Thursday, November 18, 2010

ဒီကေဘီအေနှင့် ကေအန်ယူ ပူးတွဲ တိုက်တော့မည်

မြဝတီမှာ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဒီကေဘီအေတပ်တွေနဲ့ ကေအင်န်ယူ ကရင့်အမျိုးသား အစည်းအရုံး တပ်တွေအကြား ပူးတွဲ တိုက်ပွဲတွေ လုပ်ဆောင်တော့မယ်လို့ ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး စတီးက ပြောပါတယ်။

နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီမှာ ဒီကေဘီအေ တပ်ရင်း ၉ဝ၉ နဲ့ ကေ အန်ယူ ကိုယ်စားလှယ် ဗိုလ်မှူးကြီး နယ်ဒါးမြတို့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နယ် ဝေါ်လေဒေသမှာ တွေ့ဆုံစဉ် ခုလို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကေဘီအေနဲ့ ကေအန်ယူတပ်တွေ တွေ့ဆုံပွဲအတွင်း အပြန်အလှန် နှုတ်ဆက် လက်ဆောင်များ ပေးအပ်ခဲ့ပြီး ပူးတွဲ စစ်ရေးပြ အခမ်းအနားလည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် ဘာသာရေးအရ ဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

မောင်တူး

source by : http://burmese.dvb.no