Sunday, August 7, 2011

(၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ အခမ်းအနား (အော်ရီဂွန်ပြည်နယ်)



















အော်ရီဂွန်ပြည်နယ် မြန်မာ့ ဒီမိုကရေစီ အင်အာစုများမှ (၂၃)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အခမ်းအနားကို သြဂုတ်လ (၆)ရက်၊၂၀၁၁ တွင် ပေါ့တ်လန်းမြို့မှာ အောင်မြင်စွာ ကျင်းပခဲ့ကြပြီး စုစုပေါင်း လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို အခမ်းအနားမှုးမှ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး အလေးပြုခြင်း ၃ရပ်ဖြင့် စတင် ခဲ့ပါသည်။

အခမ်းအနားသို့ ဝါရင့်နိုင်ငံရေးသမားကြီးများ၊ ABSDF ရဲဘော်ဟောင်းများ၊NLD ပါတီဝင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဝင်များ၊ ကရင်၊ ကရင်နီ၊ မွန်၊ဇိုမီး၊ ကချင် နှင့် အခြားသော အမေရိကန်မိတ်ဆွေတချို့ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့် အဖွဲ့အစည်းအသီးသီး၏ သဝဏ်လွှာများကို ဖတ်ကြား ခဲ့ကြပြီး အင်အားစု အသီးသီးများမှ ကိုယ်စားလှယ်များက ရှစ်လေးလုံး အတွေ့အကြုံနှင့် လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီ အင်အားစုများ(အော်ရီဂွန်ပြည်နယ်) ၏ ထုတ်ပြန် ကြေငြာချက် ကိုလည်း တက်ရောက် လာသူများအား ဝေငှခဲ့ကြသည်။

၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ဦးသိန်းစိန် အစိုးရ အနေဖြင့် ယ္ခုလက်ရှိ အခြေအနေများကို မှန်ကန်စွာ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် အင်အားစုအသီးသီး ပါဝင်သော တတိုင်း တပြည်လုံးဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ဆောင်ရွက်သင့်ကြောင်း၊ သိုမဟုတ်ပဲ ယ္ခင် စစ်အုပ်စု ဟောင်းခေတ်ကလို လိမ်နည်း၊ လှည့်နည်း၊ အချိန်ဆွဲနည်းများဖြင့် ကျင့်သုံးပြီး လိုအပ်ပါက အကြမ်းဖက် ဖြေရှင်းနည်းကိုသာ သုံးပါက ပိုမိုဆိုးဝါးလှသော သမိုင်းနိဂုံးချုပ်ခြင်းများကိုသာ ဦးသိန်းစိန် အစိုးရ အနေဖြင့် ရင်ဆိုင်ရ လိမ့်မည်ဖြစ်ကြောင်း ရေးသား တောင်းဆိုထားပါသည်။