Wednesday, November 17, 2010

Face Book မှ အခမဲ့ အီးမေးလ် ၀န်ဆောင်မှုကို စတင်



အင်တာနက် လူမှု ကွန်ယက် တစ်ခု ဖြစ်သည့် Face Book account ရှိသူတိုင်း @facebook.com ဆိုသည့် အင်တာနက် အီးမေးလ် တစ်ခု ဖွင့်နိုင်တော့မည်ဟု Face Book ကုမ္ပဏီ မှ သတင်းထုတ်ပြန်သည်။

Modern Messaging System ဟုတင် စား ထားသည့် Face Book သည် ယခုလ ၁၄ ရက်နေ့မှ စတင်၍ စမ်းသပ် သုံးစွဲ ၍ ရနေပြီ ဖြစ်ကာ မိမိ ၏ Face Book ကွန်ယက် အတွင်းရှိ သူများ သာမက အခြားသူများ နှင့် ပါ ဆက်သွယ် နိုင်မည်ဟု သိရသည်။

Facebook အီးမေးလ်အား ရက်အနည်းငယ် အတွင်း စတင်သုံးစွဲ နိုင်မည် ဖြစ်ကာ လူဦးရေ သန်း၅၀၀ ကျော်ရှိသည့် Face Book သုံးစွဲ သူများ ကြောင့် ထို အီးမေးလ်အသစ်သည် google mail,hot mail, yahoo mail နှင့် aol mail တို့ ကို စိန်ခေါ် လာနိုင်သည် ဟုသိရသည်။

face book ၏ အခမဲ့ အီးမေးလ် သည် မိမိကြိုက်နှစ်သက်ရာ နာမည် နှင့် ယှဉ်တွဲပြီး ဖွင့် နိုင်သည် ဟု သိရသည်။

ဥပမာ... killerthanshwe @ facebook.com နှင့် ချီးပေသိန်းလင်း chepaetheinlin @ facebook.com မျိုး မိမိ ကြိုက်နှစ်သက်သည့် နာမည် ယှဉ်တွဲ ယူနိုင်သည်ဟု သိရသည်။

နိုင်ငံတကာတွင် hot mail သုံးစွဲသူ ၃၆၂ သန်း၊ yahoo mail သုံးစွဲသူ ၂၇၃ သန်း နှင့် gmail သုံးစွဲသူ ၁၉၃ သန်း ကျော်ရှိသည်။

ဆန်ဖရန်စစ္စကို မှာ ပြုလုပ်ခဲ့သည့် Face Book ၏ သတင်းစာ ရှင်းလင်းပွဲတွင် CEO ဖြစ်သူ မာတ်(ခ)ဇူကာဘာင်္ဂက Face Book အီးမေးလ်သည် သမရိုးကျ အီးမေးလ် များ နှင့် ကွဲပြားခြား နားမည် ဖြစ်ပြီး အီးမေးလ် ကဲ့သို့ မဟုတ် ပဲ အီးမေးလ်၏ လုပ်ဆောင်မှုများ ထက် စွမ်းဆောင်ရည် ပိုမို ပါဝင်သည် ဟုသိ
ရသည်။

ဖေ့ဘွတ် မက်ဆေခ်ျ့ ပို့စနစ် တွင် အီးမေးလ်သည် အစိတ် အပိုင်း တစ်ခု သာဖြစ်ပြီး ဖေ့ဘွတ်က ကမ္ဘာ့ အီးမေးလ်ပို့ စနစ် ကို ပြောင်း လဲလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖေ့ဘွတ် အီးမေးလ်အား ၁၅ လ အချိန် ယူကာ ဆောင်ရွက်ခဲ့သည်။ မြန်မာ လူငယ်တို့ အသုံးများဆုံး အီးမေးလ် စနစ်မှာ Google အီးမေးလ်စနစ် ဖြစ်သည်။

ဖေ့ဘွတ် အီးမေးလ် အကောင့် ဖွင့်ပုံ အဆင့်ဆင့် ကို ဤနေရာတွင် ကြည့်ပါ။


source by : http://freedomnewsgroup.com