Monday, November 15, 2010

မြေအောက်မြောင်းထဲတွင် စည်ပင်ဝန်ထမ်းများ အောက်စီဂျင်ပြတ် သေဆုံး

စည်ပင် ၀န်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား "မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ" ဟု ပြောသည့် မြို့ တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ်၊ ဦးစောနိုင် (၃၆)နှစ်၊ ဦးဆန်းလင်း (၃၅)နှစ်၊ ဦးအောင်ရွှေ (၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကို ဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့် နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး တပြိုင်နက် သေဆုံးသွားကြပါတယ်။ အဆိပ်ငွေ့မိခြင်း(သို့)အောက်စီဂျင် ပြတ်လပ်ပြီး သေဆုံးကြခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှ မထုတ်ပြန်ခဲ့ပါဘူး ။



သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။

သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည် ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင် ၄ဦးလုံးကို စုပြုံထားပြီး သဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစုဝင်များ မကြေမနပ် ဖြစ်ခဲ့ကြရပါသည်။

ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေးကိုလည်း ပေးလျှော် ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါ မကြေမနပ် ဖြစ်နေကြပါတယ်လို့ သိရပါတယ်ခင်ဗျ။


source by : http://freedomnewsgroup.com