Saturday, August 29, 2009

“ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ

ပခုက္ကူ က ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ် ဆိုသည့်
“ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ

မတ်တပ်ရပ် ပြောနေသူမှာ ဦးတင် မြိုင် ( တ စ ည ) ဟောင်းတဦး



မကွေးတိုင်း ပခုက္က ခရိုင် အတွင်း နအဖ ရဲ့တပည့် လက် သားများ မှနေ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၏ တရားဝင် အမှတ်တံဆိပ် အမှတ်အသားတခု နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အလံ ၂ ခု တို့  အားဘမ်း ပြ၍ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ဟု ဆို ကာ ရုံးခန်းဖွင့်လှစ်ခြင်း ၊ အစည်းဝေး ခေါ်ယူခြင်းများကို ပြည်သူလူထု သို့  တရားဝင် ပါတီ များ ဖွဲ့ စည်းခွင့် နှင့် ဆိုင်းဘုတ် တင် ခွင့် ရှိပြီ ဖြစ်ကြောင်းတရားဝင် မကြေငြာပါပဲ နှင့်  ယခုလို မြို့ လည် ခေါင် မှာ “ ဒေါင်းယောင် ဆောင် တဲ့ ကျီး “ များ ကဲ့ သို့ ဗြောင်ကျကျ လုပ် ဆောင်လျှက် ရှိနေပါသည် ။
အဆိုပါ “ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေး အဖွဲ့ ချုပ် “ ဖွင့်လှစ်သည့် နေရာမှာ ဦးဝင်းဇော် ဆို သူ ၏ နေအိမ် ဖြစ်ပြီး ၁၇ -လမ်း ၊ အမှတ် ( ၁၁ ) ရပ်ကွက် ၊ ပခုက္ကူမြို့ တွင် ဖြစ် ပါ သည် ။ ၎င်း ဦးဝင်းဇော် သည် အမတ်အဖြစ် အရွေးခံ မည့်  သူ ဖြစ် ပြီး ရွာပေးကျောင်းဆရာ အဖြစ်လည်းကောင်း ၊ ဆီစက် ပဲခွဲစက်များတွင် လည်းကောင်း ၀င်ရောက် အလုပ်လုပ် ကိုင် ခဲ့ပြီး ယခုအခါတွင် ဘောလုံးပွဲ ၊၂- ၃ လုံးထီ ဒိုင်ဖွင့်လှစ်ကာ အာဏာပိုင်များနှင့်ပူးပေါင်းကာစီးပွားရေး လမ်းဖြောင့်နေသူ ဖြစ် ပါ သည် ။

အထက်ပါအခန်းအနားသို့ တက်ရောက်ခဲ့သူများမှာတော့ ၂ လုံးထီ ချဲ စသည် လက်ခွဲ ရောင်းချနေသော ရပ်ကွက် ထဲ မှ ရဲနှင့် မလွတ်ကင်းကြသည့် သူများသာ ဖြစ်သည် ။

သို့ပါသော်လည်း တရားဝင် ပါတီဖြစ်သည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးများကိုတော့ အကြောင်းပြချက် မရှိပဲ ပိတ်ထားခဲ့သည်မှာ ကာလာကြာပြီ ဖြစ်သည့် အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွင့်ဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ ဆိုင်းဘုတ်အား မြို့နယ်အာဏာပိုင်တို့  မှ လာရောက်၍ ဖြုတ်ချခိုင်းခြင်း ၊ အဖွဲ့ဝင်တို့မှ ဖြုတ်ချ မပေးနိုင်ကြောင်း ပြန်လည် ပြောကြားသောအခါ ၎င်းညတွင်ပင် အမျိုးအမည်မသိ အဖွဲ့ အစည်းမှ ခိုးကြောင်ခိုးဝှက် ဖြုတ်ယူသွားခြင်း၊အဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန် ကြေငြာချက်များ၊စာရွက်စာတမ်းများကို သက်ဆိုင်ရာမြို့နယ်များတွင် ဖြန့်ဝေခြင်းမပြုရန် မြို့နယ် အာဏာပိုင်အဖွဲ့အစည်းမှ ခေါ်ယူပိတ်ပင်တာဆီးခြင်း စသည်တို့ ကိုပြုလုပ်လျှက်ရှိပါသည်။

( ဥပမာ - ပခုက္ကူ ကံမ မြို့နယ် မှ လူငယ် အဖွဲ့ဝင် ကိုဌေးဝင်း နှင့် ပခုက္ကူမြို့ နယ်စည်းအဖွဲ့ ဝင် ဦးပိုက်ကို တို့  အား မြို့နယ် အာဏာ ပိုင်အဖွဲ့အစည်းမှ ခေါ်ယူ တားမြစ်သတိပေးခဲ့ ခြင်း ) များကို တဖက်သက် နှိပ်ကွပ်လျှက် ရှိပါကြောင်း တင် ပြ လိုက်ရ ပါသည် ။


မှတ်ချက် ။ ။ http://www.freeforcountry.co.cc မှ ကူးယူ မျှဝေပါသည်။