Sunday, January 15, 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု Legion of Honor ကို လက်ခံယူပွဲ အခမ်းအနား(ရုပ်/သံ)



ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီး Alain Juppe က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုဖြစ်သည့် Commandeur de la legion d'Honneur (Legion of Honor) ဆုကို ဒီကနေ့ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ည ၇း၀၀ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ ပြင်သစ်သံရုံးမှာ ကျင်းပတဲ့ အခမ်းအနားမှာ ဆုတံဆိပ် တပ်ဆင် ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ပြင်သစ် နိုင်ငံအစိုးရနှင့် ပြင်သစ် ပြည်သူများကို ကျေးဇူးတင် ရှိကြောင်း နှင့် နှုတ်ခွန်းဆက် အမှာစကားတို့ ကို ပြင်သစ် ဘာသာစကားဖြင့် ပြန်လည် ပြောကြား သွားခဲ့ပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia