Saturday, January 21, 2012

ကချင်ပြည်နယ်၊ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား

ကချင်ပြည်နယ်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ခဲ့ပါတယ်။ ဟိုပင်မြို့မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ဥပဒေမဲ့ ရမ်းကားတာတွေ မကြာခဏ ဖြစ်တာကြောင့် အမြဲလို စိုးရိမ်ထိတ်လန့်နေရပြီး လုံခြုံမှု ကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပြည့်စုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ နမ့်ခွင်ရွာက အဘ ဦးပြည်မောင်ရဲ့သား၊ မြန်မာ့ မီးရထားဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင် ကို ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီမှာ စကားများ ရန်ဖြစ်ရာကနေ ဟိုပင်အခြေစိုက် ခမရ (၃၈၈) က ဗိုလ်ကြီးတစ်ဦးက ပစ်သတ်ခဲ့တာပါ။ သေဆုံးသူရဲ့ အိမ်နီးနားချင်းနေထိုင်သူ၊ အခင်းဖြစ်ပွားတဲ့ နေရာအနီးက မြို့ခံတစ်ဦး ပြောပြတာက -

“လူသတ်ပြီးတော့မှ သူတို့က အလောင်းပါ ဖျောက်ဖို့လုပ်တဲ့ အစီအစဉ်ပဲဗျ။ ဟိုပင်ကတပ်ပဲ။ စွမ်းထက် ဆိုင်ကယ်ပြင်ဆိုင် ဆိုတာက ၀ပ်ရှော့ဆရာ နှစ်ဦး။ သူတို့က အဲဒီထဲမှာ မူးနေတာ၊ ဟိုပင်ဘူတာကနေ ဂျမဒါလေး လမ်းခွဲဆိုင် ခေါ်တာပေါ့။

ဇော်ဇော်နိုင်ရယ်၊ နိုင်ကိုကိုရယ်၊ ဇော်ထွန်းနိုင်ရယ်၊ ရဲမင်းထွဋ်ရယ်၊ အဲဒီကောင်လေး ၄ ယောက်က အဲဒီစားသောက် ဆိုင်ထဲမှာ သွားပြီးတော့ အရက်သောက်တာ။ စကားများကြတာက ဘယ်လိုတွေ များကြတယ်တော့ မသိဘူး။ စကားများရာကနေပြီးတော့ အဲဒီ ဗိုလ်ကြီး ဆိုတာကနေပြီးတော့မှ သူ့ထဲမှာပါလာတဲ့ ပစ်စတိုနဲ့ ဇော်ဇော်နိုင်ကို ပစ်ထည့်လိုက်တာ ဦးနှောက် ပွင့်သွားတယ်။ ဇော်ဇော်နိုင် အဲဒီမှာတင် ပွဲချင်းပြီး သေရောဗျာ။”

ရထားဝန်ထမ်းလေးကို ပစ်သတ်ယုံသာမက ဆိုင်ထဲမှာ သေနတ် ပစ်ဖောက်မှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဆိုင်ရှင်က လူသတ်မှုနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲက ရောက်လာချိန်မှာ အလောင်းကို ရှာမတွေ့ဘဲ တရားခံဖြစ်သူ ဗိုလ်ကြီးက အလောင်းဖျောက်ဖျက်မှုကိုပါ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းမှူးနဲ့ ရဲအုပ် အဖွဲ့က ရောက်လာတော့ ခုနကသေသွားတဲ့သူရဲ့ အလောင်းက မရှိတော့ဘူး။ ဒါပေမဲ့ အဲဒီ ဆိုင်ရှင်က ပြောတာက ခုနကတုန်းက ဗိုလ်ကြီးက အဲဒါကို ဆိုင်ကယ်နဲ့ သယ်သွားတယ်။ အဲဒါ ဆေးရုံကို ပို့မယ်လို့ ပြောတယ် ဆိုပြီးတော့ သူတို့ လိုက်ကြတော့၊ ရဲတွေလည်း အလောင်းလိုက်ရှာကြတာ။ တစ်မိုင်ကုန်းဆိုတာ ရှိတယ်။ ဟိုပင်ရဲ့ အနောက်တည့်တည့်မှာပဲလေ။ အဲဒီမှာ သင်္ချိုင်း မီးသဂြုင်္ိဟ်စက် ရှိတယ်။ မီးသဂြုင်္ိဟ်စက်က တောင်ပေါ်မှာ တည်ထားတာလေ။ တောင်စောင်းမှာကျတော့ သူတို့ မီးသဂြုင်္ိဟ်စက်က ထွက်လာတဲ့ ပြာတွေမီးသွေးတွေကို အလောင်းတွေရှို့ပြီးတော့မှ ထွက်တဲ့ဟာတွေကို စွန့်ပစ်တဲ့ ချောက်တွေ ရှိတယ်လေ။

အဲဒီကြားထဲကို သူတို့က မီးသွေးတွေ ပြာတွေစွန့်ပစ်တဲ့ဘက်ကို အလောင်းကြီးကို ပစ်ထည့်လိုက်တာကိုး။ အောက်ကို တော်တော်လေး၊ ပေ ၅၀ လောက်ကျပြီးမှ အဲဒါ မီးတွေ ဘာတွေ ထွန်းပြီးတော့ ရှာကြတော့ အဲဒါ သင်္ချိုင်းမြေထဲကနေ အဲဒီအလောင်းကို ရှာတွေ့တာပေါ့ဗျ။ ခမရ ကိုတော့ ရဲကနေ အကြောင်းကြားတာဗျ။ ရဲကနေ အကြောင်းကြားတော့ အဲဒီက တပ်ရင်းဗိုလ်ကြီးက အဲဒီကောင်ကို ဖမ်းထားလိုက်ပြီလို့ ပြောတယ်။”

အလောင်းကိုတော့ ဟိုပင်က သင်္ချိုင်းဘေးက ချောက်ထဲမှာ မနက် ၃နာရီကျော်မှ ရဲတွေက ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုပင်မှာ ညနေ ၇ နာရီ ကျော်တာနဲ့ လမ်းပေါ် မထွက်ရဲကြဘဲ သေနတ်သံတွေက အမြဲလိုလို ကြားနေရပြီး တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် လူထုတွေအနေနဲ့ ထိတ်လန့် ကြောက်ရွံ့နေရတယ် လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဆီမှာ လူရမ်းကားတွေ လုပ်ချင်တိုင်းလုပ်လို့ မရအောင် တရားဥပဒေ စိုးမိုးရေးက မရှိတော့ ညနက်နက်ဆိုရင် အရက်တွေမူး၊ သေနတ်တွေ တဒိုင်းဒိုင်းပစ်။ ကျုပ်တို့လူထုက တော်တော်ကို စိတ်ညစ်နေရတယ်လေ။ အခုဆို အဲဒီသင်္ချိုင်းကို ဒီကနေ့ ၂ နာရီမှာ ကျနော်လည်း လိုက်သွားတယ်။ မီးသဂြုင်္ိဟ်တာလေ သူတို့ နမ့်ခွင်ရွာကလူတွေ ၃၀၀ လောက်လာတာ။ ကားတွေနဲ့၊ ကားကြီးတွေနဲ့ လာကြတာ။ လိုက်ပို့ကြတယ်လေ။ လူတွေက တောက်တခေါက်ခေါက်နဲ့ ပေါ့ဗျာ။

တကယ်ကျတော့ သေနတ်က ပြောမယ်ဆိုရင် တိုင်းပြည်ကာကွယ်ဖို့ပေါ့ဗျာ၊ ပြည်ပရန် ကာကွယ်ဖို့ ပေးထားတာပဲဗျာ။ ကိုယ့် ရွာသူရွာသားချင်း ပစ်ဖို့မှမဟုတ်တာ။ ထစ်ခနဲရှိ ဒီလိုပစ်သတ်ကြေးဆို ခက်ရပေရဲ့။”

သေဆုံးသူ အလံကိုင် ရထားဝန်းထမ်းလေးဟာ အသက် ၂၄ နှစ်ဟာ ရှိသေးပြီး အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးလာတာ မကြာသေးဘဲ အလုပ်ဝင်လုပ်နေတာလို့ ဆိုပါတယ်။ ဒီလို ပစ်သတ်မှုနဲ့ပတ်သက်လို့ ဟိုပင်ဘူတာကို ဆက်သွယ်မေးမြန်းတဲ့အခါ ပြောပြဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်က ဆိုင်ရှင်ကတော့ ပ နံပါတ် ၃/၂၀၁၂၊ ရာဇ၀တ်ပုဒ်မ (၃၀၂) အရ ရဲကို အမှုဖွင့် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ တရားခံနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းအနေနဲ့ အရေးယူ ဆောင်ရွက်ခြင်း ရှိမရှိကို မေးမြန်းဖို့အတွက် ဟိုပင်ရဲစခန်းကို ဆက်သွယ်တဲ့အခါမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အသံဖိုင် နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ရေးတို့အတွက် ရည်စူး၍ ၈၈မျိုးဆက် ကျောင်းသားများ အပါအဝင် နိုင်ငံရေးအင်အားစုများ ရွှေတိဂုံဘုရားတွင် ဆီမီးပူဇော်


(Photo - Yangon Media Group)

Copy @ http://drlunswe.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)





source by : http://www.youtube.com/user/mgbamar1969

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်




၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်


၁။ ကျွန်ုပ်တို့ ၈၈မျိုးဆက် ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေကြသူများ ဖြစ်သည်။

၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်း မှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။

၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည် သည်။

၎။ စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈မျိုးဆက် ကျောင်းသားများ အနေဖြင့် အားပေးဝန်းရံသွားမည်။

၅။ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေသော တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်များမှ တစ်ဆင့် ပိုမို ကျယ်ပြန့် ပြည့်စုံသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသား အင်အားစု အားလုံးနှင့် လက်တွဲ ဆောင်ရွက် သွားမည်။

၆။ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်း နိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည် လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာ ရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မား လာစေရေး အတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံး ဆောင်ရွက်မှုများ၊ အိမ်နီးချင်း နိုင်ငံများအပါအ၀င် နိုင်ငံတကာ မိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်း ဆောင်ရွက်မှုများအား အားပေး ထောက်ခံသွားမည်။

၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နိုင်ငံတော် သမ္မတဦးဆောင်သည့် အစိုးရ အဖွဲ့၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တပ်မတော် အင်အားစု၊ နိုင်ငံရေးပါတီ အသီးသီး၊ တိုင်းရင်းသား အင်အားစုများ အပါအ၀င် မြန်မာ့ လူ့အဖွဲ့စည်း တစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်း ဆောင်ရွက်သွားမည်။

၉။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး ကြိုးပမ်းမှုများတွင် အားပေး ကူညီ ထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာ မိသားစုများနှင့် လက်ရှိပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူ အားလုံးအား ကျွန်ုပ်တို့ ၈၈မျိုးဆက် ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ

source by : http://komoethee.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 19, 2012

ရွှေညဝါဆရာ​တော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်


ရွှေညဝါဆရာ​ တော် ဦး​ပညာသီဟက သူသီတင်း​သုံး​နေတဲ့​ သာဓု​ကျောင်း​တိုက်က​နေ ဒီက​နေ့က စလို့ တလအတွင်း​ ထွက်ခွာပါမယ်လို့ ဝန်ခံကတိပြုလိုက်ပါတယ်။

ဇန်နဝါရီ ၁၉ ရက် မွန်း​လွဲပိုင်း​က ရန်ကုန်တိုင်း​ သံဃာ့​မဟာနာယက ရုံး​မှာ ပြုလုပ်ခဲ့​တဲ့​ ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော်သံဃာ့​မဟာနာယက အဖွဲ့ဝင်ဆရာ​တော်ကြီး​များ​ ၊​သက်ဆိုင်ရာ တာဝန်ရှိသူများ​နဲ့ ​တွေ့ဆုံအပြီး​မှာ ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာခဲ့​တာ ဖြစ်ပါတယ်။

အဲ့​ဒီစာကို လက်ဝယ်ရရှိထား​တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ခုလို ဖတ်ပြပါတယ်။

“သာဓုအ​နောက်ရပ်ကွက်၊​ သာဓု​ကျောင်း​တိုက်​နေ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟအား​ ​ကျောင်း​တိုက်မှ ဖယ်ရှား​ရန် ညွှန်း​ကြား​မှုနဲ့​ စပ်လျဉ်း​၍ မြို့နယ်၊​ ရပ်ကွက် သံဃာ့​နာယက အဖွဲ့ဝင် ဆရာ​တော်များ​။ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟကိုပါ ပင့်​ဖိတ်၍ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ​၏ ​ရှေ့မှောက်တွင် အကောင်အထည်ဖော်​ ဆောင်ရွက်ခဲ့​ရာ ​အောက်​ဖော်ပြပါအတိုင်း​ ဝန်ခံကတိပြု လက်မှတ်​ရေး​ထိုး​ပါသည်တဲ့​။

ဝန်ခံကတိပြုချက်-

(က) ၁၉ရက် ၁လ ၂၀၁၂ခုနှစ်မှစ၍ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟသည် ၁၉ရက် ၂လ ၂၀၁၂ခုနှစ် တနင်္ဂ​နွေ​နေ့ ၁၆နာရီ ၃ဝမိနစ် အချိန် ​နောက်ဆုံး​ထား​ သာဓု​ကျောင်း​တိုက်မှ ထွက်ခွာ​ပေး​ပါမည်ဟု ဝန်ခံကတိပြုပါသည်။

(ခ) ​ကျောင်း​တိုက်မှ မထွက်ခွာမီ ကာလအတွင်း​ သာဓု​ကျောင်း​တိုက်၌ သီတင်း​သုံး​နေထိုင်သမျှ ကာလပတ်လုံး​ ပြသနာ တစုံတရာ မဖြစ်ပွား​စေရန်နဲ့​ သံဃာ့​အဖွဲ့​အစည်း​ စည်း​မျဉ်း​စည်း​ကမ်း​များ​နဲ့​ အညီ ငြိမ်းချမ်း​စွာ သီတင်း​သုံး​နေထိုင်၍ ထွက်ခွာသွား​မည် ဖြစ်​ကြောင်း​ ဝန်ခံကတိပြုပါသည်။

ဦး​ပညာသီဟ(​ရွှေညဝါ)” လို့ ပါရှိပါသည်။

ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့ တိုင်း​သံဃာ့​နာယကအဖွဲ့ ဥက္ကဋ္ဌဆရာ​တော်နဲ့​ အကျိုး​တော်​ဆောင် အဖွဲ့ဝင် ဆရာ​တော် စုစု​ပေါင်း​ သံဃာ​တော် ၁၀ ပါး​က အစည်း​အ​ဝေး​ပြုလုပ်ပြီး​ ဆုံး​ဖြတ်ခဲ့​တာဖြစ်ပါတယ်။

အစည်း​အ​ဝေး​ကို ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့က လူမှု​ရေး​ဝန်ကြီး​နဲ့ တိုင်း​သာသနာ​ရေး​မှူး​တို့​ တက်​ရောက်ခဲ့​ကြတယ်လို့​လည်း​ သိရပါတယ်။

ဆရာ​တော်ကိစ္စ ​တွေ့ဆုံခဲ့​ကြတဲ့​ ရန်ကုန်တိုင်း​၊​ သံဃာ့​မဟာနယက ရုံး​ရှေ့မှာ မွန်း​လွဲ တနာရီမတိုင်မီ အ​စောပိုင်း​ကတည်း​က အရှင်ဂမ္ဘီရ အပါအဝင် အကျဉ်းထောင်အသီး​သီး​က လွတ်​မြောက်လာခဲ့​ကြတဲ့​ ဆရာ​တော်​တွေနဲ့​ တပည့်​ ရဟန်း​သံဃာ​တွေ ဒါယကာ​တွေ၊​ သတင်း​ထောက်​တွေ စုစု​ပေါင်း​ လူအင်အား​ ၅ဝဝ​လောက် စု​ဝေး​ရောက်ရှိခဲ့​ကြပြီး​ လုံခြုံရေး​လည်း​ အထူး​ပဲ တင်း​တင်း​ကျပ်ကျပ် ချထား​ခဲ့​ပါတယ်။

ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာပြီး​တဲ့​နောက် ဆရာ​တော်ဟာ သီတင်း​သုံး​တဲ့​ သာဓု​ကျောင်း​တိုက်ကို မွန်း​လွဲ ၃ နာရီ​လောက်မှာ ပြန်လည် ​ရောက်ရှိ​နေပြီး​ စု​ဝေး​ခဲ့​ကြတဲ့​ ပရိသတ်​တွေလည်း​ ​အေး​အေး​ချမ်း​ချမ်း​ရှိတဲ့​အ​ကြောင်း​ ဆရာ​တော်နဲ့​ အတူရှိ​နေသူ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။

ဆရာ​တော်ဟာ မွန်း​လွဲ ၃ နာရီခွဲ​လောက်မှာ သာဓု​ကျောင်း​တိုက်ထဲ စု​ဝေး​ရောက်ရှိ​နေကြတဲ့​ တပည့်​သံဃာ ဒါယကာ ၅၀၀ ​လောက်ကို ဩဝါဒစကား​ မြွက်ကြား​ခဲ့​ပါတယ်။ အဲ့​ဒီမှာ ဝန်ခံကတိ လက်မှတ်ထိုး​ခဲ့​တာနဲ့ ပတ်သက်ပြီး​ အချက်တခုကို ဆရာ​တော်က ခုလို မိန့်​ကြား​ခဲ့​ပါတယ်။

“ဘုန်း​ကြီး​အ ​နေနဲ့​ ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​တဲ့​ ဒီနည်း​လမ်း​အ​ပေါ်မှာ သတ္တိမရှိဘူး​လို့​ မထင်မြင် မယူဆ​စေချင်ပါဘူး​။ ဘုန်း​ကြီး​က သတ္တိရှိတယ်လို့​ ကိုယ့်​ကို ကိုယ်ယုံကြည်ပါတယ်။ ဒါသတ္တိနဲ့​ မဆိုင်ပါဘူး​။ တိုင်း​ပြည်နဲ့​ တို့လူမျိုး​တွေ ဒီမိုက​ရေစီအရသာ​တွေနဲ့​ ​တွေ့​ခါနီး​ဆဲဆဲ အချိန်မှာ ​ဝေး​ကွာသွား​မှာ သိပ်စိုး​ရိမ်တယ်။

ဘုန်း​ကြီး​ကြောင့်​ အပြစ်လည်း​ မဖြစ်​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ပဋိပက္ခပြဿနာ​တွေ မကြီး​ထွား​ ​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ဆူပူအုံကြွမှု​တွေ မဖြစ်​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ဆူပူအုံကြွမှု​တွေ လှုပ်ရှား​မှု​တွေ ဖြစ်သွားရင် သံသရာ တပတ် ​နောက်လှည့်​သွား​ရင် တို့​တိုင်း​ပြည် တို့လူမျိုး​တွေ နစ်နာသွား​မှာ စိုး​ရိမ်လို့​ အ​ကောင်း​ဆုံး​ အငြိမ်း​ချမ်း​ဆုံး​ကို ​ရွေး​ချယ်ပြီး​တော့​ ဘုန်း​ကြီး​ ကိုယ်တိုင် ဝန်ခံလက်မှတ်ကို ထိုး​ခဲ့​တာပါ။”

ပြီး​ ခဲ့​တဲ့​နှစ် စက်တင်ဘာလအတွင်း​ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချူပ်မှာ ဩဝါဒစကား​ ချီး​မြှင့်​ခဲ့​တဲ့​အ​ပေါ် တရား​မ​ဟောဖို့​ တနှစ် ပိတ်ပင်ထား​ချက်ကို ချိုး​ဖောက်တယ်ဆိုပြီး​ ခုလို အ​ရေး​ယူ ​ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။

ရွှေညဝါဆရာ​ တော်ဟာ ကြည့်​မြင်တိုင်မြို့​နယ်အတွင်း​ရှိ သာဓုပရိယတ္တိ စာသင်တိုက်ထဲမှာ ၂၀၀၄ခုနှစ်က စလို့​၊​ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်​ထောင်ဖွင့်​လှစ်ပြီး​ ဗုဒ္ဓစာ​ပေ​တွေကို ​ခေတ်နဲ့​အညီ သင်ကြား​ ပို့​ချ​ပေး​နေတဲ့​ ဆရာ​တော်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ​ကျောင်း​တိုက်အတွင်း​ စာသင်သား​သံဃာ​တော်​တွေ အပါအဝင် သံဃာ​တော်အပါး​ ၅၀၀ ​လောက် သီတင်း​သုံး​ ​နေထိုင်လျက်ရှိပါတယ်။

ရွှေညဝါဆရာ ​တော်ဟာ ဒီ​နေ့​မွန်း​လွဲ ၃ နာရီခွဲ​လောက်က သာဓု​ကျောင်း​တိုက်အတွင်း​ တပည့်​သံဃာ၊​ ဒကာ ဒကာမ ၅၀၀ ​လောက်ကို ဩဝါဒစကား​ပြောကြား​ခဲ့​ပါတယ်။ အောက်ပါအသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။



source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အကြိုပွဲ(ရုပ်/သံ)



စာရေးဆရာ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ (၉၃)နှစ်မြောက် မွေးနေ့ အကြိုပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ် ရှိ မဟာသန္တိသုခ ကျောင်းတိုက်မှာ ဇန်နဝါရီလ (၁၈) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဆရာကြီးဟာ ၁၉၃၄ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်းမှာ မြိုင်သဇင် ကလောင် အမည်နဲ့ မှုံပြာရီ ဝတ္ထုကို စတင် ရေးသားခဲ့ ပြီး နောက်ပိုင်းမှာ ဒဂုန်တာရာ အမည်ကို ခံယူခဲ့ပါတယ်။

ဆရာကြီးဟာ ကလောင်အမည် အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး စတဲ့ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးတွေကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

လာမည့် မေလ (၁၀) ရက်နေ့ဟာ ဆရာကြီးဒဂုံတာရာရဲ့ အသက် (၉၃)နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။


source by : http://www.youtube.com/user/BurmaVJMedia


အပြည့်အစုံ ဖတ်ရန် ...

ရွှေည၀ါဆရာတော်အရေး ၈၈ ကျောင်းသားများ သဘောထားဖေါ်ထုတ်

ရန်ကုန် ကြည့်မြင်တိုင်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော်ကို အရေးယူဖို့ မနက်ဖြန်မှာ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ကြားနာမယ့် ကိစ္စကို ပြေပြေလည်လည် ဖြစ်စေချင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။


ရွှေညဝါ ဆရာတော် ဦးပညာသီဟ ကို ၈၈ မျိုးဆက် ကျောင်းသားများက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် သွားရောက် ဖူးမြော်နေကြစဉ်။ (Photo courtesy of YPI)

မနက်ဖြန် မွန်းလွဲပိုင်း ရန်ကုန် ဗဟန်းမြို့နယ် ကြားတောရလမ်း တိုင်း သံဃာ့ မဟာနာယက အဖွဲ့ရုံးမှာ ရွှေညဝါ ဆရာတော်ကို စစ်ဆေးကြားနာ အရေးယူဖို့ ရှိပါတယ်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ အနေနဲ့ ဒီကနေ့ ညနေမှာ ရွှေညဝါ ဆရာတော်ကို သွားရောက် ဖူးမြော်ခဲ့ကြပါတယ်။

နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဘယ်လိုပဲ ထွက်ပေါ် လာပါစေ ရွှေညဝါ ဆရာတော်နဲ့ အတူ တစ်သားတည်း ရပ်တည်သွားမှာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုဂျင်မီက အာအက်ဖ်အေကို ပြောပါတယ်။

“ဆရာတော်ကြီးတွေက ခေါ်ယူဆိုဆုံးမမယ် ဆိုလို့ရှိရင် ရိုရိုကျိုးကျိုး နာခံပါ့မယ်၊ ဝန်ခံပါ့မယ် လို့လည်း ကျွန်တော်တို့ကို ပြောလိုက်ပါတယ်။

အဲဒီတော့ နက်ဖြန် ထွက်လာမယ့် အဖြေဟာ အရေးယူတဲ့ ပုံစံမျိုး မဟုတ်ဘဲနဲ့ ဆိုဆုံးမခြင်း ဆိုရင်တော့ ပိုပြီး သင့်တော်ပါလိမ့်မယ်။ အရေးယူတယ် ဆိုတာထက် ဆိုဆုံးမမှုကို ပြုလုပ်စေချင်တဲ့ သဘော ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောချင်တယ်ဗျ။

ဆရာတော် ဘုရားကြီးကိုလည်း လျှောက်ထားပါတယ်။ ဆရာတော် ဘုရားကြီးက မေတ္တာရဲ့ အင်အားကို အစွမ်းကုန် ပြသသွားမယ်၊ အနိမ့်ဆုံးဘဝ ရောက်ပါစေ၊ တရားတော်နဲ့ အညီ စိတ်ရှည် သည်းညည်းခံပြီး သူ့ခန္တီစကို ပြသွားမှာ ဖြစ်တဲ့ အတွက် ဆရာတော် ဘုရားကြီး ဘယ်အခြေအနေပဲ ရောက်ရောက် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဆရာတော်ကြီးဟာ ဆရာ ဒကာဆိုတဲ့ သစ္စာတရားဟာ ဘယ်တော့မှ ပျက်သွားမှာ မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်”

ရွှေညဝါ ဆရာတော်ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ပြီးခဲ့တဲ့နှစ် အတွင်း တရားဟောခွင့် ပိတ်ပင်ထားချိန်မှာ ဆရာတော်ကို မန္တလေးတိုင်း NLD ရုံးက ဆွမ်းပင့်ဖိတ်ခဲ့တဲ့ အတွက် ကြွရောက်ပြီး တရားချီးမြှင့်ရာက ဆရာတော်ကို အခုလို အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာတာပါ။

ရွှေညဝါ ဆရာတော်ကို ဒီကနေ့ သွားရောက် ဖူးမြော်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ် မေးမြန်းချက် နားဆင်ရန်

http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ရွှေညဝါဆရာတော်နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ(ရုပ်/သံ)



ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်က ရွှေညဝါကျောင်းတိုက်ကို လာရောက်ပြီး ရွှေညဝါဆရာတော် ဦးပညာသီဟကို အားပေးစကား ပြောကြားခဲ့ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

အသနားခံစာ ပယ်ချခံရမှုအပေါ် ပေးဆပ်ဖို့ ၀န်မလေးတဲ့ ရွှေည၀ါဆရာတော်ရဲ့ပြောဆိုချက်များ(ရုပ်/သံ)



၁၅.၉.၂၀၁၁နေ့က မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအပေါ်ထပ်ကို ပင့်လျှောက်လာသဖြင့် ကြွရောက်သြ၀ါဒတရာ ပြောကြားခြင်းသာဖြစ်တယ်။

အဲဒီလို သြ၀ါဒ တရားပြောကြားပေးတဲ့ကိစ္စနဲ့ ပက်သက်ပြီး ငါ့စိတ်ထဲမှာ ဘာမှ နောက်ပိုင်း ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ဘူး။

မမျှော်လင့်တဲ့အရာက မမျှော်လင့်တဲ့အချိန်မှာ အခုလို အကြောင်းပြ စွဲချက်တင်ပြီးတော့ အရေးယူမှုတွေ ပေါ်လာတဲ့အခါကျတော့ အလွန်အံ့သြသွားတယ်။






၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ကြွရောက်ပြီး သြ၀ါဒတရား ဟောကြားခဲ့တဲ့အတွက် ရွှေညဝါ ဆရာတော်ကို အရေးယူပေးဖို့ သံဃာ့မဟာ နာယက အဖွဲ့က ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

အခုလို လုပ်တာဟာ NLD နဲ့ ရဟန်း သံဃာတော်တွေ အဆက်ဆံ မရှိအောင် ဓါးစာခံ ထိုးဆောင်ရွက်တဲ့ အနေထား ယူဆရလို့ ရကြောင်း ပေးဆပ်မှုတွေနဲ့ ထုံမွေ့ လာတာဖြစ်လို့ ပေးဆပ်ဖို့ ၀န်မလေးကြောင်းကိုလည်း ရွှေည၀ါဆရာတော်မှ ပြောကြားခဲ့ပါတယ်။

ရွှေညဝါဆရာတော်ရဲ့ တပည့် သံဃာတော်တွေ ဒယကာ၊ ဒယာကမတွေ နိုင်ငံရေးသမားတွေက ၀ိုင်းဝန်း လက်မှတ်ထိုးထားတဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားတဲ့ အသနားခံစာကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မဟာနာယကအဖွဲ့ရဲ့ ပယ်ချခြင်းကိုခံခဲ့ရပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ABSDF (ကျောင်းသားတပ်မတော်) နှင့် အစိုးရ အကျိုးဆောင်အဖွဲ့ တွေ့ဆုံ



မြန်မာအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ အကြား ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် မြန်မာအစိုးရ ဘက်မှ စေလွှတ်သည့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့သည် ယမန်နေ့က ထိုင်း -မြန်မာနယ်စပ်သို့ လာရောက်ခဲ့ကြသည်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၏ တာဝန်ပေးချက်အရ ကရင်ပြည်နယ် ဥက္ကဌဟောင်းဖြစ်သူ ဗိုလ်မှူးကြီးစောခင်စိုး(ငြိမ်း) ဦိးဆောင်သည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့သည် ယမန်နေ့က ABSDF တာဝန်ရှိသူ အချို့နှင့် လာရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

