Thursday, January 19, 2012

အသနားခံစာ ပယ်ချခံရမှုအပေါ် ပေးဆပ်ဖို့ ၀န်မလေးတဲ့ ရွှေည၀ါဆရာတော်ရဲ့ပြောဆိုချက်များ(ရုပ်/သံ)



၁၅.၉.၂၀၁၁နေ့က မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးအပေါ်ထပ်ကို ပင့်လျှောက်လာသဖြင့် ကြွရောက်သြ၀ါဒတရာ ပြောကြားခြင်းသာဖြစ်တယ်။

အဲဒီလို သြ၀ါဒ တရားပြောကြားပေးတဲ့ကိစ္စနဲ့ ပက်သက်ပြီး ငါ့စိတ်ထဲမှာ ဘာမှ နောက်ပိုင်း ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာလိမ့်မယ်လို့ လုံးဝမမျှော်လင့်ဘူး။

မမျှော်လင့်တဲ့အရာက မမျှော်လင့်တဲ့အချိန်မှာ အခုလို အကြောင်းပြ စွဲချက်တင်ပြီးတော့ အရေးယူမှုတွေ ပေါ်လာတဲ့အခါကျတော့ အလွန်အံ့သြသွားတယ်။






၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့က မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ကြွရောက်ပြီး သြ၀ါဒတရား ဟောကြားခဲ့တဲ့အတွက် ရွှေညဝါ ဆရာတော်ကို အရေးယူပေးဖို့ သံဃာ့မဟာ နာယက အဖွဲ့က ရန်ကုန်တိုင်း သံဃာ့နာယက အဖွဲ့ကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

အခုလို လုပ်တာဟာ NLD နဲ့ ရဟန်း သံဃာတော်တွေ အဆက်ဆံ မရှိအောင် ဓါးစာခံ ထိုးဆောင်ရွက်တဲ့ အနေထား ယူဆရလို့ ရကြောင်း ပေးဆပ်မှုတွေနဲ့ ထုံမွေ့ လာတာဖြစ်လို့ ပေးဆပ်ဖို့ ၀န်မလေးကြောင်းကိုလည်း ရွှေည၀ါဆရာတော်မှ ပြောကြားခဲ့ပါတယ်။

ရွှေညဝါဆရာတော်ရဲ့ တပည့် သံဃာတော်တွေ ဒယကာ၊ ဒယာကမတွေ နိုင်ငံရေးသမားတွေက ၀ိုင်းဝန်း လက်မှတ်ထိုးထားတဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားတဲ့ အသနားခံစာကို ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မဟာနာယကအဖွဲ့ရဲ့ ပယ်ချခြင်းကိုခံခဲ့ရပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia