိုင်းထဲမှာရှိပြီး အိန္ဒိယနိုင်ငံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရောင်းချပေးဖို့ ရည်ရွယ် ထားပါတယ်။ ဒီရေကာတာတွေရဲ့ ပမာဏတွေကတော့ --

(၁၃) ထမံသီ ရေကာတာက မီဂါဝပ် ၁၂၀၀

(၁၄) ရွှေစာရေး ရေကာတာက မီဂါဝပ် ၆၆၀

(၁၅) မော်လိုက် ရေကာတာက မီဂါဝပ် ၄၀၀

(၁၆) ဟုမ္မလင်း ရေကာတာက မီဂါဝပ် ၁၅၀

(၁၇) ချင်းတွင်းရဲ့မြစ်လက်တက်ပေါ်က မဏိပူရ ရေကာတာက မီဂါဝပ် ၃၈၀


အပိုင်း (၂) ကို ဆက်လက် ဖေါ်ပြသွားပါမည်။


source by : http://photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

၂၃နှစ်မြောက် ၈လေးလုံး အခမ်းအနား KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပ

ကေအိုင်အို ဌာနချုပ်က ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား 8/8/2011 (ဓါတ်ပုံ MG/S.H.A.N.)

မကြာသေးမီကမှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ၌ ပြန်လည်အခြေချ ဖွဲ့စည်းခွင့် ရရှိသော မြန်မာနိုင်င်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း အဖွဲ့ သည် ၂၃ နှစ်မြောက် ၈ လေးလုံး လူထု အရေးတော်ပုံ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာမြို့၌ ယနေ့ တခမ်းတနား ကျင်းပကြောင်း သိရသည် ။

၎င်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီခန့်အထိ လိုင်ဇာမြို့ ခန်းမတွင် ကျင်းပခဲ့ရာ KIO ၊ ချင်းအမျိုး သားတပ်မတော် ၊ ရခိုင်တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် အပါအဝင် မဟာမိတ်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ဒေသခံများ စုစုပေါင်း အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည် ။

၁၉၉၄ ခုနှစ်က KIOနှင့် နဝတစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်အပြီး ၁၉၉၇ ခုနှစ်တွင် KIO ထိန်းချုပ် နယ်မြေ အတွင်းမှ ABSDF (NB) ထွက်ခွာခဲ့ရာ ၄င်းအဖွဲ့အား လွန်ခဲ့သည့်လပိုင်းက KIO နယ်မြေအတွင်း ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည် ။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ငြိမ်းချမ်းရေး ရှေးရှုဖို့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့ ဒေါ်စုပြောကြား

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်နေစဉ်။
၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားအတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်နေစဉ်။ သြဂုတ် ၈၊ ၂၀၁၁။ (ဓာတ်ပုံ ASSOCIATED PRESS)

ဒီနေ့ ရန်ကုန်မှာရှိတဲ့ ဒီမိုကရေစီ လိုလားသူတွေက စုပေါင်းကျင်းပတဲ့ ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ခဲ့ပါတယ်။

၂၃ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားဟာ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြု သဘောဆောင်တဲ့ အခမ်းအနားမျိုး ဖြစ်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရှစ်လေးလုံး အထိမ်းအမှတ်နေ့ကို ကြည့်မြင်တိုင် နတ်စင်လမ်းမှာရှိတဲ့ သာဓု ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ၁၉၈၈ အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေထဲက အကျဉ်းကျခံမနေရဘဲ အပြင်မှာ ကျန်နေတဲ့ ကျောင်းသားတွေအပြင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ဦးစီးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သလို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ အခမ်းအနားဖြစ်အောင် ကြိုးစားပြီး ကျင်းပနိုင်ခဲ့တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံတဦးဖြစ်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်းက ပြောပါတယ်။

“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မှာကြားထားတာ ရှိတယ်၊

ဒီ ရှစ်လေးလုံး ၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းချမ်းရေးကို ရှေးရှုတဲ့၊ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ သွားပါဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောကြားတဲ့ ပုံစံနဲ့ပဲ သွားခဲ့တယ်။

တကယ်တမ်းကျတော့ ၈ ရက် ၈ လ ၈၈ နေ့ ဆိုတာက တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ နေ့ပါ။ တနိုင်ငံလုံးကို သက်ရောက်မှုရှိတဲ့ နေ့ပါ။ အဲဒီနေ့ကို တည်ဆဲအစိုးရ အနေနဲ့လည်း အပြုသဘောဆောင်တဲ့ ပုံစံမျိုးနဲ့ စုပေါင်းပြီး လုပ်မယ် ဆိုရင်တော့ အားလုံးအတွက် ကောင်းမွန် သွားပါလိမ့်မယ်။ အဲဒီလိုမျိုး လုပ်လာလိမ့်မယ် လို့လည်း ကျနော်က မျှော်လင့်ပါတယ်။”

အခုလို ၂၃ ကြိမ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပေးဖို့ အကျဉ်းထောင်တွေထဲမှာ အခုထိ နေနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ကျောင်းသား ခေါင်းဆောင်တွေက မှာကြားခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီက ပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ၊ မျိုးဆက်သစ် လူငယ်တွေ၊ အကျဉ်းသား မိသားစုဝင်တွေနဲ့ ၈၈ အရေးအခင်းကာလမှာ လှုပ်ရှားခဲ့သူ ထောင်နဲ့ချီပြီး တက်ရောက် လာတာ တွေ့ရတယ်လို့ အခမ်းအနားကို တက်ရောက် ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး တာဝန်ခံ ဦးဝင်းထိန်က ပြောပါတယ်။

“ဒီမှာ ဒေါ်အောင်ဆန်းစုကြည် အခမ်းအနား လာတက်တယ်။ နောက် NLD က ခေါင်းဆောင်တွေဖြစ်တဲ့ ဦးတင်ဦး၊ အတွင်းရေးမှူး ဦးဝင်းတင်တို့ အပြင်ကို တခြားပါတီက ပုဂ္ဂိုလ်တွေလည်း ပါတယ်။ အသက်အရွယ် မျိုးစုံက လူတွေက ဒီအခမ်းအနားကို တလေးတစားနဲ့ အထူးဂုဏ်ပြုပြီး တက်ရောက်ကြတယ်လို့ သဘော ပေါက်ပါတယ်။ စည်းစည်းလုံးလုံးပဲ ပါတီက လူတွေရော၊ ပါတီမဟုတ်ဘဲနဲ့ လူတွေရော ဒီနေ့ အမှတ်တရ ပြောရမယ် ဆိုရင်တော့ ကြက်ပျံ မကျ စည်ကားတယ်ပေါ့။ လူတွေ ထောင်နဲ့ချီပြီး တက်ရောက် ကြတယ်။”

အခမ်းအနားမှာ ၈၈ မျိုးဆက် ကျောင်းသား ကိုတိုးကျော်လှိုင်က ဒီမိုကရေစီ လူထုလှုပ်ရှားမှုမှာ အသက်ပေးသွား သူတွေကို ရည်စူးပြီး တမိနစ် ငြိမ်သက်ခြင်း အစီအစဉ်ကို ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။ သာဓု ပရိယတ္တိ စာသင်တိုက်ရဲ့ ဆရာတော် ဦးအဂ္ဂံသက အတွေးရဲကြဖို့၊ ခြောက်တိုင်းမကြောက် မြှောက်တိုင်း မမြောက်တဲ့ စိတ်ထားနဲ့ ငြိမ်းချမ်းရေး လုပ်နိုင်ကြောင်း တရားကို ဟောကြားခဲ့တယ်လို့ ပြောပါတယ်။

“ဆရာတော်ကြီးက အတွေးရဲဖို့ တွေးတတ်ရမယ်၊ တွေးတဲ့အခါမှာလည်း ပေါက်မြောက်အောင် တွေးရမယ်၊

ပေါက်မြောက်အောင် တွေးတဲ့အခါမှာ ပြောတာကိုယုံပြီး ခြောက်ရင်လည်း မကြောက် ဘူးပေါ့ဗျာ။

ကိုယ့်ကြောင့် ကိုယ့်လွတ်လပ်တဲ့ အမြင်မျိုး ရှိတယ်ဆိုတဲ့ ပုံစံမျိုး။

ဒါကိုလည်း ကျနော်တို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ခြိုက်ပါတယ် ဆိုတဲ့အကြောင်း ကျနော်တို့ကို လည်းပဲ ပြောပြပါတယ်။ ဆရာတော်ကြီးကိုလည်း ပြောပြပါတယ်။

“တရားက ကောင်းပါတယ်တဲ့၊ တရားက ဟိုဘက်ရော ဒီဘက်ရော မျှပြီး ဟောပါတယ်။ ကျနော်တို့ လူငယ်တွေကိုလည်း အတွေးရဲဖို့ပေါ့။ အတွေးရဲတဲ့အခါမှာ ကြောက်လည်း မကြောက်ဘူးဆိုတဲ့ အကြောင်း တရားလေး ဟောသွားပါတယ်။ တရားလေးက အတော့်ကို ထိမိပါတယ်။”

၂၃ကြိမ်မြောက် ၈၈ နှစ်ပတ်လည် အခမ်းအနား မှတ်တမ်း စာအုပ် ထဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ဘယ်သူမှ မေ့မသွားစေချင်ဘူး လို့ မှတ်တမ်း ရေးသား ခဲ့ပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်မှာရှိတဲ့ ဗြိတိန် အပါအ၀င် နိုင်ငံခြား သံရုံးက ပုဂ္ဂိုလ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။

အခုလို ပရိသတ် အများအပြား တက်ရောက်ခဲ့တဲ့ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကို ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာဖြစ်ပြီး အာဏာပိုင်တွေဘက်က တားဆီး နှောင့်ယှက်မှုမျိုးတော့ မတွေ့ရဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ဓာတ်ပုံရိုက်တာတို့၊ ကားနံပါတ် မှတ်တာတို့၊ မလှမ်းမကမ်းမှာ အဓိကရုဏ်း နှိမ်နင်းရေးကား တစီး နှစ်စီးလောက် ရောက်လာတယ်။ အဲဒါတွေတော့ သတိထားမိပါတယ်။ သို့သော်လည်း အခမ်းအနားလာတဲ့ ပုဂ္ဂိုလ်တွေက အေးအေးဆေးဆေးနဲ့ အခမ်းအနား တက်ရောက်ကြတဲ့ အနေအထားပါ။

“ဒီအခမ်းအနားနဲ့ ပတ်သက်လို့ အခမ်းအနား ကာလမှာလည်း လုံခြုံရေး ဘယ်လို လုပ်မယ်၊ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရင် ထုံးစံအတိုင်း လူတွေက ၀ိုင်းအုံတဲ့ အတွက်ကြောင့်မို့ ဘယ်လို လုပ်မယ် ဆိုတဲ့ဟာက မနေ့ကတည်းက ဆွေးနွေးပြီးသားပါ။

ဒီနေ့ မနက်မှာလည်း ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ အပြင် ကျနော်တို့ NLD က လူငယ်တွေနဲ့ ပေါင်းပြီးတော့ လုံခြုံရေး လုပ်တဲ့အတွက်ကြောင့် အေးအေးဆေးဆေး၊ အနှောင့်အယှက် ကင်းကင်းနဲ့ ပြီးသွားတာပါ။”

ဦးဝင်းထိန် ပြောပြသွားတာ ဖြစ်ပါတယ်။

အပြည့်အစုံ နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 7, 2011

(၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အခမ်းအနား (ဗွီဒီယို) အော်ရီဂွန်ပြည်နယ်


source by : http://www.youtube.com/user/chochohtun

အပြည့်အစုံ ဖတ်ရန် ...

(၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အခမ်းအနား (အော်ရီဂွန်ပြည်နယ်)



















အော်ရီဂွန်ပြည်နယ် မြန်မာ့ ဒီမိုကရေစီ အင်အာစုများမှ (၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အခမ်းအနားကို သြဂုတ်လ (၆)ရက်၊၂၀၁၁ တွင် ပေါ့တ်လန်းမြို့မှာ အောင်မြင်စွာ ကျင်းပခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို အခမ်းအနားမှုးမှ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး အလေးပြုခြင်း ၃ရပ်ဖြင့် စတင် ခဲ့ပါသည်။

အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ABSDF ရဲဘော်ဟောင်းများ၊NLD ပါတီဝင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်များ၊ ကရင်၊ ကရင်နီ၊ မွန်၊ဇိုမီး၊ ကချင် နှင့် အခြားသော အမေရိကန်မိတ်ဆွေတချို့ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် အဖွဲ့အစည်းအသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြား ခဲ့ကြပြီး အင်အားစု အသီးသီးများမှ ကိုယ်စားလှယ်များက ရှစ်လေးလုံး အတွေ့အကြုံနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ(အော်ရီဂွန်ပြည်နယ်) ၏ ထုတ်ပြန် ကြေငြာချက် ကိုလည်း တက်ရောက် လာသူများအား ဝေငှခဲ့ကြသည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ယ္ခုလက်ရှိ အခြေအနေများကို မှန်ကန်စွာ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် အင်အားစုအသီးသီး ပါဝင်သော တတိုင်း တပြည်လုံးဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ဆောင်ရွက်သင့်ကြောင်း၊ သိုမဟုတ်ပဲ ယ္ခင် စစ်အုပ်စု ဟောင်းခေတ်ကလို လိမ်နည်း၊ လှည့်နည်း၊ အချိန်ဆွဲနည်းများဖြင့် ကျင့်သုံးပြီး လိုအပ်ပါက အကြမ်းဖက် ဖြေရှင်းနည်းကိုသာ သုံးပါက ပိုမိုဆိုးဝါးလှသော သမိုင်းနိဂုံးချုပ်ခြင်းများကိုသာ ဦးသိန်းစိန် အစိုးရ အနေဖြင့် ရင်ဆိုင်ရ လိမ့်မည်ဖြစ်ကြောင်း ရေးသား တောင်းဆိုထားပါသည်။

အပြည့်အစုံ ဖတ်ရန် ...