အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို
တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

NEJ / ၂၅ စက်တင်ဘာ ၂၀၀၉
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ပြောကြားလိုက်သည်။
 “နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က direct engagement လုပ်ဖို့ရယ် sanction ကိုလည်း ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ပြောတယ်။ အဲဒါကို ကျနော်တို့ပြောကြတော့ ဒေါ်အောင်ဆန်းစုကြည်က direct engagement က ကောင်းတာပေါ့တဲ့။ အရင်ကတည်းကလည်း သူလည်းကြုံကြိုက်တဲ့အခါတိုင်း ပြောနေတာပဲတဲ့။ direct engagement လုပ်တဲ့နေရာမှာတော့ အစိုးရနဲ့ချည်းပဲ မဟုတ်ဘဲ အတိုက်အခံတွေ၊ ဒီမိုကရေစီရေးသမားတွေနဲ့ပါ လုပ်ရင်ပိုပြီးတော့ အကျိုးရှိမယ်လို့ သူအဲလိုပြောပါတယ်” ဟု

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။
ဦးဉာဏ်ဝင်းနှင့် ရှေ့နေများသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကိစ္စ ဆွေးနွေးရန်အတွက် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားသည် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး ပြောင်းလဲလာမည့် မူဝါဒအသစ်နှင့်ပတ်သက်၍ မစ္စစ်ကလင်တန်က ယင်းသို့ ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူ အရာရှိ (၂) ဦးလာရောက်ပြီး အမေရိကန်အစိုးရက မူဝါဒအသစ်နှင့်ပတ်သက်၍ ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
ထိုသို့အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒအသစ်နှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ကြိုဆိုသော်လည်း သတိဖြင့် ဂရုတစိုက် ကြိုရမည်ဖြစ်သည်ဟု ခေတ်ပြိုင်သို့ပြောသည်။
အန်အယ်လ်ဒီအနေဖြင့် ကြေညာချက် ထုတ်ပြန်ရန် ရှိသော်လည်း မြန်မာနိုင်ငံအပေါ် သက်ရောက်သည့် နိုင်ငံခြားရေးပေါ်လစီ အတိအကျထွက်ပြီးမှ ထုတ်ပြန်မည်လား ဆိုသည်ကို ယနေ့ဆုံးဖြတ်ချက်အပေါ် မူတည်သည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။
မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါသည်။

၎င်းက“သူတို့ပြောတာတော့ အမေရိကန်နိုင်ငံခြားရေးဝါဒရဲ့ရှေ့ပြေးပေါ့ဗျာ။ပါတဲ့အချက်တွေကတော့ sanction ကတော့ ဆက်ရှိနေမယ်ပေါ့။ တဖက်ကလည်း တပ်မတော်အစိုးရနဲ့ engagement ပေါ့၊ ပိုမိုနီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို လုပ်သွားမယ်ပေါ့ဗျာ။ တချိန်တည်းမှာပဲ ဆန်ရှင်ကို တဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမဲ့ ဟာမျိုးကိုလည်း သူတို့ သဘောထားရှိတဲ့ သဘောပေါ့လေ။
ဒါဟာလည်း တဖက်က အစိုးရဘက်ကနေပြီးတော့ ကောင်းမွန်တဲ့ ပျော့ပျောင်းတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေ။နောက်ပြီးတော့ဖမ်းထားတဲ့အကျဉ်းသားတွေအစရှိသဖြင့်ပေါ့။ ဘက်ပေါင်းစုံက နေပြီးတော့ ပျော့ပျောင်းတဲ့အနေအထားမျိုးတွေ ပြသလာမယ်၊ ဆက်ဆံမှုတွေမှာတိုးတက်ကောင်းမွန်တဲ့ သဘောထားတွေရှိလာမယ် ဆိုရင်တော့ သူတို့ဘက်က တဖြည်းဖြည်းချင်း ဆုတ်သွားမယ်ဆိုတဲ့ သဘောမျိုး  ဆိုလိုတာဖြစ်တယ်” ဟု ရှင်းပြသည်။
ထိုသို့အမေရိကန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒအသစ်နှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ကြိုဆိုသော်လည်း သတိဖြင့် ဂရုတစိုက် ကြိုရမည်ဖြစ်သည်ဟု ခေတ်ပြိုင်သို့ပြောသည်။
၎င်းက “ကျနော်အနေနဲ့ အလွတ်သဘောပြောရရင်တော့ ဒါကို ဂရုတစိုက်ကြိုဆိုရမှာပေါ့ဗျာ။ အရှေ့တောင်အာရှအသင်းမှာလည်းပဲ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်မယ်ဆိုပြီးတော့ ဆယ်စုနှစ် တစုကျော်လောက် လုပ်လာခဲ့ပေမယ်လို့ တကယ်တမ်းကျ အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ ဒါပေမယ့် အခုပုံစံကတော့ အာဆီယံပုံစံနဲ့ဆို နည်းနည်းကွာခြားတယ်လို့ ယူဆဖွယ်ရာရှိတာပေါ့လေ။ သူက အပေးအယူသဘောထားအထိ ရောက်သွားမယ်ဆိုတဲ့ အနေမျိုးရှိတဲ့အခါကျတော့ တဖက်သတ်ရပ်ပြီး အပြုသဘောကြည့်ဆက်ဆံနေတဲ့သဘောမျိုး မဟုတ်ဘူး။ လုပ်ငန်းအနေနဲ့ ပါတဲ့ကိစ္စမျိုးကို ဆောင်ရွက်သွားဖို့၊ ဥပမာအားဖြင့် ဖြစ်နေတဲ့နိုင်ငံရေးပြဿနာ အကျပ်အတည်းတွေ၊ စီးပွားရေးအခက်အခဲတွေကို ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြေရှာရေး၊ ဒေါ်အောင်ဆန်းကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ အပါအ၀င်ကို တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးအဖြေရှာတဲ့ အနေအထားမျိုးကို ရောက်အောင်သွားဖို့လိုတယ် လို့တော့ ကျနော်တို့ကတော့ ပြောလိုက်တာပဲလေ” ဟု ပြောသည်။