Sunday, November 23, 2008

ကျောပေါ်က တောင်ယာများ




သစ်ခြောက်ပင်ပျောက်
တတောလုံး မီးခိုးလွှမ်းခဲ့ရ
သူဟာ အမာဆုံး သစ်သား
ပြီးတော့
သူ့အနှစ်အသားတွေကို
ချစ်လွန်းလို့ ပေးဆပ်နေသူ
သူရင်နဲ့ ထုဆစ်ခဲ့တာ
ဖွေရှာမရနိုင်သေးတဲ့
လူတွေ၊ ဥစ္စာတွေကတော့
အပြိုအပျက်
ဒီလိုပဲ
တိမ်ဝှက်ကစားကြတဲ့အခါ
အံကြိတ်သက်မချ
သင်္ခါရဆိုတာလည်း
နေသေးသပပေါ့
မီးရှို့တောင်ယာတွေ ကျောပေါ်တင်
ယာခင်းတခွင် လှည့်ကြည့်ဖို့
ဟိုမှာ ရဲဘော်တွေ စောင့်နေကြလေရဲ့ …။ ။

(ရဲဘော်တိုက်မောင်း၊ ရဲဘော်ထက်မိုး၊ ရဲဘော်ဂုရုနဲ့ အခြားရဲဘော်များသို့ …)


ချိုစိမ့်

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါသည် ။