Tuesday, August 9, 2011

၂၃နှစ်မြောက် ၈လေးလုံး အခမ်းအနား KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပ

ကေအိုင်အို ဌာနချုပ်က ၈၈၈၈ နှစ်ပတ်လည် အခမ်းအနား 8/8/2011 (ဓါတ်ပုံ MG/S.H.A.N.)

မကြာသေးမီကမှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ၌ ပြန်လည်အခြေချ ဖွဲ့စည်းခွင့် ရရှိသော မြန်မာနိုင်င်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း အဖွဲ့ သည် ၂၃ နှစ်မြောက် ၈ လေးလုံး လူထု အရေးတော်ပုံ အခမ်းအနားကို KIO ဌာနချုပ် လိုင်ဇာမြို့၌ ယနေ့ တခမ်းတနား ကျင်းပကြောင်း သိရသည် ။

၎င်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီခန့်အထိ လိုင်ဇာမြို့ ခန်းမတွင် ကျင်းပခဲ့ရာ KIO ၊ ချင်းအမျိုး သားတပ်မတော် ၊ ရခိုင်တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် အပါအဝင် မဟာမိတ်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ ဒေသခံများ စုစုပေါင်း အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည် ။

၁၉၉၄ ခုနှစ်က KIOနှင့် နဝတစစ်အစိုးရတို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်အပြီး ၁၉၉၇ ခုနှစ်တွင် KIO ထိန်းချုပ် နယ်မြေ အတွင်းမှ ABSDF (NB) ထွက်ခွာခဲ့ရာ ၄င်းအဖွဲ့အား လွန်ခဲ့သည့်လပိုင်းက KIO နယ်မြေအတွင်း ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည် ။

source by : http://www.mongloi.org