Sunday, November 23, 2008

ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့ … အလံတလက်

သူငယ်ချင်း ‘ဂုရု’ သို့မဟုတ် ‘နေလ’ သို့မဟုတ် ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့…
အလံတလက်


သူရဲဘောကြောင်တဲ့ သေခြင်းတရားက
ကောက်မြည်းသွားတာ အခံရခက်ဆုံးပဲ …။

ကောင်းရာသုဂတိဆိုတာ
သူရဲကောင်းဝိညာဉ်တွေနဲ့သာ
ဌာပနာတည်တဲ့ စေတီ …။

ထို့အတူ
သူရဲကောင်းတွေသာ
မြှုပ်နှံရာ ရင်ပြင်နီ
သူငယ်ချင်းရေ … ဂွတ်ဘိုင် ။ ။

သစ်ကောင်းအိမ် (ဇော်ကြီး)

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ တင်ပြပါသည် ။