Sunday, November 7, 2010

မြ၀တီတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား (Breaking News)

မြန်မာစံတော်ချိန်..... ၁ နာရီ ၁၀ မိနစ်၊

မြ၀တီ

(၁း ၁၀)
တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ဖို့အခြေအနေရှိကြောင်း။ ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးမှ လူအင်အား ထပ်မံစုဆောင်းနေကြောင်း သိရှိရသည်။

(၁း ၀၅) နအဖ စစ်တပ်မှ မြ၀တီမြို့နေလူထုအား မြ၀တီမြို့အတွင်းမှနေ ၄၅ မိနစ်အတွင်း ထွက်ခွာရမည်ဖြစ်ကြောင်း ကားများဖြင့်လိုက်လံ ကြေညာနေသည်။ ထိုင်းဘက် ခြမ်း ကမ်းနားတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

(၁ နာရီ) နအဖ စစ် အစိုးရဘက်က နေပြည်တော်ကလွှတ်သည့် ရဟတ်ယာဉ်တစင်း ရောက်ရှိလာကြောင်း မျက်မြင်သက်သေ တဦးပြောကြားသည်။

(၁၂း ၃၀) မြ၀တီတွင် ပစ်ခတ်မှုများကြောင့် လတ်တလောတွင် ၂ ဦးသေဆုံးကြောင်း မျက်မြင်သက်သေတဦး အပြောအရ သိရှိရသည်။ ဒဏ်ရာရှိသူ ၁၀ ဦးထက်မနည်းကြောင်း မျက်မြင်သက်သေတဦး ပြောကြားချက်အရ သိရှိရသည်။ အခြားထိခိုက်ဒဏ်ရာရတာတွေ ရှိနိုင်သေးလို့ ပြောဆိုသည်။ ၁ ဂိတ် ဟွေ့မှုတ်ရွာ ထိုင်းဘက်ခြမ်းသို့ ကျရောက်သည့် လက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။ (ကိုးကား - Spillover of fighting in Burma kills one Thai)

တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လက်နက်ငယ်အသံများ အဆက်မပြတ် ကြားနေရသလို... လက်နက်ကြီးပစ်ခတ်သံများကိုလည်း တချက်ချက်ကြားရပါတယ်။ မိုးကုတ်ဂိတ်ကနေစပြီး မနက်ကိုးနာရီလောက်က စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တာပါ။ နအဖ စစ်တပ်က ပေါ်တာလိုက်လံဆွဲနေကြောင်း သိရှိရပါတယ်။


DKBA မှ မြ၀တီရဲစခန်းကို သိမ်းပိုက်ထားစဉ်


ကော့ကရိတ်

ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း တိုက်ပွဲဖြစ်နေပါတယ်။ ဘားအံကနေ မြ၀တီကို စစ်ကူဆင်းလာတဲ့ စစ်ကားတွေကို ဒီကေဘီအေက လမ်းကနေ ကြားဖြတ်တိုက်ခိုက်တာလို့ သိရှိရပါတယ်။


ဘုရားသုံးဆူမြို့နယ်

(၁ နာရီ ၁၅)
ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်တပ် ခမရ ၄၀၅ နဲ့ ဒီကေဘီအေ ရင်း ၉၀၇ တို့ တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဒီကေဘီအေတပ်များနှင့် မွန်ပြည်သစ်ပါတီကတဘက်၊ နအဖ စစ်တပ်မှ ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ တဘက်၊ တဘက်နှင့်တဘက် အခြေအနေ တင်းမာမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

မဲဆောက်
မဲဆောက်ဘက်မှာတော့ မြ၀တီ-မဲဆောက်လမ်းကို လေယာဉ်ကွင်းအရှေ့မှာနေပြီး ထိုင်းစစ်တပ်တွေ လမ်းကိုပိတ်ထားလိုက်ပါတယ်။ ထိုင်းဘက်အခြမ်းကမ်းနားတွင် ထိုင်းစစ်တပ်မှ လက်နက်အပြည်အစုံ နေရာယူထားသလို့ လက်နက်ကြီးသံကြားလိုက်တိုင်း ပြားပြားဝပ်လိုက်တာ တွေ့ရပါတယ်။

ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်း အရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာ တလုံးကျလာပါတယ်။ အောက်မှာ ဓါတ်ပုံ တင်ထားပါတယ်။ နောက် ၁ ဂိတ် ထိုင်းဘက်ရှိ ဟွေ့မှုတ်ရွာ (ထိုင်းရွာ)ကိုလည်း လက်နက်ကြီးများ ကျရောက်ခဲ့ပါတယ်။ ထိုလက်နက်ကြီးကြောင့် ထိုင်းလူမျိုးတဦးသေဆုံးကြောင်း သိရှိရသည်။

ထိုင်းစစ်တပ်မှ ထွက်ပြေးရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို စစ်ဆေးနေစဉ် (ဓါတ်ပုံ -Reuters)

(ကိုးကား - Spillover of fighting in Burma kills one Thai)

လက်နက်ကြီးကျရောက်တဲ့အတွက် ထိုင်းရွာသား အနည်းနယ် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ နောက်ဆုံးရသတင်းကတော့ ထိုကဲ့သို့ မြ၀တီမြို့တွင်းမှာ ပစ်ခတ်မှုများကြောင့် ထိုင်းဘက်ခြမ်းသို့ ထွက်ပေးလာတဲ့ စစ်ပြေးဒုက္ခသည် ထောင်ကျော်ကြောင်းသိရှိရပါတယ်။ တဖြေးဖြေးနဲ့ စစ်ပြေး ဒုက္ခသည် များပြားလာကြောင်း ထပ်မံသိရှိရ။

ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ရှိ ထိုင်းဘုန်းကြီးကျောင်း တကျောင်းတွင် ထားရှိထားကြောင်းသိရှိသည်။ နောက်ဆုံး မဲဆောက်မြို့တော်ဝန်ရုံးမှာ တာဝန်ရှိသူ Mr.Kittisak Tomornsak ပြောပြချက်အရ ထိုင်းဘက်ကို ထွက်ပြေးလာသည် စစ်ပြေးဒုက္ခသည် ထောင်ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ တံထားထိပ် မဲဆောက်မြို့ရှိ စစ်ပစ္စည်းအရောင်းဆိုင်အရှေ့သို့ လက်နက်ကြီးကျလာသည့် မြင်ကွင်း


source by : http://soneseayar.blogspot.com