Sunday, November 7, 2010

မြဝတီမှာ တိုက်ပွဲတွေ တကယ်ဖြစ်နေပြီ

မြဝတီ မြို့ခံတဦး| ယမန်နေ့က ဧရာဝတီသတင်းဌာနမှာ မြဝတီကို ဗိုလ်နှုပ်ခမ်းမွှေး ဦးဆောင်သော DKBA တပ်ဖွဲ့တွေက နေရာအချို့ကို ဝင်ရောက် တပ်စွဲခဲ့ပါတယ်။ အဓိကကတော့ မဲပေးတဲ့ ပြည်သူတွေကို နအဖ အာဏာပိုင်တွေက အတင်းအကြပ် ဖိအားပေးတာကို ကာကွယ်ဘို့ အတွက်လို့ သိရပါတယ် ။

ဒါပေမဲ့ အချိန်ပိုင်းလေးမှာပဲ မဇ္ဖျိမ သတင်းဌာနမှ မြဝတီကို DKBA မသိမ်းပါဟု သတင်း ထပ်ထုတ်လာခဲ့ပေသည်။

ဒီကနေ့ မနက်မှာတော့ တိုက်ပွဲတွေဖြစ်လာခဲ့ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အရပ်သားတချို့ ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီး မြဝတီဈေးဘက်မှာလည်း သေနတ်သံတွေ၊ လက်နက်ကြီး သံတွေကြားနေရတယ်။ လူနေအိမ်တွေ နားမှာတောင် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ နေပါတယ်လို့ မြဝတီးမြို့ခံတဦးမှ ပြေးလွှားရင်း တယ်လီဖုန်းနဲ့ သတင်းပေးပြောဆိုသွားခဲ့ပါတယ်။

အခုနောက်ဆုံး ရရှိတဲ့သတင်းအရ မြ၀တီ ဗျူဟာကုန်းကို ဒီကေဘီအေတပ်မှ သိမ်းလိုက်ပြီး နအဖ တပ်မှ ဂျီ - တူး အဆင့်ရှိ အရာရှိဖြစ်သူကို အရှင်မိထားပြီလို့ သတင်းရရှိပါတယ်။ နအဖ ဗျူဟာမှုး ခွေးပြေး ၀က်ပြေး ပြေးနေသည်ဟုလည်း သတင်းရရှိပါသည်။

ထိုင်းစစ်သားများလည်း ဒီဖက်ကမ်းကနေပြီး အခြေအနေကို အကဲခတ်နေကြပြီး လုံခြုံရေးကို အထူးသတိနဲ့ စောင့်ကြည့်နေကြပြီး လက်နက်ကြီးကျည်တချို့ ထိုင်းဘက်ကမ်းကို ကျရောက်ပေါက်ကွဲတယ် လို့လည်း ကြားသိရပါတယ်။