နိုင်ငံကျော် စာရေးဆရာ၊ အဆိုတော်၊ ဒါရိုက်တာ၊ သရုပ်ဆောင် ဦးဗလ (ခ) ဦးသုမောင်သည် ယနေ့ ၁၆ - ၅ - ၂၀၁၀ (တနင်္လာ)နေ့ ည ( ၉း၀၀ ) နာရီအချိန်တွင် သုခကမ္ဘာဆေးခန်းတွင် ကွယ်လွန်သွားခဲ့ပါသည်။
၎င်း၏ ရုပ်ကလပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ ကိုယ်တိုင် မော်တော်ယာဉ် မောင်းနှင်ပြီး သုခကမ္ဘာဆေးခန်းမှ သယ်ဆောင်၍ ရေဝေးသုဿန် အအေးခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထူးခြားချက် တစ်ခုမှာ ရန်ကုန်မြို့တွင် မိုးရွာသွန်းမှုမရှိ၍ ပြင်းပြလှသော အပူဒဏ်ကို ခံစားနေရသော မြို့သူ မြို့သားများအား ဦးသုမောင်၏ ရုပ်ကလပ်ကို သုခကမ္ဘာဆေးခန်းမှ ရေဝေးသုဿန်သို့ သယ်ယူပို့ဆောင်ချိန်တွင် မိုးရွာသွန်းပေးမှုကြောင့် အအေးဓါတ် လွှမ်းခြုံပေးမှုကို ခံစားလိုက် ရပါသည်။
၂၀ - ၅ - ၂၀၁၀ (ကြာသပတေး)နေ့ နံနက် (၁၀း၀၀) နာရီ အချိန်တွင် ရုပ်ကလပ်အား ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်မည် ဖြစ်ပါသည်။

ပေးပို့သူ မမြတ်လေးငုံ အား ကျေးဇူး အထူးတင်ရှိပါသည်။