Friday, March 12, 2010

မတရားတဲ့ ဥပဒေ အရေးယူ တုံ့ပြန်ဖို့ ဒေါ်စု တိုက်တွန်း

VOA | မြန်မာစစ်အစိုးရ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့အတွက် ဒီလို မတရားတဲ့ ဥပဒေကို ပြည်သူလူထုနဲ့ နိုင်ငံရေး အင်အားစုတွေ တညီတညွတ်တည်း အရေးယူ တုံ့ပြန်ဖို့ လိုအပ်တဲ့အကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။

မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ NLD ပြောရေး ဆိုခွင့်ရှိသူလည်းဖြစ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အကျိုးဆောင်ရှေ့နေလည်းဖြစ်တဲ့ ဦှးဉာဏ်ဝင်း က ဒေါ်အောင်ဆန်းစုကြည် ဘက်က သဘောထားကို ပြန်လည် ပြောပြခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ ပုဂ္ဂိုလ်တဦး တယောက်ထည်းကို ရည်ရွယ်ရေးတယ်လို့ ထင်စရာ ရှိတဲ့အတွက် ဒီလို လူပုဂ္ဂိုလ်တဦး တယောက်ကို ရည်ရွယ်ရေးတယ်ဆိုရင် ရှက်ဖို့ ကောင်းတဲ့အကြောင်း၊ ဒီကိစ္စဟာ မဖြစ်သင့်ဘဲ ဥပဒေ ရဲ့ သိက္ခာ ကျဆင်းစေတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာကို ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။ အသေးစိတ်ကို မညိုညိုလွင်က တင်ပြပါလိမ့်မယ်။



source by : http://www.voanews.com