Saturday, August 29, 2009

“ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ

ပခုက္ကူ က ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ် ဆိုသည့်
“ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ

မတ်တပ်ရပ် ပြောနေသူမှာ ဦးတင် မြိုင် ( တ စ ည ) ဟောင်းတဦး



မကွေးတိုင်း ပခုက္က ခရိုင် အတွင်း နအဖ ရဲ့တပည့် လက် သားများ မှနေ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခု နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ ၂ ခု တို့  အားဘမ်း ပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆို ကာ ရုံးခန်းဖွင့်လှစ်ခြင်း ၊ အစည်းဝေး ခေါ်ယူခြင်းများကို ပြည်သူလူထု သို့  တရားဝင် ပါတီ များ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင် ခွင့် ရှိပြီ ဖြစ်ကြောင်းတရားဝင် မကြေငြာပါပဲ နှင့်  ယခုလို မြို့ လည် ခေါင် မှာ “ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ ကဲ့ သို့ ဗြောင်ကျကျ လုပ် ဆောင်လျှက် ရှိနေပါသည် ။
အဆိုပါ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဖွင့်လှစ်သည့် နေရာမှာ ဦးဝင်းဇော် ဆို သူ ၏ နေအိမ် ဖြစ်ပြီး ၁၇ -လမ်း ၊ အမှတ် ( ၁၁ ) ရပ်ကွက် ၊ ပခုက္ကူမြို့ တွင် ဖြစ် ပါ သည် ။ ၎င်း ဦးဝင်းဇော် သည် အမတ်အဖြစ် အရွေးခံ မည့်  သူ ဖြစ် ပြီး ရွာပေးကျောင်းဆရာ အဖြစ်လည်းကောင်း ၊ ဆီစက် ပဲခွဲစက်များတွင် လည်းကောင်း ၀င်ရောက် အလုပ်လုပ် ကိုင် ခဲ့ပြီး ယခုအခါတွင် ဘောလုံးပွဲ ၊၂- ၃ လုံးထီ ဒိုင်ဖွင့်လှစ်ကာ အာဏာပိုင်များနှင့်ပူးပေါင်းကာစီးပွားရေး လမ်းဖြောင့်နေသူ ဖြစ် ပါ သည် ။

အထက်ပါအခန်းအနားသို့ တက်ရောက်ခဲ့သူများမှာတော့ ၂ လုံးထီ ချဲ စသည် လက်ခွဲ ရောင်းချနေသော ရပ်ကွက် ထဲ မှ ရဲနှင့် မလွတ်ကင်းကြသည့် သူများသာ ဖြစ်သည် ။

သို့ပါသော်လည်း တရားဝင် ပါတီဖြစ်သည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးများကိုတော့ အကြောင်းပြချက် မရှိပဲ ပိတ်ထားခဲ့သည်မှာ ကာလာကြာပြီ ဖြစ်သည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ ဆိုင်းဘုတ်အား မြို့နယ်အာဏာပိုင်တို့  မှ လာရောက်၍ ဖြုတ်ချခိုင်းခြင်း ၊ အဖွဲ့ဝင်တို့မှ ဖြုတ်ချ မပေးနိုင်ကြောင်း ပြန်လည် ပြောကြားသောအခါ ၎င်းညတွင်ပင် အမျိုးအမည်မသိ အဖွဲ့ အစည်းမှ ခိုးကြောင်ခိုးဝှက် ဖြုတ်ယူသွားခြင်း၊အဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန် ကြေငြာချက်များ၊စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ်များတွင် ဖြန့်ဝေခြင်းမပြုရန် မြို့နယ် အာဏာပိုင်အဖွဲ့အစည်းမှ ခေါ်ယူပိတ်ပင်တာဆီးခြင်း စသည်တို့ ကိုပြုလုပ်လျှက်ရှိပါသည်။

( ဥပမာ - ပခုက္ကူ ကံမ မြို့နယ် မှ လူငယ် အဖွဲ့ဝင် ကိုဌေးဝင်း နှင့် ပခုက္ကူမြို့ နယ်စည်းအဖွဲ့ ဝင် ဦးပိုက်ကို တို့  အား မြို့နယ် အာဏာ ပိုင်အဖွဲ့အစည်းမှ ခေါ်ယူ တားမြစ်သတိပေးခဲ့ ခြင်း ) များကို တဖက်သက် နှိပ်ကွပ်လျှက် ရှိပါကြောင်း တင် ပြ လိုက်ရ ပါသည် ။


မှတ်ချက် ။ ။ http://www.freeforcountry.co.cc မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, August 28, 2009

နိုင်ငံရေးအကျဉ်းသား ကိုညီညီဦး ( NLD ) ၏
ထောင်တွင်း ကျန်းမာရေးအခြေအနေ



မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, August 27, 2009

သူပုန်အားပေးဆိုကာ အိမ် ၃၀၀ ကျော် စစ်တပ်က မီးရှို့(ရုပ်သံသတင်း)

သူပုန်အားပေးဆိုကာ အိမ် ၃၀၀ ကျော်
စစ်တပ်က မီးရှို့(ရုပ်သံသတင်း)


မဇ္ဈိမသတင်းဌာန

ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ 26 ရက် 2009 ခုနှစ် 15 နာရီ 21 မိနစ်


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, August 23, 2009

နအဖ ဒေါက်တိုင် ဂျာနယ် စာဆောင်များအား သပိတ်မှေက်ကြ

နအဖ ဒေါက်တိုင် ဂျာနယ် စာဆောင်များအား သပိတ်မှောက်ကြ

ရဲဘော်တို့ ...


အောက်ပါ နအဖ အလိုတော်ရိ ဂျာနယ် စာဆောင်များကို သပိတ်မှောက်ကြပါ။

စစ်အာဏာရှင်များ အကြိုက်လိုက်၍ မိမိကိုယ်ကျိုးတခုထဲကိုသာ ကြည့်သော စာပေသမားအမည်ခံများ ဦးစီးထုတ်ဝေလျက်ရှိသည့် အောက်ပါ ဂျာနယ်များ...

သတင်းစာများ နှင့် ဦးဆောင်ခိုင်းစေသူ ဗိုလ်မှုးချုပ် ကျော်ဆန်း ပိုင်ဆိုင်သော ဆိုက်ဘာအင်တာနက် တို့ အား သပိတ်မှောက်လိုက်သည်။

၁။ မြေနီကုန်း ဆိုက်ဘာအင်တာနက် ( ဗိုလ်မှူးချုပ်ကျော်ဆန်း )

၂။ မြန်မာတိုင်း ဂျာနယ် ( ဒေါက်တာတင်ထွန်းဦး )


၃။ ပြည်မြန်မာဂျာနယ် ( ဒေါက်တာတင်ထွန်းဦး)

၎။ သုတစွယ်စုံမဂ္ဂဇင်း ( ဒေါက်တာတင်ထွန်းဦး )

၅။ သတင်းလွှာဂျာနယ် (ဒေါက်တာတင်ထွန်းဦး )


၆။ မဟာဂျာနယ် ( ဦးမြတ်ခိုင် )


၇။ အချစ်ဂျာနယ် (ဦးမြတ်ခိုင် )


၈။ လျှပ်တပြက်ဂျာနယ် ( ဦးမြတ်ခိုင် )


၉။ ကောင်းသတင်းဂျာနယ် ( ဦးမြတ်ခိုင် )


၁၀။ ကြီးပွားရေးမဂ္ဂဇင်း (ဦးမြတ်ခိုင် )


၁၁။ ဂီတဂျာနယ် ( ဦးမြတ်ခိုင် )


၁၂။ ပေါ်ပြူလာဂျာနယ် (ဦးဟိန်းလတ် )


၁၃။ မြန်မာ့အလင်း သတင်းစာ


၁၄။ ကြေးမုံ သတင်းစာ။


ပည်သူလူထုအနေဖြင့် မိမိတို့၏ အထွေထွေ အကျပ်အတည်းများ အတွက် မိမိတို့ ကိုယ်တိုင်ပါဝင်ကာ ကိုယ်ကျိုးရှာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ကိုယ်ကျိုးတခုထဲကိုသာကြည့်သော စာပေသမားအမည်ခံ ကိုယ်ကျိုးရှာ စီးပွားရေး သမားများအား ပြင်းထန်စွာ ဆန့်ကျင်သပိတ်မှောက်ကြပါရန်နှင့် အထက်ပါ စာရင်းများအား ၀ယ်ယူသုံးစွဲမှုလုံးဝ မပြုကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိတို့နှင့် နီးစပ်ရာကို သတင်းဖြန့်ဝေ ပေးကြပါရန်လည်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။


ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦး

အပြည့်အစုံ ဖတ်ရန် ...