၎င်းတွေ့ဆုံ ဆွေးနွေးပွဲတွင် ABSDF အဖွဲ့၏ တာဝန်ရှိသူများက ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အဖွဲ့၏ သဘောထားများကို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များမှတဆင့် ဦးအောင်သောင်း ထံသို့ ပေးပို့ခဲ့သည်။

အဆိုပါအဖွဲ့၏ သဘောထားများတွင် အစိုးရ၏ ကမ်းလှမ်းမှုကို အပြုသဘောဖြင့်လက်ခံပြီး စစ်မှန်သည့် တန်းတူညီတူ တွေ့ဆုံ ဆွေးနွေးမှုကို ကြိုဆိုသည်ဟုပါရှိကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးစောခင်စိုးက ABSDF အဖွဲ့အနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ အချိန်မရွေး ဆွေးနွေးနိုင်ကြောင်း၊ ဆွေးနွေးမှုနှင့် ပတ်သက်၍ အစိုးရဘက်က အရံသင့် ရှိသည်ဟု ပြောသည်။

တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ရေးအဖွဲ့သည် ယခုလ ၁၀ရက်နေ့က ABSDF အဖွဲ့ ထံသို့ တရားဝင် စတင် ဆက်သွယ်ခဲ့သည်။

မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် ABSDF အဖွဲ့သည် ယခုရက် ပိုင်းအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုသားပြန်လည်သင့်မြတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အဖွဲ့၏ ဒုဥက္ကဌ ကိုမျိုးဝင်းက “တန်းတူညီတူ ဆွေးနွေးရေးအတွက် ကမ်းလှမ်းမှုကို ကျနော်တို့ကြိုဆိုတယ်။ ဒီကမ်းလှမ်းမှုတွေကို ပြည်တွင်း ပြည်ပမှာရှိတဲ့ အင်အားစုအားလုံးရဲ့အကြံဥာဏ်တွေကိုယူပြီးမှ ဒီကိစ္စကို ဆုံးဖြတ်မှာ ဖြစ်တယ်။”ဟု ကရင်သတင်း ဌာနသို့ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ ဖားအံခရိုင်ရှိ ကော့မူးရာမြို့နယ် ၀မ်ခါ့စခန်းတွင် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ လက်နက်ကိုင်ကာ တိုက်ပွဲဝင်လျှက်ရှိသည်။


source by : http://www.kicnews.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 18, 2012

ကိုယ်ဝန်ဆောင် ကျောင်းဆရာမကို မြန်မာအစိုးရတပ်မှ ပစ်သတ်


ying-wang-hpakant

မြန်မာအစိုးရစစ်တပ် ခလရ ၅၈ မှ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကချင်ကျောင်းဆရာမ Mangshang Ying Wang အား ဖားကန့်လမ်း ကားမိုင်းတွင် မြေမြှပ် သဂြိုလ်နေပုံ။

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့် မြို့နယ်တွင် ကိုယ်ဝန်နှင့် ကျောင်းဆရာမတဦးသည် မြန်မာအစိုးရ စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကားမိုင် ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများပြောသည်။


ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့် ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာအစိုးရ စစ်ကြောင်းတခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။

ထိုနေ့ ညနေ ၄ နာရီတွင် လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။

ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာ တခု၊ အပြင်ဘယ်ဘက် ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာ တခု သာရရှိပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရသည်။


ying-wang

မြန်မာအစိုးရစစ်သားများ၏ ပစ်ခတ်မှုကြောင့် လည်ပင်းအရင်းတွင်ရရှိတဲ့ ဒဏ်ရာဖြင့် ကားမိုင်းဆေးရုံတွင် သေဆုံးခဲ့တဲ့ ဆရာမယိန်းဝမ်။

၎င်းတို့သည် ကားမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇုံနယ် ဆိုင်းဖရာ (Seng Hpra mare) ကျေးရွာမှဖြစ်ကာ ဆရာမမှာ ထိုကပ်မှော်ဇုံနယ်ရှိ ခွမ်စိုင်ဇွမ် (Hkumtsai Zup mare) ကျေးရွာမှ ကျောင်းဆရာမ တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။


source by :
http://kachinnews.com

အပြည့်အစုံ ဖတ်ရန် ...

Monday, January 16, 2012

သြစီ မှ ဘွဲ့ယူပြန်လာသော ညီတိုးငြိမ်း

အိမ်ရှေ့ခန်းမှ အလှချိတ်ထားသော ဘွဲ့ယူဓါတ်ပုံတခုထက် အခုရက်ပိုင်း အတွင်း လူပေါင်း ၅၀၀ ကျော်တို့ တစုတစည်းတည်း ရခဲ့သော ဘွဲ့က ပိုတန်ဖိုး ရှိသည် ထင်မိသည်။

ကျနော်တို့ ဘွဲ့ကား ချိတ်ဆွဲစရာ လက်မှတ်ဟူ၍ ထောင်လွှတ် ၀ါးရမ်း၊ တတ်ခဲ့သော အသိဆိုလို့ အုတ်တံတိုင်းတွေ သံတိုင်တွေ ကြား ပျင်းရိညည်းငွေ့စွာ နေထိုင်ရသော အကျဉ်းသား ဘ၀။ အမျိုးမျိုးသော အမှုအခင်းများကြောင့် ထောင်နန်းစံ လာရတဲ့ နိုင်ငံသားတို့ ဘ၀စုံ၊ အဖြစ်စုံ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သရုပ်သကန် ဒါတွေကို ကျနော်တို့ စူးစမ်းလေ့လာ လျှင် လေ့လာသလောက် သိလာသည်။

ကျနော်တို့ ရလာခဲ့သော အော်စီ ဘွဲ့သည် နိုင်ငံတခု စနစ် တခု ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အတွက် အရေးပါသော အခြေခံ အကြောင်းနှင့် အဆောတလျှင် ပြုပြင်ရမည့် ပျက်ခြင်းယွင်းခြင်း ယိုင်နဲ့ခြင်း ဖြစ်စဉ်များသာ ဖြစ်ပါတော့သည်။

နိုင်ငံ တနိုင်ငံကို ပြုပြင်ပြောင်းလဲလိုလျှင်၊ တိုးတက်စေလိုလျှင် ဒီနိုင်ငံက နိုင်ငံသားတို့ ဘ၀၊ စိတ်အခံ၊ အရည်အချင်းတို့ကို အရင်းခံအတိုင်း သိမှဖြစ်မည်။ ပျက်နေသော အရာကို မသိပဲ ကောင်းအောင် ပြင်ဖို့လှအောင်သာ လုပ်ဖို့ဆိုလျှင် ပြိုလုဆဲ တိုက်အိုကို ဆေးသုတ် သလို ဖြစ်ပါလိမ့်မည်။

ထောင်ထဲမှ နိုင်ငံ့ အကျဉ်းသားတို့သည် နိုင်ငံတော်၏ ပြယုဂ်၊ စနစ် တခု၏ အတွင်းအနှစ်သာရ ရုပ်ပြ၊ တရားစီရင်ရေး မဏ္ဍ်ုင် ၏ အမွေ၊ ဖြစ်ပေရာ .......................................................


ကျနော်တို့ တက်ခဲ့သော ကျောင်းတော်ကြီးတွင် နိုင်ငံသား အစုံ၊ လူမျိုး အဖုံဖုံတို့ အကြောင်းကို အကြွင်းအကျန် မရှိ သိခဲ့ရပါသည်။

ဇန်န၀ါရီ ၁၃ ရက် သတင်းပါ ပုဒ်မ ၄၀၁ လွတ်ငြိမ်းချမ်းသာခွင့် အရ ကျနော် အပါအ၀င် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်သွင်း အကျဉ်းချခံရတဲ့ ညီအကို မောင်နှမများစွာ ထောင်မှ လွတ်လာခဲ့ပါတယ်။

ညီတိုးငြိမ်း အမည်နဲ့ စာတိုပေစ လေးတွေ အတွေးစိတ်ကူး ကို အွန်လိုင်းအသုံးပြုပြီး ဖြန့်ဝေမှုနဲ့ ကျနော် နေမျိုးဇင် အင်းစိန် တောရ ထောင်ထဲမှာ ဆယ်လ နေခဲ့ရပါတယ်။ တရားသူကြီးက တော့ တရားခံ နေမျိုးဇင် ၏ ဂီမိန်း ( ရခိုင်တိုင်းရင်းသား ဖြစ်လို့(Gmail) ကို ဂီမိန်းလို့ အသံထွက်တာပါ။

သူ့ကို ကျနော် လေ့လာမိသလောက် အင်တာနက် ဆိုတာကို သူယဉ်ပါးဟန် မရှိပါ။) အတွင်းမှ တွေ့ရှိရသည် ဆိုသော စာတစောင် ( ထိုစာများမှာ စစ်သားလေးရေ ခေါင်းစဉ်ပါ အခု ဘလော့ စာမျက်နှာ မှ အောက် အပုဒ်ကို print လုပ်ထားသော စာရွက်များကို ရည်ညွန်းပြောတာပါ) ပါ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်သည့် အကြောင်းအရာများအရ ပြစ်မှုထင်ရှားသည်ဖြစ်၍ တရားခံ နေမျိုးဇင်အား ဆိုးရွားနေသော ကျမ်းမာရေးကို ထောက်ထားစာနာသော အားဖြင့် ထောင်ဒါဏ် ဆယ်နှစ်သာ ပြစ်ဒါဏ် ချမှတ်လိုက်သည်။

စကားသံ ၀ဲတဲတဲ အပြီး ခနနေတော့ လူစုစုပေါင်း (၇) ယောက်သာ (တရားသူကြီး ၁၊ ရှေ့နေ ၄၊ စာရေး လက်နှိက်စက် ၁၊ တရားခံ ကျနော် ၁) ၀င်ခွင့်ရသော ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၆ ရက် ၊ ကာလ နိုင်ငံရေး စပ်ကူးမတ်ကူး အချိန် ပြည်ထောင်စု မြန်မာနိုင်ငံတော် တရားစီရင်ရေး စနစ်၏ အထူးတရားရုံး ဆိုသော တိုက်ခန်းကျဉ်းငယ်လေး အတွင်းသို့ ကျနော့် မိခင်နှင့် ညီမငယ် တဦး တို့ ငိုယိုပြီး ၀င်လာကြသည်။ ဘယ်သူမှ သိခွင့် မရသေးသော စွပ်စွဲပြစ်တင်ချက်များ၊ ဘယ်သူမှ ၀င်ခွင့် မရခဲ့သော လေးလကြာ လျောက်လဲရင်ဆိုင် စစ်မေးချက်များကို ဘယ်သော တခြားသူ (မိဘဆွေမျိုးများပါ ၀င်ခွင့်မရှိ) မှ ၀င်ခွင့်မရခဲ့ပဲ တရားဆိုင်ကြပြီးနောက် ဘယ်သူမှ မထင်မှတ် ထားသော ပြစ်ဒါဏ် ဆယ်နှစ် ဆိုတာကြီးကို ကျနော် ခံယူရရှိလိုက်သည်။

ထိုအချိန်သည် လက်ရှိနိုင်ငံတော် သမ္မတဦးသိန်းစိန်မှ နိုင်ငံတော် အခြေပြု မိန့်ခွန်းပြော ကြားပြီးနောက် လေးလကျော် အကြာ အချိန်ဖြစ်ပြီး၊ အင်းစိန်ထောင်တွင်းသို့ ကမ္ဘာ့ကုလသမဂ္ဂမှ မစ္စတာ သောမတ်စ်ကွင်တားနား လာရောက်လေ့လာပြီး နောက် ၂ ရက်ဖြစ်သည်။

ကျနော်တို့ နိုင်ငံသည် ဒီမိုကရေစီ စနစ်ကို တည်ဆောက်ရန် စတင်ကြိုးပမ်းနေချိန်ဖြစ်ပါသည်။
ငိုနေသော မိခင်ကို ကျနော်မချော့နိုင်ပါ။ စကားနှစ်ခွန်းသုံးခွန်း ပြောပြီးနောက် SB အရာရှိတို့က ကျနော်ထိုင်နေသော လူနာတင်လက်တွန်းလှည်းလေးကို လာတွန်းပြီး ဓါတ်ပုံရိုက် ကာ ထောင်တွင်းသို့ ပြန်လည် ပို့ဆောင်ကြသည်မို့ အမေဖြစ်သူကို နှုတ်ဆက်စကား တခွန်းသာ ပါးလိုက်နိုင်ပါသည်။ အမေရော ညီမငယ်ပါ မှတ်မိမည် ထင်ပါသည်။

အဆိုကျော် ဦးခင်မောင်တိုး၏ တေးတပုဒ်မှ အပိုင်း အစတခုဖြစ်သည့် “ အများ အကျိုးအတွက် တာဝန် ထမ်း ရွက်တဲ့ အခါ တကယ် ကိုယ်ကျိုးစွန့်နိုင်မှ ” တဲ့ အမေ ။ အမေ့သား နိုင်ငံအတွက် လူမျိုး အတွက် ဘယ်လို အကျိုးပြု အလုပ်တွေ လုပ်ခဲ့သလဲ ဆိုတာ အမေတို့ အားလုံး သိပါတယ်။

အမေ ငိုပါတယ်။ သူ့သားကို ဆယ်နှစ်လုံးလုံး ဒီ တံတိုင်းဖြူနောက်မှာ ထားရတော့မယ်။ စားခြင်း။ နေခြင်း၊ သူက လူ့လောက ကောင်းကျိုးအတွက် ထမ်းရွက်မယ့် သားကောင်းရတနာ လေးဖြစ်ပါစေ ဆိုပြီး မွေးခဲ့တာ။ အခုတော့ စနစ်တခုရဲ့ အနည်အမွေ့ အကူးအသန်းကြား အများအတွက် ရည်စူးလုပ်ဆောင်ချက်ကိုပဲ အပြစ်ရယ်လို့ စွပ်စွဲပြီး သံတိုင်နောက် ၁၀ နှစ်လောက် ပို့ကြတော့မယ် အမေ။ ကျနော် ရင်ထဲကနေ စကားလေးတွေ ပြောမိပါတယ်။ အမေ မငိုနဲ့. ကျနော် စိတ်ထဲ တိတ်တိတ် ပြောမိသည်။ ရှိုက်ရင်း ထွက်ခွါသွားသော အမေ့ကျောပြင်ကို ကြည့်ရင်း ရဲကားပေါ် တွဲတင်တက်ကာ ကျနော် တပ်ထဲ နေစဉ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ကဗျာ အပိုင်းအစလေး တခု မှတ်မိသလောက် ပြန်တွေးနေမိသည်။

အာဏာရှင် ယာဇ် ပလ္လင်အောက်၊ ခေတ် ဆန်းချိန် ရောက်၊ တူးဆွ ကြည့်တော့၊ နိုးထသူတို့ ခေါင်းခွံများ


တဲ့ ........... ဒီတံတိုင်းမြင့်မြင့်ကြီးတွေ နောက်မှာ နိုးထသူတွေ အများကြီး နေနေကြပါတယ်။ အမေ စိတ်မပူနဲ့ ၊ ဘ၀တူ နိုင်ငံသားတွေ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ဖေးကူစောင့်ရှောက်ကြမှာပါ အမေ။ ခေတ်ဆန်းချိန် မရောက် တရောက်၊ အာဏာရှင်တို့ ယာဇ်ပလ္လင်အောက်မှာ လူမသိ သူမသိ လူသိ နစ်မြုပ်ခြင်းခံခဲ့ရတဲ့ ဦးခေါင်းခွံတွေ၊ အသက်၊ ဘ၀၊ သွေး၊ ချွေး စတေးပေးဆပ်ခဲ့တဲ့ ခေတ် အဆက်ဆက်က ဒီမိုကရေစီ သူရဲကောင်းတွေ၊ တရားမျှတမှု တည်ဆောက်နိုင်ဖို့ဘ၀နဲ့ ရင်းခဲ့တဲ့ လူမှန်လူကောင်းတွေ၊ အများအတွက် ပေးဆပ်ခဲ့တဲ့ လူ့အဖိုးတန်တွေ၊ စစ်အာဏာရှင် စနစ်ကို အံတုဖက်ပြိုင် ရင်ဆိုင် တွန်းလှန်ခဲ့တဲ့ ဘာမထီဇာနည် ပြည်ချစ်သားတို့ရဲ့ မွန်မြတ်သော ၀ိဥာဉ်တွေက ကျနော်တို့ကို ဖေးကူ သွေးဆက် အားတက် စေပါလိမ့်မယ် အမေ။

၂၀၁၁ ခုနှစ် အင်မတန် ပျော်ရွှင်ကြည်နူးဖွယ် သင်္ကြန်မတိုင်ခင် ဧပြီလ ၂ ရက်နေ့လည်မှာ ဆေးရုံကို သွေးလှူဖို့ အိမ်ကနေ ထွက်ဖို့ ပြင်နေတဲ့ ကျနော့်ကို SB သတင်းတပ်ဖွဲ့ အရာရှိတွေက ခန လိုက်ခဲ့ပါ ဆိုပြီး ခေါ်လာခဲ့တာ ခုဆို ဆယ်နှစ်ကြီးများတောင် သံတိုင်တွေ နောက် နေရအုန်းမှာပေါ့။ ဒီလို ဖမ်းမယ် ဆိုလည်း အစောကတည်းက ဖမ်းဆီးဝရမ်းနဲ့ တာဝန် အရဖမ်းပါတယ် လို့ ဘာလို့ မပြောရဲ တာပါလိမ့် ရဲကြီး ရယ်လို့ ဆိုမိရင်း ......... ဖြစ်ကြောင်းရယ် ကုန်စင် ဇာတ်စုံသဘင်ကို ဆင်ခြင်တွေးတော သက်ပြင်းမော နဲ့ စောကြော မိပါတော့တယ်။

ကျနော်တို့ လူသားဆန်တဲ့ လူ့ အခွင့် အရေးတွေ၊ နိုင်ငံသား တယောက် အခွင့် အရေးတွေ ရခဲ့ပါရဲ့လား ............
အခု ကျနော် ထောင်ကနေ ပြန်လွတ်လာပါတယ်။ လူကောင်း ပကတိလိုတော့ မဟုတ်ခဲ့ပါ။ ချိုင်းထောက်နဲ့ လူအတွယ်နဲ့ ဆိုတော့ မိတ်ဆွေအားလုံးက ၀ိုင်းမေးကြပါတယ်။ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့လားတဲ့။

.................................... ဘာလို့ဆို ကျနော်တို့ အမြင် အကြား သတင်းများမှာ ရဲ စစ်ထောက်လှမ်းရေးတို့ စစ်ကြောမေးမြန်းခံရဖူးသူတို့ရဲ့ ရင်ဖွင့်အံကြိတ်သံတွေ ကို ရင်တလှပ်လှပ် ၊ တောက် တခေါက်ခေါက်၊ သက်ပြင်း တချချ၊ နောက်ကျော် မလုံ တလုံ၊ အိမ်မက်ဆိုးတွေထဲထိ အဲဒီအကြောင်းတွေ ၀င်ဝင်နှောက်ယှက်၊ အင်မတန် ကြောက်လန့်ထိတ်ပြာ ခြောက်ခြား စဖွယ် အတွေ့အကြုံတွေအဖြစ် ၊ တခါတလေ ဖက်ဆစ်တို့ အမွေဆိုး ရက်စက်နည်း အမျိုးမျိုးနဲ့ လူဆိုးလူကောင်း သောင်းပြောင်းအထွေ “ဆ” မနေဘဲ သူတို့သိလိုသမျှ မရမချင်း အ၀ဗျင်း တာ ....... စတဲ့ ရာစုနှစ် တ၀က် နီးပါးဖြတ်သန်းခဲ့တဲ့ လူကြီး သူကြီးတွေ ပါးစပ်ဖျား ကူးခြည်သန်းသွား စမြဲကိုးဗျာ။

ကျနော့် အကြောင်း သောင်းပြောင်းအမှန် မချွင်းမချန် ပြောပါမည်။ တင်ပြပါမည် လို့ ကျနော် ၀န်ခံပါသည်။

ဒါပေသိ ကျနော် တံတိုင်းဖြူနန်းတော်တွင်း ဖြစ်ချင်းတွေမှာ သနားစရာ အတိ မှားတာလည်း မသိ၊ မှန်တာလည်း မရှိခဲ့တဲ့ ပီဘိတကယ့် ပြည်သူပြည်သား၊ တိုင်းရင်းနိုင်ငံသားတို့ ရဲ့ ထောင်တွင်းမ၀င်မှီ ရဲပလီအချို့ ရဲ့ မနှစ်မြို့ဖွယ် တွယ်ညှဉ်းရက်စက် ပက်စက်ပုံတွေ၊ တချို့်သော ရဲကောင်း လူကောင်းတချို့ ဥပဒေညီ တည်တည်ကြည် ပြီး သမာသမတ် မျှ တတ်ပုံတွေ ကွက်ကွက်ကွင်းကွင်း ရဲတင်း ရင်ဖွင့်ကြတော့ သူတို့ဘ၀ ကြုံခဲ့သမျှဟာ ကျနော့် အတွေ့ကြုံ ဖြတ်ခဲ့ပုံက တုနှိုင်းစရာမဟုတ် သိမ်နုတ်နေလေတော့ သူတို့ ဘ၀၊ နိုင်ငံသား တို့ ဘ၀၊ အချုပ်ကျဉ်းစံ လူ့ကံအကျ ထောင်သားတို့ဘ၀ အထွေထွေကိုပဲ ကျနော်ယူခဲ့ အော်စီ ခေါ် အင်းစိန် ထောင်ရဲ့ ဘွဲ့ ယူစာတမ်း အဖြစ် စုစည်းတင်ပြ သုံးသပ်ချက် လှလှနဲ့ တင်ပြဖို့ စိတ်ကူး လိုက်ပါသည်။

နောက်တကြိမ် ပုဒ်မ ၃၃(က) အီလက်ထရောနစ် အက်ဥပဒေ ဆိုတာကြီးနဲ့ ဆယ်နှစ် ထပ်မံ ထောင်ကျအုံးမည်လား လွတ်လပ်စွာ ရေးခွင့်ပြုမပြု၊ မသေချာသေးသော စပ်ကူးမတ်ကူး ကာလမှာ

ကျနော် ကတော့ ...........................

ကိုလွှမ်းမိုး သီချင်းထဲကလိုပဲ “ မှန်ရာကို သစ္စာဆိုပါမည် ” လို့ ကြွေးကြော်ရင်း ကျနော်မျှော်လင့် ရည်မှန်း ရောက်ချင်စမ်းလှသော ညီညွတ်သော တိုင်းပြည်၊ တိုးတက်သော တိုင်းပြည်၊ ငြိမ်းချမ်းသော တိုင်းပြည် ဖြစ်စေချင်လွန်းလို့ ပြည်သူ့ ဘ၀ မြင်သမျှကို ဘွဲ့ယူစာတမ်းအဖြစ် တင်သွင်းပါတော့မယ်။


ညီတိုးငြိမ်း


source by : http://nyitoenyeinchan.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

စာရေးသူ နေမျိုးဇင် ခေါ် ကလောင် ညီတိုးငြိမ်း ထောင်ဆယ်နှစ် ဆုရခဲ့သော ဆောင်းပါး

ခါနွေဆန်းစ ဒီမတ်လ ရော်ဝါတွေ မကြွေနိုင်၊ ရွက်သစ်တွေလည်း မဝေနိုင်၊ ရာသီတွေ ဖေါက်ပြန် အချိန်ခါမဟုတ် မိုးတွေရွာ၊ မတ်လကြီး အစောမနက် မှာ မြူတွေ ဆိုင်းလို့၊ ဟော ကမ္ဘာပျက်တော့မယ်လို့ တချို့က ပြောကြတယ်။ ဘာလို့ဆို ဂျပန်ပြည် ငလျှင်က ကနဦးနမိတ်တဲ့။ မြန်မာပြည် ရှမ်းတောင်လည်း လာပြီ၊ အိမ်တွေပြိုလို့ လူတွေငိုလို့။ တည်မြဲခိုင်မာပါတယ် ဆိုတဲ့ မြေကမ္ဘာရေ မကြေငြာပဲ မပျက်စီးပါနဲ့အုံး။

တို့တတွေ ငြိမ်းချမ်းတဲ့ ဘ၀လေးတွေ မြင်ခွင့် မရသေးဘူး ၊ တို့မြန်မာတွေ လွတ်လပ်တဲ့ လူ့ဘ၀ မရသေးဘူး။ ခိုင်မြဲလှတယ် ဆိုတဲ့ အာဏာရှင် စနစ်ဆိုး တို့နိုင်ငံမှာ မချုပ်ငြိမ်းသေးဘူး၊ မြေကမ္ဘာတောင် နေစရာ မရှိတော့အောင် ခြောက်လှန့် ပျက်စီးလာတာ ဘယ်ဟာမှ မတည်မြဲဘူးဆိုတာ အာဏာရှင်တို့ သတိမမူမိကြရော့သလား။

လွန်ခဲ့တဲ့ ၆၆ နှစ်တာကာလတွေတုန်းက တို့မြေ ဒီမြေမှာ နိပွန်ဘိရုမာ ဘန်ဇိုင်း အသံတွေနဲ့အတူ တို့မြန်မာတွေ ထဲက လောက်ကောင်တွေ ချမ်းသာ ကြီးပွားကြတယ် အလိုတော်ရိတွေ လက်ဖျားငွေသီးနေချိန် " ငဘ " လို လူစဉ်မမှီအောင် ဘ၀ပျက်ခဲ့ရသူ မြန်မာတွေ တို့မြန်မာတွေ လူဖြစ်ရှုံးခဲ့ရတယ်။ မိန်းမတွေ အဓမ္မကျင့်ခံရတယ်။ လူကြီးကလေး မကျန် လက်သည်းခွါခံသူခံရ။ အပြစ်မဲ့ အရမ်းကာရော အဖမ်းခံ အသတ်ခံ အနှိပ်စက်ခံသူခံရ။ ရေနွေးပူနဲ့လောင်းသတ်တာလည်း ခံရ။ ဘုန်းကြီးရဟန်းမကျန် နှိပ်စက်ဖမ်းဆီး၊ လွတ်လပ်ခြင်းပျောက် ကျွန်သပေါက် ဘ၀နဲ့ ညွံမှောင်နစ်အောက် ဘ၀တွေ ပျောက်ခဲ့ရပါပကော.....။

"အနီးကပ်ဆုံး ရန်သူကို ချေမှုန်းကြ" "ဗမာပီပီ ဗမာ့သွေးကို ပြကြ" ဗိုလ်တေဇ ဦးဆောင်ပြီး ပြည်သူ့ကြားက ပြည်သူ့အား၊ လူထုကြားက လူထုအား၊ ညီညွတ်တဲ့ အားနဲ့ ဖက်ဆစ်တွေကို ချေမှုန်းခဲ့တယ်။

ဗိုလ်တေဇ ခေါ် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့တပ်မတော်ကို ဦးဆောင်ဖွဲ့စည်းပြီး ကမ္ဘာတွင်တဲ့ ဖက်ဆစ်တော်လှန်ရေးကြီးတွေကို ဆင်နွဲခဲ့တာဟာ တို့မြန်မာတွေ ကျွန်ဘ၀ က လွတ်ဖို့။ တို့မြန်မာတွေ သူတပါး အဖိနှိပ်ခံဘ၀ ကလွတ်ဖို့။ လွတ်လပ်ဖို့၊ တို့မြန်မာတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီနိုင်စွမ်းရှိဖို့ သူတို့ သူတို့ အာဇာနည်တွေ အသက်တွေ စတေးပေးဆပ်ပြီး နှောင်းလူ ငါတို့အတွက် သူတို့ စွန့်လွှတ်ခဲ့ကြတယ်။

တချို့သော စစ်သားကြီးတွေက သေအံ့မူးမူးမှာ ပြောခဲ့တယ် " လွတ်လပ်မှ အမျှဝေပါ " တဲ့။

ဟော အဲဒီ စစ်သားကြီးတွေလိုပဲ ၀တ်စားပြီး အဲဒီစစ်သားကြီးတွေ ကိုင်ခဲ့တဲ့ လွတ်လပ်ရေး တိုက်ပွဲဝင် သေနက်တွေကို ဆက်ကိုင်ထားတဲ့ ကနေ့ခေတ် ၊ ကွယ်လွန်သွားတဲ့ အာဇာနည် စစ်သားကြီးတို့ရေ ထကြည့်ပါလှည့်အုံး၊ မြင်လှည့်။ ရှုလှည့်ပါဦး၊

တမျိုးသားတည်းချင်း တနိုင်ငံသားထဲချင်း မုဒိန်းတွေကျင့်၊ လူမျိုးတုန်း မတတ် သတ်၊ အစိတ်သားတောင် မချန်နဲ့ မြေမြူပ်အပြီး လိုချင်တယ်တဲ့။ သယံဇာတတွေဆိုတာ လူ လက်တဆုပ်စာ အတွက် ဘိုးဘွားအမွေဖြစ်ကုန်ပြီ။ နိုင်ငံ့ရာသီဥတုကြီးလည်း အကျင့်ပျက်လာဒ်စားမှုတွေနဲ့ အတူ ဖေါက်ပြန်ကုန်ပြီ၊ သစ်တောတွေလည်း ကုန်၊ ရေနံဓါတ်ငွေ့တွေလည်း တိုင်းတပါးအတွက်၊ တိုင်းပြည်ရဲ့ ပင်မ လုပ်ငန်းကြီးတွေ စီးပွားရေး ကြီးတွေက ဒီလူ ဒီလူ လက်တဆုပ်စာ လက်ထဲမှာ။ လူထုနဲ့ တိုင်းရင်းသား ထုကတော့ ကိုယ်ပေါ်မှာ အနူဝဲစွဲ ယုံမက အစာအိမ်တောင် အနာတွေ အမာရွတ်တွေနဲ့လူလိုတွေးခွင့်မရ၊ လူလိုနေခွင့်မရ၊ လူလို မစားရ၊ လူလို ဘာလွတ်လပ်ခွင့်မှ မရတဲ့ တိရိစ္ဆာန် သာသာ နေရရှာတဲ့ လူဆိုတဲ့ သတ္တ၀ါ တမျိုး မြေကမ္ဘာမှာ ပေါ်ထွက်လာအောင် မြန်မာမြေက အာဏာရှင်တွေက ပုံသွင်းလိုက်တယ်။ ဘာသိပ္ပံပညာမှ မသုံးဘဲ ရက်စက်ကြမ်းကြုပ်ခြင်း အာဏာအလျင်နဲ့ပဲ ဖန်တီးခဲ့တယ်။ သိပ်တော့ မကြာပါဘူး၊ နှစ်ပေါင်း ငါးဆယ်လောက်ပဲ အကြောက်တရား ပြင်းပြင်း ရိုက်သွင်းခြင်း နဲ့ စိတ်ဖိစီးခြင်း လူမဆန်စွာ ရက်စက်ခြင်း ဥပဒေမဲ့ခြင်းနဲ့ သွတ်သွင်းလိုက်တာ။ အင်္ကျီဝတ်သော တိရိစ္ဆာန်သာသာ လူတွေ အခုဆို သန်းခြောက်ဆယ် နီးပါးလောက် ရှိလောက်ရောပေါ့။ အဲဒီ သန်းခြောက်ဆယ် လောက်က လေ အမွဲဆုံးတိုင်းပြည်ထဲမှာ စိတ်ဓါတ်ကိုယ်ကျင့် သိက္ခာ အရလည်း အနိမ့်ကျဆုံးလို့ တခြား နိုင်ငံသားတွေ က သတ်မှတ်ကြတယ်တဲ့။

ဘာကြောင့်ဆို ကိုယ်တွေ ညံ့လို့ ကိုယ်တွေ ခံရတာကို ရှေးဘ၀ ကုသိုလ်လို့ ယိုးစွတ်ရှောင်လွဲပြီး နှောင်းလာမယ့်သူတွေကို မျက်နှာလွဲ ခဲပစ် နေကြသူများလို့တဲ့။
အဲဒီအထဲက နည်းနည်းတွေးတတ်တဲ့ တိရိစ္ဆာန်သာသာ လူဆိုတာထဲ ငါလည်း တယောက် အပါပေါ့။

ဟုတ်တယ်လေ ။ ငါ့မှာလည်း ဘာမှ လူလို လွတ်လပ်ခွင့်မှ မရသေးတာ။
အကျဉ်းထောင်တွေထဲမှာလည်း သူတော်စင် သူတော်ကောင်းတွေက လူ့ငမိုက်သား ငရဲသားတို့ရဲ့ အဖမ်းဆီး အနှိပ်အစက် ကိုခံနေရတယ်။ ဖက်ဆစ်တို့ကို တော်လှန်ရင်း အသက်ဇီဝိန် ကြွေလွင့်ခါနီး စစ်သားကြီးတို့ရေ ကနေ့ ဒီအခြေအနေတွေ အမှန်တရားတွေ ကြည့်ပြီး လွတ်လပ်မှ အမျှဝေပါ လို့ပဲ ပြောမလား၊

ရင်ထုမနာ ကြေကွဲစွာနဲ့ ငါ့အမွေကိုယူခဲ့တဲ့ သားဆိုးတွေ သားမိုက်တွေ ဆိုပြီး သေရွာက တဖန် ပြန်လာပြီး လွတ်လပ်ရေး တိုက်ပွဲကြီးတွေ ဆက်ဆင်နွဲရအုံးမယ် ငါပြန်လာခဲ့မယ်လို့ ရင့်ကြူးကြွေးကြော် သွားလေမလား။

........

အခု ပြည်တွင်းမှာ မဟာလူသား အမျိုးသားခေါင်းဆောင် အမျိုးသမီးတစ်ဦး ။ ကမ္ဘာမှာ အလုပ်အများဆုံး လူတွေ တောင် သူမ ရဲ့ များပြားလှတဲ့ နေ့စဉ် လုပ်ဆောင်ဖွယ်တာတွေကို မှီမယ် မထင်။ သူ့နောက်မှာ သူမ နားမှာ သူမ အနီးမှာ သူတို့နိုင်ငံကိုကောင်းစေချင်တဲ့ လူတွေ မျိုးချစ်တွေ အပြည့်၊ သူတို့ ထဲမှာလည်း ဆွမ်းဆန်ထဲက ဟာ တချို့က ယောင်တီးယိမ်းခို နေသေးတာပေါ့။

ငါတို့ သူတို့လည်း ဧရာဝတီ နံဘေးတွေမှာ မွေးခဲ့တာပါ။ ငါတို့ကို စစ်သေနက်တွေ မိုးပြီး မော်ခွင့်မပြု၊ ပြူခွင့် မသာ၊ အာဏာစက်အောက် ပြားပြားမှောက်အောင် လုပ်နေသူတွေကလည်း ဧရာဝတီ နံဘေး မွေးခဲ့သူတွေပါပဲ။ သူတို့ ခါးထောက်၊ သူတို့ မာန်မောက်နေပေမယ့် တကယ့်  တကယ်တွေးကြည့်တော့ သူတို့ထဲမှာ ငါတို့ သားချင်းတွေ ငါတို့ ညီအကိုတွေ ငါတို့ ဆွေမျိုးတွေ အားလုံးသော ငါတို့ဟာ တမြေတည်းသားတွေပါ။
ဘာလို့များ တမြေထဲသားချင်း နှိပ်စက်ကလူ ပြုချင်ကြပါလိမ့်။ ဘာလို့များ ဒီမြေပေါ် အတူတူ မွေးဖွားကြီးပြင်းလာခဲ့ကြပြီး၊ ထားစရာ မရှိအောင် ချမ်းသာလွန်းသူ အနည်းစုနဲ့ စားစရာ မရှိတော့အောင် မွဲတေလွန်းသူ လူထု အများစုကြီးအဖြစ် သိမ်ငယ်စရာ နိုင်ငံရွာ အဖြစ် ကွာခြား သွားရပါလိမ့်။

မိုးယံချိမ့်မတတ် လူထုအုံကြွမှုကြီးတွေ ၊ ဘုရားသားတော်တို့ ရဲ့ ဘ၀ဂ်ညံမျှ မေတ္တာပို့ မြည်ကြွေးငိုသံတွေဟာ ယမ်းခိုးတွေ သေနက်သံတွေ ၊ သွေးညှီနံ့တွေ၊ အကျဉ်းစခန်းက ခြေချင်းသံတွေ နဲ့ အတူ မြုပ်ကွယ် စခန်းသိမ်းသွားတော့တယ်။

ဒါပေမယ့် အဲဒီ ကျည်ဆံထိပ်ဖူး ပိုင်ရှင်ကြီးတွေ ထဲမှာလည်း အိပ်မက်ဆိုးတွေ ၊ နမိတ်ဆိုးတွေနဲ့ အရိပ်ထိုးနေတာဟာ သူတို့အတွင်းထဲမှာ ဇာတ်တူသားစားတဲ့ ဘီလူးတွေ ပေါလာလို့ပေါ့တဲ့ ၊ တချို့က ဆိုတယ်။ တချို့က သုံးသပ်တယ်။ ဘီလူး မဟုတ်ဘူးတဲ့ ၊ အရင်းမြစ်က စနစ်။ လူတွေကို ဖိနှိပ်ကျွန်ပြုတဲ့ အာဏာရှင် စနစ်တဲ့။ ဒါကို ဘယ်လိုလုပ်မှ ဒီအာဏာရှင် ဘီလူးတွေ ကို ချေဖျက် သုတ်သင်နိုင်မလဲတဲ့။

စစ်သားလေးက သူ့ဆရာ တယောက်နဲ့ တိုင်ပင်ဖူးတယ်။ အာဏာရှင် ဘီလူးက သေနက်အားကိုးနဲ့ပဲ တန်ခိုး ထွားတာဆိုတော့ သူ့ကို သေနက်နဲ့ပဲ ပြန်နှိမ်လို့ ရမယ်တဲ့။ သေနက်ကိုင်ထားတဲ့ စစ်သားလေးတို့ရေ။ အထွေထွေ နာကျည်း စက်ဆုပ်စရာတွေ ငါတို့ မပြောတော့ပါဘူး။ မင်းတို့နဲ့ ငါတို့ဟာ တမြေထဲ သားတွေပါ။ ငါဟာ မင်းရဲ့ အကို ဆိုရင် မင်းမွေးလာတဲ့ သားလေးတွေက ငါ့တူပေါ့။ ငါတူလေးတွေ အနာဂတ် သာယာလှပဖို့ ငါတို့ လို လူတွေ မင်း အမျိုးတွေ အားလုံး ၀ိုင်းတည်ဆောက်ခဲ့ကြရမယ်လေ။

စစ်သားလေးရေ ကမ္ဘာမြေကြီးတောင် မတည်မြဲဘူးနော်။ မင်းတို့ ခံစားနေရတဲ့ အာဏာစည်းစိမ်ဆိုတာလည်း သမုဒ္ဓရာထက် ခနတက်တဲ့ ရေတပွက်ပမာ ဆိုတာလေး သတိပေးစကားပါးလိုက်မယ်။

စစ်သားလေးရေ ။ မင်းတို့ကို ငါတို့ ချစ်တယ်။ ငါတို့ကို မင်းတို့ ချစ်ခင်တွယ်တာ ကာကွယ်ဖို့ပဲ လိုတော့တယ်။ မင်းတို့ ဆိုနေကျ သစ္စာတွေ ပြောနေကျ စကားတွေ ငါတို့ ချိုမြိန်စွာ နားဆင်ချင်တယ် ၊ ပီသထက်မြက်တဲ့ မင်းတို့ စစ်ချီသီချင်းတွေဟာ ငါတို့ အသက်ကို ကာကွယ်တဲ့နေရာမှာ စိတ်ဓါတ်ထက်သန်ရာ အားဆေးဖြစ်စေချင်တယ်။

မင်းတို့ကို ငါတို့ မမုန်းဘူး ။ ငါတို့ မုန်းတာက ငါတို့ကို ဥပဒေ မရှိဘဲ နေခိုင်းတာ။ အခု လုပ်ပြနေတဲ့ ဥပဒေ ဆိုတာကလည်း စစ်သားလေးရေး မင်းတို့ရော ငါတို့ပါ စစ်ကျွန်ဘ၀ထဲ အရေခွံလဲပြီး ဆက်နေခိုင်းအုန်းမယ့် ဂါထာတွေ ရွတ်ပြီး မန်းမှုတ် အသက်သွင်း ဖန်ဆင်းဖို့ လုပ်နေတာပါ။


စစ်သားလေးရေ။ ရန်ကုန်က ထောင်ပျော် အဘ တယောက် စစ်အာဏာရှင် စနစ်ကို ရဲရဲတောက် တော်လှန်နေတဲ့ ဘဘကြီး တစ်ယောက်က ဒီနေ့ ပြောလိုက်တယ်။
" သူ့မြေ မကျဉ်း ကိုယ့်ကွင်း မပိတ် " စေချင်ဘူးတဲ့။
သွားလမ်း ပြေပြေ ၊ ပြန်လမ်း ချောချော ဖြစ်စေချင်တယ်တဲ့။


လွတ်လပ်မှ အမျှဝေပါ လို့ ပြောခဲ့တဲ့ ငါတို့ အဖိုး အဖွားတွေ မျက်နှာကို ပြန်ထောက်ပြီး ငါတို့ အတူတူ ချစ်ခင်စည်းလုံးစွာနဲ့ ငါတို့ ဘ၀တွေ ခိုင်မာအောင် ငါတို့ အနာဂတ်တွေ လှပအောင် အတူတူ အလုပ်လုပ်ကြမယ်လေ။ ကိုင်းကျွန်းမှီ ပေါ့။

စစ်သားလေးတို့ရေ ။ မင်းတို့ ငါတို့ ဘေးနိုင်ငံတွေကို ကြည့်လိုက်စမ်း ။ သူတို့ ဆီက မျိုးဆက်သစ် ကလေး သူငယ်လေးတွေ ရဲ့ မျက်ဝန်းလေးတွေဟာ တောက်ပ ကြည်လဲ့ ငြိမ်းချမ်း ကြည်နူးလို့ .................

အားမကျ ဘူးလား စစ်သားလေးရေ....။



ညီတိုးငြိမ်း


source by : http://nyitoenyeinchan.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 15, 2012

သိက္ခာမကျသေးတဲ့ သံဃာတော်တွေရဲ့ သင်္ကန်းဝတ်တွေကို အတင်းဆွဲခွာချွတ်တဲ့ အပြစ်ဒဏ်က ပိုပြီး အပြစ်ကြီးတယ်ဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေ သိစေချင်ပါတယ် (အင်တာဗျူး)


လောကဥပဒေနဲ့ ငြိစွန်းလို့ သံဃာတော်တွေကို ထောင်ချတဲ့အပြစ်ဒဏ်ထက် သိက္ခာမချ သိက္ခာမကျသေးတဲ့ သံဃာတော်တွေရဲ့ သင်္ကန်းဝတ်တွေကို အတင်းဆွဲခွာချွတ်တဲ့ အပြစ်ဒဏ်က ပိုပြီး အပြစ်ကြီးတယ် ဆိုတာကို ကမ္ဘာသူ ကမ္ဘာသားတွေ သိစေချင်ပါတယ်။

အကျဉ်းထောင်အတွင်းမှာ ကျန်ရစ်ခဲ့တဲ့ သံဃာတော်တွေ လွတ်မြောက်ရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ မစိုးရိမ်ဆရာတော် အရှင်ဝီရသူ က ပြောဆိုလိုက်ပါတယ်။

မစိုးရိမ်ဆရာတော် အရှင်ဝီရသူဟာ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကျောက်ဆည် ကုလား-ဗမာ အရေးအခင်းအတွင်း အဓမ္မ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၁၇/၂၀၊ ၅ည၊ ၂၉၅/က၊ ၈ (၁) တို့နဲ့ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံရကာ ပထမ မန္တလေးထောင်၊ အခုနောက်ဆုံး မြစ်ကြီးနားထောင်တွေမှာ အကျဉ်းကျခံနေခဲ့ရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရရှိချိန်မှာ ထောင်တွင်း ၈ နှစ်နဲ့ ၃လ နေခဲ့ရပြီး ဖြစ်ပါတယ်။


source by :
http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု Legion of Honor ကို လက်ခံယူပွဲ အခမ်းအနား(ရုပ်/သံ)



ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုဖြစ်သည့် Commandeur de la legion d'Honneur (Legion of Honor) ဆုကို ဒီကနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ည ၇း၀၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ ပြင်သစ်သံရုံးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဆုတံဆိပ် တပ်ဆင် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ပြင်သစ် နိုင်ငံအစိုးရနှင့် ပြင်သစ် ပြည်သူများကို ကျေးဇူးတင် ရှိကြောင်း နှင့် နှုတ်ခွန်းဆက် အမှာစကားတို့ ကို ပြင်သစ် ဘာသာစကားဖြင့် ပြန်လည် ပြောကြား သွားခဲ့ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် တွေ့ဆုံမေးမြန်းခန်း(ရုပ်/သံ)



source by : http://www.youtube.com/user/RFABurmeseVideo

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက အကောင်းမြင် ကြိုဆိုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အတွက်လည်း ပြင်သစ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောခဲ့တာဖြစ်သလို မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အီးယူ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ ရုပ်သိမ်း သွားမယ် လို့လည်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ဒီသတင်း အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၁၅ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အလန်ယူပေ (Alain Juppe) နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၁နာရီ ကျော်ကြာ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုအပြီး သတင်းထောက်တွေကို နေအိမ်ရှေ့မှာ တွေ့ဆုံစဉ်အတွင်း ပြင်သစ်အစိုးရရဲ့ လက်ရှိ မြန်မာနိုင်ငံအပေါ် သဘောထားနဲ့အတူ သူတို့ ၂ ဦး ဆွေးနွေးခဲ့ကြတဲ့ အခြေအနေတချို့ကို ရှင်းပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြင်သစ် ဘာသာစကားနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတချို့နဲ့ ပတ်သက်လို့ သတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ -

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးတဲ့အထဲ အကျဉ်သား ၆၅၀ ကျော်ထဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ကြိုးစားရင်း အဖမ်းခံခဲ့ကြရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပြင် ရွှေဝါရောင်တော်လှန်ရေးတွင်း အဖမ်းခံခဲ့ကြရတဲ့ ရဟန်းသံဃာတွေနဲ့ အခြားနိုင်ငံရေး အကျဉ်းသား တော်တော်များများ အကျဉ်းထောင်တွင်းက လွတ်မြောက်လာကြပါပြီ။ ဒါဟာ ဒီမိုကရေစီ ထွန်းကားရေးအတွက် တိုးတက်တဲ့ ပြောင်းလဲမှုတွေလို့ လက်ခံ ထားပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေမှာ အားလုံး ပါဝင်လာနိုင်ရေး အတွက် လိုအပ်ပါသေးတယ်။” - လို့

ပြင်သစ်ဘာသာစကားနဲ့ ပြောသွားတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းစေဖို့ ပြင်သစ်နိုင်ငံ အပါအ၀င် အီးယူ ဥရောပသမဂ္ဂလို အဖွဲ့တွေက နှစ်ပေါင်းများစွာကတည်းက အတူတကွ ပူးပေါင်း ကူညီလာခဲ့ကြတာပါ။ အခုလည်း မြန်မာနိုင်ငံအတွက် ဆက်ပြီး ကူညီကြဦးမယ် ဆိုတာကို ယုံကြည် ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်ဘာသာစကားနဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ကတော့ ဒေါ်အောင်ဆန်းစုကြည် ခုလို ပြင်သစ်လို ပြောခဲ့တာကို ကျေးဇူးတင်ကြောင်းနဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတချို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွတ်လာတာကို ပြင်သစ်နိုင်ငံက အကောင်းမြင်ကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့ ပြင်သစ်နိုင်ငံ အပါအ၀င် နိုင်ငံတကာက အခု သမ္မတ ဦးသိန်းစိန်နဲ့အတူ မြန်မာအစိုးရရဲ့ လက်ရှိ လုပ်ဆောင်ချက်တွေအပေါ် အကောင်းမြင် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ကို ပြင်သစ်က တိုက်တွန်းပါတယ်။” - လို့ ၀န်ကြီး အလန်ယူပေ က ပြောခဲ့တာပါ။

တိုင်းရင်းသားအဖွဲ့ တချို့နဲ့ အောင်အောင်မြင်မြင် သဘောတူနိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေအပြင် လက်ရှိ မြန်မာနိုင်ငံတွင်းက အပြောင်းအလဲတွေဟာ ဒီမိုကရေစီစနစ်အတွက် အကောင်းဘက်ကို ဦးတည်နေတယ်လို့ မြင်ကြောင်းလည်း ပြောပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေမှာ တိုင်းရင်းသားအားလုံး ပါဝင်ဖို့လိုတယ်လို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံပေါ် အီးယူအဖွဲ့ရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်ထားမှု အခြေအနေနဲ့ပတ်သက်လို့ သတင်းထောက် တစ်ယောက်ရဲ့ အမေးကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ က ပြန်ဖြေရာမှာတော့ -

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာမှု အခြေအနေတွေပေါ်မှာ မူတည်ပြီး ပြင်သစ်အပါအ၀င် အီးယူ ဥရောပသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ လျော့ချသွားမှာလို့ သတင်းထောက်တွေကို ဖြေခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပြင်သစ်နိုင်ငံကနေ ရောက်လာကြတဲ့ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က သီးသန့် တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်နိုင်ငံက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ Legend Of Honor ဆု ချီးမြှင့်တဲ့ပွဲ အခမ်းနားကိုလည်း ဒီကနေ့ ညနေက ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံအမတ်ကြီးရဲ့ နေအိမ်ခြံဝင်းမှာ ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ဟာ မနက်ဖြန် တနင်္လာနေ့မှာတော့ သမ္မတ ဦးသိန်းစိန်နဲ့အတူ အစိုးရအဖွဲ့က တာဝန်ရှိသူ တချိုနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်သလို ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ထဲမှာ အဆင့်မြင့်ဆုံး အရာရှိတစ်ဦးရဲ့ ပထမဆုံး သမိုင်းဝင် မြန်မာပြည်ခရီးစဉ် တစ်ခုလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး လာရောက် တွေ့ဆုံ(ရုပ်/သံ)



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ပြင်သစ်နိုင်ငံမှ နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ၀န်ကြီးဖြစ်သူ မစ္စတာ အာလန်ရီပေး နှင့် ဇန်န၀ါရီလ ၁၅ ရက်နေ့ မနက် ၁၀နာရီခွဲ က တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ ဆုံခဲ့ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ် မြန်ကြသူများ အတွက်

(ဓာတ်ပုံ - မဇ္ဈိမ)
ဦးခင်ညွန့်ကို လွှတ်လိုက် တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ် ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာနိုင်သေးလား ဆိုတာ စမ်းကြည့် တာလဲ ဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေ ရှိတယ် ဘာဘာ ညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ တရားခံ နံပါတ် ၁ ဟာ ဦးနေ၀င်း ဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ် အစိုးရဖွဲ့ ဖို့  နှောင့်နှေး ခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင် သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေ ဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြ သွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင် လိုက်ရတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ အလှည့်စား ခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေဟာ သူ့ စနက်တွေ ချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်း တာက အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ်တဲ့ အထိ ဆိုးရွား ခဲ့တာ သူပါပဲ။

ရေကြည်အိုင်ကို ၀င်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်း ပြန်ထွက် လာတယ် ဆိုတာ အလွန် ရှားပါတယ်။ လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။ နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သချိင်္ုင်း ကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်း မျိုးချစ်နဲ့ ငါ တကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ် ခင်ညွန့်လို ပါးပါး နပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည် ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင် ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာ ပေးခြင်း ခံခဲ့ရတာပါ။

ဦးနေ၀င်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံး လက်နက် အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။ နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲ သူက ဗိုလ်ချုပ် ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေ ကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။

သေနတ် ရှိမှ နေရာ မြဲတဲ့ စစ်တပ် ထဲမှာ စစ် ကောင်းကောင်း မတိုက်တတ်၊ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့်ဟာ သူ့ အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခို အဖွဲ့ ၊ လက်နက်ကိုင် သူပုန် အဖွဲ့ တချို့ကို ငြိမ်း အဖွဲ့တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံ ရအောင် ကြိုးစား ခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့် တို့ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့် ရခဲ့ ပါတယ်။ သူ့ ကြောင့် ငြိမ်း အဖွဲ့တွေ သူတလူ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခ ရောက်မယ် ဆိုတာကို သဘောပေါက် လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက် တာလဲ ပါမယ် ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီ အချိန်မှာသာ သူ့ကို ပေးက ခဲ့ရင် အခု ပုဆိုး ၀တ်ကြီးတွေကို ဗီလိန် နေရာထားပြီး သူက မင်းသား နေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချ ခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ် ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ် ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြော တတ်ဘူး။ စစ် တက္ကသိုလ် ဆင်းလဲ မဟုတ် ပါဘူး။ စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်း နဲ့ပဲ လုပ်တတ် ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့ သူပါ။ ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။ သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အတွက် အချိန် မရှိလို့ပဲ။ တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်ရေးမှာ ၀င် မနှောင့်ယှက် နိုင်အောင်တော့ သတိထား နေရမယ်။ သူ လုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံ ရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP


ဦးခင်ညွှန့် ဘာတွေလုပ်ခဲ့လဲ ဟုတ်လား

၁ - စစ်အစိုးရ တတ်ခါစမှာ သူ တစ်ဦးတည်းမှာ ပါဝါ အပြည့် ရှိတယ်လို့ ပြောလို့ ရလောက်အောင်ကို ပါဝါရှိပါတယ်… အဲ့အချိန်က သူဆန္ဒပြ ကျောင်းသားတွေ NLD နဲ့ လူ့ဘောင်သစ် ပါတီဝင်တွေကို ဘယ်လို့ ဘ၀တွေ ရိုက်ချိုး ခဲ့တယ် ဆိုတာ ပြန်ပြောပြဖို့ လိုမယ် မထင်ပါဘူး… မန္တလေး သံဃာ့ အရေးအခင်း ကနေစပြီး သံဃာတွေကို ဘယ်လိုသူ ထောင်သွင်း အကျဉ်းချ ခဲ့ပါသလဲ….

၂ - အာဏာ တည်ဆောက်ပုံ… ကြမ်းတဲ့ နေရာမှာ သူ့လောက် ဘယ်သူမှ မကြမ်းပါဘူး… သူ့ အထက်က ဦးစောမောင် ၊ သူ့ လယ်ဗယ်ထက် တဆင့်မြင့် ဦးမြင့်အောင်၊ ဦးထွန်းကြည်တို့ အုပ်စု ၊သူတွေကို ဘယ်လို ရှင်းသွားလဲ… အဲ့အချိန်မှာ ဦးသန်းရွှေတောင် သူ့ ပါဝါ သူအသာလေး စုနေရတဲ့ အဆင့်ဘဲ ရှိသေးပါတယ်… နောက် ဦးတင်ဦး ကေစ့်… မသေမချင်း လုပ်ကြံ ခံရတာ သူ့ကြောင့် မဟုတ်ဘူး ဆိုရင်တောင် သူ အကာအကွယ် မပေးနိုင်ခဲ့တာ ဟာလည်း သူ့ ကိုယ်သူ လုံလှပြီ လို့တော့ ပြောလို့ မရနိုင်ပါဘူး… နောင်သူ ဇွဲနေ၀င်းတို့ ဗယုတ် သုတ်ခ အလုပ်မှာ တချက်၊ သူ့ လူတွေ လည်လွန်းပြီး - ချီးနင်းမိ နေချိန်မှာ တချက် အခြေပျက် သွားလို့သာ သူ ခံလိုက်ရတာပါ။

အဲ့တော့ သမိုင်းမှာ ဘယ်သူ တာဝန် အရှိဆုံးလည်း ဆိုတာ ပေါ်လောက် ပါပြီ။ ဦးသန်းရွှေက သူ့လောက် မတော်ပါဘူး…. ဦးသန်းရွှေ မဟုတ်တာ လုပ်ရင် လူသိတာ များတယ်… သူ မဟုတ်တာ လုပ်တာ လူသိပ်မသိဘူး… သူက ဆင်ဖြုမရှင်နဲ့ စုဘုရားလတ် ပုံစံ တဘက်က ပွဲခင်းပြီး တဘက်က လူသတ်တဲ့ သူစားမို့ပါ… သူ လုပ်သွားတာ အားလုံးဟာ ဆန်းဆန်း ပြားပြား မပါပါဘူး… တကယ်တော့ သူ သိပ်တော်ပါတယ် ပြောရင် ဗလလို ငမြောက် ငခြောက်ကောင် ကလည်း အဲ့လို နေရာလေးသာ ရပစေ မြန်မာပြည်ကို အနှစ် ၄၀ လောက် ပိတ်ထားလို့ ရတယ်လို့ ကြွေးကြော် ချင်ပါတယ်… ဘာကြောင့်လဲ မေးရင်တော့ မြန်မာ လူမျိုးတွေက မြန်မာ လူမျိုးတွေမို့ ပါဘဲ….

အခုတောင် ဖေ့စ်ဘုတ်မှာ အရင် ထောက်လှမ်းရေး အတွက် အသုံးတော် ခံခဲ့တဲ့ 7days ၊ voice ၊ eleven တို့က တဖြည်းဖြည်းနဲ့ မင်းကိုနိုင် တပုံ သူ့ ပုံ တပုံ တင်ပြီး စည်းရုံးရေး ဆင်းနေပါပြီ… အားလုံး ကလည်း ဘဘကြီး နေကောင်းလားတို့ အရမ်း ၀မ်းသာတာဘဲတို့ ဖြစ်ကုန်ကြရော…. ကျုပ်တို့ လူမျိုး ကလည်း မေ့တတ်တာကို…. ၁၉၈၈ အရေးအခင်း ဖြစ်တယ်… အရေးအခင်း ပြီးတာနဲ့ အရပ်ထဲ နတ်ပွဲတွေနဲ့ တခြိမ်းခြိမ်းပေါ့… မေ့ကုန်ပြီ… မသေတဲ့ မိသားစု တွေက… ၁၉၉၀ ရွေးကောက်ပွဲ လုပ်တယ်… မနက်ဖြန်ဘဲ ပေးမလိုလို လုပ်နေလိုက်တယ်… ကြားထဲမှာ ဖမ်းလိုက်တာ မနည်းမနော… အမှတ် မမှားရင် လွတ်တော် ခေါ်မယ်ကို ၁၉၉၁ - ၉၂ နှစ် လောက်မှ ကြေငြာတာ ရွေးကောက်ပွဲ ပြီးတယ်… ၁၉၉၃ ညီလာခံ ခေါ်တယ်… တနှစ် တကြိမ် တခါတလေ ၂ - ၃ကြိမ် ခေါ်တယ်… လူတွေ ဆူပူမှာ ဆိုးလို့ မြို့တော်ဝန် မာရသွန်….. ပြေးလိုက်ကြ တာဘဲ… တီကို ကားရအောင်လို့…. နအဖ ဖလား လှေသဘင်၊ မြင်းခင်း သဘင်၊ ဟောပြီးတော့ အမျိုးသား အားကစား ပွဲတော်၊ နောက်တော့ ကျောင်းသား အားကစား ပွဲတော် လုပ်ပေးတယ်၊ ဒါတွေဟာ ပုံမှန်ပါဘဲ… တကယ်တော့ အလှည့်တွေထဲမတော့ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတယောက် အတွက် တကယ့်ကို ပုံမှန်ပါဘဲ…. အခု အွန်လိုင်းမှာ ဟော့နေတဲ့ မြန်မာ့ အင်တာနက် ဖောင်ဒါ ဆိုတဲ့ စကားလုံး…. မှားတယ်… ပုဂံ ဆိုက်ဘာကို စလုပ်တဲ့ ရည်ရွယ်ချက် ကိုက သူ့အတွက်ပါ။ သူ လုပ်ခဲ့တာ တကယ်တော့ ကကလှမ်း အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ… သူမလုပ်ရင် သူ ကျန်ခဲ့တော့မယ်…

အဲ့နောက်ကနေမှ လူတွေ မသုံးနိုင်တဲ့ ဈေး၊ လူတွေ မသုံးနိုင်တဲ့ စပိဒ့်တွေနဲ့ လူတွေကြားထဲ ချထား ပေးလိုက်တာပါ… ဒါလည်း လေးစား လောက်စရာ မရှိပါဘူး… သူနိုင်ငံ အုပ်ချုပ် နေတဲ့ သူတယောက်… သူ့ အလုပ် သူ လုပ်ရမှာပေါ့… ဒါ ကျွန်တော်

တို့က ပိုပြီး ချီးကျူး ထောပနာ ပြုနေစရာ ဘာလိုလို့လဲ…. ကောင်းတာကို ချီးကျူး ခံချင်ရင်တော့ ဘုန်းကြီးကျောင်းသွား အလှူလုပ်ပါ… ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လှူ … ဘုန်းဘုန်းတွေ ပြောတဲ့ သာဓု ဆိုတာကို ပီတိခံပေါ့… နောက် လူတွေ ပြောတဲ့ မာလ်တီ မီဒီယာ… ဟားတိုက်တာ ရယ်ချင်ရဲ့… စက်ရှိတယ်.. ရုပ်ပြ၊ အင်တာနက် ကနေ စာသင်မယ်တဲ့ မီးမလာဘဲ… အဲ့တော့ အဲ့တာ တွေဟာ အပိုဆိုတာ သဘောပေါက်ပေါ့… ထမင်းကျွေးလို့ ထိုင်စားမယ့် လူကို ထမင်းသိုး ဟင်းသိုး ကျွေးတာ ထုတ်ပြီး ချီးကျူးလောက်တဲ့ သူဟာ ထမင်းသိုး ဟင်းသိုး ကြိုက်တဲ့ သူဘဲ ဖြစ်မှာပေါ့…

နောက်တခု မိခင်နဲ့ ကလေး စောင့်ရှောက်ရေး အသင်း… ဒါဟာ တပ်တွင်း အားပြိုင်ဖို့လောက် နေရာ တခုပါ… အဲ့လိုနေရာမှာ ဒေါ်ကြိုင်ကြိုင် တို့က မတိုးဘူးလေ… သူ့ မိန်းမက ဒေါက်တာ ဆိုတော့ ပိုပြီး လူဝင်ဆန့်တော့ ဒါကို တည်ခဲ့တာဘဲ…. နောက် အတန်း ပညာရေးကို ဘယ်လောက်ထိ ဖျက်ဆီး ပစ်တယ် ဆိုတာ အားလုံး အသိပါ… မအောင် မနေရ အတန်းတင် ပညာရေး စနစ်ဟာ သူ့ကြောင့် ပေါ်ထွန်း လာတာပါ။ အဲ့ဒီ ပညာရေး စနစ်က ထွက်လာတဲ့ သူတွေ အခု အချိန်ထိ နိုင်ငံတကာမှာ ဘွဲ့ခြင်း တူရင် ဒီပလိုမာခြင်း တူရင် ဘယ်သူက ခေါင်းမော့ ရင်ကော့ ရပ်တည် နိုင်ပါသလဲ… ကိုယ့်ဘာသာ ကိုယ် မပြင်ထားရင် ဘာအဆင့်မှ မရှိလောက်အောင် အနှိမ်ခံရပါမယ်… အဲ့လောက် ဆိုရင် သူ့ ဘာလဲသိလောက်ပါပြီ…

သူဟာ ရုပ်ရှင် သရုပ်ဆောင် ကြက်သမား ၀င်းမြင့် (ဦးလူချော မှန်ပါတယ်နော်)ရဲ့ ညီလို့ မပြောရဘူး သရုပ်ဆောင် ကောင်းသူပါ… ဘုရား ထီးတော် တင်ရင် ဆုတခုဘဲ တောင်းတယ်… နိုင်ငံတော် သာယာဝပြောပြီး နိုင်ငံကြီး အေးချမ်းပါစေ… တဲ့ (နည်းနည်းတော့ စကားလုံး ကွဲနိုင်တယ်) အဲ့လို ဟန်ပါပါ မာန် ပါပါနဲ့ ဆုတောင်းလို့ လူကောင်း ထင်နေရင်တော့ မှားမှာပေါ့…

ကျွန်တော် အိမ်ကနေ ရှေ့ တပြက ဘုရား သူထီးတင်ခဲ့ သလို ကျွန်တော့် လမ်းထိပ်က ကကလှမ်း ရုံးမှာလည်း သူ့ တပည့်တွေ ဗျင်းနေတာ ကိုယ်တွေ့ မျက်မြင်…. အဲ့တော့ မိချောင်း မျက်ရည်လို့သာ ပြောချင်တယ်… သူ့ အကြောင်း ထဲကနေ ကောင်းတာလေး တခု နှစ်ခု လောက်တော့ ရှိတာပေါ့… သူ့ တပ်မတော် ဘ၀ နေ၀င်ချိန်မှာ အာဏာကို ပုံစံပြောင်း ယူဖို့ အကြံနဲ့ ဒေါ်စုကို သူက ဒီပရင်းမှာ ကယ်တဲ့ ပုံစံ ချိုးယူ တာမျိုး အာဆီယံမှာ သူ့တပည့် ဦးဝင်းအောင်ကို အလှည့် အပြောင်း လာတော့မယ် ဆိုတဲ့ စကားထွက် စေတာမျိုးကို ကြိတ်ပြီး ချီးကျူးမယ် ဆိုရင်ပေါ့…. ဒါပေမယ့် ဒီလူဟာ ကျွန်တော်တို့ ပုံနှိပ်စက်သမားတွေ ပြောသလို ပြောရရင် မှင်အနက်ဘဲ… ဘယ်လို မှင်နဲ့မှ သူ့ကို အရောင်ပြောင်းလို့ မရနိုင်ဘူး… သူဟာ လူ

မကြမ်းဘဲ စိတ်ဓါတ်ကြမ်းတဲ့ အတွင်းကောက် သမားပါ…ကျေးဇူး

ဗလ (MMCP)


ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း ဆိုတာ ရှိခဲ့တယ်ကွယ့်။ ဘယ်သူမှ အတိအကျ မသိဘဲလို့ ဆိုရအောင် အဲဒီ ကျောင်းသားတွေ မသေသေးဘူးကွယ့်။ အဲဒီ သူကြီးလဲ အပြင်ဘက်မှာ အရှင် လတ်လတ်ကြီး ညွှန်ကြား နေတာကွယ့်။ လှည်းတန်းမှာ နံနက် လင်းအားကြီး ကတ္တရာ လမ်းပေါ်ထိုင် လက်ချင်း ချိတ်တွဲ ထားတဲ့ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ အခု ရွှေဘို ထောင်က လွှတ်တဲ့ထဲ ပါတဲ့ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင်တဲ့။ အဲဒီတုန်းက ဗမခ မဟုတ်သေးဘူး ထင်တယ်။ အမိန့်ရ အနီးကပ် ညွှန်ကြား သူပေါ့။ ထောက်လှန်းရေး တစ်စု ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ မန္တလေး သံဃာ့ အရေးအခင်း ဆိုတာလဲ မှီလိုက်သူတွေ ရှိသေးတယ်ကွယ့်။ ကျောင်းသား တစ်ယောက်ကို မမိလို့ အမေနဲ့ နှမကို (အလယ်တန်း ကျောင်းသူတောင် မချန်) ထောင်ထဲ ဖမ်းထည့် ပလိုက်တာကော သူ တော်တဲ့ အချက်လို့ ပြောဦး မလား။ မျှားခေါ် တတ်လိုက်တာ ပေါ့နော် အဲဒီ တ၀ိုက် စစ်ထောက်လှမ်းရေးတွေ သတင်းပေးတွေ စိုးမိုးချိန်က လက်ဖက်ရည်ဆိုင် ထိုင်ရင်တောင် ဘော်ဘော်တွေနဲ့ ကိုယ့်နိုင်ငံ အကြောင်း အကောင်း အဆိုး နည်းနည်းတောင် မဟ၀ံ့ ၊ ကချင် ပုဆိုးတောင် မ၀တ်ရဲ၊ အိမ်မှာ အန်တီစု ပုံတောင် မထားရဲတဲ့ သာမန် ကျောင်းသား ပြည်သူတွေရဲ့ ဘ၀တွေ ရှိခဲ့တယ်။ အဲဒါ ပုံပြင်တွေ ယုံတမ်း စကားတွေ မဟုတ်ဘူး။ အမှန်က ဒီလူကြီး အကြောင်း ပြောဖို့ ၀င်လာတာ မဟုတ်ဘူး။ ဖတ်ရတော့လဲ မနေနိုင်လို့။ …………………………………….

ဘယ်သူတွေ ဘယ်လိုပဲ အဘညွှန့်ရဲ့ ဘုန်းတော် ဘွဲ့တွေ ရွတ်နေကြ ပါစေ ကျနော်တော့ သူ့မျက်နှာ မြင်တာနဲ့ ပထမဆုံး ပြေးမြင် မိတာက ကိုတင်နွယ် ဆိုတဲ့ ဇိမ်ခေါင်းကြီးပဲ။

အဘညွှန့် ဘာလုပ်ခဲ့ သလဲတော့ မသိပါဘူး အဘညွှန့်ရဲ့ သားသမီး အမ်အိုင် တွေကြောင့် တနိုင်ငံလုံး ဇိမ်နန်းတွေ ပေါ်ပေါ် တင်တင် ဖွင့်ရဲလာတာတော့ အတော် ထင်ထင် ရှားရှားပဲ။ တဖက်ကနေ လှည့်ပြီး ကျေးဇူးတင် ရမယ် ဆိုရင် ကိုရင် ချက်ကြီးတို့ ပြည်တွင်းဖြစ် ကုန်ကြမ်း ရစေဖို့ စတင် မိတ်ဆက် ကျေးဇူး ပြုခဲ့တာ အဘ ညွှန့်ရဲ့ အမ်အိုင် တွေပဲ။

ဒါပေမဲ့ သူ လွတ်ခြင်း မလွတ်ခြင်းကို ကျနော်တော့ ဘယ်လိုမှ မခံစား မိပါဘူး၊ အကျဉ်းကျ နေသူ လွတ်မြောက်တဲ့ အတွက် မုဒိတာပွား ပါတယ်။ ဒါပေမဲ့ သူဟာ တနိုင်ငံလုံး အကြောက်တရား နွံထဲ ဆွဲချ ခဲ့တဲ့ အဖွဲ့အစည်းကြီး တစ်ခုကို ဦးဆောင် ခဲ့တဲ့ သူတစ်ယောက် ဆိုတာ ဘယ်လိုမှ ငြင်းဆို ဖျောက်ဖျက်လို့ မရနိုင်ပါဘူး။

မော်ကင်းလေး


မခံခဲ့ရဘူးတဲ့ သူတွေကတော့ ခံခဲ့ရတဲ့ အမြင်ကို ဘယ်သိ မလဲဗျ။ မိသားစုတွေ သားတကွဲ၊ မယားတကွဲ.. ဖြစ်ခဲ့တာတွေ၊ လူဘ၀ သက်တမ်း တ၀က်လောက်ကို ထောင်ထဲမှာ ကုန်ဆုံးခဲ့ရတာတွေ၊ ကိုယ့်အိမ် ကိုယ်နေတာတောင် ကြီးလန့်စာ စားနေ ခဲ့ရတာတွေ၊.. ပြောရရင်တော့ ကုန်မှာတောင် မဟုတ်ဘူး။ ဒီလို လူမျိုးကို အကာအကွယ် ပေးတဲ့ သူတွေ facebook ပေါ်မှာလဲ အတော်များသား ကလား။ ဒီလူကြီးရဲ့ လက်တံက တော်တော် ရှည်သေးတာ တွေ့ရပါတယ်။ (သူတပည့် ဟောင်းတွေ တော်တော် များများလဲ facebook ပေါ်ရှိနေတာ သေချာတယ်) ထောက်လှမ်းရေး ဆိုတဲ့ အတိုင်း ဉာဏ်နီ ဉာဏ်နက်၊ ကလိမ်ကကျစ် ဉာဏ်ကတော့ တော်တော် ကြောက်ဖို့ ကောင်းရိုး အမှန်ပဲ။ မြွေပွေးလို လူမျိုးပါ။ ဒီလူကြီး အခုလို ထောင်ကျတာလဲ ယုံကြည်ချက်ကြောင့် မဟုတ်ပါ။

သွားလေသူကြီးက မြွေပွေး တစ်ကောင်ကို ပခြုပ်ထဲ ထည့်လိုက် တာပါ။ (သူတို့ အာဏာ ထိပါးမှာ မြင်လို့လား မသိ) ခုတော့ မြွေပွေး တစ်ကောင် ပြန်လွတ်လာပြီပေါ့။

xxMMCPxx


သူတို့ တွေက ရန် ငါ ပြတ်တယ်။ ဒါကြောင့်လည်း သူတို့တွေက ပြတ်ပြတ် သားသား အသာစီးရ အပေါ်စီးက နေပြီး လုပ်ခြင် သလို လုပ်ခဲ့ကြတယ်။ ကျတော် တို့က မေတ္တာ ဂရုဏာ မုဒိတာ ဥပစ်ခါတွေကို ကျင့်သုံးတယ်။ နည်းနည်း အသာစီး ရလာရင်

