Sunday, January 15, 2012

ရသင့် ရထိုက်တဲ့ အကျဉ်းသားအခွင့်အရေး မရရှိဟု အင်းစိန်ထောင် မှ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ပြောဆို(ရုပ်/သံ)




ဇန်န၀ါရီလ ၁၃ ရက် နေ့လည်က အင်းစိန်ထောင် မှ လွတ်မြောက်လာတဲ့ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် က လုပ်ဖော်ကိုင်ဖက် တပ်မတော်သားများအပါအ၀င် ပြည်သူလူထုအနေဖြင့် နာကျင်ကြေကွဲ ခံစားမှုများကို ရင်ထဲမှာပဲ ထားပြီး အနာဂတ် မျိုးဆက်သစ် ညီအကို မောင်နှမသားချင်းများအတွက် ရှိခဲ့ဖူးတဲ့ ခါးသီးနားကြည်းမုန်းတီးမှုများ ထပ်မကြုံတွေ့ ရတော့မယ့် လူမှုရပ်ဝန်းတခုကို ကာကွယ်နိုင်မယ့်စနစ်နှင့် အခြေအနေရောက်အောင် ကြိုးပမ်းသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်ထဲတွင် ၁၀ နှစ်နီးပါး အမှုထမ်းခဲ့သူ ကိုနေမျိုးဇင်ဟာ ဘီဂျီ သွေးကူညီရေးအဖွဲ့နှင့် လှုမှုရေးလုပ်ငန်းများကို တက်တက်ကြွကြွ အားပေးကူညီခဲ့လို့ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံခဲ့ရပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပေမယ့် လာမယ့် ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ နောက်ဆက်တွဲ အမှုတခုအတွက် ဆက်လက်ရင်ဆိုင်သွားရဖို့ ရှိတယ်လို့ သိရပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia