Wednesday, September 2, 2009

မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း

မျိုးဆက်သစ်လူငယ်များအစည်းအရုံး၏ သဘောထားထုတ်ပြန်ကြေငြာခြင်း


ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အနေဖြင့် ယခု-၀ါတွင်းကာလအတွင်း ဖြစ်ပေါ်နေသော သံဃာတော်များအား (နအဖ)တာဝန်ရှိပုဂ္ဂိုလ်များမှ သြဂုတ်လအတွင်း ဖိအားပေး လိုက်လံဖမ်းဆီးလိုက်ခြင်းသည် သာသနာတော် ညှိနွမ်းကွယ်ပျောက်စေသည့် ဆောင်ရွက်မှုဟုလက်ခံ ယုံကြည်ထားသောကြောင့် အောက်ဖော်ပြပါ ရဟန်းသံဃာတော် (၃)ပါးဖမ်းဆီးလိုက်ခြင်း အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံချလိုက်သည်။

(၁) ရေနံချောင်းမြို့၊ မြို့မတောင်ရပ်ကွက်၊ စနေနံကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဝိမလအား ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ရက်နေ့ နေ့လည်တွင် (နအဖ)မှ ဖမ်းဆီးသွားခြင်း ခံခဲကြရသည်။

(၂) ပခုက္ကူမြို့၊ သာသနာ့ ၀ိပုလာရာမ ကျောင်းတိုက်၊ အနောက်တိုက်ဝင်းမှ ဆရာတော်ဦးဝိသုဒ္ဓအား ၂၀၀၉ ခုနှစ် သြဂုတ်လ ၂၈ရက်နေ့၊ သောကြာနေ့ညပိုင်းတွင် (နအဖ)၏ ဖမ်းဆီထိန်းသိမ်းခြင်း ခံခြဲ့ကရသည်။

(၃) ရေနံချောင်းမြို့၊ ရွှေစေတီ ပါဠိတက္ကသိုလ်မှ လက်ထောက် ဆရာတော် ဦးဝါယမအား ၂၀၀၉ခုနှစ် သြဂုတ်လ ၂၇ရက်နေ့ ကြာသပတေးနေ့တွင် (နအဖ)၏ ဖမ်းဆီးအထိန်းသိမ်းခြင်း ခံခဲ့ကြရသည်။

ဝါတွင်းကာလအတွင်း အထက်ပါ သံဃာ(၃)ပါးကို (နအဖ)စစ်အုပ်စုမှ မတရားဖမ်းဆီး ခေါ်ဆောင်သွားခြင်းသည် မြတ်စွာဘုရား၏ ၀ိနည်းတော်ကို ချိုးဖောက်စော်ကားရာ ရောက်ပေသည်။

ထိုကြောင့် ကျနော်တို့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ (နအဖ)ထံသို့ အထက်ပါ သံဃာတော်(၃)ပါးအား ၎င်းသံဃာတော်တို့ သီတင်းသုံးရာကျောင်းထိုင်ဌာနသို့ အမြန်ဆုံးပို့ဆောင်ရန်နှင့် သံဃာထုတစ်ရပ်လုံးအား ၀န်ချတောင်းပန်ရန်ပြင်းထန်စွာ တောင်းဆိုလိုက်သည်။

(နအဖ)စစ်အုပ်စုအနေဖြင့် သာသနာနှင့်သာသနာတော်စောင့်ရှောက်ကာကွယ်နေသူ သံဃာတော်များပါမက မြတ်စွာဘုရား၏ အဆုံးအမများကို ယုံကြည်လက်ခံကျင့်သုံး ကိုးကွယ်နေသူ ဒါယကာ - ဒါယကာမ အပေါင်းအား စော်ကားလိုက်သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ကြရပြီဖြစ်သည်။
ထိုကြောင့်အထက်ပါ တောင်းဆိုချက်အား(နအဖ)စစ်အုပ်စုမှ တုန့်ပြန်ဖြည့်စီးမှုမပြုပါက သံဃာထုတစ်ရပ်လုံးနှင့် အတူ ဒါယကာ-ဒါယကာမများ ပူးပေါင်းကာ သာသနာတော်ကို ညှိးနွမ်းပျောက်ကွယ်စေရန် ဆောင်ရွက်နေကြသည့် စစ်အစိုးရတာဝန်ရှိပုဂ္ဂိုလ်များအား၊ ကျနော်တို့ GenerationWave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)မှ မြတ်စွာဘုရားသားတော်များဖြစ်ကြသော သံဃာများနှင့် ပြည်သူ လူထုတစ်ရပ်လုံးဖြင့် ပူးပေါင်းကာ ၂၀၀၉ခုနှစ်အတွင်း (နအဖ)စစ်မိစ္ဆာများအား ပစ်ဒဏ်ခတ်မည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်။

“ငါတို့လူငယ် ညီအစ်ကိုမောင်နှမများနှင့်အတူ ဗုဒ္ဓမြတ်စွာသာသနာတော်ကို
အသက်ပေး၍
ကာကွယ်ကြစို့”


မှတ်ချက် ။ ။ http://wanna23.blogspot.com မှ ကူးယူ မျှဝေပါသည်။