Saturday, May 22, 2010

သခင်စိုးမြင့် ၏ နာရေး သတင်းဓါတ်ပုံများ

(001) | ရန်ကုန်မြို့၊ တောင်ဥက္ကလာ(၄) ရပ်ကွက် ကေတုမာလာရိပ်သာ အနောက် ၃ လမ်း အမှတ် ၅(က) နေအိမ်မှ ကားများ ၉နာရီခွဲတွင် ရေဝေး သုဿာန်သို့ စတင်ထွက်ခွာပါသည်။ ပထမဦးဆုံး မိသားစုမှ ဂါရဝပြု ပြီးနောက် ကြွရောက်လာတဲ့ သံတမန်များ၊ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ဧည့်ပရိတ်သတ်များမှ နောက်ဆုံး အနေဖြင့် ဂါရဝပြု နှုတ်ဆက်ပါတယ် ။
ထို့နောက် အခမ်းအနားအစီအစဉ်ဖြင့် ပြုလုပ်ကျင်းပခဲ့ရာ _

အစီအစဉ် (၁ )အရ .. မိသားစုမှ နောက်ဆုံး ဂါဝရပြုခြင်း၊
အစီအစဉ် (၂ )အရ .. တောင်ဥက္ကလာ မှ မြို့နယ်စည်းမှ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ နောက်ဆုံးအကြိမ် ဂါရဝပြု နှုတ်ဆက်ခြင်း ၊
အစီအစဉ် ( ၃ )အရ .. ဘဘ ဦးတင်ဦး မှ သံဝေဂ ဂါထာ ဖတ်ခြင်း၊
အစီအစဉ် ( ၄)အရ .. သခင်စိုးမြင့် ၏ အထ္ထုပ္ပတ္တိနှင့်လုပ်ဆောင်ချက်များ ၊ ဂုဏ်ရည်များကို တာမွေမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းမှ ဖတ်ကြားခြင်း၊
အစီအစဉ် ( ၅ )အရ.. သခင်စိုးမြင့် သည် တို့ဗမာ အစည်းအရုံးဝင် သခင်တစ်ဦးဖြစ်သည့်အတွက် (တို့ဗမာ သီချင်းကို) သခင်စိုးမြင့် ၏သားမှ ဦးဆောင်၍ ကြွရောက်လာသူများနှင့် အတူတူ သံပြိုင် သီဆို၍ အခမ်းအနား အစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည် ။။

ထို့နောက် ရိုးရာအစဉ်အလာအတိုင်း ကြေးစည်ထမ်းသူ၊ သခင်စိုးမြင့် ၏ ဓာတ်ပုံ ကိုင်ဆောင်သူ၊ လွမ်းသူပန်းခြင်း နှင့် ပန်းခွေများကို သားသမီးမြေးမြစ်များ နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက အစဉ်လိုက် ကိုင်ဆောင်၍ နောက်ဆုံးတွင် သခင်စိုးမြင့်၏ ခေါင်းတလားကို အဖွဲ့ချုပ် လူငယ်များက ထမ်းကာသယ်ဆောင်၍ သဂြိုလ်စက်သို့ ပို့ဆောင် င်္သဂြိုလ် ပါသည်။

သခင်စိုးမြင့် ၏ ဈာပနသို့ မိသားစုဝင်များ၊ နိုင်ငံခြားသံတမန်များ (အမေရိကန်၊ ဗြိတိသျှ၊ သြစတေးလျ)၊ ဝါရင့် နိုင်ငံရေးသမားများ၊ အဖွဲ့ချုပ်ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဥာဏ်ဝင်း အပါအဝင် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ဆွေမျိုး မိတ်သင်္ဂဟများမှ လိုက်ပါပို့ဆောင်ကြပါသည်။

ဈာပန အခမ်းအနားသည် နေ့လည် ၁၁ နာရီတွင် ပြီးဆုံးခဲ့ပါသည်။


ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။




ပေးပို့ပေးသော (001) အား ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။