Sunday, November 14, 2010

ဝေါ်လေ ကနဲလေး မှာ ညတိုက်ပွဲဖြစ်ပွား

နိုဝင်ဘာလ ၈ ရက်နေ့ မြဝတီမြို့ကနေ စတင်ခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖ တို့ရဲ့ တိုက်ပွဲတွေဟာ မြို့ပေါ်နေရာအချို့မှာ ပစ်ခတ်မှုတွေ ဆဲသွားခဲ့ပေမယ့် သောင်းရင်းမြစ် တလျှောက်နဲ့ ကရင်ပြည်နယ်တွင်းက ဒီအေဘီအေ အခြေစိုက်ရာ ဒေသတွေမှတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတုန်းပါပဲ။

နိုဝင်ဘာ ၁၄ ရက်နေ့က ည ၇ နာရီ မှ ၁၀ နာရီကျော်အထိ ဝေါ်လေ ကနဲလေးမှာ ဒီကေဘီအေ နဲ့ နအဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရွားသားသုံးဦး ဒါဏ်ရာရကာ တဦး သေဆုံးပြီး ၂ ယောက် ဒါဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့တာကြောင့် ရွာသားတွေ ဒါဏ်ရာရ ရှိခဲ့တာဖြစ်ပြီး ဒါဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံမှာ တင်ပို့ကုသ ထားရပါတယ်။

ဒီကေဘီအေ တပ်တွေက လော့ခေါ် မှာ နေရာယူထားကာ ဝေါ်လေ နေရာမှာတော့ န အ ဖ တပ်တွေ ရှိနေပါတယ်။

ဆန်၊ မားမားခေါက်ဆွဲခြောက၊် ထမင်းထုပ်၊ ငါသေတ္တာရိက္ခာများ ပေးပို့ကူညီထား ရပါတယ်။

၂ဖက် တိုက်ပွဲရဲ့ နောက်ဆက်တွဲ သတင်းတွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ လောလောဆယ် သိရှိရတာက ဒီကေဘီအေ ဘက်က ထိခိုက်ဒါဏ်ရာ မရှိဘူးလို့ လဲ သိရပါတယ်။


source by : http://www.naytthit.net