Sunday, November 7, 2010

မြ၀တီကို DKBA သိမ်းပြီ

ယနေ့ ရွေးကောက်ပွဲကျင်းပနေစဉ်မှာပင် ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်နှုတ်ခမ်းမွှေး အဖွဲ့က နေ့လယ်ပိုင်းတွင် သိမ်းလိုက်ကြောင်း သိရသည်။

မြ၀တီရဲစခန်း အပါအ၀င် အချက်အချာကျသည့် နေရာများကို DKBA တပ်မဟာ ၉၉၉ နှင့် တပ်ရင်း ၉၀၇ တို့က သိမ်းလိုက်ခြင်းဖြစ်သည်ဟု ဗိုလ်နှုတ်ခမ်းမွှေးခေါ် စောလားပွယ်က ပြောသည်။

ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့သည် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် DKBA အဖွဲ့ဖြစ်သည်။


source by :
http://www.irrawaddyblog.com