ဆက်ပြီး အနိုင်ယူဖို့၊ အမြစ်ပြတ် ချေမှုန်းဖို့ ဆိုတာ တွေကို စိတ်မ၀င်စား တော့ဘူး။ အားလုံး အတူတကွ လက်တွဲ နေထိုင်ရေးကို ပိုဦးစား ပေးတယ်။ ဒါကြောင့် သူတို့တွေ ထင်တိုင်းကြဲတာကို ခဏခဏ ခါးဆီး ခံခဲ့ကြရတယ်။

တစ်ခါ တစ်လေ တော့လည်း ကိုယ်လည်း ရန် ငါ ပြတ်သူ ဖြစ်ချင် လာတယ်။ ဒါပေမဲ့ ငါဟာလူ၊ တိရစ္ဆာန် မဟုတ်ဘူး လို့ ပြန်စဉ်းစား လိုက်မိရင် ရန် ငါ မပြတ်နိုင်သူ ပြန်ဖြစ် သွားတယ်။ လူ အဖြစ်ကို အဆုံးရှုံး ခံပြီးမှရမဲ့ အနိုင် ထိုက်တန်ရဲ့လား တစ်ကယ်ကော လိုခြင်ရဲ့လားလို့ ပြန်စဉ်းစား စရာတွေ ဖြစ်လာ ခဲ့တယ်။

အခု အချိန်မှာ အခုလို လွှတ်ပေး လိုက်တာနဲ့ ပက်သက်ပြီး ဆိုက်ဝါးတွေ လုပ်နေတယ်လို ကျတော်လည်း ခံစားရတယ်။ ဇာတ်ရှိန်ကို မြှင့် သယ်သွားတယ်။ လူနည်းနည်း စိတ်ဝင်စားတဲ့ ကိစ္စကနေပြီး လူအများ စိတ်ဝင်စားတဲ့ ကိစ္စ ဖြစ်လာအောင် လုပ် ယူတယ်။ ပြီးမှ ဖြည့်ချလိုက်တယ်။ လူတွေ အားလုံး ရင်သပ် ရှုမော စရာ ဖြစ်သွားတယ်။ မြစ်ဆုံ ကိစ္စ အကျဉ်းသား လွတ်ပေးရေး ကိစ္စ တွေမှာ သေသေ ချာချာ ပလန် ဆွဲပြီး ဒါရိုက်တာ ကောင်းကောင်းနဲ့ ရိုက်တဲ့ ရိုက်ချက် တွေလို ကျတော်လည်း အစ်ကို တစ်ချို့နဲ့ အမြင် တူတယ်။

သစ်တာကြီးပေါ် ကျောက်တုံး တင်ပြီး ပြန်ချပေးတဲ့ အော်ပီကျယ် ကာတွန်း အဓိပ္ပါယ်မျိုး ဆိုတဲ့ အဖြစ်မျိုး ဆိုတာကိုလည်း လက်ခံတယ်။ ချုပ်ချုပ်ကြီးရဲ့ သမီးတော်တွေ ဌာနတွေ အားလုံးက တစ်ပြိုင်နက် ထွက်ပြီးမှ ဆိုတာ လေးကို ပိုပြီး သိခြင်လာတယ်။ အစ်ကို သိထားတာတွေကို ရှယ်ပေး ပါလား။

အခု တစ်လော မြောက်ပိုင်း ကျောင်းသား တပ်မတော် အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေ အရိုးတွန် နေတယ်။ ခွင့်လွှတ်နိုင်သူတွေ ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လိုမရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံ သင်ဘူး။ အရေး ယူတာ မယူတာက နောက် တစ်ပိုင်း အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ နောက် တစ်ပိုင်းပါ။ ထို့အတူ ဒီပဲယင်း ဆိုတာလည်း လူ အများအပြား လူ မသိ သူမသိ၊ လူလို သူလို မဟုတ်ဘဲ အသက် ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ခွင့်လွှတ် နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ သမိုင်း မှတ်တမ်း အမှန်အတိုင်း အပြည်အစုံ ရှိသင့်တယ်။ နောက် လူတွေလည်း သိသင့်တယ်။ အခုဘဲကြည့် ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင် နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ မအအောင်လို့ သမိုင်း သင်တာပါ ဆိုတာ ဒေါက်တာ သန်းထွန်းရဲ့ စကား ပြန် အမှတ်ရကြပါ။

ဦးခင်ညွှန်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်းတွေ ကောင်း သလား ဆိုး သလား တော် သလား ဆိုတာတွေ ဆွေးနွေးခြင်ရင် နိုင်ငံရေး သရက်ထဲမှာ သူ့အမည်နဲ့ သီးခြား တစ်ခု ရှိပါတယ်။ အဲသည်ဖက်မှာ ဆိုရင် ပိုပြီး သင့်လျှော်လေ မလားလို့ အကြံ ပေးတာပါ။ ကျတော် ဂရုပြု မိသလောက် အမည်ကျော်တွေ ထဲမှာ ကိုယ်ကိုယ့်ကိုယ် publicity ဖြစ်အောင် promotion ကို သေသေချာချာ စဉ်စားပြီး စနစ်တစ်ကျနဲ့ အချိန် အကုန်ခံပြီး လုပ်ယူတဲ့ လူ နှစ်ယောက်ကို တွေ့မိတယ်။ တစ်ယောက်က ကျော်ဟိန်းပါ။ သူ ဘုန်းကြီး မ၀တ်ခင် နှစ် အနည်းငယ် အလိုမှာ နှစ်ရှည် ပလန်ချပြီး စနစ်တစ်ကျ လုပ်သွားတာပါ။ နောက် တစ်ယောက် အခု မြို့မေတ္တာ ခံယူ နေသူကြီးပါ။

လူတွေဟာ တစ်ခုခုကို အများထဲက ရွေးရတော့မယ် ဆိုရင် ယဉ်ပါးနေတဲ့ ကြားဘူးတဲ့ အရာကိုဘဲ ရွေးတယ် ဆိုတာ စနစ်တကျ လေ့လာချက် များမှာ တွေ့ရှိရတဲ့ လူ အကျင့်ပါ။ ဒါကြောင့် ကိုယ်ပစ္စည်းကို ကောင်းတဲ့ ကိစ္စနဲ့ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် ဆိုးတဲ့ ကိစ္စနဲ့ဘဲ တွဲပြီးတော့ဘဲ ဖြစ်ဖြစ် လူတွေရဲ့ မျက်စိ ထဲကို နားထဲကို ခေါင်းထဲကို ထပ်ခါ တလည်းလည်း ၀င်အောင် လုပ်ပေးရမယ်။ အဲဒီ လုပ်ထားနိုင်ရင် အဲသည် လူဟာ တစ်ခုခုကို ရွေးရတော့ မယ်ဆိုရင် မသိ စိတ်ကနေပြီး သူ မကြာခဏ ကြားဘူး နေတဲ့ အမည် ကိုဘဲ ရွေးတော့တယ် ဆိုတာ အခြေခံ မားကက်တင်း နိယာမ တစ်ခုပါ။ ဒါကို တီဗီ မင်းသားကြီးက ကောင်းကောင်း နားလည်ပုံ ရပါတယ်။ လူမကြိုက်တဲ့ ပစ္စည်းကို လူ ကြိုက်များတဲ့ ပစ္စည်းနဲ့ တွဲထုတ်တာ ခေါက်ရိုးကျိုး နေတဲ့ မဆလ မားကက်တင်း နည်း စနစ်ပါ။ လူအများရဲ့ အသက် သွေး ဘ၀ မျက်ရည် တွေနဲ့မှ စားပျော် အိပ်ဝင်ပြီး လူ လုပ်ခဲ့သူတွေကို လွှတ်ပေးရင် လူထုက လက်ခံမှာ မဟုတ်ဘူး ဆိုတာကို သိလို့ လူထုကြီးက အောင့်သက်သက်နဲ့ စိတ်လျော့ပြီး

လက်ခံ သွားရအောင်လို့ အခုလို တွဲပြီး ထုတ်လိုက်တာပါ။

အောင်အောင်ဦး
ခင်ရတနာ(facebook) မှ


ဒေါ်စု ကို အပျော့ဂိုဏ်း ခင်ညွန့်က စကား ပြောချင် နေတာ ခေါင်းမာတဲ့ သန်းရွှေကြောင့် ဆိုပြီး ဆရာ တပည့် နှစ်ယောက် အပျော့ဂိုဏ်း အမာဂိုဏ်း ဖန်တီးပြီး လူထုကို လိမ်။ သံတမန်တွေကို လိမ်။ ကမ္ဘာကို လိမ်ခဲ့တာ ခင်ညွန့်ပါ။

ထောက်လှမ်းရေး တွေကို သန်းရွှေက လိုက် ဖမ်းတော့ နယ်စပ်က ထောက်လှမ်းရေးတွေ အိမ်မှာ ရွှေတွေ ပိသာ များစွာ ဖမ်းမိတယ်။ ဒေါ်လာတွေ မြောက်များစွာ နံရံမှာ မြုပ်ထားတယ်။ ထူးခြား တာက ထောက်လှမ်းရေး အရာရှိတွေရဲ့ ဘုရားစင် တွေမှာ ဘုရား မရှိဘဲ ခင်ညွန့် ဓါတ်ပုံကြီးသာ ရှိပါသတဲ့။

ခင်ညွန့် ပြုတ်တာ ၂၀၀၄ နှောင်းပိုင်းပါ။ မပြုတ်ခင် လပိုင်း အလိုမှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို ဒေါက် ဖြုတ်ရာမှာ အဓိက ဇာတ်ကောင်လို့ စွပ်စွဲ ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းက သူ့မယားငယ် ရီရီသာကို အမေရိကန် ပို့ပါတယ်။ ရီရီသာက အမေရိကန်ကို ၀င်တဲ့ နေရာမှာ ကျော်ဝင်း ခိုးဝှက် ထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း များစွာ (ဆယ် ဂဏန်းလို့ နီးစပ် သူတွေက မှန်းပါတယ်) နဲ့ ၀င်ပါတယ်။ ဒီ အချိန်မှာ ထောက်လှမ်းရေး ဗိုလ်မှူး အောင်လင်းထွဋ် က ၀ါရှင်တန် မြန်မာ သံရုံးမှာ ရှိနေတုံးပါ။ ဒါကြောင့် ရီရီသာ အမေရိကန်မှာ အခြေချဘို့ အောင်လင်းထွဋ် က အကုန် စီစဉ် ပေးပါတယ်။ အောင်လင်းထွဋ် သံရုံးက ခုန်ချပြီး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းတဲ့ အခါ ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်း မယားငယ် ရီရီသာ အိမ်မှာ ခဏ နေပါတယ်။ ဒေါ်စု ကျေးဇူးကြောင့် အမေရိကန်က ဆန်ရှင်တွေ ဖွင့်ရင် ထောက်လှမ်းရေး ဗိုလ်ချုပ် ကျော်ဝင်းလဲ အမေရိကန်က မယားငယ်နဲ့ ပြန်ပေါင်းထုတ်။ ခိုးထားတဲ့ ဒေါ်လာတွေနဲ့ စည်းစိမ် ခံနိုင်မှာမို့ ဟန်ကို ကျလို့။ ကနေ့ အမေရိကန် အစိုးရက အောင်လင်းထွဋ်ကို လုံးဝ နိုင်ငံရေး ခိုလှုံခွင့် မပေးပါ။ အမေရိကန်မှာ နေခွင့်သာ ပေးတယ်လို့ နိုင်ငံခြား သတင်း တခုမှာ ဖတ်ရတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တချိန်က နှစ်ပြား မတန်အောင် မြန်မာ့ အလင်း သတင်းစာ ကနေ ဆောင်းပါး မျိုးစုံနဲ့ အပုတ် ချခဲ့တာ ခင်ညွန့်နဲ့ ထောက်လှမ်းရေး အရာရှိတွေ ဆိုတာ မေ့ကုန်ပလား။ ဒေါ်စုနဲ့ အန်အယ်လ်ဒီကို အောက်လမ်း နည်းမျိုးစုံနဲ့ တိုက်ခဲ့တာ ခင်ညွန့် ပါရှင့်။

(မြင့်မိုဦး facebook မှ စုစည်းတင်ပြချက်)

အပြည့်အစုံ ဖတ်ရန် ...

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် နှင့် ဒီဗွီဘီ အင်တာဗျူး(ရုပ်/သံ)



သရက်မြို့ အကျဉ်းထောင်ကနေ ၁၃၊၀၁၊၁၂ မှာ ပြန်လည် လွတ်မြောက်လာတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ဟာ ၁၄ရက်နေ့မှာ ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ် နေအိမ်ကို ပြန်ရောက်ပါတယ်။

ကိုမင်းကိုနိုင်ဟာ သူအားသန်တာကတော့ လူထုနဲ့အတူနေပြီးတော့ လူထုနဲ့အတူ ခံစားပြီးတော့ သွားတဲ့ လူထုနိုင်ငံရေးပါလို့ ဒီဗွီဘီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။

source by : http://www.youtube.com/user/DVBBurmese

အပြည့်အစုံ ဖတ်ရန် ...

ရသင့် ရထိုက်တဲ့ အကျဉ်းသားအခွင့်အရေး မရရှိဟု အင်းစိန်ထောင် မှ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ပြောဆို(ရုပ်/သံ)




ဇန်န၀ါရီလ ၁၃ ရက် နေ့လည်က အင်းစိန်ထောင် မှ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် က လုပ်ဖော်ကိုင်ဖက် တပ်မတော်သားများအပါအ၀င် ပြည်သူလူထုအနေဖြင့် နာကျင်ကြေကွဲ ခံစားမှုများကို ရင်ထဲမှာပဲ ထားပြီး အနာဂတ် မျိုးဆက်သစ် ညီအကို မောင်နှမသားချင်းများအတွက် ရှိခဲ့ဖူးတဲ့ ခါးသီးနားကြည်းမုန်းတီးမှုများ ထပ်မကြုံတွေ့ ရတော့မယ့် လူမှုရပ်ဝန်းတခုကို ကာကွယ်နိုင်မယ့်စနစ်နှင့် အခြေအနေရောက်အောင် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်ထဲတွင် ၁၀ နှစ်နီးပါး အမှုထမ်းခဲ့သူ ကိုနေမျိုးဇင်ဟာ ဘီဂျီ သွေးကူညီရေးအဖွဲ့နှင့် လှုမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွ အားပေးကူညီခဲ့လို့ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့် လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ နောက်ဆက်တွဲ အမှုတခုအတွက် ဆက်လက်ရင်ဆိုင်သွားရဖို့ ရှိတယ်လို့ သိရပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia

အပြည့်အစုံ ဖတ်ရန် ...

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အား လက်ပံတန်းနှင့် သာယာဝတီက ကြိုဆို (ရုပ်/သံ)




source by : http://www.youtube.com/user/mizzimanewsTV

အပြည့်အစုံ ဖတ်ရန် ...